နတ်ရေကန်ဗျူဟာကုန်းကထွက်ပြေး စစ်သား ၂၃ဦးကို CDF-အရှိုဖမ်းဆီး
■နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေဆက်
တိုက်ဖြစ်နေဟု CDF-အရှိုပြော
ဇွန်-၁၃၊ ၂၀၂၅။ People's Spring
မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်ကောင်စီရဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း)က စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်
(CDF) -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက လူထုနွေဦးကို ပြောပါတယ်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းအနီးကို ဖြတ်တောက်တိုက်ခိုက်ရေးလုပ်နေစဉ်မှာ နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
"ပြေးလာကြတယ်ဆိုတာက တာဝန်မထမ်းဆောင်ချင်တာရယ်၊စစ်မှုထမ်းကြောင့်ပါလာပြီးထွက်ပြေး
ချင်တာရယ်ပေါ့။ တချို့ကလည်း နှစ်ခါ၊သုံးခါ ထွက်ပြေးဖို့ ကြိုးစားနေတဲ့သူတွေပါတယ်"လို့ CDF -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ရက်ကနေ ၁၂ရက်အထိ ငါးရက်အတွင်း ထွက်ပြေးလာတဲ့သူတွေလို့ CDF -အရှို က ထုတ်ပြန်ထားပါတယ်။MA - 1 ငါးလက်၊ MA - 3 သုံးလက်နဲ့ ခဲယမ်းအချို့လည်း သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ တော်
လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြဖို့လည်း တိုက်
တွန်းထားပါတယ်။
ဒါ့အပြင် နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတယ်လို့လည်း ဆလိုင်းရိုးချင်းက ပြောပါတယ်။
" နေ့တိုင်းမဟုတ်တောင် နှစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါတော့ အမြဲဖြစ်နေပါတယ်"လို့ ၎င်းကပြောပါတယ်။
အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ဖို့၊ နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေးတိုက်ခိုက်နေတဲ့ စစ်ဆင်
ရေးတွေကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစတင်ခဲ့ပါတယ်။
မတ်လအစောပိုင်းကလည်း နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်က အရေးပါတဲ့ စစ်ကောင်စီရဲ့တောင်ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီ တိုက်ပွဲတွေအတွင်းမှာ တပ်မ (၉၉)ရဲ့ ယာယီနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို AAနဲ့ ပူးပေါင်းတပ်တွေက ဖမ်းမိခဲ့ပါတယ်။ မေလနှောင်းပိုင်းက တိုက်ပွဲတွေမှာလည်း နတ်ရေကန်ဗျူဟာအနီးက အဓိက ကာကင်းစခန်းဖြစ်တဲ့ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို AAက သိမ်းယူခဲ့ပါတယ်။
နတ်ရေကန်ဗျူဟာကုန်းနဲ့ အမ်း-ပဒါန်းလမ်းတိုက်
ပွဲမှာ အရာရှိအချို့အပါအတင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီသေဆုံးပြီး ၈၀ ထက်မနည်း ပျောက်ဆုံးနေတယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီ စစ်ဆင်ရေးတွေမှာ တာဝန်အရှိဆုံး တပ်မ(၉၉) တပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလကုန်မှာ ဖမ်းဆီးပြီး ရာထူးကဖြုတ်ချ စစ်ဆေးနေပါတယ်။

❤57👏27👍16🥰2🤣2
နတ်ရေကန်ဗျူဟာကုန်းကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းမိထားစဉ်။ ဓာတ်ပု-CDF- Asho
👏76👍26❤3🤣3
■အတွေးအမြင်
"အမ မာပါစေ၊ လွတ်မြောက်ပါစေ"
-မသီတာ-စမ်းချောင်းရေးသားသည်။
၁၉၈၈-၈၉ ခရီးဖော်ဆရာက နတ်မောက်ထဲက ကြာကန်ရွာမှာ နွားလှည်းစီးခဲ့တုန်းက ပုံလေးကို ပို့လာတယ်။ အမက နေပူလို့ ခေါင်းစီးလေးနဲ့။ ကျမက ကျောပေးပြီး ထိုင်နေတော့ ခေါင်းနဲ့ကျောပဲ မြင်ရတယ်။ ဘိုကေခေါင်းလေးကို ခရီးဖော်တွေကတော့ မှတ်မိနေတာပေါ့။ လွန်ခဲ့တဲ့ နှစ်လေးဆယ်နီးပါးတုန်းကဆိုတော့ အတော့်ကို ကြာခဲ့ပြီ။
