သံတောင်ကြီးတွင် အရာရှိသင်တန်းဆင်းများ ပါလာသည့် စစ်တပ်ယာဉ်တန်းကို PDF ပူးပေါင်းတပ်တိုက်ခိုက် တပ်ခွဲမှူး ၈ ဦးသေဟုဆို
■ထန်းတပင်မြို့စိုးတံတားသို့ အင်အားဖြည့်လာသည့် စစ်ကြောင်းကိုလည်း PDFများတိုက်ခိုက်
ဇွန်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင်စစ်တပ်
၏ အရာရှိ သင်တန်းဆင်း သင်တန်းသားများ လိုက်ပါလာသည့် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ တပ်ခွဲမှူး ၈ ဦး နှင့် ယာဉ်မောင်း တပ်ကြပ် ၁ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း တိုက်ခိုက်ခဲ့သည့် People Defence Force Thandaung က သတင်းထုတ်ပြန်သည်။
ဇွန်လ ၇ရက် ညနေပိုင်းက သံတောင်ကြီးမြို့နယ်၊ဘုရင့်နောင်တပ်မြို့ စစ်သင်တန်းကျောင်းမှတပ်ခွဲမှူး သင်တန်းဆင်းများပါဝင်သော ယာဉ်တန်းကို တောင်ငူ-သံတောင်လမ်းပိုင်းရှိ စစ်တပ်၏ ၇မိုင် စခန်းကုန်းအနီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ဆင်ရေးကို KNU တောင်ငူခရိုင်၊တပ်မ
ဟာ(၂)၊တပ်ရင်း(၅)လက်အောက်ခံ PDF သံတောင်စစ်ကြောင်း နှင့် မဟာမိတ်တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရဲဘော်များအားလုံးဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ဟု အသိပေးသည်။
စစ်ကောင်စီ၏ သေဆုံးထိခိုက်မှုသတင်းအချက်
အလက်များကို တပ်တွင်းဖရဲသီးဆီမှ ပြန်သိရခြင်းဖြစ်ကြောင်း PDF သံတောင်မှ တာဝန်ရှိသူက ပြောသည်။ သို့သော်စစ်တပ်သေဆုံးထိခိုက်မှုကို People's Spring ကသီးခြားအတည်မပြုနိုင်ပါ။
CDMစစ်သားဗိုလ်ကြီးဇင်ယော်ကလည်း ဇွန်လ ၆ရက်တွင် စစ်ကောင်စီ၏ တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း ဘုရင့်နောင်၌ တပ်ခွဲမှူး၊ တပ်ရင်းမှူးနှင့် တပ်စုမှူးသင်တန်းဆင်းခဲ့ကြောင်း ပြောသည်။ တပ်ခွဲမှူးသင်တန်းဆင်းသည် ဗိုလ်ကြီး
အဆင့်ဖြစ်ပြီး တပ်ရင်းမှူး သင်ဆန်းဆင်းသည် ဗိုလ်မှူးအဆင့်ဖြစ်ကာ တပ်စုမှူး သင်ဆန်းသည် ဗိုလ်အဆင့်ဖြစ်သည်ဟု ပြောပြသည်။
“သောကြာနေ့သင်တန်းဆင်းတယ်။ စနေနေ့(ဇွန်လ ၇ရက်)မှာပို့မယ်ဆိုတဲ့ပုံသေလမ်းကြောင်းကိုလည်း ကာကွယ်ရေးအင်အားစုတွေဘက်က သတင်းစုံစွာ ရရှိထားတဲ့ အနေအထားမျိုးဆိုတော့ သူတို့တွေက တိုက်ခိုက်မှု ခံရမှာပဲ” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
အဆိုပါလမ်းပိုင်း၌ယခင်ကတည်း မကြာခဏ တိုက်ခိုက်ခံရသကဲ့သို့ ယခုအရာရှိ သင်တန်းဖွင့်ပွဲ တွင်လည်းထပ်မံတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ၊ယခင်တိုက်ခိုက်မှုများတွင်ယခုဖြစ်စဉ်ကဲ့သို့ သေ
ဆုံးထိခိုက်မများခဲ့ဟု ဗိုလ်ကြီးဇင်ယော်က ပြော
သည်။စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရသည့် နေရာသည်လည်း စစ်ကောင်စီ၏ ၇မိုင်တပ်စခန်း ရှိသည်ဟု ဆိုသည်။အကယ်၍ စစ်ကောင်စီယာဉ်တန်းအတွက် လမ်းကင်းချပါကလည်း လမ်းကင်းချသည့် အဖွဲ့ တိုက်ခိုက်ခံရမည်ဟုခန့်မှန်းပြော
သည်။
“အဲဒါကြောင့် တောင်ငူ-လိပ်သို- သံတောင်ကြီး လမ်းပိုင်းကို စစ်ကောင်စီက အပြည့်အ၀ ထိန်း
ချုပ်မထားနိုင်တော့ဘူးဆိုတာ လုံး၀ ပေါ်လွင်နေတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
