ထရမ့်ကအဲဒီလိုဗီဇာပိတ်ပင်တာဟာအကြမ်းဖက်
သမားတွေ အဓိက ပေါ်ထွက်လာတတ်တာနဲ့ တ
ခြား စိုးရိမ်စရာရှိတဲ့ နိုင်ငံတွေကနေ အမေရိကန်ထဲ ရွှေ့ပြောင်းဝင်ရောက်တာတွေကို တားဆီးဖို့ ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ဗီဇာပိတ်တဲ့ ကြေညာချက်ကို ဝါရှင်တန်ဒီစီမှာ ဒေသစံတော်
ချိန်အရ ဇွန်လ ၄ ရက် ညပိုင်းမှာ ထရမ့်က ကြေ
ညာခဲ့ပြီး ဇွန်လ ၉ ရက်နေ့မှာ စတင် အသက်ဝင်ခဲ့ပါတယ်။
ထရမ့်ရဲ့ အမိန့်နဲ့ အမေရိကန်က ဗီဇာပိတ်လိုက်တဲ့ နိုင်ငံတွေ စာရင်းကတော့ မြန်မာ၊ အာဖဂန်နစ္စတန်၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်လ် ဂီနီယာ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန် နဲ့ ယီမင်တို့ပဲ ဖြစ်ပါတယ်။
ထရမ့်က နိုင်ငံတွေကို ရွေးချယ်ပြီး ဗီဇာပိတ်ရာမှာ နောက်ထပ်အကြောင်းပြချက်ပေးတာတွေလည်း ရှိပါတယ်။အဲဒါတွေက အမေရိကန်ကို ဝင်ရောက်ပြီးရင်ဇာတိနိုင်ငံမပြန်ဘဲ overstayအဖြစ် နေထိုင်သူအများအပြားရှိတဲ့နိုင်ငံတွေ၊ အမေရိကန်က တရားမဝင် အခြေချသူတွေကို ပြန်ပို့တဲ့ အခါတိုင်း အလွယ်တကူ လက်မခံတဲ့ နိုင်ငံတွေကိုလည်း ဗီဇာပိတ်ကြောင်း ထရမ့်က ဆိုတယ်။လက်တွေ့အား
ဖြင့်တော့ ပစ်မှတ်ထား ပိတ်ဆို့ခံရတဲ့ အများစုဟာ အမေရိကန်မှာ ခိုလှုံခွင့်ရဖို့ မျှော်လင့်နေသူ ဖိနှိပ်ခံ ပြည်သူတွေနေထိုင်တဲ့နိုင်ငံတွေ ဖြစ်နေပါတယ်။
ထရမ့်ရဲ့ မူဝါဒဟာအမျိုးသားလုံခြုံရေးနဲ့ ဘာမှမပတ်သက်ကြောင်း၊ တကယ့် ရည်ရွယ်ချက် အမှန်က သွေးကွဲမှုတွေကို ဖန်တီးပေးပြီး အမေရိကန်မှာ ခိုလှုံခွင့်ရဖို့ မျှော်လင့်နေတဲ့ လူ့အဖွဲ့အစည်းတွေကို ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်မှုသက်
သက်သာဖြစ်ကြောင်း နိုင်ငံတကာ ဆင်းရဲမွဲတေမှုနဲ့ မညီမျှမှု တိုက်ဖျက်ရေး အစုအဖွဲ့ တစ်ခုဖြစ်တဲ့ Oxfam America ရဲ့ ဥက္ကဋ္ဌ အက်ဘီ မက်စ်မန်းက ပြောကြားခဲ့ပါတယ်။
https://www.ludunwayoo.com/%e1%80%98%e1%80%ac%e1%80%9e%e1%80%ac%e1%80%95%e1%80%bc%e1%80%94%e1%80%ba-%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%b8-my/2025/06/11/123772/

LuduNwayOo
စစ်ဘေးသင့် နိုင်ငံတွေကို ဗီဇာပိတ်ပြီး ရေနစ်သူ ဝါးကူထိုးခဲ့တဲ့ ထရမ့်
ပြီးခဲ့တဲ့ နှစ်တွေထဲမှာ မြန်မာပြည်သူတွေဟာ စစ်အာဏာသိမ်းမှု၊ ပြည်တွင်းစစ်၊ အဓမ္မ စစ်မှုထမ်း ခိုင်းစေမှု၊ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဆိုးရွားလှတဲ့ မြေငလျင်ကြီး တစ်ခုရဲ့ ဒဏ်ကိုပါ ဒုက္ခပေါင်းစုံ တစ်ခုပြီးတစ်ခု ခံစားခဲ့ရပါတယ်။
👎35❤13👍5🔥3
ရွှေစျေးတည်ငြိမ်ကျဆင်းရေးအတွက်ရွှေဆိုင်များဆက်လက်ဖွင့်လှစ်ထားနိုင်သော်လည်း အခေါက်
ရွှေများရောင်းဝယ်ခြင်းမလုပ်ရန်နှင့်ရွှေလှော်ဖို(ရွှေသန့်စင်ဖို)လုပ်ငန်းများခေတ္တရပ်ရန်ရွှေလုပ်ငန်းရှင်
များအသင်းကိုစစ်ကောင်စီကခြိမ်းခြောက်ထား
သည်။
