အိုးဘိုထောင်မှာရောက်ရောက်ချင်းအရိုက်ခံရတဲ့ သပိတ်ခေါင်းဆောင်တွေကို သံခြေကျဉ်းခတ်ပြီး တိုက်ပိတ်ထား
ဇွန်-၁၅၊ ၂၀၂၅။ဇေအောင်/People's Spring
အိုးဘိုအကျဥ်းထောင်မှာ ရောက်ရောက်ချင်း အရိုက်ခံရတဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ကိုမာန်ဇာမြေမွန်တို့ကို ဆေးကုသခွင့်မပေးဘဲ သံခြေကျဉ်းခတ်ပြီးတိုက်ပိတ်ထားကြောင်းစစ်ကိုင်း
တိုင်းဒေသသပိတ်အင်အားစုကသတင်းထုတ်ပြန်ပါတယ်။
ဇွန်လ(၁၂)ရက်နေ့က မုံရွာအကျဥ်းထောင်ကနေ အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့တဲ့အထဲမှာ
မုံရွာလူထုသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်အပြင် ချောင်းဦးလူထုသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်လည်း ပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အိုးဘိုအ
ကျဉ်းထောင် ထောင်ဝန်ထမ်းတွေကထောင်အဝင်
ဝမှာတင် တုတ်တွေ၊သံကြိုးတွေနဲ့ ရိုက်နှက်နှိပ်
စက်ခဲ့ကြပါတယ်။
အဲဒီလို ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးကုသမှုလုံးဝမရကြောင်း၊ ကိုဝေမိုးနိုင်နဲ့ ကိုမာန်ဇာမြေမွန်တို့လည်း ရိုက်နှက်ခံရပြီး ဆေးဝါးကုသခွင့်မပေးဘဲ သံခြေကျဉ်းခတ်ကာတိုက်ပိတ်ထားကြောင်း စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက သတင်းထုတ်ပြန်ပါတယ်။
"ကိုဝေမိုးနိုင်ရဲ့နေထိုင်စားသောက်မှု နဲ့ကျန်းမာရေး
အခြေအနေ ဘာမှမသိရဘူး။ မိသားစုဝင်တွေကိုလည်း ဆက်သွယ်ခွင့်မပေးဘဲနဲ့ တိုက်ပိတ်ထားတယ်လို့သိရတယ်။"လ်ို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်ကိုရှင်းသန့်ကပြောပါတယ်။
ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၅၀ ကျော်ရှိပြီး ဦးခေါင်း၊လက်နဲ့ နောက်ကျောတလျှောက်မှာ ထိရှ၊ပေါက်ပြဲ ဒဏ်ရာတွေ ရရှိထားတယ်လို့မြနမာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်
ရက်(PPNM)ကလည်း ထုတ်ပြန်ထားပါတယ်။
လူထုသပိတ်ခေါင်းဆောင်များအပါအဝင် နိုင်ငံ
ရေးအကျဉ်းသားတွေရဲ့ အသက်ရှင်သန်မှုနဲ့ ကျန်း
မာရေးအခြေနေအားလုံးကို ထောင်အာဏာပိုင်တွေက တာဝန်ခံရမှာဖြစ်ပြီးအခုလိုနှိပ်စက်ညှင်း
ပန်းမှုတွေကို မှတ်တမ်းတင်ထားကာ မဝေးတဲ့ကာလမှာ ပြည်သူလူထုကနေ တရားစီရင် အပြစ်
ပေးအရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက သတိပေးထားပါတယ်။

🤬71❤13😢8😡2👎1
ကျောက်ဖြူတိုက်ပွဲ ဗိုလ်မှူးချုပ်တစ်ဦး သေဆုံးပြီးနောက်အရာရှိများအပါအဝင်စစ်သားများ AA ထံလက်နက်ချ
ဇွန်-၁၅၊၂၀၂၅။အိမ်သွင်/People's Spring
ကျောက်ဖြူမြို့နယ်တွင်မေလကုန်ပိုင်းတိုက်ပွဲအတွင်းတပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင် သေဆုံးပြီးနောက်ပိုင်း ရှေ့တန်းရောက်စစ်စစ်ကြောင်းများ ဖရိုဖရဲဖြစ်သွားပြီး
အာရက္ခတပ်တော်(AA)ထံလက်နက်ချကြကြောင်း သတင်းရရှိသည်။
မေလ ၂၇ရက်နေ့က ကျောက်ဖြူမြို့၊ အမှတ်(၃၂)
