People's Spring
62.7K subscribers
66.5K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍18🤮2
အခုဆိုရင် ၂၀၂၅ ခု ရွေးကောက်ပွဲအတုကို အခြေ
ခံပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ လွှတ်တော်
နှစ်ခုစလုံးမှာ အရန်သင့်ထိုင်နေကြပါပြီ။ မတ်လ ၃၀ ရက်နေ့ကပြုလုပ်တဲ့ သမ္မတလောင်းရွေးချယ်ပွဲမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်
သမ္မတရူး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အရေခွံချွတ်ပြီးသမ္မတလောင်းဦးမင်အောင်
လှိုင်အဖြစ်အရွေးချယ်ခံခဲ့ပါတယ်။စစ်အရေခွံလဲ အစိုးရတခုအဖြစ် လာမယ့်ရက်ပိုင်းအတွင်းရှိလာတော့မှာဖြစ်ပါတယ်။

ဒီလို အရေခွံလဲဖို့ စစ်တပ်ကြိုးစားတဲ့နေရာမှာ သူတို့ကို ကူညီပေးနေတဲ့ အိမ်နီးချင်းနိုင်ငံတချို့နဲ့ ရုရှား၊ တရုတ်တို့လို နိုင်ငံတွေကလည်း ကိုယ်ကျိုးစီးပွားအတွက် စစ်တပ်ကို လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနေကြပါတယ်။

မြွေဟာ အပေါ်ယံ အရေခွံ ဘယ်လောက်ပဲလဲလဲ၊ အတွင်းခန္ဓာကိုယ်ကတော့ အဆိပ်ရှိတဲ့ သတ္တဝါဆိုတာကို ပြည်သူတွေက ကောင်းကောင်း သိနေကြပါပြီ။ နှစ် ၆၀ ကျော်ကြာ ကျင့်သုံးခဲ့တဲ့ စစ်တပ်ရဲ့ အရေခွံလဲတဲ့ ပုံသေနည်းကို မြန်မာပြည်သူတွေဟာ သင်ခန်းစာပေါင်းများစွာ ရခဲ့ပြီးပါပြီ။အရေခွံလဲရုံနဲ့ စနစ်တခုက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ တကယ့် အပြောင်းအလဲဆိုတာ စစ်တပ်က နိုင်ငံရေးထဲကနေ လုံးဝထွက်ခွာသွားပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ရောက်မှသာ ဖြစ်လာမှာပါ။

https://www.ludunwayoo.com/opinion-mm/2026/03/31/152796/
👍19🤬10🤮6😁3💩3👎1
အီရန်ကနေ လှမ်းပစ်တဲ့လေးစင်းမြောက် ဒုံးကျည်ကို ကြားဖြတ် ပစ်ချခဲ့ကြောင်း တူရကီပြော

မတ်-၃၁၊၂၀၂၆။People's Spring

အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲကာလအတွင်း အီရန်ဖက်က ပစ်ခတ်လိုက်တဲ့ စတုတ္ထမြောက် ဒုံးကျည်တစ်စင်းကို ကြားဖြတ် ပစ်ချခဲ့ရကြောင်း တူရကီက ပြောပါတယ်။

တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီဒုံးကျည်ဟာ အီရန်ဖက်ကနေ စတင်ပျံသန်းလာတာ ဖြစ်တယ်လို့ ပြောပေမယ့် တူရကီ နိုင်ငံဆိုင်ရာ အီရန်သံရုံးကတော့ ငြင်းဆိုထားပါတယ်။

တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အီရန်နိုင်ငံကနေ စတင်ပျံသန်းလာတဲ့ ဒုံးကျည်ကို NATO စစ်မဟာမိတ် အဖွဲ့က ကြားဖြတ် ပစ်ချခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တူရကီဟာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်ပါတယ်။