“စစစ(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)က စစ်မယ်။မိရင် ကိုယ်ဖြစ်ကိုယ်ခံပေါ့။အခုက ရွှေစျေးတက်တာနဲ့ ရွှေဆိုင်သူဌေးတွေ မျက်ခုံလှုပ်နေရပြီ။စီးပွား ရေးအကြောင်း မသိတဲ့ ကောင်တွေအုပ်စိုးနေသမျှတော့ ဘာစီးပွားရေးမှကောင်းကောင်းမွန်မွန်လုပ်စား မရဘူး”ဟုရွှေသန့်စင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိနေသည့် ရွှေလုပ်ငန်း ရှင်အသင်းက ဇွန် ၁၄ ရက်တွင်၁၆ ပဲရည်တစ်ကျပ်သား ၅၉ သိန်း ကျပ်ဖြင့် စျေးဖွင့်ထားသည်။ထိုစျေးဖြင့်မည်သည့် ရွှေဆိုင်မှ အရောင်း၊အဝယ်မပြုလုပ်ပေ။
https://www.ludunwayoo.com/news-mm/2025/06/15/124135/

ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီခြိမ်းခြောက်
ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။
❤30👍11😁8👎2💩2
အမှတ်၉၀၇၆တပ်ရင်းမှူးကိုလက်ျာကလည်း“အဲဒီရွာကအရင်ကတော့ပျူစောထီးတွေရော၊စကစရောလာထိုင်တယ်။အခုကရေတိုးလို့မထိုင်တော့တာလို့ သိရတယ်။ယူနီဖောင်း တွေဆိုပြည်သူ့စစ်ယူနီဖောင်း တွေပေးထားတာရှိတယ်”ဟုပြော
သည်။
ယခုတိုက်ပွဲသည် ဝက်လက်မြို့နယ်အတွင်းက ရွှေဘိုင်ခရိုင်တပ်ရင်း ၆ ရင်း၏ ပထမဆုံးပူးပေါင်းတိုက်ပွဲ၏ အောင်မြင်မှုဖြစ်ပြီး နောက်ထပ်လည်းပိုကြီးသောအောင်ပွဲများကို ရယူပေးသွားမည်ဟု ကိုလက်ျာက ပြောသည်။
တိုက်ပွဲတွင် ပါဝင်ခဲ့သောတပ်ရင်းများသည် ၁၀၂၇ စစ်ဆင်ရေး နှင့် ရှမ်းမန်းစစ်ဆင်ရေးတွင်ရှမ်း
ပြည်နယ်မြောက်ပိုင်းတိုက်ပွဲများနှင့်မန္တလေးတိုင်းအတွင်းမြို့သိမ်းတိုက်ပွဲများတွင်ပါဝင်ခဲ့သော အညာတပ်ရင်းများဖြစ်သည်။
https://www.ludunwayoo.com/news-mm/2025/06/15/124112/

ရွှေဘိုနယ်၊ ဆယ်ပင်ကျွန်းပျူစခန်းကို PDF နှင့် ပကဖ တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်း ၁၈ ဦး ဖမ်းမိပြီး လက်နက် ၁၀ လက်ရ
၁၀၂၇ စစ်ဆင်ရေး နှင့် ရှမ်းမန်းစစ်ဆင်ရေးပြန်PDF များပူးပေါင်းစစ်ဆင်ရေးဖြစ်
❤63👍24👎2🥰1🤣1
"ညက လမ်းမတော်မှာ ဖြစ်သွားတာ တော်တော်ကြမ်းတယ်။ ရဲကို အုပ်လိုက်ကြီးကားနဲ့လာပြီး ဓားနဲ့ခုတ်သွားတာတဲ့။ နောက်ကျမှ အခြားရဲတွေ ရောက်လာပြီး သေနတ်နဲ့ပစ်မှ ထွက်ပြေးသွားကြတာပါ။ ၃ ယောက်ပဲ ဖမ်းမိတယ်။ အခုတ်ခံရတဲ့ရဲ တော်တော်ထိသွားတယ် ကြားတယ်။ မိန်းမကိစ္စ ညှိတယ်လို့တော့ ကြားတယ်။ မနေ့ညထဲက လမ်းမတော်ပတ် တလျောက်လုံး ရဲတွေ အုပ်ကြီးတွေ ပေါင်းပြီး ဧည့်စာရင်းတွေ စစ်နေတယ်” ဟု လမ်းမတော်မြို့နယ်နေ ပြည်သူတစ်ဦးကပြော
သည်။
https://www.ludunwayoo.com/news-mm/2025/06/15/124118/
သည်။
https://www.ludunwayoo.com/news-mm/2025/06/15/124118/
LuduNwayOo
ရန်ကုန်မြို့မှာ စစ်ကောင်စီရဲတွေ နဲ့ ပျူစောထီးအဖွဲ့တွေ အချင်းချင်းပစ်ခတ်နေ
ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီးခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။