အမကတော့ အသက် ၈၀ ပြည့်တော့မယ်။ ကျမလည်း နောက်နှစ်ဆို အသက် ၆၀ ပြည့်မယ်။ နှစ်လေးဆယ်လောက် မနားတမ်းလျှောက်ခဲ့ရတဲ့ ဒီမိုကရေစီလမ်းဟာ ကောက်ကွေ့ ရှန်တိန် မြေလျှိုးရုံမက ဝင်္ကပါထဲလည်းရောက်ခဲ့တယ်။ခုက ဝင်္ကပါ ဖြိုချဖို့ အားထုတ်နေကြတုန်း။အမကတော့ ထုံးစံအတိုင်း လူထုမြင်ကွင်းကြားမှာ 'မရှိခြင်း'အားဖြင့် 'ရှိ'ပေးနေရပြန်ပြီနော်။
၂၀၀၇ ခုနှစ်နှစ်လယ်လောက်ကဂရိနိုင်ငံ၊ အေသင်မှာ ဆုံကြတဲ့အမေရိကန်သူငယ်ချင်းကအမရဲ့ အဲဒီတုန်းက အနေအထားကို ပိုသေချာအောင် မေးဖို့ စကားစတယ်။ သူက အခုထိ ...(နေအိမ်အကျယ်
ချုပ်ထဲမှာ)......... ရှိနေဆဲလားဆိုတာမျိုး မေးချင်တော့ "Is she still.....?"လို့ မျက်နှာပေးနဲ့ပဲ House Arrest ဆိုတဲ့ဝေါဟာရ မပါဘဲ မေးလိုက်တယ်။ ကျမက "Yes, she is still still."လို့ ဖြေဖြစ်သွားတယ်။ သူက ပြုံးတယ်။ ဟုတ်တယ် အမ။ အဲဒီအချိန်က အမဟာ 'သက်ငြိမ်'ပန်းချီကားတစ်ချပ်လို လွတ်လပ်မှုတွေ ဆိတ်သုဉ်းပြီး လူမြင်
ကွင်းထဲမှာ မြင်ကွက်သေတစ်ခုအနေနဲ့ နှစ်တွေ အကြာကြီး ရှိနေခဲ့တာနော်။ တနည်းအားဖြင့် လူမြင်
ကွင်းထဲကို လူလုံးထွက်မပြနိုင်ပေမဲ့ နေအိမ်မှာ ကျန်းမာရေးစောင့်ရှောက်မှုကို ကိုယ်ပိုင်အစီအစဉ်နဲ့ ရခဲ့တယ်။ အနားမှာ ရဲဖော်ရဲဖက်ကို အတူခေါ်ထားခွင့်ရခဲ့တယ်။ ဒါ့အပြင် အမအိမ်က စန္ဒယားခလုတ်လေးတစ်ခု ချို့ယွင်းတာကအစ လူထုက သိခွင့်ရခဲ့တယ်။ အကျဉ်းသားပုံရိပ်ဟာ အမအတွက် အသားတံဆိပ်လို ခွဲထားမရတဲ့ မြင်ကွင်းသေဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ။
တကယ်တော့ ၂၀၀၆ ခုနှစ်နှောင်းပိုင်းလောက်မှာ မီဒီယာတစ်ခုကို ကျမက အမအကြောင်း ပြောတဲ့အခါ "လက်ခုပ်သံတို့ရဲ့ အကျဉ်းသား"လို့ ကင်
ပွန်းတပ်ဖြစ်ခဲ့တယ်။ အကျဉ်းသားတော့ အကျဉ်း
သားပဲ။ ဒါပေမဲ့ ဖိနှိပ်သူစစ်အစိုးရရဲ့ အကျဉ်းသားအဖြစ်နဲ့ နေအိမ်မှာ အကျယ်ချုပ်ခံရရုံမက ထောက်ခံကြသူလူထုရဲ့ လက်ခုပ်သံများကြားမှာ ပုံရိပ်သေတစ်ခုအတွင်း၊ မြင်ကွင်းသေတစ်ခုအတွင်း "Still still"နေပေး ပြုမူပေးရတဲ့ အခိုက်အတန့်ပေါင်းများစွာ ရှိခဲ့တယ်လို့ ယုံကြည်တဲ့အတွက် ခုလို ပြောဖြစ်ခဲ့တာပေါ့။ လူတွေက အမကို သူတို့စိတ်တိုင်းကျ ပြုမူနေထိုင်ပေးမှ ချစ်ခင်လေးစား လက်ခုပ်သံများ ပေးချင်တတ်ကြတာကိုး။ အမကို အမအတိုင်း အမအနေနဲ့ပဲ နား
လည်ချစ်ခင် လက်ခုပ်တီးပေးကြသူတွေလည်း ရှိကြပေမဲ့ အမကို သူတို့စိတ်ထဲက ပုံရိပ်အတိုင်း မြင်ကွင်းသေထဲမှာ နေထိုင်ပြုမူတုံ့ပြန်တာကိုပဲ မြင်တွေ့ချင်ကြသူတွေက အရေအတွက်အားဖြင့် ပိုများတယ် မဟုတ်လား။
အခုရော။ အခုတော့ အမ ဘယ်မှာ ရှိနေလဲ။ ဘယ်လို နေထိုင် စားသောက်နေရလဲ။ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမှ ရရဲ့လား။ သံတိုင်တွေကို ကျော်ပြီး အပြင်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ဘယ်လောက်ထိ သိခွင့်ရနေလဲ။ နေအိမ်အကျယ်ချုပ်တုန်းကလို တရားအားထုတ်မှုကို ဘယ်လောက်အဆင်ပြေပြေ လုပ်နိုင်တဲ့ အ
နေအထားမှာ နေခွင့်ရနေလဲ။ တခြားနိုင်ကျဉ်းတွေကိုမှ အဲကွန်း မတပ်ပေးနိုင်ရင် သူ့ကိုလည်း မတပ်ပေးနဲ့လို့ အမက ပြောခဲ့ကြောင်း ကြားရတော့ အမဟာ အရင်က အမ၊ ၁၉၈၈ နှစ်များဆီက အမရဲ့ ပင်ကိုယ်ပကတိဖြစ်မှုကို ထိန်းထားဆဲလို့ တွေ့လိုက်ရပြန်တယ်။ အမက နေအိမ်အကျယ်ချုပ်ကာလမှာတောင် ထောင်ထဲက အကျဉ်းသားတွေကို တွေးဆစာနာပြီး ကိုယ့်စည်းကမ်းနဲ့ကိုယ် စားသောက်နေထိုင်မှုကို ထိန်းချုပ်ခဲ့တယ်ဆိုတာ ကြားခဲ့ရတုန်းကလိုပဲ ခံစားရပါတယ်။
ဒါပေမဲ့ အခု အမက အသက် ၈၀ ပြည့်တော့မယ့်သူလေ။ ဇရာအိုတစ်ယောက်ရဲ့"အာခံမှု"နဲ့ "စာနာစိတ်" ပူးတွဲရောယှက်ထားတဲ့ ရပ်တည်ချက်ဟာ အမရဲ့ ကျန်းမာရေးအတွက်တော့ အပြု
သဘောမဆောင်ပေဘူးပေါ့။ "လူမြင်ကွင်းမှာ မရှိတော့ခြင်း"နောက်ကွယ်က အမရဲ့ ခံနိုင်ရည်ကို အဆုံးစွန်ထိ မြှင့်တင်နေရမှုဟာ စကစကို၊ စစ်တပ်ကို မပူးပေါင်းမှုကြောင့်ဖြစ်လာရတဲ့နောက်ဆက်
တွဲ လိုအပ်ချက်ပေါ့။
