People's Spring
✔
59.8K subscribers
71.9K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကုလားတန်စီမံကိန်း အမြန်ပြီးစေလိုပြီး
လုပ်ပေးနိုင်တာအားလုံး ကူညီပေးမယ်လို့ AA ​ပြော

■ စီမံကိန်း​ ဒေသအားလုံးနီးပါးAAထိန်းချုပ်ထား​ပေမယ့် အာဏာသိမ်း​ခေါင်း​ဆောင်ကအိန္ဒိယနဲ့ စီမံကိန်းအ​ကြောင်း​ဆွေး​နွေး

ဇွန်-၈၊ ၂၀၂၆။ခိုင်မြတ်၊ထားမြတ်/People’s Spring

မြန်မာနဲ့ အိန္ဒိယတို့ပူးပေါင်အကောင်အ
ထည်ဖော်ခဲ့တဲ့ ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း အမြန်ဆုံးပြီးစီးစေလိုကြောင်း အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထပ်
လောင်းပြောကြားခဲ့ပြီး လုပ်ပေးနိုင်တာ အားလုံးကူညီပေးမယ်လို့ အသိပေးပါတယ်။

၂၀၂၃ နိုဝင်ဘာ ကစတင်ခဲ့တဲ့ AA ရဲ့ ထိုးစစ်မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ် နဲ့ ရက္ခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာ ကုလားတန်စီမံကိန်း ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ စစ်တွေ-ပလက်၀ ရေလမ်းကြောင်း တခုလုံးနီးပါးကို AAက ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။

"ကုလားတန်စီမံကိန်းနှင့်ပတ်သက်လို့ နော်တို့ရဲ့သဘောထားကိုအကြိမ်ကြိမ်ထုတ်ပြော
ထားပြီးဖြစ်ပါတယ်။အခုလဲအရင်သဘော
ထားအတိုင်းပါဘဲ ၊ ဘာမှအပြောင်းအလဲမရှိပါဘူး။ အဲဒီကုလားတန်စီမံကိန်းကို မြန်နိုင်သမျှအမြန်ပြီးစေချင်တယ်။အဲဒီအတွက် ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနှင့် လုပ်ပေးနိုင်တာအားလုံးကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"လို့ ဦးခိုင်သုခက People's Spring ကို​ပြောပါတယ်။

AAဟာ အရင်ကလည်း ကုလားတန်စီမံကိန်းနဲ့ပတ်သက်ပြီး သဘောထားတွေကို သတင်းစာရှင်းလင်းပွဲတွေ မီဒီယာအင်တာဗျူးတွေက
တဆင့် အသိပေးထားရာ အိန္ဒိယ အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုကြောင်း၊ စီမံကိန်းတွေကို အကာအကွယ်ပေးသွားမှာ ဖြစ်သလို ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ စီမံကိန်းဖြစ်လို့ အပြုသဘောဆောင်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ​အသိ​ပေးထားပါတယ်။

တဖက်မှာလည်းအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့အပါတ်က အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ရာ ကုလားတန်စီမံကိန်း အပြီးသတ်ရေး အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်တပ် ဝါဒဖြန့်မီဒီယာတွေကတဆင့် ဖော်ပြထားပါတယ်။

မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံစဉ် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာပါ။ ဒါ​ပေမယ့် နာလည်မှုစာချွန်လွှာ ၊စာချုပ် တစ်ခုမှ​သ​ဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့တာမရှိပါဘူး။

ရက္ခိုင်ပြည်နယ် တခုလုံးနီးပါး လက်လွှတ်ဆုံးရှုံးထားရတဲ့ အာဏာသိမ်းခေါင်းဆောင်ဟာမြန်မာ-အိန္ဒိယ​ရေ​ကြောင်းကုန်သွယ်​ရေးအပါအဝင် ရင်းနှီးမြှပ်နှံမှု​တွေလာလုပ်ဖို့ ဖိတ်​ခေါ်ပြီး နိုင်ငံရေးခိုင်မာအောင်လုပ်မယ်၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမရှိဘဲ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့လည်းအိန္ဒိယ ခရီးစဉ်မှာ ပြောကြားခဲ့ပြီး အာမခံချက် ပေးနိုင်တယ်လို့လည်းဆိုထားပါတယ်။