ရဲတပ်ရင်းကာကင်းစခန်းဖြစ်သောနှမ်းဖဲတောင်
စခန်းသိမ်းတိုက်ပွဲ၌ဗိုလ်မှူးချုပ်ကျော်မျိုးအောင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့သည်။ တိုက်ပွဲသည် တပ်မ(၁၁) နှင့် တပ်မ (၉၉)ပူးပေါင်းစစ်ကြောင်း နှင့် AA ထိတိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး မေ ၃၀ ရက်အထိ တိုက်ပွဲဖြစ်ခဲ့သည်။ ထိုနောက် မေ ၃၀ ရက်နွေညနေပိုင်းမှစကာ စစ်ကြောင်းလိုက်လက်နက်ချကြခြင်းဖြစ်သည်ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
"စစ်ကြောင်းက ဖရိုဖရဲဖြစ်ပြီး လက်နက်ချသူချ ၊ ဖမ်းမိသူဖမ်းမိနဲ့ ဖြစ်တာ။ ဖမ်းမိထားတာတွေမှာ
ဒုဗိုလ်မှူးကြီး ကျော်လင်းကြိုင်ပါတယ်။ လက်နက်
ချကြတာများတယ်"ဟုအထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်သည်တိုင်းစစ်
ဦးစီးမှူးဖြစ်ပြီး မေ ၃၀ ရက်နေ့ညနေ ၃ နာရီခန့်က ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာရှိ စက်မှု၊လက်မှုသင်တန်းကျောင်းအနီးဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ AAထံ လက်နက်ချခြင်းဖြစ်သည်ဟုသတင်းရရှိသည်။ ၎င်း အပြင် အဆိုပါတိုက်ပွဲ၌ အခြား စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်းလက်
နက်ချခဲ့သည်။
ဗိုလ်မှူးချုပ်ကျော်မျိုးအောင်သည် ကျောက်ဖြူသို့ စစ်ကူပို့ခံရသည့်တပ်မ(၁၁)၊ ခြေမြန်တပ်ရင်း ဌာ
နချုပ်မှ ဖြစ်ပြီး မသေဆုံးမီက ဗိုလ်မှူးကြီးအဆင့်
ဖြစ်ကာသေပြီးမှဗိုလ်မှူးချုပ်ရာထူးတိုးပေးခံရခြင်းဟု စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။ ၎င်း
၏ ရုပ်အလောင်းကိုမေလ၂၉ရက်နေ့တွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပြန်သယ်သွားခဲ့သည်။
လက်ရှိတွင် ကျောက်ဖြူမြို့၊ အမှတ်(၃၂)ရဲတပ်
ရင်းအနီး၌ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု သတင်းရရှိသည်။
ကျောက်ဖြူမြို့နယ်တွင် ဓညဝတီရေတပ်စခန်းအပြင် တောင်မော်ကြီးရေတပ်စခန်းနှင့် အုန်းကျွိန်ရေတပ် စခန်းတို့အပြင် ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ အမှတ် (၃၂) ရဲတပ်ရင်းတို့ရှိသည်။
ထို့အပြင် စစ်မှုထမ်းသင်တန်းဆင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များကို အဓိကထားရှိသည့် စစ်ဆေးရေးဂိတ်များလည်းရှိနေသည်။
AAသည်ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကိုပြီးခဲ့သည့်
ဇန်နဝါရီလမှစတင်၍အရှိန်မြင့်ခဲ့သည်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်း
ယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်က လှုပ်ခတ်သောစစ်ကိုင်းငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့သည်။ သို့သော် စစ်ကောင်စီက လေကြောင်းမှ အင်အားဖြည့်ပြီး AAရှိသည့်နေရာများကို စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများပြင်းထန်နေခြင်းဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ယခုရက်ပိုင်းတိုက်ပွဲများ၌တရုတ်နိုင်ငံသားများအ
