People's Spring
61.6K subscribers
68.3K photos
1.19K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ -AP
👏33👍194🔥2🥰1
👍41🔥65👏3
အစ္စရေးရဲ့ စစ်ဆင်ရေး အထူးအောင်မြင်တယ်လို့ ထရမ့်ပြော၊ အချိန်မနှောင်းခင် ညှိနှိုင်းဖို့ အီရန်ကို သတိပေး

အီရန်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ချီးကျူးလိုက်ပြီး အီရန် အနေနဲ့ ဘာတစ်ခုမှ အဖတ်ဆယ်စရာ မကျန်တော့တဲ့ အဆင့်ထိ မရောက်ခင် ညှိနှိုင်းမှုတွေ လုပ်သင့်ပြီလို့ ပြောကြားသွားပါတယ်။

အီရန်ရဲ့ နျူကလီးယား နည်းပညာ မြှင့်တင်မှုတွေကို ထိန်းချုပ်ဖို့ အမေရိကန်က ထိတွေ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက အီရန် ပိုင်နက်ထဲက နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေ၊ စစ်စခန်းတွေနဲ့ လက်နက်စနစ်တွေကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

အစ္စရေးက အီရန်သာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်လာမယ်ဆိုရင် အစ္စရေးရဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လာမှာ ဖြစ်တဲ့အတွက် အဲဒီ ခြိမ်းခြောက်မှုကို ဖျက်ဆီးဖို့ စစ်ဆင်ရေး လုပ်ဆောင်ခဲ့တာလို့ ကြေညာထားပါတယ်။

ညပိုင်းမှာ အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ လက်တုံ့ပြန် ပစ်ခတ်ခဲ့တာကြောင့် ဂျေရုဆလင်နဲ့ တဲလ်အဗစ်ဗ် မြို့တွေမှာ ထိခိုက်ပျက်စီးမှုတွေ၊ ဒဏ်ရာရမှုတွေ ရှိလာခဲ့ပါတယ်။

CNN သတင်းဌာနက အီရန်-အစ္စရေး အရေးနဲ့ ပတ်သက်လို့ အစ္စရေးရဲ့ အမာခံ မဟာမိတ် အမေရိကန် သမ္မတ ထရမ့်ကို ဖုန်းဆက်ပြီး အင်တာဗျူးတဲ့အခါ ထရမ့်က သူ့အနေနဲ့ သေချာပေါက် အစ္စရေးဖက်က ထောက်ခံ ရပ်တည်ရမှာ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

နောက်ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ ရလဒ်ပိုင်းအရ အရမ်းအောင်မြင်တဲ့ စစ်ဆင်ရေးမျိုး ဖြစ်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။ အစ္စရေး စစ်တပ်က အဲဒီ တိုက်ခိုက်မှုမှာ တိုက်လေယာဉ် အစီး ၂၀၀ လောက်ကို အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထရမ့်က အီရန် အနေနဲ့ သူပြောတဲ့ စကားတွေကို သေချာ နားထောင်ခဲ့သင့်ကြောင်း၊ သဘောတူညီမှု တစ်ခုခု ရနိုင်ဖို့ အီရန်ကို သူက အချိန် ရက် ၆၀ သတ်မှတ်ပြီး စောင့်ပေးခဲ့ကြောင်း၊ အခုတော့ ၆၁ ရက်မြောက်နေ့ ဖြစ်သွားပြီဖြစ်ကြောင်း ပြောပါတယ်။ တစ်နည်းအားဖြင့် သူအချိန်ပေးခဲ့တဲ့ သတ်မှတ်ကာလ အကုန်မှာ အစ္စရေးက အီရန်ကို စတင် တိုက်ခိုက်ခဲ့တာလို့ ထရမ့်က ဆိုလိုဟန် ရှိပါတယ်။

အခုတော့ အီရန်ဟာ အရာရာ အရမ်း နောက်ကျမသွားခင် အခြေအနေကို နားလည်ပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ပြန်လာသင့်ပြီ ဖြစ်ကြောင်း၊ အီရန်မှာ သူသိထားတဲ့ အရမ်းသဘောထား တင်းမာတဲ့ သူတွေကတော့ သေကုန်ပြီဖြစ်ကြောင်းလည်း ထရမ့်က ပြောပါတယ်။

