People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရွှေ​ဈေးမှာပြင်ပ​ဈေးကွက်တွင် ၁ ကျပ်သား ၈၁ သိန်းကျပ်​ကျော်ရှိလာပြီး ၊​​ဒေါ်လာ​ဈေးမှာ ၄၅၆၀မှ ၄၆၀၀ ကျပ်အတွင်းရှိကာ စက်သုံးဆီ​ဈေးမှာ တစ်လီတာလျင် ၂၀ ကျပ်မှ ၄၀ ကျပ်တက်လာသည်။ဓါတ်ပုံ-People's Sprimg ၊CJ
👏45🤬74👍4👎1🔥1
စစ်​ကောင်စီတပ်ကံကြီးရွာမှဆုတ်သွားပြီး
နောင်ချိုကြီးရွာမှာတိုက်ပွဲ​တွေဆက်ဖြစ်​နေ

ဇွန်-၁၃၊ ၂၀၂၅။ People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက် ကံကြီးကျေးရွာကဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိမ်ပင်
လယ်ရှိရာ နောင်ချိုကြီးကျေးရွာမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေက
ပြောပါတယ်။

နောင်ချိုမြို့တောင်ဘက်ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ အမြောက်တပ်တွေရှိရာ တောင်းခမ်းကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဇွန်လ ၇ရက်မှာ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာအထိ ရောက်လာခဲ့တာပါ။ ကံကြီးရွာမှာ TNLA နဲ့ ပူး​ပေါင်းတပ်​တွေရဲ့ တိုက်ခိုက်မှု​ကြောင့်စစ်ကောင်စီတပ်ဟာ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

အဲဒီနောက် ဇွန်လ ၉ရက်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ ပိန္နဲကုန်းနဲ့ ကန်ကြီးကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

အခုတော့ ကံကြီးရွာရဲ့ အရှေ့ဘက်နားက နောင်ချိုကြီးကျေးရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

"နောင်ချိုကြီးဘက်တော့ အုန်းဒိုင်းပဲ"လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။ နောင်ချိုကြီးကျေးရွာဟာ နောင်ချိုမြို့ကို တိမ်ပင်လယ်လာရောက်ကြည့်ရှု့သူတွေလာကြတဲ့နေရာဖြစ်ပြီး ထင်ရှားပါတယ်။

ကံကြီးရွာကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုကြီးကျေးရွာမှာ စစ်ကြောင်းတစ်ကြောင်းနဲ့ တောင်းခမ်းရွာကို သွားတဲ့ လမ်းပိုင်းက မက်မန်းတောကျေးရွာနားမှာ စစ်ကြောင်းတစ်ကြောင်းဆိုပြီး ဆုတ်ခွာသွားတာလို့ နောင်ချိုဒေ
သခံတွေက ပြောပါတယ်။

မန္တလေး PDFရဲဘော်တွေ ဇွန်လ ၉ရက်မှာ စစ်ကူရောက်လာတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်တာ ရှိ၊မရှိဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ကံကြီးရွာကို ရောက်လာစဉ်မှာ (၈)မိုင်ကျော်ကွာဝေးတဲ့ နောင်ချိုမြို့ကို လက်နက်
ကြီးတွေနဲ့ ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့ပါသေးတယ်။ ပြီးခဲ့သည့် ဇွန်လ ၄ရက်ကလည်း နောင်ချိုမြို့၊စျေးရပ်ကွက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် နှစ်လုံးနဲ့ ကမ္ဘောဇကျောင်းတိုက်ဘုန်းကြီးကျောင်းလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဇွန်လ ၁၀ရက် ညနေပိုင်းကလည်း နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို ဟောင်ဝေဇာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ လုံဝယ်ကျေးရွာအတွင်း လက်နက်ကြီး (၂)လုံး ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် (၅၂)နှစ်အရွယ် ဦးကျော်မင်းဆိုသူ ထိမှန်ခဲ့တာပါ။