ပါအဝင်အထူးစီးပွားရေးဇုန်မှဝန်ထမ်းအချို့ ထွက်
ပြေးသွားကြောင်းသတင်းများထွက်ပေါ်နေသော်
လည်း အသေးစိတ်မသိရှိရသေးပေ။
ကျောက်ဖြူမြို့အပြင် AAနှင့် စစ်ကောင်စီသည် စစ်တွေမြို့၌လည်း စစ်ရေးတင်းမာနေသည်။နှစ်
မြို့စလုံးမှ တိုက်ပွဲသတင်းများကို AAက အသေး
စိတ်ထုတ်ပြန်ထားခြင်းမရှိသော်လည်း စစ်ကောင်
စီ၏ထိုးစစ်များကို ခုခံနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ပြီးခဲ့သည့် ဧပြီလ ၅ရက်က ထုတ်ပြန်ထားသည်။
AAသည် ရခိုင်ပြည်နယ်မှမြို့သိမ်းတိုက်ပွဲများအ
တွင်း ဖမ်းမိခဲ့သည့်စစ်သုံ့ပန်းများ၊ အလင်းဝင်လာသူများကို စိစစ်၍ ပြန်လွှတ်ပေးနေသည်။ ထို့အ
ပြင်လက်နက်ချအလင်းဝင်သူများကို ကြိုဆိုမည်ဖြစ်ပြီး လက်နက်မချပါက ခြေမှုန်းတိုက်ခိုက်သွားမည်ဟုလည်း သတိပေးထားသည်။
အမ်းမြို့သိမ်းတိုက်ပွဲတွင် AAက ဖမ်းမိခဲ့သည့် နပခတိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်၌ စစ်ရှုံးနေပြီဆိုသည်ကိုလက်ခံရန် နှင့် ပြည်သူလူထုကိုဗုံးကြဲတိုက်ခိုက်ခြင်းမပြုရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်းခေါင်းဆောင်မပီသသည့် စစ်ကောင်စီခေါင်းဆောင်လက်အောက်၌ တာဝန်မထမ်းဆောင်ဘဲ လက်နက်ချကြရန် ရုပ်သံမှတဆင့် တိုက်တွန်းခဲ့ဖူးသည်။

👍96❤28👏8🥰3🖕3
ရှမ်းနီတပ်ဖွဲ့ဝင်တစ်ဦး PDFထံလက်နက်နှင့်အတူ အလင်းဝင်
ဇွန်-၁၅၊၂၀၂၅။ဇော်ရမ်း/People's Spring
စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)
မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံ
လက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။
SNAတပ်မဟာ(၆၁၄)မှရဲဘော်တစ်ဦးသည်M23
သေနတ်တစ်လက်နှင့်ခဲယမ်းများယူဆောင်ကာ အလင်းဝင်လာခြင်းဟု ကသာခရိုင်အမှတ်(၄)တပ်
ရင်းက ယနေ့(ဇွန်လ၁၅ရက်)၌ သတင်းထုတ်ပြန်ထားသည်။
၎င်းအား ကသာခရိုင်တပ်ရင်း(၄)နှင့်ဗန်းမောက်မြို့နယ်ဌာနဆိုင်ရာများ၊ပြည်သူများက ငွေကျပ်သိန်း ၁၅၀ ကို ဂုဏ်ပြုဆုချီးမြင့်ခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီနှင့်ပူးပေါင်းနေသည့်SNAသည် စစ်
ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့တွင် ပြည်သူ့ကာ
ကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်နေ၍ ရှမ်းနီတိုင်းရင်းသားများကိုယ်တိုင်က ပြန်လည်ဝေဖန်နေကြသည်။ SNA တပ်မဟာ(၆၁၄)သည် ပင်လည်ဘူး၊ အင်းတော်မြို့နယ်အတွင်းတိုက်ပွဲများတွင်လည်းစစ်တပ်နှင့် ၂ပူးပေါင်းခဲ့ပြီးပြည်သူ့ကာကွယ်
ရေး တပ်ဖွဲ့များက အများအပြားဖမ်းမိခဲ့သည်။

👍56❤15👏10🥰2😁1
အရှိုချင်းကာကွယ်ရေးတပ်(ACDF)စစ်သင်တန်းဆင်း
ဇွန်-၁၅၊၂၀၂၅။ရဲခေါင်/People's Spring
မကွေးနှင့် ပဲခူးတိုင်းတို့တွင် စစ်ကောင်စီကို တိုက်
ခိုက်နေသည့် အရှိုချင်းကာကွယ်ရေးတပ်(ACDF) ၏ ရဲဘော်သစ်များ သင်တန်းဆင်းအခမ်းအနားကို ပြုလုပ်ခဲ့သည်။