ဒီလို တိုက်ခိုက်မှုဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ အီရန်မှာ စစ်ပွဲစတင်လာတဲ့နောက်ပိုင်း ၄ ကြိမ်မြောက်ဖြစ်ကြောင်း၊ ဒါပေမဲ့ ဒုံးကျည် ၄ စင်းစလုံးဟာ တူရကီ ပိုင်နက်ထဲ မဝင်ရောက်နိုင်ခင်မှာပဲ အသီးသီး ပစ်ချခံခဲ့ရကြောင်း တူရကီ ကာကွယ်
ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အီရန်ကနေ စတင်ပျံတက်လာတဲ့ ပဲ့ထိန်း ခဲယမ်းလက်နက် တစ်ခုဟာ တူရကီ လေပိုင်နက်ထဲ ဝင်ရောက်ခါနီးမှာပဲ NATO လေကြောင်းကာကွယ်
ရေး စနစ်တွေရဲ့ ဟန့်တားပစ်ချမှုကြောင့် မြေထဲပင်လယ် အရှေ့ဖက် ကမ်းလွန်ရေပြင်ဆီ ကျရောက်သွားခဲ့တယ်လို့ တူရကီက ထုတ်ပြန်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသတွင်းက တခြားအမေရိကန် မဟာမိတ် နိုင်ငံတွေနဲ့ ယှဉ်ရင် တူရကီဟာ လက်ရှိစစ်ပွဲ ကာလမှာ အီရန်ရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေကို အတော်လေး သက်သက်
သာသာ ခံစားရတယ်လို့ ဆိုနိုင်ပါတယ်။ ကူဝိတ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဘီးယားနဲ့ အာရပ်စော်
ဘွားများ ပြည်ထောင်စု (ယူအေအီး)တို့လို နိုင်ငံတွေကတော့ အီရန်ရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေဒဏ်ကို အတော်ကြီး ပြင်းပြင်းထန်ထန် ကြုံတွေ့နေခဲ့ရပါတယ်။

တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်ကတော့ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ရာကအစပြုလာတဲ့ စစ်ရေးပဋိပက္ခကြီးထဲသူ့နိုင်ငံကို ဆွဲသွင်းမခံရအောင် ကာကွယ်ဖို့ဟာ သူ့အစိုးရရဲ့ ဦးစားပေး ရည်မှန်းချက်ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

တူရကီနိုင်ငံဆိုင်ရာ အီရန်သံရုံးကတော့ တူရကီဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲချက် မှန်သမျှကို ငြင်းပယ်ထားပြီး အဲဒီကိစ္စကို အကျေ
အလည် ဖြေရှင်းနိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်း စုံစမ်းဖို့ တူရကီကို တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တူရကီ အစိုးရဟာ နိုင်ငံတောင်ပိုင်းကအမေရိကန်တပ်တွေ အခြေ
စိုက်ထားရာ အင်ကာလစ်ခ် လေတပ်စခန်းမှာ NATOက Patriot လေကြောင်းကာကွယ်ရေး စနစ်တစ်ခု ထပ်မံဖြန့်ကျက်ဖို့ စီစဉ်နေကြောင်း ကြေညာခဲ့ပါတယ်။

ကိုးကား-AFP
👍4312😁3👏1
👍30😁2🥰1
NUGနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေ ပူး
ပေါင်းမှုကိုအီတလီ-မြန်မာချစ်ကြည်ရေးအသင်း
ကြိုဆို

မတ်-၃၁၊၂၀၂၆။People's Spring

စစ်အာဏာသိမ်းမှုကို တွန်းလှန်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)နဲ့ တိုင်းရင်းသားတော်
လှန်ရေးတပ်တွေပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်
စီ(SCEF)ဖွဲ့စည်းတာဟာမြန်မာနိုင်ငံအတွက်နိုင်ငံ
ရေး အခင်းအကျင်းသစ်တစ်ခု၊ အရေးပါတဲ့ ခြေ
လှမ်းတစ်ခုလို့အီတလီ-မြန်မာချစ်ကြည်ရေး အသင်းက သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ NUG /PDF နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)တို့က အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့​တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားကာကွယ်​ရေးတပ် (KNU/KNLA)၊ ကရင်နီ အမျိုး
သား တိုးတက်ရေး ပါတီ/ကရင်နီတပ်မ​တော် (KNPP/KA)၊ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မ​​တော် (CNF/CNA)တို့နဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF)လို့ နာမည်ပေးထားတဲ့ တပ်ပေါင်းစု ဖွဲ့စည်းကြောင်း ကြေညာမှုကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ အီတလီနိုင်ငံရဲ့ မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေသော လွှတ်တော်အမတ်များ အသင်း ဥက္ကဋ္ဌဟောင်း အယ်လ်ဘာတီနာ ဆိုလီယာနီက NUGနဲ့ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း အင်အားကြီး လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကြား စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ရရှိဖို့ သဘောတူညီခဲ့ခြင်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ရည်မှန်းချက်တွေမှာ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။