နောင်ချိုမြို့တောင်ဘက်က ကံကြီးကျေးရွာအနီးဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နောင်ချိုမြို့ခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ အဲဒီမြို့ခံချို့က ပြောပါတယ်။
👍6610👏7🤣3🔥2🥰1
TNLA တပ်ဖွဲ့ဝင် ၁ ဦး နဲ့ ​​နောင်ချို​ဒေသ​​မြေပုံ။ ဓါတ်ပုံ-TNLA
👍697🤣3😁2
ကိုဝေမိုးနိုင်ကို အိုးဘိုထောင်ဘူးဝမှာတင် အကျဥ်းဝန်ထမ်းတွေ ဝိုင်းရိုက်

ဇွန်-၁၃၊၂၀၂၅။ဇေအောင်/People's Spring

မုံရွာထောင်ကနေပြောင်းရွှေ့လာတဲ့ ကိုဝေမိုးနိုင်ကို မန္တလေးအိုးဘိုအကျဥ်းထောင်က ဝန်ထမ်းတွေက ထောင်ဘူးဝမှာတင် ဝိုင်းရိုက်ခဲ့ကြောင်းအကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဇွန်လ(၁၂)ရက်မနက်ပိုင်းက မုံရွာအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အိုးဘိုအကျဥ်းထောင်ရောက်တဲ့အချိန် ထောင်ဘူးဝမှာတင် အကျဥ်းဦးစီးဝန်ထမ်းတွေက ကိုဝေမိုးနိုင်ကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့အကျဥ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။

"ထောင်ဘူးဝမှာပဲ အကျဥ်းဝန်ထမ်းတွေက ကိုဝေမိုးနိုင်ကို ဝိုင်းပြီးရိုက်ကြနှက်ကြထိုးကြကြိတ်ကြ လုပ်ကြတယ်။ မျက်ခုံးကွဲသွားတဲ့ ဒဏ်ရာတွေရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။"လို့ အကျဥ်းထောင်နဲ့နီးစပ်တဲ့ အမည်မဖော်လိုသူအမျိုးသားတဦးက ပြောပါတယ်။

ကိုဝေမိုးနိုင် ရိုက်နှက်ခံရတဲ့ဖြစ်စဥ်ကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း​တော့ မရှိသေးပါဘူး။

မုံရွာအကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသားများအား မန္တလေးထောင်သို့ပို့ပြီး ရိုက်နှက်နှိပ်စက်ပြီးနောက် မြင်းခြံအကျဥ်းထောင်သို့ ထပ်ပို့လေ့ရှိကြောင်း၊အခုလည်း မန္တလေးထောင်သို့ ရွှေ့လိုက်တဲ့အတွက် စိုးရိမ်နေရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်ကိုရှင်းသန့်က ဇွန်
၁၂ ရက်​နေ့ကတည်းက ပြောခဲ့ပါတယ်။

"ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာ တော်
တော်လေးကို စိုးရိမ်ပါတယ်။အဲဒါကြောင့်ပြည်သူ
လူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမ
ပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။"လို့ ကိုရှင်းသန့်က တောင်းဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်မုံရွာမြို့မှာငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်က စစ်တပ်ကနေ ကားနဲ့တိုက်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ အဲဒီနောက် ကိုဝေမိုးနိုင်ကို ပုဒ်မပေါင်းစုံနဲ့ စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ် နှစ်
(၇၀) ကျော် ချမှတ်ထားပါတယ်။

မနေ့က ကိုဝေမိုင်းနိုင်နဲ့ တခြားနိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား နှစ်ရာခန့်ကို မန္တလေး၊ မကွေးနဲ့ မြင်းခြံထောင်တွေကို ပို့ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း
သားများကွန်ရက်(PPNM)ကသတင်းထုတ်ပြန်ထားပါတယ်။
🤬9413😢7👎1🔥1😡1
ကိုဝေမိုးနိုင်ကို ဆန္ဒပြပွဲတခုမှ တွေ့ရစဥ်။ ဓာတ်ပုံ-Wai Moe Naing's FB
66👍24🔥2👎1😁1
အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်​စော်ကားမှုကြောင့် မောက်ခမ်းဝါကို တာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း Loikaw PDF အသိပေး