ဒါပေမဲ့ ကုလားတန်စီမံကိန်းရဲ့ အရေးပါတဲ့
ပလက်၀ကနေ စစ်တွေသွားတဲ့ ကုလားတန်မြစ်ကြောင်းတလျှောက် အဓိက မြို့နယ်တွေဖြစ်တဲ့ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စတာတွေကို AAက သိမ်းပိုက်ထိန်း
ချုပ်စိုးမိုးထားတာဖြစ်ပါတယ်။

ကုလားတန်စီမံကိန်းဟာ အိန္ဒိယနိုင်ငံတွင်း ကုန်းတွင်းပိတ် ပြည်နယ်တွေကို ပင်လယ်ရေ
ကြောင်း၊ ကုလားတန်မြစ်ကြောင်း၊ ကုန်း
ကြောင်း စတာတွေကနေ အချိန်နဲ့ ကုန်ကျ
စရိတ်သက်သာစွာနဲ့ ပိုမိုအဆင်ပြေပြေသွားလာနိုင်ဖို့ ရည်ရွယ်လုပ်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ ရက္ခိုင်ပြည်နယ်အတွက်လည်း ကုန်သွယ်မှု ပိုမိုဖွံ့ဖြိုးကာ ဒေသခံတွေ အလုပ်အကိုင်ပိုမိုရရှိနိုင်မယ့် အခွင့်အလမ်းတွေရှိနေတာဖြစ်ပါတယ်။
စီမံကိန်း အစိတ်အပိုင်းတခုဖြစ်တဲ့ စစ်တွေရေနက်ဆိပ်ကမ်းနေရာကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားတာဖြစ်ပေမယ့် AA ဘက်ကတော့ ရက္ခိုင်မှာ သိမ်းပိုက်ဖို့ ကျန်နေတဲ့ စစ်တွေ၊ ကျောက်ဖြူ အပါအဝင် မြို့နယ် အားလုံးကို အခုနှစ်ပိုင်းတွေအတွင်း အပြီး
သတ်သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။လက်ရှိမှာလည်းစစ်
တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲ​တွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အထိနာနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေ၊ဒေသကွပ်ကွဲစစ်ဌာနချုပ်
(ဒကစ စစ်တွေ)ရဲ့ကာကင်းတွေနဲ့ ကျောက်
ဖြူမြို့နယ် တောင်မောင်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးလက်ကျန်အ၀တောင်ကာကင်းစခန်းတို့ ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

“ရခိုင်မှာ တိုက်ပွဲမဖြစ်တဲ့ရက်မရှိဘူး။ နေ့တိုင်းတိုက်ပွဲပြင်းတယ်။တပ်တော်ကလည်း ထိုးစစ်ကို တော်တော်ပြင်း ပြင်းထန်ထန်လုပ်နေတယ်။အရှိန်အဟုန် ပြင်းပြင်းနဲ့တိုက်နေတာ။ စစ်တွေမှာဆိုရင် ရွှေမင်းဂံကို အဓိကတိုက်နေတယ်။ဒကစကိုလည်း လက်နက်ကြီး
❤28👍15🤣2💩1
တွေ၊ ဒရုန်းတွေနဲ့ ခြိမ်းခြောက်နေတယ်” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်း ရင်းမြစ်တဦးက ပြောပါတယ်။

လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒကစစစ်တွေအပါ
အဝင် အခြေစိုက်တပ်ရင်း ဆယ်ခုဝန်းကျင်၊ ကျောက်ဖြူမြို့နယ်မှာ အခြေစိုက်တပ်ရင်း ၃ ခု၊ ရဲတပ်ရင်း ၁ ခု နဲ့ ရေတပ်ဌာနချုပ်အပါ
အဝင် ရေတပ်စခန်းသုံးခု ရှိပါတယ်။ မာန်အောင်မြို့နယ်မှာတော့ အခြေစိုက်တပ်ရင်းမရှိဘဲ ရေတပ်စခန်းနဲ့ တပ်စခန်းအချို့သာ ရှိပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ ရက္ခိုင်ပြည်
နယ်တခုလုံးနီးပါးလက်လွှတ်ဆုံးရှုံးထားရတဲ့အပြင် ရက္ခိုင်-မကွေး၊ ရက္ခိုင်-ပဲခူး၊ ရက္ခိုင် - ဧရာ၀တီ အစပ်ဒေသ တွေမှာလည်း AAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိပါတယ်။
❤25👍14🤣4👏1💩1
ကုလာတန်မြစ်ကမ်းပါးရှိ ပလက်ဝဆိပ်ခံတံတား။ပလက်ဝမြို့နယ် တစ်ခုလုံးကိုAA က ၂၀၂၄ ဇန်နဝါရီ ဒုတိယပါတ်ကတည်းကသိမ်းပိုက်ထားတာဖြစ်ပါတယ်။ ။ဓါတ်ပုံ-The Week
👍41❤9🔥2👏1😁1🤣1
စစ်တပ်လက်​အောက်မှာမြန်မာ့ရုပ်ရှင်ဘာလို့ လူမကြည့်တော့တာလဲ။ အရည်အသွေးညံ့တာတွေ၊ ပေါကားတွေ စတဲ့အကြောင်းရင်းတွေကတော့ အသစ်မဟုတ်တော့ပါဘူး။ လက်ရှိ ရုပ်ရှင်ကြည့်ပရိသတ် ဘာတွေဖြစ်နေလဲဆိုတာကိုကော ရုပ်ရှင်သမားတွေ စဥ်းစားကြည့်ဖူးပါသလား။ နိုင်ငံတစ်ဝန်းစစ်တပ်ကအိမ်​တွေကို မီးရှို့ ၊​ကျောင်း​တွေ​ဆေးရုံ​တွေကိုဗုံးကြဲ ​နေ့စဥ်နဲ့အမျှ ပြည်သူ​တွေကို အကြမ်းဖက်သတ်ဖြတ် ​နေတဲ့အချိန်မှာ ရုပ်ရှင်သမား​တွေက ​ခေတ်ကို ကိုယ်စားပြုတဲ့ ဇာတ်ကားဇာတ်ဝင်ခန်း ဘယ်နှစ်ခုရိုက်ဖူးပါလဲ။ အဖိနှိပ်ခံပြည်သူ​တွေကို ကိုယ်စားပြုပြီး ​ခေတ်ကာလကိုထင်ဟပ်တဲ့ အနုပညာဘယ်နှစ်ခုထုတ်လုပ်ဖူးကြပါလဲ။

ရန်ကုန်လိုမြို့ကြီးမှာတောင် နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးတာတွေရှိလာချိန် လူငယ်အများစုဟာ ရုပ်ရှင်ကို စိတ်ဖြောင့်ဖြောင့်လာကြည့်နိုင်မယ်ထင်ပါသလား။တက်ပြီးရင်းတက်နေတဲ့ ကုန်စျေးနှူန်းနဲ့ တဟုန်ထိုးကျဆင်းနေတဲ့ ​မြန်မာငွေတန်ဖိုးတွေကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ပြည်သူတွေဟာ ရုပ်ရှင် လာကြည့်နိုင်မယ်လို့ မျှော်လင့်နေတုန်းလား။ ဒါဆိုရင်တော့ ရုပ်ရှင်သမားတွေ ဆေးသောက်ဖို့ လိုနေပါပြီ။

https://www.ludunwayoo.com/opinion-mm/2026/06/09/159474/
👏25👍12🤣5❤3🔥3🤮2
လှည်းကူးမြို့နယ် NLD ပါတီနာယက ဦးဝင်းတင် မဲဆောက်မြို့မှာ ကွယ်လွန်

​ဇွန်-၉ ၊ ၂၀၂၆။ဇေအောင်/People's Spring

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

အသက် (၈၆)နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းတင်ဟာ မနေ့က (ဇွန် ၈ ရက်) ည ၉နာရီခန့်မှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ၎င်းနဲ့နီးစပ်သူတွေက အသိပေးပါတယ်။

ဦးဝင်းတင်ဟာ ကွယ်လွန်ချိန်အထိ စစ်အာဏာရှင်ကို တော်လှန်လိုစိတ် ပြင်းပြနေမြဲဖြစ်တဲ့အပြင်၊ မကွယ်လွန်မီ နောက်ဆုံးအချိန်အထိ လက်သုံးချောင်းထောင်ကာ နွေဦးတော်လှန်ရေးကို အလေးအနက်ပြု ထောက်ခံအားပေးသွားခဲ့ကြောင်း သိရပါတယ်။