PDF သံတောင်၏ သတင်းထုတ်ပြန်ချက်တွင် မေလကုန်ပိုင်းက တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ထုံးဘိုကြီးစခန်းအား သွားရောက်တိုက်ခိုက်ခဲ့မှုကိုလည်းဖော်ပြထားသည်။ မေလ ၂၇ရက်တွင် ထုံးဘိုကြီးစခန်းအား သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်ကျဆုံး အတိအကျ မသိရသေးသော်လည်း အထိနာခဲ့ဟု ဆိုသည်။
ထို့အပြင်တောင်ငူခရိုင် အမှတ်(၂) တပ်ရင်း (တပ်
ရင်း ၃၅၀၂)ကလည်း ထန်းတပင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကိုသတင်းထုတ်ပြန်သည်။ဇွန်လ
၁၂ရက် ကထန်းတပင်မြို့နယ်၊မြိုးစိုးတံတားတွင်
အင်အားဖြည့်ထားသော စစ်ကောင်စီတပ် ဖွဲ့ဝင် ၁၂၀ ခန့်သည် နံနက် ၇နာရီ ခန့်တွင် မြို့စိုးရွာအတွင်း ဝင်ရောက်ခဲ့ရာတပ်ရင်း ၃၅၀၂၊ တပ်ရင်း
(၃၅၀၁)၊ အုတ်တွင်း ပကဖ ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဖော်ပြသည်။
တိုက်ပွဲအတွင်း ရန်သူထိခိုက်မှုမှာ မြေပြင်သတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦး ခန့် သေဆုံးခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိကြောင်း တောင်ငူခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ်(၃၅၀၂)က အသိပေးထားသည်။
ခွေး(စစ်ကောင်စီတပ်)က ကမ်းနား တစ်လျှောက် စစ်ကြောင်းနဲ့ မြို့စိုးထိ တိုးလာဖို့ လုပ်နေလို့ နှစ်ဖက် ဆိုင်ထားပါတယ်ဗျ။ရည်မှန်းချက်က မြို့စိုးတံတား လုံခြုံရေးလို့ခန့်မှန်းတယ် ယခင်လည်း ချိုးထားဖူးတော့ နောက်တစ်ကြိမ် ထပ်သိမ်းမှာ ကြောက်လို့လားမသိပါဘူး"ဟု တပ်ရင်း ၃၅၀၂ တာဝန်ရှိသူတဦးက မြို့စိုးဒေသ စစ်ရေး အခြေ အနေကို ပြောသည်။

❤67👍39👏3🤣2🥰1
မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဗဟိုပြုသော ဖြေရှင်းနည်းလမ်းများ လိုအပ်ဟု မြန်မာသံအမတ်ကြီး ကုလသို့ ပြောကြား
ဇွန်-၁၃၊ ၂၀၂၅။ အီယိုရီ/People’s Spring
မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဗဟိုမပြုသော မည်သည့်ဖြေရှင်းနည်းလမ်းမဆို အကောင်းဆုံးအဖြစ် ခဏတာကုစားမှုကိုသာရရှိနိုင်ပြီး အဆိုးဆုံးအဖြစ် ရေရှည်ကျရှုံးမှုဆီ ဦးတည်သွားနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက သတိပေးပြောကြားသည်။
ဇွန်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီအစည်းအဝေး၌ လုံခြုံရေးကောင်စီ၏ အစီအရင်ခံစာအပေါ် ဆွေးနွေးစဥ် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက ထည့်သွင်း သတိပေးခဲ့ခြင်းဖြစ်သည်။
မြန်မာ့အရေးနှင့်ပတ်သက်၍ အားလုံးပါဝင်မှု၊ ယုံကြည်မှု၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် အရပ်သားကြီးကြပ်မှုအောက်ရှိ စနစ်ကျသည့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း စသည် တို့သည် မြန်မာတို့ ပိုင်ဆိုင်ပြီး ဦးဆောင် ဦးရွက်ပြုသော လုပ်ငန်းစဉ်အတွက် အရေးကြီးသော အစိတ်အပိုင်းများဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။
မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့၍ ငြိမ်းချမ်းရေးရရှိရန် ဖော်ဆောင်ပေးမည့် ယုံကြည်စိတ်ချရသော လုပ်ငန်းစဉ်သည် အနာဂတ်တွင် စောင့်ကြိုလျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများသည် အနာဂတ် မြန်မာနိုင်ငံ အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြပြီဖြစ်ကြောင်း သံအမတ်ကြီးက ကုလအထွေထွေညီလာခံ အစည်းအဝေးမှတဆင့် အစီရင်ခံသည်။
