People's Spring
61.5K subscribers
68.4K photos
1.19K videos
7 files
2.97K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပခုက္ကူတွင် တပ်မ(၁၀၁)လက်အောက်ခံ ပြည်သူစစ်အဖွဲ့တိုက်ခိုက်ခံရပြီး ခေါင်းဆောင်အပါ အဝင် လေးဦးသေ

ဇွန်- ၅၊ ၂၀၂၅။ ထင်လင်း/People's Spring

ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီ တပ်မ(၁၀၁) လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ကျော်စိုးနိုင်နှင့်အဖွဲ့အား လမ်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း(၁၆)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဇွန်လ ၁ ရက် နံနက် ၈ နာရီခန့်က ပခုက္ကူနယ် ဆင်မင်းကျေးရွာသို့ တာဝန်ပြောင်းရန်လာသော တပ်မ(၁၀၁)လက်အောက်ခံ ပြည်သူစစ်အဖွဲ့မှ ကျော်စိုးနိုင်ဦးဆောင်သော ရှစ်ဦးအဖွဲ့လိုက်ပါလာသည့် ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်ချိန် ၄၅ မိနစ်ခန့်ကြာမြင့်ပြီး ပြည်သူ့စစ်ခေါင်းဆောင် ကျော်စိုးနိုင်အပါအဝင် လေးဦးသေဆုံးခဲ့ကာ ၎င်းတို့ထံမှ MA3 တစ်လက်၊ ပစ္စတိုတစ်လက်၊ ဖုန်းလေးလုံး၊ ခဲယမ်းများနှင့်အတူ ငွေသား(၃၁)သိန်း သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း (၁၆)က အသိပေးသည်။

"ကားတွေက စုတ်ပြတ်။ မောင်းမရဘူး။ ကရိန်းနဲ့တင်သွားရတာ"ဟု အထက်ပါတိုက်ခိုက်မှုမှ ပြည်သူ့စစ်များစီးနင်းလာသည့် ယာဥ်နှစ်စီးနှင့်စပ်လျဥ်းပြီး တပ်ရင်း(၁၆)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အလားတူ ဇွန်လ ၃ ရက်နေ့ကလည်း ပခုက္ကူမြို့နယ်၊ ချည်မျှင်ဂိတ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ သုံးဦးထိခိုက်သွားကြောင်း၊ ထို့အပြင် ပန်းတိုင်းခြုံကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ကို ဗုံးသီးရှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုမသိရသေးဟု တပ်ရင်း(၁၆)က ထုတ်ပြန်သည်။

အထက်ပါ တိုက်ခိုက်မှုများကို ပခုက္ကူခရိုင် တပ်ရင်း(၁၆)နှင့် မဟာမိတ်ဖြစ်သော မြင်းခြံတပ်ရင်း(၁)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် ဗိုလ်ကလယ်တပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
60👍19👏6😁3🥰2
(ပြည်သူ့စစ်အဖွဲ့ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရသည့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ - တပ်ရင်း ၁၆)
👍779🥰3😁3
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဗြိတိန်ဝန်ကြီးချုပ်ကိုယ်တိုင်ပါဝင်ဖို့တောင်းဆိုမှုတွေရှိလာ

ဇွန်-၅၊၂၀၂၅။People's Spring

အာဏာသိမ်းစစ်ကောင်စီရဲ့မတရားဖမ်းဆီး အ
ကျဉ်းချမှုကို ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး
ဗြိတိန် ဝန်ကြီးချုပ်ကိုယ်တိုင်ပါဝင် ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်ရဲ့ မတရား အာဏာသိမ်း ဖြုတ်ချတာခံခဲ့ရတဲ့ ဒီမိုကရေစီအစိုးရရဲ့ခေါင်းဆောင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအချိန်ကစပြီး အကျဉ်းချ ခံထားရတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတ ဦးဝင်းမြင့်နဲ့ တခြား နိုင်ငံရေး အကျဉ်းသား ၂၂,၀၀၀ လောက်ကိုလည်း ဖမ်းဆီးထားပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့ ခံစားနေရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေ
အနေတွေအကြောင်းကို Independent သတင်းဌာနရဲ့ Cancelled: The Rise and Fall of Aung San Suu Kyi ဆိုတဲ့ သတင်းမှတ်တမ်း ဗီဒီယိုထဲမှာ ဖော်ပြထားခဲ့ဖူးပါတယ်။

ပြီးတော့အဲဒီဗီဒီယိုထဲမှာ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင်ဟောင်း၊ အတိုက်အခံ ခေါင်းဆောင်ဟောင်းဝီလျံဟေးဂ်ကလက်ရှိ ဗြိတိန်အစိုးရအနေနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အရေးကိစ္စရော၊ မြန်မာ
နိုင်ငံမှာ ပိုမိုဆိုးရွားလာနေတဲ့ အကျပ်အတည်းတွေ အတွက်ပါ ကိုယ်တိုင်ကိုယ်ကျကြားဝင်သင့်ပြီလို့ တိုက်တွန်းခဲ့ဖူးပါတယ်။

