(ပဒိုမန်းရှာလာဖန်းက 'ရေဆန်' ကလောင်အမည်နဲ့
သနူးထူးဂျာနယ် မှာ ၂ဝဝ၂ခုနှစ်က ရေးသားခဲ့တဲ့
"ချစ်ရဲဘော်များသို့ ပေးစာ အမှတ် (၁၁)ကို မိသားစုရဲ့ ခွင့်ပြုချက်နဲ့ People's Spring သတင်းဌာနကဖော်ပြပေးလိုက်ပါတယ် ။ KNU အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း
ပဒိုမန်းရှာလားဖန်း ဟာ 'ရေဆန်' ၊ 'တော်လှန်ရေးရဲဘော်
တစ်ဦး '၊ 'ဇိုယာဖန်း' ၊ 'ဆာလားကပေါ' စတဲ့ကလောင်တွေနဲ့ ဆောင်းပါး ၊ကဗျာတွေ ရေသားခဲ့ပါတယ် ။ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်း ဟာ ၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက်မှာ မသမာသူတွေရဲ့ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရပါတယ် )

👍27❤1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဖေဖော်ဝါရီ ၁၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မံစီမြို့နယ် စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ ဒီနေ့ ဆက်လက်ပြင်းထန်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် စီခမ်းကြီးရွာ စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ဒီနေ့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စီခမ်းကြီး စစ်ကောင်စီဗျူဟာစခန်းကို မနေ့ မနက်ကတည်းက KIA၊ ရက္ခိုင့်တပ်တော်(AA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)ပူးပေါင်းတပ်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံနေရပါတယ်။ ဒီနေ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၂၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ််။ နေအိမ်တွေမှာ ပြည်သူတွေ မရှိတော့ပေမယ့် နေအိမ် တော်တော်များများ ပျက်စီးသွားပြီလို့ သိရပါတယ်။ မနေ့ကလည်း စစ်ကောင်စီတပ်ဟာ ၁၄ ကြိမ်ထက်မနည်း လေကြောင်းပစ်ကူသုံးတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
◾️ပြင်ပအလုပ်သမားများခေါ်ယူရာမှာ သူလျှိုများပါမလာရေး ကုမ္ပဏီများတာဝန်ယူရမယ်လို့ MNDAA သတိပေး
ဒေသပြန်လည်တည်ဆောက်ရေးအတွက် အလုပ်သမားများနဲ့ နည်းပညာရှင်အမြောက်အများ လိုအပ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ခဲ့ပြီး ပြင်ပမှရောက်ရှိလာတဲ့ အလုပ်သမားတွေထဲ သူလျှိုနဲ့ ရန်သူ့အေးဂျင့်များ ရောနှောပါဝင်မလာစေရေး စိစစ်ဖို့ အသိပေး ထုတ်ပြန်ပါတယ်။ အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီမှ အလုပ်သမား ဝန်ဆောင်မှုကုမ္ပဏီများကို တည်ထောင်ဖွင့်လှစ်ဖို့ ခွင့်ပြုလိုက်ပြီး အဲဒီကုမ္ပဏီများမှ ပြည်ပအလုပ်သမားနဲ့ နည်းပညာရှင်များ ခေါ်ဆောင်ပေးဖို့ တာဝန်ပေးလိုက်ပါတယ်။ လုပ်ငန်းပိုင်ရှင်က မိမိသဘောဖြင့် အလုပ်သမားများကို ခေါ်ယူခွင့်ပြုပေမယ့် ခေါ်လာတဲ့ အလုပ်သမားများအနက် ရန်သူသူလျှိုများတွေ့ရှိပါက ခေါ်ယူတဲ့ ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းပိုင်ရှင်များကို အရေးယူမယ်လို့ MNDAAက သတိပေးထားပါတယ်။
◾️စစ်မှုထမ်းဥပဒေကို ပြည်သူများဆန့်ကျင်ဖို့နဲ့ တော်လှန်ရေးအဖွဲ့များက ကာကွယ်ကူညီမှု လုပ်ဆောင်ဖို့ MSFCတိုက်တွန်း
စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများအနေဖြင့် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဆန့်ကျင်ဖို့နဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားအင်အားစုများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လိုအပ်တဲ့ ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားဖို့ တိုက်တွန်းကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်ဟာ သမိုင်းတစ်လျှောက်မှာ မကြုံစဖူး အရေးနိမ့်မှုများဖြစ်နေပြီး ၎င်းတို့ရဲ့ အင်အားချိနဲ့နေချိန် ပြည်သူ့စစ်မှုထမ်းဥပဒေ(စစ်မှုမထမ်းမနေရဥပဒေ)ကို အတင်းအကြပ် အသက်သွင်း အကောင်အထည်ဖော်တာလို့ ဖော်ပြပါတယ်။ အဲဒီလို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုတဲ့ လူပုဂ္ဂိုလ်မှန်သမျှနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ပြည်သူ့ရန်သူများ အဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားရမယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ၎င်းတို့ရဲ့ အာဏာနဲ့ ကိုယ်ကျိုးစီးပွားကို အကာအကွယ်ရယူနိုင်ဖို့ ပြည်သူကို လူသားဒိုင်းအဖြစ် အသုံးချဖို့ စီမံခြင်းသာဖြစ်တယ်လို့ MSFCက ဆိုပါတယ်။
◾️အင်းလေးတောင်ပိုင်းမှာ PNO ပြည်သူ့စစ်အဖွဲ့က တပ်သား အဓမ္မစုဆောင်းနေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးတောင်ပိုင်းရှိ ကျေးရွာများမှာ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ် ဦးဆောင်ကာ အတင်းအဓမ္မခေါ်ဆောင် တပ်သားစုဆောင်းမှုများပြုလုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ လတ်တလောစာရင်းများအရ ထီရီးကျေးရွာမှ ၁၅ ဦး၊ ထီဟန်းတားကျေးရွာမှ ခုနစ်ဦး၊အောင်ချမ်းသာကျေးရွာမှ ငါးဦး၊ ဟူရမ်းကျေးရွာမှ ၁၁ဦးနဲ့ စံကားလွယ်ခေါ် ကျေးရွာမှ ၁၀ဦးကို PNO က ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ PNO ပြည်သူ့စစ်ဟာ စစ်ကောင်စီနှင့် တရားဝင်ပူးပေါင်းကာ တော်လှန်ရေးအင်အားစုများကို ပြန်လည်ခုခံနေပြီး ၎င်းတို့နယ်မြေအတွင်း စစ်ကောင်စီအတွက် စစ်သားကောက်ပေးနေတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုများက အသိပေးထားပါတယ်။
◾️တော်လှန်ရေးတပ်ဖွဲ့များရဲ့ ထိုးစစ်ကို တားဆီးဖို့ စစ်ကောင်စီတပ် တံတားဖျက်ဆီးမှု ပိုလုပ်နေ

👍24🔥3❤1
ရက္ခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့အနီးရှိ တံတား အချို့ကို စစ်ကောင်စီက ဖျက်ဆီးလိုက်တယ်လို့ ရက္ခိုင့်တပ်တော်(AA)က အသိပေးထုတ်ပြန်ခဲ့ပြီး အဲဒီလုပ်ရပ်ဟာ AA တပ်များ ကုန်းလမ်းမှ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေဖို့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မအီတံတားကို မိုင်းဖောက်ခွဲဖျက်ဆီးခဲ့စဉ် မိုင်းပေါက်ကွဲမှုပြင်းအားကြောင့် မအီမြို့အထက်တန်းကျောင်း အပါအဝင် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ခုခံစစ်ကို တစ်ဆင့်ချင်း ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော်ကို ကုန်းလမ်းများမှ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေဖို့အပြင် အခြားယုတ်မာသောရည်ရွယ်ချက်များကို အကောင်အထည်ဖော်သောအနေဖြင့်လည်း တံတားများကို ဖောက်ခွဲဖျက်ဆီးတဲ့လုပ်ငန်းများ လုပ်ဆောင်နေတယ်လို့ AAက ထုတ်ပြန်ပါတယ်။
