People's Spring
61.6K subscribers
68.4K photos
1.19K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍4311🥰1😁1🤮1
ထရမ့်ကအဲဒီလိုဗီဇာပိတ်ပင်တာဟာအကြမ်းဖက်
သမားတွေ အဓိက ပေါ်ထွက်လာတတ်တာနဲ့ တ
ခြား စိုးရိမ်စရာရှိတဲ့ နိုင်ငံတွေကနေ အမေရိကန်ထဲ ရွှေ့ပြောင်းဝင်ရောက်တာတွေကို တားဆီးဖို့ ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ဗီဇာပိတ်တဲ့ ကြေညာချက်ကို ဝါရှင်တန်ဒီစီမှာ ဒေသစံတော်
ချိန်အရ ဇွန်လ ၄ ရက် ညပိုင်းမှာ ထရမ့်က ကြေ
ညာခဲ့ပြီး ဇွန်လ ၉ ရက်နေ့မှာ စတင် အသက်ဝင်ခဲ့ပါတယ်။

ထရမ့်ရဲ့ အမိန့်နဲ့ အမေရိကန်က ဗီဇာပိတ်လိုက်တဲ့ နိုင်ငံတွေ စာရင်းကတော့ မြန်မာ၊ အာဖဂန်နစ္စတန်၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်လ် ဂီနီယာ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန် နဲ့ ယီမင်တို့ပဲ ဖြစ်ပါတယ်။

ထရမ့်က နိုင်ငံတွေကို ရွေးချယ်ပြီး ဗီဇာပိတ်ရာမှာ နောက်ထပ်အကြောင်းပြချက်ပေးတာတွေလည်း ရှိပါတယ်။အဲဒါတွေက အမေရိကန်ကို ဝင်ရောက်ပြီးရင်ဇာတိနိုင်ငံမပြန်ဘဲ overstayအဖြစ် နေထိုင်သူအများအပြားရှိတဲ့နိုင်ငံတွေ၊ အမေရိကန်က တရားမဝင် အခြေချသူတွေကို ပြန်ပို့တဲ့ အခါတိုင်း အလွယ်တကူ လက်မခံတဲ့ နိုင်ငံတွေကိုလည်း ဗီဇာပိတ်ကြောင်း ထရမ့်က ဆိုတယ်။လက်တွေ့အား
ဖြင့်တော့ ပစ်မှတ်ထား ပိတ်ဆို့ခံရတဲ့ အများစုဟာ အမေရိကန်မှာ ခိုလှုံခွင့်ရဖို့ မျှော်လင့်နေသူ ဖိနှိပ်ခံ ပြည်သူတွေနေထိုင်တဲ့နိုင်ငံတွေ ဖြစ်နေပါတယ်။

ထရမ့်ရဲ့ မူဝါဒဟာအမျိုးသားလုံခြုံရေးနဲ့ ဘာမှမပတ်သက်ကြောင်း၊ တကယ့် ရည်ရွယ်ချက် အမှန်က သွေးကွဲမှုတွေကို ဖန်တီးပေးပြီး အမေရိကန်မှာ ခိုလှုံခွင့်ရဖို့ မျှော်လင့်နေတဲ့ လူ့အဖွဲ့အစည်းတွေကို ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်မှုသက်
သက်သာဖြစ်ကြောင်း နိုင်ငံတကာ ဆင်းရဲမွဲတေမှုနဲ့ မညီမျှမှု တိုက်ဖျက်ရေး အစုအဖွဲ့ တစ်ခုဖြစ်တဲ့ Oxfam America ရဲ့ ဥက္ကဋ္ဌ အက်ဘီ မက်စ်မန်းက ပြောကြားခဲ့ပါတယ်။


https://www.ludunwayoo.com/%e1%80%98%e1%80%ac%e1%80%9e%e1%80%ac%e1%80%95%e1%80%bc%e1%80%94%e1%80%ba-%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%b8-my/2025/06/11/123772/
👎3513👍5🔥3
ရွှေစျေးတည်ငြိမ်ကျဆင်းရေးအတွက်ရွှေဆိုင်များဆက်လက်ဖွင့်လှစ်ထားနိုင်သော်လည်း အခေါက်
ရွှေများရောင်းဝယ်ခြင်းမလုပ်ရန်နှင့်ရွှေလှော်ဖို(ရွှေသန့်စင်ဖို)လုပ်ငန်းများခေတ္တရပ်ရန်ရွှေလုပ်ငန်းရှင်
များအသင်းကိုစစ်ကောင်စီကခြိမ်း​ခြောက်ထား
သည်။

“စစစ(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)က စစ်မယ်။မိရင် ကိုယ်ဖြစ်ကိုယ်ခံပေါ့။အခုက ရွှေစျေးတက်တာနဲ့ ရွှေဆိုင်သူဌေးတွေ မျက်ခုံလှုပ်နေရပြီ။စီးပွား ရေးအကြောင်း မသိတဲ့ ကောင်တွေအုပ်စိုးနေသမျှတော့ ဘာစီးပွားရေးမှကောင်းကောင်းမွန်မွန်လုပ်စား မရဘူး”ဟုရွှေသန့်စင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိနေသည့် ရွှေလုပ်ငန်း ရှင်အသင်းက ဇွန် ၁၄ ရက်တွင်၁၆ ပဲရည်တစ်ကျပ်သား ၅၉ သိန်း ကျပ်ဖြင့် စျေးဖွင့်ထားသည်။ထိုစျေးဖြင့်မည်သည့် ရွှေဆိုင်မှ အရောင်း၊အဝယ်မပြုလုပ်ပေ။


https://www.ludunwayoo.com/news-mm/2025/06/15/124135/
30👍11😁8👎2💩2
အမှတ်၉၀၇၆တပ်ရင်းမှူးကိုလက်ျာကလည်း“အဲဒီရွာကအရင်ကတော့ပျူစောထီးတွေရော၊စကစရောလာထိုင်တယ်။အခုကရေတိုးလို့မထိုင်တော့တာလို့ သိရတယ်။ယူနီဖောင်း တွေဆိုပြည်သူ့စစ်ယူနီဖောင်း တွေပေးထားတာရှိတယ်”ဟုပြော
သည်။

ယခုတိုက်ပွဲသည် ဝက်လက်မြို့နယ်အတွင်းက ရွှေဘိုင်ခရိုင်တပ်ရင်း ၆ ရင်း၏ ပထမဆုံးပူးပေါင်းတိုက်ပွဲ၏ အောင်မြင်မှုဖြစ်ပြီး နောက်ထပ်လည်းပိုကြီး​သောအောင်ပွဲများကို ရယူ​ပေးသွားမည်ဟု ကိုလက်ျာက ပြောသည်။