အီတလီ-မြန်မာ ချစ်ကြည်ရေး အသင်းကအဲဒီ လုပ်ဆောင်ချက်ဟာ တန်းတူညီမျှမှု၊ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်၊ စည်းလုံး ညီညွတ်မှုနဲ့ စုပေါင်း ခေါင်း
ဆောင်မှု ရည်မှန်းချက်တွေနဲ့ ကိုက်ညီပြီး မြန်မာ့ နိုင်ငံရေး မူဘောင်အသစ် တစ်ခုကို ပုံဖော်ပေးရာမှာ အကူအညီ ဖြစ်စေလိမ့်မယ်လို့လည်း ဆိုပါတယ်။

နောက်ပြီး တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာတာကို အသိအမှတ် ပြုထားပြီးဆင့်ကဲပြောင်းလဲလာတဲ့နိုင်ငံရေး မဟာ
ဗျူဟာတွေမှာ ထင်ရှားမြင်သာတဲ့ အရွေ့တစ်ခု အဖြစ်လည်း မီးမောင်းထိုးပြထားခဲ့ပါတယ်။

နောက်ပြီး SCEFရဲ့စုစည်းမှုနဲ့ ရည်မှန်းချက်တွေကိုလည်း ဒုတိယကမ္ဘာစစ်ကာလအတွင်း အီတလီမှာ ဖက်ဆစ်အာဏာရှင်တွေကို တော်လှန်ဖို့ အမျိုး
သား လွတ်မြောက်ရေး ကော်မတီ (LBC) ဖွဲ့စည်းခဲ့ပုံနဲ့ နှိုင်းယှဉ်ပြထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အသစ်ပေါ်ထွန်းလာတဲ့ တော်လှန်
ရေး ခေါင်းဆောင်မှု ပုံစံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ လိုလားတဲ့ပြည်သူတွေရဲ့ဆန္ဒအမှန်ကို ထင်ဟပ်
စေတဲ့ ခြေလှမ်းမျိုးလို့ အီတလီ-မြန်မာ ချစ်ကြည်
ရေး အသင်းကထောက်ခံခဲ့ပြီးနိုင်ငံတကာ အသိုက်ဝန်းက ထိတွေ့ ဆက်ဆံမှုတွေ လုပ်ဆောင်စေလိုကြောင်း တိုက်တွန်းခဲ့ပါတယ်။

အဲဒီအသင်းရဲ့ အဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာ နယ်
စပ်ကို ခရီးစဉ်တစ်ခု သွားရောက်ခဲ့ပြီး အဲဒီနောက် မကြာခင်မှာ အခုကြေညာချက် ထွက်ပေါ်လာတာပါ။ အဖွဲ့ဝင်တွေဟာ စစ်ရှောင်ပြည်သူတွေ၊ တိုင်း
ရင်းသား တော်လှန်ရေး အင်အားစုတွေရဲ့ နိုင်ငံရေးနဲ့ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း နယ်စပ်မှာ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
👍4015🥰3🤮3
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF မှာပါဝင်တဲ့ PDF ၊KIA ၊KNLA ၊ KA ၊ CNA တပ်ဖွဲ့ဝင်​တွေ။
ဓါတ်ပုံ-​EPA ၊အမှတ်(၁)စစ်​ဒေသ၊ KNU၊CNF၊KNPP
43👍14🥰4👏2🤮2
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နိုင်ကျဉ်းအားလုံးလွှတ်ပေးဖို့အပါအဝင် တောင်းဆိုချက် ၉ရပ်ကို SNLDပါဝင်တဲ့ညှိနှိုင်းရေးအဖွဲ့ ထုတ်ပြန်

မတ်−၃၁၊၂၀၂၆။ ထားမြတ်/People’s Spring

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (Political Coordination Body - PCB)က ဒီကနေ့ မတ်လ ၃၁ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။

PCB အဖွဲ့ရဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးဆိုင်ရာ ကြေညာချက်မှာ အချက် ၉ချက်ကို တောင်းဆိုထားပြီး ဒီလို သဘောထား ထုတ်ပြန်တာဟာ အနှစ်သာရရှိပြီး စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်စေဖို့ လို့ဖော်ပြထားပါတယ်။