◾️ပုလဲမြို့နယ်ရှိ ပျူစောထီးရွာနှစ်ရွာမှ ပြည်သူ ၂၃ ဦး ထပ်မံထွက်ပြေးလာ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီး ကျေးရွာနှစ်ရွာမှ ပြည်သူ ၂၃ဦး ထပ်မံထွက်ပြေးလွတ်မြောက်လာပါတယ်။ ဖေဖော်ဝါရီ ၁၆ရက်က ဇီးဖြူကုန်းပျူစောထီးရွာမှ ခုနစ်ဦး၊ ဖေဖော်ဝါရီ ၁၇ရက်မှာ အင်မထီးပျူစောထီးရွာမှ ၁၆ဦး ထပ်မံထွက်ပြေးလွတ်မြောက်လာကာ အလင်းဝင်ခိုလှုံခွင့်တောင်းခံလာတယ်လို့ ပုလဲ(ပအဖ)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ စားနပ်ရိက္ခာအခက်အခဲနဲ့ ဖိနှိပ်မှုများကြောင့် ပျူစောထီးရွာများမှ ရွာသူ၊ ရွာသားများ ခပ်စိတ်စိတ် ထွက်ပြေးလာရာ ဒီတကြိမ်မှာ အများဆုံးထွက်ပြေးလွတ်မြောက်လာတာပါ။ ပုလဲ(ပအဖ)အဖွဲ့က အလင်းဝင်လာသူများကို စစ်ဆေးမေးမြန်းပြီး စစ်တပ်၊ ပျူစောထီးများနှင့် ဆက်သွယ်သတင်းပေးခြင်း၊ သူလျှိုဒလန်ပြုလုပ်ခြင်း၊ တော်လှန်ရေးအင်အားစုများကို ထိခိုက်နစ်နာစေမယ့် အပြုအမူများ ပြုလုပ်ခြင်းများ လုံးဝမပြုလုပ်ဖို့ ခံဝန်ထိုးခိုင်းခဲ့ပြီး သူတို့ကို ပုလဲပအဖအဖွဲ့က ထောက်ပံ့ငွေများနဲ့ မိုးကာများ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
◾️CDM ဆင်စခန်းကို မီးရှို့ပြန်လာတဲ့ တောအုပ်နဲ့အဖွဲ့ ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ သစ်တောဦးစီးဌာနဝန်ထမ်းလေးဦးနဲ့ ပျူစောထီးတစ်ဦးကို ဆင်ဝိုင်းများမီးရှို့ပြီးအပြန်လမ်းမှာ စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၁(Yoma GBK)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ဆင်ဝိုင်းရွာရှိ CDM ပြုလုပ်သွားတဲ့ ဆင်စခန်းကို မီးရှို့ပြီးပြန်လာကာ ကွင်းချောင်းအုပ်စု၊ ကုန်အနီးဝါးတောမှာ သောက်စားမူးယစ်နေတဲ့ သစ်တောအုပ်နဲ့အဖွဲ့ကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်ခံရမှုကြောင့် သစ်တောအုပ် ကျော်ဆန်းဝင်း၊ ကျော်စွာဝင်း၊ ခင်ရင်၊ ဇော်ဝင်းနဲ့ သက်နိုင်ထွန်းတို့ ငါးဦး နေရာမှာ သေဆုံးသွားတယ်လို့ Yoma GBK တာဝန်ရှိသူက ပြောပါတယ်။
◾️လှိုင်သာယာ ရပ်ကွက်ရုံးနှစ်ခုအနီး ဗုံးများဆက်တိုက် ပေါက်ကွဲ
ရန်ကုန်မြို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ် (၁၂)ရပ်ကွက်ရုံးနဲ့ (၉)ရပ်ကွက်ရုံးအနီးမှာ ဒီနေ့ ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံပြည်သူများက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးတို့မှာ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက (၁၂)ရပ်ကွက်နဲ့ (၉) ရပ်ကွက်ကြား စုဆောင်းရေးဝင်းအနီး ခုံးတံတားပေါ်၊ စစ်ကိုင်းလမ်းနဲ့ ဖားအံလမ်း လမ်းဆုံတို့ကို ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
◾️မိုးမိတ်ရှိနေအိမ်များကို စစ်တပ်က မူးယစ်ဆေးသုံးစွဲသူများကို မီးရှို့ဖျက်ဆီးခိုင်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူးယစ်ဆေးသုံးစွဲနေသူများကို ဆိုင်ကယ်များပေးကာ ဒေသခံများရဲ့ နေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးခိုင်းနေတယ်လို့ ဒေသခံများက ပြောပါတယ်။ မိုးမိတ်မြို့မှာ တောင်ပိုင်း၊ မြောက်ပိုင်း၊ လက်ခုပ်တန်းနဲ့ ဟော်နန်းရပ်ကွက်များရှိပြီး ဇန်နဝါရီလတိုက်ပွဲများအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက်တိုင်းမှာ အပျက်အစီးအလွန်များပြားခဲ့ပါတယ်။ တိုက်ပွဲများရပ်တန့် သွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ မူးယစ်ဆေးသုံးစွဲနေသူများက ပြည်သူများရဲ့ နေအိမ်များကို ဖောက်ထွင်းခိုးယူပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံများက ပြောပါတယ်။