သူက ဗြိတိန်ဝန်ကြီးချုပ် စတာမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်ထိထိရောက်ရောက် ဆော်ဩ တောင်းဆိုသင့်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်တဲ့ ကင်မ်အဲရစ်နဲ့လည်း ကိုယ်တိုင်တွေ့ဆုံသင့်တယ်လို့ အကြံ
ပြုခဲ့ဖူးပါတယ်။

အလားတူ ကွန်ဆာဗေးတစ်ပါတီရဲ့လူ့အခွင့်အရေး ကော်မရှင်က လောလောလတ်လတ် တင်ပြခဲ့တဲ့ မြန်မာ့ ပြည်တွင်းရေး အခြေအနေတွေအကြောင်း အစီရင်ခံစာမှာလည်းဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဝန်ကြီးချုပ် စတာမာက ပိုပြီးထဲထဲဝင်ဝင်အားထည့် ကြိုးပမ်းသင့်ကြောင်း
တိုက်တွန်းထားတာ တွေ့ရပါတယ်။

မြန်မာစစ်တပ်ဟာဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ
ရေး အကျဉ်းသားတွေကို ဖမ်းဆီးထားဆဲ ဖြစ်ရုံသာမက နိုင်ငံအနှံ့မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ အစုအပြုံ
လိုက် သတ်ဖြတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ မုဒိမ်းမှုတွေကိုလည်း ကျူးလွန်နေတဲ့အကြောင်း Independentရဲ့ သတင်းထဲမှာ ဖော်ပြထားခဲ့ပါတယ်။

အစီရင်ခံစာကို ဦးဆောင်ပြုစုသူတွေထဲ တစ်ဦးဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း တင်မ်လူတန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ကြုံတွေ့နေတဲ့ အခြေအနေတွေဟာ ထုတ်ပြောပြဖို့ ခက်ခဲလွန်းတဲ့ ဆင်းရဲဒုက္ခမျိုးတွေလို့ မှတ်ချက်ပေးခဲ့ပြီး ဗြိတိန်အစိုးရ အနေနဲ့ချက်ချင်းလက်ငင်းတုံ့ပြန်ကိုင်တွယ်ပေးဖို့ လိုနေပြီလို့ ထောက်ပြထားခဲ့ပါတယ်။

ကော်မရှင်ကအစီရင်ခံစာကိုပြုစုရာမှာ ကင်မ်အဲရစ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူခဲ့သူရှောင်တာနဲလ်၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အန်
ဒရူးစ်တို့ကလည်း ပံ့ပိုးပေးခဲ့ကြတယ်လို့ သိရပါတယ်။

အစီရင်ခံစာရဲ့အတိုချုပ်ကတော့မြန်မာနိုင်ငံကို နိုင်
ငံတကာလက်နက်တင်ပို့မှုတွေပိတ်ပင်နိုင်ရေးတွန်း
အားပေးဖို့၊ မြန်မာစစ်တပ်ဆီ စီးဝင်နေတဲ့ ဘဏ္ဍာငွေလမ်းကြောင်းတွေဖြတ်တောက်ဖို့၊ မြန်မာ့အ
ရေးမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထိထိရောက်ရောက် ကိုင်တွယ်ရေး တောင်းဆိုဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ လူသိရှင်
ကြားတောင်းဆိုထားပြီးဖြစ်ပါတယ်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုတွေနဲ့ စွပ်
စွဲပြီး နှစ်ရှည် ထောင်ချထားပေမယ့် လမ်မီက
တော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ နိုင်ငံရေး အကျဉ်းသား တစ်ဦးသာဖြစ်တယ်လို့ လက်ခံထားပြီး ဗြိတိန် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်
မြောက်ရေးအတွက် ပိုမို အားထည့်သင့်တယ်လို့ အသိအမှတ် ပြုထားပါတယ်။

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်မှာ နှစ်အတော်များများ နေထိုင်ခဲ့ဖူးပြီး သားနှစ်ဦးဖြစ်တဲ့ ကင်မ်နဲ့ အလက်ဇန္ဒားတို့ကို ကွယ်
လွန်သူ ဗြိတိန်သား ခင်ပွန်းသူ မိုက်ကယ် အဲရစ်နဲ့အတူ ပျိုးထောင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှု အ
ရေး​တော်ပုံကြီးမှာ ဦးစီးဦးဆောင် နေရာကို ရယူခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)
ပါတီ အနိုင်ရပြီး အစိုးရ ဖြစ်လာခဲ့သလို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ထပ်မံ အနိုင်ရခဲ့ပေမယ့်လည်း စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