"ဓမ္မဘက်ကရဲဝံ့စွာ ၁၉၉၀မတိုင်ခင်ကတည်းက သတ္တိရှိရှိနဲ့ခိုင်မာစွာရပ်တည်ခဲ့ပြီး စစ်အာဏာရှင်ကို တော်လှန်နေသူ ပြည်သူလူထုမှန်သမျှနဲ့ ပူးပေါင်းကာ တော်လှန်တိုက်ပွဲတိုင်း အစဥ်အမြဲပါဝင်ခဲ့တာ ယနေ့ထက်ထိပါပဲ။...ဘဘက မသေဆုံးခင်အချိန်ထိ စကစ ကို တော်လှန်လိုစိတ်ပြင်းပြနေမြဲပါ"လို့ ၎င်းနဲ့နီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်နှင့် မတရားမှုမှန်သမျှကို ရဲဝံ့စွာ ဆန့်ကျင်တော်လှန်ခဲ့တဲ့ ဦးဝင်းတင် ကွယ်လွန်သွားခြင်းအပေါ် NLD အလုပ်အမှုဆောင်အဖွဲ့အသီးသီးနဲ့ ရဲဘော်ရဲဘက်တွေ၊ မိတ်ဆွေတွေက ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွေမှာ ရေးသားထားကြပါတယ်။
😢67❤7👍5🙏2👏1🤮1
(မကွယ်လွန်မီ လက်သုံးချောင်းထောင်ကာ တော်လှန်ရေးကိုထောက်ခံသွားသည့် NLD နာယက ဦးဝင်းတင်အား တွေ့ရစဥ်။ ဓါတ်ပုံ-Tun Kyi)
❤66😭27😢6👍3👏2🙏2🤮1🕊1
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပွဲ အမေရိကန်ရောက် မြန်မာတွေ ပြုလုပ်

ဇွန်-၉၊၂၀၂၆။သုည/People's Spring

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖလိုမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုဆုတောင်းပွဲကို ဇွန် ၆ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ရောက် မြန်မာတွေက "ဒေါ်အောင်ဆန်းစုကြည် သက်ရှည်ကျန်းမာပါစေ" လို့ ဆုတောင်းခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားတွေ အားလုံး အမြန်ဆုံးလွတ်မြောက်စေဖို့ကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင် "Proof of Life" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တိုက်တွန်းတဲ့ "Proof Of Life Campaign" ကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။
❤39👍8👏4🥰1🤮1🤣1
ဓာတ်ပုံ - CJ
👍31❤20👏6🤮1💩1
ရေစကြိုမြို့မှာ လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေတဲ့ ပျူစောထီး အုပ်ကြီးသားအဖ နေအိမ်မှာ ပစ်သတ်ခံရ

ဇွန် ၉၊ ၂၀၂၆။ဟာနာဆန်/People's Spring

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

မနေ့က ဇွန်လ ၈ရက် ညပိုင်းက ရေစကြိုမြို့နယ်၊ အမှတ်(၄)ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလွင်မျိုးအောင်(ခ)ငလွင်နဲ့ ၎င်းရဲ့သားဖြစ်သူ ပျူစောထီးရဲမာန်တို့ကို နေအိမ်အထိ သွားရောက်ဖမ်းဆီးခဲ့ရာ ထွက်ပြေးလို့ ပစ်ခတ်ရာကနေ သေဆုံးသွားကြောင်း ကြောင်း ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"ငလွင်က အမှတ်(၄)နဲ့ အမှတ် (၆)ရပ်ကွက်က ဆင်းရဲတဲ့ပြည်သူတွေကို အ​ဓမ္မ ပျူစောထီးသင်တန်းတက်ခိုင်းတာတွေ၊ ပေါ်တာဆွဲတာဖမ်းဆီးတာတွေ ပြုလုပ်တယ်။ သားဖြစ်သူကတော့ ပျူစောထီး၊ သင်တန်းဆင်းထားတယ်။ လက်နက်လည်းကိုင်တယ်။"လို့ ၎င်းတာဝန်ခံက ပြောပါတယ်။