ဒီကြားမှာ အမရဲ့ ပုံရိပ်ဟာ အပြောင်းအလဲတွေ ရှိခဲ့တယ်။ အမကိုယ်တိုင် ထုဆစ်ခဲ့တာတွေအရရော အမကို စိတ်တိုင်းကျမြင်ကွင်းသေအဖြစ် မြင်ချင်ကြသူတွေက သူတို့ မြင်မိသလို ခံစားမိသလို ပုံဖော်ထုဆစ်ပြကြတာတွေအရပါ အမရဲ့ ပုံရိပ်ဟာ ပြောင်းလဲခဲ့တာပေါ့။အမလောက် လောကဓံတရား ရှစ်ပါးရဲ့ ရိုက်ခတ်မှုကို အချိန်ပြည့် ခံစားရသူ မရှိသလောက် နည်းမှာပါ။လူ့သဘာဝအတိုင်း အဆိုးလောကဓံ ခံခဲ့ရချိန်မှာ လက်ခုပ်တီးအားပေးနှစ်
သိမ့်ကြသလောက် အကောင်းလောကဓံ ခံနေရချိန်မှာတော့ စကားတင်းဆိုကြပြန်တာပေါ့။ ဒီလိုနဲ့ အဆိုးလောကဓံအသစ်အသစ်တွေကိုပဲအမက ကြုံရပြန်တယ်။

❤62👍11🥰4😁2🤮1
အမက မတရားတဲ့ အမိန့်အာဏာမှန်သမျှကို ဖီ
ဆန်ဖို့ တိုက်တွန်းခဲ့တုန်းက 'တာဝန်အရ'လို့ လူထုကို သတိပေးခဲ့တယ်။ လူထုက အာဏာသိမ်းတာကို အာခံကြတာဟာ သူတို့ရဲ့ နိုင်ငံသားတာဝန်ကို ထမ်းဆောင်တာပဲပေါ့။ ခုခံစစ်မှ မဟုတ်ဘဲ စကစနဲ့ မပူးပေါင်းနည်းမျိုးစုံကို လူထုက အားထုတ်တဲ့အခါ အမကလည်း သံတိုင်တွေ နောက်မရောက်ခင် အိမ်တော်ထဲကတည်းကနေ ထောင်အကျဉ်းခန်းထဲ ရောက်နေဆဲ ခုအချိန်ထိ စကစအလိုကျ ပြောဆိုတုံ့ပြန်မှတ်ချက်ပြုတာတွေ ဘာဆို ဘာတစ်ခုမှ မလုပ်တဲ့နည်းနဲ့ မပူးပေါင်းဘဲ နေခဲ့တယ်။ "Still still"ဖြစ်နေဆဲ။ လူမြင်ကွင်းမှာ အမ မရှိတော့တဲ့ မရှိတော့ဘဲ နေရချိန်မှာတောင် အမက ဘယ်လိုထင်မြင်မှာပါလိမ့်၊ တုံ့ပြန်မှာပါလိမ့်လို့ တွေးတွေးပြီး ကြောင့်ကြပူပန်သူတွေလည်း အ
များကြီးပဲ။ အမ လူမြင်ကွင်းမှာ မရှိနေခြင်းဆိုတာ သူတို့လိုလူတွေအတွက်တော့ သက်ရောက်မှုအပြောင်းအလဲ ဖြစ်မသွားဘူး။အမ လူမြင်ကွင်းမှာ မရှိနေပေမဲ့ အမကို ထောက်ခံအားပေးစာနာကြသူတွေက လူမြင်ကွင်းမှာ ဖွေးဖွေးလှုပ် ရှိနေကြတာကိုး။
အဲဒီလိုပဲ အမ မပါဘဲ အရွေ့တွေကို ချဉ်းကပ်နေကြသူတွေလည်း အများကြီးပဲ။ (အမကို 'အမ၊ အန်တီ၊ အမေ'လို့ ခေါ်ခဲ့ကြတဲ့ ခေတ်အစုံက လူ
ငယ်၊ လူလတ်၊ လူကြီး အရွယ်အစုံ ပါတာပေါ့) အမကို နိုင်ငံခြားမှာ မေးခွန်းတွေ မေးကြတော့ "ရှင် အောင်မြင်တယ်လို့ ဘယ်လိုပြောနိုင်မလဲ။ ဘယ်တော့ ပြောနိုင်မလဲ"လို့ သဘောရတဲ့ မေးခွန်းတစ်ခု ရှိခဲ့တယ်။
အမက "ကျမ မလိုတော့ဘဲကျမရဲ့လူထုက ဆက်
ရွေ့သွားပြီဆိုရင် ကျမ အောင်မြင်တာပဲပေါ့"လို့ သဘောရတဲ့ အဖြေမျိုးကို ဖြေခဲ့ဖူးတယ်။ အမ မပါဘဲ အရွေ့တွေကို ချဉ်းကပ်နေကြတဲ့ အရွယ်စုံလူတွေကိုယ်တိုင်ဟာအမရဲ့"အောင်မြင်မှုပြဒါး
တိုင်"တွေ ဖြစ်နေပြန်ပါလား။
နှစ်လေးဆယ်လောက် ကြာတော့ အမက အလုံပိတ်ရထားလှည်းတစ်စီးပေါ်ကနေ မွေးနေ့မိုင်တိုင်တွေကို ကျော်ဖြတ်ရွေ့လျားနေရတယ်။ ကျမက လွတ်လပ်တဲ့ လေကို ရှုနေရပေမဲ့ အချိန်ရထားလှည်းရဲ့ အဝေးရောက်ထိုင်ခုံမှာ နောက်ပြန်စီးပြီး အတိတ်နဲ့ မွေးရပ်မြေကို မျက်ခြည်မပြတ် စေ့စေ့စပ်စပ် ကြည့်နေမိတယ်။
အမ အမြန် လွတ်မြောက်လာပါစေ။ ကျန်းမာပါစေ။ မာမြဲ မာပါစေ။

❤96👍14🕊4🤮1🤡1
သံတောင်ကြီးတွင် အရာရှိသင်တန်းဆင်းများ ပါလာသည့် စစ်တပ်ယာဉ်တန်းကို PDF ပူးပေါင်းတပ်တိုက်ခိုက် တပ်ခွဲမှူး ၈ ဦးသေဟုဆို
■ထန်းတပင်မြို့စိုးတံတားသို့ အင်အားဖြည့်လာသည့် စစ်ကြောင်းကိုလည်း PDFများတိုက်ခိုက်
ဇွန်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင်စစ်တပ်
၏ အရာရှိ သင်တန်းဆင်း သင်တန်းသားများ လိုက်ပါလာသည့် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ တပ်ခွဲမှူး ၈ ဦး နှင့် ယာဉ်မောင်း တပ်ကြပ် ၁ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း တိုက်ခိုက်ခဲ့သည့် People Defence Force Thandaung က သတင်းထုတ်ပြန်သည်။
ဇွန်လ ၇ရက် ညနေပိုင်းက သံတောင်ကြီးမြို့နယ်၊ဘုရင့်နောင်တပ်မြို့ စစ်သင်တန်းကျောင်းမှတပ်ခွဲမှူး သင်တန်းဆင်းများပါဝင်သော ယာဉ်တန်းကို တောင်ငူ-သံတောင်လမ်းပိုင်းရှိ စစ်တပ်၏ ၇မိုင် စခန်းကုန်းအနီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ဆင်ရေးကို KNU တောင်ငူခရိုင်၊တပ်မ