■သူပုန်ကော်ဖီ၊ချပ်ဝပ်နီတို့မှလည်းထုတ်ပယ်ထား

ဇွန် -၁၃၊၂၀၂၅။တေဇ/People's Spring

ပြည်သူ့ကာကွယ်‌ရေးတပ်မတော်လွိုင်ကော်တပ်
ရင်းတွင် ထောက်ပို့နှင့်ဘဏ္ဍာရေးကိစ္စများတာဝန်ယူထားသည့် မင်းသူကျော် (ခ) မောက်ခမ်းဝါကို အမျိုးသမီးတစ်ဦးအားလိင်ပိုင်းဆိုင်ရာနှောင့်
ယှက်‌စော်ကားမှုကြောင့် မေ ၂၇ ရက်တွင်ထုတ်
ပယ်ခဲ့ကြောင်းLoikaw PDF က အသိပေးသည်။

​မောက်ခမ်းဝါသည် မှတ်တမ်းရုပ်ရှင်များတွင်နာမည်ရ လူငယ်ဒါရိုက်တာဖြစ်ပြီး ၊လွိုင်​​ကော်
PDF ၏ ​ထောက်ပို့တာဝန်လုပ်ခဲ့သူဖြစ်သည်။

"မေလ ၂၃ ရက်တွင် အမျိုးသမီးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာနှောက်ယှက်​စော်ကားမှု ပြုလုပ်ခဲ့ခြင်းကြောင့် တာဝန်ရှိသူများက စနစ်တကျစစ်
ဆေးပြီးနောက် ပြစ်မှူကျူးလွန်ကြောင်း ထင်ရှား
စွာတွေ့ရှိရသဖြင့် ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်နေ့မှစ၍ပြည်သူ့ကာကွယ်ရေးတပ်မတော်(လွိုင်ကော်) မှထုတ်ပယ်ပြီးဖြစ်သည် " ဇွန် ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုအပြင်မောက်ခမ်းဝါကို Loikaw PDF ၏ တော်
လှန်ရေးရန်ပုံငွေရှာဖွေရေး လုပ်ငန်းများဖြစ်သည့် သူပုန်ကော်ဖီ ၊ ချပ်ဝပ်နီကမ်ပိန်း တို့မှလည်း အဖွဲ့ဝင်အဖြစ်မှ ရုတ်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။

"ကျူးလွန်ခံရသူကာယကံရှင်၏တောင်းဆိုမှုကြောင့် ကာယကံရှင် မိန်းကလေးနှင့် မိသားစု၏ အရှက်နှင့် ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် အခြေအနေအချိန်အခါနှင့်သင့်လျော်သောသတင်းထုတ်ပြန်ချက်ကိုသာထုတ်ပြန်ကြေညာခြင်းဖြစ်ပါသည်။" ဟု Loikaw PDFကအသိပေးထားသည်။

အမျိုးသမီးတစ်ဦးအ‌ပေါ် လိင်ပိုင်းဆိုင်ရာနှောင့်
ယှက်‌​စော်ကား မှုပြုလုပ်ခဲ့သည့် မောက်ခမ်းဝါကို Burma Podcast Network ၊Artists' Shelter၊24FM တို့ကလည်း ၎င်းနှင့်လက်တွဲလုပ်ကိုင်နေသည့် အစီအစဉ်များကို ရပ်ဆိုင်းကြောင်းဇွန် ၁၂
ရက်က ကြေညာထားသည်။

Artists' Shelter ကလည်းမောက်ခမ်းဝါ ဒါရိုက်
တာအနေဖြင့် ရိုက်ကူးထားသည့် The Unknown Infinity ရုပ်ရှင်ကို သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ပြသခြင်းအစီအစဉ် ဆက်လက်ပြသတော့မည်မဟုတ်ကြောင်း ဇွန် ၁၂ ရက်တွင်အသိပေးထားသည်။