SNLD တာဝန်ရှိသူ တဦးဖြစ်တဲ့ စိုင်းကျော်ညွန့်က PCB ရဲ့ ကြေညာချက်ကို လူမှုကွန်ရက်မှာ မျှဝေပြီး “ပြည်တွင်း အင်အားစုတွေ လုပ်သင့်တာ လုပ်တယ်လို့ပဲ ယူဆပါတယ်” လို့ ရေးသားထားပါတယ်။

PCB ရဲ့ ကြေညာချက်မှာ “အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအရ ဖမ်းဆီး ချုပ်နှောင်ခံထားရသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရန်” ဆိုတဲ့ အချက်ကို ဦးစွာ ဖော်ပြထားပါတယ်။ သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စတဲ့ ရာထူးတာဝန်တွေကိုတော့ ကြေညာချက်မှာ ဖော်ပြမထားပါဘူး။

အသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲကစည်းတည်ဆောင်ခွင့်ပေးဖို့၊ သက်ဆိုင်တဲ့ အဖွဲ့အားလုံးက အတင်းအဓမ္မ တပ်သားစုဆောင်းတာ၊ စစ်မှု ထမ်းစေတာ မပြုလုပ်ဖို့၊ အရပ်သားပြည်သူများ သေကျေပျက်စီး ထိခိုက်နစ်နာစေမယ့် စစ်ရေးဆောင်ရွက်ချက်တွေ ၊အများ ပြည်သူနဲ့ သက်ဆိုင်သော ဘာသာရေး၊ ဆေးရုံ၊ စာသင်ကျောင်း စတဲ့ အဆောက်အဦများအား ဦးတည် တိုက်ခိုက်တာတွေ ရှောင်ရှားဖို့ တောင်းဆိုထားပါတယ်။

CDM များ၊ အရပ်ဘက်ဝန်ထမ်းများနဲ့ ပတ်သက်၍ အရေးယူဆောင်ရွက်မှုများ မပြုလုပ်ဖို့၊ နိုင်ငံသားတွေရဲ့ အသက်မွေးဝမ်းကျောင်းခွင့်၊ လွတ်လပ်စွာသွားလာခွင့်ကို တားမြစ်ပိတ်ပင်တာတွေ မလုပ်ဖို့၊ စစ်ဘေးဒဏ်ကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ပျက်စီးသွားသော ပြည်သူများရဲ့ လူမှုစီးပွားဘဝများအား ပြန်လည်ထူထောင်ရေး၊ ကုစားပေးရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးနဲ့ လူမှုတရားမျှတမှုများ ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ပသို့ ရောက်ရှိနေသော နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစတဲ့ အင်အားစုအသီးသီးနဲ့ လူပုဂ္ဂိုလ် တို့ရဲ့ လွတ်လပ်သော သဘောဆန္ဒဖြင့် ဌာနေသို့ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရောက်ရှိနိုင်ရေး အခင်းအကျင်း ကို ဖော်ဆောင်ဖို့၊ တိုင်းပြည်ရဲ့ အရင်းခံပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ ဦးတည်သည့် သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေး ကြိုးပမ်း ကြဖို့၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့ အချက်တွေလည်း ပါရှိပါတယ်။

အခုကြေညာချက် ထုတ်ပြန်တဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့ ကို ၂၀၂၆ ဖေဖော်ဝါရီ မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကြေညာချက် ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ဦးမြအေးနဲ့ ဦးသာထွန်းလှတို့ကို သတ်မှတ်ထားကြောင်း ဖော်ပြထားပါတယ်။ တိုင်းပြည်ရဲ့ အရင်းခံ ပြဿနာတွေကို ဖြေရျင်းဖို့ မူဝါဒ တူတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး ၂၀၂၃ က စတင်ညှိနှိုင်းခဲ့ရာ ၂၀၂၆မှာ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်တယ်လို့ အသိပေးပါတယ်။

ညှိနှိုင်းရေးအဖွဲ့ PCB ရဲ့ ဦးတည်ချက်တွေကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ လက်ရှိ ပဋိပက္ခများဖြေရှင်းဖို့အတွက် ပဋိပက္ခနဲ့ သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်ရေး၊ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်မည့် မိတ်ဖက်များနဲ့ ပူးပေါင်းဆောင်ရွက်ရေး တို့ ဖြစ်တယ်လို့ဆိုပါတယ်။