တိုက်ပွဲတွင် ပါဝင်ခဲ့​သောတပ်ရင်းများသည် ၁၀၂၇ စစ်ဆင်ရေး နှင့် ရှမ်းမန်းစစ်ဆင်ရေးတွင်ရှမ်း
ပြည်နယ်မြောက်ပိုင်းတိုက်ပွဲများနှင့်မန္တလေးတိုင်းအတွင်းမြို့သိမ်းတိုက်ပွဲများတွင်ပါဝင်ခဲ့​သော အညာတပ်ရင်းများဖြစ်သည်။

https://www.ludunwayoo.com/news-mm/2025/06/15/124112/
63👍24👎2🥰1🤣1
"ညက လမ်းမတော်မှာ ဖြစ်သွားတာ တော်တော်ကြမ်းတယ်။ ရဲကို အုပ်လိုက်ကြီးကားနဲ့လာပြီး ဓားနဲ့ခုတ်သွားတာတဲ့။ နောက်ကျမှ အခြားရဲတွေ ရောက်လာပြီး သေနတ်နဲ့ပစ်မှ ထွက်ပြေးသွားကြတာပါ။ ၃ ယောက်ပဲ ဖမ်းမိတယ်။ အခုတ်ခံရတဲ့ရဲ တော်တော်ထိသွားတယ် ကြားတယ်။ မိန်းမကိစ္စ ညှိတယ်လို့တော့ ကြားတယ်။ မနေ့ညထဲက လမ်းမတော်ပတ် တလျောက်လုံး ရဲတွေ အုပ်ကြီးတွေ ပေါင်းပြီး ဧည့်စာရင်းတွေ စစ်နေတယ်” ဟု လမ်းမတော်မြို့နယ်နေ ပြည်သူတစ်ဦးက​ပြော
သည်။



https://www.ludunwayoo.com/news-mm/2025/06/15/124118/
👏7515😁8👍4🔥2
■Short Story

"ကိုတို့ဟာ ပစ်တိုင်းထောင်လေးတွေပါ ယုမေ"

◼️ဘရိုင်ယံရိန်း

(၁)
စိန်လက်စွပ်က ဆယ်သိန်းငါးသောင်း။
ရွှေဆွဲကြိုးက ဆယ်သိန်းသုံးသောင်း ငါးထောင်။
Confirm နော် ညီမ။
ခဏနေ ပိုက်ဆံလွှဲမယ်။

(၂)
မနက်စောစောကြီး ကိုတို့ online marketing ပိုင်းမှာ customer တယောက်က စိန်လက်စွပ်တကွင်းနဲ့ ရွှေဆွဲကြိုးတပင် ဈေးဦး စဖောက်ပေးသွားတယ် ယုမေ။ ပိုင်ရှင်တွေတော့ ဒီပမာဏလေးအတွက် ပျော်ရဲ့လား မသိနိုင်ပေမယ့် ကိုတို့ Online Marketing Department မှာ ရှိတဲ့လူတွေတော့ ပျော်နေလိုက်တာမှ ကိုယ်ပိုင်ပစ္စည်းလေးတခု ရောင်းထွက်သွားသလိုပါပဲ။

ကို အလုပ်လုပ်တဲ့ စိန်ရွှေရတနာဆိုင်ရဲ့ Online Marketing Department မှာ လောလောဆယ် ၀န်ထမ်းသုံးဦးရှိတယ် ယုမေ။ ကောင်မလေးချောချော နှစ်ယောက်ရယ် ကိုရယ်ပေါ့။ တယောက်က တက္ကသိုလ်စတက်ရမယ့် ကလေးမလေး။ သွက်သွက်လက်လက်နဲ့ တွဲလုပ်ရ သိပ်အဆင်ပြေတယ်။ Idea ဆန်းဆန်း‌တွေလည်း သူ့ဆီမှာရှိတယ်။ နောက်တယောက်က ကိုနဲ့တူတယ် သိလား။ ပညာရေး၀န်ထမ်း‌တွေပဲ။ ကိုက မူအုပ်ပြုတ်။ သူက ထက်ပြပြုတ်။

တခုပြောပြရဦးမယ် ယုမေ။ အရောင်းပိုင်းအတွက် အလုပ်လျှောက်လွှာတွေ ရောက်လာတော့ ကိုဖတ်ကြည့်မိတဲ့ နေ့ကပေါ့။ လက်သီးကို ကျစ်အောင်ဆုပ်ပြီး အံကိုကြိတ်လိုက်မိတယ်။ ပညာရေးတက္ကသိုလ်ဆင်းခါစ လုပ်သက်နှစ်နှစ်ရထားတဲ့ ဆရာမလေးက လာလျှောက်ထားတယ် ယုမေ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွာဆိုတာ ကို နားလည်ပါတယ်။ ဒါပေမဲ့ ရင်နာစရာကြီး မဟုတ်လား ယုမေ။ ခွေးတအုပ်ကြောင့် ပျက်ခဲ့ရတဲ့ အဖြူအစိမ်း သိုက်နန်းရှင်မလေးလေ။

အဲဒီနေ့က လျှောက်လွှာကို လက်ထဲကိုင်ရင်း စိတ်ထဲက ဆုတောင်းပေးမိသေးတယ်။ သူရဲကောင်းမလေး ကံကောင်းပါစေပေါ့။

အင်တာဗျူးလာဖြေတော့ သွက်သွက်လက်လက်နဲ့ ပွင့်ပွင့်လင်းလင်းရှိတာကို ကြည့်ပြီး ကို့ Department ကို ရောက်လာရင်ကောင်းမယ်လို့ အတွေး၀င်မိတယ် ယုမေရယ်။ တခြားစိတ်တော့ ကို့မှာမရှိပါဘူး။ တချိန်က အဖြူအစိမ်း၀တ် မိသားစုချင်းလေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အင်တာဗျူးတွေ ပြီးသွားတော့ ပိုင်ရှင်က ကို့ကိုပြောတယ်။ စီ (CDM) နှစ်ယောက် အတူတွဲပေးလိုက်မယ်တဲ့။ ကောင်မလေးကြည့်ရတာ သွက်သွက်လက်လက်နဲ့ဆိုတော့ online ပိုင်း အဆင်ပြေလိမ့်မယ်တဲ့။ ၀မ်းသာလိုက်တာ ယုမေရယ်။ ကိုယ်တို့ စီလေးတယောက် အလုပ်ရပြီလေ။ ဒီလိုနဲ့ ထက်ပြုတ်လေးရယ် ကိုရယ် အလုပ်တွေ တွဲလုပ်ဖြစ်ကြတယ်ပေါ့ ယုမေ။

ကို ဒီအလုပ်ကိုရောက်ပြီး တလအတွင်း ကိုတို့အလုပ်မှာ စီ (၄) ယောက်တိတိကို ပိုင်ရှင်က အလုပ်ခန့်ခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် အခုလက်ရှိမှာတော့ ကိုယ်ရယ်၊ ခုနကပြောတဲ့ ထက်ပြုတ်လေးရယ်ပဲ ဆက်ရှိနေတယ်။

ဒီနေရာမှာ ကို တအံ့တဩ ချီးကျူးမိတဲ့သူတယောက်ရှိတယ် ယုမေ။ ကိုတို့ ဆိုင်ပိုင်ရှင်လေ။ တော်ရုံနဲ့ စီတွေဆို အလုပ်မခန့်ကြတဲ့ခေတ်ထဲ ရဲရဲဝံ့ဝံ့ အလုပ်ခန့်ပေးခဲ့တယ်။ ကို့ကို အင်တာဗျူးတုန်းကလည်း ကိုက စီတယောက်ဖြစ်ကြောင်း၊ တကယ်လို့ လူကြီးမင်းရဲ့ စီးပွားရေးအတွက် တစုံတရာ ထိခိုက်နိုင် တယ်လို့ ယူဆရင် အလုပ်မခန့်လို့ရကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောပြခဲ့တယ်။ အလုပ်လိုလို့ ဆိုပေမယ့် ကို့ကြောင့်တော့ အခြားတယောက် ဒုက္ခရောက် တာ ကို မလိုချင်ဘူးလေ။