◾️ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ်အပါအဝင် အရပ်သား နှစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

👍26👎2🔥1
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်များက တိုက်ပွဲတုဖန်တီးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် လသားအရွယ်ကလေးငယ်နဲ့ ဒေသခံ တစ်ဦးသေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ညပိုင်းက ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ (၄၂၅)နဲ့ (၄၂၆)တပ်က တိုက်ပွဲအတု ဖန်တီးပြီး ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် အချက်ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ပစ်ခတ်မှုကြောင့် ထမ်းယံရွာမှ (၆)လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ ထီတမ်ရွာမှ ဒေသခံအမျိုးသားတစ်ဦး စုစုပေါင်း နှစ်ဦး သေဆုံးပြီး ဒေသခံပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူလူထု နေအိမ်များလည်း ပျက်စီးခဲ့ရတယ်လို့ PNLA က အသိပေးပါတယ်။
◾️ရေဦးမြို့နယ်မှာ ရွာပေါင်း ၂၀ကျော်မှ ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်၊ စားနပ်ရိက္ခာအခက်အခဲတွေ့နေ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်က တစ်ပတ်နီးပါး လှည့်လည်စစ်ကြောင်းထိုးနေလို့ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအတွက် အခက်အခဲ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၂ရက်မှ ဒီနေ့အထိ ရေဦးမြို့မှထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရေဦးနယ်အနောက်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေလို့ ကျေးရွာပေါင်း ၂၄ ရွာမှ ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။ ရက်ရှည်စစ်ရှောင်နေရလို့ ပြည်သူများ စားသောက်နေထိုင်ရေး အခက်အခဲများရှိနေပြီး စစ်ရှောင်ပြည်သူများပြားနေကာ မလောက်ငှမှုများ တွေ့ကြုံနေရတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်း ကျေးရွာတစ်ရွာရှိ စာသင်ကျောင်းတစ်ကျောင်းမှာလည်း ရွာပေါင်းစုံ သပိတ်ကော်မတီက စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုနိုင်ငံရေးတရား ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။
ပုလဲမြို့နယ် ကျေးရွာတစ်ရွာမှာ လူထုသပိတ်ဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေကို The Way အပါအဝင် တော်လှန်ရုပ်ရှင်တွေ ပြသခဲ့ပြီး လူထုနိုင်ငံရေးတရား ဟောပြောပွဲခြင်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။
တနင်္သာရီမြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဒေသတွင်းလူထုကို ဖက်ဆစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကာကွယ်ခြင်းနည်းလမ်းတွေကို ဆွေးနွေးတင်ပြခဲ့ပြီး ပန်းဖလက်တွေ ဖြန့်ဝေကာ အသိပညာပေးလှုပ်ရှားမှုတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။

👍33❤2🔥2
စစ်ကောင်စီက စစ်ရှုံးရန်သေချာသည့် တပ်စခန်းများကို မီးရှို့ဖျက်ဆီး ခွာစစ်ဆင်နေပြီး ရပ်ရွာများအား တိုက်ခိုက်ဖျက်ဆီးမှုပုံမှန်လုပ်နေဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်
▪︎AA သည် မြန်မာနိုင်ငံအနှံ့ လှည့်ပတ်တိုက်ပွဲဝင်နေသည့် တစ်ခုတည်းသောတပ်ဟု ဖော်ပြ
ရှိုင်း/People’s Spring
စစ်ကောင်စီသည် စစ်ရေးအရ ရှုံးနိမ့်ရန် ရာနှုန်းပြည့် သေ