တိုင်းပြည်ရဲ့ အရင်းခံပြဿနာများကို ဖြေရှင်းနိုင်ရေးနဲ့ နိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်နိုင်ရေးအတွက် နိုင်ငံသားအားလုံးတို့ရဲ့ မူလအခွင့် အရေးများ၊ နိုင်ငံသားအခွင့်အရေးများနဲ့ အခြေခံလူ့အခွင့်အရေးများကို သက်ဆိုင်သူများအားလုံးက အာမခံရန် တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
👍3710👏6🔥2🥰1😱1🤣1
ဒါ့အပြင် သင့်တင့်မျှတတဲ့ နိုင်ငံရေးပတ်ဝန်းကျင် ဖန်တီးကာ ပဋိပက္ခနဲ့ သက်ဆိုင်သူများအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီး အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ခြင်း အားဖြင့်သာ တိုင်းပြည်ရဲ့ အရင်းခံပြဿနာနဲ့ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ညှိနှိုင်းရေးအဖွဲ့ PCBက ထုတ်ပြန်ပါတယ်။

Political Coordination Body - PCBအဖွဲ့ပါဝင်သူတွေဟာ ၂၀၂၄ စက်တင်ဘာတုန်းကလည်း ငွေဆောင်ကမ်းခြေမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးဆိုင်ရာသုံးသပ်ဆွေးနွေးပွဲ(ငွေဆောင်)လို့ ခေါင်းစဉ်တပ်ထားတဲ့ ပြည်တွင်းကနိုင်ငံရေးအင်အားစုတွေရဲ့ဆွေးနွေးပွဲလို့ဆိုကာ သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် ငွေဆောင်သဘောတူညီချက် (၇)ချက်ဆိုပြီး ထွက်ပေါ်လာပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးနဲ့ နိုင်ငံအနှံ့ကစစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်ထားရေးအပါအဝင် ငွေဆောင်သဘောတူညီချက် (၇)ချက်ဆိုပြီး ထွက်ပေါ်လာတာပါ။ နိုင်ငံရေးဘုံသဘောတူညီချက်တစ်ရပ်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများ အမြန်ဆုံးလွှတ်ပေးဖို့ နဲ့ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်တန့်ဖို့ လိုအပ်တယ် လို့သဘောတူညီချက်မှာ ပါဝင်ခဲ့ပေမယ့် စစ်ကောင်စီက လက်မခံဘဲ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပိုလုပ်လာခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်မှာ ဒေါ်အောင်းဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးတောင်းဆိုသူတွေကို မတရားဖမ်းဆီးသတ်ဖြတ်နေချိန်မှာ ငွေဆောင်ကမ်းခြေသွားပြီး နိုင်ငံရေးစကားနိုင်ငံရေးဆွေးနွေးပွဲလုပ်ခွင့်ရတဲ့အပေါ် ပြည်သူတွေက အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

အဲဒီနောက် ကလောဆွေးနွေးပွဲဆိုပြီး ထပ်မံပြုလုပ်ဖို့ စီစဉ်ရာ စစ်ကောင်စီရဲ့ တားဆီးခြင်း ခံရပါတယ်။

PCBအဖွဲ့မှာ SNLDပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စိုင်းညွှန့်လွင်နဲ့ ၈၈မျိုးဆက်က ကိုမြအေးတို့ ဦးဆောင်ဖွဲ့စည်းထားပါတယ်။

"အဲဒီ့ တောင်းဆိုချက်တွေ အကြမ်းဖက်စစ်တပ်ကို အသွင်ပြောင်းထားတဲ့ ရုပ်သေးအစိုးရဆိုတာကြီးက ဘာတခုမှ လုပ်ပေးမှာမဟုတ်ပါဘူး။ အဲဒီ့လို မလုပ်ပေးရင် ဘာဆက်လုပ်ကြမလဲဆိုတာကိုပါ ထပ်စဉ်းစားထားကြဖို့ လိုမယ်ထင်ပါတယ်။"လို့ တော်လှန်ရေးသတင်းရင်းမြစ်တဦးက PCB အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပြုပါတယ်။
26👍19🥰2👏2🔥1😱1🤣1
(၂၀၁၂မှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို စည်းရုံးရေးဆင်းနေတဲ့ ဒေါ် အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − Getty Images)
41👍10🥰5🤮1🙏1
ဖက်ဒရယ်ဦးဆောင်ကောင်စီမှာ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ထည်သွင်းမှု မဖြစ်မနေလိုအပ်ဟု KNU ဥက္ကဋ္ဌပြော