ကိုးကား- Independent
79👍29🥰4🤮1
ဓါတ်ပုံ-Getty Images
97👍9🥰2👏1🤮1
သေ့ဘောဘိုးစခန်း ​မြေ​အောက်လက်နက်ခဲယမ်းဂိုဒေါင်မှ ခဲယမ်းများKNU ပူးပေါင်းတပ်ရရှိ

■သိမ်းပိုက်ရရှိ လက်နက်ခဲယမ်းများဖြင့် စစ်တပ် ၏နောက်ထပ်စခန်းတနေရာကို ပြန်တိုက်ခိုက်မည်ဟု ကော်ဘရာ စစ်ကြောင်းမှူးပြော

ဇွန်-၅၊၂၀၂၅။ထားမြတ်/People’s Spring

မြန်မာ-ထိုင်းနယ်စပ်ရှိ သေ့ဘောဘိုးစခန်းအား တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်း
ပိုက်နိုင်ခဲ့ရာတွင် လက်နက်ခဲယမ်းများထားရှိရာ ​မြေ​အောက်ဂိုဒေါင်မှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်း စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က လူမှုကွန်ရက်၌ ဖော်ပြသည့် ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။

KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်ကသေ့ဘော
ဘိုးစခန်းကို ဇွန်လ ၃ရက် က သိမ်းပိုက်နိုင်ခဲ့ပြီးထို​နေ့ ညပိုင်းတွင် ကော်ဘရာ စစ်ကြောင်း စစ်ဆင်
ရေးမှူး ဗိုလ်ဒါဘော ပါဝင်သည့် အဖွဲ့က သေ့ဘောဘိုးစခန်းရှိ ​မြေ​အောက်လက်နက်ဂိုဒေါင်ကိုကြည့်
ရှုခဲ့သည်ကို ရုပ်သံမှတ်တမ်းတင်ထားခြင်းဖြစ်သည်။

နှစ်မိနစ်​ကျော်သည့် ရုပ်သံတွင် ဗိုလ်မှူးဒါဘောသည် ညဝတ် အင်္ကျီဝတ်ဆင်ထားပြီး ရဲဘော်များနှင့်အတူ လက်နက်ဂိုဒေါင်အတွင်း ဝင်ကြည့်ရာ ခဲယမ်း၊ ကျည်များစွာ တွေ့ရှိခဲ့ကြသည်ကို တွေ့ရသည်။

“ဒါကြောင့်ဒီကောင်တွေငါတို့ကိုစိတ်ကြိုက်ထုတ်
ပစ်တာကိုး” ဟု ဗိုလ်ဒါဘောက ပြောသည်။

ဂိုဒေါင်၌ ၆၀မမကျည်၊ ၁၂၀မမကျည်၊ ၈၁ နောက်ပွင့်ကျည်များ၊ RPG ကျည်များ အပါအဝင် ခဲယမ်းများ၊မိုင်းများ ၊ ခဲယမ်းမျိုးစုံအများအပြားရှိ​နေသည်ကိုတွေ့ရသည်။

“ရှာလိုက်ရတာ ဒီဂိုဒေါင်ကြီးကို။ကျည်တွေ သုံးမကုန် ဖြုန်းမကုန်ပဲ ဒီကောင်တွေ။တွေ့ပြီ။ နောက်တနေရာတော့ ဒီကောင်တွေ ပြန်ကြိတ်လို့ရပြီ” ဟု ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူးကပြော
သည်။

ဗိုလ်စောကော်၏ ရေးသားချက်တွင် Cobra Nay Gyi ဆိုသူက “ သူများ ပစ္စည်း ကြာကြာ မယူထားကောင်းပါဘူး။ ပြောင်းထဲ ထည့်ပြီး ပိုင်ရှင်တွေဆီ ၁လုံး မကျန် ပစ်ပို့ပေးသင့်ပါတယ်ကိုကြီး”ဟုဝင်ရောက်မှတ်ချက်ပြုရာဗိုလ်စောကော်က “ဟုတ်ကဲ့ပါလို့” ဟု ပြန်လည်မှတ်ချက်ပေးထားသည်။

၁၉၉၇ ခုနှစ်ကတည်းက စစ်ကောင်စီတပ်များဝင်ရောက်တပ်စွဲထားသည့် သေဘောဘိုးစခန်းကို KNU တပ်မဟာ(၆) ဦးဆောင်သော KNLA၊KNDO၊ PDF ပူးပေါင်းတပ်က ဇွန် ၃ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီဘက်က ၃၀ဦးကျော်သေဆုံးကာ ၇၀ ကျော်လက်နက်ချခဲ့ကြောင်း KNU သတင်းရင်းမြစ်တဦးက ပြောပြသည်။

လက်နက်ချသူများကို ထိုင်းဘက်သို့ သွားရောက်ခွင့်ပေးခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြော
သည်။

