ရှမ်းနီတပ်ဖွဲ့ဝင်တစ်ဦး PDFထံလက်နက်နှင့်အတူ အလင်းဝင်
ဇွန်-၁၅၊၂၀၂၅။ဇော်ရမ်း/People's Spring
စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)
မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံ
လက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။
SNAတပ်မဟာ(၆၁၄)မှရဲဘော်တစ်ဦးသည်M23
သေနတ်တစ်လက်နှင့်ခဲယမ်းများယူဆောင်ကာ အလင်းဝင်လာခြင်းဟု ကသာခရိုင်အမှတ်(၄)တပ်
ရင်းက ယနေ့(ဇွန်လ၁၅ရက်)၌ သတင်းထုတ်ပြန်ထားသည်။
၎င်းအား ကသာခရိုင်တပ်ရင်း(၄)နှင့်ဗန်းမောက်မြို့နယ်ဌာနဆိုင်ရာများ၊ပြည်သူများက ငွေကျပ်သိန်း ၁၅၀ ကို ဂုဏ်ပြုဆုချီးမြင့်ခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီနှင့်ပူးပေါင်းနေသည့်SNAသည် စစ်
ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့တွင် ပြည်သူ့ကာ
ကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်နေ၍ ရှမ်းနီတိုင်းရင်းသားများကိုယ်တိုင်က ပြန်လည်ဝေဖန်နေကြသည်။ SNA တပ်မဟာ(၆၁၄)သည် ပင်လည်ဘူး၊ အင်းတော်မြို့နယ်အတွင်းတိုက်ပွဲများတွင်လည်းစစ်တပ်နှင့် ၂ပူးပေါင်းခဲ့ပြီးပြည်သူ့ကာကွယ်
ရေး တပ်ဖွဲ့များက အများအပြားဖမ်းမိခဲ့သည်။

👍56❤15👏10🥰2😁1
အရှိုချင်းကာကွယ်ရေးတပ်(ACDF)စစ်သင်တန်းဆင်း
ဇွန်-၁၅၊၂၀၂၅။ရဲခေါင်/People's Spring
မကွေးနှင့် ပဲခူးတိုင်းတို့တွင် စစ်ကောင်စီကို တိုက်
ခိုက်နေသည့် အရှိုချင်းကာကွယ်ရေးတပ်(ACDF) ၏ ရဲဘော်သစ်များ သင်တန်းဆင်းအခမ်းအနားကို ပြုလုပ်ခဲ့သည်။
ယနေ့(ဇွန်လ ၁၅ ရက်)က ထုတ်ပြန်သည့် အခြေခံစစ်သင်တန်း အပတ်စဉ် ၆ သင်တန်းဆင်းပွဲနှင့်
သ စ္စာရေသောက် အခမ်းအနားကို ACDF နောက်
တန်းလေ့ကျင့်ရေးကွင်း၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟုသိရသည်။
"ကျွန်တော်တို့ အရှိုချင်း ကာကွယ်ရေးတပ် က ကျွန်တော်တို့သွားမယ့်လမ်းကို ဖြည်းဖြည်းမှန်မှန်
နဲ့သွားနေပါတယ်"ဟု ACDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းခနီလေဗွေက လူထုနွေဦးသို့ပြော
သည်။
သင်တန်းဆင်းပွဲအခမ်းအနားကိုအရှိုချင်းကာကွယ်ရေးတပ် ဗဟိုအလုပ်အမှုဆောင်ကော်
မတီဝင်များ၊ (ACDF) တပ်မှူးများနှင့် ဖိတ်ကြားထားသောမဟာ မိတ်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း အသိပေးသည်။
ACDF၏ စစ်ရေးသတင်းများအရ အာရက္ခတပ်တော်AA ၊ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) နှင့် NUG လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်နေသည်။
အထူးသဖြင့် ယခုနှစ်အတွင်း ပဲခူးတိုင်းအနောက်ဘက်ခြမ်းနှင့် မကွေးတိုင်းအနောက်ခြမ်းရှိ စစ်ကောင်စီစစ်ကြောင်းများ ၊အမ်း-ပဒါန်းလမ်းကို အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းများအပြင်စစ်သုံ့ပန်းအချို့ပါ ဖမ်းဆီးရရှိထားသည်။

❤54👍19🥰4🔥2
အလင်းဝင်လာသောရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို လက်ခံကြိုဆိုပြီး ၊ဂုဏ်ပြုစဥ်။
ဓါတ်ပုံ-ကသာPDF
ဓါတ်ပုံ-ကသာPDF
👍60❤19👏4🔥2🥰1
ကျိုက်ထိုတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသား ၁ဦးသေဆုံး
ဇွန်-၁၅၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခ
ရိုင်(ဒူးသထူခရိုင်) ကျိုက်ထိုမြို့နယ်တွင် အာ
ဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်
ခတ်မှုကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး (၄)ဦး
ထိုခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၁ရက်ကကျိုက်ထိုမြို့နယ်၊အလူးကြီးရွာ အတွင်းသို့ စစ်ကောင်စီတပ် ခမရ(၃) တပ်ရင်းစခန်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ အသက် ၃၄ နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးကာ ၄ဦး ဒဏ်
ရာရခဲ့ဟု ဖော်ပြသည်။
လက်နက်ကြီးကြောင့်နေအိမ်အချို့နှင့်ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ဟု အသိပေးသည်။
စစ်ကောင်စီတပ်သည်ကျိုက်ထိုမြို့နယ်မဲလံကျေး
ရွာအုပ်စု ဘုရားရွာရှိ ပြည်သူလူထုနေထိုင်ရာ နေ
ရာများသို့ လက်နက်ကြီးဖြင့်မကြာခဏ ပစ်ခတ်နေသည်ဟုလည်း သိရသည်။
မေလကုန်ပိုင်းကလည်းသထုံခရိုင်သထုံမြို့နယ်တွင်တောထဲအင်ဥရှာဖွေနေသည့်ပိန္နဲတောရွာသား ၁ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးပြီး ရိုက်နှက်သတ်ဖြတ်ခဲ့သည်ဟု KNU ဒူးသထူခရိုင်က အသိပေးထားသည်။
စစ်ကောင်စီတပ်သည် မေလအတွင်းက သထုံမြို့နယ်နှင့်ကျိုက်ထိုမြို့နယ်များအတွင်းရှိ ကျေး
ရွာများကို လေကြောင်း တိုက်ခိုက်ခြင်း၊လက်နက်
ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။ ထိုသို့ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ကျိုက်ထိုမြို့နယ်တွင် ဒေသခံ ရှစ်ထောင်ကျော်ဘေးလွတ်ရာ တိမ်းရှောင်
နေကြရပြီး အရေးပေါ် လူသားချင်း စာနာထောက်
ထားမှုအကူအညီများလိုအပ်နေသည်ဟုအသိပေး
ထားသည်။
စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေများသို့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၉ရက်တွင် တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် ပိုင်ရပ်ကျေးရွာ စာသင်ကျောင်းကို လေ
ကြောင်းဗုံးကြဲခဲ့၍ ကလေးငယ် ၃ဦးအပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ ၂၂ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီ၏ လုပ်ရပ်အပေါ် KNU က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီအနေဖြင့်တချိန်တွင် ၎င်း၏ အကြမ်းဖက်မှု လုပ်
ရပ်များအတွ့က်ပြန်လည်တာဝန်ခံရမည်ဟုလည်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားထားသည်။

🤬50❤8👍7😢6🔥2👎1🤮1😡1
ဇွန်လ ၁၁ရက်ကကျိုက်ထိုမြို့နယ်၊အလူးကြီးရွာ တွင်စစ်တပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အပျက်အစီးများကိုတွေ့ရစဥ်။ဓါတ်ပုံ-KNU
🤬52🔥9❤3👎3🙏1😡1
တော်လှန်ရေးအဖွဲ့များ မုံရွာနမခကို ၁၀၇ မမ
ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်
■တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်
ကြီးအသေးများဖြင့်ပြန်ပစ်ခတ်ကာ ၊အနီးဝန်ကျင်းကျေးရွာများကို စစ်ကြောင်းထိုး
ဇွန်-၁၅၊၂၀၂၅။သတိုး/People's Spring
စစ်ကိုင်းတိုင်း မုံရွာမြို့ အခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကို ၁၀၇ မမ ရှော့တိုက်ဒုန်းများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့တာဝန်ရှိသူကပြောသည်။