ထို့အတူ မောက်ခမ်းဝါပါဝင်ခဲ့သည့် စကားမစပ် ရိုက်ကူးရေးအစီအစဉ်ကို ဖယ်ရှားလိုက်ပြီဖြစ်
ကြောင်း ပဒေသာပင် ပေ့ခ်ျကဘည်း အသိပေးထားသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ မောက်ခမ်းဝါက "ကျွန်တော့်ဘဝမှာ အလုပ်တွေ အများကြီးလုပ်ခဲ့ပါတယ်။ လူတွေအများကြီးအတွက်လည်း အလုပ်တွေလုပ်ခဲ့သလို အမှားတွေလည်း အများကြီးပါပဲ။ အခုလ်ို မှားယွင်းတဲ့အမှုအတွက်လည်း အားလုံးကို ဝန်ချတောင်းပန်ပါတယ်။ ကိုယ့်အမှားကိုယ်လည်း လက်ခံပါတယ်။ မည်သူမဆို ကြိုက်
နှစ်သက်တဲ့ပစ်ဒဏ်ကို ပေးနိုင်ပါတယ်။ ပြစ်ဒဏ်အားလုံးကို ရဲရဲကြီးပဲ ရင်ဆိုင်ပါ့မယ်။ ဘယ်ကိုမှ မရှောင်ပြေးပါဘူး။ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့လည်း ကြိုးစားရှင်သန်သွားပါ့မယ်။" ဟု ဇွန် ၁၂ ရက်က ၎င်း၏ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။

ယင်းရေးသားမှုအပေါ် ၎င်းကျူးလွန်ခဲ့သည့် Sexual Harassment ကိစ္စသည် ​တောင်းပန်ရုံ
ဖြင့်ခွင့်လွှတ်ရ​သော အမှားမျိုးမဟုတ်​ကြောင်း​၊
အလုပ်လုပ်ရင်း ဖြစ်ခဲ့ခြင်းမဟုတ်သလိုခွင့်လွှတ်၍ မရနိုင်သည့် အမှားမျိုးဖြစ်သောကြောင့် လူမှုရေးပြစ်ဒဏ် ပေးရမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်အ
သုံးပြုသူများကမှတ်ချက်များရေးသားထား
သည်။

"ခွင့်မလွှတ်နိုင်ပါ၊Gender based oppression ဖြစ်ရပ်တွေကိုတွန်းလှန်ဖို့ကြိုးစားနေကြတဲ့အမျိုးသမီးတွေထဲကတစ်ယောက်အနေနဲ့ ဒီလူပုဂ္ဂိုလ်ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်" ဟု ဟန်နီနွေဦးက ရေးသားထားသည်။
👍7915😁4
👏44👍27😁3
စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရရုံးနဲ့ ဝန်ကြီးအိမ်ရာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

ဇွန်-၁၃၊ ၂၀၂၅။ People's Spring

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က စစ်ကောင်စီရဲ့ အစိုးရရုံးနဲ့ ဝန်ကြီးတွေအိမ်ရာကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ယမန်နေ့(ဇွန်လ ၁၂ရက်)က မော်လမြိုင်မြို့က စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရရုံးနဲ့ ဝန်ကြီးတွေအိမ်ရာကို ပစ်ခတ်တိုက်ခိုက်မှုမှာ ဥပဒေချုပ်ရဲ့ နေအိမ်ထိမှန်ပြီး နှစ်ဦး ထိခိုက်မှုရှိတယ်လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

"ရန်သူရဲ့အဓိကပစ်မှတ်တွေကို ရွေးချယ်တိုက်ခိုက်တဲ့အခါ risk ယူရတာမျိုးတွေရှိတယ်။ သူတို့ကလည်း သေမှာကြောက်လို့ ရေဒါတွေ၊ Jammer တွေတပ်ထားတယ်၊ ကိုယ်တွေကလည်း ဒါတွေကိုကျော်လွှားပြီးချရတာပဲ။ ရန်သူကလည်း သူ့အလုပ်သူလုပ်နေသလို ကျနော်တို့လည်းကိုယ့်အလုပ်ကိုယ်လုပ်ကြရမှာပါ။ ဒရုန်းအချို့ကိုတော့ သူတို့တားဆီးနိုင်လိုက်တယ်။ ဒါပေမဲ့ ကျနော်တို့ပစ်မှတ်ကို ထိရောက်တဲ့တိုက်ခိုက်မှုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြည်သူကို ဥပဒေမဲ့လုပ်ချင်ရာလုပ်နေတဲ့သူတွေအတွက် နေ့ရက်တိုင်းဟာ အိပ်မက်ဆိုးတွေနဲ့ချည်းဖြစ်နေစေရမယ်။ တရားသောစစ်နိုင်ကိုနိုင်ရမယ်"လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats Drone Force၊ Sky Worries Drone Force၊ Saw Dragon Drone Force နဲ့ ဒေသခံမွန်ပြည်နယ်ပကဖတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် မြို့ပေါ်က ကျွဲခြံကုန်းရပ်ကွက်ထဲကို ဒရုန်းတစ်စီးကျရောက်ခဲ့တယ်လို့ မော်လမြိုင်ဒေသခံတစ်ဦးက သူရဲ့ လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။
75👍36👏4🤣2🥰1🫡1
(ကျွဲခြံကုန်းရပ်ကွက်ထဲကို ဒရုန်းတစ်စီးကျရောက်သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − အောင်သူ)
👍73🖕2🤣1
အိုးဘိုထောင်ဘူးဝမှာ ရိုက်နှက်ခံရတဲ့ နိုင်ကျဥ်း ၅၀ ကျော် ပြင်းထန်ဒဏ်ရာတွေရရှိ