အားလုံးပါဝင်သော ဆွေးနွေးပွဲသည် ပြည်သူများ၏ ဆန္ဒ၊ အကျိုးစီးပွားနှင့်အညီ ဖြစ်ပေါ်ရန် လိုအပ်ကြောင်းနှင့် ပြည်သူများက ကြိမ်ဖန်များစွာ အတိအလင်းဖော်ပြကြသည်မှာ အရပ်သားများပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်မှုများသည် ယခုချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်းသံအမတ်ကြီးက ထောက်ပြသည်။
ထို့အပြင် စစ်တပ်သည် အနာဂတ် မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် ပါဝင်ခွင့်မရှိဘဲ အရပ်သားကြီးကြပ်မှု အောက်တွင် ရှိရမည်ဖြစ်ကာ အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝ လေးစားရမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။
အာဏာသိမ်းစစ်တပ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချက်ခြင်းလွှတ်ပေးရမည်ဟု သံအမတ်ကြီးက ကုလအထွေထွေညီလာခံအစည်းအဝေး၌ တောင်းဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်သီတင်းပတ်တွင် အသက် ၈၀ နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ထောင်တွင်းရှိနေစဉ်၌ပင် ပြည်သူပေါင်းများစွာသည် သူမ၏ ၈၀ နှစ် ပြည့်မွေးနေ့ကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပ၍ သူမ ချက်ခြင်း လွတ်မြောက်စေရေးနှင့် ကျန်းမာရေး ကောင်းမွန်စေရေး တို့အတွက် ဆုတောင်းပေးမှုများကို စီစဉ်လုပ်ဆောင်လျက်ရှိကြောင်း ကမ္ဘာ့နိုင်ငံများကို သံအမတ်ကြီးက အသိပေးသည်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၏ အသံများနှင့် ဆောင်ရွက်နိုင်စွမ်းကို အမှန်တကယ် ဗဟိုပြု၍ အကြမ်းဖက် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များကို ပံ့ပိုးပေးရန် အချိန်တန်ပြီ ဖြစ်ကြောင်း သံအမတ်ကြီးက ထပ်လောင်း တောင်းဆိုသည်။
ဆက်လက်ပြီး မြန်မာသံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် လျင်မြန် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ် နိုင်စေရေး ရည်ရွယ်ချက်ဖြင့် လုံခြုံရေးကောင်စီအား အဓိကတာဝန်အဖြစ် ပေးအပ်ထားသော်လည်း ကောင်စီသည် နှစ်ပေါင်း များစွာ ၎င်း၏ အစီအစဉ်တွင် ပါရှိသော ကိစ္စရပ်များစွာအတွက် သဘောထားကွဲလွဲမှုများကြောင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းမရှိဘဲ အရေးယူ ဆောင်ရွက်မှု မရှိနိုင်သည့် အခြေအနေဖြစ်နေကြောင်း ဝေဖန်သည်။
ယင်းနောက် ကောင်စီ၏ စည်းလုံးညီညွတ်မှုကင်းမဲ့ခြင်းကို ယခုနှစ်အတွင်း တံခါးဖွင့်အစည်းအဝေးများ၌ ဆုံးဖြတ်ချက်များအပေါ် ဗီတိုအာဏာသုံးစွဲမှုများနှင့် တံခါးပိတ် အစည်းအဝေးများ၌ ဆုံးဖြတ်ချက် မူကြမ်းများအပေါ် ဗီတိုအသုံးပြုရန် ခြိမ်းခြောက်မှုများမှတဆင့် ထင်ဟပ်နေကြောင်း ထောက်ပြသည်။
ထို့အပြင် မြန်မာ့အရေးအတွက် လုံခြုံရေးကောင်စီက ဆွေးနွေးမှု အကြိမ်အရေအတွက် ကိန်းဂဏန်းများကို လိုသလို အသုံးပြု၍ ရှောင်လွှဲနေကြကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တံခါးပိတ်အစည်းအဝေးများ၏ အရေအတွက်သည် အရေးကြီးခြင်းမဟုတ်ဘဲ မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန် လုံခြုံရေးကောင်စီ၏ မြန်ဆန်၊ ထိရောက်ပြီးပြတ်သားမှု ရှိသော အရေးယူ ဆောင်ရွက်ချက်ကသာ အရေးကြီးကြောင်း သံအမတ်ကြီးက ထောက်ပြပြောဆိုသည်။

