ငလျင်ဘေးသင့် တံတားဦးမှာတစ်ရွာကိုစစ်မှုထမ်း
ဖို့၅ ဦးစီတောင်းလို့အုပ်ကြီး၁၆ယောက်နှုတ်ထွက်
ဇွန်-၁၃၊၂၀၂၅။ဇေအောင်/People's Spring
ငလျင်ဘေးဒဏ်သင့်တံတားဦးမြို့နယ်မှာစစ်တပ်က တစ်ရွာကို စစ်မှုထမ်းဖို့ လူ ၅ ဦး တောင်းလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆ ဦး နှုတ်ထွက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ တစ်ရွာကို ၅ ဦးနှူန်း မဖြစ်မနေပေးရမယ်ဆိုလို့ ဒီကနေ့ ဇွန်လ (၁၃)ရက်နေ့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၁၆)ဦးဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို နူတ်ထွက်စာတွေတင်ပြီး တာဝန်ကနေ နှုတ်ထွက်လိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"လူအတင်းလာတောင်းနေလို့ လက်မှတ်ထိုး နူတ်ထွက်ကြတာပြောတယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။
နှုတ်ထွက်ကြတဲ့ အုပ်ကြီးတွေရဲ့ ကျေးရွာအမည်တွေကိုတော့ လူထုနွေဦးက မသိရသေးပါဘူး။ တံတားဦးမြို့နယ်အနောက်ခြမ်းက စစ်ကောင်စီလက်
လှမ်းမမီတဲ့ ရွာတွေဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မြို့ပေါ်မှာလည်းယာဥ်လိုင်စင်စစ်တာအကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးနေပြီး လူငယ်အများအပြား ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တံတားဦးမြို့နယ်အပြင်မန္တလေး၊ စစ်ကိုင်းနဲ့ အခြားတိုင်းနဲ့ပြည်နယ်အသီးသီးမှာပါစစ်ကောင်စီတပ်က ယာဥ်စစ်ဆေးရင်း လူငယ်တွေကို ဖမ်းဆီးနေပါတယ်။
ငလျင်ဘေးကြောင့် လူရာချီသေဆုံးပြီး ထိခိုက်ပျက်စီးမှုများတဲ့ တံတားဦးမြို့နယ်ဟာ အပျက်
အစီးတွေရှင်းလင်းနေရဆဲဖြစ်ပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

😁46👍27❤9🤬3👎1🔥1🥰1👏1
ဖားကန့်တွင် စစ်တပ်က ဒေသခံပြည်သူ၃ဦးကို ထပ်မံသတ်ဖြတ်ပြီး ကိုယ်လက်အင်္ဂါများဖြတ်တောက်၍အလောင်းစွန့်ပစ်
ဇွန်-၁၃၊၂၀၂၅။အိမ်သွင်/People's Spring
ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နောက်ထပ်အရပ်သား၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးကိုယ်လက်အင်္ဂါများဖြတ်တောက်ကာ လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်။
ဇွန်လ၁၃ရက်နံနက်ပိုင်း၌မှော်စီစာကျေးရွာတောင်
ယာကုန်း၌အလောင်းစွန့်ပစ်ခြင်းဖြစ်ပြီးသတ်ဖြတ်
ခံရသူများ၏မိသားစာဝင်များကိုဆက်သွယ်နိုင်ရေးကြိုးစားနေဆဲဟုဒေသခံတဦးကပြောသည်။
"ထပ်ပြောမယ်။စစ်ကောင်စီစစ်ကြောင်းကိုမယုံစားနဲ့။ တော်တော်ရက်စက်တာဗျ။ ဆေးသုံးပြီး ပတ်သွားနေတာလို့ကြားတယ်။ အခု သတ်သွားတာလည်း ရက်စက်တယ်"ဟု အထက်ပါဒေသခံကပြောသည်။
အသတ်ခံရသူအမျိုးသားသုံးဦးအနက် ၁ ဦးကို ကိုယ်ခန္ဓာအစိတ်အပိုင်းများဖြတ်တောက်ပြီး ဆာ
လာအိတ်အတွင်းထည့်ခဲ့ကြောင်း၊ ၁ဦးကိုမျက်လုံးဖောက်ထုတ်ထားကာကျန်တစ်ဦးကိုမျက်နှာတခုလုံးကြေမွအောင် ထုရိုက်အကြမ်းဖက်ထားခဲ့ကြောင်း ဒေသခံချို့ကပြောသည်။ ရုပ်အလောင်းများကို စစ်ကောင်စီစစ်ကြောင်းထွက်ခွာသွားပြီးနောက် ညနေပိုင်းတွင်ဒေသခံများကတွေ့ရှိခြင်းဖြစ်သည်။
စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၁ရက်ညကလည်းသက်လတ်ပိုင်းအရွယ်အမျိုးသား၃ဦးကို ပစ်သတ်ပြီးမှော်စီစာလမ်းဆုံတွင်ထားခဲ့သည်။
"၃ရက်အတွင်းလူ ၆ယောက်ကိုရက်ရက်စက်စက်သတ်တာ။ကျမတို့ အရမ်းကြောက်နေရပြီ။စစ်
ကြောင်းရောက်နေတဲ့သတင်းကိုပဲနားစွင့်နေရတယ်"ဟုဖားကန့်ဒေသခံအမျိုးသမီးတဦးကပြော
သည်
မိုးကောင်း-ကာမိုင်း-လုံးခင်း-ဖားကန့်လမ်းအတိုင်း ဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်တပ်နှင့်ပြည်
သူ့စစ်ပူးပေါင်းစစ်ကြောင်းသည်မေလ၂၇ရက်က လုံးခင်းသို့ရောက်လာပြီး ၂၈ရက်တွင် KIA၊KPDF ပူးပေါင်းတပ်က တိုက်ခိုက်စဉ် အရပ်သား ၅ဦးကို သတ်
ဖြတ်ခဲ့သည်။၎င်းတို့အားတိုက်ခိုက်ပါက အိမ်များကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြီးမေလ
၂၉ ရက် တွင်ဖားကန့်သို့ ဝင်ရောက်လာကာ ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးနေသည်။
ကျောက်စိမ်းလုပ်ကွက်များမှစက်ယန္တရားကိုလည်းမီးရှို့ဖျက်ဆီးနေသည်။စစ်တပ်နှင့်ပြည်သူ့
စစ် စစ်ကြောင်းအရပ်သားနေထိုင်ရာနေရာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့်ပစ်ခတ်ခဲ့သည်။ စစ်
ကြောင်းဝင်လာသည့် မေလ ၂၇ရက်မှ ဇွန်လ ၁၃
ရက်အတွင်း စစ်ကောင်စီက လက်နက်ကြီးနှင့်
ဒရုန်းပစ်ခတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သား ၂၃ဦးထက်မနည်း သေဆုံးခဲ့သည်။
စစ်တပ်စစ်ကြောင်းကိုKIAနှင့်KPDFပူးပေါင်းတပ်
ကဇွန်လ ၅ရက်၊ဇွန်လ ၉ရက်နှင့်ဇွန်လ ၁၀ရက်၌ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၀ရက်မှစ၍ ဇွန် ၁၃ရက်နေ့အထိ စစ်ရေးဆက်လက်တင်းမာနေသည်။ ဇွန်လ ၁၀ရက်က တိုက်ပွဲတွင် စစ်ကောင်စီဘက်၌ ၁၈ဦးထက်မနည်းသေဆုံးခဲ့ပြီး ဇွန်လ ၁၂ရက်က တိုက်
ပွဲ၌ ၂၀ကျော်သေဆုံးခဲ့သည်ဟု KPDF နှင့် နီးစပ်သူကပြောသည်။စစ်တပ်စစ်ကြောင်းသည် မှော်စီစာ တောင်ပေါ်ကျောင်း၌ တပ်စွဲပြီး အနည်းငယ်သာဖားကန့်မြို့ရှိ ၎င်းတို့တပ်စွဲထားသည့်နေရာထံ ပြန်ဝင်သွားသည်ဟု သတင်းရရှိသည်။
ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်အင်အားဖြည့်တင်းလာနိုင်သည့်မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တ
လော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က ဒေသခံများအား သတိပေးထားသည်။လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်
ကြောင်းများအန္တရာယ်ကိုသတိပြုကြရန်လည်း သတိပေးထားသည်။

🤬76❤18😡4😢3🥰2👎1🔥1😁1
လုပ်ခလစာတိုးပေးရန်ဦးဆောင်တောင်းဆိုသော
ETEC ဝန်ထမ်းတဦးကိုစစ်ကောင်စီက ဖမ်းဆီးသွားသည်မှာ ၅ ရက်ကြာသည့်တိုင်မလွတ်သေး
ဇွန်-၁၃၊၂၀၂၅။ရဲခေါင်/People's Spring
ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်
အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာသေးကြောင်း ဖြစ်စဥ်ကိုသိသူများကပြောသည်။
မိသားစုဝင်အချို့ နှင့် ၎င်း၏ နီးစပ်သူအချို့ပြော