ယနေ့(ဇွန်လ ၁၅ ရက်)က ထုတ်ပြန်သည့် အခြေခံစစ်သင်တန်း အပတ်စဉ် ၆ သင်တန်းဆင်းပွဲနှင့်
သ စ္စာရေသောက် အခမ်းအနားကို ACDF နောက်
တန်းလေ့ကျင့်ရေးကွင်း၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟုသိရသည်။
"ကျွန်တော်တို့ အရှိုချင်း ကာကွယ်ရေးတပ် က ကျွန်တော်တို့သွားမယ့်လမ်းကို ဖြည်းဖြည်းမှန်မှန်
နဲ့သွားနေပါတယ်"ဟု ACDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းခနီလေဗွေက လူထုနွေဦးသို့ပြော
သည်။
သင်တန်းဆင်းပွဲအခမ်းအနားကိုအရှိုချင်းကာကွယ်ရေးတပ် ဗဟိုအလုပ်အမှုဆောင်ကော်
မတီဝင်များ၊ (ACDF) တပ်မှူးများနှင့် ဖိတ်ကြားထားသောမဟာ မိတ်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း အသိပေးသည်။
ACDF၏ စစ်ရေးသတင်းများအရ အာရက္ခတပ်တော်AA ၊ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) နှင့် NUG လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်နေသည်။
အထူးသဖြင့် ယခုနှစ်အတွင်း ပဲခူးတိုင်းအနောက်ဘက်ခြမ်းနှင့် မကွေးတိုင်းအနောက်ခြမ်းရှိ စစ်ကောင်စီစစ်ကြောင်းများ ၊အမ်း-ပဒါန်းလမ်းကို အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းများအပြင်စစ်သုံ့ပန်းအချို့ပါ ဖမ်းဆီးရရှိထားသည်။

❤54👍19🥰4🔥2
အလင်းဝင်လာသောရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို လက်ခံကြိုဆိုပြီး ၊ဂုဏ်ပြုစဥ်။
ဓါတ်ပုံ-ကသာPDF
ဓါတ်ပုံ-ကသာPDF
👍60❤19👏4🔥2🥰1
ကျိုက်ထိုတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသား ၁ဦးသေဆုံး
ဇွန်-၁၅၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခ
ရိုင်(ဒူးသထူခရိုင်) ကျိုက်ထိုမြို့နယ်တွင် အာ
ဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်
ခတ်မှုကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး (၄)ဦး
ထိုခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၁ရက်ကကျိုက်ထိုမြို့နယ်၊အလူးကြီးရွာ အတွင်းသို့ စစ်ကောင်စီတပ် ခမရ(၃) တပ်ရင်းစခန်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ အသက် ၃၄ နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးကာ ၄ဦး ဒဏ်
ရာရခဲ့ဟု ဖော်ပြသည်။
လက်နက်ကြီးကြောင့်နေအိမ်အချို့နှင့်ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ဟု အသိပေးသည်။
စစ်ကောင်စီတပ်သည်ကျိုက်ထိုမြို့နယ်မဲလံကျေး
ရွာအုပ်စု ဘုရားရွာရှိ ပြည်သူလူထုနေထိုင်ရာ နေ
ရာများသို့ လက်နက်ကြီးဖြင့်မကြာခဏ ပစ်ခတ်နေသည်ဟုလည်း သိရသည်။
မေလကုန်ပိုင်းကလည်းသထုံခရိုင်သထုံမြို့နယ်တွင်တောထဲအင်ဥရှာဖွေနေသည့်ပိန္နဲတောရွာသား ၁ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးပြီး ရိုက်နှက်သတ်ဖြတ်ခဲ့သည်ဟု KNU ဒူးသထူခရိုင်က အသိပေးထားသည်။
