People's Spring
63.8K subscribers
65.3K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍18🔥2😁1
👍237🔥1
တရားခွင်ထဲက ကျမ်းစာက” နမောတဿ ဘဂဝတော အရဟတော” နဲ့ အစချီပါတယ်။ ပွင့်တော်မူပြီးသောဘုရားရှင်အပေါင်းနဲ့ကျမ်းစာကို စောင့်ရှောက်သော နတ်ဒေဝါအပေါင်းတို့ကို တိုင်တည်ထားပါတယ်။

ဟုတ်မှန်တာကို ထွက်ဆိုပါကလူ့ပြည်သာမက နတ်ပြည်မှာလည်း ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာရှိပြီး ကောင်းခြင်းမှန်သမျှ ခံစားထိုက်မယ်လို့ ပါပါတယ်။မတရားသဖြင့် အမိန့်တွေချခြင်း၊ ဟုတ်မှန်တဲ့အတိုင်း မစီရင်ခြင်း၊ မထွက်ဆိုခြင်းတွေလုပ်ရင်တော့ ခံစားရမယ့်အရာတွေက သာမာန်လူမဖတ်ရဲလောက်အောင် သိပ်ကြောက်စရာကောင်းပါတယ်။

သွေးအန်သေတာမျိုးတွေ၊ သားစဉ်မြေးဆက် အကျိုးစီးပွားပျက်စေတာတွေ၊မီးလောင်ရေကြီးစသဖြင့် ဘေးမျိုးစုံတွေ့ရသလို ရောဂါဘယတွေလည်း ထူပြောစေတာတွေ၊ သေလွန်ပြီးရင်တောင် ငရဲအထပ်ထပ် ကျစေတာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ကျမ်းပါ ကျိန်စာတွေဟာစာဖတ်သူဖတ်ဖို့ မသင့်တော်တဲ့အထိမကြားဝံ့မနာသာတွေဖြစ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကစပြီး အယူသီးသလို ဗေဒင် ၊ယတြာတွေ ယုံကြည်အားကိုးကြတဲ့ အာဏာသိမ်းအုပ်စုမှာ ဒီနှစ်ပိုင်းအတွင်းအယူသီးစရာဖြစ်ရပ်အချို့ကလည်းဖြစ်ခဲ့ပါတယ်။အလားတူအရပ်သားပြည်သူလူထုအပေါ် မတရားအမိန့်တွေချမှတ်နေတဲ့ တရားသူကြီးတွေကိုခြောက်လှန့်နေတဲ့ ဖြစ်ရပ်အချို့လည်းသူတို့အသိုင်းအဝိုင်းမှာရှိနေတာပါ။


https://www.ludunwayoo.com/feature-mm/2026/01/25/146453/
👍27💩104🤬3🔥1💯1
ရှမ်း​တောင်က​နေ ကရင်နီပြည် စစ်​ကြောင်းထိုးတဲ့စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီးအထိနာ​နေ

​မတ်-၂၀၊၂၀၂၆။ရဲ​ခေါင်/People's Spring

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်ထဲက ဖရူဆို-ဘောလခဲ-ဖားဆောင်းကို စစ်တပ်က စစ်ကြောင်းထိုးရာ လမ်း ကြောင်းတစ်လျှောက်က မြို့တွေကို ထိန်းချုပ်နိုင်ပြီဆိုတာကတစ်ဖက်သက် ကြွေးကြော်နေတာလို့လည်း အသိပေးပါတယ်။

မတ်လ ၁၇ ရက်နေ့ကလည်း ထားလဲ -နန်းဖဲလမ်းမကြီးပေါ် စစ်ကြောင်းထိုးဖို့ လမ်းလုံခြုံရေး ယူနေတဲ့စစ်သားတွေကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ​ဖော်ပြပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီ တပ်ဘက်က
ခုနှစ်ဦးဝန်းကျင်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက် ငါးလက်ရတယ်လို့ ဖော်ပြပါတယ်။

"KNDF(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်) ရဲ့ တပ်ရင်း ၁၆ က စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ဖို့ လုပ်နေတဲ့အချိန် ရှေ့ပြေး စစ်
ကြောင်းတွေ့ပြီး ပစ်ခတ်မှု ဖြစ်တာပေါ့"လို့ ဖြစ်စဥ်ကို သိရှိသူက လူထုနွေဦးကို ပြောထားပါတယ်။