မတ်−၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ ၄ခုစုစုပေါင်း အဖွဲ့ ၆ခုနဲ့ စတင်ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် ထည့်သွင်းတာဟာ သရုပ်ပြထည့်သွင်းခြင်းမဟုတ်ဘဲ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု မဖြစ်မနေလိုအပ်လို့ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

KNU၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တွေနဲ့ NUG၊ CRPH တို့ဟာ တော်လှန်ရေးအရှိန်မြှင့်တင်ဖို့ စစ်ရေးအတူပူးပေါင်းကွပ်ကဲဖို့ စစ်အာဏာရှင်စနစ်ဖယ်ရှားဖို့ စတာတွေအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ SCDF ကို မတ်လ ၃၁ရက်မှာ ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီကောင်စီမှာ ပြည်နယ်/ဖက်ဒရယ်ယူနစ်/တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ မဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်/ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် စတဲ့ မဏ္ဍိုင်၃ရပ်နဲ့ တည်ဆောက်ခဲ့တာဖြစ်ကြောင်း KNU ဥက္ကဋ္ဌက အသိပေးပြီး အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် ပါဝင်မှု အခြေအနေကို အခုလို အသိပေးပါတယ်။

“ဒီမဏ္ဍိုင်ကို သရုပ်ပြ ထည့်သွင်းခြင်းမဟုတ်ပါဘူး။အစဉ်တစိုက်မှားယွင်းပျက်ကွက်ခဲ့တဲ့ အခြေအနေတခုကို ပြန်လည်မှန်ကန်စေခြင်းဖြစ်ပါတယ်” လို့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
အမျိုးသမီးတွေဟာ အမြဲတမ်းတော်လှန်ရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ခဲ့တယ်လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။

“ခေါင်းဆောင်များအဖြစ် စီမံခန့်ခွဲသူများအဖြစ် လူထုကို ထောက်ပံ့ပေးသူများအဖြစ် လူမှုအသိုင်းအ၀ိုင်းကို ထိန်းသိမ်းထားသူများအဖြစ် ပါဝင်ခဲ့ကြပါတယ်။သို့သော် ဦးဆောင်မှု အဆင့်မှာတော့ သူတို့ရဲ့ အခန်းကဏ္ဍ ကို လုံလောက်စွာ အသိအမှတ်ပြုခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဒီတကြိမ်မှာ ၎င်းတို့ကို မဏ္ဍိုင်တခုအဖြစ် သတ်မှတ်ခြင်းဟာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီမှာ မဖြစ်မနေ ပါဝင်ရမယ့် အဓိက အချက်တချက် ဖြစ်ကြောင်း ပြသခြင်းဖြစ်ပါတယ်။ “ လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပါတယ်။

မဏ္ဍိုင်သုံးခုလုံးဟာ သဘောတရား သင်္ကေတများသာ မဟုတ်ဘဲ အဲဒီ မဏ္ဍိုင်သုံးခုလုံးဟာ လှုပ်ရှားမှု အတွင်း ရှိနေတဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ တာဝန်၀တ္တရားတို့ရဲ့ အခြေအနေမှန်ကို ထင်ဟပ်စေကြောင်း၊ ဒါ့အပြင် ဆုံးဖြတ်ချက် အတူတကွ ချမှတ် တာ၊ ဆွေးနွေးညှိနှိုင်းတာ၊ တာဝန်ခံမှု ရှိစေဖို့ လိုအပ်တဲ့ ဖွဲ့စည်းပုံ စတာတွေ ဖန်တီးပေးကြောင်း KNU ဥက္ကဋ္ဌက ပြောပါတယ်။