ဆိုချက်အရဇွန်လ၉ရက်နေ့ညနက်ပိုင်းက တောင်ဒဂုံမြို့နယ်၊ ၂၁ ရပ်ကွက်ရှိ နေအိမ်တွင် ကိုရာဇာထွန်းကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကိုရာဇာထွန်းသည်တောင်ဒဂုံမြို့နယ်၊တောင်ဒဂုံစက်မှုဇုန် ၁ ၊ယောက်ကော်လမ်းရှိ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည် ETEC (Earth Tamura Electronic Myanmar co.ltd) ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးဖြစ် သည်။
"လုပ်အားခတောင်းတော့သူက ဦးစီးပြီး တောင်းတာ။အခုက သူ့ကိုဖမ်းသွားတာအလုပ်သမားတွေအားလုံး သိကြတယ်။ဒီနေ့ အထိမလွှတ်ပေးသေးဘူး"ဟု ETEC ဝန်ထမ်းတစ်ဦးက ဖမ်းဆီးခံထားရသော ကိုရာဇာထွန်း၏ အခြေအနေကို လူထုနွေဦးသို့ပြောသည်။
စစ်ကောင်စီ ဖမ်းဆီးသွားသည့် ကိုရာဇာထွန်းနှင့်အဆက်အသွယ်ပြတ်တောက်နေကြောင်းလည်း မိသားစုဝင်နှင့်နီးစပ်သူက က အသိပေးသည်။
"တောင်ဒဂုံရဲစခန်းလိုက်တယ်။မရှိဘူးတဲ့။နောက် ဘယ်ခေါ်သွားလဲ ဆိုတာပါ မသိရသေးဘူး။စိတ်တွေလည်းဆင်းရဲရတယ်။သူ့မှာက မိန်းမနဲ့ကလေးငယ်လေး ရှိသေးတာ"ဟု ၎င်းက ပြောသည်။
ကိုရာဇာထွန်းကို ဖမ်းဆီးခဲ့မှုသည် ကုမ္ပဏီ နှင့် စစ် ကောင်စီတို့ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသော ETEC ဝန်ထမ်းအချို့က ပြောသည်။
"ဆန္ဒပြတော့ ဦးဆောင်သူကဘယ်သူလုပ်တယ်ဆိုတာ CCTV မှတ်တမ်းကစက်ရုံမှာပဲရှိသလို။သူဘယ်မှာနေတယ်ဆိုတာ လည်းစက်ရုံမှာလိပ်စာရှိတာကို။အဲဒါကြောင့်အတိအကျဖမ်းသွားတာ။အခုက ညီမတို့ပါ ငြိမ်ငြိမ်နေ မဟုတ်ရင် ပါသွားမယ်ဆိုတဲ့ပုံစံအထိ ကု မ္ပဏီထဲမှာ သတင်းဖြန့်နေတာရှိတယ်"ဟု ETEC ဝန်ထမ်း တစ်ဦးကပြောသည်။
ယခုဖြစ်စဥ်သည် အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံ၊အလုပ်ရုံ အလုပ်သမားများအပေါ် စစ်ကောင်စီနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ဖိနှိပ်ခြင်းသည်။ ထိုသို့ပြုလုပ်ပြီးအကြောက်တရားဝင်လာအောင် ခြိမ်းခြောက်သောလုပ်ရပ်ဖြစ်သည်ကို ထင်ရှားစွာမြင်တွေ့နိုင်သည့်ကိစ္စရပ်များထဲမှတစ်ခုဖြစ်ကြောင်း အလုပ် သမားအခွင့်အရေးဆောင်
ရွက်ပေးနေသူတစ်ဦးကပြောသည်။
ဆက်လက်၍ ၎င်းက "ဒါက လုပ်ခလစာ တိုးပေးဖို့တောင်းဆိုတဲ့အလုပ် သမားတစ်ယောက်ရဲ့အခြေ
ခံအခွင့်အရေးကိုချိုးဖောက်တာဖြစ်သလို အာ
ဏာသိမ်းစစ်တပ်အောက်မှာ အခြေခံလူသားတစ်ယောက်ရဲ့ မွေးရာပါလူ့အခွင့်အရေးဘယ်လောက်ဆုံးရှုံးသလဲ ဆိုတာ မြင်နိုင်တယ်"ဟု ပြောသည်။
လုပ်ခလစာ တိုးမြှင့်ရေးအတွက် ETEC စက်ရုံလုပ် သား ၆၀၀ ကျော်သည် ဇွန် ၂ ရက်ကစ၍ တစ်ရက်အခြေခံလုပ်အားခ ၅,၈၀၀ ကျပ် အစား ၁၃,၀၀၀ ကျပ် ရရှိရေး တောင်းဆိုခဲ့ပြီး ၉ ရက်နေ့ နံနက်ပိုင်းတွင် စက်မှုဇုံကော် မတီရုံး၌ ညှိနှိုင်းသည့် ၈,၇၀၀ ကျပ်ဖြင့် သ ဘောတူခဲ့ကြသည်။
ထို့အပြင် ဇွန်လ ၁၃ ရက်ကလည်းရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်တွငိ လုပ်ခလစာတိုးတောင်းသည့် အလုပ်သမားခေါင်းဆောင်းများကို တရုတ်နိုင်ငံသားပိုင် Runyang (Myanmar ) အထည်ချုပ်စက်ရုံက ရဲခေါ်ဖိအားပေးကာ ၎င်းတို့သတ်
မှတ်နှုန်းအတိုင်းလက်ခံရန် လက်ဗွေနှိပ်ခိုင်းခဲ့သည်။
ပြည်တွင်း၌ ငွေကြေးဖောင်းပွပြီးကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ ကြပ်တည်း လာသည့် စားဝတ်နေရေးကြောင့် စက်ရုံ၊အလုပ်ရုံ လုပ် သားထု၏ လုပ်
ခလစာတိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော်တောင်းဆိုမှုများဆက်တိုက်ရှိလာသည်။

🤬66❤11🖕3😡3👎2
လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည် ETEC (Earth Tamura Electronic Myanmar
co.ltd)ကုမ္ပဏီ၏ စက်ရုံလုပ်ငန်းခွင်ကိုတွေ့ရစဥ်။
ဓါတ်ပုံ-earthgroupofcompanies

👍32😡14🤬5👎4😢2❤1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၁၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်ကောင်စီ မွန်ပြည်နယ်အစိုးရရုံးနဲ့ ဝန်ကြီးအိမ်ရာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့က စစ်ကောင်စီရဲ့ အစိုးရရုံးနဲ့ ဝန်ကြီးတွေအိမ်ရာကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ မနေ့က မော်လမြိုင်မြို့ရှိ စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရရုံးနဲ့ ဝန်ကြီးတွေအိမ်ရာကို ပစ်ခတ်တိုက်ခိုက်မှုမှာ ဥပဒေချုပ်ရဲ့ နေအိမ်ထိမှန်ပြီး နှစ်ဦး ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats Drone Force၊ Sky Worries Drone Force၊ Saw Dragon Drone Force နဲ့ ဒေသခံမွန်ပြည်နယ်ပကဖတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။
◾️တိမ်ပင်လယ်ရှိရာ နောင်ချိုကြီးရွာမှာ တိုက်ပွဲတွေဆက်ဖြစ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက် ကံကြီးကျေးရွာက ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိမ်ပင်လယ်ရှိရာ နောင်ချိုကြီးကျေးရွာမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။ နောင်ချိုမြို့တောင်ဘက် အမြောက်တပ်တွေရှိရာ တောင်းခမ်းကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဇွန်လ ၇ရက်မှာ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာအထိ ရောက်လာခဲ့တာပါ။ ကံကြီးရွာမှာ TNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဟာ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ ကံကြီးရွာကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုကြီးကျေးရွာမှာ စစ်ကြောင်းတစ်ကြောင်းနဲ့ တောင်းခမ်းရွာကို သွားတဲ့ လမ်းပိုင်းက မက်မန်းတောကျေးရွာနားမှာ စစ်ကြောင်းတစ်ကြောင်းဆိုပြီး ဆုတ်ခွာသွားတာလို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။ မန္တလေး PDFရဲဘော်တွေလည်း ဇွန်လ ၉ရက်မှာ စစ်ကူရောက်လာတယ်လို့ သိရပါတယ်။
◾️အိုးဘိုထောင်ဘူးဝမှာ ရိုက်နှက်ခံရတဲ့ နိုင်ကျဥ်း ၅၀ ကျော် ပြင်းထန်ဒဏ်ရာတွေရရှိ
အိုးဘိုထောင်ဘူးဝမှာ မုံရွာထောင်ကနေ ပြောင်းလာတဲ့ အကျဥ်းသား ရာချီ ရိုက်နှက်ခံခဲ့ရပြီ အဲဒီထဲက နိုင်ငံရေးအကျဥ်းသား ၅၀ ကျော်ဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက မုံရွာက နိုင်ငံရေးအကျဉ်းသားနဲ့ အခြားရာဇဝတ်အကျဉ်းသား စုစုပေါင်း(၂၀၀)ဝန်းကျင်ခန့်ကို ထောင်ပြောင်းရွှေ့ခဲ့ရာ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ရောက်ရှိခဲ့ပါတယ်။ အိုးဘိုထောင်ဗူးဝအဝင်မှာပဲ ထောင်ပြောင်းရွှေ့ရောက်လာသူ အားလုံးနီးပါးကို