ကို ရောက်လာပြီးနောက်ပိုင်းမှ စီလေးတွေ တယောက်စ နှစ်ယောက်စ ရောက်လာတော့ တခြားသူတွေက ဆိုင်ပိုင်ရှင်ကို စကြတယ်။ စီတွေချည်း အလုပ်ခန့်နေနော်။ တော်ကြာ အားလုံး အတူတူ၀င်နေရမယ်တဲ့။ ဟား သူတို့ပြောတာလည်း ဟုတ်သားမလား ယုမေ။

လုပ်ဖော်ကိုင်ဘက်အချင်းချင်း နောက်နေတာသိပေမယ့် ကိုက‌ "ခုချိန်မျိုးမှာ စီတွေကို အလုပ်ခန့်တယ်ဆိုတာ နိုင်ငံတော်အပေါ် ကျေးဇူးစောင့်သိခြင်း တမျိုးပဲလေ" လို့ အတည်ပြန်ပြောလိုက်တော့ အားလုံးက သဘောအကျကြီး ကျနေလေရဲ့။ သိတယ်မလား ယုမေ။ ကိုက စကားလုံးတွေနဲ့ ချုပ်တတ်တယ်ဆိုတာ။

အရင် အဖြူအစိမ်း၀တ် အခြေအနေတုန်းကလည်း ကို့ဘေးနားက ကလေးလေးတွေ၊ လုပ်ဖော်ကိုင်ဘက်တွေကို ပျော်အောင်ထားခဲ့ဖူးတယ်။ အခုအလုပ် မှာလည်း ကိုယ့်ဘေးနားကလူတွေကို ပျော်အောင်ထားတယ်။ အခြေအနေဆိုးကြီးကြား အားလုံးစိတ်ညစ်နေတဲ့ကြားထဲ ကို့ကြောင့် တယောက်လောက် ပျော်သွားတာကို မြင်ရင်လည်း ငြိမ်းချမ်းရေးပဲမဟုတ်လား ယုမေ။

(၃)
"အကိုရေ Page Messengerလေး တချက်ကြည့်လိုက်ပါဦး "

ရုံးခန်းတံခါးကို အားပါးတရဆွဲဖွင့်ရင်း အော်ပြောလာတဲ့ ထက်ပြုတ်လေးရဲ့နဖူးမှာ ချွေးလေးစို့နေတာ ကို မြင်လိုက်တယ် ယုမေ။ နောက်ပြီး ပျော်ရွှင်ခြင်းတွေရောပေါ့။

"ညီမဆီ customerစာစပို့ကတည်းကနေ Confirm ဖြစ်သွားတဲ့အထိ page chat box ကို ကို ထိုင်ကြည့်ပြီး ထိုင်ပျော်နေတယ်။ ဒီနေ့တော့ ဈေးဦးဖောက် လှပြီဟေ့"

"ညီမလည်း ပျော်နေတာ။ အကိုသိပြီးသားဆိုတာ သိတော့သိတယ်။ ဒါပေမဲ့ လူကိုယ်တိုင် လာကြွားချင်လို့ ဟီး။ ဒါပဲနော် ဆိုင်ထဲပြန်လိုက်ဦးမယ်"

ရုံးခန်းတံခါးပိတ်ပြီး သူထွက်သွားတော့ အထဲမှာရှိတဲ့ တခြားသူတွေ နောက်ကြတယ်။ ဈေးဦးအကြီးကြီး ဖောက်တယ်ဆိုတော့ တဝိုင်းနော်တဲ့။ ရတယ်လေလို့ပြောပြီး ကို ပြုံးနေဖြစ်တယ်။ ဒါက ကိုယ့်အကျွမ်းကျင်ဆုံး ဘာသာရပ်လေ ယုမေ။ အဆင်မပြေရင်လည်း ပြုံးထားတယ်။ အဆင်ပြေရင်လည်း ပြုံးထားတယ်။ မျက်လုံးဖတ်တတ်သူတွေပဲ ကို့အပြုံးဟာ ဘယ်လိုအဓိပ္ပာယ်ကို ဝှက်ထားလဲ သိနိုင်လိမ့်မယ်။ ကို ပြုံးနေဆဲမှာပဲ
36👍5🥰2🤮1
ရုံးခန်းထဲမှာရှိတဲ့ ညီမလေးတယောက်ဆီကနေ စကားတခွန်း ဆန့်ထွက်လာတယ် ယုမေ။

"အကိုတို့ အမတို့လို အတွေ့အကြုံရှိတဲ့ ဆရာတွေ၊ ဆရာမတွေကို ဒီလို အရောင်းပိုင်းမှာ တွေ့နေရတာ ညီမ တကယ်ကို စိတ်မကောင်းပါဘူး။ တကယ် စိတ်ရင်းနဲ့ပါ။ စာသင်ခန်းထဲ ပျော်နေတာကိုပဲ အမြန်ပြန်မြင်ချင်ပြီ"

မမျှော်လင့်ဘဲ ရုတ်တရက် ကြားလိုက်ရတော့ ခါတိုင်းဆို သွက်နေတဲ့ ကို့နှုတ်က ဒီတစ်ခါ အ, နေလိုက်တာ ယုမေရယ်။
"ကျေးဇူးတင်ပါတယ် ညီမရယ်" လို့ ပြန်ပြောလိုက်ပေမယ့် အသံမထွက်ခဲ့ဘူး။ တကယ်ပါကွာ။ လည်ပင်းမှာ တစ်, ဆို့နေတယ်။

နောက်ပြီး ကို့နားထဲ ကလေးတွေရဲ့ တီတီတာတာအသံလေးတွေ တိုးတိုးတိတ်တိတ် ကြားယောင်ဖြစ်တယ် ယုမေ။

"အကိုက ဘာလို့ တပြုံးပြုံးနဲ့ ဖြစ်နေတာလဲ"

မညာပါဘူး ယုမေ။ ကိုယ့်ကိုယ်ကိုယ် ပြုံးနေမိမှန်းတောင် ကို သတိမထားမိဘူး။ ရုံးခန်းထဲက ညီမလေးက လှမ်းပြောတော့မှ ကို့မှာ ရှက်ပြီး မျက်နှာကို လက်နဲ့သပ်ချရတယ်။ ထူးဆန်းတယ် သိလား ယုမေ။ ကိုယ့်မျက်လုံးထောင့်မှာ အရည်တချို့ စိမ့်ဥနေကြောင်း လက်ခံစားမှုအရ ကို သိလိုက်ရတယ်။

ဒီတော့ ကို နောက်တကြိမ် ပြန်ပြုံးဖြစ်သွားတာပေါ့။ ဒီတခါတော့ သိမှုဖြင့် ပြုံးခြင်းပေါ့ ယုမေ။