KNU ပူးပေါင်းတပ်သည် မေလ ၂၃ရက်က သိမ်း
ပိုက်ခဲ့သည့် ဘလယ်ဒို တပ်စခန်း၊ မေလ ၂၈ရက်က သိမ်းပိုက်ခဲ့သည့် ကနဲလေး တပ်စခန်းများတွင်လည်း လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။
👍7730👏7🥰2🤣2
Media is too big
VIEW IN TELEGRAM
ရုပ်သံ-Saw Kaw
96👏23🥰2🤣2
တိုက်ပွဲမဖော်ဆောင်ဘဲ စစ်ကောင်စီနှင့် ဆွေးနွေးရန် တရုတ်အစိုးရကအမြဲတမ်းပြောဟု KIA ပြော

■ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးယခုရက်ပိုင်း
ပြန်ငြိမ်နေ

ဇွန်-၅၊၂၀၂၅။ထားမြတ်/People’s Spring

တရုတ်အစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့ /ကကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA)အား တိုက်ပွဲမဖော်ဆောင်ဘဲ စစ်ကောင်စီနှင့် ဆွေးနွေးရန် အမြဲတမ်းပြောဆိုနေကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIAက ၆လကြာ ဆင်နွှဲနေသည့် ဗန်းမော် မြို့သိမ်းတိုက်ပွဲကို ဆက်မတိုက်ဘဲ အပစ်ရပ်ပြီး စစ်​ကောင်စီနှင့် ​ဆွေး​နွေးရန်တရုတ် အထူးကိုယ်စား
လှယ်က ပြောဆိုကြောင်း သတင်းများထွက်​ပေါ် ​နေသဖြင့်မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူကပြောကြားခဲ့ခြင်းဖြစ်သည်။

“တရုတ်အစိုးရကတော့ တိုက်ပွဲမဖြစ်ဖို့ကိစ္စက
တော့အမြဲတမ်းပြောနေတာပါပဲ။ ထူးထူးထွေထွေပြောတာ မကြားဘူး။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ အမြဲ
တမ်းပြောနေတာပဲ။ခင်ဗျားတို့တိုက်ပွဲ မဖော်ဆောင်ဘဲနဲ့ ဆွေးနွေးကြပါ စကားပြောကြပါဆိုတာကတော့အမြဲတမ်းပြောနေတာပါပဲ။ဒါကတော့
သိပ်ပြီးမှ ထူးခြားမှုမရှိဘူးလို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ဖားကန့်ဒေသ ပြန်
လည်ထိန်းချုပ်နိုင်ရန်စစ်​ကြောင်းထိုးနေသကဲ့သို့
၀ိုင်းမော်၊ မြစ်ကြီးနား ၊ တနိုင်း လီဒိုလမ်း၊ မိုးညှင်းဒေသ စသည့် မြို့နယ်များ၊ ဒေသများတွင် စစ်ရေးလှုပ်ရှားမှုများ၊ စစ်အင်အားဖြည့်တင်းမှုများ ၊ ထိုး
စစ်ဆင်မှုများလုပ်ဆောင်လျက်ရှိသည်။

KIA အနေဖြင့်လည်းဗန်းမော်မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ လတ်တ
လောတွင် စစ်ရေး ပြန်လည်ငြိမ်သက်နေသည်ဟု စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ထို့ပြင်တက်ဖက်တွင်လည်းဗန်းမော်တိုက်ပွဲ၌စစ်ကောင်စီ၏ စစ်သုံ့ပမ်းများ ဖမ်းဆီးရရှိသည့် ရုပ်သံမှတ်တမ်းအချို့ကို လူမှုကွန်ရက်၌ ဖြန့်ဝေနေမှုများ ရှိနေဟု ကချင်သတင်းရင်းမြစ်က ပြော
သည်။

“ မြန်မာစစ်တပ်ကသုံ့ပန်းမိတဲ့အထဲကချင်အမျိုး
သမီးတွေပါနေတာကိုပြန်ဖွနေကြတာ။ရုပ်သံက ဗမ(ဗန်းမော်) အဟောင်းပါ” ဟုကချင်သတင်းရင်းမြစ်တဦးက ပြောသည်။

အခြား စစ်ရေးသတင်းရင်းမြစ်နှစ်ဦးကလည်း ဗန်းမော်တိုက်ပွဲ လတ်တလော ငြိမ်နေပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)ကို ဝင်ရောက်ရှင်းလင်းနေပြီဆိုသည်မှာလည်း သတင်းမှားဖြစ်ကြောင်း၊ မကြားမိကြောင်း ပြောသည်။

စကခ(၂၁)ကိုဝင်ရောက်ရှင်းလင်းနေသည်ဆို
သည်မှာ သတင်းမှား သတင်းတုဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြေသည်။
KIA အနေဖြင့် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ အရေးပါသည့် တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများသိမ်းပိုက်ရရှိထားပြီး တင့်ကား၊ သံချပ်ကာ အပါအဝင် စစ်သုံးယာဉ်များ၊ ဒရုန်းများ နှင့် စစ်ကောင်စီ ရဟတ်ယာဉ် ၂စီး တို့ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