ထရမ့်ဟာ အီရန် အနေနဲ့ ဘာမှ မကျန်တော့တဲ့ အဆင့်ထိ ဖြစ်မသွားခင် နျူကလီးယားအရေး ဆွေးနွေး သဘောတူညီမှု တစ်ခုကို ရှာဖွေသင့်နေပြီ ဖြစ်ကြောင်း၊ မဟုတ်ရင် အစ္စရေးဆီက တိုက်ခိုက်မှုတွေဟာ ပိုပြီး ကြမ်းတမ်း ပြင်းထန်လာနိုင်ကြောင်းလည်း လူမှုကွန်ရက်ပေါ်မှာ သတိပေး ရေးသားထားခဲ့ပါသေးတယ်။

တစ်ဖက်မှာတော့ ထရမ့်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ မာကို ရူဘီရိုကတော့ သမ္မတနဲ့ယှဉ်ရင် ပိုပျော့ပျောင်းတဲ့ အသုံးအနှုန်းမျိုးကို ရွေးချယ်ခဲ့ပြီး အစ္စရေးက အီရန်ကို တိုက်ခိုက်တဲ့ ကိစ္စမှာ အမေရိကန်ရဲ့ တိုက်ရိုက် ပတ်သက်မှု လုံးဝ မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

အစ္စရေးဟာ အီရန်အပေါ် တစ်ဖက်သတ် အရေးယူ ဆုံးဖြတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း၊ အီရန်အပေါ် တိုက်ခိုက်မှုမှာ အမေရိကန်က လုံးဝ ပါဝင်ပတ်သက်မှု မရှိခဲ့သလို အမေရိကန်ရဲ့ လက်ရှိ ဦးစားပေး ရည်မှန်းချက်ဟာ ဒေသတွင်းမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်တွေရဲ့ လုံခြုံရေးသာဖြစ်ကြောင်း ရူဘီရိုက ပြောကြားထားခဲ့ပါတယ်။

ကိုးကား: CNN

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/becomesupporter/LuduNwayOo/
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗫 - https://x.com/LuduNwayOo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 – https://t.me/communityfactchecking

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
👍5417🤣5🔥2
👍55💩65🔥1🖕1
မဟာလူမျိုးကြီးဝါဒ နှင့် စစ်အာဏာရှင်စနစ် ကျင့်
သုံးပြီး ပဋိပက္ခ ဖန်တီးနေသူများကို အပြီးတိုင် တိုက်ဖျက်ရန် KNUဥက္ကဋ္ဌပြော

■ကရင်ပြည် ကို ကော်သူးလေ ထူထောင်နိုင်ရေး အင်တိုက်အားတိုက် ကြိုးပမ်းရန် တိုက်တွန်း

■လူမျိုးများ နှင့် ပြည်သူလူထုအားလုံးငြိမ်းချမ်း
ကောင်းမွန်စွာဖြင့်နေထိုင်နိုင်ခြင်းကိုအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်
ထောင်ခြင်းကိုလည်းအတူတကွ ကြိုးပမ်းသွားရမည်ဟု​ပြော

ဇွန်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

မဟာလူမျိုးကြီးဝါဒ နှင့် အာဏာရှင်စနစ်နှင့် ထိုမူထိုစနစ်များကို ကျင့်သုံးပြီး ပြည်တွင်း ပဋိပက္ခကို ဖန်တီးနေသောသူများကို အပြီးတိုင် တိုက်ဖျက် ရန်ကရင်လူမျိုးများ၏တာဝန်ဖြစ်ကြောင်း ကရင်
အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကပြောကြားသည်။

ဇွန်လ ၁၄ရက်​နေ့တွင်ကျရောက်သည့် (၇၆)နှစ် မြောက် ကော်သူးလေနေ့ မိန့်ခွန်း၌ KNU ဥက္ကဋ္ဌက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