​ဖေ​ဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း စစ်တပ်စစ် ကြောင်းကို နန်းဖဲကျေးရွာ အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့မှုက ထိခိုက်သေဆုံးသူအချို့ရှိခဲ့ပြီး လက်နက်ငယ်တစ်လက် သိမ်းရတယ်လို့ KNDF က ပြောပါတယ်။

"ဖရူဆို - မာခရော့ရှည် - ထားလဲ -နန်းဖဲ -ဘောလခဲ -ထူးချောင်း နဲ့ ဖားဆောင်း ထိ ဆက်သွယ်ရေးလမ်းမကို ပြန်ဖွင့်ဖို့က တကက ၁၄ (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း) မာခရော့ရှည် နဲ့ ထားလဲရွာကြား ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးစားနေတာ"လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြေပြင်တိုက်ပွဲ မှာစစ်ကောင်စီဘက်က ထိခိုက် ​သေဆုံးမှုများပြားလို့ လေကြောင်းနဲ့ အရပ် သားတွေ၊ ပြည်သူတွေရဲ့ နေရာတွေကိုပါပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် သတိပြုဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းကစပြီး ဟိုပုံး -ဆီဆိုင် ၊ပင်လောင်း-ဆောင်ပြောင်း-ဖယ်ခုံ -မိုးဗြဲ ၊ လွိုင်ကော်၊ဒီးမော့ဆို နဲ့ ဖားဆောင်းမြို့တွေကို ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် စစ်တပ်က ပြန်ထိန်းချုပ်ခဲ့ပါတယ်။

"ရန်နိုင်မင်းစစ်ကြောင်းထိုးမယ်ဆိုတဲ့အထဲမှာ မော်ချီးပါတယ်"လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ တွဲဖက်အတွင်းရေးမှူးဦးဗညားက ပြောပါတယ်။

လက်ရှိမှာ ဖားဆောင်းမြို့ကနေ ဖားဆောင်း-မော်ချီးလမ်းအတိုင်းစစ်တပ်က စစ်ကြောင်းထိုးဖို့စုဖွဲ့နေတာ ရှိပြီး နေ့စဥ်နီးပါး သတ္တုထွက်ရှိတဲ့မော်ချီး ဒေသကို စစ်တပ်ကလေကြောင်းအသုံးပြုပြီး ဗုံးကြဲတာ၊ကင်းထောက်တာတွေ ရှိနေပါတယ်။

ကရင်နီပြည်မှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေအ
တွက် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေ ပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် (UKSA) ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက တိုက်
တွန်း​နေကြပါတယ်။
👍418🥰2🔥1👏1
ကစင်နီတပ်​​ပေါင်းစုက စစ်တပ်ထံကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။ဓါတ်ပုံ-KNDF
👍4811😁4👏2🥰1
ပထဝီနိုင်ငံရေးမှာ Choke Point ဆိုတာ ဘာကို ပြောတာလဲ အင်္ဂလိပ်လို “ Choke” ဆိုတာ လည်ပင်းညှစ်တာ၊ အသက်ရှူလမ်းကြောင်း ပိတ်တာကို ဆိုလိုတာပါ။ မြန်မာစကားမှာရှိတဲ့ “ ချုပ်ကွက်” ဆိုတာနဲ့ အခြေခံအဓိပ္ပာယ်ခြင်း အတူတူပါပဲ။ ရန်သူ ဒါမှမဟုတ် ပြိုင်ဘက်ကို ရုန်းမရအောင်၊ ရှေ့ဆက်တိုးမရအောင် ပိတ်ဆို့ထားတဲ့ အရေးကြီးတဲ့ အကွက်ကို ပြောတာဖြစ်ပါတယ်။ သိုင်း​ပေါင်းစုံ​ပြိုင်ပွဲ​(MMA)တွေ ​ခေတ်စားလာဒီဘက်​ခေတ်မှာ ​အောင်လအန်ဆန်းက​စပြီး ခါဘစ်အထိ ချုပ်ကွက်​တွေက ပြိုင်ဘက်ကိုဘယ်လိုဒုက္ခ​ပေးနိုင်တယ်ဆိုတာ ကိုယ်ခံပညာပညာဝါသနာပါသူ​တွေ​ကောင်း​ကောင်းသိကြပါတယ်။

