ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် နှင့်စစ်အာဏာရှင်ဆန့်ကျင်ရေး၊ နိုင်ကျဉ်းများ လွတ်
မြောက်ရေး ကိုရီးယားရောက်မြန်မာများဆန္ဒပြ
ဇွန်-၁၅၊၂၀၂၅။ထားမြတ်/People’s Spring
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကိုရီးယားရောက်မြန်မာများကဆန္ဒပြခဲ့ကြသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား) က ဦးစီးကျင်းပသည့် အဆိုပါ ဆန္ဒပြပွဲနှင့် ချီတက်ပွဲလှုပ်ရှားမှုကို ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရာနှင့်ချီသော ကိုရီးယားရောက်မြန်မာများပါဝင်ခဲ့ကြသည်။
ဆန္ဒပြပွဲနှင့် ချီတက်ပွဲသိ့ လူအင်အား ၃၀၀ ခန့် လာရောက်ပါဝင်ခဲ့ပြီး ဆိုးလ်မြိုလယ် ဘိုရှင်းဂတ်ပန်းခြံမှမြောင်ဒုံဘူတာအထိချီတက်လမ်းလျှောက်
ဆန္ဒပြသည်ဟု ပါဝင်ဆန္ဒပြခဲ့သူများကပြော
သည်။
ဆန္ဒပြပွဲတွင် ပါဝင်သူများက “အမေစု ကျန်းမာပါစေ” ၊ “အမေစုအမြန်ဆုံးလွတ်မြောက်ပါစေ”၊ “အမေစု သက်တော်ရာကျော်ရှည်ပါစေ”ဟု ပြောကြားခဲ့ကြပြီး ကိုရီးယားဘာသာစကားဖြင့်လည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒပြပွဲသို အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း လည်း တက်ရောက်ခဲ့ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား) က အသိပေးသည်။ဦးရန်နိုင်ထွန်းကတော်လှန်
ရေးစကားနှင့် ဒေါ်အောင်ဆန်းစုကြည် ၈၀ပြည့်နှစ် မွေးနေ့အတွက် ဆုတောင်းစကား ပြောကြားခဲ့ဟုသိရသည်။
ဆန္ဒပြချီတက်ပွဲတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း၏ မွေးနေ့ ဆု
တောင်းစကား အပါအဝင် ဒေါ်စု၏ ရုပ်သံမှတ်
တမ်းများ၊ ဂုဏ်ပြုတေးသီချင်းများကို ကိုရီးယား အင်္ဂလိပ် မြန်မာ သုံးဘာသာဖြင့် ထုတ်လွှင့်ပြသခဲ့သည်။
ဆန္ဒပြပွဲပါဝင်သူများက လူထုခေါင်းဆောင်မွေးနေ့ ပြည်တွင်းလှုံ့ဆော်မှုကို အားပေးသည့်အနေဖြင့် အပြာရောင်ဝတ်ဆင်ပြီးနှင်းဆီပန်းများလည်း ကိုင်ဆောင်ကြကြောင်း၊ ထို့ပြင်မြန်မာ့နွေဦးတော်လှန်
ရေး ကိုရီးယားဘာသာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း စစ်အာဏာသိမ်းမှုဆန့်
ကျင်ရေးကော်မတီ(ကိုရီးယား)ကအသိပေးသည်။
လူထုခေါင်းဆောင်၏ အသက် ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် လူထု ဆန္ဒပြ ချီတက်ပွဲတွင် “ခွန်အားဖြည့်မိငယ်” ၊“ကြယ်” သီချင်းများဖြင့် ဂုဏ်ပြုကြပြီး “သွေးသစ္စာ”သီချင်း သံပြိုင်သီဆို၍ ရုတ်သိမ်းခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

❤49👍12🥰5👏4🤮2
ကျောက်တံခါးတွင် စစ်တပ်ပစ်သည့်လက်နက်ကြီးထိမှန်၍ ကလေးတစ်ဦးအပါအဝင်လေးဦးသေဆုံး
ဇွန်-၁၅၊၂၀၂၅။ ကျော်ဇော/People's Spring
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စစ်ကောင် စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ၆ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူလေးဦးသေဆုံးခဲ့ကြောင်း ပဲခူးခရိုင်ပကဖ မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဇွန်လ ၁၄ ရက်နေ့နံနက်၁၀ နာရီ ၊၂၀ မိနစ်ခန့်က
ကျောက်တံခါးမြို့နယ်၊ပဲနွယ်ကုန်းမြို့ ခမရ - ၃၀၇ ရွှေဝါတပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့်ပစ်
ခတ်ရာ၊ ပဲနွယ်ကုန်းမြို့၊ သတိပဌာန်ရပ်ကွက်၊ ရွှေ
ချောင်းရွာအတွင်းကျရောက်ပေါက်ကွဲပြီး အမျိုး
သမီးတစ်ဦးနှင့် ကလေးတစ်ဦးပွဲ ချင်းပြီးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။