အကျဉ်းဦးစီးဝန်ထမ်းများနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရာဘာတုတ်၊သစ်သားတုတ်များနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ PPNMက ဖော်ပြပါတယ်။ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံး(၅၀)ဦးဟာ ဦးခေါင်း၊ လက်နဲ့ နောက်ကျောတလျှောက်မှာ ထိရှနဲ့ ပေါက်ပြဲ ဒဏ်ရာတွေ ရရှိခဲ့ကြရပြီး အသက်ရှင်သန်ပိုင်ခွင့် ခြိမ်းခြောက်ခံရလျှက်ရှိတယ်လို့ PPNM က ထပ်မံအသိပေးပါတယ်။ အရိုက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲမှာ
မုံရွာထောင်ကနေ ပြောင်းရွှေ့လာတဲ့ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်ပြီး မျက်ခုံးကွဲသွားတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
◾️ရွှေနဲ့ဒေါ်လာဈေး ဆက်တက်၊ အရှေ့အလယ်ပိုင်းစစ်ရေးကြောင့် စက်သုံးဆီဈေး စတက်
ပြည်တွင်းရွှေနဲ့ ဒေါ်လာစျေး ဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာတယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းက အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာ့ရွှေစျေးနဲ့ ရေနံစျေးတွေလည်း အတက်ဘက်ဦးတည်နေပြီး ကျပ်ငွေ အစားထိုး ရွှေနဲ့ ဒေါ်လာ ဝယ်လိုသူ၊ စု ဆောင်းသူတွေအကြား စျေးအတက်နဲ့ ကြုံတွေ့နေရတယ်လို့ စျေးကွက်စောင့်ကြည့်နေသူတွေက ပြောပါတယ်။ မနေ့က ပြည်တွင်းစျေးကွက်မှာ ၁၆ ပဲရည်တစ်ကျပ်သား ကျပ်သိန်း ၈၀ ဝန်းကျင်နဲ့ ၁၅ ပဲရည်တစ်ကျပ်သား ၇၅ သိန်းခန့်ရှိခဲ့ပါတယ်။ ကမ္ဘာ့ရွှေစျေးဟာ ဒီနေ့ မနက်ပိုင်းအဖွင့်စျေး တစ်အောင်စ ဒေါ်လာ ၃,၃၈၀ ရှိခဲ့ရာကနေ နေ့လည်ပိုင်းမှာ ဒေါ်လာ ၄၀ ကျော်ဆက်တက်နေတာကို တွေ့ရပါတယ်။ ဒေါ်လာစျေးမှာလည်း ဖေဖော်ဝါရီနောက်ပိုင်း အမြင့်ဆုံးစျေးကို ရောက်ရှိလာပြီး ဒီနေ့ တစ်ဒေါ်လာကို ၄၅၀၀ နဲ့ ၄၆၀၀ ကျပ်ဝန်းကျင် ဖြစ်နေတယ်လို့ ငွေလဲလှယ်နေသူတစ်ဦးက ပြောပါတယ်။
◾️နတ်ရေကန်ဗျူဟာကုန်းက ထွက်ပြေးတဲ့ စစ်သား ၂၃ဦးကို CDF-အရှို ဖမ်းဆီး

👍34❤8😡3👎1🔥1🤮1
မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်ကောင်စီရဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း(ဗျူဟာကုန်း)က စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းအနီးကို ဇွန်လ ၈ ရက်ကနေ ၁၂ရက်အတွင်း ဖြတ်တောက်တိုက်ခိုက်ရှင်းလင်းရေးလုပ်နေစဉ်မှာ နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ ဇွန်လ ၈ ရက်နောက်ပိုင်း ငါးရက်အတွင်း ထွက်ပြေးလာတဲ့သူတွေလို့ CDF -အရှို က ထုတ်ပြန်ထားပါတယ်။ MA - 1 ငါးလက်၊ MA - 3 သုံးလက်နဲ့ ခဲယမ်းအချို့လည်း သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။ တဆက်တည်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြဖို့လည်း CDF-အရှိုက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတယ်လို့လည်း ဆလိုင်းရိုးချင်းက ပြောပါတယ်။
◾️တောင်သာမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ၃ဦးသေ ၁ဦးဖမ်းမိ