သေဆုံးအုပ်ကြီးသားအဖထံက လက်နက်သိမ်းဆည်းရမိတာမျိုးမရှိဘဲ လက်ကိုင်ဖုန်းတွေကိုတော့ သိမ်းဆည်းခဲ့ပြီး လိုအပ်တာတွေစစ်ဆေးနေတယ်လို့ သိရပါတယ်။

ရေစကြိုမြို့ပေါ်မှာ စစ်တပ်နဲ့တိုက်ရိုက်ဒါမှမဟုတ် သွယ်ဝိုက ပေါင်းသင်းဆက်ဆံ ထောက်ပံ့အားပေးနေသူ ဘယ်သူ့ကိုမဆို ထိရောက်စွာ အပြစ်ပေးအရေးယူသွားမယ်လို့ ရေစကြိုပကဖက သတိပေးထားပါတယ်။
❤29👏18👍9🤣2🥰1🤬1
(သေဆုံးအုပ်ကြီးသားအဖအား တွေ့ရစဥ်။ ဓါတ်ပုံ-ရေစကြိုပကဖ)
👏60👍10❤3🤣2👎1🥰1
စစ်တပ်‌စစ်ကြောင်း ရွှေကူမြို့အတွင်းဝင်ရောက်လာ၊ ငါးအိုး-ရွှေကူလမ်းမှာ စစ်တပ် ထိုးစစ်ဆက်လုပ်

ဇွန်-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

ရွှေကူ-ငါးအိုးလမ်းဘေးနေရာတွေမှာလည်း စစ်တပ်က နေရာယူပြီး ထိုးစစ်ဆက်လုပ်နေကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အင်အားအလုံးအရင်းနဲ့ ရွှေကူမြို့ကို စစ်အင်အားတွေဖြည့်တင်းဖို့ ကြိုးပမ်းလာလို့ မေလကတည်းကနေ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ငါးအိုး-ရွှေကူ လမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ငါးအိုးဗျူဟာကနေ ရွှေကူမြို့ တက်လာတဲ့ စစ်ကြောင်းတွေဟာ လက်ရှိမှာမြို့အတွင်း ဝင်ရောက်သွားပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဇွန်လ ၉ရက်မှာ ပြောပါတယ်။

“တချို့တွေက ရွှေကူမြို့ကို ဝင်သွားတယ်။ တချို့ ကျန်တဲ့ စစ်ကြောင်းတွေကတော့ လမ်းဘေးတွေ နေရာယူပြီးမှ ထိုးစစ်ဆင်တုန်းဖြစ်ပါတယ်" ဟု ဗိုလ်မှူးကြီးနော်ဘူက ရွှေကူဒေသ စစ်မြေပြင်အခြေအနေကို ရှင်းပြပါတယ်။

ကချင်ပြည်နယ်အတွင်း အခြားနေရာတွေမှာတော့ လက်တလော တိုက်ပွဲတွေ မရှိဘဲ ငြိမ်သက်ပေမယ့် ဖားကန့်နဲ့ ၀ိုင်းမော်ဘက်မှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ တွေ့ရတယ်လို့ ပြောပါတယ်။ ၀ိုင်းမော်ဘက်မှာ စစ်တပ်က စစ်အင်အားနဲ့ လက်နက်အင်အား စုဆောင်းပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အင်းတော်ကြီးဒေသ၊ မြစ်ကြီးနား- စစ်ကိုင်း-မန္တလေး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာလည်း စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ အသိပေးပါတယ်။