ဟာ(၂)၊တပ်ရင်း(၅)လက်အောက်ခံ PDF သံတောင်စစ်ကြောင်း နှင့် မဟာမိတ်တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရဲဘော်များအားလုံးဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ဟု အသိပေးသည်။
စစ်ကောင်စီ၏ သေဆုံးထိခိုက်မှုသတင်းအချက်
အလက်များကို တပ်တွင်းဖရဲသီးဆီမှ ပြန်သိရခြင်းဖြစ်ကြောင်း PDF သံတောင်မှ တာဝန်ရှိသူက ပြောသည်။ သို့သော်စစ်တပ်သေဆုံးထိခိုက်မှုကို People's Spring ကသီးခြားအတည်မပြုနိုင်ပါ။
CDMစစ်သားဗိုလ်ကြီးဇင်ယော်ကလည်း ဇွန်လ ၆ရက်တွင် စစ်ကောင်စီ၏ တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း ဘုရင့်နောင်၌ တပ်ခွဲမှူး၊ တပ်ရင်းမှူးနှင့် တပ်စုမှူးသင်တန်းဆင်းခဲ့ကြောင်း ပြောသည်။ တပ်ခွဲမှူးသင်တန်းဆင်းသည် ဗိုလ်ကြီး
အဆင့်ဖြစ်ပြီး တပ်ရင်းမှူး သင်ဆန်းဆင်းသည် ဗိုလ်မှူးအဆင့်ဖြစ်ကာ တပ်စုမှူး သင်ဆန်းသည် ဗိုလ်အဆင့်ဖြစ်သည်ဟု ပြောပြသည်။
“သောကြာနေ့သင်တန်းဆင်းတယ်။ စနေနေ့(ဇွန်လ ၇ရက်)မှာပို့မယ်ဆိုတဲ့ပုံသေလမ်းကြောင်းကိုလည်း ကာကွယ်ရေးအင်အားစုတွေဘက်က သတင်းစုံစွာ ရရှိထားတဲ့ အနေအထားမျိုးဆိုတော့ သူတို့တွေက တိုက်ခိုက်မှု ခံရမှာပဲ” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
အဆိုပါလမ်းပိုင်း၌ယခင်ကတည်း မကြာခဏ တိုက်ခိုက်ခံရသကဲ့သို့ ယခုအရာရှိ သင်တန်းဖွင့်ပွဲ တွင်လည်းထပ်မံတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ၊ယခင်တိုက်ခိုက်မှုများတွင်ယခုဖြစ်စဉ်ကဲ့သို့ သေ
ဆုံးထိခိုက်မများခဲ့ဟု ဗိုလ်ကြီးဇင်ယော်က ပြော
သည်။စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရသည့် နေရာသည်လည်း စစ်ကောင်စီ၏ ၇မိုင်တပ်စခန်း ရှိသည်ဟု ဆိုသည်။အကယ်၍ စစ်ကောင်စီယာဉ်တန်းအတွက် လမ်းကင်းချပါကလည်း လမ်းကင်းချသည့် အဖွဲ့ တိုက်ခိုက်ခံရမည်ဟုခန့်မှန်းပြော
သည်။
“အဲဒါကြောင့် တောင်ငူ-လိပ်သို- သံတောင်ကြီး လမ်းပိုင်းကို စစ်ကောင်စီက အပြည့်အ၀ ထိန်း
ချုပ်မထားနိုင်တော့ဘူးဆိုတာ လုံး၀ ပေါ်လွင်နေတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
PDF သံတောင်၏ သတင်းထုတ်ပြန်ချက်တွင် မေလကုန်ပိုင်းက တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ထုံးဘိုကြီးစခန်းအား သွားရောက်တိုက်ခိုက်ခဲ့မှုကိုလည်းဖော်ပြထားသည်။ မေလ ၂၇ရက်တွင် ထုံးဘိုကြီးစခန်းအား သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်ကျဆုံး အတိအကျ မသိရသေးသော်လည်း အထိနာခဲ့ဟု ဆိုသည်။
ထို့အပြင်တောင်ငူခရိုင် အမှတ်(၂) တပ်ရင်း (တပ်
ရင်း ၃၅၀၂)ကလည်း ထန်းတပင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကိုသတင်းထုတ်ပြန်သည်။ဇွန်လ
၁၂ရက် ကထန်းတပင်မြို့နယ်၊မြိုးစိုးတံတားတွင်
အင်အားဖြည့်ထားသော စစ်ကောင်စီတပ် ဖွဲ့ဝင် ၁၂၀ ခန့်သည် နံနက် ၇နာရီ ခန့်တွင် မြို့စိုးရွာအတွင်း ဝင်ရောက်ခဲ့ရာတပ်ရင်း ၃၅၀၂၊ တပ်ရင်း
(၃၅၀၁)၊ အုတ်တွင်း ပကဖ ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဖော်ပြသည်။
တိုက်ပွဲအတွင်း ရန်သူထိခိုက်မှုမှာ မြေပြင်သတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦး ခန့် သေဆုံးခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိကြောင်း တောင်ငူခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ်(၃၅၀၂)က အသိပေးထားသည်။
ခွေး(စစ်ကောင်စီတပ်)က ကမ်းနား တစ်လျှောက် စစ်ကြောင်းနဲ့ မြို့စိုးထိ တိုးလာဖို့ လုပ်နေလို့ နှစ်ဖက် ဆိုင်ထားပါတယ်ဗျ။ရည်မှန်းချက်က မြို့စိုးတံတား လုံခြုံရေးလို့ခန့်မှန်းတယ် ယခင်လည်း ချိုးထားဖူးတော့ နောက်တစ်ကြိမ် ထပ်သိမ်းမှာ ကြောက်လို့လားမသိပါဘူး"ဟု တပ်ရင်း ၃၅၀၂ တာဝန်ရှိသူတဦးက မြို့စိုးဒေသ စစ်ရေး အခြေ အနေကို ပြောသည်။

❤67👍39👏3🤣2🥰1
မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဗဟိုပြုသော ဖြေရှင်းနည်းလမ်းများ လိုအပ်ဟု မြန်မာသံအမတ်ကြီး ကုလသို့ ပြောကြား
ဇွန်-၁၃၊ ၂၀၂၅။ အီယိုရီ/People’s Spring
မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဗဟိုမပြုသော မည်သည့်ဖြေရှင်းနည်းလမ်းမဆို အကောင်းဆုံးအဖြစ် ခဏတာကုစားမှုကိုသာရရှိနိုင်ပြီး အဆိုးဆုံးအဖြစ် ရေရှည်ကျရှုံးမှုဆီ ဦးတည်သွားနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက သတိပေးပြောကြားသည်။
ဇွန်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီအစည်းအဝေး၌ လုံခြုံရေးကောင်စီ၏ အစီအရင်ခံစာအပေါ် ဆွေးနွေးစဥ် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက ထည့်သွင်း သတိပေးခဲ့ခြင်းဖြစ်သည်။
မြန်မာ့အရေးနှင့်ပတ်သက်၍ အားလုံးပါဝင်မှု၊ ယုံကြည်မှု၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် အရပ်သားကြီးကြပ်မှုအောက်ရှိ စနစ်ကျသည့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း စသည် တို့သည် မြန်မာတို့ ပိုင်ဆိုင်ပြီး ဦးဆောင် ဦးရွက်ပြုသော လုပ်ငန်းစဉ်အတွက် အရေးကြီးသော အစိတ်အပိုင်းများဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။
မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့၍ ငြိမ်းချမ်းရေးရရှိရန် ဖော်ဆောင်ပေးမည့် ယုံကြည်စိတ်ချရသော လုပ်ငန်းစဉ်သည် အနာဂတ်တွင် စောင့်ကြိုလျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများသည် အနာဂတ် မြန်မာနိုင်ငံ အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြပြီဖြစ်ကြောင်း သံအမတ်ကြီးက ကုလအထွေထွေညီလာခံ အစည်းအဝေးမှတဆင့် အစီရင်ခံသည်။
အားလုံးပါဝင်သော ဆွေးနွေးပွဲသည် ပြည်သူများ၏ ဆန္ဒ၊ အကျိုးစီးပွားနှင့်အညီ ဖြစ်ပေါ်ရန် လိုအပ်ကြောင်းနှင့် ပြည်သူများက ကြိမ်ဖန်များစွာ အတိအလင်းဖော်ပြကြသည်မှာ အရပ်သားများပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်မှုများသည် ယခုချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်းသံအမတ်ကြီးက ထောက်ပြသည်။
ထို့အပြင် စစ်တပ်သည် အနာဂတ် မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် ပါဝင်ခွင့်မရှိဘဲ အရပ်သားကြီးကြပ်မှု အောက်တွင် ရှိရမည်ဖြစ်ကာ အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝ လေးစားရမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။
အာဏာသိမ်းစစ်တပ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချက်ခြင်းလွှတ်ပေးရမည်ဟု သံအမတ်ကြီးက ကုလအထွေထွေညီလာခံအစည်းအဝေး၌ တောင်းဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်သီတင်းပတ်တွင် အသက် ၈၀ နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ထောင်တွင်းရှိနေစဉ်၌ပင် ပြည်သူပေါင်းများစွာသည် သူမ၏ ၈၀ နှစ် ပြည့်မွေးနေ့ကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပ၍ သူမ ချက်ခြင်း လွတ်မြောက်စေရေးနှင့် ကျန်းမာရေး ကောင်းမွန်စေရေး တို့အတွက် ဆုတောင်းပေးမှုများကို စီစဉ်လုပ်ဆောင်လျက်ရှိကြောင်း ကမ္ဘာ့နိုင်ငံများကို သံအမတ်ကြီးက အသိပေးသည်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၏ အသံများနှင့် ဆောင်ရွက်နိုင်စွမ်းကို အမှန်တကယ် ဗဟိုပြု၍ အကြမ်းဖက် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များကို ပံ့ပိုးပေးရန် အချိန်တန်ပြီ ဖြစ်ကြောင်း သံအမတ်ကြီးက ထပ်လောင်း တောင်းဆိုသည်။
