ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြိုဆုတောင်းခြင်းနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးစစ်ကိုင်းမှာဆန္ဒပြ
ဇွန်-၁၃၊၂၀၂၅။ သုည/People's Spring
စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၃)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပန်းပေါင်းစုံ ဝေဆာစွာပန်ဆင်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆု
တောင်းရင်း လူထုဆန္ဒကို ထုတ်ဖော်ကြဖို့ နှိုးဆော်တဲ့အနေနဲ့ "ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ" စာသားတွေ လိုက်လံဖြန့်ဝေခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်
ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်
ကြောင်းက ဒေါ်အောင်ဆန်းစုကြည် (၈၀) နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ပါတယ်။
ချောင်းဦးမြို့နယ်မှာလည်းလူငယ်အင်အားစု သ
ပိတ်ကော်မတီမှ ကြားကာလပညာရေးကျောင်းတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကာကွယ်
ရေး အသိပညာပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း "ပြည်သူ့အားမာန်သပိတ်"က စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေးနဲ့ လူထုခေါင်းဆောင်နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀နှစ်ပြည့်အတွက် မွေးနေ့အ
ကြိုဆုမွန်ကောင်း တောင်ဆိုပေးခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

❤52👍21🔥2👏1😁1
တော်လှန်ရေးနှင့်တူအောင်၊စစ်ကိုစစ်နှင့်တူအောင်တိုက်ရန်အားလုံး၌တာဝန်ရှိဟုCDFမင်းတပ် စစ်ဦးစီးချုပ်ပြော
■“စုဖွဲ့လေ့ကျင့်မှုမရှိဘဲနဲ့ အဖြစ်ပဲ တော်လှန်ရေးလုပ်နေရင်တော့ကျနော်တို့ ဘယ်တော့မှ အောင်
မြင်မှု ရနိုင်မှာ မဟုတ်ပါဘူးဗျ”
-စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ
ဇွန်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring
စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် စုဖွဲ့လေ့ကျင့်မှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ် စစ်
ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောကြားလိုက်ပြီး တော်လှန်ရေးကို တော်လှန်ရေးနှင့်တူအောင်၊ စစ်ကို စစ်နှင့်တူအောင် တိုက်ရန် အားလုံး၌ တာ
ဝန်ရှိသည်ဟု သတိပေးသည်။
ဇွန်လ ၁၂ရက်က ကျင်းပသည့် CDF မင်းတပ် ၏ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီးသင်တန်း
ဆင်းပွဲ နှင့် လက်ရှိစစ်ရေး ၊နိုင်ငံရေးအပေါ် အခြေမေးမြန်းရာ CDFစစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ ကပြောကြားခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးတွင်အားလုံးကရှောင်နေကြပြီး အ
ကြောင်းပြချက် မျိုးစုံပေးပြီး အခက်အခဲများ ရွတ်ပြနေပါက တော်လှန်ရေး ရေစုန်မျောသွားရုံသာရှိဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။
“အဲဒါကြောင့် ကျနော်တို့ တော်လှန်ရေး အဖွဲ့အ
စည်းအသီးသီးကနေပြီးတော့မှ စနစ်ကျတဲ့ စုဖွဲ့မှု လေ့ကျင့်မှုတွေလုပ်ပြီးတော့ ဒီလိုအင်အားရှိအောင် တဆင့်ချင်းတဆင့်ချင်း ကျနော်တို့ ပြန်ပြီးတော့ တည်ဆောက်ပြီးတော့ တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင် စစ်ကို စစ်နှင့်တူအောင် တိုက်ဖို့အတွက် အားလုံးမှာ တာဝန်ရှိတယ်လို့ ကျနော်ကတော့ ပြောလိုပါတယ်” ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီကို မခုခံဘဲနေပါက ပြည်သူများအနေဖြင့်စစ်ကောင်စီ၏ဖမ်းဆီးသတ်ဖြတ်