လက်နက်ကြီးထိမှန်၍ သေဆုံးသွားသူများမှာ ၂၈ နှစ်အရွယ် မစုမွန်လှိုင်နှင် ၆ နှစ်အရွယ် မောင်စစ်သွေးသူရပိုင်တို့ဖြစ်ပြီး ၄၆ နှစ်အရွယ် ဦးကျော်သူရသည် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ပဲခူးခရိုင် ပကဖ မှ အသိပေးသည်။
အလားတူ ယင်းနေ့(ဇွန်လ ၁၄ ရက်)ညနေ ၄ နာရီ ၃၆ မိနစ်ခန့်တွင် ကျောက်တံခါးမြို့နယ်၊ ပိန်းဇလုပ်မြို့အခြေစိုက်ခလရ - ၂၆၄ တပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာကျောက်တံခါးမြို့
နယ်၊ တောင်ခင်အုပ်စု၊ နွားရေချောင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ဒေါ်မြခင်(၆၅ နှစ်)၊ ကိုစိုးသူ(၃၉ နှစ်)တို့ လက်နက် ကြီးထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါအတိုင်းစစ်ကောင်စီတပ်ကလက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်
ခတ်ခဲ့ခြင်းဖြစ်ကြောင်းပဲခူးခရိုင်ပကဖ မှ တာဝန်
ရှိသူက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပိုင်း ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်များမှ ကျေးရွာနေပြည်သူများထံ လက်နက်ကြီးပစ်ခက်မှုကြောင့် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးကာ ပြည်သူ ၅၀ ဦးနီးပါး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖ စာရင်းများအရ သိရသည်။

❤17😢16🤬13😡4👎2🔥1🤮1
ပုံစာ - စစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ထိခိုက်သေဆုံးခဲ့သည့်ပြည်သူအချို့။ ။ဓာတ်ပုံ - ပဲခူးခရိုင် ပကဖ
😢37🤬9❤7😱2😭2👎1🔥1
အမေရိကန်၊ ဂျပန် နှင့် တောင်ကိုရီးယားတွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဉ်းများလွတ်
မြောက်ရေးဆုတောင်းပွဲနှင့်ဆန္ဒပြပွဲများပြုလုပ်
ဇွန်-၁၅၊၂၀၂၅။ သုည/People's Spring
အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်း
၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများကို ယနေ့ (ဇွန်လ ၁၅) ပြုလုပ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု ဘတ်ဖလိုမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၀) နှစ်ပြည့်မွေးနေ့ အကြိုဆုတောင်းပွဲ ကျင်းပခဲ့သည်။
အဆိုပါပွဲကို ဘတ်ဖလိုမြို့ခံများ၊ နိုင်ငံရေးစိတ်အားထက်သန်သူများ၊ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် ၂၁ရာစု နွေဦးတော်လှန်ရေးအတွင်း ရောက်ရှိလာသည့် မြန်မာမိသားစုများက စုပေါင်းကျင်းပခဲ့ကြခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံ Shizuoka ခရိုင်၊ Gotenba မြို့ရှိ ငြိမ်းချမ်းရေးစေတီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပခဲ့သည်။
ယင်းဆုတောင်းပွဲကို LDB(Japan) က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး NUG Japan ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် အဖွဲ့အသီးသီး၏ တာဝန်ခံများကလည်း အမှတ်တရ ဆုတောင်းစကား ပြောကြားပေးခဲ့သည်။
အလားတူ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်လည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ
(ကိုရီးယား)က ဦးစီးကာဒေါ်အောင်ဆန်းစုကြည်
၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်း
သားများ လွတ်မြောက်ရေး ဆန္ဒပြချီတက်ခဲ့ကြသည်။
ယင်းဆန္ဒပြပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စား