■သပိတ်​​ခေါင်း​ဆောင်ကို​ဝေမိုးနိုင်လည်းရိုက်နှက်ခံရလို့ မျက်ခုံးကွဲဲ

ဇွန်-၁၃၊ ၂၀၂၅။ဇေအောင်/People's Spring

အိုးဘိုထောင်ဘူးဝမှာ မုံရွာထောင်ကနေ ပြောင်းလာတဲ့ အကျဥ်းသား ရာချီ ရိုက်နှက်ခံရတဲ့အနက် နိုင်ငံရေးအကျဥ်းသား ၅၀ ကျော်ဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်
(PPNM)က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ(၁၂)ရက်နေ့ မနက်ပိုင်းက မုံရွာက နိုင်ငံရေးအကျဉ်းသား နဲ့ အခြားရာဇဝတ်အကျဉ်းသား စုစု
ပေါင်း(၂၀၀)ဝန်းကျင်ခန့်ကို ထောင်ပြောင်းရွှေ့ခဲ့ရာ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ရောက်ရှိခဲ့ပါတယ်။

အိုးဘိုထောင်ဗူးဝအဝင်မှာပဲ ထောင်ပြောင်းရွှေ့ရောက်လာသူ အားလုံးနီးပါးကို အကျဉ်းဦးစီးဝန်ထမ်းများနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရာဘာတုတ်၊သစ်သားတုတ်များနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ PPNMက ​ဖော်ပြပါတယ်။

ရိုက်နှက်မှုကြောင့်နိုင်ငံရေးအကျဉ်းသားအနည်း
ဆုံး(၅၀)ဦးဟာ ဦးခေါင်း၊လက်နဲ့ နောက်ကျောတလျှောက်မှာ ထိရှနဲ့ ပေါက်ပြဲ ဒဏ်ရာတွေ ရရှိခဲ့ကြရပြီး အသက်ရှင်သန်ပိုင်ခွင့် ခြိမ်းခြောက်ခံရလျက်ရှိတယ်လို့ PPNM က ထပ်မံအသိပေးပါတယ်။

"အသေးစိတ် မသိရသေးပေမယ့် အရမ်းပြင်းထန်ဒဏ်ရာရရှိသူတွေများတယ်။ ဆေးကုသခွင့်လည်း
မရနိုင်သေးတဲ့အခြေအနေလို့ပဲ ကနဦးသိရသေးတယ်။"လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အရိုက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲမှာ
မုံရွာထောင်ကနေ ပြောင်းရွှေ့လာတဲ့ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်ပြီး မျက်ခုံးကွဲသွားတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတဦး​က ပြောပါတယ်။

အကျဥ်းထောင်နဲ့နီးစပ်တဲ့ အမည်မဖော်လိုသူအမျိုးသားတဦးကလည်း "ထောင်ဘူးဝမှာပဲ အကျဥ်းဝန်ထမ်းတွေက ကိုဝေမိုးနိုင်ကို ဝိုင်းပြီးရိုက်ကြနှက်ကြထိုးကြကြိတ်ကြ လုပ်ကြတယ်။ မျက်
ခုံးကွဲသွားတဲ့ ဒဏ်ရာတွေရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။"လို့ ပြောပါတယ်။