👏75❤15😁8👍4🔥2
■Short Story
"ကိုတို့ဟာ ပစ်တိုင်းထောင်လေးတွေပါ ယုမေ"
◼️ဘရိုင်ယံရိန်း
(၁)
စိန်လက်စွပ်က ဆယ်သိန်းငါးသောင်း။
ရွှေဆွဲကြိုးက ဆယ်သိန်းသုံးသောင်း ငါးထောင်။
Confirm နော် ညီမ။
ခဏနေ ပိုက်ဆံလွှဲမယ်။
(၂)
မနက်စောစောကြီး ကိုတို့ online marketing ပိုင်းမှာ customer တယောက်က စိန်လက်စွပ်တကွင်းနဲ့ ရွှေဆွဲကြိုးတပင် ဈေးဦး စဖောက်ပေးသွားတယ် ယုမေ။ ပိုင်ရှင်တွေတော့ ဒီပမာဏလေးအတွက် ပျော်ရဲ့လား မသိနိုင်ပေမယ့် ကိုတို့ Online Marketing Department မှာ ရှိတဲ့လူတွေတော့ ပျော်နေလိုက်တာမှ ကိုယ်ပိုင်ပစ္စည်းလေးတခု ရောင်းထွက်သွားသလိုပါပဲ။
ကို အလုပ်လုပ်တဲ့ စိန်ရွှေရတနာဆိုင်ရဲ့ Online Marketing Department မှာ လောလောဆယ် ၀န်ထမ်းသုံးဦးရှိတယ် ယုမေ။ ကောင်မလေးချောချော နှစ်ယောက်ရယ် ကိုရယ်ပေါ့။ တယောက်က တက္ကသိုလ်စတက်ရမယ့် ကလေးမလေး။ သွက်သွက်လက်လက်နဲ့ တွဲလုပ်ရ သိပ်အဆင်ပြေတယ်။ Idea ဆန်းဆန်းတွေလည်း သူ့ဆီမှာရှိတယ်။ နောက်တယောက်က ကိုနဲ့တူတယ် သိလား။ ပညာရေး၀န်ထမ်းတွေပဲ။ ကိုက မူအုပ်ပြုတ်။ သူက ထက်ပြပြုတ်။
တခုပြောပြရဦးမယ် ယုမေ။ အရောင်းပိုင်းအတွက် အလုပ်လျှောက်လွှာတွေ ရောက်လာတော့ ကိုဖတ်ကြည့်မိတဲ့ နေ့ကပေါ့။ လက်သီးကို ကျစ်အောင်ဆုပ်ပြီး အံကိုကြိတ်လိုက်မိတယ်။ ပညာရေးတက္ကသိုလ်ဆင်းခါစ လုပ်သက်နှစ်နှစ်ရထားတဲ့ ဆရာမလေးက လာလျှောက်ထားတယ် ယုမေ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွာဆိုတာ ကို နားလည်ပါတယ်။ ဒါပေမဲ့ ရင်နာစရာကြီး မဟုတ်လား ယုမေ။ ခွေးတအုပ်ကြောင့် ပျက်ခဲ့ရတဲ့ အဖြူအစိမ်း သိုက်နန်းရှင်မလေးလေ။
အဲဒီနေ့က လျှောက်လွှာကို လက်ထဲကိုင်ရင်း စိတ်ထဲက ဆုတောင်းပေးမိသေးတယ်။ သူရဲကောင်းမလေး ကံကောင်းပါစေပေါ့။
အင်တာဗျူးလာဖြေတော့ သွက်သွက်လက်လက်နဲ့ ပွင့်ပွင့်လင်းလင်းရှိတာကို ကြည့်ပြီး ကို့ Department ကို ရောက်လာရင်ကောင်းမယ်လို့ အတွေး၀င်မိတယ် ယုမေရယ်။ တခြားစိတ်တော့ ကို့မှာမရှိပါဘူး။ တချိန်က အဖြူအစိမ်း၀တ် မိသားစုချင်းလေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အင်တာဗျူးတွေ ပြီးသွားတော့ ပိုင်ရှင်က ကို့ကိုပြောတယ်။ စီ (CDM) နှစ်ယောက် အတူတွဲပေးလိုက်မယ်တဲ့။ ကောင်မလေးကြည့်ရတာ သွက်သွက်လက်လက်နဲ့ဆိုတော့ online ပိုင်း အဆင်ပြေလိမ့်မယ်တဲ့။ ၀မ်းသာလိုက်တာ ယုမေရယ်။ ကိုယ်တို့ စီလေးတယောက် အလုပ်ရပြီလေ။ ဒီလိုနဲ့ ထက်ပြုတ်လေးရယ် ကိုရယ် အလုပ်တွေ တွဲလုပ်ဖြစ်ကြတယ်ပေါ့ ယုမေ။
ကို ဒီအလုပ်ကိုရောက်ပြီး တလအတွင်း ကိုတို့အလုပ်မှာ စီ (၄) ယောက်တိတိကို ပိုင်ရှင်က အလုပ်ခန့်ခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် အခုလက်ရှိမှာတော့ ကိုယ်ရယ်၊ ခုနကပြောတဲ့ ထက်ပြုတ်လေးရယ်ပဲ ဆက်ရှိနေတယ်။