"အဲဒီနေရာဘက်မှာလည်း တိုက်ပွဲကတော့ အချိန်မရွေး ဖြစ်နိုင်ခြေရှိတဲ့နေရာတွေဖြစ်ပါတယ်။ ကချင်ပြည်နယ်တော်တော်များများမှာ သူတို့ စစ်အင်အားတွေဖြည့်ထားတာတွေ့ရပါတယ်။ အဲဒါကြောင့် အချိန်မရွေး တိုက်ပွဲကတော့ ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေချည်းပဲဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ရွှေကူမြို့အတွင်း ဝင်ရောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ပွဲအတွင်း သေဆုံးမှုများနေတာကြောင့် မူလစီစဉ်ထားတဲ့ မြို့အ၀င်ကြိုဆိုပွဲအခမ်းအနား ဖျက်သိမ်းလိုက်တယ်လို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရွှေကူမြို့အတွင်း စစ်တပ်၀င်ရောက်ရင် ဂုဏ်ပြုအလံတွေနဲ့ စစ်တပ်ထောက်ခံသူတွေက ကြိုဆိုပွဲ အခမ်းအနားကို မေလ ၂၅ ရက်မှာလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားတာ၊ စစ်တပ်ဘက သေဆုံးသူ ရုပ်အလောင်းတွေ မြို့ထဲရောက်လာတာကြောင့် အခမ်းအနားဖျက်သိမ်းခဲ့ရတာလို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက လူမှုကွန်ယက်ကတဆင့် ‌ဇွန်လ ၈ရက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရွှေကူကတဆင့် လက်ရှိ KIAက မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေဆဲဖြစ်တဲ့ ဗန်းမော်ဘက်ကို မြေပြင်ကနေ စစ်အင်အားတွေဖြည့်တင်းဖို့ ပြင်ဆင်နေတာလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က အသိပေးထားပါတယ်။

KIA အနေနဲ့ ဗန်းမော်ကို ၂၀၂၄ ဒီဇင်ဘာကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပြီး စစ်တပ်က ဗန်းမော်မြို့မကျရေးနည်းမျိုးစုံ စစ်အင်အားဖြည့် လေကြောင်း အများအပြား တိုက်ခိုက်ခုခံလျက်ရှိရာ တနှစ်ခွဲကြာတြ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

စစ်တပ်ဟာ KIA သိမ်းပိုက်ထားတဲ့ နယ်မြေဒေသ မြို့၊ ရွာ၊ တပ်စခန်းတွေ ပြန်သိမ်းနိုင်ဖို့ စစ်ရေးပြင်ဆင်မှုတွေ ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေပေမယ့် သိသာထင်ရှားတဲ့ ရလဒ်မရှိသေးဘဲ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အထိနာလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွှေကူမြို့နယ်ကို စစ်ရေးအရ အသားစီးရယူဖို့ စစ်တပ်က ရွှေကူမြို့နယ်ရဲ့ အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ အမှတ်(၁၂၁)ခြေလျင်တပ်ရင်း (ခလရ-၁၂၁) အခြေစိုက် ငအိုးကျေးရွာမှာ အင်အားစုဖွဲ့ပြီး ရွှေကူမြို့အတွင်း ၀င်ရောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ ရွှေကူဒေသဟာ KIA တပ်မဟာ(၁၁)၊ တပ်ရင်း(၁၂) နယ်မြေ ဖြစ်ပါတယ်။ KIA တပ်ရင်း (၁၂)က ဇွန်လ ၈ရက်မှာ ရွှေကူဒေသ နဲ့ပတ်သက်တဲ့ သတိပေးချက်တရပ်ကို ထုတ်ပြန်ခဲ့ရာ ရွှေကူမြိုအဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးကို ဇွန် ၈ရက်မှစတင်ပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်ကြောင်း ဖော်ပြထားသလို ရွှေကူမြိုခံတွေ စစ်ဘေးတိမ်းရှောင်ကြဖို သတိပေးထားပါတယ်။

ရွှေကူမြိုအဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးပိတ်ထားချိန် ပြည်သူတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရမယ်လို ဖော်ပြပါတယ်။

ပိတ်ပင်ထာသော လမ်းပိုင်းများကို သွားလာပါက နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာများကို လုံး၀ တာဝန်မယူဟု အသိပေးထားသလို ရွှေကူမြိုအတွင်းမှ ထွက်ခွာတိမ်းရှောင်ခြင်းမရှိဘဲ မြိုအတွင်းသာ နေထိုင်နေသော ပြည်သူတွေ အနေနဲ့ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကို KIO/KIA ဘက်က လုံး၀ တာဝန်ယူသွားမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။
👍18🤣16❤5👎3👏2🥰1🤬1😢1
🤣18👎9👏4🥰2😢2
ရခိုင်-ဧရာဝတီအစပ် ရိုးမထဲကတိုက်ပွဲမှာ စစ်တပ် အထိနာနေပြီး နေ့စဉ် လေကြောင်းပစ်ကူပေးနေ