ညှင်းပမ်းနှိပ်စက်မှုမျိုးစုံ ဆက်လက်ရင်ဆိုင်နေကြရမည်ဟု ၎င်းက ပြောသည်။
“အကြမ်းဖက် စစ်မိစ္ဆာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ကျနော်တို့က မခုခံရင် သူတို့ကဆက်ပြီးတော့ ကျနော်တို့ကိုညှင်းပမ်းနှိပ်စက်သတ်ဖြတ်
နေအုံးမှာ။ပြည်သူလူထုကိုတောက်လျှောက်ပေါ့လေ အရင်က ပုံစံအတိုင်းပဲ ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ ညှင်းပမ်းမှုတွေ ဆက်လုပ်နေမှာ။ ဆိုတော့ ကျနော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ကျနော်တို့ သူတို့ ရှေ့မှာ အသေခံမလား၊ သူတို့ ကို ပြန်ချမလား ပြန်တိုက်မလား အဲဒီနှစ်ခုပဲ ကျနော်တို့ ရွေးရပါလိမ့်မယ်။ ပြန်ချမယ် သူတို့ကိုပြန်တိုက်မယ် ဒီအကြမ်းဖက်စစ်အုပ်စုကို ပြန်တိုက်မယ်ဆိုရင် ကျနော်တို့မှာ မဖြစ်မနေ တပ်ကို အင်အားရှိအောင် တည်ဆောက်ရပါလိမ့်မယ်” ဟုဆလိုင်းထန်းချွန်းဖေက ပြောသည်။
ထိုမှသာ စစ်ကောင်စီကို တိုက်ခိုက်နိုင်မည်ဖြစ်ပြီး မဟုတ်ပါက အောင်မြင်မှု ရမည်မဟုတ်ဟု ၎င်းက သတိပေးသည်။
“ကျနော်တို့က အာသာပြေစကားလုံးတွေပဲ ပြောပြီးတော့ ဟုတ်တိပတ်တိ စုဖွဲ့လေ့ကျင့်မှုမရှိဘဲနဲ့ အဖြစ်ပဲ တော်လှန်ရေးလုပ်နေရင်တော့ ကျနော်တို့ ဘယ်တော့မှ အောင်မြင်မှု ရနိုင်မှာ မဟုတ်ပါဘူးဗျ။ အဲဒါကြောင့် ကျနော်တို့ အကြမ်းဖက်စစ်ကောင်စီကို ပြန်ပြီးတော့ တုန့်ပြန်မယ် ငြိမ်မခံဘူး သူ့ကို ပြန်ပြီးမှ ခုခံတော်လှန်မယ်ဆိုရင်တော့ ကျနော်တို့ အင်အားရှိအောင် တည်ဆောက်ရမယ် စုဖွဲ့လေ့ကျင့်ရမယ် အဲဒါမှ ကျနော်တို့ လိုချင်တဲ့ ပန်း
တိုင်ကို ရောက်နိုင်မယ်လို့ ပြောလိုပါတယ်” ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် ဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းမှ ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲကို ဇွန်လ ၁၂ရက်က ကျင်းပဲ့ရာ စစ်ဦးစီးချုပ်နှင့် တပ်မှူးများ တက်ရောက်ခဲ့ကြောင်း CDF မင်းတပ်က ထုတ်ပြန်သည်။
အဆိုပါ သင်တန်းဆင်းပွဲသို့သင်တန်းသားရာနှင့်ချီ တက်ရောက်ခဲ့သည်။ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် CDF မင်းတပ်နှင့်မဟာမိတ်များသည် မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယခုကျင်းပသည့် အခြေခံစစ်သင်တန်းဆင်းပွဲသည် မင်းတပ်မြို့သိမ်းပြီး ပထမဆုံး ပြုလုပ်သည့် သင်တန်းဆင်း ပွဲလည်းဖြစ်သည်။
စစ်ကောင်စီ အနေဖြင့် မင်းတပ်ကိုလက်လွှတ်ဆုံရှုံးခဲ့ပြီးနောက် မြေပြင်ထိုးစစ်ဆင်ခြင်းမပြုလုပ်နိုင်သော်လည်း မင်းတပ်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ယခုနှစ်
ဝက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၈ကြိမ် ပြုလုပ်ခဲ့သည်။ အဆိုပါ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၀ဦး သေဆုံးကာ ၂၀ဦး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦး ၁၀၀ ကျော်ပျက်စီးခဲ့ဟု ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၂ရက်တွင် ထုတ်
ပြန်ကြေညာထားသည်။

❤86👍37🔥2👏2🥰1🙏1
အစ္စရေးရဲ့ မြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီး အီရန် လက်တုံ့ပြန်
ဇွန်-၁၄၊၂၀၂၅။People's Spring
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ အစ္စရေးနိုင်ငံရဲ့ မြို့ကြီးတွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဇွန်လ ၁၃ ရက်နေ့ တိုက်ခိုက်မှုဟာ မြေပြင်အခြေစိုက် ဒုံးကျည် အစင်း ၁၀၀ နီးပါးလောက်ကို နှစ်သုတ်ခွဲ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး တဲလ်အဗစ်ဗ်နဲ့ ဂျေရုဆလင်တို့မှာ ရှိနေတဲ့ လူနေထူထပ်တဲ့ ဧရိယာတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။