ဒီနေရာမှာ ကို တအံ့တဩ ချီးကျူးမိတဲ့သူတယောက်ရှိတယ် ယုမေ။ ကိုတို့ ဆိုင်ပိုင်ရှင်လေ။ တော်ရုံနဲ့ စီတွေဆို အလုပ်မခန့်ကြတဲ့ခေတ်ထဲ ရဲရဲဝံ့ဝံ့ အလုပ်ခန့်ပေးခဲ့တယ်။ ကို့ကို အင်တာဗျူးတုန်းကလည်း ကိုက စီတယောက်ဖြစ်ကြောင်း၊ တကယ်လို့ လူကြီးမင်းရဲ့ စီးပွားရေးအတွက် တစုံတရာ ထိခိုက်နိုင် တယ်လို့ ယူဆရင် အလုပ်မခန့်လို့ရကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောပြခဲ့တယ်။ အလုပ်လိုလို့ ဆိုပေမယ့် ကို့ကြောင့်တော့ အခြားတယောက် ဒုက္ခရောက် တာ ကို မလိုချင်ဘူးလေ။
ကို ရောက်လာပြီးနောက်ပိုင်းမှ စီလေးတွေ တယောက်စ နှစ်ယောက်စ ရောက်လာတော့ တခြားသူတွေက ဆိုင်ပိုင်ရှင်ကို စကြတယ်။ စီတွေချည်း အလုပ်ခန့်နေနော်။ တော်ကြာ အားလုံး အတူတူ၀င်နေရမယ်တဲ့။ ဟား သူတို့ပြောတာလည်း ဟုတ်သားမလား ယုမေ။
လုပ်ဖော်ကိုင်ဘက်အချင်းချင်း နောက်နေတာသိပေမယ့် ကိုက "ခုချိန်မျိုးမှာ စီတွေကို အလုပ်ခန့်တယ်ဆိုတာ နိုင်ငံတော်အပေါ် ကျေးဇူးစောင့်သိခြင်း တမျိုးပဲလေ" လို့ အတည်ပြန်ပြောလိုက်တော့ အားလုံးက သဘောအကျကြီး ကျနေလေရဲ့။ သိတယ်မလား ယုမေ။ ကိုက စကားလုံးတွေနဲ့ ချုပ်တတ်တယ်ဆိုတာ။
အရင် အဖြူအစိမ်း၀တ် အခြေအနေတုန်းကလည်း ကို့ဘေးနားက ကလေးလေးတွေ၊ လုပ်ဖော်ကိုင်ဘက်တွေကို ပျော်အောင်ထားခဲ့ဖူးတယ်။ အခုအလုပ် မှာလည်း ကိုယ့်ဘေးနားကလူတွေကို ပျော်အောင်ထားတယ်။ အခြေအနေဆိုးကြီးကြား အားလုံးစိတ်ညစ်နေတဲ့ကြားထဲ ကို့ကြောင့် တယောက်လောက် ပျော်သွားတာကို မြင်ရင်လည်း ငြိမ်းချမ်းရေးပဲမဟုတ်လား ယုမေ။
(၃)
"အကိုရေ Page Messengerလေး တချက်ကြည့်လိုက်ပါဦး "
ရုံးခန်းတံခါးကို အားပါးတရဆွဲဖွင့်ရင်း အော်ပြောလာတဲ့ ထက်ပြုတ်လေးရဲ့နဖူးမှာ ချွေးလေးစို့နေတာ ကို မြင်လိုက်တယ် ယုမေ။ နောက်ပြီး ပျော်ရွှင်ခြင်းတွေရောပေါ့။
"ညီမဆီ customerစာစပို့ကတည်းကနေ Confirm ဖြစ်သွားတဲ့အထိ page chat box ကို ကို ထိုင်ကြည့်ပြီး ထိုင်ပျော်နေတယ်။ ဒီနေ့တော့ ဈေးဦးဖောက် လှပြီဟေ့"
"ညီမလည်း ပျော်နေတာ။ အကိုသိပြီးသားဆိုတာ သိတော့သိတယ်။ ဒါပေမဲ့ လူကိုယ်တိုင် လာကြွားချင်လို့ ဟီး။ ဒါပဲနော် ဆိုင်ထဲပြန်လိုက်ဦးမယ်"
ရုံးခန်းတံခါးပိတ်ပြီး သူထွက်သွားတော့ အထဲမှာရှိတဲ့ တခြားသူတွေ နောက်ကြတယ်။ ဈေးဦးအကြီးကြီး ဖောက်တယ်ဆိုတော့ တဝိုင်းနော်တဲ့။ ရတယ်လေလို့ပြောပြီး ကို ပြုံးနေဖြစ်တယ်။ ဒါက ကိုယ့်အကျွမ်းကျင်ဆုံး ဘာသာရပ်လေ ယုမေ။ အဆင်မပြေရင်လည်း ပြုံးထားတယ်။ အဆင်ပြေရင်လည်း ပြုံးထားတယ်။ မျက်လုံးဖတ်တတ်သူတွေပဲ ကို့အပြုံးဟာ ဘယ်လိုအဓိပ္ပာယ်ကို ဝှက်ထားလဲ သိနိုင်လိမ့်မယ်။ ကို ပြုံးနေဆဲမှာပဲ

❤36👍5🥰2🤮1
ရုံးခန်းထဲမှာရှိတဲ့ ညီမလေးတယောက်ဆီကနေ စကားတခွန်း ဆန့်ထွက်လာတယ် ယုမေ။
"အကိုတို့ အမတို့လို အတွေ့အကြုံရှိတဲ့ ဆရာတွေ၊ ဆရာမတွေကို ဒီလို အရောင်းပိုင်းမှာ တွေ့နေရတာ ညီမ တကယ်ကို စိတ်မကောင်းပါဘူး။ တကယ် စိတ်ရင်းနဲ့ပါ။ စာသင်ခန်းထဲ ပျော်နေတာကိုပဲ အမြန်ပြန်မြင်ချင်ပြီ"
