People's Spring
61.6K subscribers
68.4K photos
1.19K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်းက သုံးရက်အတွင်း အရပ်သား ၁၀ဦးကို သတ်ဖြတ်ကာ အလောင်းတွေ စွန့်ပစ်သွား

ဇွန်-၁၄၊ ၂၀၂၅။ အိမ်သွင်/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်သည့်အနေအထားဖြင့် သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေပြီး သေနတ်ဖြင့်ပစ်သတ်ကာ ရေတွင်းထဲသို့ ပစ်ချထားသည့် ရုပ်အလောင်း ၄ခုကို ထပ်မံရှာတွေ့ထားကြောင်း ဒေသခံများက ပြောသည်။

ယ‌မန်နေ့(ဇွန်လ ၁၃ရက်)နံနက်ပိုင်း၌မှော်စီစာကျေးရွာ တောင်ယာကုန်းသို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းက လမ်းသွားလမ်းလာအရပ်သားများကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစစ်ကြောင်းထွက်ခွာသွားပြီးနောက် သေဆုံးနေသည့် အရပ်သားများအား ထပ်မံတွေ့ရှိခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

"မနေ့က လမ်းဘေးမှာ ပစ်သွားတဲ့ ၃လောင်းတွေ့တယ်။ ဒီနေ့ ၄လောင်းထပ်တွေ့တယ်။ ဒီ‌နေ့တွေ့တာတွေကလည်း မနေ့ကတည်းက ပစ်သတ်သွားတာ။ ခေါင်းတွေကို ပစ်သတ်ထားတာ။ ရေတွင်းထဲပစ်ချသွားပြီး ပုပ်ဆော်နံလို့ ရှာတွေ့တာ"ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ယမန်‌နေ့က အသတ်ခံရသူ အမျိုးသား ၃ဦးအနက် ၁ဦးကို ကိုယ်ခန္ဓာအစိတ်အပိုင်းများဖြတ်တောက်ပြီး ဆာလာအိတ်အတွင်းထည့်ကာ ၁ဦးကို မျက်လုံးဖောက်ထုတ်ထားကာ ကျန် ၁ဦးကို မျက်နှာတခုလုံးကြေမွအောင် ထုရိုက်ထားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

"လူမဆန်တဲ့ သတ်ဖြတ်တဲ့ပုံစံတွေနဲ့ သတ်နေတာ။ ဒေသခံတွေကို အကြောက်တရားဝင်အောင် ရည်ရွယ်ချက်ရှိရှိလုပ်နေပုံရတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

သတ်ဖြတ်ခံရသူများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးဘဲ မိသားစုဝင်များထံ ဆက်သွယ်နိုင်ရေး လူမှုကူညီရေးအဖွဲ့များက ကြိုးစားနေသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၁ရက် ညကလည်း သက်လတ်ပိုင်းအရွယ် အမျိုးသား ၃ဦးကို ပစ်သတ်ပြီး မှော်စီစာလမ်းဆုံတွင် ထားသွားခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီစစ်ကြောင်းသည် သုံးရက်အတွင်း အရပ်သား ၁၀ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဖားကန့်သို့ စစ်ကောင်စီစစ်ကြောင်း ဝင်လာသည့် မေလ ၂၇ရက်မှ ယနေ့ ဇွန်လ ၁၄ရက်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်ခြင်းတို့ကြောင့် ကလေးငယ်အချို့အပါအဝင် အရပ်သား ၁၆ဦးထက်မနည်း သေဆုံးခဲ့သည်။ စစ်ကြောင်းထိုးရင်း သတ်ဖြတ်သွားသူ ၁၀ဦးနှင့်ဆိုလျှင် စုစုပေါင်း ၂၆ဦး ရှိပြီဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းတွင် ရှမ်းနီတပ်(SNA)၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပါဝင်ပြီး မူးယစ်ဆေးသုံးစွဲကာ စစ်ကြောင်းထိုးနေခြင်းဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို KIAနှင့် KPDF ပူးပေါင်းတပ်က ဇွန်လ ၅ရက်၊ ဇွန်လ ၉ရက်နှင့် ဇွန်လ ၁၀ရက်တို့တွင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၀ရက်မှစ၍ ယနေ့အထိ စစ်ရေးဆက်လက်တင်းမာနေသည်။