ပထဝီနိုင်ငံရေးမှာတော့ တခုခုကို ပိတ်လိုက်တာ၊ ချုပ်လိုက်တာနဲ့ တကမ္ဘာလုံးကို သက်ရောက်သွားစေနိုင်တဲ့ အချက်အချာကျတဲ့ နေရာ ဒါမှမဟုတ် စနစ်တွေကို ခေါ်တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံး စာအုပ်တအုပ်ဖြစ်တဲ့ Edward Fishman (အက်ဒွပ် ဘီ ဖစ်ရှ်မန်း)ရဲ့ Chokepoints: American Power in the Age of Economic Warfare စာအုပ်ထဲမှာ “ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့ဘဏ္ဍာရေးအခြေခံအဆောက်အအုံတွေမှာ အရေးပါတဲ့ ပိတ်ဆို့ရာနေရာတွေ (Choke Points)ရှိပြီး၊ Choke Point တွေကို ထိန်းချုပ်နိုင်ခြင်းဟာကြီးမားတဲ့ပါဝါကိုပေးစွမ်းနိုင်ကာ ရန်သူတွေကို ဒူးထောက်စေနိုင်တယ်” လို့ ထည့်သွင်းဖော်ပြထားပါတယ်။

အဲဒီလို Choke Point (ချုပ်ကွက်)တွေက ဘယ်နေရာတွေမှာ ရှိတတ်တာလဲ။အီရန်နားမှာရှိတဲ့ ဟောမုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်သင်္ဘောတွေရဲ့ ၅ ပုံ ၁ ပုံကျော် ဖြတ်သန်းရတဲ့နေရာမို့ အလွန်အရေးကြီးပါတယ်။

မလက္ကာရေလက်ကြား(အာရှနဲ့ ဥရောပ၊ အရှေ့အလယ်ပိုင်းကို ဆက်သွယ်ပေးထားပြီး တရုတ်နိုင်ငံရဲ့ စွမ်းအင်တင်သွင်းမှု အဓိကလမ်းကြောင်း) နဲ့ စူးအက်တူးမြောင်း(ဥရောပနဲ့အာရှကြား ကုန်
သွယ်မှုအတွက် အတိုဆုံးလမ်းကြောင်း)တွေကလည်း ကမ္ဘာ့ကုန်သွယ်ရေးအတွက် မရှိမဖြစ် နေရာတွေပါ။ ဒီရေလက်ကြား ၂ ခုနဲ့ စူးအက်တူးမြောင်းဟာ ထင်ရှားပြီး အရေးကြီးတဲ့ Choke Point( ချုပ်ကွက်) တွေပါ။

အဲ့ဒီနေရာတွေ တခုခုဖြစ်လိုက်တာနဲ့ တကမ္ဘာလုံး ကသောင်းကနင်းတွေ ဖြစ်တော့တာပါပဲ။

နိုင်ငံတကာဘဏ်အချင်းချင်း ငွေလွှဲဆက်သွယ်ရေးစနစ် (SWIFT) နဲ့ အမေရိကန်ဒေါ်လာဟာလည်း ကမ္ဘာ့စီးပွားရေးရဲ့ အသက်ရှူလမ်းကြောင်း Choke Point( ချုပ်ကွက်) တွေဖြစ်သလို အဆင့်မြင့် ကွန်ပျူတာချစ်ပ် (Chip) တွေထုတ်လုပ်တဲ့ နည်းပညာနဲ့ စက်ပစ္စည်းတွေဟာလည်း အခုခေတ်မှာအင်မတန်အရေးပါတဲ့Choke Point(ချုပ်ကွက်)ဖြစ်လာပါတယ်။ဖုန်း၊လက်ပ်​တော့​တွေကအစ လျှပ်စစ်ကားအဆုံး မရှိမဖြစ်သုံးရတဲ့ ​မြေရှားဟာလည်း ချုပ်ကွက်ဖြစ်လာပါတယ်။


https://www.ludunwayoo.com/feature-mm/explainer/2026/03/20/151584/
👍3211🔥1🤬1
"မနေ့ကဘာဖြစ်ခဲ့လဲ”

မနေ့က(မတ်လ ၂၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️လွှတ်တော်ကျင်းပနေချိန် ကသာကို စစ်တပ် ဗုံးဆက်ကြဲ