စစ်ကောင်စီတပ်သည် မေလအတွင်းက သထုံမြို့နယ်နှင့်ကျိုက်ထိုမြို့နယ်များအတွင်းရှိ ကျေး
ရွာများကို လေကြောင်း တိုက်ခိုက်ခြင်း၊လက်နက်
ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။ ထိုသို့ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ကျိုက်ထိုမြို့နယ်တွင် ဒေသခံ ရှစ်ထောင်ကျော်ဘေးလွတ်ရာ တိမ်းရှောင်
နေကြရပြီး အရေးပေါ် လူသားချင်း စာနာထောက်
ထားမှုအကူအညီများလိုအပ်နေသည်ဟုအသိပေး
ထားသည်။
စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေများသို့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၉ရက်တွင် တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် ပိုင်ရပ်ကျေးရွာ စာသင်ကျောင်းကို လေ
ကြောင်းဗုံးကြဲခဲ့၍ ကလေးငယ် ၃ဦးအပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ ၂၂ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီ၏ လုပ်ရပ်အပေါ် KNU က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီအနေဖြင့်တချိန်တွင် ၎င်း၏ အကြမ်းဖက်မှု လုပ်
ရပ်များအတွ့က်ပြန်လည်တာဝန်ခံရမည်ဟုလည်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားထားသည်။

🤬50❤8👍7😢6🔥2👎1🤮1😡1
ဇွန်လ ၁၁ရက်ကကျိုက်ထိုမြို့နယ်၊အလူးကြီးရွာ တွင်စစ်တပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အပျက်အစီးများကိုတွေ့ရစဥ်။ဓါတ်ပုံ-KNU
🤬52🔥9❤3👎3🙏1😡1
တော်လှန်ရေးအဖွဲ့များ မုံရွာနမခကို ၁၀၇ မမ
ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်
■တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်
ကြီးအသေးများဖြင့်ပြန်ပစ်ခတ်ကာ ၊အနီးဝန်ကျင်းကျေးရွာများကို စစ်ကြောင်းထိုး
ဇွန်-၁၅၊၂၀၂၅။သတိုး/People's Spring
စစ်ကိုင်းတိုင်း မုံရွာမြို့ အခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကို ၁၀၇ မမ ရှော့တိုက်ဒုန်းများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့တာဝန်ရှိသူကပြောသည်။
"ပစ်လိုက်တဲ့အချိန်မှာသူတို့ထဲကအကောင်ကြီးတကောင်ရောက်နေလို့ အစည်းအဝေးလုပ်ပြီးလို့ သောက်ပွဲစားပွဲကျင်းပေနေချိန်နဲ့တိုးတယ်လို့သိရပါတယ်။ပစ်လိုက်တဲ့သုံးလုံးထဲကတစ်လုံးက စား
ပွဲသောက်ပွဲနေရာကို ကျသွားတယ်လို့တော့သိရပါတယ် အထိအခိုက်တော့စုံစမ်းနေဆဲပါ" ဟု ၎င်းကပြောသည်။
အဆိုပါစစ်ဆင်ရေးကို ဇွန် ၁၄ ရက် ည ၁၀ နာရီ ၁၀ မိနစ်တွင် Brave Warriors for Myanmar (BWM) အဖွဲ့နှင့်အတူ Shadow (မုံရွာ) အဖွဲ့၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း ၊ Justice Brothers Force အဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။
"ကျနော်တို့ပစ်ပြီးပြီးချင်းနမခထဲကတန်ပြန်ပစ်
ခတ်မှုတွေလုပ်ပါတယ် ဒါပေမယ့်ရဲဘော်တွေအား
လုံးဘေးကင်းပါတယ်" ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
နမခကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခံရပြီးနောက် စစ်တပ်ဘက်ကလည်း လက်နက်ကြီး အသေးများဖြင့် ပြန်လည်ပစ်ခတ်ပြီး ပစ်ခတ်သံများကြားရကြောင်းဒေသခံအချို့ကပြောသည်။
နမခသည်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်ရှိ စစ်ကောင်စီ ၏လက်ရုံးတပ်ဖွဲ့များကို အဓိကအမိန့်ပေးကွပ်ကဲနေသော စစ်ဌာန
ချုပ်ဖြစ်သည်။ထို့အပြင် ပြည်သူများကို စစ်
ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ်များနှင့် စက်တပ်လေ
ထီးများဖြင့် ဗုံးကြဲ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသော တိုင်းစစ်ဌာနချုပ်ဖြစ် သည်။
တော်လှန်ရေးအင်အားစုများ နှင့် ပြည်သူလူထုကို အကြမ်းဖက်နေသောကြောင့် BWM နှင့်မဟာမိတ်များ၏ Mission 41 အဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်
သည်ဟုဆိုသည်။
လက်ရှိ နမခ တိုင်းမှူးသည် ဗိုလ်မှူးချုပ်မျိုးမင်းထွေးဖြစ်ကာ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင်အမှတ်၁၃တန်းမြင့်သင်တန်းကျောင်း (သပိတ်ကျင်း) ကျောင်း အုပ်ကြီး အဖြစ်မှ ပြောင်းရွှေ့လာသူဖြစ်သည်။
"နမခ အတွင်း ပျော်ပွဲ ရွှင်ပွဲ ကျင်းပမည်ကို ကြား
သိရသောကြောင့် စကစ နှင့် အပေါင်းအပါများ မလုံခြုံသည့် ခံစားချက်နှင့် အမြဲတမ်းခြိမ်းချောက်ခံနေရသည့် ခံစားချက်ကိုရစေရန်လဲရည်ရွယ်ပါ
သည်။" ဟု BWM ကထုတ်ပြန်ထားသည်။
BWMနှင့် မဟာမိတ်များ အနေဖြင့် နမခ ကို ယခုနှစ်ဇန်နဝါရီ လတွင် ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ပြီး မတ်လတွင် ဒုတိယအကြိမ် ၊ မေလတွင် တ
တိယအကြိမ် နှင့် ယခုအကြိမ်သည် စတုတ္ထအ
ကြိမ်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နမခကိုရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခံရပြီနောက်
စစ်တပ်က အနီးပတ်ဝန်းကျင်ကျေးရွာများကိုစစ်
ကြောင်းထိုးလာကြောင်းဒေသခံနှင့်ကာကွယ်ရေး
တပ်ဖွဲ့ဝင်များက လူထုနွေဦးသို့ပြောသည်။
ထို့အတူ မုံရွာမြို့နယ်အတွင်း ယာယီ အခြေပြုတပ်စွဲထားသည့်နေရာများမှ စစ်ကောင်စီတပ်၏ စစ် ကြောင်းလှုပ်ရှားမှုလည်းတွေ့ရသည်ဟု သိရသည်။
"နမခ ကို Lockdown ချပြီး ပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေတယ်"ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက လူထုနွေဦးသို့ပြောသည်။
နမခအနီးပတ်ဝန်းကျင်တွင် ဇီးတော၊မြေနီကျင်း၊မန္တလာ၊ကံကြီး၊သပြေတော၊ ညောင်ခြေထောက်နှင့်ကျီးကုံး ရွာများရှိသည်။
ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် သံ ပြာကာ ကားခြောက်စီး မုံရွာ နမခ မှထွက်ခွာခြင်း၊မအူဂိတ် မှစစ်ကောင်စီတပ်သား များ သေနတ်ပစ်ဖောက်ခြင်း နှင့် ဗောဓိတစ်ထောင် တွင်တပ်စွဲထားသည့် စစ်တပ်စစ်ကြောင်း တပ်ဖြန့်လှုပ်ရှားနေကြောင်း စစ်ရေးအ ချက်အလက်များကို ထောက်လှမ်းသည့် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်
ပြသည်။

❤56👍26🥰2😁2🔥1