"ကော်သူးလေနေ့” သည် “ကော်သူးလေအစိုးရ" ဖွဲ့စည်းထူထောင်ခဲ့သည့်နေ့ဖြစ်သကဲ့သို့ကရင်လူ
မျိုးအနေဖြင့် မိမိနယ်မြေတွင်ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် အုပ်ချုပ်ရေးလည်ပတ်ကာကရင်လူမျိုး များ နှင့် ဒေသခံပြည်သူလူထုများ၏ လိုအပ်ချက် နှင့် အကျိုးကို သယ်ပိုးဖြည့်ဆည်းပေးမှုကို ပြသခြင်း ဖြစ်ဟု ရှင်းပြသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးခြင်းသည် တော်
လှန်ရေးကာလတွင် ကိုင်စွဲရပ်တည်ရမည့် နိုင်ငံ
ရေးလမ်းညွှန်ချက်ဖြစ်သည့် မိမိနိုင်ငံရေးကံကြမ္မာ မိမိကိုယ်တိုင်ဖန်တီးရေး နှင့် ကရင်လူမျိုးများ သာမက လူမျိုးများအားလုံး ကြီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲ ရေးတို့ကို လမ်းညွှန်ပေးခြင်းဖြစ်သည်ဟု KNU ဥက္ကဋ္ဌက ပြောသည်။

ခေတ်ကာလနှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နိုင်ငံရေး အခြေအနေများ၊ အုပ်ချုပ်ရေးနှင့်ပြည်သူ့ရေးရာစီမံခန့်ခွဲရေးတို့ကို နားလည်သဘော
ပေါက် တတ်ကျွမ်းရန်လေ့လာသင်ယူလျက် လာမည့်အနာဂတ်ကာလတွင် မိမိတို့၏ ကံကြမ္မာကို မိမိတို့ကသာလျှင် ဖန်တီး ပြီး စီမံအုပ်ချုပ်နိုင်ရန် အနာဂတ်မျိုးဆက်သစ်များအား မွေးထုတ်သွားရမည်ဟုလည်း ပြောကြားသည်။

ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်ခြင်း၊ ငြိမ်းချမ်း သာယာဝပြောခြင်းများနှင့်ပြည့်စုံသည့်ကရင်ပြည် “ကော်သူးလေ" ထူထောင်ရန်လူငယ်ပညာတတ် များသည် ကဏ္ဍပေါင်းစုံတွင်ပါဝင်ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း KNU ဥက္ကဋ္ဌက ဖိတ်ခေါ်သည်။

ကရင်ပြည် “ကော်သူးလေ” ထူထောင်ရေးကို အင်
တိုက်အားတိုက် ကြိုးပမ်းရန် KNU ဥက္ကဋ္ဌက ပြောကြားခဲ့ပြီး ကရင်ပြည်"ကော်သူးလေ"သည် ကရင်လူမျိုးများ၏စိတ်နှလုံးထဲတွင်ရှင်သန်ပြီးယုံကြည်
မှုဖြင့်အတူတကွဖော်ဆောင်ကြရန်တိုက်တွန်း
သည်။

KNU ဥက္ကဋ္ဌ၏မိန့်ခွန်းတွင်ကရင်ပြည် "ကော်သူးလေ"ကို အတူတကွထူထောင်ခြင်း နှင့် တချိန်ထဲ
၌ပင် လူမျိုးများနှင့် ပြည်သူလူထုအားလုံး ငြိမ်း
ချမ်းကောင်းမွန်စွာဖြင့် နေထိုင်နိုင် ခြင်းကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်
ထောင်ခြင်းကိုလည်း အတူတကွ ကြိုးပမ်းသွားရမည်ဟု ပြောကြားခဲ့သည်။

လက်ရှိတွင်KNUအနေဖြင့်မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အခြားသောလူမျိုးစုတော်
လှန်ရေးအဖွဲ့အစည်းများ နှင့် စစ်အာဏာရှင်ဆန့်
ကျင်သောအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်ကြိုးပမ်းလျှက်ရှိကြောင်း အသိပေးသည်။ထို့နည်းတူစွာပင် ကရင်အမျိုးသားအစည်းအရုံးထိန်း
ချုပ်ထားသောနယ်မြေတွင် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု များကိုလည်း ချမှတ်သွားမည်ဖြစ်ကြောင်းဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းကပြော
သည်။ယင်းသည်ဖက်ဒရယ်ဒီမိုကရေစီပြည်
ထောင်စုတည်ဆောက်ရာတွင်အောက်ခြေမှ အ
ထက်သို့ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်အားကောင်းအောင် တည်ဆောက်ခြင်း မှတဆင့် ပြည်ထောင်စု ထူထောင်ခြင်းကိုပုံဖော်ခြင်းဖြစ်ကြောင်းလည်း KNU ဥက္ကဋ္ဌကပြောကြားသည်။
62👍29🔥1😁1😍1
ဓါတ်ပုံ-KNU
58👍27👏3🔥2😁1👌1
အီရန်ကို တိုက်ခိုက်တဲ့ အစ္စရေးကို ရုရှားရှုတ်ချ၊ သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့ တောင်းဆို