အာဏာသိမ်းစစ်တပ်က လွှတ်တော်တွေ ခေါ်ယူပြုလုပ်နေချိန်မှာပဲ စစ်ကိုင်းတိုင်း ကသာမြို့က စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ မြို့ပေါ်ရှိ ဘုန်းကြီး
ကျောင်းကို လေကြောင်းကနေ ဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။ ကသာမြို့ ရပ်ကွက်
(၃)ထဲက လေးထပ်ကျောင်းကို ဒီနေ့ မတ်လ ၂၀ရက် နေ့လယ်မှာ လေကြောင်းကနေ ဗုံးကြဲသွားတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။ တချို့ ခေါင်းပြတ်သွားပြီး အခြေအနေ အရမ်းဆိုးတယ်လို့ မြို့ခံက ပြောပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ စစ်ရှောင်တွေနေနေတာလို့လည်း သိရပါတယ်။ လက်ရှိမှာ ထိခိုက်မှုအခြေအနေကို အသေးစိတ်မသိရသေးပါဘူး။ နောက်ထပ် လေကြောင်းတိုက်ခိုက်မယ့် သတင်းကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

◾️မြောင်မြို့နယ်ကို စစ်တပ်က လေကြောင်း ဗုံးကြဲ၊ မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ၂ဦး သေဆုံး

​စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၂ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့ မနက် ၁၁နာရီခွဲခန့်က တံတားဦးလေတပ်က တက်လာတဲ့ တိုက်လေယာဉ်တစ်စီးဟာ နဘက်ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်ရာ မွေးကင်းစအရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန်ကာ အခင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးခဲ့ကြောင်း၊ ဒါ့အပြင် အသက်(၄၀)ဝန်းကျင် အမျိုးသမီးတစ်ဦးလည်း ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ကြောင်း မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။ စစ်တပ်ဗုံးကြဲမှုကြောင့် ဒဏ်ရာရပြည်သူ ၅ ဦးထဲက ၂ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း သိရပါတယ်။

◾️တရားခွင်မှာ တရားသူကြီးတွေ ကျမ်းကျိန်ဆိုမှု စစ်‌ကောင်စီ ပယ်ဖျက်

တရားခွင်မှာ တရားသူကြီးတွေ နေ့စဉ်တရားခွင်တက်ရောက်ချိန်တိုင်း ကျမ်းသစ္စာကျိန်ဆိုမှုကို စစ်‌ကောင်စီက ပယ်ဖျက်လိုက်ပါတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပါ တရားသူကြီးတွေ နေ့စဉ် တရားခွင်တက်ရောက်ချိန် ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ကတိသစ္စာပြုခြင်းကို လုပ်ဆောင်ရမယ့် ဥပဒေပုဒ်မ ၂၃ (ဂ) ပုဒ်ခွဲငယ်(၂)ကို ပယ်ဖျက်ကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၁၉ ရက် မနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။ တရားခွင်မှာ တရားသူကြီးတွေ ကျမ်းမကျိန်ရတော့ဘူးဆိုရင် အမိန့်ချတာတွေမှာ အဂတိပိုများလာပြီး တရားသူကြီးတွေဟာ အရင်ကထက် လာဘ်စားကြတော့မယ်လို့ ဥပဒေကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ တရားရေးလောက ကမောက်ကမ ဖြစ်ပြီး အမှုသည်တွေကတော့ တရားသူကြီးတွေကို ပေးရတာနဲ့တင် ဘဝပျက်မှာပဲလို့ အငြိမ်းစားတရားသူကြီးတစ်ဦးက ပြောပါတယ်။