ချာနေသော စစ်စခန်းများ၊ ပွိုင့်ကုန်းများကို မီးရှို့ဖျက်ဆီး၍ ခွာစစ်ဆင်နေခြင်းတို့ကို ညီနောင်မဟာမိတ်တပ်များ သိမ်း
ပိုက်ရယူရန်ကြိုးစားနေသော မြို့များ၌ ယခုရက်များအတွင်း ခပ်စိပ်စိပ်ပြုလုပ်လာခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) ပါဝင်သည့်ညီနောင် မဟာမိတ် ၃ဖွဲ့က သတင်းထုတ်
ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ဖေဖော်ဝါရီ ၁၈ရက်တိုက်ပွဲသတင်းထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
ရက္ခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ဟင်းခရော်ကျေးရွာအနောက်မြောက်ဘက် တစ်မိုင်ခွဲကျော်ရှိ “ပွိုင့် (၄၀၂)” နှင့် “ပွိုင့် (၄၀၈)” ကုန်းအား စစ်ကောင်စီက ဆုံးရှုံးလက်လွှတ်ရန် သေချာသောကြောင့် ဖေဖော်ဝါရီလ (၁၈) ရက် ညနေပိုင်းတွင် စခန်းကို စွန့်သွားသည်ဟု ထုတ်ပြန်သည်။
ထိုသို့စခန်းစွန့်ခွာရာ၌ ၎င်းတို့၏ ပွိုင့်ကုန်းရှိ စစ်လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများကို ၎င်းတို့ကိုယ်တိုင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၎င်းပွိုင့်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သယ်ယူ၍ရသော လက်နက်ခဲယမ်းများကို စစ်ရဟတ်ယာဉ် များဖြင့် လေးကြိမ်တိုင်တိုင် အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရွေ့ပြောင်းသွားခဲ့ကြောင်း ဖော်ပြသည်။
ယမန်နေ့တွင် ရက္ခိုင်ဒေသအတွင်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများမှာ ပုံမှန်ရှိနေခဲ့ပြီးစစ်ကောင်စီသည် အပြစ်မဲ့အရပ်
သား ပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ မြို့ ရွာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ပုံမှန်ပြုလုပ်နေခဲ့သည်ဟု ထုတ်
ပြန်သည်။
စစ်ကောင်စီသည် ရမ်းဗြဲမြို့အား အလုံးစုံပြိုပျက်စေရန် ရည်ရွယ်ချက်ဖြင့် လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်ဟု ဖော်
ပြသည်။ ဖေဖော်ဝါရီ ၁၇ရက် တိုက်ခိုက်မှုများအတွင်း ရမ်းဗြဲမြို့၊ အမှတ် (၄) ကင်းတဲရပ်ကွက်မှ လူနေအိမ် (၁၅၀) ကျော်အထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရဟု အသိပေးသည်။
ယမန်နေ့တွင် ရမ်းဗြဲသိမ်တောင်ဘုရားကုန်းထက်၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ ရမ်းဗြဲမြို့အား လက်နက်ကြီးဖြင့် (၂) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်လမ်းခွဲရှိ အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်နှင့် စျေးဆိုင်ခန်း တွဲဆောက်ထားသည့် အဆောင် (၆) လုံးအား ဖေဖော်ဝါရီ ၁၇ရက်တွင် စစ်ကောင်စီက မီးရှို့ခဲ့သည်ဟုဆိုသည်။ထို့ပြင် အဆိုပါ စစ်ကောင်စီတပ်များသည် ဂုံးချွိန်တိုက်နယ်၊ မင်းတက်တောင်ကျေးရွာဘက်သို့ အပြန်လမ်းတွင် အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦးတို့အား အင်အားသုံး၍ မျက်နှာကို အဝတ်ဖြင့်အုပ်ပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ထုတ်ပြန်သည်။
ရက္ခိုင်ဒေသတွင်း စစ်ရေးအရ အလုံးစုံရှုံးနိမ့်တော့မည့် ပကတိအနေအထားကို လက်ခံနိုင်ခြင်းမရှိသည့် စစ်ကောင်စီသည် အကြမ်းဖက် ဖက်ဆစ်တို့၏လုပ်ရပ်အတိုင်း အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဖြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှုဖြတ်တောက်ခြင်းတို့ကို ပြုလုပ်ပြီး ရှုံးမဲမဲလျက်ရှိကြောင်း ဖော်ပြသည်။