မမျှော်လင့်ဘဲ ရုတ်တရက် ကြားလိုက်ရတော့ ခါတိုင်းဆို သွက်နေတဲ့ ကို့နှုတ်က ဒီတစ်ခါ အ, နေလိုက်တာ ယုမေရယ်။
"ကျေးဇူးတင်ပါတယ် ညီမရယ်" လို့ ပြန်ပြောလိုက်ပေမယ့် အသံမထွက်ခဲ့ဘူး။ တကယ်ပါကွာ။ လည်ပင်းမှာ တစ်, ဆို့နေတယ်။
နောက်ပြီး ကို့နားထဲ ကလေးတွေရဲ့ တီတီတာတာအသံလေးတွေ တိုးတိုးတိတ်တိတ် ကြားယောင်ဖြစ်တယ် ယုမေ။
"အကိုက ဘာလို့ တပြုံးပြုံးနဲ့ ဖြစ်နေတာလဲ"
မညာပါဘူး ယုမေ။ ကိုယ့်ကိုယ်ကိုယ် ပြုံးနေမိမှန်းတောင် ကို သတိမထားမိဘူး။ ရုံးခန်းထဲက ညီမလေးက လှမ်းပြောတော့မှ ကို့မှာ ရှက်ပြီး မျက်နှာကို လက်နဲ့သပ်ချရတယ်။ ထူးဆန်းတယ် သိလား ယုမေ။ ကိုယ့်မျက်လုံးထောင့်မှာ အရည်တချို့ စိမ့်ဥနေကြောင်း လက်ခံစားမှုအရ ကို သိလိုက်ရတယ်။
ဒီတော့ ကို နောက်တကြိမ် ပြန်ပြုံးဖြစ်သွားတာပေါ့။ ဒီတခါတော့ သိမှုဖြင့် ပြုံးခြင်းပေါ့ ယုမေ။
တကယ်ပါ ကိုတို့ဟာ .....။
(The Call - ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ဘရိုင်ယံရိန်း' ရေးဖွဲ့တဲ့ "ကိုတို့ဟာပစ်တိုင်းထောင်
လေးတွေပါ ယုမေ" ဝတ္ထုတိုကို People's Spring
က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,533 likes · 3,035 talking about this. News & media website
❤42👍14🥰4🤮1
ဒေါက်တာ နိုင်ထွဋ်အောင်သည် စစ်ကောင်စီထံသို့ လက်နက်များတင်ပို့ရောင်းချနေသည့် IGG- International Gateways Groupကုမ္ပဏီအုပ်
စု၏ပိုင်ရှင်ဖြစ်ပြီး စင်္ကာပူနိုင်ငံတွင်အနေများကာ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အလွန်ရင်းနီးသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြော
သည်။
IGG ကုမ္ပဏီအုပ်စုတွင် Myanmar New Era Trading ကုမ္ပဏီအပါအဝင် ပြည်တွင်း နှင့် စင်ကာပူ ၊ဟောင်ကောင် ၊ထိုင်း အပါအဝင်နိုင်ငံတ
ကာ၌ ကုမ္ပဏီပေါင်း ၄၀ ခန့်တည်ထောင်လုပ်ကိုင်နေသော လုပ်ငန်းစုဖြစ်သည်။ထိုကြောင့် ဒေါက်
တာ နိုင်ထွဋ်အောင်သည် လူမြင်ကွင်းရှေ့သို့အ
ထွက်နည်းသော်လည်း စစ်တပ်အတွက်လက်နက်ပွဲစားလုပ်ရာမှ လွန်စွာ အကျိုးအမြတ်ရပြီး ချမ်း
သာနေသော ခရိုနီတဦးဖြစ်သည်။
“စစ်ကောင်စီက လက်နက်တွေ ထပ်ဝယ်ဖို့ ရှိနေတယ်။ ဒေါက်တာနိုင်ထွဋ်အောင်က အချိန်ကိုက် လှုပ်ရှားတဲ့သဘောပါ။သူလုပ်ကွက်တွေထပ်ရသွားမှာပါ” ဟု အထက်ပါလုပ်ငန်းရှင်ကပြော
သည်။
ဒေါက်တာနိုင်ထွဋ်အောင် ယခုလှူသည့် ရွှေသား ၃ ပိဿာနှင့်ကျပ်သိန်းပေါင်း၂၆၀၀၀ ကိုစစ်ကောင်
စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ်မှဦးဆောင်၍ လက်
ခံရယူသွားခဲ့သည်။
အဆိုပါအလှူနဲ့ပတ်သက်ပြီးပြည်သူတဦးကတော့ “မဟာမုဏိဘုရားကတော့ နိုင်ထွဋ်အောင်ရဲ့ အကုသိုလ်အားကယ်တင်နှိုင်လိမ့်မယ်မထင်ပါဘူး”ဟု မှတ်ချက်ပြုပါသည်။
https://www.ludunwayoo.com/feature-mm/2025/06/09/123422/