ဇွန်လ ၁၀ရက်က တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၈ဦးထက်မနည်း သေဆုံးခဲ့ပြီး ဇွန်လ ၁၂ရက်က တိုက်ပွဲတွင် ၂၀ကျော်သေဆုံးခဲ့သည်ဟု KPDF နှင့်နီးစပ်သူက ပြောသည်။

ယနေ့လည်း စစ်ကောင်စီ စစ်ကြောင်းသည် မှော်စီစာပတ်ဝန်းကျင်မှ မှော်မောင်းကုန်းဘက်သို့ ဦးတည်နေသည်ဟု ဆိုသည်။ ကန့်သတ်ထားသည့်နေရာများအား ကျော်လာပါက KIA၊ KPDFပူးပေါင်းတပ်က တိုက်ခိုက်မည်ဟု သတိပေးထားပြီး တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ကြောင်း ဒေသခံများကပြောသည်။

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်ကောင်စီအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရ လတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က ဒေသခံများအား သတိပေးထားသည်။

ထို့အပြင် လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်ကြောင်းများအန္တရာယ်ကို သတိပြုကြရန်လည်း သတိပေးထားသည်။
🤬5813👍7😢3👎1😡1
🖕3416👍5👎1🔥1🤬1
ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်​ကောင်စီခြိမ်း​​ခြောက်

ဇွန်-၁၄၊၂၀၂၅။ရဲခေါင်/People's Spring

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

ယခုရက်သတ္တပါတ်တွင် ဇွန်၉ ရက် (တနလာ်​နေ့) ကမ္ဘာ့ရွှေအဖွင့်စျေးသည့် တစ်အောင်စ ၃,၃၁၁​ဒေါ် လာ ဖြစ်ပြီး သောကြာနေ့ (ဇွန် ၁၃)ညပိုင်းစျေးပိတ်ချိန်တွင် ၃,၄၃၃ ဒေါ်လာ ရှိသည်။ထို့ကြောင့် ကမ္ဘာ့ရွှေစျေးသည်တစ်ပါတ်အတွင် တစ်အောင်စ ဒေါ်လာ ၁၀၀ ကျော်တက်ခဲ့သည်။

ထိုနည်းတူ ပြည်တွင်းရွှေပေါက်စျေးသည် ဇွန်လ ၇ ရက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ၇၇ သိန်းဝန်း
ကျင်နှင့်၁၅ ပဲရည်တစ်ကျပ်သား ၇၂ သိန်းခန့်ရှိရာမှ ဇွန် ၁၄ ရက်နံနက်ပိုင်း ပြင်ပစျေးကွက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ၈၂ သိန်းဝန်းကျင်ရှိနေသည်ဟုသိရသည်။

"နောက်တစ်ပါတ် တနလာ်နေ့ ကမ္ဘာရွှေအဖွင့်စျေး ကို ပြန်စောင့်ကြည့်ရမယ်။သောကြာနေ့အပိတ်စျေးအတိုင်း စဖွင့်မယ်ဆိုရင် ဆက်တက်မယ့်သဘောမျိုးမြင်ရတယ်။မနေ့ကဆိုရင် အိမ်နီးချင်းထိုင်းမှာတောင် တစ်ရက်တည်းနဲ့ ရွှေစျေးက တစ်ကျပ်သားဘတ်တစ်ထောင်လောက်တက်တယ်။ဒီမှာသာ ဝရုန်းသုန်းကား ဖြစ်နေတာ"ဟု ရွှေစျေးကွက်စောင့်ကြည့်သူတစ်ဦးက ပြောသည်။

ရွှေစျေးတည်ငြိမ်ကျဆင်းရေးအတွက်ရွှေဆိုင်များဆက်လက်ဖွင့်လှစ်ထားနိုင်သော်လည်း အခေါက်
ရွှေများရောင်းဝယ်ခြင်းမလုပ်ရန်နှင့် ရွှေလှော်ဖို
(ရွှေသန့်စင်ဖို)လုပ်ငန်းများခေတ္တရပ်ရန် ရွှေလုပ်
ငန်းရှင်များအသင်းကို စစ်ကောင်စီကခြိမ်း​ခြောက်ထားသည်။

"စစစ(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)က စစ်မယ်။မိရင် ကိုယ်ဖြစ်ကိုယ်ခံပေါ့။အခုက ရွှေစျေးတက်တာနဲ့ ရွှေဆိုင်သူဌေးတွေ မျက်ခုံလှုပ်နေရပြီ။စီးပွား ရေးအကြောင်း မသိတဲ့ ကောင်တွေအုပ်စိုးနေသမျှတော့ ဘာစီးပွားရေးမှကောင်းကောင်းမွန်မွန်လုပ်စား မရဘူး"ဟုရွှေသန့်စင်လုပ်ငန်းလုပ်ကိုင်
သူတစ်ဦးက ပြောသည်။