ရုရှားနိုင်ငံ အနေနဲ့ အီရန်ကို အစ္စရေးက တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ဗလာဒီမာ ပူတင်က အီရန် သမ္မတကို ပြောကြားခဲ့ပါတယ်။

ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေ၊ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ စတင် တိုက်ခိုက်ခဲ့ပြီး ညပိုင်းမှာ အီရန်ကလည်း အစ္စရေးရဲ့ မြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပဋိပက္ခ အစပြုခဲ့ပြီးတဲ့ အချိန်မှာပဲ ပူတင်ဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကိုရော၊ အီရန် သမ္မတ မာဆွတ် ပက်ဇက်ရှ်ခန်းကိုပါ ဖုန်းခေါ်ခဲ့တယ်လို့ သိရပါတယ်။

ပက်ဇက်ရှ်ခန်းနဲ့ စကားပြောချိန်မှာတော့ ပူတင်က ရုရှားအနေနဲ့ အစ္စရေးရဲ့ ကျူးကျော် တိုက်ခိုက်မှုကို ရှုတ်ချရပ်တည်မယ်လို့ ပြောကြားခဲ့ကြောင်း ကရင်မလင် နန်းတော်ရဲ့ ထုတ်ပြန်ချက် တစ်ခုမှာ ဖော်ပြထားပါတယ်။ ပြီးတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေကြေခဲ့သူတွေအတွက်လည်း ပူတင်က ပက်ဇက်ရှ်ခန်းကို စာနာစကား ပြောခဲ့ပါတယ်။

နေတန်ညာဟုနဲ့ ဖုန်းပြောတဲ့ အခါမှာတော့ ပူတင်က အီရန်ရဲ့ နျူကလီးယား အစီအမံတွေနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲတာတွေကို သံတမန်ရေး နည်းလမ်းတွေနဲ့ ဆွေးနွေး ဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အစ္စရေး အနေနဲ့ ဒီပြဿနာကို ရှင်းတဲ့အခါ ဗုံးတွေအစား နိုင်ငံရေးနဲ့ သံတမန်ရေး လမ်းကြောင်းတွေကို အသုံးပြုဖို့ လိုကြောင်း ပူတင်က ပြောကြားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုမိုဆူပွက်လာတဲ့ အခြေအနေမှာ ရုရှားဟာ နှစ်နိုင်ငံစလုံးနဲ့လည်း နီးနီးကပ်ကပ် ဆက်သွယ်နေဦးမယ်လို့ ကရင်မလင် ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

အစောပိုင်းမှာတော့ ရုရှားဟာ အစ္စရေး-အီရန် ပဋိပက္ခနဲ့ ပတ်သက်လို့ သဘောထားတွေ ထုတ်ပြန်ခဲ့ရာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ တစ်ဖက်သတ် လုပ်ဆောင်ချက်လို့ စွပ်စွဲပြီး အီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီး သံတမန်ရေး အားထုတ်မှုတွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဝေဖန်ထားခဲ့ပါတယ်။

ကိုးကား: Reuters

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/becomesupporter/LuduNwayOo/
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗫 - https://x.com/LuduNwayOo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 – https://t.me/communityfactchecking

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
😁6717👍10🔥2🤮2🤬1🤣1
😁56👍9🤣4👎1🔥1🤬1
မန္တလေးမှာငလျင်ဒဏ်သင့်အဆောက်အအုံဖြိုတဲ့အလုပ်လာလုပ်တဲ့ ချောင်းဦးကစစ်ရှောင်တဦး ဓာတ်လိုက်သေဆုံး