မဟာမုနိဘုရားဒါယိကာ မျက်နှာဖုံးတပ်ရှေ့ထွက်လာတဲ့ လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်
စစ်ကောင်စီ၏အဓိကလက်နက်ပွဲစားတဦးဖြစ်သော ဒေါက်တာနိုင်ထွဋ်အောင်က စစ်ကိုင်းငလျင်ကြောင့်ပျက်စီးသွားသည့် မန္တလေးမဟာမုနိဘုရားကြီး စိန်ဖူးတော်အသစ်ပြုလုပ်ရန်ဟုဆိုကာ ရွှေသား ၃ ပိဿာ နှင့်ကျပ်သိန်းပေါင်း ၂၆,၀၀၀ ကို လှူဒါန်းလိုက်သည်။
🤣36👍13💩13❤10🖕4🤮2🥰1
ပျူတဦးမိသားစုဝင် ၁၂ ဦးပါခေါ်လာပြီး
ပကဖလှုပ်ရှားတပ်ရင်းထံအလင်းဝင်
■သေနတ်တစ်လက်နှင့် ခဲယမ်းများယူလာ၍ သိန်း ၅၀ ချီးမြှင့်ခံရ
ဇွန်-၁၅၊၂၀၂၅။ထင်လင်း/People's Spring
ပခုက္ကူမြို့နယ်၊အောင်သာကျေးရွာ၌စစ်ကောင်စီတပ်နှင့်ပျူစောထီးအထိုင်စခန်းတွင်ကြီးနိုင်ငယ်ညှင်းလုပ်၍ဆိုကာ ပျူစောထီးတစ်ဦး မိသားစုပါခေါ်လာပြီးအလင်းဝင်လာကြောင်းပခုက္ကူ ပကဖ လှုပ်ရှားတပ်၊ တပ်ဖွဲ့(၅) ဧရာဒေါင်းတပ်ဖွဲ့မှ တာ
ဝန်ရှိသူတစ်ဦးက ပြောသည်။
ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့နယ်ခွဲ၊အောင်သာရွာ
ပျူစခန်းမှ ပျူစောထီး (ခေါ်)ပြည်သူ့စစ်တစ်ဦးသည် ဧရာဒေါင်းတပ်ဖွဲ့ထံချိတ်ဆက်ကာ ဇွန်လ ၁၂ ရက်နေ့က မိသားစုလိုက် အလင်းဝင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
"အပြစ်မရှိတဲ့ ပြည်သူလူထုကိုသေနက်ပြောင်းမလှည့်ချင်တာရယ်၊ပျူစောထီးစခန်းမှာကြီးနိုင်ငယ်ညှင်းလုပ်လွန်းတာကြောင့်ရယ်လို့ဆိုပါတယ်"ဟု စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦး ဘက်ပြောင်းခိုလှုံလာသည့်အကြောင်းအရင်းကို ဧရာဒေါင်းတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြော
သည်။
အဆိုပါ အလင်းဝင်ပြည်သူ့စစ်တစ်ဦးနှင့်အတူ မိသားစုဝင်များဖြစ်သော လူကြီးရှစ်ဦး၊ ကလေးလေးဦးအပြင် G3 အမျိုးအစား သေနတ်တစ်လတ်၊ ကျည်ဘောက်ရှစ်ခု၊ကျည်(၃၅၆)တောင့်၊အီကွေးမန့်တစ်စုံ၊ အီနာဂါဗုံးသီးတစ်လုံး ယူဆောင်လာခဲ့ကြောင်း၎င်းတာဝန်ရှိသူကဆက်ပြောသည်။
ထို့ကြောင့် လက်နက်ခဲယမ်းများနှင့်တကွ အလင်း
ဝင် ဘက်ပြောင်းခိုလှုံလာသည့်၎င်းအားဧရာဒေါင်း
တပ်ဖွဲ့မှ ကျပ်သိန်း (၅၀)ချီးမြှင့်ခဲ့ကြောင်း ယင်းတပ်ဖွဲ့က အသိပေးထားသည်။
မြစ်ခြေမြို့နယ်ခွဲ၊ အောင်သာကျေးရွာတွင် ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ စစ်ကောင်စီတပ် သားများအပါအဝင် ပျူစောထီး(ပြည်သူ့စစ်) အင်အား ၅၀ ခန့်အထိုင်ချတပ်စွဲထားပြီးဇွန်လ ၁၂ ရက် မိ
သားစုလိုက် ထွက်ပြေးလာသည့် ပြည်သူ့စစ်တစ်ဦး၏ အစ်ကိုဖြစ်သူသည်လည်း ပြီးခဲ့သည့် မေလအတွင်းက ဧရာဒေါင်းတပ်ဖွဲ့ထံ အလင်းဝင်ခဲ့သေးသည်။

👍61❤17👏7🥰2🤣2
လက်နက်ခဲယမ်းများယူဆောင်၍ အလင်းဝင်လာသော ပျူစောထီး ခေါ် ပြည်သူ့စစ်တဦးနှင့်သယ်လာသည့်လက်နက်ခဲယမ်းများ။
ဓါတ်ပုံ-ဧရာဒေါင်း
ဓါတ်ပုံ-ဧရာဒေါင်း
👍79👏14❤5🥰3🤣2
■ကဗျာ
‘ကျွန်တော်သိတဲ့သူပုန် (ဝါ)
အထောက်အထားမဲ့ကဗျာဆရာ’
◼️ခွန်းနီ
အထောက်အထားမဲ့ ကဗျာဆရာတစ်ယောက်