ဇွန်-၉၊၂၀၂၆။ဇော်ရမ်း/People's Spring

ငါသိုင်းချောင်း-ဂွလမ်းပိုင်းအနီးတောလမ်းကနေ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းကို ‌ရေကြည်မြို့နယ်နဲ့ဆက်စပ်နေတဲ့ရခိုင်ရိုးမမှာ အာရက္ခတပ်တော်
(AA)နဲ့မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ရေကြည်မြို့နယ်ထဲကသောင်တန်းနဲ့ ညောင်မှော်ရွာပတ်ဝန်းကျင်မှာဇွန်လဆန်းကတည်း
ကတိုက်ပွဲစတင်ခဲ့ပြီးဒီနေ့(ဇွန်လ၉ရက်) မ
နက်ပိုင်းအထိ စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲတဲ့အထိတိုက်ပွဲပြင်းထန်နေတယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

"ငါသိုင်းချောင်း-ဂွလမ်းကနေရိက္ခာသယ်ကားတွေပါအတန်းလိုက်တက်လာပြီးတောထဲတွေကနေဝင်တာ။ အင်အားတော်‌တော်များတယ်။ တိုက်ပွဲပြင်းထန်နေတာရက်ဆက်ပဲ" လို့ ရေ
ကြည်မြို့ခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲတွေမှာစစ်တပ်ဘက်ကထိခိုက်သေ
ဆုံးသူတွေများပြီး ရေကြည်ဆေးရုံနဲ့ ပုသိမ်ဆေးရုံကို ပို့နေကြတယ်လို့ သိရပါတယ်။
ဂွမြို့နယ်ဟာရေကြည်၊ငါးသိုင်းချောင်းမြို့တွေနဲ့ ကုန်လမ်းဆက်စပ်နေသလိုရွှေသောင်ယံမြို့နယ်နဲ့ ရေလမ်းဆက်စပ်နေပါတယ်။
ဂွနဲ့ ရွှေသောင်ယံမြို့နယ်ဆက်စပ်ရွာတွေက AA က ထိန်းချုပ်ထားလို့ စစ်တပ်က ကုန်း
လမ်းဘက်ကနေ ဝင်ဖို့ ကြိုးစားနေတာလို့ စစ်ရေးသတင်းရင်းမြစ်‌တွေက ပြောပါတယ်။

လက်ရှိမှာရေကြည်မြို့နယ်ထဲက အမြောက်
တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့နယ်ထဲက စစ်
တပ် တပ်စွဲထားတဲ့ နေရာတွေကိုလည်း AAနဲ့မဟာမိတ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲ
လေယာဉ်တွေဟာ ရေကြည်၊လေးမျက်နှာ မြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ကျုံပျော်၊ဓနုဖြူ၊ငါးသိုင်းချောင်း၊ကွင်းကောက်၊အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေကို နေ့စဉ် ဖြတ်ပျံနေပါတယ်။

ဂွမြို့ကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ AAက သိမ်း
ပိုက်ထိန်းချုပ်ခဲ့တာပါ။စစ်တပ်က၂၀၂၅ နှစ်လယ်ပိုင်းကစပြီး စစ်ကြောင်းပြန်ထိုးဖို့ကြိုးပမ်းနေပေမယ့် အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခံနေရတာပါ။လက်ရှ်ိ တိုက်ပွဲတွေမှာ စစ်တပ်အထိနာသလို ဂွမြို့သိမ်းတိုက်ပွဲမှာလည်း စစ်တပ်ဘက်ကသေဆုံးသူတွေထဲမှာတပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနဲ့တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ ပါဝင်ခဲ့တယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်တပ်က ဧရာဝတီတိုင်းကစစ်မျက်နာတွေဆီကိုရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့အခြေစိုက် စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ် စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေနဲ့ မွန်ပြည်နယ်ကတပ်ရင်းအချို့ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။ဒါ့အပြင်တပ်မ(၆၆) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ(၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာန
ချုပ်၊ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ခလရ(၆၃)၊ခလရ(၂၇၁) တို့လည်း စစ်မြေ
ပြင်မှာ ရှိနေတယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
👍39❤4👎2👏1🤬1🥴1
ရခိုင်-ဧရာဝတီအစပ်နဲ့ ရခိုင်ရိုးမတို့ကို​မြေပုံ​ပေါ်​တွေ့ရစဥ်
👎15👍9👏5🤬1🥴1