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိနေသည့် ရွှေလုပ်
ငန်း ရှင်အသင်းက ဇွန် ၁၄ ရက်တွင်၁၆ ပဲရည်တစ်ကျပ်သား ၅၉ သိန်း ကျပ်ဖြင့် စျေးဖွင့်ထား
သည်။ထိုစျေးဖြင့် မည်သည့် ရွှေဆိုင်မှ အရောင်း၊အဝယ်မပြုလုပ်ပေ။

စစ်ကောင်စီလက်ထက် ဖုံးကွယ်ထားသော စစ်ရေးအသုံးစရိတ် နှင့် စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တွင် နှစ်စဥ်လိုငွေပြမှုအပါ
အဝင် တိုးမြင့်လာသော ပြည်ပချေးငွေကို ကျား
ကန်ပေးနေရသည့် ဗဟိုဘဏ် က ဒေါ်လာချုပ်ကိုင်မှုသာလျှင် မြန်မာ့စီးပွားရေး နှင့် အခြေခံလူထုကို ပိုမိုမွန်းကြပ်လာစေကြောင်း စီးပွား ရေးလုပ်ငန်းရှင်အချို့က အသိပေးထားသည်။

ပြည်ပသွင်းအားစုကို မှီခိုနေရသည့်အပြင် အချိန်မရွေး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့နိုင်သည့် အခြေ အနေကြောင့် ဒေါ်လာငွေလဲနှုန်းသည်လည်းယခင်အပါတ်က တစ်ဒေါ်လာ ၄,၄၀၀ ကျပ်မှ ဇွန် ၁၄ ရက်တွင် ၄,၅၄၀ ကျပ်ဝန်းကျင် ရှိနေ
သည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာစျေးကစား
သူများနှင့် လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြား ငွေ ဝယ်ယူ၊ ရောင်းချ နှင့် လဲလှယ်သူများကို အရေး
ယူမည်ဟု ဇွန်လ ၁၂ ရက်က စာထုတ်ပြန်၍ ခြိမ်း
ခြောက်ထား သည်။
🤬4114👍4😁3🤮2
ရွှေ​ဈေးတက်တိုင်း လုပ်ငန်းရှင်များကိုဖမ်းဆီး​ခြင်း၊ ခြိမ်း​ခြောက်ငွေညှစ်​လေ့ရှိ​သောစစ်​ကောင်စီ​ကြောင့် အကယ်ဒမိ​ရွှေသန့်လုပ်ငန်းက ဇွန် ၁၃ ရက်မှစ၍ လုပ်ငန်းယာယီရပ်နားထား​ကြောင်း
​ကြေညာစဥ်။ဓါတ်ပုံ-CJ
😢36👍155😁3👏1
စစ်တပ်ရဟတ်ယာဉ် ၂စီးပစ်ချသည့်ရဲဘော်များအား "ငှက်သားကြိုက်သူလေးများအဖွဲ့"က ကျပ်သိန်း ၁၀၀ ဂုဏ်ပြု

ဇွန်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်မြိုသိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်
(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်က စစ်တပ်ရ
ဟတ်ယာဉ် ၂ စီးကိုထိမှန်အောင်ပစ်ခတ်ခဲ့ရာ ထို
သို့ ပစ်ခတ်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအား ငှက်သားကြိုက်သူလေးများအဖွဲ့မှ ကျပ်သိန်း ၁၀၀ ဂုဏ်ပြု​အလှူ​ငွေပေးပို့ခဲ့ကြောင်း KIA စစ်ရုံးချုပ် စစ်ရေးဌာန၏ ကျေးဇူးတင်လွှာ၌ ဖော်ပြထား
သည်။

KIAစစ်ရေးဗိုလ်မှူးချုပ် တဦးလက်မှတ်ထိုးထားသည့်အဆိုပါစာကိုကချင်သတင်းဌာနအချို့ကစတင် ဖော်ပြလာရာ စာမှာ အမှန်ဖြစ်​ကြောင်းကချင်သတင်းရင်းမြစ်တဦးကအတည်ပြုသည်။