လှယ် ဦးရန်နိုင်ထွန်း တက်ရောက်ပြီး တော်လှန်
ရေးစကားနှင့်ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့် မွေးနေ့အတွက် ဆုတောင်းစကား ပြောကြားခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်တဲ့ နိုင်ငံသားများသို့ မေတ္တာရပ်ခံစာကိုလည်း NLD-OC ကိုရီးယားဌာနခွဲက ဖတ်ကြားခဲ့သည်။
ဆန္ဒပြချီတက်ပွဲတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ကိုထိန်လင်း၏မွေးနေ့ဆု
တောင်းစကားအပါအဝင် ဒေါ်အောင်ဆန်းစုကြည်
၏ရုပ်သံမှတ်တမ်းများ၊ဂုဏ်ပြု တေးသီချင်းများ
ကို ကိုရီးယား၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာဖြင့် ထုတ်လွှင့်ပြသခဲ့သည်။
ဆန္ဒပြပွဲပါဝင်သူများက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်တွင်းလှုံဆော်မှုကို အားပေးသည့် အနေဖြင့် အပြာရောင်ဝတ်ဆင်ပြီး နှင်းဆီပန်းတွေလည်း ကိုင်ဆောင်ခဲ့ကြသလို ချီတက်ပွဲအတွင်း မြန်မာ့နွေဦးတော်လှန်ရေး ကိုရီးယားဘာသာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့သည်။

👍44❤19🥰3🤮2
ပြင်ဦးလွင်ကထိုးနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ နောင်ချိုက ကျေးရွာသုံးရွာမှာ တိုက်ပွဲဖြစ်
■စစ်တပ်က အဆိပ်ငွေ့ဗုံး (၃၇)လုံးကြဲကြောင်း TNLAထုတ်ပြန်
ဇွန်-၁၅၊ ၂၀၂၅။ People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကျေးရွာသုံးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီကနေ့
(ဇွန်လ ၁၅ရက်) ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ပြင်ဦးလွင်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ TNLAပူးပေါင်းတပ်တို့ နောင်ချိုမြို့နယ်က အုမ္မသီး၊ ရေမောင်းတန်းနဲ့ လက်ပန်ကုန်းကျေးရွာတွေမှာ တိုက်ပွဲဖြစ်နေတာပါ။
ပြင်ဦးလွင်မြို့နယ်က ဝက်ဝံကျေးရွာမှာအထိုင်ချ ခံစစ်ပြင်နေတဲ့ စစ်ကောင်စီတပ်ဟာ မန္တလေး
−လားရှိုးလမ်းမကြီးကတဆင့်ဝက်ဝံ−ဘန်းဘွေး
−နောင်ချိုဆိုပြီး စစ်ကြောင်းထိုးနေပါတယ်။
အုမ္မသီးနဲ့ ရေမောင်းတန်းကျေးရွာဟာ မန္တလေး
−လားရှိုးလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။
ဒီကနေ့နံနက်က အုမ္မတီးနဲ့ ရေမောင်းတန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး (၃)လုံး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး (၃၇)လုံးနဲ့ ဗုံး (၃၅)
လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။
ဒါ့အပြင်လက်ပန်ကုန်းကျေးရွာဘက်မှာလည်း ဖြစ်
ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာလည်း စစ်တပ်က လက်နက်ကြီး (၆)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ပံကုန်းကျေးရွာဟာပြင်ဦးလွင်ကနေ တောင်းခမ်းသွားတဲ့လမ်းပိုင်းမှာရှိပြီးတောင်းခမ်းရွာနဲ့ ပိုနီးပါတယ်။
ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကတော့ တအာင်းတပ်မတော်(TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်းကို ၂၀၂၄ အောက်တိုဘာ ၂၂ရက်ကတည်းကစတင် စစ်ကြောင်းထိုးဝင်ရောက်ဖို့ကြိုးစားနေတာပါ။ အဲဒီနောက် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရှိနေတဲ့ ဂန့်ဂေါရွာကို ရောက်ရှိလာပြီး တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက် ဇွန်လ ၅ရက်နဲ့ ၆ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ကနေ ပြင်ဦးလွင်ဘက်ကို စစ်ကူကားတွေ နှစ်ရက်ဆက် ပို့ခဲ့တယ်လို့ (၂၁)မိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။ဇွန်လ ၁၃ရက်ကလည်း စစ်ကားခြောက်စီး နောင်ချိုဘက်ကို တက်သွားတယ်လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရွှေညောင်ပင်ကျေးရွာဘက်ကိုလည်း ပြည်သူလူထုတွေရှိရာကို ဦးတည်ပြီး ရည်ရွယ်