◾️စစ်ကောင်စီသတ်မှတ်တဲ့ စက်သုံး​​ဈေး စံချိန်တင်မြင့်တက်

စစ်ကောင်စီသတ်မှတ်တဲ့ ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းစျေးတွေ ဒီဇယ်တစ်လီတာကို ကျပ် ၅,၀၀၀နီးပါးအထိ စံချိန်တင်မြင့်တက်လာတယ်လို့ မော်တော်ယာဥ်မောင်းတွေက ပြောပါတယ်။ အပတ်စဥ် သောကြာနေ့တိုင်း စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်ကော်မတီရဲ့သတ်မှတ်စျေးအရ ပြီးခဲ့တဲ့ ခြောက်ရက်ကထက် တစ်လီတာ အနည်းဆုံး ကျပ် ၇၈၀ကနေ ကျပ် ၁,၂၆၀ အထိ စျေးတက်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ မတ်လ ၂၀ ရက် ရန်ကုန်အထိုင် စက်သုံးဆီစျေးအရ ဓာတ်ဆီ 92တစ်လီတာက ၃,၆၁၀ကျပ် ၊ 95 တစ်လီတာ ၃,၈၅၀ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၄,၃၉၀ကျပ်နဲ့ ပရီမီယံဒီဇယ် ၄,၈၂၀ကျပ် ဖြစ်ပါတယ်။ အခု စက်သုံးဆီစျေးက ပြည်တွင်းစက်သုံးဆီစျေးသမိုင်းတလျှောက် အမြင့်ဆုံးဖြစ်နေပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် တိုက်ရိုက်သက််ရောက်မှုတွေနဲ့အတူ အခြေခံလူထုက ကြပ်တည်းမှုတွေ ထပ်ဆင့်ပိုကြုံရလိမ့်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။ စက်သုံးဆီ အားလုံးနီးပါးက အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက်ကို စျေးတက်သွားပြီး စျေးကွက်ကိုပါ ချက်ချင်းသက်ရောက်လိမ့်မယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ စက်သုံးဆီရည်ညွှန်းစျေးက သုံးပတ်ဆက် မြင့်တက်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်နဲ့ ဒီနေ့ သတ်မှတ်စျေးကြားမှာ တစ်လီတာ ကျပ် ၁,၃၀၀ ကနေ ၂,၀၀၀ ကျပ်ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ စက်သုံးဆီဈေးနှုန်းစံချိန်တင် မြင့်တတ်လာတာကြောင့် အဝေးပြေးယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခတွေလည်း ဈေးတက်လာပါတယ်။ အရင်က ရန်ကုန်-မန္တလေး ယာဉ်စီးခက ကျပ် သုံးသောင်းနှစ်ထောင်သာရှိခဲ့ပြီး ဆီဈေးတွေစတက်ချိန်ကလည်း ကျပ် သုံးသောင်းငါးထောင်အထိ တိုးမြှင့်ခဲ့ပါသေးတယ်။ အခုက ဒုတိယအကြိမ် ဈေးထပ်တက်ခဲ့တာပါ။ အထူးကား‌တွေကလည်း ကျပ်လေးသောင်း နှစ်ထောင်ကနေ ကျပ်ငါးသောင်းအထိ ပထမအကြိမ်ဈေးတက်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ခြောက်သောင်းကျပ် ဖြစ်ခဲ့တာပါ။ ရန်ကုန်-မန္တလေး ခရီးစဉ်လိုပဲ အခြားမြို့‌တွေကိုပြေးဆွဲတဲ့ ခရီးစဉ်တွေလည်း ယာဉ်လိုင်း နဲ့ ခရီးစဉ်အလိုက် ကျပ် ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ တက်သွားတာပါ။
👍162🔥2
◾️လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်များ ရပ်ဆိုင်း

လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုကို ရပ်ဆိုင်းလိုက်တယ်လို့ လေကြောင်းလိုင်းတွေကနေ စုံစမ်းသိရှိရပါတယ်။ မနက်ဖြန်(မတ် ၂၁ ရက်)စပြီး ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုကို ယာယီရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ဘယ်​လောက်ကြာရပ်ဆိုင်းမယ်ဆိုတာ​တော့မသိရ​သေးပါဘူး။ ပြည်တွင်း​လေ​ကြောင်းခရီးစဥ်​တွေရပ်နားတာ​ကြောင့် ​​လေယာဥ်လက်မှတ်ခ​တွေ ပြန်​ပေးမယ်လို့​ လေယာဥ်လက်မှတ်ကိုယ်စားလှယ်အချို့က လူမှုကွန်ယက်က​နေ အသိ​ပေး​နေကြတာကိုလည်း​တွေ့ရပါတယ်။ ဒါ​ပေမဲ့ ထိုင်း၊ စင်ကာပူ စတဲ့နိုင်ငံ​တွေ ပျံသန်းတဲ့ခရီးစဥ်​တွေကို​တော့ ဆက်လက်ပျံသန်းမယ်လို့သိရပါတယ်။ ဒါ့အပြင် လေယာဉ်ဆီ ဝယ်ယူရရှိနိုင်မှု အကန့်အသတ်တွေကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) အနေနဲ့ ခရီးသည်တွေအတွက် ပစ္စည်းထပ်တိုးသယ်ဆောင်ဖို့ ကီလိုဝယ်ယူခွင့်ကို ယာယီပိတ်ပင်ထားပါတယ်။