ခေတ်ကြီးနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့
ဂုဏ်မဲ့၊ဒြပ်မဲ့နဲ့ ဖြစ်သလိုကဗျာဆရာပါ။
ခေတ်ကြီးကခပ်လှုပ်လှုပ်ဆိုတော့လည်း
ကဗျာဆရာ့အိမ်မက်တွေလည်း ခပ်မြုပ်မြုပ်ပါပဲ
ခေတ်ကြီးများဆိုးတော့ အနာဂတ်တွေပါကျိုးရော။
ကဗျာဆရာတွေစစ်တိုက်ကြတဲ့ခေတ်ကို ရောက်နေပြီ
တစ်ချို့က လူလုပ်တဲ့သေနတ်တွေကိုင်လို့
တစ်ချို့က ရင်ထဲကထွက်တဲ့စကားလုံးတွေနဲ့တိုက်လို့။
ကဗျာဆရာဟာလည်း စစ်ကြီးထဲကိုမိုက်မိုက်မဲမဲတိုးခဲ့တယ်
အသိုက်အမြုံတွေကို အရေခွံတွေလိုပုံထားခဲ့ပြီး
ပြာပုံထဲကနေထပြီး ဒဏ်ရာတွင်းထဲခုန်ဆင်းခဲ့သလိုမျိုး။
ရုန်းရင်းကန်ရင်းနဲ့ကျော်လွှားရတဲ့ သက္ကရာဇ်တွေမှာ
ကဗျာဆရာဟာ အနည်ထိုင်လာခဲ့ပြီထင်ပါရဲ့
ဒုက္ခဆိုရင် ဆွတ်နေကျရေမွှေးလိုသင်းပျံ့လို့နေရဲ့။
အတောင်တွေရုပ်သိမ်းထားလိုက်ပါ ကဗျာဆရာ
ပြန်ချိန်မရောက်သေးတာကို နားလည်ရဲ့မဟုတ်လား
သံသယတွေမီးပုံထဲ ပစ်ထည့်လိုက်စမ်းပါ။
သောကမှန်ရင် လောင်မြိုက်ကြစတမ်းတဲ့
ကွဲနေတဲ့ရင်ဘတ်ကို ဖွဲတွေသိပ်ထည့်ပြီး
သောက်လက်စဆေးလိပ်တိုကို ထိုးထည့်ခဲ့လိုက်။
မရောက်သေးတဲ့ပန်းတိုင်ကို မျက်နှာမူလိုက်ပါ
တစ်ရွေ့ရွေ့နဲ့တစ်ငွေ့ငွေ့ပေါ့ ကဗျာဆရာရယ်
ခင်ဗျားရပ်နေရင်လည်း အားလုံးကကျော်တက်သွားမှာပဲ။
ခေတ်ဆိုတာကြီးက ဆွဲထားဖို့မဟုတ်ဘူး
မှီအောင်ပြေးပြီး လိုက်ရတဲ့အမျိုးဗျ
နောက်ပြန်ဆွဲတာအရူးတွေအလုပ်ပါ ကဗျာဆရာရယ်။
ခင်ဗျားရူးသွပ်တဲ့အရာတွေ မြေကြီးထဲမြှုပ်ထားလိုက်
နောင်တစ်ချိန်မှာ အလှဆုံးပန်းတွေပွင့်လိမ့်မယ်
အနာဂတ်ဆိုတာအတိတ်ကစတာတဲ့ ကဗျာဆရာ။
အတိတ်ဆိုးတွေထဲကနေ ခင်ဗျားပြေးထွက်လာခဲ့ပြီး
အခုတော့ အနာဂတ်ကိုမျှော်လင့်နေရှာတဲ့
သူပုန်ကဗျာဆရာတစ်ယောက် ဖြစ်နေပြီ။
ခင်ဗျားကျေနပ်နေတာ အားလုံးသိကြမှာပါ
တစ်ချို့ရက်တွေကိုတော့ ရေတွက်မနေပါနဲ့
ထိုင်ရေနေမဲ့အစား ထသွားလိုက်ပါကဗျာဆရာရယ်။
မြစ်တွေဟာကွေ့ကောက်ပြီး စီးဆင်းသလောက်
မိုးဟာတစ်ဖြောင့်တည်းရွာတာပါ ကဗျာဆရာရယ်
အရာရာဟာသူ့ဆန္ဒနဲ့သူ ဖြစ်တည်နေကျပါပဲ။
ဟောင်းနွမ်းလွန်းတဲ့ ကဗျာဆရာ
သစ်လွင်တောက်ပတာ ဆိုလို့
အမာရွတ်အထပ်ထပ်နဲ့ ရင်ဘတ်ပဲရှိမယ်။
ခင်ဗျားနေ့ရက်တွေမှာ စစ်ရနံ့တွေစွဲနေပြီလား
ခင်ဗျားသက်ပြင်းမောတွေမှာ အိမ်ပြန်သံတွေပါနေရဲ့
ခင်ဗျားမျက်ဝန်းမှာ ဘယ်အရာတွေရီးလေးခိုနေမလဲ။
ဖြစ်နိုင်ရင် ခင်ဗျားပြန်လုပ်ချင်မယ့်အရာတွေရှိမှာပဲ
ဖြစ်နိုင်ရင်လို့အစပြုကတည်းကတော့ ကဗျာဆရာရယ်
မဖြစ်နိုင်တော့တာ ခင်ဗျားအသိဆုံးဖြစ်မှာပါ။
ဖြစ်နိုင်မယ့်အရာတွေ ရှိသေးတာပဲလေ
မဖြစ်မနေလုပ်ရမယ့် အရာတွေအတွက်
ဘယ်တော့မှ နောက်မကျဘူးကဗျာဆရာ။
ဖြစ်သင့်ဖြစ်ထိုက်တာတွေ မဖြစ်ခဲ့တာမျိုးက
ဒီကာလမှာကြားနေကျဆိုပေမဲ့ ဝမ်းနည်းစရာပါပဲ
ဘာပဲဖြစ်ဖြစ် ခင်ဗျားဟာကြည်ဖြူနေအုံးမှာပါ။
ဒါကြီးမပြီးခင် အရင်ဆုံးပြီးသွားတဲ့ပုံပြင်တွေထဲ
ခင်ဗျား စီးမျောလိုက်ပါခံစားနေတုန်းပဲမဟုတ်လား