“အလှူရှင်တွေရဲ့လျှို့ဝှက်အမည်” ဟုအဆိုပါ သ
တင်းရင်းမြစ်က ကျေးဇူးတင်လွှာ၌ ပါရှိသည့် "ငှက်သားကြိုက်သူလေးများအဖွဲ့" ၏ အမည်ကို ရည်ညွှန်းပြောပြသည်။

KIA စစ်ရေးဌာန၏ မေလ ၂၉ရက် နေ့စွဲပါ စာတွင် ငှက်သား ကြိုက်သူလေးများအဖွဲ့မှ ဗန်းမော် စစ်
မျက်နှာတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်အား ပစ်ချခဲ့သည့် စစ်သည်များအတွက်ပေးပို့ကူညီသော အလှူငွေ ကျပ် သိန်း ၁၀၀အား မေလ ၂၈
ရက်တွင် KIA စစ်ရုံးချုပ်တွင် လက်ခံရရှိသည်ဟု ရေးသားထားသည်။

တော်လှန်ရေးတွင်ပါဝင်ကူညီမှုအပေးများစွာ ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြု မှတ်တမ်းတင်အပ်သည်ဟုလည်း ရေးသားထားသည်။

အဆိုပါစာနှင့်ပတ်သက်ပြီးKIAသတင်းပြန်ကြား
ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ သဘော
ထား မှတ်ချက်မေးမြန်းထားပြီး အဆက်အသွယ်မရသေးပေ။

KIA နှင့်မဟာမိတ်ပူးပေါင်းတပ်သည်မေလ ၂၀
ရက်က ဗန်းမော်စစ်မြေပြင်သို့စစ်အင်အားဖြည့်
တင်းရန်လာသည့် စစ်ကောင်စီ ရဟတ်ယာဉ် ၃စီးအနက် ၂စီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ရာ တစီးသည် ယင်းနေ့၌ပင် ရွှေကူနှင့် ၁၅မိုင်ခန့်အကွာ တောတွင်းတနေရာ၌ ပျက်ကျခဲ့သည်။ရဟတ်
ယာဥ်​ပေါ်ပါသည့် စစ်တပ်အရာရှိအားလုံး​သေဆုံးခဲ့သည်။

ကျန်တစီးသည်ရွှေကူရှိစစ်ကောင်စီတပ်သို့အရေးပေါ် ဆင်းသက်ခဲ့ရသည်။အဆိုပါအရေးပေါ် ဆင်း
သက်ခဲ့သည့် ရဟတ်ယာဉ်ကိုလည်း KIA ပူးပေါင်းတပ်က မေလ ၂၁ရက်တွင် ဒရုန်းဖြင့် ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် ပျက်စီးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​တော်လှန်​ရေးအဖွဲ့များက စစ်တပ်တိုက်​လေယာဥ် ၊ရဟတ်ယာဥ်များကို အနည်းဆုံး ၁၂ စီးပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်။ ထိုထဲတွင် KIA ဦး​ဆောင်​သော မဟာမိတ်တပ်များက တိုက်​လေယာဥ် နှင့် ရဟတ်ယာဥ် ၅ စီးပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။
92👍25🤣3🥰1
ဗန်း​မော်စကခ ၂၁သို့ ရိက္ခာလာပို့​သောMi-17
ရဟတ်ယာဥ်ကို တိုက်ခိုက်ရာ ​ရွှေကူမြို့အနီး​တောထဲ၌ ပျက်ကျ​သောရဟတ်ယာဥ်/ ​ရွှေကူ၌ ရပ်ထား​သောရဟတ်ယာဥ်ကိုတိုက်ခိုက်​နေမှု နှင့် ရဟတ်ယာဥ်ပစ်သူများကို ဂုဏ်ပြုသူအဖွဲ့အတွက်​ရေးထား​သောစာ ။ဓါတ်ပုံ-CJ
90👏31🤣3🥰2
နောင်ချိုမြိုနယ်ရှိ ရွာ ၄ရွာ၌တိုက်ပွဲဖြစ်ပွား​နေဟုTNLA ထုတ်ပြန်

■ညီနောင်သုံးဖွဲ့ကတဖက်သတ်အပစ်ရပ်စဲထားမှုကို စစ်ကောင်စီအခွင့်ကောင်းယူဟု TNLA ပြော

ဇွန်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်
(TNLA)သိမ်းပိုက်ထားသည့်နောင်ချိုမြို့နယ်
ရှိ ရွာ ၄ ရွာတွင် စစ်ကောင်စီနှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း TNLAကဇွန်လ ၁၄ရက် ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၂ရက်နှင့် ၁၃ရက်နေ့ စစ်ရေး အခြေအနေများကို အသိပေးခဲ့ခြင်းဖြစ်ပြီး ကံကြီးရွာ၊ရွှေသွန်းရွာ ၊ ပိန္နဲကုန်းရွာ နှင့် ဥာဏ်တောရွာများ၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟုဖော်ပြသည်။