◾️ရင်းနှီးမြှုပ်နှံမှုကို တရုတ်ယွမ်ငွေနဲ့ပါ စစ်ကောင်စီ လက်ခံမယ်

ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားမတည်ငွေရင်းကို တရုတ်ယွမ်ငွေနဲ့ပါ လက်ခံတော့မယ်လို့ စစ်တပ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ပါတယ်။ အရင်က အမေရိကန်ဒေါ်လာတမျိုးတည်းကိုပဲ ရင်းနှီးမြှုပ်နှံမှုရဲ့မတည်ငွေရင်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပေမယ့် ပိုမိုလွယ်ကူစေဖို့နဲ့ ရင်းနှီးလိုသူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းတာလို့ဆိုပြီး မတ်လ ၁၆ ရက် ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် တရုတ်ငွေယွမ်ကို ယူဆောင်လာရင် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း လိုင်စင်ရဘဏ်တွေကတဆင့် ငွေလွှဲ ပြောင်းပေးချေတာတွေကို ဆောင်ရွက်နိုင်ပြီလို့ အသိပေးထားပါတယ်။ အင်အားကြီး အိမ်နီးချင်းနိုင်ငံရဲ့ ငွေကြေးစနစ်ကို နိုင်ငံတွင်း တရားဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်မှုတွေမှာ အကောင်းအဆိုး ဒွန်တွဲနေပေမယ့် တရုတ်ရဲ့မြန်မာပြည်တွင်း အကျိုးစီးပွားချုပ်ကိုင်မှုတွေကို မမေ့သင့်ဘူးလို့ သူကထောက်ပြပါတယ်။ ပြည်တွင်းမှာ တရုတ်ငွေကြေးစျေးကွက်တစ်ခု ဖြစ်လာခဲ့ရင် ဘယ်သူက ထိန်းကျောင်းနိုင်မှာလဲလို့ စီးပွားရေးလုပ်ငန်းရှင်က မေးခွန်းထုတ်ပါတယ်။

◾️ရေသန့်စက်ရုံအလုပ်သမားတွေကို စစ်တပ် ပေါ်တာဆွဲလို့ စက်ရုံပိတ်လိုက်ရ

မကွေးတိုင်း၊ ကံမမြို့က ရေသန့်စက်ရုံရဲ့ အလုပ်သမားတွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာကြောင့် စက်ရုံပိတ်လိုက်ရတယ်လို့ အဲဒီရေသန့်စက်ရုံပိုင်ရှင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကံမမြို့ စိုပြေစတားရေသန့်စက်ရုံရဲ့ အလုပ်သမားတွေဟာ ရေသန့်ပို့ရင်း နေ့ခင်း ၃နာရီမှာ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာလို့ စက်ရုံပိုင်ရှင်က TikTok လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။ ရေသန့်ပို့နေရင်း နေ့ခင်း ၃နာရီ ပေါ်တာဆွဲခံရတာကြောင့် ကျန်တဲ့ဝန်ထမ်းတွေလည်း အပြင်မထွက်ရဲတော့ဘဲ စက်ရုံပိတ်ထားရတဲ့အကြောင်း စက်ရုံပိုင်ရှင်က ရှင်းပြပါတယ်။ သောက်သုံးသူအားလုံးကို တောင်းပန်ကြောင်း ပြောထားပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲခံရတဲ့ ကလေးတွေ ပြန်လည်လွတ်မြောက်ဖို့လည်း ကြိုးစားနေတယ်လို့ စိုပြေစတားရေသန့်စက်ရုံပိုင်ရှင်က ဆိုပါတယ်။

◾️ရန်ကုန်မှာ ရပ်ကွက်တစ်ခု လူ ၁၀ဦး ပေါ်တာဆွဲပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို စစ်တပ် ခိုင်း