ဇွန်-၁၄၊ ၂၀၂၅။ဇေအောင်/People's Spring

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုတဲ့အလုပ် လာလုပ်နေတဲ့ ချောင်းဦးက စစ်ရှောင်တဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇွန်လ (၁၃)ရက် ညနေ ၃ နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၃ လမ်း၊ လမ်း ၂၀နဲ့၂၁ လမ်းကြားက ငလျင်ဒဏ်သင့် ငါးထပ်တိုက်ဘော်ဒါဆောင်ကို ဖြိုချနေတုန်း အသက်(၄၄)နှစ်အရွယ် အမျိုးသားတဦး ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

"သစ်သားကိုသံတူရွင်းနဲ့ခွာတာ။ဓါတ်ကြိုးကို ထိုးမိပြီး သံတူရွင်းကနေ ဓာတ်လိုက်တာ။"လို့ဒေသခံတဦးက ပြောပါတယ်။

ဓါတ်လိုက်ပြီးနောက်အဲဒီအမျိုးသားကိုလူမှုကယ်
ဆယ်ရေးအသင်း ​ရှေးဦးသူနာပြုစုနည်း​တွေနဲ့အသက်ကယ်ဖို့ကြိုးစားခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့
ပေမယ့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ ဦးထွန်းဝင်းဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ လာရောက်လုပ်ကိုင်နေသူတဦးဖြစ်
ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

မန္တလေးမှာ ငလျင်ဒဏ်သင့်အဆောက်အအုံတွေကို လူအင်အားနဲ့ဖြိုချနေရပြီး လုပ်သားများဟာ အကာအကွယ်ပစ္စည်းမပါဘဲ အသက်အန္တရာယ်နဲ့နီးကပ်စွာဆောင်ရွက်နေရတယ်လို့မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့မေလ(၃၁)ရက်ကလည်းမန္တလေးမြို့၊ ၂၆ လမ်း၊ လမ်း ၆၀ အနီးက ငလျင်ထိသွားတဲ့တိုက် ဖြိုချခဲ့ရာမှာ အလုပ်သမားနှစ်ယောက်ထိခိုက်
ခဲ့တဲ့အနက် ၁၈ နှစ်အရွယ်သားဖြစ်သေဆုံးကာ ဖခင်ဖြစ်သူ ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
😢537🔥2
ဓာတ်လိုက်သေဆုံးခဲ့သူအား တွေ့ရစဥ်။ ဓာတ်ပုံ-လူမှုကယ်ဆယ်ရေးအသင်း
😢57👍52🔥1🙏1
■ကဗျာ

"ပွင့်ခက် ၈၀"

ကျမတို့ပြည်သူတွေလို့ တဖွဖွရေရွတ်ခဲ့ဖူးတယ်
ကျမတို့ပြည်သူတွေအပေါ် မြူမှုန်တစ်စက် စိတ်ကွက်တယ်မရှိ
ကျမတို့ပြည်သူတွေကို ဟက်ဟက်ပက်ပက်
စိတ်ကျေနပ်မိတယ်ဆိုတာချည်း
ကျမတို့ပြည်သူတွေဟာ ရေအရောများထားတဲ့
ဒီမိုကရေစီကို
ဖုတ်ပူမီးတိုက် မြည်းစမ်းခွင့်ရခဲ့တာတောင်
အသက်နဲ့ဘဝတွေထပ်ကာ အပြင်းအထန် ခုခံခဲ့တယ်လို့
မှောင်နဲ့မည်းမည်း အစွယ်တွေ ပတ်လည်ဝိုင်းထားတဲ့ ကမ္ဘာကနေ
လှမ်း ဂုဏ်ယူခဲ့သေးတယ်
၈၀ဟာ ၈၀လို မနေနိုင်တော့လည်း
ကိုယ့်ဘဝ ကိုယ့်ပြဿနာ ကိုယ့်နောင်ရေး
ကိုယ့်ဘာသာ ကျော်တွေးထားပုံပဲ
ဖမ်းထားပြီးတာတောင် စစ်အာဏာရှင်တွေ ကြောက်နေရတဲ့
ဒေါက်ဖိနပ် ၈၀ ဒေါင်ဒေါင်မြည် ဆက်ရပ်ခံတယ်
၈၀မှာ ၈၀လို သက်သောင့်သက်သာမရှိ
၈၀မှာ ၈၀လို ကယောက်ကယက်မရှိ
၈၀မှာ ၈၀ဟာ လောကဓံတွေ အထွေးလိုက် ပွင့်နေတဲ့ လမ်းကိုပဲ
ဖြောင့်​​ဖြောင့်တန်းတန်း
ပြည်သူတွေကိုသာ ကြားလေမသွေး ကျစ်ကျစ်ပါဆုပ်ထားတယ်
ဒီဘဝ ဒီကမ္ဘာမှာ ဒီပြည်သူတွေကိုပဲ ရိုးရိုးလေး ရွေးချယ်ခဲ့တယ်
ခေတ်ကြီးက ပဒိုင်းပန်းတွေချည်းတော့ ဘယ်ပွင့်လိမ့်မလဲ
နှင်းဆီနီနီ ပွင့်ခက်တွေဝေလို့
မကြာမီ ပြန်လာပါလိမ့်မယ်။ ။