တကယ်ပါ ကိုတို့ဟာ .....။

(The Call - ​ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ဘရိုင်ယံရိန်း' ရေးဖွဲ့တဲ့ "ကိုတို့ဟာပစ်တိုင်းထောင်
လေးတွေပါ ယုမေ" ဝတ္ထုတိုကို People's Spring
က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
42👍14🥰4🤮1
👍434🥰3🖕1
ဒေါက်တာ နိုင်ထွဋ်အောင်သည် စစ်ကောင်စီထံသို့ လက်နက်များတင်ပို့ရောင်းချနေသည့် IGG- International Gateways Groupကုမ္ပဏီအုပ်
စု၏ပိုင်ရှင်ဖြစ်ပြီး စင်္ကာပူနိုင်ငံတွင်အနေများကာ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အလွန်ရင်းနီးသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြော
သည်။

IGG ကုမ္ပဏီအုပ်စုတွင် Myanmar New Era Trading ကုမ္ပဏီအပါအဝင် ပြည်တွင်း နှင့် စင်ကာပူ ၊​ဟောင်​ကောင် ၊ထိုင်း အပါအဝင်နိုင်ငံတ
ကာ၌ ကုမ္ပဏီ​ပေါင်း ၄၀ ခန့်တည်​ထောင်လုပ်ကိုင်​နေ​သော လုပ်ငန်းစုဖြစ်သည်။ထို​ကြောင့် ဒေါက်
တာ နိုင်ထွဋ်အောင်သည် လူမြင်ကွင်း​ရှေ့သို့အ
ထွက်နည်း​သော်လည်း စစ်တပ်အတွက်လက်နက်ပွဲစားလုပ်ရာမှ လွန်စွာ အကျိုးအမြတ်ရပြီး ချမ်း
သာ​နေ​သော ခရိုနီတဦးဖြစ်သည်။

“စစ်ကောင်စီက လက်နက်တွေ ထပ်ဝယ်ဖို့ ရှိနေတယ်။ ဒေါက်တာနိုင်ထွဋ်အောင်က အချိန်ကိုက် လှုပ်ရှားတဲ့သဘောပါ။သူလုပ်ကွက်‌တွေထပ်ရသွားမှာပါ” ဟု အထက်ပါလုပ်ငန်းရှင်က​ပြော
သည်။

ဒေါက်တာနိုင်ထွဋ်အောင် ယခုလှူသည့် ရွှေသား ၃ ပိဿာနှင့်ကျပ်သိန်းပေါင်း၂၆၀၀၀ ကိုစစ်ကောင်
စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ်မှဦးဆောင်၍ လက်
ခံရယူသွားခဲ့သည်။

အဆိုပါအလှူနဲ့ပတ်သက်ပြီးပြည်သူတဦးက​တော့ “မဟာမုဏိဘုရားကတော့ နိုင်ထွဋ်အောင်ရဲ့ အကုသိုလ်အားကယ်တင်နှိုင်လိမ့်မယ်မထင်ပါဘူး”ဟု မှတ်ချက်ပြုပါသည်။



https://www.ludunwayoo.com/feature-mm/2025/06/09/123422/
🤣36👍13💩1310🖕4🤮2🥰1
ပျူတဦးမိသားစုဝင် ၁၂ ဦးပါခေါ်လာပြီး
ပကဖလှုပ်ရှားတပ်ရင်းထံအလင်းဝင်

■သေနတ်တစ်လက်နှင့် ခဲယမ်းများယူလာ၍ သိန်း ၅၀ ချီးမြှင့်ခံရ

ဇွန်-၁၅၊၂၀၂၅။ထင်လင်း/People's Spring

ပခုက္ကူမြို့နယ်၊အောင်သာကျေးရွာ၌စစ်ကောင်စီတပ်နှင့်ပျူစောထီးအထိုင်စခန်းတွင်ကြီးနိုင်ငယ်ညှင်းလုပ်၍ဆိုကာ ပျူစောထီးတစ်ဦး မိသားစုပါ​ခေါ်လာပြီးအလင်းဝင်လာကြောင်းပခုက္ကူ ပကဖ လှုပ်ရှားတပ်၊ တပ်ဖွဲ့(၅) ဧရာဒေါင်းတပ်ဖွဲ့မှ တာ
ဝန်ရှိသူတစ်ဦးက ပြောသည်။

ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့နယ်ခွဲ၊အောင်သာရွာ
ပျူစခန်းမှ ပျူ​စောထီး (​ခေါ်)ပြည်သူ့စစ်တစ်ဦးသည် ဧရာဒေါင်းတပ်ဖွဲ့ထံချိတ်ဆက်ကာ ဇွန်လ ၁၂ ရက်နေ့က မိသားစုလိုက် အလင်းဝင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

"အပြစ်မရှိတဲ့ ပြည်သူလူထုကိုသေနက်ပြောင်းမလှည့်ချင်တာရယ်၊ပျူစောထီးစခန်းမှာကြီးနိုင်ငယ်ညှင်းလုပ်လွန်းတာကြောင့်ရယ်လို့ဆိုပါတယ်"ဟု စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦး ဘက်ပြောင်းခိုလှုံလာသည့်အကြောင်းအရင်းကို ဧရာဒေါင်းတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြော
သည်။

အဆိုပါ အလင်းဝင်ပြည်သူ့စစ်တစ်ဦးနှင့်အတူ မိသားစုဝင်များဖြစ်သော လူကြီးရှစ်ဦး၊ ကလေးလေးဦးအပြင် G3 အမျိုးအစား သေနတ်တစ်လတ်၊ ကျည်ဘောက်ရှစ်ခု၊ကျည်(၃၅၆)တောင့်၊အီကွေးမန့်တစ်စုံ၊ အီနာဂါဗုံးသီးတစ်လုံး ယူဆောင်လာခဲ့ကြောင်း၎င်းတာဝန်ရှိသူကဆက်ပြောသည်။

ထို့ကြောင့် လက်နက်ခဲယမ်းများနှင့်တကွ အလင်း
ဝင် ဘက်ပြောင်းခိုလှုံလာသည့်၎င်းအားဧရာဒေါင်း
တပ်ဖွဲ့မှ ကျပ်သိန်း (၅၀)ချီးမြှင့်ခဲ့ကြောင်း ယင်းတပ်ဖွဲ့က အသိပေးထားသည်။

​မြစ်ခြေမြို့နယ်ခွဲ၊ အောင်သာကျေးရွာတွင် ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ စစ်ကောင်စီတပ် သားများအပါအဝင် ပျူစောထီး(ပြည်သူ့စစ်) အင်အား ၅၀ ခန့်အထိုင်ချတပ်စွဲထားပြီးဇွန်လ ၁၂ ရက် မိ
သားစုလိုက် ထွက်ပြေးလာသည့် ပြည်သူ့စစ်တစ်ဦး၏ အစ်ကိုဖြစ်သူသည်လည်း ပြီးခဲ့သည့် မေလအတွင်းက ဧရာဒေါင်းတပ်ဖွဲ့ထံ အလင်းဝင်ခဲ့သေးသည်။
👍6117👏7🥰2🤣2
လက်နက်ခဲယမ်းများယူဆောင်၍ အလင်းဝင်လာသော ပျူ​စောထီး ​ခေါ် ပြည်သူ့စစ်တဦးနှင့်သယ်လာသည့်လက်နက်ခဲယမ်းများ။
ဓါတ်ပုံ-ဧရာဒေါင်း
👍79👏145🥰3🤣2
■ကဗျာ