ဇွန် ၁၃ရက် နေ့လည်တွင် ရွှေသွန်းရွာ တွင် တိုက်ပွဲတွင်စစ်ကောင်စီဘက်ကလက်နက်ကြီး (၃၅)လုံး၊ ဒရုန်းဖြင့်ဗုံး(၁၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့ဟု အသိ
ပေးသည်။ အလားတူ ပိန္နဲကုန်းနှင့် ဥာဏ်တောကျေးရွာဘက်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်က လက်နက်ကြီး (၄၁)လုံး၊ ဒရုန်းဖြင့် ဗုံး (၇)လုံး ပစ်ကူပေး တိုက်ခိုက်ခဲ့​ကြောင်းလည်းသိရ သည်။

ဇွန်လ (၁၂)ရက်နေ့လည်း ကံကြီးကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး (၅၀)လုံး၊ ဒရုန်းဖြင့် ဗုံး(၁၅)လုံးပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ထုတ်
ပြန်သည်။

ဥာဏ်​တော ၊ပိန္နဲကုန်း ​ကျေးရွာများတွင်တိုက်ပွဲဖြစ်ပါက စစ်​ကောင်စီတပ်သည် ကံကြီးရွာ​ဘေးမှာ ဝိုက်၍ ​နောင်ချိုမြို့ဘက်သို့ ထိုးစစ်ဆင်လာ​နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် ငလျင်ဘေးအကြောင်းပြပြီး အပစ်ရပ်စဲရေး ကြေညာထားသော်လည်း နောင်ချိုမြို့နယ်အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး မြေပြင်ထိုးစစ်ဆင်မှုများလည်းပြု လုပ်​နေသည်။

TNLA ၊ ကိုးကန့် MNDAA၊ ရက္ခိုင် AA တပ်များပါဝင်သည့် ညီနောင်မဟာမိတ် (၃)ဖွဲမှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်
ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဇွန်လကုန်အထိ တစ်ဖက်သတ် အပစ်ရပ်​ကြောင်း ​ကြေညာထားသည်။

စစ်​ကောင်စီကလည်း ဇွန်လကုန်အထိအပစ်ရပ်​ကြောင်း​ကြေညာ​သော်လည်း ညီ​နောင် ၃ ဖွဲ့အပစ်ရပ်ထားသည်ကို အခွင့်ကောင်းယူပြီး အဆက်
မပြတ် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း TNLAက ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရေး စစ်ရေးသတိ အမြဲရှိရန်နှင့် လေကြောင်းရန် သတိပြုရန်လည်း TNLAက ထပ်လောင်း နှိုးဆော်ထားသည်။

တဖက်တွင် စစ်​ကောင်စီကမူ အမှတ် (၂)စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (ကစထ-၂) ကစထမှူးသည် နောင်ချိုမြို့သိမ်းတိုက်ပွဲဝင်မည့် စစ်သားများရှိရာ စစ်မြေပြင်သို့ကိုယ်တိုင်သွားရောက်ကွပ်ကဲခဲ့​ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရန့်ချန်နယ်လ်များတွင် ဇွန် ၁၃ ရက်တွင်ဝါဒဖြန့်ထားသည်။ထျု့အပြင် နောင်ချိုမြို့ကို စစ်တပ်ကပြန်လည်သိမ်းပိုက်တော့မည်ဖြစ်သည့်အတွက် ပြည်သူများမှ ၀မ်းသာနေပြီး ​နောင်ချိုမြို့ကို စစ်တပ်ကအမြန်ဆုံးသိမ်းပိုက်​ပေးရန်ဝါဒဖြန့်ချီ​နေသည်ကို​တွေ့ရသည်။

ကစထ(၂)မှူးသည် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးဖြစ်ပြီး ၎င်းသည် ၁၀၂၇ စစ်ဆင်ရေး၌ လားရှိး ရမခကျပြီးစစ်ရှုံးသွား၍တိုင်းမှူးအဖြစ်မှရာထူးပြုတ်
ခဲ့သူဖြစ်သည်။သို့​သော် စစ်​ကောင်စီက၎င်းကိုကစထ(၂)မှူးခန့်၍ ရှမ်း​မြောက် နှင့် ကရင်နီစစ်ပွဲများကို ကွပ်ကဲခိုင်း​နေခြင်းဖြစ်သည်။