ဆက်လက်ပြီး မြန်မာသံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် လျင်မြန် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ် နိုင်စေရေး ရည်ရွယ်ချက်ဖြင့် လုံခြုံရေးကောင်စီအား အဓိကတာဝန်အဖြစ် ပေးအပ်ထားသော်လည်း ကောင်စီသည် နှစ်ပေါင်း များစွာ ၎င်း၏ အစီအစဉ်တွင် ပါရှိသော ကိစ္စရပ်များစွာအတွက် သဘောထားကွဲလွဲမှုများကြောင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းမရှိဘဲ အရေးယူ ဆောင်ရွက်မှု မရှိနိုင်သည့် အခြေအနေဖြစ်နေကြောင်း ဝေဖန်သည်။
ယင်းနောက် ကောင်စီ၏ စည်းလုံးညီညွတ်မှုကင်းမဲ့ခြင်းကို ယခုနှစ်အတွင်း တံခါးဖွင့်အစည်းအဝေးများ၌ ဆုံးဖြတ်ချက်များအပေါ် ဗီတိုအာဏာသုံးစွဲမှုများနှင့် တံခါးပိတ် အစည်းအဝေးများ၌ ဆုံးဖြတ်ချက် မူကြမ်းများအပေါ် ဗီတိုအသုံးပြုရန် ခြိမ်းခြောက်မှုများမှတဆင့် ထင်ဟပ်နေကြောင်း ထောက်ပြသည်။
ထို့အပြင် မြန်မာ့အရေးအတွက် လုံခြုံရေးကောင်စီက ဆွေးနွေးမှု အကြိမ်အရေအတွက် ကိန်းဂဏန်းများကို လိုသလို အသုံးပြု၍ ရှောင်လွှဲနေကြကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တံခါးပိတ်အစည်းအဝေးများ၏ အရေအတွက်သည် အရေးကြီးခြင်းမဟုတ်ဘဲ မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန် လုံခြုံရေးကောင်စီ၏ မြန်ဆန်၊ ထိရောက်ပြီးပြတ်သားမှု ရှိသော အရေးယူ ဆောင်ရွက်ချက်ကသာ အရေးကြီးကြောင်း သံအမတ်ကြီးက ထောက်ပြပြောဆိုသည်။

👍85❤15🤮3🔥1🥰1
ရွှေနှင့်ဒေါ်လာဈေး ဆက်တက်၊ အရှေ့အလယ်ပိုင်းဒေသစစ်ရေးကြောင့်စက်သုံးဆီဈေးစတက်
ဇွန်-၁၂၊၂၀၂၅။ရဲခေါင်/People's Spring
ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။
အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးကအီရန်ကိုတိုကိခိုက်ရာမှ တကျော့ပြန်စစ်ပွဲများဖြစ်ပွားလာပြီး ကမ္ဘာရွှေ နှင့် ရေနံ စျေးများသည် အတက်သို့သို့ဦးတည်နေပြီး ကျပ်ငွေ အစားထိုး ရွှေ နှင့် ဒေါ်လာ ဝယ်လိုသူနှင့်စု ဆောင်းသူများအကြား
အတက်စျေးတန်းတစ်ခု၌ ရှိနေသည်။
"ရွှေဆိုင်တွေအများစုက မနေ့က(ဇွန် ၁၂ ရက်) စပြီးစျေးပိတ်လိုက်ပြီ။လုံးလုံးပိတ်တာတော့မဟုတ်
ဘူး။တချို့ဆိုင်တွေကအရောင်းမရှိ၊အဝယ်ရှိပေါ့။အပြင်စျေးမှာတော့ ၈၁ သိန်းစွန်းစွန်းစျေးထွက်တယ် "ဟု ရွှေဝယ်ရောင်းသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ဇွန် ၁၂ ရက်ပြည်တွင်းစျေးကွက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ကျပ်သိန်း ၈၀ ဝန်းကျင်နှင့် ၁၅ ပဲရည်တစ်ကျပ်သား ၇၅ သိန်းခန့်ရှိခဲ့သည်။ ကမ္ဘာ့ရွှေစျေးသည် ယနေ့(ဇွန် ၁၃ ရက်)နံနက်ပိုင်းအဖွင့်စျေး တစ်အောင်စ ဒေါ်လာ ၃,၃၈၀ ရှိခဲ့ရာမှ ယနေ့ နေ့လည်ပိုင်းတွင် ပျှမ်းမျှ ဒေါ်လာ ၄၀ ကျော်ဆက်တက်နေသည်ကိုတွေ့ရသည်။
"ရွှေဈေးတက်တိုင်း ရွှေကုန်သည်တွေအခေါ်ခံနေရရင် အိမ်တောင်ပြန်ကပ်ရမယ့်ကိန်းမမြင်ဘူး။ အဲဒီနည်းနဲ့က ဘယ်တော့မှလည်း အဖြေမှန်တွေ့မှာမဟုတ်ဘူး။ အကြောင်းအရင်းက ကမ္ဘာ့ရွှေဈေးနဲ့ မြန်မာ့ဒေါ်လာဈေးအပေါ် အဓိကပဲ"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စစ်ကောင်စီလက်ထက် ဖုံးကွယ်ထားသော စစ်ရေးအသုံးစရိတ် နှင့်စုစုပေါင်းပြည်တွင်းဝင်ငွေ (GDP)
တွင် နှစ်စဥ်လိုငွေပြမှုအပါအဝင် တိုးမြင့်လာသော ပြည်ပချေးငွေကို ကျားကန်ပေးနေရသည့် ဗဟိုဘဏ် က ဒေါ်လာချုပ်ကိုင်မှုသာလျှင် မြန်မာ့စီးပွားရေး နှင့် အခြေခံလူထုကို ပိုမိုမွန်းကြပ်လာစေကြောင်း ၎င်းက ဆက်ပြောသည်။
"ကမ္ဘာ့ရွှေစျေးလည်းအပြောင်းအလဲမရှိ ဒေါ်လာဈေးလည်းကျချိန်မျိုးဆို ရွှေဈေးကို အမြင့်ကြီးပေးပြီး ဘယ်လုပ်ငန်းရှင်ကမှ အရူးထမဝယ်လောက်ပါဘူး။တစ်ခုက ပြည်တွင်းဒေါ်လာဈေးအပြောင်းအလဲမဖြစ်ဘဲ ကမ္ဘာ့ရွှေဈေးကျရင် မြန်မာ့ရွှေကျမယ်။နောက်တစ်ချက်က ကမ္ဘာ့ရွှေဈေး အပြောင်းအလဲမဖြစ်ပေမယ့် မြန်မာ့ဒေါ်လာဈေးကျရင် မြန်မာ့ရွှေကျမယ်"ဟု ရွှေစျေးကွက် စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