👍85❤15🤮3🔥1🥰1
ရွှေနှင့်ဒေါ်လာဈေး ဆက်တက်၊ အရှေ့အလယ်ပိုင်းဒေသစစ်ရေးကြောင့်စက်သုံးဆီဈေးစတက်
ဇွန်-၁၂၊၂၀၂၅။ရဲခေါင်/People's Spring
ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။
အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးကအီရန်ကိုတိုကိခိုက်ရာမှ တကျော့ပြန်စစ်ပွဲများဖြစ်ပွားလာပြီး ကမ္ဘာရွှေ နှင့် ရေနံ စျေးများသည် အတက်သို့သို့ဦးတည်နေပြီး ကျပ်ငွေ အစားထိုး ရွှေ နှင့် ဒေါ်လာ ဝယ်လိုသူနှင့်စု ဆောင်းသူများအကြား
အတက်စျေးတန်းတစ်ခု၌ ရှိနေသည်။
"ရွှေဆိုင်တွေအများစုက မနေ့က(ဇွန် ၁၂ ရက်) စပြီးစျေးပိတ်လိုက်ပြီ။လုံးလုံးပိတ်တာတော့မဟုတ်
ဘူး။တချို့ဆိုင်တွေကအရောင်းမရှိ၊အဝယ်ရှိပေါ့။အပြင်စျေးမှာတော့ ၈၁ သိန်းစွန်းစွန်းစျေးထွက်တယ် "ဟု ရွှေဝယ်ရောင်းသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ဇွန် ၁၂ ရက်ပြည်တွင်းစျေးကွက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ကျပ်သိန်း ၈၀ ဝန်းကျင်နှင့် ၁၅ ပဲရည်တစ်ကျပ်သား ၇၅ သိန်းခန့်ရှိခဲ့သည်။ ကမ္ဘာ့ရွှေစျေးသည် ယနေ့(ဇွန် ၁၃ ရက်)နံနက်ပိုင်းအဖွင့်စျေး တစ်အောင်စ ဒေါ်လာ ၃,၃၈၀ ရှိခဲ့ရာမှ ယနေ့ နေ့လည်ပိုင်းတွင် ပျှမ်းမျှ ဒေါ်လာ ၄၀ ကျော်ဆက်တက်နေသည်ကိုတွေ့ရသည်။
"ရွှေဈေးတက်တိုင်း ရွှေကုန်သည်တွေအခေါ်ခံနေရရင် အိမ်တောင်ပြန်ကပ်ရမယ့်ကိန်းမမြင်ဘူး။ အဲဒီနည်းနဲ့က ဘယ်တော့မှလည်း အဖြေမှန်တွေ့မှာမဟုတ်ဘူး။ အကြောင်းအရင်းက ကမ္ဘာ့ရွှေဈေးနဲ့ မြန်မာ့ဒေါ်လာဈေးအပေါ် အဓိကပဲ"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စစ်ကောင်စီလက်ထက် ဖုံးကွယ်ထားသော စစ်ရေးအသုံးစရိတ် နှင့်စုစုပေါင်းပြည်တွင်းဝင်ငွေ (GDP)
တွင် နှစ်စဥ်လိုငွေပြမှုအပါအဝင် တိုးမြင့်လာသော ပြည်ပချေးငွေကို ကျားကန်ပေးနေရသည့် ဗဟိုဘဏ် က ဒေါ်လာချုပ်ကိုင်မှုသာလျှင် မြန်မာ့စီးပွားရေး နှင့် အခြေခံလူထုကို ပိုမိုမွန်းကြပ်လာစေကြောင်း ၎င်းက ဆက်ပြောသည်။
"ကမ္ဘာ့ရွှေစျေးလည်းအပြောင်းအလဲမရှိ ဒေါ်လာဈေးလည်းကျချိန်မျိုးဆို ရွှေဈေးကို အမြင့်ကြီးပေးပြီး ဘယ်လုပ်ငန်းရှင်ကမှ အရူးထမဝယ်လောက်ပါဘူး။တစ်ခုက ပြည်တွင်းဒေါ်လာဈေးအပြောင်းအလဲမဖြစ်ဘဲ ကမ္ဘာ့ရွှေဈေးကျရင် မြန်မာ့ရွှေကျမယ်။နောက်တစ်ချက်က ကမ္ဘာ့ရွှေဈေး အပြောင်းအလဲမဖြစ်ပေမယ့် မြန်မာ့ဒေါ်လာဈေးကျရင် မြန်မာ့ရွှေကျမယ်"ဟု ရွှေစျေးကွက် စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
သို့သော် ပြည်ပသွင်းအားစုကို မှီခိုနေရသည့်အပြင် အချိန်မရွေး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့နိုင်သည့် အခြေအနေကြောင့် ဒေါ်လာငွေလဲနှုန်းသည်ဇွန်လ ပထမပတ်ကစ၍ အတက်စျေးသို့ ဦးတည်နေသည်။
"ဖေဖော်ဝါရီ နောက်ပိုင်း အမြင့်ဆုံးစျေးပဲ။ဒီနေ့ တွေ့ရသလောက်တော့ တစ်ဒေါ်လာ ၄,၅၆၀ ရှိတယ်။တချို့ ၄,၆၀၀ လောက် ဖြစ်နေတယ်"ဟု
ငွေလဲလှယ်သူတစ်ဦးက ပြောသည်။
ယနေ့ ပြည်တွင်း စက်သုံးဆီ(ဓာတ်ဆီ၊ဒီဇယ်)
အမျိုးအစားအလိုက် တစ်လီတာ စျေးနှုန်းသည် ယမန်နေ့ကထက် ကျပ် ၂၀ နှင့် ၄၀ ကြား စျေးတက်နေသည်။စက်သုံးဆီသည် ရေနံစိမ်းကိုအ
ဆင့်ဆင့်မွမ်းမံ၍ ထွက်ရှိခြင်းဖြစ်ကာ အရှေ့အလယ်ပိုင်းဒေသ စစ်ရေးကြောင့် ကမ္ဘာ့ရေနံစျေးသည် တစ်ရက်အတွင်း၈ ရာခိုင်နှုန်းဝန်းကျင်တက်
လာသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်ကမူ ဒေါ်လာစျေးကစား
သူများနှင့် လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြား ငွေ ဝယ်ယူ၊ ရောင်းချ ၊လဲလှယ်သူများကို အရေးယူမည်ဟု ဇွန် ၁၂ ရက်တွင် စာထုတ်ပြန်၍ ခြိမ်း
ခြောက်ထားသည်။
စစ်ကိုင်းငလျင်အပြီး စီးပွားရေးဆုတ်ယုတ်မှုများ
နှင့် အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက် မှုများကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ၏ အရေးယူရန်အတည်ပြုမှုသည် ယိုင်နဲ့နေသည့် မြန်မာ့စီးပွားရေးတွင် ကြပ်တည်းမှုပေါင်းစုံဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က အသိပေးထားသည်။

👍55❤14👏4😢3🔥2🤬2
ရွှေဈေးမှာပြင်ပဈေးကွက်တွင် ၁ ကျပ်သား ၈၁ သိန်းကျပ်ကျော်ရှိလာပြီး ၊ဒေါ်လာဈေးမှာ ၄၅၆၀မှ ၄၆၀၀ ကျပ်အတွင်းရှိကာ စက်သုံးဆီဈေးမှာ တစ်လီတာလျင် ၂၀ ကျပ်မှ ၄၀ ကျပ်တက်လာသည်။ဓါတ်ပုံ-People's Sprimg ၊CJ
👏45🤬7❤4👍4👎1🔥1
စစ်ကောင်စီတပ်ကံကြီးရွာမှဆုတ်သွားပြီး
နောင်ချိုကြီးရွာမှာတိုက်ပွဲတွေဆက်ဖြစ်နေ
ဇွန်-၁၃၊ ၂၀၂၅။ People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက် ကံကြီးကျေးရွာကဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိမ်ပင်
လယ်ရှိရာ နောင်ချိုကြီးကျေးရွာမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေက
ပြောပါတယ်။
နောင်ချိုမြို့တောင်ဘက်ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ အမြောက်တပ်တွေရှိရာ တောင်းခမ်းကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဇွန်လ ၇ရက်မှာ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာအထိ ရောက်လာခဲ့တာပါ။ ကံကြီးရွာမှာ TNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဟာ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။
အဲဒီနောက် ဇွန်လ ၉ရက်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ ပိန္နဲကုန်းနဲ့ ကန်ကြီးကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။
အခုတော့ ကံကြီးရွာရဲ့ အရှေ့ဘက်နားက နောင်ချိုကြီးကျေးရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။
"နောင်ချိုကြီးဘက်တော့ အုန်းဒိုင်းပဲ"လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။ နောင်ချိုကြီးကျေးရွာဟာ နောင်ချိုမြို့ကို တိမ်ပင်လယ်လာရောက်ကြည့်ရှု့သူတွေလာကြတဲ့နေရာဖြစ်ပြီး ထင်ရှားပါတယ်။
ကံကြီးရွာကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုကြီးကျေးရွာမှာ စစ်ကြောင်းတစ်ကြောင်းနဲ့ တောင်းခမ်းရွာကို သွားတဲ့ လမ်းပိုင်းက မက်မန်းတောကျေးရွာနားမှာ စစ်ကြောင်းတစ်ကြောင်းဆိုပြီး ဆုတ်ခွာသွားတာလို့ နောင်ချိုဒေ
သခံတွေက ပြောပါတယ်။
မန္တလေး PDFရဲဘော်တွေ ဇွန်လ ၉ရက်မှာ စစ်ကူရောက်လာတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်တာ ရှိ၊မရှိဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ကံကြီးရွာကို ရောက်လာစဉ်မှာ (၈)မိုင်ကျော်ကွာဝေးတဲ့ နောင်ချိုမြို့ကို လက်နက်