‘ကျွန်တော်သိတဲ့သူပုန် (ဝါ)
အထောက်အထားမဲ့ကဗျာဆရာ’

◼️ခွန်းနီ

အထောက်အထားမဲ့ ကဗျာဆရာတစ်ယောက်
ခေတ်ကြီးနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့
ဂုဏ်မဲ့၊ဒြပ်မဲ့နဲ့ ဖြစ်သလိုကဗျာဆရာပါ။

ခေတ်ကြီးကခပ်လှုပ်လှုပ်ဆိုတော့လည်း
ကဗျာဆရာ့အိမ်မက်တွေလည်း ခပ်မြုပ်မြုပ်ပါပဲ
ခေတ်ကြီးများဆိုးတော့ အနာဂတ်တွေပါကျိုးရော။

ကဗျာဆရာတွေစစ်တိုက်ကြတဲ့ခေတ်ကို ရောက်နေပြီ
တစ်ချို့က လူလုပ်တဲ့သေနတ်တွေကိုင်လို့
တစ်ချို့က ရင်ထဲကထွက်တဲ့စကားလုံးတွေနဲ့တိုက်လို့။

ကဗျာဆရာဟာလည်း စစ်ကြီးထဲကိုမိုက်မိုက်မဲမဲတိုးခဲ့တယ်
အသိုက်အမြုံတွေကို အရေခွံတွေလိုပုံထားခဲ့ပြီး
ပြာပုံထဲကနေထပြီး ဒဏ်ရာတွင်းထဲခုန်ဆင်းခဲ့သလိုမျိုး။

ရုန်းရင်းကန်ရင်းနဲ့ကျော်လွှားရတဲ့ သက္ကရာဇ်တွေမှာ
ကဗျာဆရာဟာ အနည်ထိုင်လာခဲ့ပြီထင်ပါရဲ့
ဒုက္ခဆိုရင် ဆွတ်နေကျရေမွှေးလိုသင်းပျံ့လို့နေရဲ့။

အတောင်တွေရုပ်သိမ်းထားလိုက်ပါ ကဗျာဆရာ
ပြန်ချိန်မရောက်သေးတာကို နားလည်ရဲ့မဟုတ်လား
သံသယတွေမီးပုံထဲ ပစ်ထည့်လိုက်စမ်းပါ။

သောကမှန်ရင် လောင်မြိုက်ကြစတမ်းတဲ့
ကွဲနေတဲ့ရင်ဘတ်ကို ဖွဲတွေသိပ်ထည့်ပြီး
သောက်လက်စဆေးလိပ်တိုကို ထိုးထည့်ခဲ့လိုက်။

မရောက်သေးတဲ့ပန်းတိုင်ကို မျက်နှာမူလိုက်ပါ
တစ်ရွေ့ရွေ့နဲ့တစ်ငွေ့ငွေ့ပေါ့ ကဗျာဆရာရယ်
ခင်ဗျားရပ်နေရင်လည်း အားလုံးကကျော်တက်သွားမှာပဲ။

ခေတ်ဆိုတာကြီးက ဆွဲထားဖို့မဟုတ်ဘူး
မှီအောင်ပြေးပြီး လိုက်ရတဲ့အမျိုးဗျ
နောက်ပြန်ဆွဲတာအရူးတွေအလုပ်ပါ ကဗျာဆရာရယ်။

ခင်ဗျားရူးသွပ်တဲ့အရာတွေ မြေကြီးထဲမြှုပ်ထားလိုက်
နောင်တစ်ချိန်မှာ အလှဆုံးပန်းတွေပွင့်လိမ့်မယ်
အနာဂတ်ဆိုတာအတိတ်ကစတာတဲ့ ကဗျာဆရာ။

အတိတ်ဆိုးတွေထဲကနေ ခင်ဗျားပြေးထွက်လာခဲ့ပြီး
အခုတော့ အနာဂတ်ကိုမျှော်လင့်နေရှာတဲ့
သူပုန်ကဗျာဆရာတစ်ယောက် ဖြစ်နေပြီ။

ခင်ဗျားကျေနပ်နေတာ အားလုံးသိကြမှာပါ
တစ်ချို့ရက်တွေကိုတော့ ရေတွက်မနေပါနဲ့
ထိုင်ရေနေမဲ့အစား ထသွားလိုက်ပါကဗျာဆရာရယ်။

မြစ်တွေဟာကွေ့ကောက်ပြီး စီးဆင်းသလောက်
မိုးဟာတစ်ဖြောင့်တည်းရွာတာပါ ကဗျာဆရာရယ်
အရာရာဟာသူ့ဆန္ဒနဲ့သူ ဖြစ်တည်နေကျပါပဲ။

ဟောင်းနွမ်းလွန်းတဲ့ ကဗျာဆရာ
သစ်လွင်တောက်ပတာ ဆိုလို့
အမာရွတ်အထပ်ထပ်နဲ့ ရင်ဘတ်ပဲရှိမယ်။

ခင်ဗျားနေ့ရက်တွေမှာ စစ်ရနံ့တွေစွဲနေပြီလား
ခင်ဗျားသက်ပြင်းမောတွေမှာ အိမ်ပြန်သံတွေပါနေရဲ့
ခင်ဗျားမျက်ဝန်းမှာ ဘယ်အရာတွေရီးလေးခိုနေမလဲ။

ဖြစ်နိုင်ရင် ခင်ဗျားပြန်လုပ်ချင်မယ့်အရာတွေရှိမှာပဲ
ဖြစ်နိုင်ရင်လို့အစပြုကတည်းကတော့ ကဗျာဆရာရယ်
မဖြစ်နိုင်တော့တာ ခင်ဗျားအသိဆုံးဖြစ်မှာပါ။

ဖြစ်နိုင်မယ့်အရာတွေ ရှိသေးတာပဲလေ
မဖြစ်မနေလုပ်ရမယ့် အရာတွေအတွက်
ဘယ်တော့မှ နောက်မကျဘူးကဗျာဆရာ။

ဖြစ်သင့်ဖြစ်ထိုက်တာတွေ မဖြစ်ခဲ့တာမျိုးက
ဒီကာလမှာကြားနေကျဆိုပေမဲ့ ဝမ်းနည်းစရာပါပဲ
ဘာပဲဖြစ်ဖြစ် ခင်ဗျားဟာကြည်ဖြူနေအုံးမှာပါ။

ဒါကြီးမပြီးခင် အရင်ဆုံးပြီးသွားတဲ့ပုံပြင်တွေထဲ
ခင်ဗျား စီးမျောလိုက်ပါခံစားနေတုန်းပဲမဟုတ်လား
ခင်ဗျားရဲ့အပြုံးမှာ မချိတင်ကဲမှုတွေအပြည့်နဲ့။

ဘဝဆိုတာ တိုတိုလေးလို့ပြောကြတယ်
စိတ်ကိုတော့ ရှည်နိုင်သမျှရှည်ပါစေတဲ့
မမျှတမှုကို ဒီကနေခင်ဗျားစပြီးယဥ်ပါးလာတာ။

အတိမ်းအစောင်းများတဲ့ ကမ္ဘာကြီးထဲက
အထိအခိုက်အများဆုံးနိုင်ငံလေးလို့ တင်စားခဲ့
ရင်နဲ့ရင်းပြီးရလာတဲ့စာသားတွေလို့ ခင်ဗျားဆိုဖူးရဲ့။