သို့သော် ပြည်ပသွင်းအားစုကို မှီခိုနေရသည့်အပြင် အချိန်မရွေး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့နိုင်သည့် အခြေအနေကြောင့် ဒေါ်လာငွေလဲနှုန်းသည်ဇွန်လ ပထမပတ်ကစ၍ အတက်စျေးသို့ ဦးတည်နေသည်။
"ဖေဖော်ဝါရီ နောက်ပိုင်း အမြင့်ဆုံးစျေးပဲ။ဒီနေ့ တွေ့ရသလောက်တော့ တစ်ဒေါ်လာ ၄,၅၆၀ ရှိတယ်။တချို့ ၄,၆၀၀ လောက် ဖြစ်နေတယ်"ဟု
ငွေလဲလှယ်သူတစ်ဦးက ပြောသည်။
ယနေ့ ပြည်တွင်း စက်သုံးဆီ(ဓာတ်ဆီ၊ဒီဇယ်)
အမျိုးအစားအလိုက် တစ်လီတာ စျေးနှုန်းသည် ယမန်နေ့ကထက် ကျပ် ၂၀ နှင့် ၄၀ ကြား စျေးတက်နေသည်။စက်သုံးဆီသည် ရေနံစိမ်းကိုအ
ဆင့်ဆင့်မွမ်းမံ၍ ထွက်ရှိခြင်းဖြစ်ကာ အရှေ့အလယ်ပိုင်းဒေသ စစ်ရေးကြောင့် ကမ္ဘာ့ရေနံစျေးသည် တစ်ရက်အတွင်း၈ ရာခိုင်နှုန်းဝန်းကျင်တက်
လာသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်ကမူ ဒေါ်လာစျေးကစား
သူများနှင့် လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြား ငွေ ဝယ်ယူ၊ ရောင်းချ ၊လဲလှယ်သူများကို အရေးယူမည်ဟု ဇွန် ၁၂ ရက်တွင် စာထုတ်ပြန်၍ ခြိမ်း
ခြောက်ထားသည်။
စစ်ကိုင်းငလျင်အပြီး စီးပွားရေးဆုတ်ယုတ်မှုများ
နှင့် အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက် မှုများကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ၏ အရေးယူရန်အတည်ပြုမှုသည် ယိုင်နဲ့နေသည့် မြန်မာ့စီးပွားရေးတွင် ကြပ်တည်းမှုပေါင်းစုံဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က အသိပေးထားသည်။

👍55❤14👏4😢3🔥2🤬2
ရွှေဈေးမှာပြင်ပဈေးကွက်တွင် ၁ ကျပ်သား ၈၁ သိန်းကျပ်ကျော်ရှိလာပြီး ၊ဒေါ်လာဈေးမှာ ၄၅၆၀မှ ၄၆၀၀ ကျပ်အတွင်းရှိကာ စက်သုံးဆီဈေးမှာ တစ်လီတာလျင် ၂၀ ကျပ်မှ ၄၀ ကျပ်တက်လာသည်။ဓါတ်ပုံ-People's Sprimg ၊CJ
👏45🤬7❤4👍4👎1🔥1
စစ်ကောင်စီတပ်ကံကြီးရွာမှဆုတ်သွားပြီး
နောင်ချိုကြီးရွာမှာတိုက်ပွဲတွေဆက်ဖြစ်နေ
ဇွန်-၁၃၊ ၂၀၂၅။ People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက် ကံကြီးကျေးရွာကဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိမ်ပင်
လယ်ရှိရာ နောင်ချိုကြီးကျေးရွာမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေက
ပြောပါတယ်။
နောင်ချိုမြို့တောင်ဘက်ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ အမြောက်တပ်တွေရှိရာ တောင်းခမ်းကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဇွန်လ ၇ရက်မှာ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာအထိ ရောက်လာခဲ့တာပါ။ ကံကြီးရွာမှာ TNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဟာ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။
အဲဒီနောက် ဇွန်လ ၉ရက်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ ပိန္နဲကုန်းနဲ့ ကန်ကြီးကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။
အခုတော့ ကံကြီးရွာရဲ့ အရှေ့ဘက်နားက နောင်ချိုကြီးကျေးရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။
"နောင်ချိုကြီးဘက်တော့ အုန်းဒိုင်းပဲ"လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။ နောင်ချိုကြီးကျေးရွာဟာ နောင်ချိုမြို့ကို တိမ်ပင်လယ်လာရောက်ကြည့်ရှု့သူတွေလာကြတဲ့နေရာဖြစ်ပြီး ထင်ရှားပါတယ်။
ကံကြီးရွာကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုကြီးကျေးရွာမှာ စစ်ကြောင်းတစ်ကြောင်းနဲ့ တောင်းခမ်းရွာကို သွားတဲ့ လမ်းပိုင်းက မက်မန်းတောကျေးရွာနားမှာ စစ်ကြောင်းတစ်ကြောင်းဆိုပြီး ဆုတ်ခွာသွားတာလို့ နောင်ချိုဒေ
သခံတွေက ပြောပါတယ်။
မန္တလေး PDFရဲဘော်တွေ ဇွန်လ ၉ရက်မှာ စစ်ကူရောက်လာတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်တာ ရှိ၊မရှိဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ကံကြီးရွာကို ရောက်လာစဉ်မှာ (၈)မိုင်ကျော်ကွာဝေးတဲ့ နောင်ချိုမြို့ကို လက်နက်
