People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
80🥰4🤮1
ဖားကန့် ၌ မီးလိုက်ရှို့နေသည့် စစ်တပ်ကို KIA
နှင့်KPDFပိတ်ဆို့တိုက်ခိုက်၊စစ်တပ်အထိနာ

ဇွန်-၁၂၊၂၀၂၅။ထားမြတ်၊ကဖီး/People’s Spring

ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း ​ကျောက်စိမ်းလုပ်ကွက်နှင့် ဆက်စပ်ပစ္စည်းများကို
မီးလိုက်ရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်​ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်ကကြားညှပ်တိုက်ခိုက်ရာစစ်ကောင်
စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

ဇွန်လ ၁၂ရက်နေ့လည်ပိုင်းတွင်ဖားကန့် မှော်စီစာရှိ လုပ်ကွက်တခု၌ စစ်ကောင်စီနှင့် ပြည်သူ့စစ်များကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကချင်သတင်းရင်းမြစ်တဦးက​ပြောသည်။

“စကစနဲ့ ပြည်သူ့စစ်ဘက်က ဘ၀ ပျက်လောက်တဲ့အထိဒဏ်ရာရသူများတယ်လို့ အကြမ်းဖျင်းသိရပြီး အရေအတွက်အတိအကျကိုတော့မသိရသေး
ပါဘူး” ဟု ၎င်းကဆက်ပြောသည်။

အခြားကချင်သတင်းရင်းမြစ်တဦးကလည်း“ခုထိပစ်နေကြတုန်း။ အမဲဖျက်ထားတာ ၂၀ကျော်ပြီ” ဟု စစ်ကောင်စီတပ် အထိနာနေသည့် အခြေအနေကို ပြောသည်။

ဖားကန့်ဒေသ၌ မီးလိုက်ရှို့နေသည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူး​ပေါင်းစစ်​ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု၎င်းက​ပြောသည်။

စစ်ရေးသတင်းရင်းမြစ်တဦးကလည်း မှော်စီစာ သာယာကုန်းဘက်၌ စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးစစ်သားများအား ယနေ့ည ၆ခွဲ အချိန်ထိ လိုက်လံ ချေမှုန်းလျက်ရှိသည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ်များသည် မေလ ၂၇ရက်တွင် ဖားကန့် လုံးခင်းဒေသသို့ ဝင်ရောက်လာပြီးနောက် ဒေသတွင်း မှော်လုပ်ကွက်များကို မီးရှို့ခြင်း၊ ယမ်းသိုလှောင်ရာနေရာအချို့ကို ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း၊ယာဥ် ယန္တရားများကိုမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆက်တိုက်ကျူးလွန်ခဲ့ဟု​ဒေသခံများကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် လုံးခင်းနှင့် ဖားကန့်ကို မေ၂၇ရက်နေ့က ရောက်လာပြီးသည့်နောက်
ပိုင်း မေ၂၈၊ ဇွန် ၅ရက်၊ဇွန်၉ရက်၊ဇွန်၁၀ရက်၊ဇွန် ၁၂ရက်၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဇွန် ၁၂ ရက်​နေ့ တိုက်ပွဲမှာအပြင်းထန်ဆုံးဖြစ်ကြောင်း ဒေသခံများကပြောသည်။

မှော်စီစာနှင့်အောင်သာယာ(၂)တွင်တိုက်ပွဲပြင်း
ထန်နေပြီး ဒေသခံများ လုံခြုံရေးအထူးသတိပြုကြရန်နှင့် ဘေးလွတ်ရာတိမ်းရှောင်ကြရန် KPDF က ယနေ့နံနက်အစောပိုင်းတွင်သတိပေးခဲ့သည်။ မှော်စီစာနှင့် အောင်သာယာ(၂)သို့ ရောက်ရှိနေသောစစ်ကြောင်းတွင် အင်အား ၁၅၀ခန့်ရှိပြီး အ
ရပ်သားနေအိမ်များအတွင်း ဝင်ရောက်ပုန်းအောင်းနေသည်ဟု သတင်းရရှိသည်။