“အခုအချိန်မှာ မပါလာသေးတဲ့ အမျိုးသမီးများကိုလည်း ပြောလိုပါတယ်။ အမျိုးသမီးများရဲ့ ဦးဆောင်မှုမှာ ပါဝင်နေဖို့ဟာ မဖြစ်မနေ လိုအပ်ပါတယ်။ ပြည့်စုံတဲ့ ပါဝင်မှုကို ကျနော်တို့ ကြိုဆိုပါတယ်” လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ပြည်သူလူထုကို ကောင်စီနဲ့ပတ်သက်ပြီးသတင်းစကား ပြောကြားရာမှာလည်း အခု ဖွဲ့စည်းလိုက်တဲ့ ဦးဆောင်ကောင်စီဟာ ပြည်သူတွေရဲ့ ကောင်စီဖြစ်တယ်လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။ ပြည်သူတွေရဲ့ သွေးချွေး မျှော်လင့်ချက်ကြောင့် ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တာလို့လည်း ရှင်းပြပါတယ်။
KNPP ဥက္ကဋ္ဌ ခူဦးရယ်ကလည်း အခု ကောင်စီဖွဲ့စည်းမှုကို NUG၊ CRPH၊ KIO၊ KNU၊ KNPP၊ CNF ခြောက်ဖွဲ့နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် ပါဝင်သင့်သူတွေ ပါဝင်နိုင်ရေး နှစ်လအတွင်း ကြိုးစားဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။
40👍15🥰1🤮1
(ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပဒိုစောကွယ်ထူးဝင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
38👍11🤮2🥰1💩1
မန္တလေးမှာ စက်သုံးဆီ တန်းစီနေသူတွေကို စစ်အုပ်စု ဝင်ရောက်စစ်ဆေးပြီး ဆီဘူးတွေသိမ်းခြိမ်းခြောက်နေ

မတ်-၃၁၊ ၂၀၂၆။မေရီ/People's Spring

မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်တွေမှာ တန်းစီနေတဲ့ဆိုင်ကယ်တွေကို စစ်အုပ်စုဝင်တွေက ဝင်ရောက်စစ်ဆေးပြီး ဆီဘူးတွေပါရင်သိမ်းကာ ဆီတရားမဝင်သိုလှောင်မှုနဲ့ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာ ဆီဝယ်ယူခွင့်ရဖို့ နာရီပေါင်းများစွာကြာ တန်းစီနေတဲ့ ဆိုင်ကယ်စီးနင်းသူပြည်သူတွေကို စစ်ကောင်စီတပ်သားတွေနဲ့ မီးသတ်တွေက လှည့်လည်စစ်ဆေးနေကြောင်း၊ အခြားဆီဘူးအပိုတွေ ယူဆောင်လာတာကို စစ်ဆေးတွေ့ရှိပါက ဆီဖြည့်ခွင့်မပေးဘဲ တန်းစီရာကနေ ဖယ်ရှားတာ၊ ဆီဘူးတွေကို သိမ်းဆည်းတာတွေအပြင် တရားမဝင် စက်သုံးဆီသိုလှောင်မှုနဲ့ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်သွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောပါတယ်။

"မိရင် ဆီဘူးပါသိမ်းပြီး ဆီထည့်ခွင့်မပေးဘဲ နှင်ထုတ်တာ။ တန်းနေတဲ့ အပြင်ကို ထွက်ခိုင်းတာ။ လူကိုလည်း ဆီတရားမဝင်သိုလှောင်မှုနဲ့ ဖမ်းမှာတဲ့"လို့ ကိုယ်တိုင်တွေ့မြင်ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဆိုင်ကယ်တွေကို တစ်ကြိမ် ၄လီတာနှူန်းနဲ့ တစ်ပတ်နှစ်ကြိမ် ဝယ်ယူခွင့်ပြုထားပေမဲ့ တရုတ်ဆိုင်ကယ်အများစုဟာ ၂ လီတာကျော်ကျော်ပဲဆံ့တဲ့အတွက် ပြည်သူတွေဟာ ဆိုင်ကယ်ထဲက ဆီလက်ကျန်ကို ရနိုင်သမျှ ရေသန့်ဘူးနဲ့ ထုတ်ယူထားကြတာဖြစ်ကြောင်း၊ အဆိုပါဆီဘူးတွေကို စစ်အုပ်စုက သိမ်းဆည်းကာ ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့ကလည်း မန္တလေးမြို့ရှိ ၇၈ လမ်း၊ လမ်း ၄၀နဲ့ ၄၁ လမ်းအနီးရှိ Regency စက်သုံးဆီဆိုင်တွင် ဆိုင်ကယ်သမားအချို့ရဲ့ ဓာတ်ဆီဘူးတွေကို စစ်အုပ်စုက သိမ်းဆည်းသွားကြောင်း သိရပါတယ်။