TNLAနှင့် စစ်ကောင်စီတို့သည် တရုတ်အစိုးရ၏ စီစဉ်မှုဖြင့်ဧပြီလကုန်ပိုင်းကအပစ်ရပ်စဲရေးဆွေး
နွေးခဲ့သော်လည်း ပြေလည်မှုမရခဲ့၍ ယခုနှစ် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် စီစဉ်ထားသည်။ ဆွေးနွေးပွဲတွင် TNLA ဘက်က ရောက်သည့်နေရာ၌ အပစ်ရပ်စဲရန်၊ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းရန်၊ ပြည်သူများ လွတ်လပ်စွာ သွား
လာခွင့်ပေးရန် တို့ကို အဆိုပြု ဆွေးနွေးခဲ့ပြီး စစ်ကောင်စီဘက်က TNLA သိမ်းထားသည့် မြို့ ၅မြို့မှ ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ရာ နှစ်ဖက် အကြား ညှိနှိုင်းမရဘဲ ဆွေးနွေးပွဲ ပြီးဆုံးခဲ့သည်ဟု TNLA ထုတ်ပြန်သည်။

အကယ်၍ စစ်ကောင်စီနှင့် ဆက်လက်ဆွေးနွေးဖြစ်ပါကလည်း TNLA အနေဖြင့် မူလ ရပ်တည်
ချက် သဘောထားအတိုင်း ဆက်လက်ဆွေးနွေးသွားမည်ဟု အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇွန် ၅ ရက်ကပြောကြားထား သည်။တရုတ်အစိုးရ၏ ဖိအားအတွက်လည်း နည်းလမ်းရှာဆောင်ရွက်သွားမည်ဟု TNLA ကပြောသည်။
👍6117😁6👏3🔥2🥰2
👍44🔥6🥰3🖕1
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေးနဲ့ စစ်ကိုင်းမှာ ဆန္ဒပြ

ဇွန်-၁၄၊၂၀၂၅။ သုည/People's Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၄)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း စစ်ဘေးရှောင်စခန်းမှပြည်သူတွေက "ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ" ၊ "အမေစု ကျန်းမာပါစေ" ၊ "အမေစု နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်ပါစေ" စာသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း၊ ပြည်သူ့အားမာန်သပိတ်တို့က လူထုခေါင်းဆောင်နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀နှစ်ပြည့်အတွက် အကြိုမွေးနေ့ဆုမွန်ကောင်းတွေ တောင်းဆိုပေးခဲ့ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

မန္တလေးတိုင်း တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ AFCC - Mdy တို့ပူးပေါင်းပြီး လေကြောင်း အန္တရာယ်နဲ့ပတ်သက်တဲ့ သတိရှိရမယ့်အချက်တွေ၊ကြိုတင်ကာကွယ်ခြင်းနည်းလမ်းတွေမျှဝေခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
63👍12🥰2🤣2
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ AFCC - Mdy
66👍16🥰6🤣3👏2
စစ်တပ်အတွက် ​နောင်ချိုရရင် အဲ​ဒေသကို အ​ခြေပြုပြီး ရှမ်း​မြောက်ကို ထိုးစစ်ပြန်ဆင်နိုင်ဖို့အတွက် အလွန်အ​ရေးပါ​နေပါတယ်။နောင်ချိုကနေတဆင့် လားရှိုးမြို့ရှိရာ လမ်းပိုင်းက ကျောက်မဲနဲ့ သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်နိုင်သလို မန္တလေးတိုင်းက မိုးကုတ်မြို့ရှိရာကိုလည်း နောင်ချိုကနေတဆင့် သွားရာလမ်းပိုင်းရှိနေပါတယ်။

နောင်ချိုဒေသခံတွေ သုံးသပ်တာက စစ်ကောင်စီဟာ နောင်ချိုကနေ တဆင့် ပြင်ဦးလွင် − လားရှိုးလမ်းမကြီးပြန်လည်စိုးမိုးဖို့အတွက် ကျေက်မဲမြို့ကို ချီတက်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဟာ နောင်ချိုကို​​ရောက်ဖို့ ၊​နောင်ချိုကိုရဖို့ လွယ်ကူမှာ​တော့မဟုတ်ပါဘူး။နောင်ချိုကို ရောက်ဖို့ကြားမှာ ကျေးရွာ လေးရွာကျော်ဖြတ်ရအုံးမှာပါ။