လွှမ်းရုံ
78🥰3🔥2🤮1🕊1
83👍6🥰2😁2🤮1🕊1
သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ရှည်လများ ပြင်ပနှင့်ထိတွေ့ဆက်သွယ်ခွင့် ပိတ်ပင်ခံရသည့်အခြေအနေကို ကုလ၌ မြန်မာသံအမတ်ကြီးပြော

ဇွန်-၁၄၊၂၀၂၅။အီယိုရီ/ People’s Spring

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အ
တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြင်ပနှင့်ထိတွေ့ဆက်သွယ်ခွင့်အား နှစ်ရှည်လများ ပိတ်ပင်ခံထားရကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာ
သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားသည်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ယမန်နေ့
(ဇွန်လ ၁၃ရက်)က ပြုလုပ်သည့် ‘ဒုတိယအခွင့်
အရေး-ကမ္ဘာလုံးဆိုင်ရာအကျဥ်းထောင်စိန်ခေါ်မှုကို ဖြေရှင်းခြင်း’ အစည်းအဝေးတွင် တက်ရောက်မိန့်ခွန်းပြောကြားစဥ် စစ်အုပ်စုက အကျဉ်းသားများကို သီးခြားဖယ်ထုတ်၍ ပျောက်ကွယ်အောင် ဖယ်ရှားပစ်ရန်နှင့် ရွေးကောက်ခံခေါင်းဆောင်များကို ဖယ်ထုတ်ခြင်းဖြင့် ဒီမိုကရေစီကို ဆိတ်သုဉ်းစေရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း သံအမတ်ကြီးက အသိပေးသည်။

စစ်တပ်လက်အောက်ခံတရားရုံးများသည်လျှို့
ဝှက်စွာလှုပ်ရှားပြီးသေဒဏ်စီရင်ချက်များကို မိနစ်ပိုင်းအတွင်းချမှတ်နေကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂသို့ပြောသည်။

ပြီးခဲ့သည့်၂၀၂၃ ခုနှစ် တစ်နှစ်တည်း၌ပင် ဒီမိုကရေစီ ထောက်ခံ အားပေးသူ (၁၆၀)ခန့် သေဒဏ်ချမှတ်ခံခဲ့ရသည်ဟု အစီရင်ခံသည်။

အာဏာသိမ်းစစ်ကောင်စီသည် အကျဉ်းထောင်အသစ်များကိုလည်း တည်ဆောက်လျက်ရှိပြီး ယင်းအဆောက်အအုံများမှာ တရားမျှတမှုအား ကိုင်စွဲရန်အတွက် မဟုတ်ဘဲ တရားမျှတမှုကို အ
ကျဉ်းချရန်အတွက်ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၄နှစ်ကျော်အတွင်း ကျောင်းသူကျောင်းသားများ၊ ဆရာဝန်များ၊ သတင်းထောက်များ၊ ရွေးကောက်ခံ လွှတ်
တော်အမတ်များနှင့် ကလေးများအထိပါဝင်လျက် ပြည်သူ (၂၉,၀၀၀) ကျော်မှာ နိုင်ငံရေးရပ်တည်
ချက်များကြောင့် ဖမ်းဆီးထိန်းချုပ်ခံခဲ့ရသည်။ အများစုမှာ တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခံရခြင်းဖြစ်ပြီး စစ်တပ်မှ ငွေညှစ်လိုသည့် ရည်ရွယ်
ချက်ဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများဖြစ်
ကြောင်း သံအမတ်ကြီးက ကုလသို့ ရှင်းပြသည်။

