People's Spring
61.5K subscribers
68.4K photos
1.19K videos
7 files
2.97K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - Phay Sist Naing၊ CJ
61👍13🥰3🤮1
ပြင်ဦးလွင်ကထိုးနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ နောင်ချိုက ကျေးရွာသုံးရွာမှာ တိုက်ပွဲဖြစ်

■စစ်တပ်က အဆိပ်ငွေ့ဗုံး (၃၇)လုံးကြဲ​​ကြောင်း TNLAထုတ်ပြန်

ဇွန်-၁၅၊ ၂၀၂၅။ People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကျေးရွာသုံးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီကနေ့
(ဇွန်လ ၁၅ရက်) ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြင်ဦးလွင်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ TNLAပူးပေါင်းတပ်တို့ နောင်ချိုမြို့နယ်က အုမ္မသီး၊ ရေမောင်းတန်းနဲ့ လက်ပန်ကုန်းကျေးရွာတွေမှာ တိုက်ပွဲဖြစ်နေတာပါ။

ပြင်ဦးလွင်မြို့နယ်က ဝက်ဝံကျေးရွာမှာအထိုင်ချ ခံစစ်ပြင်နေတဲ့ စစ်ကောင်စီတပ်ဟာ မန္တလေး
−လားရှိုးလမ်းမကြီးကတဆင့်ဝက်ဝံ−ဘန်းဘွေး
−နောင်ချိုဆိုပြီး စစ်ကြောင်းထိုးနေပါတယ်။

အုမ္မသီးနဲ့ ရေမောင်းတန်းကျေးရွာဟာ မန္တလေး
−လားရှိုးလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။

ဒီကနေ့နံနက်က အုမ္မတီးနဲ့ ရေမောင်းတန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွား‌ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး (၃)လုံး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး (၃၇)လုံးနဲ့ ဗုံး (၃၅)
လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

ဒါ့အပြင်လက်ပန်ကုန်းကျေးရွာဘက်မှာလည်း ဖြစ်
ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာလည်း စစ်တပ်က လက်နက်ကြီး (၆)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ပံကုန်းကျေးရွာဟာပြင်ဦးလွင်ကနေ တောင်းခမ်းသွားတဲ့လမ်းပိုင်းမှာရှိပြီးတောင်းခမ်းရွာနဲ့ ပိုနီးပါတယ်။

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက​တော့ တအာင်းတပ်မတော်(TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်းကို ၂၀၂၄ အောက်တိုဘာ ၂၂ရက်ကတည်းကစတင် စစ်‌ကြောင်းထိုးဝင်​ရောက်ဖို့ကြိုးစား​နေတာပါ။ အဲဒီနောက် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရှိနေတဲ့ ဂန့်ဂေါရွာကို ရောက်ရှိလာပြီး တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက် ဇွန်လ ၅ရက်နဲ့ ၆ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ကနေ ပြင်ဦးလွင်ဘက်ကို စစ်ကူကားတွေ နှစ်ရက်ဆက် ပို့ခဲ့တယ်လို့ (၂၁)မိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။ဇွန်လ ၁၃ရက်ကလည်း စစ်ကားခြောက်စီး နောင်ချိုဘက်ကို တက်သွားတယ်လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရွှေညောင်ပင်ကျေးရွာဘက်ကိုလည်း ပြည်သူလူထုတွေရှိရာကို ဦးတည်ပြီး ရည်ရွယ်
ချက်ချက်ရှိရှိနဲ့ လက်နက်ကြီး (၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLAက ဆိုပါတယ်။

မနေ့ကလည်း နောင်ချိုမြို့နဲ့နီးတဲ့ ရွှေသွန်း၊ ပိန္နဲကုန်း၊ သရက်ကုန်းနဲ့ လက်ပန်ကုန်းကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အသိပေးထားပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ထိုးစစ်ဆင်ပြုလုပ်မှာမဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလကို နောက်ထပ် (၁)လ သက်တမ်းထပ်တိုးထားနေစဉ်မှာစစ်တပ်ကအခွင့်ကောင်းယူပြီး
ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် ပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ ဗုံး
ကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။
35👍22🔥4🥰3🤣2🤬1
တအာင်းတပ်မတော်(TNLA)မှ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − TNLA
👍59🥰74🔥1👌1
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုဆုတောင်းခြင်း နဲ့ ပန်းသပိတ်မှာပါဝင်ရေး မန္တလေးနဲ့ စစ်ကိုင်းမှာ လှုံ့ဆော်ဆန္ဒပြ

ဇွန်-၁၅၊၂၀၂၅။ သုည/People's Spring

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၅)မှာ လူ
ထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့
အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ဆန္ဒပြပွဲတွေအသီးသီးပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးတိုင်းဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ နောက်တန်းဌာနများရှိ စစ်သည် စစ်မေတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရအဖြစ် "Happy birthday အမေစု" စာသားနဲ့ နှင်းဆီပန်းတွေ ပန်ဆင်ကာ ဓာတ်ပုံရိုက်
ကူးမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာလက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဦးဆောင်ကာ ဇွန် ၁၉ ပန်းသပိတ်မှာ ပူပေါင်းပါဝင်ကြဖို့ လူထုလှုပ်ရှားမှုပြုလုပ်ပြီး တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

အဆိုပါသပိတ်မှာ "ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ" စာသား ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ သပိတ်ထွက်ရှိခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ရွှေ့ဗန့်ဂျီ ရွာပေါင်းစုံ သပိတ်အင်အားစုက ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်နဲ့ အပြာရောင်လက်ပတ်ကမ်ပိန်းလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ နှိုးဆော်စာတွေ ဖြန့်ဝေခဲ့ပါတယ်။

ဆားလင်းမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ဒေ
သခံလူထုက နှင်းဆီပန်းတွေပန်ဆင်ပြီး ပန်းသပိတ်ကို ဆင်နွှဲကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားအကျဉ်းချခံ ပြည်သူတွေကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

အလားတူ ရွှေဘိုမြို့နယ်နဲ့ ကလေးမြို့နယ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်နေ့ ပန်းသပိတ်မှာ ပါဝင်ရေး လှုံ့ဆော်ခဲ့ကြပါတယ်။
👍4318🥰2👏2🤮2🔥1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်၊GSCB ၊မန္တ​​လေးPDF
62👍11👏3😁2🤮2🥰1
59👍11👏2🤮2🥰1