ကြီးတွေနဲ့ ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့ပါသေးတယ်။ ပြီးခဲ့သည့် ဇွန်လ ၄ရက်ကလည်း နောင်ချိုမြို့၊စျေးရပ်ကွက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် နှစ်လုံးနဲ့ ကမ္ဘောဇကျောင်းတိုက်ဘုန်းကြီးကျောင်းလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ ၁၀ရက် ညနေပိုင်းကလည်း နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို ဟောင်ဝေဇာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ လုံဝယ်ကျေးရွာအတွင်း လက်နက်ကြီး (၂)လုံး ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် (၅၂)နှစ်အရွယ် ဦးကျော်မင်းဆိုသူ ထိမှန်ခဲ့တာပါ။
နောင်ချိုမြို့တောင်ဘက်က ကံကြီးကျေးရွာအနီးဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နောင်ချိုမြို့ခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ အဲဒီမြို့ခံချို့က ပြောပါတယ်။

👍66❤10👏7🤣3🔥2🥰1
TNLA တပ်ဖွဲ့ဝင် ၁ ဦး နဲ့ နောင်ချိုဒေသမြေပုံ။ ဓါတ်ပုံ-TNLA
👍69❤7🤣3😁2
ကိုဝေမိုးနိုင်ကို အိုးဘိုထောင်ဘူးဝမှာတင် အကျဥ်းဝန်ထမ်းတွေ ဝိုင်းရိုက်
ဇွန်-၁၃၊၂၀၂၅။ဇေအောင်/People's Spring
မုံရွာထောင်ကနေပြောင်းရွှေ့လာတဲ့ ကိုဝေမိုးနိုင်ကို မန္တလေးအိုးဘိုအကျဥ်းထောင်က ဝန်ထမ်းတွေက ထောင်ဘူးဝမှာတင် ဝိုင်းရိုက်ခဲ့ကြောင်းအကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဇွန်လ(၁၂)ရက်မနက်ပိုင်းက မုံရွာအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အိုးဘိုအကျဥ်းထောင်ရောက်တဲ့အချိန် ထောင်ဘူးဝမှာတင် အကျဥ်းဦးစီးဝန်ထမ်းတွေက ကိုဝေမိုးနိုင်ကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့အကျဥ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။
"ထောင်ဘူးဝမှာပဲ အကျဥ်းဝန်ထမ်းတွေက ကိုဝေမိုးနိုင်ကို ဝိုင်းပြီးရိုက်ကြနှက်ကြထိုးကြကြိတ်ကြ လုပ်ကြတယ်။ မျက်ခုံးကွဲသွားတဲ့ ဒဏ်ရာတွေရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။"လို့ အကျဥ်းထောင်နဲ့နီးစပ်တဲ့ အမည်မဖော်လိုသူအမျိုးသားတဦးက ပြောပါတယ်။
ကိုဝေမိုးနိုင် ရိုက်နှက်ခံရတဲ့ဖြစ်စဥ်ကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
မုံရွာအကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသားများအား မန္တလေးထောင်သို့ပို့ပြီး ရိုက်နှက်နှိပ်စက်ပြီးနောက် မြင်းခြံအကျဥ်းထောင်သို့ ထပ်ပို့လေ့ရှိကြောင်း၊အခုလည်း မန္တလေးထောင်သို့ ရွှေ့လိုက်တဲ့အတွက် စိုးရိမ်နေရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်ကိုရှင်းသန့်က ဇွန်
၁၂ ရက်နေ့ကတည်းက ပြောခဲ့ပါတယ်။
"ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာ တော်
တော်လေးကို စိုးရိမ်ပါတယ်။အဲဒါကြောင့်ပြည်သူ
လူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမ
ပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။"လို့ ကိုရှင်းသန့်က တောင်းဆိုပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်မုံရွာမြို့မှာငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်က စစ်တပ်ကနေ ကားနဲ့တိုက်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ အဲဒီနောက် ကိုဝေမိုးနိုင်ကို ပုဒ်မပေါင်းစုံနဲ့ စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ် နှစ်