ချက်ချက်ရှိရှိနဲ့ လက်နက်ကြီး (၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLAက ဆိုပါတယ်။
မနေ့ကလည်း နောင်ချိုမြို့နဲ့နီးတဲ့ ရွှေသွန်း၊ ပိန္နဲကုန်း၊ သရက်ကုန်းနဲ့ လက်ပန်ကုန်းကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အသိပေးထားပါတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ထိုးစစ်ဆင်ပြုလုပ်မှာမဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလကို နောက်ထပ် (၁)လ သက်တမ်းထပ်တိုးထားနေစဉ်မှာစစ်တပ်ကအခွင့်ကောင်းယူပြီး
ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့ကြောင့် ပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ ဗုံး
ကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။

❤35👍22🔥4🥰3🤣2🤬1
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုဆုတောင်းခြင်း နဲ့ ပန်းသပိတ်မှာပါဝင်ရေး မန္တလေးနဲ့ စစ်ကိုင်းမှာ လှုံ့ဆော်ဆန္ဒပြ
ဇွန်-၁၅၊၂၀၂၅။ သုည/People's Spring
မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၅)မှာ လူ
ထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့
အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ဆန္ဒပြပွဲတွေအသီးသီးပြုလုပ်ခဲ့ကြပါတယ်။
မန္တလေးတိုင်းဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ နောက်တန်းဌာနများရှိ စစ်သည် စစ်မေတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရအဖြစ် "Happy birthday အမေစု" စာသားနဲ့ နှင်းဆီပန်းတွေ ပန်ဆင်ကာ ဓာတ်ပုံရိုက်
ကူးမှု ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာလက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဦးဆောင်ကာ ဇွန် ၁၉ ပန်းသပိတ်မှာ ပူပေါင်းပါဝင်ကြဖို့ လူထုလှုပ်ရှားမှုပြုလုပ်ပြီး တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
အဆိုပါသပိတ်မှာ "ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ" စာသား ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ သပိတ်ထွက်ရှိခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း ရွှေ့ဗန့်ဂျီ ရွာပေါင်းစုံ သပိတ်အင်အားစုက ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်နဲ့ အပြာရောင်လက်ပတ်ကမ်ပိန်းလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ နှိုးဆော်စာတွေ ဖြန့်ဝေခဲ့ပါတယ်။
ဆားလင်းမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ဒေ
သခံလူထုက နှင်းဆီပန်းတွေပန်ဆင်ပြီး ပန်းသပိတ်ကို ဆင်နွှဲကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားအကျဉ်းချခံ ပြည်သူတွေကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
အလားတူ ရွှေဘိုမြို့နယ်နဲ့ ကလေးမြို့နယ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်နေ့ ပန်းသပိတ်မှာ ပါဝင်ရေး လှုံ့ဆော်ခဲ့ကြပါတယ်။

👍43❤18🥰2👏2🤮2🔥1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်၊GSCB ၊မန္တလေးPDF
❤62👍11👏3😁2🤮2🥰1