ရန်ကုန်မြို့မှာ စစ်တပ်က ရပ်ကွက်တစ်ခုကို လူ ၁၀ ဦး ပေါ်တာဆွဲခေါ်ဆောင်ပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။ တစ်ရက်ကို ဆယ်ဦးပေါ်တာဆွဲခိုင်း​နေပြီး နေအိမ်​တွေကို လူစာရင်းတွေလိုက်တောင်းနေတယ်လို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။ အဲဒီအတိုင်းလိုက်နာနိုင်အောင် ရပ်ကွက်အလိုက် လူဦးရေစာရင်းတွေ ပြန်စစ်ပြီး သတ်မှတ်ဦးရေ ပြည့်မီအောင် စုဆောင်းဆောင်ရွက်ဖို့လည်း ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ဒီလိုညွှန်ကြားချက်တွေကြောင့် လူငယ်တွေအနေနဲ့ ရပ်ကွက်တွေထဲမှာ သတိထားသွားလာဖို့ ရပ်ကွက်နေပြည်သူတွေက အချင်းချင်း သတိပေးမှုတွေရှိနေပါတယ်။ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ အရပ်ဝတ်လဲပြီး အိမ်စီးကားတွေနဲ့ လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်တာတွေရှိတယ်လို့ သိရပါတယ်။

◾️မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူအသစ်အဖြစ် အမေရိကန်ဝါရင့်သံတမန်တစ်ဦးကို ကုလ အဆိုပြု

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် တာဝန်ထမ်းဆောင်တာ သက်တမ်း ၆နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ မစ္စတာတွမ်အန်ဒရူးစ်နေရာအတွက် မစ္စစ်ကယ်လီကာရီကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အဆိုပြုလိုက်ပြီလို့ သိရပါတယ။ လက်ရှိကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၆၁ ကြိမ်မြောက်အစည်းအဝေးမှာ မစ္စတာတွမ်အန်ဒရူးစ်က သူ့ရဲ့နောက်ဆုံးအစီရင်ခံစာတင်သွင်းခဲ့တာဖြစ်ပြီး လစ်လပ်သွားတဲ့ သူ့နေရာအတွက် အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီကာရီကို ကောင်စီဥက္ကဋ္ဌက မတ်လ ၁၉ရက် မနေ့က အဆိုပြုခဲ့တာဖြစ်ပါတယ်။ မစ္စစ်ကယ်လီကာရီဟာ အာရှ-ပစိဖိတ်ဒေသကို အာရုံစိုက်ပြီး လူ့အခွင့်အရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးရေးနဲ့
👍14🔥2
လူသားချင်းစာနာမှုဆိုင်ရာအရေးကိစ္စတွေမှာ အထူးကျွမ်းကျင်သူဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်လွှတ်တော်၊ နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေ အများအပြားမှာ အကြီးတန်းမူဝါဒပိုင်းရာထူးတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မစ္စစ်ကယ်လီကာရီကို ရွေးချယ်တာနဲ့ပတ်သက်လို့ သြစတြေးလျစီးပွားရေးပညာရှင် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ် ကြိုဆိုထားပြီး သူမဟာ ဆယ်စုနှစ်များစွာ မြန်မာပြည်လွတ်လပ်ခွင့်အတွက် အခိုင်အမာအားပေးထောက်ခံသူဖြစ်တယ်လို့ ရေးသားထားပါတယ်။

◾️ဖရူဆိုမှာ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ရာ ၇ဦးသေဆုံး

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ထားလဲ-နန်းဖဲလမ်းပိုင်မှာ စစ်ကြောင်းထိုး လုံခြုံရေးယူနေတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ၇ဦးသေဆုံးပြီး လက်နက် ၅လက်နဲ့ ခဲယမ်းတွေသိမ်းရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီနေ့ မတ်လ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။ မတ်လ ၁၇ရက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုများလို့ ဖရိုဖရဲနဲ့ ဆုတ်ခွာသွားတယ်လို့လည်း KNDFက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၂၇ရက်ကလည်း စစ်တပ်ကို နန်းဖဲရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်မှုရှိပြီး လက်နက် ၁လက်သိမ်းရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်တပ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းက စတင်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးနဲ့ ဖရူဆို-ဘောလခဲ-ဖားဆောင်းဒေသကို စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်က မြို့တွေ ထိန်းချုပ်နိုင်ပြီလို့ တစ်ဖက်သတ် ကြွေးကြော်နေပေမယ့် မြေပြင်စစ်ကြောင်းတွေ ချေမှုန်းခံရတာ၊ ယာဉ်တန်းတွေ တိုက်ခိုက် ဖျက်ဆီးခံရတာတွေ ကြုံတွေ့နေရပြီး မြေပြင်တပ်သားတွေလည်း ထိခိုက်သေဆုံးမှု များပြားနေတယ်လို့ ဆိုပါတယ်။