(၇၀) ကျော် ချမှတ်ထားပါတယ်။
မနေ့က ကိုဝေမိုင်းနိုင်နဲ့ တခြားနိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား နှစ်ရာခန့်ကို မန္တလေး၊ မကွေးနဲ့ မြင်းခြံထောင်တွေကို ပို့ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း
သားများကွန်ရက်(PPNM)ကသတင်းထုတ်ပြန်ထားပါတယ်။

🤬94❤13😢7👎1🔥1😡1
အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုကြောင့် မောက်ခမ်းဝါကို တာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း Loikaw PDF အသိပေး
■သူပုန်ကော်ဖီ၊ချပ်ဝပ်နီတို့မှလည်းထုတ်ပယ်ထား
ဇွန် -၁၃၊၂၀၂၅။တေဇ/People's Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်လွိုင်ကော်တပ်
ရင်းတွင် ထောက်ပို့နှင့်ဘဏ္ဍာရေးကိစ္စများတာဝန်ယူထားသည့် မင်းသူကျော် (ခ) မောက်ခမ်းဝါကို အမျိုးသမီးတစ်ဦးအားလိင်ပိုင်းဆိုင်ရာနှောင့်
ယှက်စော်ကားမှုကြောင့် မေ ၂၇ ရက်တွင်ထုတ်
ပယ်ခဲ့ကြောင်းLoikaw PDF က အသိပေးသည်။
မောက်ခမ်းဝါသည် မှတ်တမ်းရုပ်ရှင်များတွင်နာမည်ရ လူငယ်ဒါရိုက်တာဖြစ်ပြီး ၊လွိုင်ကော်
PDF ၏ ထောက်ပို့တာဝန်လုပ်ခဲ့သူဖြစ်သည်။
"မေလ ၂၃ ရက်တွင် အမျိုးသမီးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှု ပြုလုပ်ခဲ့ခြင်းကြောင့် တာဝန်ရှိသူများက စနစ်တကျစစ်
ဆေးပြီးနောက် ပြစ်မှူကျူးလွန်ကြောင်း ထင်ရှား
စွာတွေ့ရှိရသဖြင့် ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်နေ့မှစ၍ပြည်သူ့ကာကွယ်ရေးတပ်မတော်(လွိုင်ကော်) မှထုတ်ပယ်ပြီးဖြစ်သည် " ဇွန် ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။
ထိုအပြင်မောက်ခမ်းဝါကို Loikaw PDF ၏ တော်
လှန်ရေးရန်ပုံငွေရှာဖွေရေး လုပ်ငန်းများဖြစ်သည့် သူပုန်ကော်ဖီ ၊ ချပ်ဝပ်နီကမ်ပိန်း တို့မှလည်း အဖွဲ့ဝင်အဖြစ်မှ ရုတ်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။
"ကျူးလွန်ခံရသူကာယကံရှင်၏တောင်းဆိုမှုကြောင့် ကာယကံရှင် မိန်းကလေးနှင့် မိသားစု၏ အရှက်နှင့် ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် အခြေအနေအချိန်အခါနှင့်သင့်လျော်သောသတင်းထုတ်ပြန်ချက်ကိုသာထုတ်ပြန်ကြေညာခြင်းဖြစ်ပါသည်။" ဟု Loikaw PDFကအသိပေးထားသည်။
အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာနှောင့်
ယှက်စော်ကား မှုပြုလုပ်ခဲ့သည့် မောက်ခမ်းဝါကို Burma Podcast Network ၊Artists' Shelter၊24FM တို့ကလည်း ၎င်းနှင့်လက်တွဲလုပ်ကိုင်နေသည့် အစီအစဉ်များကို ရပ်ဆိုင်းကြောင်းဇွန် ၁၂
ရက်က ကြေညာထားသည်။
Artists' Shelter ကလည်းမောက်ခမ်းဝါ ဒါရိုက်
တာအနေဖြင့် ရိုက်ကူးထားသည့် The Unknown Infinity ရုပ်ရှင်ကို သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ပြသခြင်းအစီအစဉ် ဆက်လက်ပြသတော့မည်မဟုတ်ကြောင်း ဇွန် ၁၂ ရက်တွင်အသိပေးထားသည်။
ထို့အတူ မောက်ခမ်းဝါပါဝင်ခဲ့သည့် စကားမစပ် ရိုက်ကူးရေးအစီအစဉ်ကို ဖယ်ရှားလိုက်ပြီဖြစ်
ကြောင်း ပဒေသာပင် ပေ့ခ်ျကဘည်း အသိပေးထားသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ မောက်ခမ်းဝါက "ကျွန်တော့်ဘဝမှာ အလုပ်တွေ အများကြီးလုပ်ခဲ့ပါတယ်။ လူတွေအများကြီးအတွက်လည်း အလုပ်တွေလုပ်ခဲ့သလို အမှားတွေလည်း အများကြီးပါပဲ။ အခုလ်ို မှားယွင်းတဲ့အမှုအတွက်လည်း အားလုံးကို ဝန်ချတောင်းပန်ပါတယ်။ ကိုယ့်အမှားကိုယ်လည်း လက်ခံပါတယ်။ မည်သူမဆို ကြိုက်