ထိုအပြင် စစ်သုံ့ပမ်းများစွာကိုလည်း ဖမ်းဆီးရရှိထားပြီး မြို့ဧရိယာ အများစုကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ စစ်ကောင်စီကလည်း ဗန်းမော် မကျရေးအတွက် လေကြောင်း ပစ်ကူအပြင်းအထန်ပြုလုပ်ခုလျက်ရှိသည်။
47👍24😁7🤬3🥰1
တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် အာဏာသိမ်း​ခေါင်း​ဆောင်တို့ကို​တွေ့စဥ်။
ဓါတ်ပုံ-စစ်​ကောင်စီ
24👍13🖕8😁5💩2🥰1
လားရှိုးမြို့ကို စစ်ကောင်စီအင်အားဖြည့်

■MNDAAနှင့် TNLA ထိန်းချုပ်ဒေသများကို
လေကြောင်းကင်းထောက်နေ

ယောနသံ/People's Spring

လားရှိုးမြို့ကို စစ်ကောင်စီကလေကြောင်းမှ အင်
အားပို့နေသလို MNDAAနှင့် TNLA ထိန်းချုပ်ထားသည့် မြို့နယ်အချို့ကို လေကြောင်းမှကင်း
ထောက်မှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံအချို့က​ပြောသည်။

လားရှိုးမြို့သို့ ဇွန်လ ၄ရက်က စစ်ကောင်စီ တပ်ရဟတ်ယာဉ်အချို့ ဆင်းသက်ခဲ့သလို MNDAA ထိန်းချုပ်ထားသော သိန္နီမြို့နယ်၊TNLA ထိန်းချုပ်
ထားသော နမ့်ဆန်မြို့နယ်တို့ကို ကင်းထောက်လေယာဥ်မကြာခဏ ပျံဝဲနေခဲ့ကြောင်း ဒေသခံများကပြောသည်။ ဇွတ်လ ၅ရက် နံနက် ၉နာရီခန့်ကလည်း တောင်ကြီးမြို့တွင် တိုက်လေယာဉ်တစ်စီး ကျယ်လောင်စွာဖြတ်ပျံသွား၍ ဒေသခံများအထိတ်တလန့်ဖြစ်ခဲ့ကြသည်။

"လားရှိုးကို အင်အားဖြည့်နေတာ သိသိသာသာပဲဗျ။ ‌ဌာနဆိုင်ရာရုံးတွေ ဖွင့်မယ်လို့ခေါင်းစဉ်နဲ့ ရောက်လာတဲ့အထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အ
များကြီးပါလာတယ်။ဒီရက်ပိုင်းထူးခြားတာက ကင်းထောက်လေယာဉ်တွေဝဲတာ။ စစ်ရေးအခြေ
အနေဘာဖြစ်မလဲဆိုတဲ့ သံသယနဲ့နေကြရတယ်ဗျ"ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ဇွန်လ ၄ ရက်နေ့ကသိန္နီနှင့် နမ့်
ဆန်အပါအဝင် ရှမ်းပြည်နယ်များပိုင်းမှမြို့နယ်အချို့တွင် ကင်းထောက်လေယာဉ်ပျံဝဲမှုသည် ထူး
ခြားသည့်အခြေအနေဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

"လားရှိုးမှာဆို အခု စစ်ကောင်စီက မှတ်ပုံတင်တွေ ပြန်လုပ်ပေးနေတယ်။ကျမတို့လည်းသွားလုပ်ထားတယ်။တိုက်ပွဲတွေပြန်ဖြစ်ရင်ပြေးလို့လွယ်အောင်"
ဟု ဒေသခံတစ်ဦးကပြောသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်
မတော်(MNDAA)က အရှေ့မြောက်တိုင်းစစ်ဌာ
နချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို ၂၀၂၄ သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)
အဖြစ် ထည့်သွင်းသတ်မှတ်အုပ်ချုပ်ခဲ့သည်။

သို့သော် တရုတ်အစိုးရ၏ ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ MNDAA ပြန်လည်ဆုတ်ခွာခဲ့ရပြီး မြို့ပေါ်ရပ်ကွက် ၁၂ခုကို ပြီးခဲ့သည့် ဧပြီလမှစတင်က စစ်ကောင်စီ ပြန်ထိန်းချုပ်ထားသည်။ လားရှိုးမြို့နယ်အတွင်းကျန်ဒေသများနှင့် ၁၀၂၇ စစ်ဆင်
ရေးတွင်သိမ်းပိုက်ခဲ့သည့်မြို့နယ်များကို MNDAA
က ဆက်လက်ထိန်းချုပ်ထားသည်။