ဖမ်းဆီးခံထားရသူများအနက် (၂၂,၀၀၀)ကျော်မှာ ဆက်လက် ထိန်းသိမ်းခံထားရပြီး ထောင်ဒဏ်များ ချမှတ်ခံထားရပြီး ဖမ်းဆီးထိန်းချုပ်ခံထားရသူ
များအနေဖြင့် တရားမျှတမှုရှိသော တရားခွင်ဆုံးဖြတ်မှုကို တစ်ကြိမ် တစ်ခါမျှ ခံစားခွင့် မရခဲ့ကြကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

၂၀၂၂ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ကိုဖြိုးဇေယျာသော်၊ ကိုကျော်မင်းယု
(ခ)ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့သည်တံခါးပိတ်တရားခွင်များဖြင့် မတရား
ကွပ်မျက်စီရင်ခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင်လည်း စစ်အုပ်စုက ကိုကောင်းထက်နှင့် လူငယ် အမျိုး
သမီးနိုင်ငံရေးအကျဉ်းသူမချမ်းမြေ့သူတို့ကို ထပ်
မံ၍ မတရား ကွပ်မျက်စီရင်ခဲ့ကြောင်း သံအမတ်
ကြီးက ကုလသို့ ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စုက လက်ရှိ တိုင်းပြည်ကြုံတွေ့နေရသည့် အကျပ်အတည်း၏ ဇစ်မြစ်ဖြစ်ကြောင်း သံအမတ်ကြီး ကုလသို့ ရှင်းပြသည်။

စစ်အုပ်စုသည် ပြည်တွင်းတရားဥပဒေစိုးမိုးမှုကို ချိုးဖောက်သည့်အပြင် အရပ်သားပြည်သူများအပေါ် စစ်မက်ကျူးလွန်နေခြင်းကြောင့် အကျဉ်း
ကျနေသူများသာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူလူ
ထုတစ်ရပ်လုံးမှာ နေရပ်စွန့်ခွာမှုပြဿနာနှင့် လူ
သားစာနာအကျပ်အတည်း ဒုက္ခ တို့ကို ရင်ဆိုင်နေရသည်။

ထိုအခြေအနေတွင်စစ်အုပ်စုကပြစ်ဒဏ်ကင်း
လွတ်ခွင့်ကို ခံစားနေပြီး နိုင်ငံတကာဥပဒေ၊ နိုင်ငံ
တကာလူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့ကို ပြောင်
ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

စစ်အုပ်စုသည် စစ်ရာဇဝတ်နှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၏ တစ်ဦးတည်းသော တရားခံများပင်ဖြစ်ပြီး ၎င်းတို့အား မဖြစ်မနေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရမည်ဖြစ်
ကြောင်းသံအမတ်ကြီး ဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်စစ်အာဏာ
ရှင်စနစ်နှင့် ၎င်းတို့၏ မတရား စစ်အာဏာသိမ်းမှုတို့ ချုပ်ငြိမ်းရေးအတွက် အားထုတ်နေသည့် မြန်
မာပြည်သူများ၏ ကြိုးပမ်းမှုများကို ကူညီ အားဖြည့်ပေးကြရန် ကုလဆိုင်ရာမြန်မာသံအမတ်ကြီးက တိုက်တွန်းသည်။
👍7517🔥1🤮1🕊1
👍6324🥰2😁2🤮2🕊1
အိုးဘိုထောင်မှာ ဆေးဝါးစောင့်ရှောက်မှုမလုံလောက်လို့ CDM ကျောင်းအုပ်ဆရာမကြီး ကွယ်လွန်