နှစ်သက်တဲ့ပစ်ဒဏ်ကို ပေးနိုင်ပါတယ်။ ပြစ်ဒဏ်အားလုံးကို ရဲရဲကြီးပဲ ရင်ဆိုင်ပါ့မယ်။ ဘယ်ကိုမှ မရှောင်ပြေးပါဘူး။ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့လည်း ကြိုးစားရှင်သန်သွားပါ့မယ်။" ဟု ဇွန် ၁၂ ရက်က ၎င်း၏ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။
ယင်းရေးသားမှုအပေါ် ၎င်းကျူးလွန်ခဲ့သည့် Sexual Harassment ကိစ္စသည် တောင်းပန်ရုံ
ဖြင့်ခွင့်လွှတ်ရသော အမှားမျိုးမဟုတ်ကြောင်း၊
အလုပ်လုပ်ရင်း ဖြစ်ခဲ့ခြင်းမဟုတ်သလိုခွင့်လွှတ်၍ မရနိုင်သည့် အမှားမျိုးဖြစ်သောကြောင့် လူမှုရေးပြစ်ဒဏ် ပေးရမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်အ
သုံးပြုသူများကမှတ်ချက်များရေးသားထား
သည်။
"ခွင့်မလွှတ်နိုင်ပါ၊Gender based oppression ဖြစ်ရပ်တွေကိုတွန်းလှန်ဖို့ကြိုးစားနေကြတဲ့အမျိုးသမီးတွေထဲကတစ်ယောက်အနေနဲ့ ဒီလူပုဂ္ဂိုလ်ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်" ဟု ဟန်နီနွေဦးက ရေးသားထားသည်။

👍79❤15😁4
စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရရုံးနဲ့ ဝန်ကြီးအိမ်ရာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ
ဇွန်-၁၃၊ ၂၀၂၅။ People's Spring
မွန်ပြည်နယ်၊ မော်လမြိုင်မြို့က စစ်ကောင်စီရဲ့ အစိုးရရုံးနဲ့ ဝန်ကြီးတွေအိမ်ရာကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ယမန်နေ့(ဇွန်လ ၁၂ရက်)က မော်လမြိုင်မြို့က စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရရုံးနဲ့ ဝန်ကြီးတွေအိမ်ရာကို ပစ်ခတ်တိုက်ခိုက်မှုမှာ ဥပဒေချုပ်ရဲ့ နေအိမ်ထိမှန်ပြီး နှစ်ဦး ထိခိုက်မှုရှိတယ်လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
"ရန်သူရဲ့အဓိကပစ်မှတ်တွေကို ရွေးချယ်တိုက်ခိုက်တဲ့အခါ risk ယူရတာမျိုးတွေရှိတယ်။ သူတို့ကလည်း သေမှာကြောက်လို့ ရေဒါတွေ၊ Jammer တွေတပ်ထားတယ်၊ ကိုယ်တွေကလည်း ဒါတွေကိုကျော်လွှားပြီးချရတာပဲ။ ရန်သူကလည်း သူ့အလုပ်သူလုပ်နေသလို ကျနော်တို့လည်းကိုယ့်အလုပ်ကိုယ်လုပ်ကြရမှာပါ။ ဒရုန်းအချို့ကိုတော့ သူတို့တားဆီးနိုင်လိုက်တယ်။ ဒါပေမဲ့ ကျနော်တို့ပစ်မှတ်ကို ထိရောက်တဲ့တိုက်ခိုက်မှုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြည်သူကို ဥပဒေမဲ့လုပ်ချင်ရာလုပ်နေတဲ့သူတွေအတွက် နေ့ရက်တိုင်းဟာ အိပ်မက်ဆိုးတွေနဲ့ချည်းဖြစ်နေစေရမယ်။ တရားသောစစ်နိုင်ကိုနိုင်ရမယ်"လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats Drone Force၊ Sky Worries Drone Force၊ Saw Dragon Drone Force နဲ့ ဒေသခံမွန်ပြည်နယ်ပကဖတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။
ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် မြို့ပေါ်က ကျွဲခြံကုန်းရပ်ကွက်ထဲကို ဒရုန်းတစ်စီးကျရောက်ခဲ့တယ်လို့ မော်လမြိုင်ဒေသခံတစ်ဦးက သူရဲ့ လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

❤75👍36👏4🤣2🥰1🫡1
(ကျွဲခြံကုန်းရပ်ကွက်ထဲကို ဒရုန်းတစ်စီးကျရောက်သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − အောင်သူ)
👍73🖕2🤣1