နတ်ဆိုးဟာ မှော်အောင်တဲ့ညတွေကိုဖန်ဆင်းပြီး
သွေးစက်လက်နဲ့အခင်းအကျင်းတွေ မြင်တိုင်း
ခင်ဗျားဟာ အမြဲတမ်းရှုံ့ချနေဆဲပဲကဗျာဆရာ။

ဒါပါးစပ်ရာဇဝင်တွေ မဟုတ်ဘူး
ရွှေပေလွှာပေါ်ရွှေကညှစ်နဲ့ မရေးရပေမဲ့
နှလုံးသားတွေပေါ် ကျည်ဆန်တွေနဲ့ရေးခဲ့ရတာ။

ပြောရင်းနဲ့ ငိုရမလား
ငိုရင်းနဲ့ ပြောရမလား
ဆိုလိုရင်းမှာက ဆုံးရှုံးခဲ့တဲ့လူ့အရင်းအမြစ်ကိစ္စပဲ။

ခင်ဗျားရဲ့ဆန္ဒကို ကျွန်တော်တို့သိပါတယ်
လွတ်လပ်တဲ့ ကောင်းကင်အောက်မှာ
နောက်ဆုံးသောထွက်သက်ကို ထားခဲ့ဖို့မဟုတ်လား။

အရင်က လည်ကတုံးအဖြူရောင်ညစ်ထေးထေးကို
ဗမာလုံချည်အဆင်ကျဲကျဲမှာ ချည်လွယ်အိတ်ကလေးနဲ့
ပြုတ်လုလုသဲကြိုးနဲ့ ကတ္တီပါဖိနပ်အစုတ်ကလေးစီးလို့။

အခုများတော့ စစ်ဝတ်စုံကြီးတစ်ဖားဖားနဲ့
ခင်ဗျားမနှစ်သက်တဲ့ သေနတ်ကြီးလွယ်လို့
ခုံမင်တက်မက်လွန်းတဲ့လွတ်လပ်မှုကို တိုက်ယူမလို့တဲ့။

အရင်လိုခပ်ပေပေကဗျာဆရာပဲ မဟုတ်လား
မြို့ပြနဲ့တောတောင်တွေပဲ ကွာသွားမှာပါ
ကျောခင်းမိသမျှ ကိုယ့်အိမ်ကိုယ့်ယာပဲပေါ့။

လက်ဝဲတွေနဲ့ လက်ယာတွေကြားထဲ
ချောင်ပိတ်နေတဲ့ ခင်ဗျားရဲ့နေ့တွေကို
အောက်စျေးနဲ့ရောင်းတန်းတင်ဖို့ ကြိုးစားဆဲလား။

ဘယ်လောက်ပဲအနာများများ လွတ်လပ်ရေးဆိုတာ
မပုတ်မသိုးတဲ့သစ်သီးတစ်မျိုးလို့ ခင်ဗျားပြောဖူးတယ်
ချိုတယ်ချဥ်တယ်ဆိုတာ စားသုံးသူအကြိုက်ပါပဲတဲ့။

ဒီကာမှာတော့ဖြင့် အားလုံးဟာအခါးတွေကြီးပဲ
အော့အန်မပစ်မိဖို့ပဲ ကြိုးစားနေရတယ်
ပိုးထိုးနေတဲ့နေရာစားမိတယ်ပဲ ဆင်ခြေပေးရမယ်။

အိမ်မက်ထဲမှာ ကဗျာဆရာဟာအလင်းတန်းကြီးနဲ့
သေချာကြည့်မှ ကြယ်စင်စုတန်းကြီးဖြစ်နေတယ်
ဂလက်ဆီတွေနဲ့ခင်ဗျားဟာ ပလဲနံပသင့်လို့။

တကယ့်လက်တွေ့မှာ ဒီလိုပဲလားကဗျာဆရာ
ခင်ဗျားလက်ထဲ ကြယ်တွေဘယ်လောက်ကြွေခဲ့လဲ
ကြယ်လေးတွေမှာ နာမည်တွေပါနေတာဆန်းတယ်။
👍4315🥰1🤮1
ကျန်းမာရေးဂရုစိုက်ပါ ကဗျာဆရာရယ်
စိတ်ချည်းသက်သက်နဲ့ကတော့ အားလုံးလွယ်ပါတယ်
လိုက်လုပ်ကြည့်မှခက်ခဲနေတာ နှစ်(၇၀)ကျော်ခဲ့ပြီ။

အလှည့်အပြောင်း တစ်ခုအတွက်နဲ့
ဘဝတွေပါ ပြောင်းခဲ့ရပြီးပြီ
ဘဝတွေဆိုတာထက် ဘဝများစွာပါကဗျာဆရာ။

သံသရာဆိုတာဘယ်လိုလည်လဲ သေချာမသိဘူး
ကိုယ်နဲ့ဆိုင်တဲ့ထောင့်တွေမှာ ကျွန်တော်တို့ရှိနေတယ်
ပြန်ဆုံကြတော့ပေါ့ ကဗျာဆရာရယ်...။

(The Call - ​ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ခွန်းနီ' ရေးဖွဲ့တဲ့ "ကျွန်တော်သိတဲ့သူပုန် (ဝါ) အထောက်အထားမဲ့ကဗျာဆရာ" ကဗျာကို People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
30👍15🥰1🤮1
30👍11🔥1🥰1
ဖြူးမြို့သို့အရက်သောက်သွားစဉ်စစ်သားစုဆောင်းခံရသည့် စစ်ကောင်စီတပ်သား KNLAထံ အလင်းဝင်

■စစ်ကိုင်းတံတားပေါ်ပြည်သူ၂၀ဦးအစုလိုက်ပေါ်တာဆွဲခံရစဉ် ပါဝင်ခဲ့သူလည်းအလင်းဝင်

ဇွန်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

ပဲခူးတိုင်း ဖြူးမြို့သို့အရက်သောက်သွားစဉ်စစ်သားများကဖမ်းဆီးပြီး စစ်သားစုဆောင်းမှုခံခဲ့ရသည့်စစ်ကောင်စီ၏တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၇) တပ်မှ တပ်သား နေလင်းဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့သည်။

စစ်ကောင်စီ၏ကရင်ဒေသအောင်ဇေယျ စစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်သား နေလင်းဦး၏ ထွက်ဆိုချက်ကို KNLA ကဇွန် ၁၄ရက်တွင်ထုတ်ပြန်ခဲ့သည်။

“ပဲခူးတိုင်း ဖြူးမြို့မှာ အရက်သွားသောက်နေရင်းနဲ့ စစ်သား နှစ်ယောက်က လမ်းမှာတွေ့ရင်း စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ ခေါ်သွားပြီး တော့ စုဆောင်းရေးကို ပို့လိုက်တာ” ဟုနေလင်းဦးက ပြောသည်။

