တောင်သာတွင်စစ်တပ်စစ်ကြောင်းကို PDFများတိုက်ခိုက်၊ စစ်သား ၃ ဦးသေ ၁ဦးဖမ်းမိ
ဇွန်-၁၃၊၂၀၂၅။ရဲခေါင်/People's Spring
မန္တလေးတိုင်း၊တောင်သာမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်သားသုံးဦးသေပြီးတစ်ဦးအရှင်ဖမ်းမိကာ လူသားဒိုင်းပြုလုပ်ခံရသည့် ပြည်သူ ၇ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကလူထုနွေဦးသို့ ပြောသည်။
ယမန်နေ့(ဇွန်လ၁၂ရက်)နံနက်၁၀နာရီခန့်ကတောင်
သာမြို့မှ စစ်ကောင်စီ ဗိုလ်မှူးဝဏ္ဏဌေးဦး ဆောင်သောစစ်တပ်ကြောင်းသည် ထနောင်းကုန်းရွာသို့ ထောက်ပို့လမ်းကြောင်းချိတ်ဆက်ကူးလူးနေသည်
ကို ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
"ဒါက မြင်းခြံခရိုင်စစ်ဆင်ရေးရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။စကစ စစ်ကြောင်းကခန့်မှန်းအင်အား ၄၀ ပတ်ချာလည်လောက်ရှိတယ်"ဟု တောင်သာမြို့ နယ်ပကဖ တာဝန်ရှိသူကပိတ်တို့တိုက်ခိုက်မှု ဖြစ်စဥ် ကိုရှင်းပြသည်။
တိုက်ပွဲသည်တောင်သာမြို့၏အနောက်ဘက်ဆင်တဲဝချောင်း၏ အနောက်ဘက်ကမ်းတွင် တိုက်ပွဲဖြစ်ခဲ့ကာ စစ်ကောင်စီတပ်က ဒေသခံပြည်သူအ
မျိုးသားခုနစ်ဦးကို လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။
သို့သော်တိုက်ပွဲအတွင်းထိုပြည်သူခုနစ်ဦးကို အထိ အခိုက်မရှိဘဲ ကာကွယ်ရေးရဲဘော်များက ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူခုနစ်ဦးအားကယ်ထုတ်ပြီးချိန်တွင်တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေ
ဆုံးပြီး စစ်တပ်မှ ကျော်နိုင်ဝင်းကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ က ထုတ်ပြန်ထားသည်။
ကျန်ရှိသောစစ်ကောင်စီတပ်သားများသည်ကစဉ့် ကလျားထွက်ပြေးသွားပြီး တိုက်ပွဲမှ G3 အမျိုးအစား တစ်လက်၊MA3 အမျိုးအစားတစ်လက်၊RPG ဖူး ၁၀ ဖူး၊ ကျည်ဘောက် သုံးခု၊ကျည် ၁၁၈
တောင့်၊ Drone Jammer တစ်ခုနှင့် စစ်အဝတ် အစား အသုံးအဆောင်တချို့ကို ပကဖ က သိမ်း
ဆည်းရရှိခဲ့သည်။
တိုက်ပွဲကို တောင်သာမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်မဟာမိတ်များ ပူးပေါင်းဖော်ဆောင်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်းသိရသည်။
မေလ ၂၇ ရက်ကလည်းတောင်သာ မြို့နယ်တွင် စစ်ကောင်စီ တပ်ကို ဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအလောင်းအချို့ နှင့် အရှင်တစ်ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများကို တောင်သာ ပကဖ က ရရှိခဲ့သည်။
မေလ ၁၅ ရက်ကစ၍ တောင်သာမြို့နယ်အပါအ
ဝင် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊နွားထိုးကြီးနှင့် ငါးန်းဇွန် မြို့နယ်တို့၌ ခရိုင်အဆင့်စစ်ဆင်ရေးဖြင့် စစ်ကောင်စီ စခန်းများကို ထိုးစစ်ဆင်နေသည်။

❤56👏18👍12🥰3🤣2🫡1
စစ်တပ်ထံမှသိမ်းဆည်းရရှိသောလက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊စစ်သုံ့ပန်း နှင့် PDF များ။
ဓါတ်ပုံ- တောင်သာPDF
ဓါတ်ပုံ- တောင်သာPDF
👍81❤22🥰3🤣2
ဖားကန့် မှော်စီစာတိုက်ပွဲ အထိနာခဲ့သော်လည်း စစ်ကောင်စီတပ် စစ်ကြောင်းဆက်ထိုးနေ
ဇွန်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာဒေသ၌ ဇွန်လ ၁၂ရက်တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းသည် ဇွန် ၁၃ ရက်မနက်တွင်လည်းစစ်ကြောင်းဆက်ထိုးနေ