မန္တလေးတိုင်း၊တောင်သာမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ဦးသေပြီး ၁ဦးအရှင်ဖမ်းမိကာ လူသားဒိုင်းပြုလုပ်ခံရတဲ့ ပြည်သူ ၇ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ မနေ့ မနက်ပိုင်းက တောင်သာမြို့က စစ်ကောင်စီ ဗိုလ်မှူးဝဏ္ဏဌေး ဦးဆောင်တဲ့ စစ်တပ်ကြောင်းဟာ ထနောင်းကုန်းရွာကို ထောက်ပို့လမ်းကြောင်း ချိတ်ဆက်ကူးလူးနေတာကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တောင်သာမြို့ အနောက်ဘက်ဆင်တဲဝချောင်းရဲ့ အနောက်ဘက်ကမ်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ဒေသခံပြည်သူအမျိုးသား ၇ဦးကို လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တိုက်ပွဲအတွင်း အဲဒီ ပြည်သူ ၇ဦးကို အထိအခိုက်မရှိဘဲ ကာကွယ်ရေးရဲဘော်တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ တောင်သာမြို့နယ်ပကဖက ထုတ်ပြန်ပါတယ်။ ပြည်သူ ၇ဦးကို ကယ်ထုတ်ပြီးချိန်မှာ တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ဦးသေဆုံးပြီး စစ်တပ်မှ ကျော်နိုင်ဝင်းဆိုသူကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ တောင်သာမြို့နယ်ပကဖက ဆက်လက်အသိပေးပါတယ်။
◾️မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို ဗဟိုပြုတဲ့ ဖြေရှင်းနည်းလမ်းတွေ လိုအပ်ကြောင်း ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော
မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို ဗဟိုမပြုတဲ့ ဘယ်လိုဖြေရှင်းနည်းလမ်းမဆို အကောင်းဆုံးအဖြစ် ခဏတာကုစားမှုကိုသာ ရရှိနိုင်ပြီး အဆိုးဆုံးအဖြစ် ရေရှည်ကျရှုံးမှုဆီ ဦးတည်သွားနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက သတိပေးပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ လုံခြုံရေးကောင်စီရဲ့ အစီအရင်ခံစာအပေါ် ဆွေးနွေးစဥ် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက အခုလိုထည့်သွင်း သတိပေးခဲ့တာပါ။ မြန်မာ့အရေးနဲ့ပတ်သက်လို့ အားလုံးပါဝင်မှု၊ ယုံကြည်မှု၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနဲ့ အရပ်သားကြီးကြပ်မှုအောက်ရှိ စနစ်ကျတဲ့ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း စတာတွေဟာ မြန်မာတို့ ပိုင်ဆိုင်ပြီး ဦးဆောင်ဦးရွက်ပြုတဲ့ လုပ်ငန်းစဉ်အတွက် အရေးကြီးသော အစိတ်အပိုင်းတွေ ဖြစ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။
◾️စစ်တပ်ယာဉ်တန်းကို PDF ပူးပေါင်းတပ်တိုက်ခိုက်၊ တပ်ခွဲမှူး ၈ဦးသေဟုဆို
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှာ စစ်တပ်ရဲ့ အရာရှိ သင်တန်းဆင်း သင်တန်းသားများ လိုက်ပါလာတဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ တပ်ခွဲမှူး ၈ ဦးနဲ့ ယာဉ်မောင်းတပ်ကြပ် ၁ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း တိုက်ခိုက်ခဲ့တဲ့ People Defence Force Thandaung က သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၇ရက် ညနေပိုင်းက သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ စစ်သင်တန်းကျောင်းမှ တပ်ခွဲမှူး သင်တန်းဆင်းများပါဝင်သော ယာဉ်တန်းကို တောင်ငူ-သံတောင်လမ်းပိုင်းရှိ စစ်တပ်ရဲ့ ၇မိုင် စခန်းကုန်းအနီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ဆင်ရေးကို KNU တောင်ငူခရိုင်၊ တပ်မဟာ(၂)၊ တပ်ရင်း(၅)လက်အောက်ခံ PDF သံတောင်စစ်ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရဲဘော်များအားလုံး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