လားရှိုးမြို့ပေါ်ကိုထိန်းချုပ်ထားသည့် စစ်ကောင်စီက ကျောင်းများပြန်ဖွင့်ထားပြီး ကျောင်းအပ်လက်
ခံနေသည်။ လုံခြုံရေးအခြေအနေစိတ်မချခြင်းနှင့် တိုက်ပွဲများပြန်ဖြစ်နိုင်သည်ဟုစိုးရိမ်မှုများကြောင့် ကျောင်းတက်ရောက်သူနည်းပါးသည်ဟု ဒေသခံများကပြောသည်။ ထို့အတူ MNDAAကလည်း ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများတွင် ဇွန်လ ၅ရက်မှစ၍ ကျောင်းအပ်လက်ခံနေသည်။ လားရှိုးမြို့နယ်အတွင်း မယ်ဟန်၊ ခေးနင်း၊ နောင်မွန်ရွာအပါအဝင် ကျေးရွာ ၂၀မှ အခြေခံပညာကျောင်းများတွင်ကျောင်းအပ်လက်ခံမည်ဟု MNDAA၏ အထူးဒေသ(၁)မြန်မာပညာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
(TNLA)နှင့် စစ်ကောင်စီသည် လက်ရှိတွင် နောင်ချိုမြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေသည်။

TNLAနှင့် စစ်ကောင်စီသည်တရုတ်အစိုးရ၏
တိုက်တွန်းမှုဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ဖေဖော်ဝါရီလက တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆင်မပြေဘဲ ဆွေးနွေးမှုရပ်သွားခဲ့သည်။ ထို့နောက် စစ်ကောင်စီကနောင်ချိုမြို့ကို လေ
ကြောင်းမှ မကြာခဏဗုံးကြဲပြီး မြေပြင်မှာလည်းစစ်ကြောင်းထိုးနေသည်။

ပြည်သူလူထုသဘောထားအတိုင်းစစ်အာဏာရှင်
ပြုတ်ကျသည်အထိ တိုက်ပွဲဝင်မည်ဟု ကြွေး
ကြော်ပြီး စတင်ခဲ့သော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏၁၀၂၇ စစ်ဆင်ရေးအတွင်း TNLAက ရှမ်း
ပြည်နယ်မြောက်ပိုင်းမှ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊မိုးမိတ်နှင့် သီပေါမြို့နယ်၊မန္တလေးတိုင်းမှ မိုးကုတ်မြို့နယ်တို့ကို သိမ်းယူခဲ့သည်။

MNDAAက ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံကိုး၊ သိန္နီ၊ လားရှိုး မြို့များကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

လက်ရှိတွင် MNDAA၊TNLAနှင့် အာရက္ခတပ်တော်(AA)တို့ပါဝင်သည့်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မတ်လ ၂၈ရက်က ငလျင်ကြောင့် ပြည်သူ
လူထုအကြပ်အတည်းတွေ့နေခြင်းနှင့် ပြန်လည်
ထူထောင်ရေးလုပ်ငန်းများ လုပ်‌နေချိန်ဖြစ်သော
ကြောင့်ဟုဆိုကာဇွန်လ ၃၀ရက်အထိ ယာယီအပစ်ရပ်ထားကြောင်း ကြေညာထားသည်။
38🤬26👍12👎2😁2🥰1
လားရှိုးမြိူ့မှ စစ်​ကောင်စီ စည်ပင်ဝန်ထမ်းအချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ
👍29🤬8👎5🖕43😁1💩1
နောင်ချိုတွင် စစ်ကောင်စီနှင့် အပြန်အလှန် ထိုးစစ်များ ရှိနေဟု TNLA ပြော

■လူထုများလုံခြုံရေးဂရုစိုက်ရန် နှင့် စစ်ရေးအရ စိတ်ပူစရာမလို၊ ဗျူဟာအတိုင်းဆောင်ရွက်နေဟု အသိပေး

ဇွန်-၅၊၂၀၂၅။ရဲခေါင်၊ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) တိုက်ခိုက်သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူများအ​နေဖြင့်စစ်ရေးအရ စိတ်ပူစရာ မလိုကြောင်း TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ယနေ့ကျင်း
ပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ဇွန်လ ၅ရက်မနက်တွင်TNLAက စစ်ရေး၊ နိုင်ငံ
ရေးဆိုင်ရာများ သတင်းစာရှင်းလင်းစဉ် နောင်ချိုဒေသ တိုက်ပွဲ အခြေအနေကို ယခုကဲ့သို့ပြောပြခြင်းဖြစ်သည်။

“နောင်ချို၊တောင်ခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်
ရွက်နေတာဖြစ်ပါတယ်။” ဟု လွေးယေဦးက ပြောကြားသည်။