နောင်ချိုမြို့ကို စစ်ကောင်စီတပ် မရောက်ရေး TNLAအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ အပြင်းအထန် ကာကွယ်မယ်လို့ ယုံကြည်နေတယ်လို့လည်း အသက်(၄၀)အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်​ရေးမှာမြို့အများကြီးကို​တောင်သိမ်းနိုင်ခဲ့တဲ့ TNLA ​နောင်ချိုတိုက်ပွဲမှာ အစွမ်းမပြ​သေး​ပေမယ့် ယုံကြည်​နေဆဲလို့သူကဆိုပါတယ် ။ဒါ့ကြောင့် လက်ရှိအချိန်ထိ နောင်ချိုမြို့ကနေ စွန့်ခွာမသွားသေးဘူးလို့လည်း သူက ဇွန်လ ၇ရက် ညနေပိုင်းမှာ ပြောပါတယ်။

“ရောက်လာခဲ့ရင်တောင် ပြေးစရာရှိတယ်။ ဒါပေမယ့် သူတို့(စစ်တပ်) ကျော်ရမယ့် စည်းတွေ ရှိနေသေးတယ်”လို့ သူက ဖွင့်ဟပါတယ်။


https://www.ludunwayoo.com/feature-mm/2025/06/08/123325/
👍6710🤣6🥰3
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၁၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တပ်ရဟတ်ယာဉ် ၂စီးပစ်ချခဲ့တဲ့ ရဲဘော်တွေကို ‘ငှက်သားကြိုက်သူလေးများအဖွဲ့’က ကျပ်သိန်း ၁၀၀ ဂုဏ်ပြု

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်ပူးပေါင်းတပ်က စစ်တပ်ရဟတ်ယာဉ် ၂ စီးကို ထိမှန်အောင်ပစ်ခတ်ခဲ့ရာ ပစ်ခတ်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေကို ‘ငှက်သားကြိုက်သူလေးများအဖွဲ့’က ကျပ်သိန်း ၁၀၀ ဂုဏ်ပြု​အလှူ​ငွေပေးပို့ခဲ့ကြောင်း KIA စစ်ရုံးချုပ် စစ်ရေးဌာနရဲ့ ကျေးဇူးတင်လွှာမှာ ဖော်ပြထားပါတယ်။ KIA စစ်ရေးဌာနက မေလ ၂၉ရက် နေ့စွဲပါ စာမှာ ‘ငှက်သားကြိုက်သူလေးများအဖွဲ့’က ဗန်းမော် စစ်မျက်နှာမှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို ပစ်ချခဲ့တဲ့ စစ်သည်များအတွက် ပေးပို့ကူညီတဲ့ အလှူငွေ ကျပ် သိန်း ၁၀၀ကို မေလ ၂၈ရက်မှာ KIA စစ်ရုံးချုပ်မှာ လက်ခံရရှိတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးမှာ ပါဝင်ကူညီမှုအပေါ်များစွာ ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြု မှတ်တမ်းတင်အပ်ကြောင်းလည်း KIA စစ်ရေးဌာနရဲ့ ကျေးဇူးတင်လွှာမှာ ပါရှိပါတယ်။

◾️ရွှေဘိုနယ် ဆယ်ပင်ကျွန်းပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ ပျူ ၁၈ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆယ်ပင်ကျွန်းပျူစောထီးကျေးရွာကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီလက်​အောက်ခံ ပျူစောထီး ၁၈ဦး အရှင်ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ
တော်(PDF)ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်းက ထုတ်ပြန်ပါတယ်။ PDF၊ ပကဖ ပူးပေါင်းတပ်တွေက ဇွန်လ ၉ရက် မနက်အစောပိုင်းမှာ ဆယ်ပင်းကျွန်းရွာရှိ စစ်ကောင်စီတပ်လက်အောက်ခံပျူစောထီးအထိုင်စန်းများကို စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် ၄၅ မိနစ်မှာ စခန်းကို သိမ်းနိုင်ခဲ့​ကြောင်းဖော်ပြပါတယ်။ တိုက်ပွဲမှာ ပျူစောထီး ၁ဦး သေဆုံးခဲ့ပြီး ပျူစောထီးအရှင် ၁၈ဦးကို လက်ရဖမ်းဆီးရမိခဲ့ကာ ပျူများထံမှ G3 ၂ လက်၊ ကာဘိုင်၆လက်၊ ၁၂ဗို့ ၂လက်နဲ့ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ဒီနေ့ ထုတ်ပြန်ထားပါတယ်။