အလင်းဝင်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်း “လက်နက်မကိုင်ချင်လို့၊ အိမ်ပြန်ချင်လို့”ဟု၎င်းက​ဆက်ပြောသည်။
စစ်ကောင်စီတပ်ကို ကြည်မရကြောင်းလည်း ၎င်းက ပြောသည်။ "သူတို့လုပ်နေတဲ့ လုပ်ရပ်တွေက မှန်လည်းမမှန်ပါဘူး။ ကြီးနိုင်ငယ်ညှင်းက တအားလုပ်တာ မခံနိုင်လို့ပါ” ဟုနေလင်းဦးကပြောကြားသည်။ စစ်ကောင်စီတပ်ဖွဲ့တွင်းအောက်ခြေစစ်သည်များကို ထိုးကြိတ်ကန်ကျောက်ခြင်းများ ပြုလုပ်၍ အနိုင်ကျင့်ကြကြောင်းလည်း၎င်းက ဆက်ပြောသည်။

ထိုအပြင်တပ်မ(၅၅)လက်အောက်ခံ ခမရ(၅၁၁) တပ်သားဘိုမင်းဇေယျာထွန်းမှာလည်း KNLAထံအလင်းဝင်ခဲ့သည်။

ဇနီးဖြစ်သူမီးဖွားရန်ရှိ၍အိမ်ပြန်လာစဉ်စစ်တပ်က​​​ပေါ်တာဆွဲပြီး စစ်သားစုဆောင်းခံရဟုအ​တွေ့အကြုံကိုပြောသည်။

“ရမည်းသင်းရွှေတောမှာ ရွှေလုပ်ရင်းနဲ့ မိန်းမက မွေးမှာ ဆိုပြီး ပြန်လာတဲ့ စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံရတယ်။အကုန်လုံး ၂၀ ( အမျိုးသား ၂၀ )အဆွဲခံရတာ”ဟုဘိုမင်းဇေယျာထွန်းကပြောသည်။

စစ်ကောင်စီ၏ တပ်မ(၃၃)ထဲသို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် ဟိုပုံးစစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံရဟု သိရသည်။

“တပ်ထဲမှာလည်းမလုပ်ချင်ဘူး။ တိုက်ရခိုက်ရတာ ဝါသနာမပါဘူး။ ကိုယ့်မိသားစုနဲ့ကိုယ် အေးအေးဆေးနေချင်လို့ အလင်းဝင်လာတာ” ဟုဘိုမင်းဇေယျာထွန်းက ပြောသည်။

အပြစ်မဲ့ ပြည်သူများ ဒုက္ခရောက်အောင်လုပ်နေသည့်စစ်ကောင်စီ၏ လုပ်ရပ်ကိုမကြိုက်ကြောင်း တပ်သား ဘိုမင်းဇေယျာထွန်းက ပြောပြီး ၎င်း၏ သူငယ်ချင်းများလည်း တိုက်ပွဲ၌ ကျဆုံးခဲ့ရဟု ပြောသည်။

ပြည်သူများစစ်ဖိနပ်အောက်ကရုန်းထွက်လိုကြ၍ တော်လှန်ရေးတပ်များ ရှိနေခြင်းသည် အလွန်ကောင်းသည်ဟုလည်း ဘိုမင်းဇေယျာထွန်းက ပြောသည်။

စစ်ကောင်စီတပ်သည်နိုင်ငံတဝန်းဒေသအသီးသီး၌ စစ်ရေးရှုံးနိမ့်ပြီး စစ်အင်အားပြုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိရာ စစ်မှုထမ်း ဥပဒေကို အသုံးချပြီး လူငယ်လူရွယ်များကို နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းကာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်လျက်ရှိသည်။ တိုက်ပွဲများတွင်လည်း အဆိုပါ စစ်မှုထမ်း တပ်သားသစ်များကို ရှေ့တန်းက လူသားဒိုင်းအတွင် စစ်တိုက်ခိုင်းကြောင်းလည်း စစ်သားများ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာစဉ် တပ်တွင်း ဖိနှိပ်မှုအခြေအနေများကို ပြောပြကြသည်။
👍6211😁3🥰1
👍688😁3
အိုးဘိုထောင်မှာရောက်ရောက်ချင်းအရိုက်ခံရတဲ့ သပိတ်ခေါင်းဆောင်တွေကို သံခြေကျဉ်းခတ်ပြီး တိုက်ပိတ်ထား

ဇွန်-၁၅၊ ၂၀၂၅။ဇေအောင်/People's Spring

အိုးဘိုအကျဥ်းထောင်မှာ ရောက်ရောက်ချင်း အရိုက်ခံရတဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ကိုမာန်ဇာမြေမွန်တို့ကို ဆေးကုသခွင့်မပေးဘဲ သံခြေကျဉ်းခတ်ပြီးတိုက်ပိတ်ထားကြောင်းစစ်ကိုင်း
တိုင်းဒေသသပိတ်အင်အားစုကသတင်းထုတ်ပြန်ပါတယ်။

ဇွန်လ(၁၂)ရက်နေ့က မုံရွာအကျဥ်းထောင်ကနေ အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့တဲ့အထဲမှာ
မုံရွာလူထုသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်အပြင် ချောင်းဦးလူထုသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်လည်း ပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အိုးဘိုအ
ကျဉ်းထောင် ထောင်ဝန်ထမ်း​တွေကထောင်အဝင်
ဝမှာတင် တုတ်တွေ၊သံကြိုးတွေနဲ့ ရိုက်နှက်နှိပ်
စက်ခဲ့ကြပါတယ်။

အဲဒီလို ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးကုသမှုလုံးဝမရကြောင်း၊ ကိုဝေမိုးနိုင်နဲ့ ကိုမာန်ဇာမြေမွန်တို့လည်း ရိုက်နှက်ခံရပြီး ဆေးဝါးကုသခွင့်မပေးဘဲ သံခြေကျဉ်းခတ်ကာတိုက်ပိတ်ထားကြောင်း စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက သတင်းထုတ်ပြန်ပါတယ်။

"ကိုဝေမိုးနိုင်ရဲ့နေထိုင်စားသောက်မှု နဲ့ကျန်းမာရေး
အခြေအနေ ဘာမှမသိရဘူး။ မိသားစုဝင်တွေကိုလည်း ဆက်သွယ်ခွင့်မပေးဘဲနဲ့ တိုက်ပိတ်ထားတယ်လို့သိရတယ်။"လ်ို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်ကိုရှင်းသန့်ကပြောပါတယ်။

ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၅၀ ကျော်ရှိပြီး ဦးခေါင်း၊လက်နဲ့ နောက်ကျောတလျှောက်မှာ ထိရှ၊ပေါက်ပြဲ ဒဏ်ရာတွေ ရရှိထားတယ်လို့မြနမာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်
ရက်(PPNM)ကလည်း ထုတ်ပြန်ထားပါတယ်။

လူထုသပိတ်ခေါင်းဆောင်များအပါအဝင် နိုင်ငံ
ရေးအကျဉ်းသားတွေရဲ့ အသက်ရှင်သန်မှုနဲ့ ကျန်း
မာရေးအခြေနေအားလုံးကို ထောင်အာဏာပိုင်တွေက တာဝန်ခံရမှာဖြစ်ပြီးအခုလိုနှိပ်စက်ညှင်း
ပန်းမှုတွေကို မှတ်တမ်းတင်ထားကာ မဝေးတဲ့ကာလမှာ ပြည်သူလူထုကနေ တရားစီရင် အပြစ်
ပေးအရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက သတိ​ပေးထားပါတယ်။
🤬7113😢8😡2👎1
သပိတ်​ခေါင်း​ဆောင်ကို​ဝေမိုးနိုင်ကို မုံရွာမြို့မှာပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုမှာ​တွေ့ရစဥ်။
ဓါတ်ပုံ-မုံရွာလူထုသပိတ်တိုက်ပွဲဦး​ဆောင်​ကော်မတီ
👍5115🥰1🤮1🙏1
ကျောက်ဖြူတိုက်ပွဲ ဗိုလ်မှူးချုပ်တစ်ဦး သေဆုံးပြီးနောက်အရာရှိများအပါအဝင်စစ်သားများ AA ထံလက်နက်ချ