မန္တလေးမြို့မှာ အပူချိန်တွေ မြင့်တက်နေတဲ့ကြားကနေ ဆိုင်ကယ်သမားတွေဟာ စက်သုံးဆီရဖို့ တစ်နေကုန်နီးပါးတန်းစီဝယ်ယူနေရပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆီတန်းစီခဲ့သူ အမျိုးသမီးကြီးတစ်ဦး ကွယ်လွန်ခဲ့ပါသေးတယ်။
🤬37👍105👎2🔥2🤣1
( စက်သုံးဆီဆိုင်တစ်ခုတွင် တန်းစီနေသော ဆိုင်ကယ်များအား ဝင်ရောက်စစ်ဆေးနေသော စစ်အုပ်စုဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
💩18🤬12👎6👍5🖕42🔥2
စစ်ခေါင်းဆောင်သစ်ထံ ၀တပ် UWSA သဝဏ်လွှာပို့

မတ်−၃၁၊ ၂၀၂၆။ ဟန်နွေ/People’s Spring

ပြည်သူလူထုတွေကို ပုံစံမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်သစ် ရဲဝင်းဦးကို ၀လက်နက်ကိုင်တပ် UWSAက ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ၀ဒေသသတင်းတွေ ဖော်ပြနေတဲ့ Wa News Landက မတ် ၃၀ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။

တရုတ်ဘာသာနဲ့ရေးသားထားတဲ့ UWSAရဲ့ ဂုဏ်ပြုစာကို ဗမာဘာသာနဲ့ ပြန်လည်ဖော်ပြခဲ့တာပါ။

ဗိုလ်ချုပ်ကြီး ရဲဝင်ဦးအား ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးအပ်ခြင်းခံရတဲ့အပေါ် "ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA, မြန်မာနိုင်ငံ အထူးဒေသ (၂)၊ "ဝ" ပြည်သူ့အစိုးရအဖွဲ့မှ ဂုဏ်ပြုလွှာပေးပို့ခဲ့တယ်လို့ ဖော်ပြထားတာပါ။

ရာထူးကအနားယူသွားတဲ့ မင်းအောင်လှိုင်ကိုလည်း UWSA ကချီးကျူးထားတာတွေ့ရပါတယ်။

အရေးကြီးတဲ့ တာဝန်တွေကိုအောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်တွေကို ရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့ ကြောင်း၊ စစ်ကောင်စီခေါင်းဆောင်သစ် ရဲဝင်းဦးကို နွေးထွေးပြီး စိတ်ရင်းမှန်နဲ့ ဂုဏ်ပြုကြောင်း ၀တပ်ဖွဲ့ရဲ့ စာမှာ ပါရှိတယ်လို့ဆိုပါတယ်။

စစ်ခေါင်းဆောင်သစ်ရဲ့ ဦးဆောင်မှုအောက်မှာ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံရဲ့ ရေရှည်တည်ငြိမ်မှု၊ ကြွယ်၀ ချမ်းသာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ၀တပ်ဖွဲ့က ယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်။

"ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကျန်းမာရေးကောင်းမွန်ပါစေ၊ တာဝန်များတွင် အောင်မြင်ပါစေ၊ ဆက်လက်၍ ကြိုးပမ်းအားထုတ်မှုများ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်" လို့ လည်း ထုတ်ပြန်ချက်နောက်ဆုံးမှာ ပါရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၁၅ နှစ်တိုင် ရယူထားတဲ့တပ်ချုပ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နေရာကို မတ်လ ၃၀ရက်မှာ ရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တာပါ။ ပြည်သူလူထုကို လေကြောင်း ၊လက်နက်ကြီး ဒရုန်း တိုက်ခိုက်မှုတွေ ဆက်တိုက် အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် ဒေသအသီးသီးမှာ ပြည်သူလူထု အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

အခု စစ်ခေါင်းဆောင်သစ်ကို ဂုဏ်ပြုကြောင်း ဖော်ပြခဲ့တဲ့ ၀တပ် UWSAဟာ သူတို့ အနေနဲ့ ဘက်မလိုက်ရေးမူကိုကျင့်သုံးကြောင်း အသိပေးထုတ်ပြန်ထားပေမယ့် စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးမှုတွေ ပြုလုပ်တာ၊ စစ်ကောင်စီ လုပ်တဲ့ ပွဲတွေတက်ရောက်တာ ရှိခဲ့ပါတယ်။
😁31🤮217🖕5🤬3😡3👎1💩1🥱1