◾️ဗုံးကြဲတိုက်ခိုက်မှုကြားကနေ စစ်သုံ့ပန်းတွေကို AAလွတ်ငြိမ်းပေး

ရခိုင်ပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေထဲက တချို့ကို အာရက္ခတပ်တော်(AA)က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ မတ်လ (၁၄)ရက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အခမ်းအနားပြုလုပ်ခဲ့ပြီး စစ်သုံ့ပန်းမိသားစုဝင်တွေက ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ AAက မြို့သိမ်းတိုက်ပွဲတွေမှာ ထောင်နဲ့ချီတဲ့စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားပြီး အဲဒီထဲမှာ စစ်ကောင်စီထိပ်တန်းအရာရှိတွေလည်း ပါဝင်ပါတယ်။ AA ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းရှိရာနေရာတွေကို စစ်ကောင်စီက မကြာခဏ ဗုံးကြဲနေပါတယ်။

◾️စလင်းမြို့နယ်မှာ သုံးလကြာအထိုင်ချခဲ့တဲ့ စစ်တပ်တိုက်ခိုက်ခံရပြီးနောက် ဆုတ်ခွာသွား

​မကွေးတိုင်း၊ စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာမှာ သုံးလကြာအထိုင်ချခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ပါတယ်။ ​ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာအတွင်းက တညောင် လျှပ်စစ်ဓာတ်အားခွဲရုံမှ ကပစ (၂၁)သွယ်တန်းထားတဲ့ မီးတိုင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖြိုဖျက်ခဲ့ရာ ပြန်လည်ပြုပြင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ အင်အား ၃၀၀ခန့်နဲ့ စည်ဆွဲကျေးရွာမှာ သုံးလကြာအထိုင်ချခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေအကြား နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ရိက္ခာလာပို့တဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဲဒီတိုက်ပွဲမှာ ဆုတ်ခွာပြေးတဲ့ စစ်ကောင်စီတပ်သားတွေဟာ နင်းမိုင်းတွေ ထပ်မံနင်းမိလို့ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း စလင်းပကဖက ထုတ်ပြန်ပါတယ်။ ​မတ်လ ၁၆ ရက်မှာ မီးတိုင်တွေ ပြုပြင်ပြီးနောက် ပြန်လည်ဆုတ်ခွာဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို စလင်း ပကဖဇုန် (၃)နဲ့ ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ အလစ်အငိုက် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရပြီး ဆုတ်ခွာသွားခဲ့တယ်လို့ စလင်းပကဖက ဆိုပါတယ်။

◾️BNRAအဖွဲ့ဝင်တချို့ လမ်းပြမှုနဲ့ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က PDFစခန်း မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ စစ်ရေးဆက်တင်းမာနေပြီး စစ်တပ်ထံ အညံ့ခံသွားတဲ့ ဗိုလ်နဂါးတပ် BNRA အဖွဲ့ဝင်တစ်ချို့ရဲ့ လမ်းပြမှုနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ ယင်းမာပင်ခရိုင်အမှတ်(၃၅)တပ်ရင်းရဲ့ စခန်း မီးရှို့ဖျက်ဆီးသွားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မီးရှို့ဖျက်ဆီးသွားတာဖြစ်ပြီး သတင်းလက်ဦးမှု ရခဲ့တဲ့အတွက် ရဲဘော်တွေအထိအခိုက်မရှိဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)က သတင်းထုတ်ပြန်ထားပါတယ်။ စခန်းထဲက အဆောင်တွေ၊ ကာကွယ်ရေးရဲဘော်တွေ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဆိုင်ကယ်ငါးစီးနဲ့ ထုတ်လုပ်ရေးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ ဒါ​ပေမဲ့ PDF ရဲ​ဘော်​တွေထိခိုက်တာမရှိဘူးလို့သိရပါတယ်။ အဲ့ဒီစစ်တပ်စစ်ကြောင်းမှာ ဗိုလ်နဂါးရဲ့ BNRAအဖွဲ့ တပ်ရင်း(၃)တပ်ရင်းမှူး ဗိုလ်မျက်လုံးပါဝင်တယ်လို့
👍164😁2🔥1