ဇွန်-၁၄၊ ၂၀၂၅။ ဇေအောင်/People's Spring

မန္တလေးအိုးဘိုအကျဥ်းထောင်မှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသူ အလယ်တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ပြုလုပ်ခဲ့တဲ့ မန္တလေးမြို့က အသက်(၅၆)နှစ်အရွယ် အလယ်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်သန်းဟာ အကျဉ်းထောင်တွင်း ဆေးဝါးလုံလောက်စွာစောင့်ရှောက်မှုမရရှိတာကြောင့် သွေးကြောပေါက်ကာ မေလ(၇)ရက်က အိုးဘိုထောင်မှာ ကွယ်လွန်သွားခဲ့တယ်လို့ PPNMက ဖော်ပြပါတယ်။

ဆရာမကြီးဟာ CDM လုပ်လို့ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်က စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဆရာမကြီးဟာ တီဘီရောဂါအခံရှိတာကြောင့် ဆေးဝါးစောင့်ရှောက်မှု ပုံမှန်လိုအပ်နေသူတစ်ဦး ဖြစ်ပြီး ရောဂါပြင်းထန်လာချိန် ထောင်အာဏာပိုင်တွေဆီ ပြင်ပမှာ ဆေးကုသခွင့်တောင်းခံခဲ့ပေမဲ့ ဆေးကုသခွင့်မပေးခဲ့ဘူးလို့ PPNMက အသိပေးပါတယ်။

ဆရာမကြီးမှာ ထိုတီဘီရောဂါအခံကြောင့် ဆေးအပြင်းများသွင်းနေရပြီး ဆေးပြင်းများကြောင့် သွေးကြောပေါက်ချိန်မှာ အချိန်မီ ဆေးဝါးကုသစောင့်ရှောက်မှု မရရှိခဲ့လို့ သေဆုံးခဲ့ရတာဖြစ်ကြောင်း PPNM တာဝန်ရှိသူတွေက ရှင်းပြပါတယ်။

ဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ အကျဥ်းထောင်အတွင်း သေဆုံးခဲ့ရသူ ဒီနှစ်အတွင်းမှာ ဇွန်လ(၁)ရက်အထိ ၁၁ဦး ရှိကြောင်းPPNMက စာရင်းပြုစုထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သာယာဝတီထောင်နဲ့ ရန်ကုန် အင်းစိန်ထောင်တို့မှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ ဒါမှမဟုတ် ထောင်ဆေးရုံက မကုပေးနိုင်တော့လို့ ပြင်ပဆေးရုံ ပြောင်းရွှေ့ချိန်မှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားအချို့ ရှိခဲ့ပါတယ်။

"ဒီသေဆုံးမှုအရေအတွက် အခြေအနေ‌တွေဟာ ထောင်တွင်းဆေးဝါးကုသမှုမရရှိမှု ဘယ်လောက်အထိ ဆိုးရွားနေလဲဆိုတာ သေဆုံးခဲ့ကြရတဲ့သူတွေက သက်သေပြနေရသလိုဖြစ်ပါတယ်။ နောက်ထပ် ဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ သေဆုံးတာမျိုး ထပ်ပြီး မဖြစ်စေချင်တော့ပါဘူး"လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

မြန်မာနိုင်ငံရှိ အကျဥ်းထောင်များမှာ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မပေးခြင်းကြောင့် နိုင်ကျဉ်းအပါအဝင် အကျဉ်းကျခံနေရသူများဟာ ရောဂါများ ဖြစ်ပွားခြင်း၊ ဆေးကုသခွင့် ဆုံးရှုံးလို့ ရောဂါအခံများပိုမိုဆိုးရွားလာခြင်း၊ သေဆုံးသင့်တဲ့ အခြေနေမဟုတ်ပါဘဲ အသက်ပေးရသည်ထိ ဖြစ်ပွားလျက်ရှိကြောင်း PPNMက ထုတ်ပြန်ပါတယ်။

အိုးဘိုအကျဥ်းထောင်ဟာ နိုင်ငံရေးအကျဥ်းသားတွေကို ဖိနှိပ်ရာမှာ နာမည်ကြီးပြီး ဇွန်လ ၁၂ ရက်မနက်ကလည်း မုံရွာထောင်ကနေပြောင်းလာတဲ့ နိုင်ကျဥ်း ၅၀ကျော်အပါအဝင် အကျဥ်းသား ၁၀၀ကျော်ကို ထောင်ဘူးဝမှာတင် ရိုက်နှက်ထိုးကြိတ်ခဲ့ကြပါသေးတယ်။
😢82🤬1812🙏4👎2👍1