စစ်ကောင်စီ က ဇွန်လ ကုန်အထိ အပစ်ရပ်သက်
တမ်းတိုးကြောင်း ကြေညာခဲ့သော်လည်း နောင်ချိုကိုလေကြောင်း ၊ ဒရုန်း နှင့်လက်နက်ကြီးတိုက်
ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် ဧပြီနှင့် မေလကလည်း ငလျင်အကြောင်းပြ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ကြေ
ညာခဲ့သော်လည်း နောင်ချိုမြို့နယ်အတွင်း TNLA တပ်ရှိရာနေရာများကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

TNLA၏ဇွန်လ ၄ ရက်​နေ့ထုတ်ပြန်ချက်အရ မေ
လ အတွင်း နောင်ချိုမြို့ရှိ ကျေးရွာများနှင့် TNLA တပ်ရှိရာ နေရာများကို ဦးတည်ပြီး စစ်ကောင်စီက လေကြောင်းမှ ၁၂ကြိမ်၊ လက်နက်ကြီးဖြင့် ၇၇၆လုံး၊ ဒရုန်းဖြင့် ဗုံးသီး ၃၂၉ လုံး၊ အဆိပ်ငွေ့ဗုံး ၁၄၄ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟုသိရသည်။

ထိုသို့တိုက်ခိုက်မှုများကြောင့်ပြည်သူ၆ဦးသေဆုံးကာ ၁၄ဦး ဒဏ်ရာရခဲ့ဟု အသိပေးသည်။

စစ်ကောင်စီသည် နောင်ချိုမြို့နယ်အပြင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ကျောက်မဲ၊ မိုင်းငေါ့၊မိုင်းလုံနှင့် မန်တုံမြို့နယ်များကိုလည်း မေလအ
တွင်း လေကြောင်း တိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခဲ့သည်။

စစ်ကောင်စီနှင့် TNLA တို့သည် တရုတ်အစိုးရ၏ ကြားဝင် စီစဉ်မှုဖြင့် ဧပြီလကုန်ပိုင်းက အပစ်ရပ်စဲရေး ဆွေးနွေးခဲ့ရာ စစ်ကောင်စီက TNLA သိမ်း
ပိုက်ထားသည့် မြို့ရွာများ ပြန်ပေးရန် တောင်းဆိုခဲ့သည်။ စစ်ကောင်စီ၏တောင်းဆိုချက်ကို TNLA
က လက်မခံဘဲ ပယ်ချခဲ့ရာ ဆွေးနွေးပွဲ အဖြေမရဘဲ ပြီးဆုံးခဲ့သည်။

ဩဂုတ်လတွင် နှစ်ဖက်ပြန်လည်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း စစ်ကောင်စီက TNLAနယ်မြေကို ထိုးစစ်ဆင်မှုတိုက်ခိုက်မှုများ ဆက်လုပ်​နေခြင်းဖြစ်သည်။