ဇွန်၉ရက်နေ့ကတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်
ဖွဲ့ဝင်၁၈ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KPDF
နှင့် နီးစပ်သူကပြောသည်။
55👍25👏3🤣3🥰1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၁၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️တိုက်ခိုက်မခံရခင် နယ်စပ်က ငါးရံ့နီစစ်စခန်း ထိုင်းအကူအညီဖြင့် စခန်းစွန့်ခွာ

မြန်မာ-ထိုင်းနယ်စပ် ထီးခီးဒေသမှာ လက်ကျန်စစ်ကောင်စီစခန်းတစ်ခုဖြစ်တဲ့ ငါးရံ့နီစခန်းဟာ ထိုင်းနိုင်ငံဘက်ခြမ်းရဲ့ အကူအညီနဲ့ တပ်စခန်း စွန့်ခွာသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။ နယ်စပ်စခန်း ဘောဒီစစ်တပ်စခန်း(ပွိုင့် ၂၅၅၆)ကို တပ်မဟာ(၄) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်က ဇွန်လ ၁၀ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ငါးရံ့နီစစ်ကောင်စီစခန်းက KNU တပ်မဟာ(၄)ရဲ့ တိုက်ခိုက်မခံရခင်မှာပဲ ဒီနေ့ စခန်းစွန့်သွားတာဖြစ်ပါတယ်။ KNU တပ်မဟာ(၄)ဟာ ထီးထဗျူဟာ၊ ထီးခီးစခန်း၊ ဘောဒီစခန်းများကို သိမ်းပိုက်ထားပြီး ထားဝယ် -ထီးခီး အရှေ့ဘက်မှာ မေတ္တာစခန်း၊ သုခစခန်း၊ ကျောက်မဲတောင်စခန်းတို့သာ ကျန်တော့တယ်လို့ သိရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာတော့ သုခစခန်းတစ်ခုသာ ကျန်တော့တယ်လို့ ပဒိုစောအယ်နားက ရှင်းပြပါတယ်။

◾️ဖားကန့်မှာ မီးလိုက်ရှို့နေတဲ့ စစ်ကောင်စီတပ် KIAပူးပေါင်းတပ်ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အထိနာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကုမ္ပဏီလုပ်ကွက်များနဲ့ အဆောက်အဦးများ၊ ယာဉ်ယန္တရားများကို မီးလိုက်ရှို့နေတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က ကြားညှပ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ဒီနေ့ နေ့ခင်းက ဖားကန့် မှော်စီစာရှိ လုပ်ကွက်တစ်ခုမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်များကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ဦးခန့် သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ခန့်မှန်းပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း မှော်စီစာ သာယာကုန်းဘက်မှာ စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ထွက်ပြေး စစ်ကောင်စီတပ်သားများကို ညနေ ၆ခွဲ အချိန်အထိ လိုက်လံ ချေမှုန်းနေတယ်လို့ အသိပေးပါတယ်။

◾️KNU တပ်မဟာ(၇)ဌာနချုပ် နယ်မြေကို စစ်ကောင်စီ အ​သေခံဒရုန်း ၇စင်းနဲ့တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၇) ဌာနချုပ်နယ်မြေကို အာဏာသိမ်းစစ်ကောင်စီက အသေခံဒရုန်း အသုံးပြုပြီး ထပ်မံ တိုက်ခိုက်လာရာ ဒရုန်း ၅စင်း ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်မှု မရှိဘူးလို့ KNU သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းအသုံးပြု တိုက်ခိုက်လာတာလို့ သိရပါတယ်။KNU ဌာနချုပ်ရှိရာ တပ်မဟာ ၇ ကို တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်း ၇ စင်းအနက် ၂ စင်းက မပေါက်ကွဲဘဲ ၅ စင်းက ပေါက်ကွဲခဲ့ကြောင်း၊ စစ်ရေးသတိရှိတဲ့အတွက် လူထိခိုက်မှု မရှိသလို အဆောက်အဦလည်း ထိခိုက်မှု မရှိကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနှစ်ဆန်းပိုင်းကလည်း KNU တပ်မဟာ(၇)နယ်မြေကို စစ်ကောင်စီတပ်က အသေခံဒရုန်း အသုံးပြု တိုက်ခိုက်ခဲ့ဖူးပါတယ်။