◾️AAနဲ့ ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေ၍ အမြောက်တပ်(၃၄၄)မှ စစ်တပ်စတင် ဆုတ်ခွာ

❤34👍14🔥2🥰1
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်ကောင်စီတပ် အခိုင်အမာခံစစ်ပြင်ထားတဲ့ အမှတ် ၃၄၄ အမြောက်တပ်ရင်း(အမတ ၃၄၄)မှ စစ်သားများ စတင်ဆုတ်ခွာနေပြီး တိုက်ပွဲများပိုပြင်းထန်လာနေပါတယ်။ အမတ(၃၄၄)ဟာ ဂွ-ငသိုင်းချောင်းလမ်းလမ်းပိုင်းမှ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ၊ သီတာကုန်းပြင်အုပ်စုမှာ ရှိပါတယ်။ အမတ(၃၄၄) ကာကင်းစခန်းများကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှစတင်၍ အာရက္ခတပ်တော်(AA)နဲ့ PDFပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့တာပါ။ ဒေသတွင်း ကာကွယ်ရေးရဲဘော်တစ်ဦးက လက်ရှိ စစ်ရေးအခြေအနေကို အသိပေးခြင်းမရှိပေမယ့် ရေကြည်၊ ငသိုင်းချောင်းနဲ့ ကျုံပျော်မြို့မှဒေသခံများ လုံခြုံရေးသတိပြုဖို့၊ စစ်ကောင်စီစစ်ကြောင်းများရဲ့အန္တရာယ်ကို မပေါ့ဆဖို့ သတိပေးပါတယ်။
◾️ငလျင်ဘေးသင့် တံတားဦးမှာ တစ်ရွာကို စစ်မှုထမ်းဖို့ ၅ဦးစီတောင်းလို့ အုပ်ကြီး ၁၆ဦး နုတ်ထွက်
ငလျင်ဘေးဒဏ်သင့် တံတားဦးမြို့နယ်မှာ စစ်တပ်က တစ်ရွာကို စစ်မှုထမ်းဖို့ လူ ၅ဦး တောင်းလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆ ဦး နုတ်ထွက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ တစ်ရွာကို ၅ ဦးနှုန်း မဖြစ်မနေပေးရမယ်ဆိုလို့ ဒီကနေ့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၁၆)ဦးဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို နုတ်ထွက်စာတွေတင်ပြီး တာဝန်ကနေ နုတ်ထွက်လိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နုတ်ထွက်ကြတဲ့ အုပ်ကြီးတွေရဲ့ ကျေးရွာအမည်တွေကို မသိရသေးဘဲ တံတားဦးမြို့နယ်အနောက်ခြမ်းက စစ်ကောင်စီလက်
လှမ်းမမီတဲ့ ရွာတွေဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၀ပြည့် မွေးနေ့မှာ ပန်းပေါင်းစုံ ဝေဆာစွာ ပန်ဆင်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းရင်း လူထုဆန္ဒကို ထုတ်ဖော်ကြဖို့ နှိုးဆော်တဲ့အနေနဲ့ "ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ" စာသားတွေ လိုက်လံဖြန့်ဝေခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဒေါ်အောင်ဆန်းစုကြည် (၈၀)နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း "ပြည်သူ့အားမာန်သပိတ်"က စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေးနဲ့ လူထုခေါင်းဆောင်နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀နှစ်ပြည့်အတွက် မွေးနေ့အကြိုဆုမွန်ကောင်း တောင်းဆိုပေးခဲ့ကြပါတယ်။

❤38👍19🔥1🕊1