◾️ကော်သူးလေ ထူထောင်နိုင်ရေး အင်တိုက်အားတိုက် ကြိုးပမ်းဖို့ KNUဥက္ကဋ္ဌ တိုက်တွန်း

မဟာလူမျိုးကြီးဝါဒ၊ အာဏာရှင်စနစ်နဲ့ အဲဒီဝါဒစနစ်တွေကို ကျင့်သုံးပြီး ပြည်တွင်း ပဋိပက္ခကို ဖန်တီးနေသူများအား အပြီးတိုင် တိုက်ဖျက်ဖို့မှာ ကရင်လူမျိုးများရဲ့တာဝန်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ ဒီနေ့ ကျရောက်တဲ့ (၇၆)နှစ် မြောက် ကော်သူးလေနေ့ မိန့်ခွန်းမှာ KNU ဥက္ကဋ္ဌက ထည့်သွင်းပြောကြားတာပါ။ ‘ကော်သူးလေနေ့’ဟာ ‘ကော်သူးလေအစိုးရ’ဖွဲ့စည်းထူထောင်ခဲ့တဲ့နေ့ဖြစ်သကဲ့သို့ ကရင်လူမျိုးတို့အနေနဲ့ မိမိနယ်မြေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ရေးလည်ပတ်ကာ ကရင်လူမျိုးများနဲ့ ဒေသခံပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့ အကျိုးကို သယ်ပိုးဖြည့်ဆည်းပေးမှုကို ပြသခြင်းဖြစ်တယ်လို့ KNUဥက္ကဋ္ဌက ပြောပါတယ်။ ကဏ္ဍပေါင်းစုံမှာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ငြိမ်းချမ်း သာယာဝပြောခြင်းများနဲ့ ပြည့်စုံတဲ့ ကရင်ပြည် ‘ကော်သူးလေ’ ထူထောင်ဖို့ လူငယ်ပညာတတ်များဟာ ကဏ္ဍပေါင်းစုံမှာ ပါဝင်ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကရင်ပြည် ‘ကော်သူးလေ’ထူထောင်ရေးကို အင်တိုက်အားတိုက် ကြိုးပမ်းဖို့ KNU ဥက္ကဋ္ဌက တိုက်တွန်းပါတယ်။

◾️နောင်ချိုမြို့နယ်ရှိ ရွာ ၄ရွာမှာ တိုက်ပွဲဖြစ်ပွား​နေဟုTNLA ထုတ်ပြန်

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ရှိ ရွာ ၄ ရွာမှာ စစ်ကောင်စီနှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း TNLAက ထုတ်ပြန်အသိပေးပါတယ်။ ဇွန်လ ၁၂ရက်နဲ့ ၁၃ရက် စစ်ရေး အခြေအနေများကို အသိပေးခဲ့ခြင်းဖြစ်ပြီး ကံကြီးရွာ၊ ရွှေသွန်းရွာ၊ ပိန္နဲကုန်းရွာနဲ့ ဥာဏ်တောရွာတွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ဖော်ပြပါတယ်။ စစ်​ကောင်စီတပ်ဟာ ဇွန်လကုန်အထိအပစ်ရပ်​ကြောင်း​ကြေညာ​ထားပေမယ့် ညီ​နောင် ၃ဖွဲ့အပစ်ရပ်ထားသည်ကို အခွင့်ကောင်းယူပြီး အဆက်မပြတ် ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရေး စစ်ရေးသတိ အမြဲရှိဖို့နဲ့ လေကြောင်းရန် သတိပြုဖို့လည်း TNLAက ထပ်လောင်း နှိုးဆော်ထားပါတယ်။

◾️ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်တပ်ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၈လုံးခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ မင်းတိုင်ပင်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မင်းတိုင်ပင်ရွာကို ဇွန်လ ၅ရက်နဲ့ ၆ရက်တွေမှာလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းဆောင် ပျက်စီးကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။ ပုလဲမြို့နယ်က ကန့်ဒေါင့်ရွာရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဦးဆောင်တိုက်ခိုက်နေပြီး ဒီနေ့အထိတိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
👍2710🔥7