သည်ဟုကချင်သတင်းရင်းမြစ်အချို့ကပြော
သည်။
ဖားကန့် ကျောက်စိမ်းမှော်လုပ်ကွက်များရှိ ကုမ္ပဏီအဆောက်အဦးနှင့် ယာဉ်ယန္တရားများအား မီးလိုက်ရှို့နေသည့် စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်းကို ဇွန် ၁၂ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂၀ ဦးခန့်သေဆုံးထိခိုက်ရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ဇွန်လ ၁၃ရက် မနက် ၇နာရီခန့်တွင်လည်း မှော်စီစာ အောင်သာယာ တကြော၌ စစ်တပ် နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းက စစ်ရေးလှုပ်ရှားနေ၍ ပြည်သူများ သတိထားကြရန် ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက အသိပေးသည်။
အခြားကချင်သတင်းရင်းမြစ်တဦးကလည်း
“စစ်ကြောင်းထိုးနေတုန်း။ မနေ့က ထိတွေ့နေရာအထိ။ တိုက်ပွဲတော့ မကြားသေးဘူး။” ဟု ပြောပြသည်။
စစ်ကောင်စီတပ်က မှော်ဒေသကို ပြန်လည်ထိန်း
ချုပ်လို၍ ယခုကဲ့သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
“မှော်ဒေသကို ထိန်းချုပ်ပြီး အခွန်ငွေ ရယူချင်ကြလို့။ ပြီးရင် ကေအိုင်အေရဲ့ အဓိက ဝင်ငွေက မှော်ဒေသက လာတာပါ။ကေအိုင်အေဝင်ငွေကိုဖြတ်တောက်ချင်ကြတာပါတာပေါ့။ဘယ်လွယ်မလဲ အ
ကုန်မသေရင်ကံကောင်း”ဟုကချင်သတင်းရင်း
မြစ်က သုံးသပ်သည်။
စစ်ကောင်စီတပ်ကမှော်ဒေသတွင်းစစ်ရေးလှုပ်
ရှားမှု လုပ်ဆောင်နေ၍ KIAပူးပေါင်းတပ်၏ တိုက်ခိုက်မှု ဆက်လက်ကြုံရနိုင်သည်ဟုလည်း ၎င်းကဆိုသည်။
စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်သည် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဧပြီလကတည်းက အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးခဲ့ရာ မေလကုန်ပိုင်းတွင် ဖားကန့် လုံးခင်းဒေသ သို့ စစ်ကောင်စီပူးပေါင်းတပ် များ ဝင်ရောက်နိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်က မှော်လုပ်ကွက်များအား မီးရှို့ခြင်း၊ ယမ်းသိုလှောင်ရာ နေရာအချို့ကို ဒရုန်း၊ လက်နက်ကြီးဖြင့်ပစ်
ခတ်ဖျက်ဆီးခြင်း၊ဒေသခံပြည်သူအချို့ကို လူ
သားဒိုင်းအဖြစ် အသုံးပြုခြင်း၊ ဒေသခံ အချို့ကို ပစ်ခတ်သတ်ဖြတ်ခြင်းများဆက်တိုက်ပြုလုပ်နေသည်။ထို့နောက် KIA ၊KPDF ပူးပေါင်းတပ်က စစ်တပ်စစ်ကြောင်းကို ဇွန် ၁၂ ရက်တွင်အပြင်းအထန်တိုက်ခိုက်ခဲ့သည်။

👍49🤣20❤12👎2🥰1🤯1
This media is not supported in your browser
VIEW IN TELEGRAM
ဖားကန့်တွင် စစ်ကြောင်းထိုးနေသောစစ်တပ်နှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်း။ရုပ်သံ-Padang Shingni
👍53❤7😁6👎3🤬3🤯1🖕1
AAနှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေသည့် အမြောက်တပ်(၃၄၄)မှ စစ်တပ်စတင်ဆုတ်ခွာ
ဇွန်-၁၃၊၂၀၂၅။ဇော်ရမ်း/People's Spring
ရေကြည်မြို့နယ်တွင်စစ်ကောင်စီတပ် အခိုင်အမာခံစစ်ပြင်ထားသည့်အမှတ် ၃၄၄အမြောက်တပ်ရင်း(အမတ ၃၄၄)မှ စစ်သားများစတင်ဆုတ်ခွာနေပြီး တိုက်ပွဲများပိုပြင်းထန်လာသည်။
"၃၄၄ကအမြောက်တွေကျုံပျော်ခလရ(၃၆)ကို ပို့တယ်။ကားတွေနဲ့ မိုးကာတွေအုပ်ပြီးဇွန်လ၁၁ရက်
နဲ့ ၁၂ ရက်က စပို့တာ။၃၄၄ကနေစပြီးဆုတ်ခွာ
လာတဲ့အခြေအနေဖြစ်ပါတယ်"ဟုဒေသတွင်း
စစ်ရေးအခြေအနေစောင့်ကြည့်နေသူတစ်ဦးကပြောသည်။