ကြီးတွေနဲ့ ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့ပါသေးတယ်။ ပြီးခဲ့သည့် ဇွန်လ ၄ရက်ကလည်း နောင်ချိုမြို့၊စျေးရပ်ကွက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် နှစ်လုံးနဲ့ ကမ္ဘောဇကျောင်းတိုက်ဘုန်းကြီးကျောင်းလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ ၁၀ရက် ညနေပိုင်းကလည်း နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို ဟောင်ဝေဇာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ လုံဝယ်ကျေးရွာအတွင်း လက်နက်ကြီး (၂)လုံး ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် (၅၂)နှစ်အရွယ် ဦးကျော်မင်းဆိုသူ ထိမှန်ခဲ့တာပါ။
နောင်ချိုမြို့တောင်ဘက်က ကံကြီးကျေးရွာအနီးဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နောင်ချိုမြို့ခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ အဲဒီမြို့ခံချို့က ပြောပါတယ်။

👍66❤10👏7🤣3🔥2🥰1
TNLA တပ်ဖွဲ့ဝင် ၁ ဦး နဲ့ နောင်ချိုဒေသမြေပုံ။ ဓါတ်ပုံ-TNLA
👍69❤7🤣3😁2
ကိုဝေမိုးနိုင်ကို အိုးဘိုထောင်ဘူးဝမှာတင် အကျဥ်းဝန်ထမ်းတွေ ဝိုင်းရိုက်
ဇွန်-၁၃၊၂၀၂၅။ဇေအောင်/People's Spring
မုံရွာထောင်ကနေပြောင်းရွှေ့လာတဲ့ ကိုဝေမိုးနိုင်ကို မန္တလေးအိုးဘိုအကျဥ်းထောင်က ဝန်ထမ်းတွေက ထောင်ဘူးဝမှာတင် ဝိုင်းရိုက်ခဲ့ကြောင်းအကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဇွန်လ(၁၂)ရက်မနက်ပိုင်းက မုံရွာအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အိုးဘိုအကျဥ်းထောင်ရောက်တဲ့အချိန် ထောင်ဘူးဝမှာတင် အကျဥ်းဦးစီးဝန်ထမ်းတွေက ကိုဝေမိုးနိုင်ကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့အကျဥ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။
"ထောင်ဘူးဝမှာပဲ အကျဥ်းဝန်ထမ်းတွေက ကိုဝေမိုးနိုင်ကို ဝိုင်းပြီးရိုက်ကြနှက်ကြထိုးကြကြိတ်ကြ လုပ်ကြတယ်။ မျက်ခုံးကွဲသွားတဲ့ ဒဏ်ရာတွေရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။"လို့ အကျဥ်းထောင်နဲ့နီးစပ်တဲ့ အမည်မဖော်လိုသူအမျိုးသားတဦးက ပြောပါတယ်။
ကိုဝေမိုးနိုင် ရိုက်နှက်ခံရတဲ့ဖြစ်စဥ်ကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
မုံရွာအကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသားများအား မန္တလေးထောင်သို့ပို့ပြီး ရိုက်နှက်နှိပ်စက်ပြီးနောက် မြင်းခြံအကျဥ်းထောင်သို့ ထပ်ပို့လေ့ရှိကြောင်း၊အခုလည်း မန္တလေးထောင်သို့ ရွှေ့လိုက်တဲ့အတွက် စိုးရိမ်နေရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်ကိုရှင်းသန့်က ဇွန်
၁၂ ရက်နေ့ကတည်းက ပြောခဲ့ပါတယ်။
"ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာ တော်
တော်လေးကို စိုးရိမ်ပါတယ်။အဲဒါကြောင့်ပြည်သူ
လူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမ
ပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။"လို့ ကိုရှင်းသန့်က တောင်းဆိုပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်မုံရွာမြို့မှာငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်က စစ်တပ်ကနေ ကားနဲ့တိုက်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ အဲဒီနောက် ကိုဝေမိုးနိုင်ကို ပုဒ်မပေါင်းစုံနဲ့ စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ် နှစ်
(၇၀) ကျော် ချမှတ်ထားပါတယ်။
မနေ့က ကိုဝေမိုင်းနိုင်နဲ့ တခြားနိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား နှစ်ရာခန့်ကို မန္တလေး၊ မကွေးနဲ့ မြင်းခြံထောင်တွေကို ပို့ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း
သားများကွန်ရက်(PPNM)ကသတင်းထုတ်ပြန်ထားပါတယ်။

🤬94❤13😢7👎1🔥1😡1