ဇွန်-၁၅၊၂၀၂၅။အိမ်သွင်/People's Spring

ကျောက်ဖြူမြို့နယ်တွင်မေလကုန်ပိုင်းတိုက်ပွဲအတွင်းတပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင် သေဆုံးပြီးနောက်ပိုင်း ရှေ့တန်းရောက်စစ်စစ်ကြောင်းများ ဖရိုဖရဲဖြစ်သွားပြီး
အာရက္ခတပ်တော်(AA)ထံလက်နက်ချကြကြောင်း သတင်းရရှိသည်။

မေလ ၂၇ရက်နေ့က ကျောက်ဖြူမြို့၊ အမှတ်(၃၂)
ရဲတပ်ရင်းကာကင်းစခန်းဖြစ်သောနှမ်းဖဲတောင်
စခန်းသိမ်းတိုက်ပွဲ၌ဗိုလ်မှူးချုပ်ကျော်မျိုးအောင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့သည်။ တိုက်ပွဲသည် တပ်မ(၁၁) နှင့် တပ်မ (၉၉)ပူးပေါင်းစစ်ကြောင်း နှင့် AA ထိတိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး မေ ၃၀ ရက်အထိ တိုက်ပွဲဖြစ်ခဲ့သည်။ ထို​နောက် ​မေ ၃၀ ရက်​နွေညနေပိုင်းမှစကာ စစ်ကြောင်းလိုက်လက်နက်ချကြခြင်းဖြစ်သည်ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

"စစ်ကြောင်းက ဖရိုဖရဲဖြစ်ပြီး လက်နက်ချသူချ ၊ ဖမ်းမိသူဖမ်းမိနဲ့ ဖြစ်တာ။ ဖမ်းမိထားတာတွေမှာ
ဒုဗိုလ်မှူးကြီး ကျော်လင်းကြိုင်ပါတယ်။ လက်နက်
ချကြတာများတယ်"ဟုအထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်သည်တိုင်းစစ်
ဦးစီးမှူးဖြစ်ပြီး မေ ၃၀ ရက်နေ့ညနေ ၃ နာရီခန့်က ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာရှိ စက်မှု၊လက်မှုသင်တန်းကျောင်းအနီးဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ AAထံ လက်နက်ချခြင်းဖြစ်သည်ဟုသတင်းရရှိသည်။ ၎င်း အပြင် အဆိုပါတိုက်ပွဲ၌ အခြား စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်းလက်
နက်ချခဲ့သည်။

ဗိုလ်မှူးချုပ်ကျော်မျိုးအောင်သည် ကျောက်ဖြူသို့ စစ်ကူပို့ခံရသည့်တပ်မ(၁၁)၊ ခြေမြန်တပ်ရင်း ဌာ
နချုပ်မှ ဖြစ်ပြီး မသေဆုံးမီက ဗိုလ်မှူးကြီးအဆင့်
ဖြစ်ကာသေပြီးမှဗိုလ်မှူးချုပ်ရာထူးတိုးပေးခံရခြင်းဟု စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။ ၎င်း
၏ ရုပ်အလောင်းကိုမေလ၂၉ရက်နေ့တွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပြန်သယ်သွားခဲ့သည်။

လက်ရှိတွင် ကျောက်ဖြူမြို့၊ အမှတ်(၃၂)ရဲတပ်
ရင်းအနီး၌ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်တွင် ဓညဝတီရေတပ်စခန်းအပြင် တောင်မော်ကြီးရေတပ်စခန်းနှင့် အုန်းကျွိန်ရေတပ် စခန်းတို့အပြင် ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ အမှတ် (၃၂) ရဲတပ်ရင်းတို့ရှိသည်။
ထို့အပြင် စစ်မှုထမ်းသင်တန်းဆင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များကို အဓိကထားရှိသည့် စစ်​ဆေးရေးဂိတ်များလည်းရှိနေသည်။

AAသည်ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကိုပြီးခဲ့သည့်
ဇန်နဝါရီလမှစတင်၍အရှိန်မြင့်ခဲ့သည်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်း
ယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်က လှုပ်ခတ်​သောစစ်ကိုင်းငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့သည်။ သို့သော် စစ်ကောင်စီက လေကြောင်းမှ အင်အားဖြည့်ပြီး AAရှိသည့်နေရာများကို စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများပြင်းထန်နေခြင်းဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ယခုရက်ပိုင်းတိုက်ပွဲများ၌တရုတ်နိုင်ငံသားများအ
ပါအဝင်အထူးစီးပွားရေးဇုန်မှဝန်ထမ်းအချို့ ထွက်
ပြေးသွားကြောင်းသတင်းများထွက်ပေါ်နေသော်
လည်း အသေးစိတ်မသိရှိရသေးပေ။

ကျောက်ဖြူမြို့အပြင် AAနှင့် စစ်ကောင်စီသည် စစ်တွေမြို့၌လည်း စစ်ရေးတင်းမာနေသည်။နှစ်
မြို့စလုံးမှ တိုက်ပွဲသတင်းများကို AAက အသေး
စိတ်ထုတ်ပြန်ထားခြင်းမရှိသော်လည်း စစ်ကောင်
စီ၏ထိုးစစ်များကို ခုခံနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ပြီးခဲ့သည့် ဧပြီလ ၅ရက်က ထုတ်ပြန်ထားသည်။

AAသည် ရခိုင်ပြည်နယ်မှမြို့သိမ်းတိုက်ပွဲများအ
တွင်း ဖမ်းမိခဲ့သည့်စစ်သုံ့ပန်းများ၊ အလင်းဝင်လာသူများကို စိစစ်၍ ပြန်လွှတ်ပေးနေသည်။ ထို့အ
ပြင်လက်နက်ချအလင်းဝင်သူများကို ကြိုဆိုမည်ဖြစ်ပြီး လက်နက်မချပါက ခြေမှုန်းတိုက်ခိုက်သွားမည်ဟုလည်း သတိပေးထားသည်။

အမ်းမြို့သိမ်းတိုက်ပွဲတွင် AAက ဖမ်းမိခဲ့သည့် နပခတိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်၌ စစ်ရှုံးနေပြီဆိုသည်ကိုလက်ခံရန် နှင့် ပြည်သူလူထုကိုဗုံးကြဲတိုက်ခိုက်ခြင်းမပြုရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်းခေါင်းဆောင်မပီသသည့် စစ်ကောင်စီခေါင်းဆောင်လက်အောက်၌ တာဝန်မထမ်း‌ဆောင်ဘဲ လက်နက်ချကြရန် ရုပ်သံမှတဆင့် တိုက်တွန်းခဲ့ဖူးသည်။
👍9628👏8🥰3🖕3