အမတ(၃၄၄)သည် ဂွ-ငသိုင်းချောင်းလမ်းလမ်းပိုင်းမှ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့
နယ်ခွဲ၊ သီတာကုန်းပြင်အုပ်စု၌ရှိသည်။အမတ
(၃၄၄) ကာကင်းစခန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါ
ရီလမှစတင်၍ အာရက္ခတပ်တော်(AA)နှင့် PDFပူး
ပေါင်းတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကျံးပျော်မြို့သည် ရေကြည်၊ငသိုင်းချောင်းမြို့နှင့် ဆက်စပ်ပြီးပုသိမ်-ဟင်္သာတအဝေးပြေးလမ်းဖြတ်
သည့် မြို့ဖြစ်သည်။
"ခလရ(၃၆)ကိုပို့ပေမယ့်သူလည်းအခွံပဲရှိတာ။ ရ
ခိုင်က တိုက်ပွဲတွေမှာ ခလရ(၃၆)က စစ်ကြောင်းလိုက် ပြုတ်တာတွေ ရှ်ိတယ်။ အခုက စစ်ကောင်စီက ပရမ်းပတာဆုတ်လာရပုံရှိတယ်"ဟုဒေသတွင်းမှာကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
လက်ရှိ စစ်ရေးအခြေအနေကို အသိပေးခြင်းမရှိသော်လည်း ရေကြည်၊ငသိုင်းချောင်းနှင့် ကျုံပျော်မြို့မှဒေသခံများ လုံခြုံရေးသတိပြုရန်၊ စစ်ကောင်စီစစ်ကြောင်းများ၏အန္တရာယ်ကို မပေါ့ဆရန် ၎င်းက သတိပေးသည်။
"တိုက်ပွဲက ၃၄၄ ကို တည်ထိုးနေပြီ။AAနဲ့ PDF
တွေက နယ်မြေစိုးမိုးမှု ကောင်းကောင်းရထားပြီလို့ သိရတယ်" ဟုကျုံပျော်မြို့ဒေသခံတစ်ဦးကပြော
သည်။
လက်ရှိတွင် အမတ(၃၄၄)အနီးဝန်းကျင်နှင့် ဂွ-င
သိုင်းချောင်းလမ်းပိုင်းရှိ ရေနံ့သာရွာအနီး၌လည်း တိုက်ပွဲဖြစ်ပွားနေကြောင်းသတင်းရရှိသည်။ဂွ-ငသိုင်းချောင်းလမ်းသည် ရခိုင်ပြည်နယ်နှင့် ဧရာဝ
တီတိုင်းကိုချိတ်ဆက်ထားသည့်အဓိကလမ်းဖြစ်
သည်။
၂၀၂၄ ဒီဇင်ဘာလ၂၉ရက်တွင် AAက ရခိုင်ပြည်
နယ် ဂွမြို့နယ်ကို AAက သိမ်းယူပြီးနောက် ဧရာ
ဝတီ-ရခိုင်နယ်စပ်ဒေသများဖြစ်သည့် သာပေါင်း၊ ရွှေသောင်ယံ၊ ရေကြည်မြို့နယ်တို့မှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို AAက ထိုးစစ်ဆင်ခဲ့သည်။ အမြောက်တပ်(၃၄၄)နှင့်ဆက်စပ် သော တိုက်ပွဲသတင်းကို AAက အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ရေကြည်မြို့နယ်နှင့်ဆက်စပ်နေပြီး ဟင်္သာတခရိုင်အတွင်းပါဝင်သည့်လေးမျက်နှာမြို့နယ်အတွင်းမှ ကျေးရွာအချို့ကိုလည်း AAနှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။ ၎င်းတို့လက်လွှတ်ခဲ့ရသည့်ကျေးရွာများကို စစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးအသုံးပြုတိုက်ခိုက်နေ၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။
မတ်လ ၂၈ရက်က စစ်ကိုင်းနှင့်မန္တလေးကို ဗဟိုပြုလှုပ်သွားသော ငလျင်ကြောင့် စစ်ကောင်စီကရော AAပါဝင်သည့်မဟာမိတ်သုံးဖွဲ့ကအပစ်ရပ်ထား
သည်။လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်
သက်၍ AAက သတင်းမထုတ်ပြန်သေးသော်
လည်း မကွေးတိုင်း၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်မှ AA သိမ်းယူထားသည့်စခန်းများကိုစစ်ကောင်စီကပြန်တိုက်ရန်ကြိုးပမ်းနေပြီး လေ
ကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ၊ မြေပြင်မှစစ်ကြောင်းထိုးခြင်းများပြုလုပ်နေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု ဧပြီလ ၅ရက်က သ
တင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီကမူ AAနှင့် ဖြစ်ပွားနေသောတိုက်ပွဲများကြောင်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