"ပစ်လိုက်တဲ့အချိန်မှာသူတို့ထဲကအကောင်ကြီးတကောင်ရောက်နေလို့ အစည်းအဝေးလုပ်ပြီးလို့ သောက်ပွဲစားပွဲကျင်းပေနေချိန်နဲ့တိုးတယ်လို့သိရပါတယ်။ပစ်လိုက်တဲ့သုံးလုံးထဲကတစ်လုံးက စား
ပွဲသောက်ပွဲနေရာကို ကျသွားတယ်လို့တော့သိရပါတယ် အထိအခိုက်တော့စုံစမ်းနေဆဲပါ" ဟု ၎င်းကပြောသည်။
အဆိုပါစစ်ဆင်ရေးကို ဇွန် ၁၄ ရက် ည ၁၀ နာရီ ၁၀ မိနစ်တွင် Brave Warriors for Myanmar (BWM) အဖွဲ့နှင့်အတူ Shadow (မုံရွာ) အဖွဲ့၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း ၊ Justice Brothers Force အဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။
"ကျနော်တို့ပစ်ပြီးပြီးချင်းနမခထဲကတန်ပြန်ပစ်
ခတ်မှုတွေလုပ်ပါတယ် ဒါပေမယ့်ရဲဘော်တွေအား
လုံးဘေးကင်းပါတယ်" ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
နမခကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခံရပြီးနောက် စစ်တပ်ဘက်ကလည်း လက်နက်ကြီး အသေးများဖြင့် ပြန်လည်ပစ်ခတ်ပြီး ပစ်ခတ်သံများကြားရကြောင်းဒေသခံအချို့ကပြောသည်။
နမခသည်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်ရှိ စစ်ကောင်စီ ၏လက်ရုံးတပ်ဖွဲ့များကို အဓိကအမိန့်ပေးကွပ်ကဲနေသော စစ်ဌာန
ချုပ်ဖြစ်သည်။ထို့အပြင် ပြည်သူများကို စစ်
ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ်များနှင့် စက်တပ်လေ
ထီးများဖြင့် ဗုံးကြဲ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသော တိုင်းစစ်ဌာနချုပ်ဖြစ် သည်။
တော်လှန်ရေးအင်အားစုများ နှင့် ပြည်သူလူထုကို အကြမ်းဖက်နေသောကြောင့် BWM နှင့်မဟာမိတ်များ၏ Mission 41 အဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်
သည်ဟုဆိုသည်။
လက်ရှိ နမခ တိုင်းမှူးသည် ဗိုလ်မှူးချုပ်မျိုးမင်းထွေးဖြစ်ကာ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင်အမှတ်၁၃တန်းမြင့်သင်တန်းကျောင်း (သပိတ်ကျင်း) ကျောင်း အုပ်ကြီး အဖြစ်မှ ပြောင်းရွှေ့လာသူဖြစ်သည်။
"နမခ အတွင်း ပျော်ပွဲ ရွှင်ပွဲ ကျင်းပမည်ကို ကြား
သိရသောကြောင့် စကစ နှင့် အပေါင်းအပါများ မလုံခြုံသည့် ခံစားချက်နှင့် အမြဲတမ်းခြိမ်းချောက်ခံနေရသည့် ခံစားချက်ကိုရစေရန်လဲရည်ရွယ်ပါ
သည်။" ဟု BWM ကထုတ်ပြန်ထားသည်။
BWMနှင့် မဟာမိတ်များ အနေဖြင့် နမခ ကို ယခုနှစ်ဇန်နဝါရီ လတွင် ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ပြီး မတ်လတွင် ဒုတိယအကြိမ် ၊ မေလတွင် တ
တိယအကြိမ် နှင့် ယခုအကြိမ်သည် စတုတ္ထအ
ကြိမ်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နမခကိုရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခံရပြီနောက်
စစ်တပ်က အနီးပတ်ဝန်းကျင်ကျေးရွာများကိုစစ်
ကြောင်းထိုးလာကြောင်းဒေသခံနှင့်ကာကွယ်ရေး
တပ်ဖွဲ့ဝင်များက လူထုနွေဦးသို့ပြောသည်။
ထို့အတူ မုံရွာမြို့နယ်အတွင်း ယာယီ အခြေပြုတပ်စွဲထားသည့်နေရာများမှ စစ်ကောင်စီတပ်၏ စစ် ကြောင်းလှုပ်ရှားမှုလည်းတွေ့ရသည်ဟု သိရသည်။
"နမခ ကို Lockdown ချပြီး ပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေတယ်"ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက လူထုနွေဦးသို့ပြောသည်။