PPNMရဲ့ စောင့်ကြည့်ရရှိမှု မှတ်တမ်းအရ ထောင်​ပြောင်း ကုန်တင်ကား(၅)စီးပေါ်မှာခန့်မှန်း အမျိုး
သား(၁၅၀)ဦးဝန်းကျင် ပါဝင်ပြီး ကုန်တင်ကားတစ်စီးမှာတော့ အမျိုးသမီးတွေ ပါဝင်ပါတယ်။ အမျိုးသားအားလုံးနီးပါး ရိုက်နှက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီနေ့ဇွန်လ(၁၃)ရက်နေ့မှာ မန္တလေးအိုးဘိုအကျဉ်း
ထောင်ကနေ မြင်းခြံနဲ့ မ‌ကွေးအကျဉ်းထောင်တွေကို ထပ်မံရွှေ့ပြောင်းဖို့ ပြင်ဆင်နေလို့ ပြည်သူတွေ အသံထုတ်ဖော်ပေးကြဖို့ PPNMက တောင်းဆိုထားပါတယ်။
🤬69👍168😢3👎2🤣2🍾1
အိုးဘို​ထောင်အဝင်ဝ ကို​တွေ့ရစဥ်။(ပုံ​ဟောင်းဖြစ်ပါတယ်
🤬61👎10🖕84🤮4🔥1😡1
ငလျင်ဘေးသင့် တံတားဦးမှာတစ်ရွာကိုစစ်မှုထမ်း
ဖို့၅ ဦးစီတောင်းလို့အုပ်ကြီး၁၆ယောက်နှုတ်ထွက်

ဇွန်-၁၃၊၂၀၂၅။ဇေအောင်/People's Spring

ငလျင်ဘေးဒဏ်သင့်တံတားဦးမြို့နယ်မှာစစ်တပ်က တစ်ရွာကို စစ်မှုထမ်းဖို့ လူ ၅ ဦး တောင်းလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆ ဦး နှုတ်ထွက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ တစ်ရွာကို ၅ ဦးနှူန်း မဖြစ်မနေပေးရမယ်ဆိုလို့ ဒီကနေ့ ဇွန်လ (၁၃)ရက်နေ့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၁၆)ဦးဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို နူတ်ထွက်စာတွေတင်ပြီး တာဝန်ကနေ နှုတ်ထွက်လိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"လူအတင်းလာတောင်းနေလို့ လက်မှတ်ထိုး နူတ်ထွက်ကြတာပြောတယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။

နှုတ်ထွက်ကြတဲ့ အုပ်ကြီးတွေရဲ့ ကျေးရွာအမည်တွေကိုတော့ လူထုနွေဦးက မသိရသေးပါဘူး။ တံတားဦးမြို့နယ်အနောက်ခြမ်းက စစ်ကောင်စီလက်
လှမ်းမမီတဲ့ ရွာတွေဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မြို့ပေါ်မှာလည်းယာဥ်လိုင်စင်စစ်တာအကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးနေပြီး လူငယ်အများအပြား ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တံတားဦးမြို့နယ်အပြင်မန္တလေး၊ စစ်ကိုင်းနဲ့ အခြားတိုင်းနဲ့ပြည်နယ်အသီးသီးမှာပါစစ်ကောင်စီတပ်က ယာဥ်စစ်ဆေးရင်း လူငယ်တွေကို ဖမ်းဆီးနေပါတယ်။

ငလျင်ဘေးကြောင့် လူရာချီသေဆုံးပြီး ထိခိုက်ပျက်စီးမှုများတဲ့ တံတားဦးမြို့နယ်ဟာ အပျက်
အစီးတွေရှင်းလင်းနေရဆဲဖြစ်ပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
😁46👍279🤬3👎1🔥1🥰1👏1
စစ်ကောင်စီအာဏာသိမ်းပြီးနောက် တံတားဦးမြို့တွင် ၂၀၂၁ ခုနှစ် မေလက စစ်ကောင်စီ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံစဥ်။ ဓာတ်ပုံ-MOI
😁40🖕19👍96💩5🤮3🤬2