ထို့အပြင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို မိုက်ရူးရဲဆန်စွာ ကျူးလွန်လျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။
ညီနောင်မဟာမိတ်တပ် အနေဖြင့်လည်း ယခင်ပြောထားပြီးသည့်အတိုင်း လက်နက်ချအညံ့မခံသော စခန်းတိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု ထပ်လောင်း ဖော်ပြသည်။AAက ရက္ခိုင်ဒေသ ရှိစစ်ကောင်စီတပ်များလက်နက်ချ အညံ့ခံရန် သတိပေးထားသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ရှမ်းမြောက်မှ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ရက္ခိုင်ဒေသအတွင်း အရှိန်အဟုန်မပျက် ဆက်လက်ရွေ့လျားနေကြောင်း၊ ရှမ်းမြောက်မဟုတ်သည့် မြန်မာနိုင်ငံ၏ အခြားသော ပြည်နယ်နှင့်တိုင်းများတွင် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်တွန်းလှန်နေကြသော တော်လှန်ရေး အဖွဲ့အစည်းများ၏ တော်လှန်စစ်ပွဲများသည်လည်း ပုံစံအမျိုးမျိုးဖြင့် တစ်ရက်ပြီးတစ်ရက် ပိုမိုများပြားလာကာ နေရာအသစ်များ၌ပါ တော်လှန်စစ်ကိုဆင်နွှဲလာသည်ကိုလည်း တွေ့ရကြောင်းထုတ်ပြန်သည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူသာမက အခြားသော ဘဝတူ တော်လှန်ရေး အဖွဲ့အစည်းများနှင့်လည်း စစ်ရေးအရ၊ ဗျူဟာအရ၊ မိမိတို့အဖွဲ့အစည်း၏ အခြေအနေလိုအပ်ချက်အရ တချို့သော နယ်မြေများတွင်လည်း စစ်ကောင်စီအား တစ်ဖွဲ့ချင်း (သို့မဟုတ်) စုပေါင်း၍ ပူးပေါင်းစစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိသည်ဟု ဖော်ပြသည်။

👍41❤4🤬4🔥2
ထို့ကြောင့် ယခုအချိန်သည် မြန်မာနိုင်ငံအနှံ့လှည့်ပတ်၍ စစ်ကောင်စီအား တိုက်ပွဲဝင်နေသော တစ်ခုတည်းသော အဖွဲ့အစည်းသည်ကား ရက္ခိုင့်တပ်တော် (Arakan Army) ဟုဆိုရမည်ဖြစ်ကြောင်း ညီနောင်သုံးဖွဲ့ကထုတ်ပြန်သည်။
AAသည် လတ်တလောတွင် ကချင်ပြည်နယ်၊မံစီ မြို့နယ်တွင် KIAနှင့်အတူ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။
ကချင်ပြည်နယ်သာမက စစ်ကိုင်း ဒေသအချို့၊ မကွေးဒေသအချို့၊ ချင်းပြည်နယ်ပလက်၀မြို့နယ်တို့၌လည်း စစ်ရေးလှုပ်ရှားသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့လှုပ်ရှားရာ ရှမ်းမြောက်ဒေသအတွင်း၌ "ကျဖျင်လုပ်ငန်းများ အကြွင်းမဲ့ ပပျောက်ရေး"လုပ်ငန်းများကို တစိုက်မတ်မတ် အလေးထား ဆောင်ရွက်လျက်ရှိပြီး ကျဖျင်လုပ်ငန်းလုပ်ကိုင်နေသောသူများကိုတွေ့ရှိပါက အချိန်မရွေး သတင်းပို့တိုင်ကြားနိုင်ကြောင်း တအာင်း၊ ကိုးကန့်၊ရက္ခိုင် ညီနောင်သုံးဖွဲ့က အသိပေးသည်။
ဟိုင်ဂင် သဘောတူညီချက်(အပစ်ရပ်စဲရေးအပါအဝင် စစ်ကောင်စီနှင့် သဘောတူထားသည့် အချက်များ)ပါ အချက်များထဲမှ အချို့သောအချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရင်း နယ်စပ်ဒေသတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ နှင့် စစ်ဘေးရှောင်များအရေးကိုလည်း အတက်နိုင်ဆုံးဆောင်ရွက်နေသည်ဟု အသိပေးသည်။
တိုက်ပွဲကာလများအတွင်း စစ်ကောင်စီသည် စစ်စခန်း၊ စစ်တပ်ပတ်ဝန်းကျင်များအပြင် အရပ်သားများ သွားလာသည့် လမ်းများ၌ စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းများကို အလွန်အကျွံထောင်ထားခြင်း၊ ပစ္စလက်ခတ် မိုင်းထောင်ထားခြင်းတို့ကြောင့် အရပ်သားပြည်သူလူထုတို့ မိုင်းနင်းသေဆုံး၊ ဒဏ်ရာရမှုတို့မှာ နေ့တိုင်း ဆက်လက်ဖြစ်ပေါ်လျက်ရှိ၍ သတိထားသွားလာကြရန်ကိုလည်း ထပ်မံတိုက်တွန်းထားသည်။

👍54🔥2👏2