နမခအနီးပတ်ဝန်းကျင်တွင် ဇီးတော၊မြေနီကျင်း၊မန္တလာ၊ကံကြီး၊သပြေတော၊ ညောင်ခြေထောက်နှင့်ကျီးကုံး ရွာများရှိသည်။
ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် သံ ပြာကာ ကားခြောက်စီး မုံရွာ နမခ မှထွက်ခွာခြင်း၊မအူဂိတ် မှစစ်ကောင်စီတပ်သား များ သေနတ်ပစ်ဖောက်ခြင်း နှင့် ဗောဓိတစ်ထောင် တွင်တပ်စွဲထားသည့် စစ်တပ်စစ်ကြောင်း တပ်ဖြန့်လှုပ်ရှားနေကြောင်း စစ်ရေးအ ချက်အလက်များကို ထောက်လှမ်းသည့် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်
ပြသည်။

❤56👍26🥰2😁2🔥1
မုံရွာနမခ ကိုတော်လှန်ရေးအဖွဲ့များကရှော့တိုက်ဒုံးဖြင့်ပစ်ခတ်စဥ်။
ဓါတ်ပုံ-BWM
ဓါတ်ပုံ-BWM
❤65👍22🥰4👏3😁3🔥1
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် နှင့်စစ်အာဏာရှင်ဆန့်ကျင်ရေး၊ နိုင်ကျဉ်းများ လွတ်
မြောက်ရေး ကိုရီးယားရောက်မြန်မာများဆန္ဒပြ
ဇွန်-၁၅၊၂၀၂၅။ထားမြတ်/People’s Spring
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကိုရီးယားရောက်မြန်မာများကဆန္ဒပြခဲ့ကြသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား) က ဦးစီးကျင်းပသည့် အဆိုပါ ဆန္ဒပြပွဲနှင့် ချီတက်ပွဲလှုပ်ရှားမှုကို ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရာနှင့်ချီသော ကိုရီးယားရောက်မြန်မာများပါဝင်ခဲ့ကြသည်။
ဆန္ဒပြပွဲနှင့် ချီတက်ပွဲသိ့ လူအင်အား ၃၀၀ ခန့် လာရောက်ပါဝင်ခဲ့ပြီး ဆိုးလ်မြိုလယ် ဘိုရှင်းဂတ်ပန်းခြံမှမြောင်ဒုံဘူတာအထိချီတက်လမ်းလျှောက်
ဆန္ဒပြသည်ဟု ပါဝင်ဆန္ဒပြခဲ့သူများကပြော
သည်။
ဆန္ဒပြပွဲတွင် ပါဝင်သူများက “အမေစု ကျန်းမာပါစေ” ၊ “အမေစုအမြန်ဆုံးလွတ်မြောက်ပါစေ”၊ “အမေစု သက်တော်ရာကျော်ရှည်ပါစေ”ဟု ပြောကြားခဲ့ကြပြီး ကိုရီးယားဘာသာစကားဖြင့်လည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒပြပွဲသို အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း လည်း တက်ရောက်ခဲ့ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား) က အသိပေးသည်။ဦးရန်နိုင်ထွန်းကတော်လှန်
ရေးစကားနှင့် ဒေါ်အောင်ဆန်းစုကြည် ၈၀ပြည့်နှစ် မွေးနေ့အတွက် ဆုတောင်းစကား ပြောကြားခဲ့ဟုသိရသည်။
ဆန္ဒပြချီတက်ပွဲတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း၏ မွေးနေ့ ဆု
တောင်းစကား အပါအဝင် ဒေါ်စု၏ ရုပ်သံမှတ်
တမ်းများ၊ ဂုဏ်ပြုတေးသီချင်းများကို ကိုရီးယား အင်္ဂလိပ် မြန်မာ သုံးဘာသာဖြင့် ထုတ်လွှင့်ပြသခဲ့သည်။
ဆန္ဒပြပွဲပါဝင်သူများက လူထုခေါင်းဆောင်မွေးနေ့ ပြည်တွင်းလှုံ့ဆော်မှုကို အားပေးသည့်အနေဖြင့် အပြာရောင်ဝတ်ဆင်ပြီးနှင်းဆီပန်းများလည်း ကိုင်ဆောင်ကြကြောင်း၊ ထို့ပြင်မြန်မာ့နွေဦးတော်လှန်
ရေး ကိုရီးယားဘာသာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း စစ်အာဏာသိမ်းမှုဆန့်
ကျင်ရေးကော်မတီ(ကိုရီးယား)ကအသိပေးသည်။
လူထုခေါင်းဆောင်၏ အသက် ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် လူထု ဆန္ဒပြ ချီတက်ပွဲတွင် “ခွန်အားဖြည့်မိငယ်” ၊“ကြယ်” သီချင်းများဖြင့် ဂုဏ်ပြုကြပြီး “သွေးသစ္စာ”သီချင်း သံပြိုင်သီဆို၍ ရုတ်သိမ်းခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

👍57❤18👏8🥰2👎1🤮1