ခင်ဗျားရဲ့အပြုံးမှာ မချိတင်ကဲမှုတွေအပြည့်နဲ့။
ဘဝဆိုတာ တိုတိုလေးလို့ပြောကြတယ်
စိတ်ကိုတော့ ရှည်နိုင်သမျှရှည်ပါစေတဲ့
မမျှတမှုကို ဒီကနေခင်ဗျားစပြီးယဥ်ပါးလာတာ။
အတိမ်းအစောင်းများတဲ့ ကမ္ဘာကြီးထဲက
အထိအခိုက်အများဆုံးနိုင်ငံလေးလို့ တင်စားခဲ့
ရင်နဲ့ရင်းပြီးရလာတဲ့စာသားတွေလို့ ခင်ဗျားဆိုဖူးရဲ့။
နတ်ဆိုးဟာ မှော်အောင်တဲ့ညတွေကိုဖန်ဆင်းပြီး
သွေးစက်လက်နဲ့အခင်းအကျင်းတွေ မြင်တိုင်း
ခင်ဗျားဟာ အမြဲတမ်းရှုံ့ချနေဆဲပဲကဗျာဆရာ။
ဒါပါးစပ်ရာဇဝင်တွေ မဟုတ်ဘူး
ရွှေပေလွှာပေါ်ရွှေကညှစ်နဲ့ မရေးရပေမဲ့
နှလုံးသားတွေပေါ် ကျည်ဆန်တွေနဲ့ရေးခဲ့ရတာ။
ပြောရင်းနဲ့ ငိုရမလား
ငိုရင်းနဲ့ ပြောရမလား
ဆိုလိုရင်းမှာက ဆုံးရှုံးခဲ့တဲ့လူ့အရင်းအမြစ်ကိစ္စပဲ။
ခင်ဗျားရဲ့ဆန္ဒကို ကျွန်တော်တို့သိပါတယ်
လွတ်လပ်တဲ့ ကောင်းကင်အောက်မှာ
နောက်ဆုံးသောထွက်သက်ကို ထားခဲ့ဖို့မဟုတ်လား။
အရင်က လည်ကတုံးအဖြူရောင်ညစ်ထေးထေးကို
ဗမာလုံချည်အဆင်ကျဲကျဲမှာ ချည်လွယ်အိတ်ကလေးနဲ့
ပြုတ်လုလုသဲကြိုးနဲ့ ကတ္တီပါဖိနပ်အစုတ်ကလေးစီးလို့။
အခုများတော့ စစ်ဝတ်စုံကြီးတစ်ဖားဖားနဲ့
ခင်ဗျားမနှစ်သက်တဲ့ သေနတ်ကြီးလွယ်လို့
ခုံမင်တက်မက်လွန်းတဲ့လွတ်လပ်မှုကို တိုက်ယူမလို့တဲ့။
အရင်လိုခပ်ပေပေကဗျာဆရာပဲ မဟုတ်လား
မြို့ပြနဲ့တောတောင်တွေပဲ ကွာသွားမှာပါ
ကျောခင်းမိသမျှ ကိုယ့်အိမ်ကိုယ့်ယာပဲပေါ့။
လက်ဝဲတွေနဲ့ လက်ယာတွေကြားထဲ
ချောင်ပိတ်နေတဲ့ ခင်ဗျားရဲ့နေ့တွေကို
အောက်စျေးနဲ့ရောင်းတန်းတင်ဖို့ ကြိုးစားဆဲလား။
ဘယ်လောက်ပဲအနာများများ လွတ်လပ်ရေးဆိုတာ
မပုတ်မသိုးတဲ့သစ်သီးတစ်မျိုးလို့ ခင်ဗျားပြောဖူးတယ်
ချိုတယ်ချဥ်တယ်ဆိုတာ စားသုံးသူအကြိုက်ပါပဲတဲ့။
ဒီကာမှာတော့ဖြင့် အားလုံးဟာအခါးတွေကြီးပဲ
အော့အန်မပစ်မိဖို့ပဲ ကြိုးစားနေရတယ်
ပိုးထိုးနေတဲ့နေရာစားမိတယ်ပဲ ဆင်ခြေပေးရမယ်။
အိမ်မက်ထဲမှာ ကဗျာဆရာဟာအလင်းတန်းကြီးနဲ့
သေချာကြည့်မှ ကြယ်စင်စုတန်းကြီးဖြစ်နေတယ်
ဂလက်ဆီတွေနဲ့ခင်ဗျားဟာ ပလဲနံပသင့်လို့။
တကယ့်လက်တွေ့မှာ ဒီလိုပဲလားကဗျာဆရာ
ခင်ဗျားလက်ထဲ ကြယ်တွေဘယ်လောက်ကြွေခဲ့လဲ
ကြယ်လေးတွေမှာ နာမည်တွေပါနေတာဆန်းတယ်။

👍43❤15🥰1🤮1
ကျန်းမာရေးဂရုစိုက်ပါ ကဗျာဆရာရယ်
စိတ်ချည်းသက်သက်နဲ့ကတော့ အားလုံးလွယ်ပါတယ်
လိုက်လုပ်ကြည့်မှခက်ခဲနေတာ နှစ်(၇၀)ကျော်ခဲ့ပြီ။
အလှည့်အပြောင်း တစ်ခုအတွက်နဲ့
ဘဝတွေပါ ပြောင်းခဲ့ရပြီးပြီ
ဘဝတွေဆိုတာထက် ဘဝများစွာပါကဗျာဆရာ။
သံသရာဆိုတာဘယ်လိုလည်လဲ သေချာမသိဘူး
ကိုယ်နဲ့ဆိုင်တဲ့ထောင့်တွေမှာ ကျွန်တော်တို့ရှိနေတယ်
ပြန်ဆုံကြတော့ပေါ့ ကဗျာဆရာရယ်...။
(The Call - ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ခွန်းနီ' ရေးဖွဲ့တဲ့ "ကျွန်တော်သိတဲ့သူပုန် (ဝါ) အထောက်အထားမဲ့ကဗျာဆရာ" ကဗျာကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

❤30👍15🥰1🤮1