အကယ်၍ အမတ(၃၄၄)ကို AA သိမ်းယူနိူင်ခဲ့ပါက ဧရာဝတီတိုင်းအတွင်းစစ်ရေးအခြေအနေ ပိုမိုပြင်း
ထန်လာနိုင်ပြီး ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ လေးမျက်နှာ၊ ဟင်္သာတ၊ မြန်အောင်၊ ကွင်းကောက်၊အင်္ဂပူမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလာနိုင်သည်ဟု တော်လှန်ရေးအင်အားစုများက သတိပေးသည်။
ဧရာဝတီတိုင်းအတွင်းဖြစ်ပွားနေသောတိုက်ပွဲများ ဟင်္သာတခရိုင်အတွင်းရောက်ရှိနေပြီဖြစ်ပြီး စစ်ရေးသတိပြင်ဆင်ထားကြရန်နှင့် ရောက်ရှိလာသောစစ်ဘေးရှောင်များအားကူညီကြရန် ဟင်္သာ
တမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် ဧပြီလတွင်ထုတ်ပြန်ခဲ့သည်။ရေကြည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒေသခံများ လုံခြုံ
ရေးသတိပြုကြရန် ထုတ်ပြန်ထားသည်။

👍87❤28🥰3😁2👏1
ထိုင်းမှာ မြန်မာ ၁၅ဦးအပါအဝင် တရားမဝင်လုပ်ကိုင်နေသူ ၂၀ဦး ဖမ်းဆီးခံရ
ဇွန်-၁၃၊ ၂၀၂၅။ People's Spring
ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်က ဘန်ယိုင်ဈေးကြီးကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးရာ တရားမဝင်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၅ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီကနေ့(ဇွန်လ ၁၃ရက်)မနက်စောမှာ ဘန်ယိုင်ဈေးကြီးကို ထိုင်းနိုင်ငံရဲ့ အာဏာပိုင်တွေ အဖွဲ့စုံက ဝင်ရောက်စစ်ဆေးခဲ့တာလို့ သိရပါတယ်။ အဲဒီစျေးကြီးမှာ တရားမဝင်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၅ဦး၊ လာအိုနိုင်ငံသား ၄ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၁ဦး စုစုပေါင်း ၂၀ဦး ဖမ်းဆီးခံခဲ့ရတာလို့ ထိုင်းသတင်းဌာန Khaosodက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ တရားမဝင်လာရောက်မှုနဲ့ တရားမဝင်အလုပ်လုပ်ကိုင်တာကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရမှု ဖြစ်စဉ်တွေ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဇွန်လ ၁၂ရက် မနက်ပိုင်းကလည်း ကန်ချန်နဘူရီခရိုင်အတွင်းမှာ တရားမဝင်လာရောက်တဲ့ မြန်မာလုပ်သား ၂၉ဦးကို တင်ဆောင်လာတဲ့ ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့ပါတယ်။
လတ်တလောမှာ ထိုင်းအာဏာပိုင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေလို့ မြန်မာလုပ်သားတွေအနေနဲ့ သတိထားနေထိုင်ဖို့ ကိုရဲမင်း(အေအေစီ)က သတိပေးထားပါတယ်။

😢60❤6👍5👎2
(နွန်ထဘူရီခရိုင်က ဘန်ယိုင်ဈေးကြီးကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ − Khaosod)
😢61❤6👍4👎2🤬1
ထိုင်း - မြန်မာ နယ်စပ်က ငါးရံ့နီ စခန်းကို စစ်ကောင်စီတပ်စွန့်ခွာ | People's Spring
https://youtu.be/RgPcSQiv4GE
https://youtu.be/RgPcSQiv4GE
YouTube
ထိုင်း - မြန်မာ နယ်စပ်က ငါးရံ့နီ စခန်းကို စစ်ကောင်စီတပ်စွန့်ခွာ | People's Spring
ထိုင်း - မြန်မာ နယ်စပ်က ငါးရံ့နီ စခန်းကို စစ်ကောင်စီတပ်စွန့်ခွာ
ဇွန်-၁၃၊ ၂၀၂၅/ People’s Spring
မြန်မာ-ထိုင်းနယ်စပ် တနသ်ာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထီးခီးဒေသမှာ ကျန်နေတဲ့ စစ်တပ်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ ငါးရံ့နီစစ်စခန်ကို စစ်ကောင်စီတပ်က စွန့်ခွာသွားတယ်လို့…