အစ္စရေး စစ်တပ်ဟာ အီရန်ရဲ့ ဒုံးကျည် အများစုကို ကြားဖြတ် ပစ်ချနိုင်ခဲ့တဲ့တိုင် အခုတိုက်ခိုက်မှုအတွင်း စုစုပေါင်း လူ ၃၄ ဦးလောက် ဒဏ်ရာရခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့တဲ့နောက် အီရန်က အခုလို လက်တုံ့ပြန်ခဲ့တာပါ။ အဲဒီလို ဒုံးကျည်တွေနဲ့ မပစ်ခတ် အီရန်ဟာ အစ္စရေးကို ဒရုန်းတွေ အများအပြား စေလွှတ်ပြီးလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။
အီရန်ရဲ့ အဓိပတိ အယာတိုလာ အလီ ခါမေနီက အီရန်ကို ထိပါးရန်စခဲ့မှုအတွက် အစ္စရေးဟာ ပြင်းပြင်းထန်ထန် ပြစ်ဒဏ် စီရင်ခံထိုက်တယ်လို့ ပြောကြားထားပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အီရန်ရဲ့ စစ်ဘက်နဲ့ အရပ်ဖက် ခေါင်းဆောင်တွေ၊ နျူကလီးယား သိပ္ပံပညာရှင်တွေပါ သေဆုံးခဲ့ပါတယ်။
အီရန်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကို အစ္စရေး လေကြောင်းကာကွယ်ရေး စနစ်တွေက ကြားဖြတ် ပစ်ချနေချိန် ညပိုင်း ကောင်းကင်ယံမှာ ပေါက်ကွဲသံတွေ ဆူညံပြီး အရောင်တွေ ထိန်လင်းသွားသလို မြေပြင်ပေါ်က အဆောက်အအုံတွေလည်း သိမ့်သိမ့်တုန်နေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ပြီးတော့ တဲလ်အဗစ်ဗ်ရော၊ ဂျေရုဆလင်မှာပါ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေလည်း ဆူညံနေခဲ့ပါတယ်။
မြေပြင်မှာ ရှိနေတဲ့ AP သတင်းထောက်တွေက တဲလ်အဗစ်ဗ်မှာ အီရန်ရဲ့ ဒုံးကျည် အနည်းဆုံး ၂ စင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း ပြောပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေ အတိအကျကိုတော့ မသိရပါဘူး။ တဲလ်အဗစ်ဗ်မှာရှိတဲ့ ဆေးရုံတစ်ခုကတော့ အီရန်ရဲ့ ဒုတိယအသုတ် ဒုံးကျည် ပစ်ခတ်မှုတွေအပြီး လူနာ ၇ ဦး ရောက်လာကြောင်း ပြောပါတယ်။
အစ္စရေးရဲ့ မြေပြင်ကယ်ဆယ်ရေး အဖွဲ့တွေကတော့ အီရန်ရဲ့ တိုက်ခိုက်မှုအတွင်း အသေအပျောက် မရှိသေးပေမယ့် လူ ၃၄ ဦး ဒဏ်ရာရတဲ့ စာရင်း ရရှိထားကြောင်း ပြောပါတယ်။
အစ္စရေး အစိုးရဟာ အီရန်က နျူကလီးယားလက်နက်တွေ ထုတ်လုပ်နိုင်ဖို့ သီတင်းပတ် အနည်းငယ်ထိ နီးကပ်လာတဲ့အတွက် လက်ဦးမှုယူ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ အီရန်သာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်သွားရင် အစ္စရေးရဲ့ ရှင်သန် ရပ်တည်မှုကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်တာကြောင့် အဲဒီ ခြိမ်းခြောက်မှုကို ကြိုတင် ရှင်းလင်းလိုက်တာလို့လည်း အစ္စရေးက ပြောပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အီရန်က ပစ်မှတ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ မပြီးဆုံးသေးဘဲ လိုအပ်ရင် လိုအပ်သလောက် နောက်ထပ်နေ့ရက်တွေ အချိန်ယူပြီး ဆက်လက် အကောင်အထည် ဖော်နေမယ်လို့လည်း သတိပေးထားပါတယ်။
ကိုးကား: AP
ရုပ်သံ - AP
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/becomesupporter/LuduNwayOo/
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗫 - https://x.com/LuduNwayOo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 – https://t.me/communityfactchecking
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍49❤18😱3🔥1👏1