TNLA အနေဖြင့်လည်း ကိုးကန့် MNDAA၊ ရက္ခိုင် AA တို့နှင့်အတူ တဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးခဲ့သော်လည်း စစ်ကောင်စီ၏ ထိုးစစ်၊ စစ်ရေးလှုပ်ရှားမှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်သည်။
47👍34🤣2🥰1
TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-TNLA
51👍14🤣3🥰1
ကျောက်ကြီးတွင် ပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သားသစ် သုံးဦး လက်နက် ၃လက်ယူလာပြီး PDF ထံ အလင်းဝင်
■“သူတို့ကို လူသားဒိုင်းသဖွယ် အသုံးပြုပြီးတော့ မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တစုက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်နေတာဖြစ်တယ်” - Spring Warriors Column တာဝန်ရှိသူ
ဇွန်-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring
ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်မှ စစ်ကောင်စီတပ်သား သုံးဦး လက်နက်ခဲယမ်းများနှင့်အတူ Spring Warriors Column ထံ အလင်းဝင်လာကြောင်း အဆိုပါ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ကျောက်ကြီးမြို့နယ် နောင်ကုန်းကျေးရွာသို စစ်ကြောင်းထိုးလာသော ခမရ (၅၈၄)မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ကောင်စီတပ်သား (၃)ဦးသည် မေလ (၁၆)ရက်နေ့တွင် MA 1 တစ်လက် ၊ MA3 နှစ်လက် ယူဆောင်ကာ အလင်းဝင်လာခြင်းဖြစ်ဟု ဖော်ပြသည်။
အလင်းဝင်လာသော စကစ တပ်သားများမှာ စစ်ကောင်စီ၏ မတရားစစ်မှူထမ်းရန် ပေါ်တာဆွဲခေါ်ဆောင်ခံရသော လူငယ်များဖြစ်ပြီး ၎င်းတို့အား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ကာ ဆုငွေ ပေးအပ်ခဲ့ဟု Spring Warriors Column က ထုတ်ပြန်သည်။
“စစ်ကောင်စီရဲ့ လက်ကျန်တပ်သားတွေ ပြည်သူ့ရင်ခွင် ခိုလှုံဖို့ ပြောချင်တယ်။ နောက်ပြီးတော့ စစ်ကောင်စီတပ်သားဟောင်းတွေက အခု ပေါ်တာ ဆွဲပြီး အတင်းအဓမ္မ စေခိုင်းထားတဲ့ ပစတွေကို အချင်းချင်း ခွဲခြားပြီးဖိနှိပ်နှိပ်စက်တာတွေရှိတယ်လို့ ကျနော်တို့ သိရတယ်။ ဆိုတော့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီဆီမှာ အသက်ကို အလဟသ အဖြစ်ခံမယ့်အစား ပြည်သူ့ရင်ခွင် ခိုလှုံကြပါလို့ ပြောချင်ပါတယ်” ဟု Spring Warriors Column တာဝန်ရှိသူက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်သူ့ သွေးသား၊ ပြည်သူ့ဘက်တော်သားများ ဖြစ်သကဲ့သို့ စစ်ကောင်စီ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်မှုထမ်း ခိုင်းစေခံရသည့် တပ်သားများသည်လည်း ပြည်သူများ ဖြစ်ကြောင်း ၎င်းက ပြောသည်။
“စစ်ကောင်စီက ဘယ်လိုပုံစံမျိုးလုပ်လဲဆိုတော့ ပြည်သူကို ပြည်သူနဲ့ ပြန်တိုက်တဲ့ ပုံစံမျိုး သူတို့တွေက ဖန်တီးနေတာ။ နောက်ပြီးတော့ စစ်ကောင်စီတပ်သားသစ်တွေအနေနဲ့ အတင်းအဓမ္မ ခေါ်ဆောင်ခံရတဲ့ တပ်သားသစ်တွေပေါ့လေ သူတို့ဟာ တကယ်တန်းပြောရရင် သူတို့ကို လူသားဒိုင်းသဖွယ် အသုံးပြုပြီးတော့ မင်းအောင်လှိုင်နဲ့စစ်အာဏာရှင်တစုက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်နေတာဖြစ်တယ်” ဟု Spring Warriors Column တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ၏ အောက်ခြေရဲဘော်များ အထူးသဖြင့် တပ်သားသစ်များ၏ အသက်ကို မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်များက ဂရုစိုက်ခြင်းမရှိဟု ပြောသည်။
“အဲဒီတော့ မင်းအောင်လှိုင်အတွက် စစ်အာဏာရှင်အတွက် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အသက်ကို အကြောင်းမဲ့ မစွန့်လွှတ်ဖို့ ၊ ပြည်သူ့ ရင်ခွင်ခိုလှုံပြီးတော့ ပြည်သူတွေနဲ့တသွေးတည်း တသားတည်း ရပ်တည်ဖို့ကြိုးစားကြပါ ကျနော်အဲဒီလိုပဲ တိုက်တွန်းချင်တယ်” ဟု Spring Warriors Column တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီမှ မတရားစစ်မှုထမ်းရန်ခေါ်ဆောင်ခံရသော လူငယ်များနှင့် မတရားစစ်ကောင်စီလက်ပါးစေဘဝမှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံချင်ပါက မိမိတို့တာဝန်ကျရာနှင့် နီးစပ်ရာတပ်ရင်း၊ စစ်ကြောင်း သို့မဟုတ် Spring Warriors Column တပ်ရင်း page messenger သို့ဆက်သွယ်၍ အလင်းဝင်ရောက်နိုင်ကြောင်းလည်း အသိပေးထားသည်။
Spring Warriors Column တပ်ရင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ခရိုင် တပ်ရင်း-၁(တပ်ရင်း -၇၀၀၁) ဖြစ်သည်။
👏5115👍6🥰2😁1
51👍5🥰3😁2
■Photo News

KNLA၊ PDF ပူးပေါင်းတပ်ယူ‌ဆောင်လာတဲ့
ပြည်သူ့အောင်ပွဲ

-ဇွန်-၅၊၂၀၂၅။People's Sring

မြန်မာ - ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်​၏ ဘလယ်ဒိုစခန်း နှင့် သေ့ဘောဘိုးစခန်းအား သိမ်းယူခဲ့သည့် KNLA၊ KNDO ၊ PDF ပူးပေါင်းတပ်အား ပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒိုစခန်းကို မေလ ၂၃ ရက်နှင့် သေ့ဘောဘိုးစခန်းကို ဇွန်လ ၃ ရက်နေ့တွင် KNLA၊ PDF ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။ပြည်သူ့အောင်ပွဲအဖြစ် အောင်ပွဲရယူခဲ့ကြခြင်းဟု CobraColumn2VENOMသတင်းနှင့်ပြန်ကြား
ရေးက ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ယနေ့ ‌ဇွန်လ ၅ရက် နေ့လယ်၌ ထုတ်ပြန်ထားသည်။
91👍8🥰3👏3🔥2😁1