❤38😁11👍8🥰2
နတ်ရေကန်ဗျူဟာကုန်းကထွက်ပြေး စစ်သား ၂၃ဦးကို CDF-အရှိုဖမ်းဆီး
■နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေဆက်
တိုက်ဖြစ်နေဟု CDF-အရှိုပြော
ဇွန်-၁၃၊ ၂၀၂၅။ People's Spring
မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်ကောင်စီရဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း)က စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်
(CDF) -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက လူထုနွေဦးကို ပြောပါတယ်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းအနီးကို ဖြတ်တောက်တိုက်ခိုက်ရေးလုပ်နေစဉ်မှာ နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
"ပြေးလာကြတယ်ဆိုတာက တာဝန်မထမ်းဆောင်ချင်တာရယ်၊စစ်မှုထမ်းကြောင့်ပါလာပြီးထွက်ပြေး
ချင်တာရယ်ပေါ့။ တချို့ကလည်း နှစ်ခါ၊သုံးခါ ထွက်ပြေးဖို့ ကြိုးစားနေတဲ့သူတွေပါတယ်"လို့ CDF -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ရက်ကနေ ၁၂ရက်အထိ ငါးရက်အတွင်း ထွက်ပြေးလာတဲ့သူတွေလို့ CDF -အရှို က ထုတ်ပြန်ထားပါတယ်။MA - 1 ငါးလက်၊ MA - 3 သုံးလက်နဲ့ ခဲယမ်းအချို့လည်း သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ တော်
လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြဖို့လည်း တိုက်
တွန်းထားပါတယ်။
ဒါ့အပြင် နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတယ်လို့လည်း ဆလိုင်းရိုးချင်းက ပြောပါတယ်။
" နေ့တိုင်းမဟုတ်တောင် နှစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါတော့ အမြဲဖြစ်နေပါတယ်"လို့ ၎င်းကပြောပါတယ်။
အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ဖို့၊ နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေးတိုက်ခိုက်နေတဲ့ စစ်ဆင်
ရေးတွေကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစတင်ခဲ့ပါတယ်။
မတ်လအစောပိုင်းကလည်း နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်က အရေးပါတဲ့ စစ်ကောင်စီရဲ့တောင်ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီ တိုက်ပွဲတွေအတွင်းမှာ တပ်မ (၉၉)ရဲ့ ယာယီနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို AAနဲ့ ပူးပေါင်းတပ်တွေက ဖမ်းမိခဲ့ပါတယ်။ မေလနှောင်းပိုင်းက တိုက်ပွဲတွေမှာလည်း နတ်ရေကန်ဗျူဟာအနီးက အဓိက ကာကင်းစခန်းဖြစ်တဲ့ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို AAက သိမ်းယူခဲ့ပါတယ်။
နတ်ရေကန်ဗျူဟာကုန်းနဲ့ အမ်း-ပဒါန်းလမ်းတိုက်
ပွဲမှာ အရာရှိအချို့အပါအတင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီသေဆုံးပြီး ၈၀ ထက်မနည်း ပျောက်ဆုံးနေတယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီ စစ်ဆင်ရေးတွေမှာ တာဝန်အရှိဆုံး တပ်မ(၉၉) တပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလကုန်မှာ ဖမ်းဆီးပြီး ရာထူးကဖြုတ်ချ စစ်ဆေးနေပါတယ်။

❤57👏27👍16🥰2🤣2
နတ်ရေကန်ဗျူဟာကုန်းကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းမိထားစဉ်။ ဓာတ်ပု-CDF- Asho
👏76👍26❤3🤣3