◾️စစ်တပ်ထိုးစစ်ကြောင့် နောင်ချို ဒေသခံ ၁,၀၀၀ ကျော် ကျောက်မဲသို့ စစ်ဘေးရှောင်

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ဒေသခံ ၁,၀၀၀ကျော် ကျောက်မဲမြို့နယ်သို့ တိမ်းရှောင်နေရကြောင်း TNLAက ဒီနေ့ ထုတ်ပြန်ပါတယ်။ ​နောင်ချိုမြို့ဘက်ကို စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် ဧပြီ ၂၉ရက်မှ ဇွန်လ ၈ရက် အတွင်း ​နောင်ချိုမြို့မှ ပြည်သူ ၁,၀၁၄ဦးဟာ ကျောက်မဲမြို့ဘက်သို့ စစ်ရှောင်နေတယ်လို့ TNLAကဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဟာ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ တဖက်သတ်အပစ်ခတ်ရပ်စဲရေးကာလကိုအခွင့်ကောင်းယူပြီး စစ်အင်အားတိုးချဲ့လာခြင်း၊ ထိုးစစ်ဆင်လာခြင်း၊ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊ အဆိပ်ငွေ့ဗုံးများ ကြဲချခြင်းနဲ့ လေကြောင်းဖြင့် ဗုံးကြဲခြင်းစတဲ့ လုပ်ရပ်များ ပြုလုပ်နေတယ်လို့ TNLAက ထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းကလည်း နမ္မတူမြို့နယ် မန်လီကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ​ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း အပြင် စာသင်ကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

◾️သပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင် မုံရွာထောင်က​နေ အိုးဘိုထောင်ကို ပြောင်းရွှေခံရ
👍348👏3🔥1🙏1
လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မုံရွာထောင်ကနေ မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်ခင်းပိုင်းက မုံရွာအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။ မန္တလေးထောင်ကို ရွှေ့လိုက်တဲ့အတွက် စိုးရိမ်နေရကြောင်း သူက ဆက်ပြောပါတယ်။ နောက်ပြီး မုံရွာအကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား ၂၀၀ ခန့်ကို မန္တလေး၊ မကွေးနဲ့ မြင်းခြံထောင်တွေကို ပို့ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

◾️လုပ်ခလစာတိုး​တောင်း​တဲ့ ဆန္ဒပြ​ခေါင်း​ဆောင်တွေကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံက ရဲ​ခေါ်ဖိအား​ပေး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ လုပ်ခလစာတိုးတောင်းတဲ့ ဆန္ဒပြခေါင်းဆောင်းများကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်ကုမ္ပဏီက ရဲခေါ်ဖမ်းဆီးပြီး ၎င်းတို့သတ်မှတ်နှုန်းအတိုင်းယူဖို့ ဖိအား​ပေး၍ လက်ဗွေနှိပ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံသားပိုင် Runyang(Myanmar )အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ လုပ်သားထုခေါင်းဆောင်ခြောက်ဦးကို ညှိနှိုင်းမယ်ဆိုကာ ဒီနေ့ နေ့ခင်းပိုင်းမှာ ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဖြစ်စဥ်ကို သိရှိသူများက​ပြောပါတယ်။

◾️ရွှေ​ဈေးကျပ်သိန်း ၈၀ အထိတက်လာပြီး ဆိုင်အချို့အ​ခေါက်​ရွှေအ​ရောင်းပိတ်

ပြည်တွင်းရွှေ​ဈေး တစ်ကျပ်သားကို ကျပ် သိန်း ၈၀ အထိ စျေးတက်လာပြီး အခေါက်ရွှေဆိုင်အချို့ အရောင်း၊အဝယ်ပိတ်လိုက်တယ်လို့ ရွှေစျေးကွက်မှ အရောင်းအဝယ်ပြုလုပ်နေသူတွေက ပြောပါတယ်။ ဒီနေ့ ညနေ ၄ နာရီခွဲအထိ ကမ္ဘာ့ရွှေစျေးဟာ တစ်အောင်စ ၃,၃၆၁ ဒေါ်လာရှိကာ မနက်ပိုင်း အဖွင့်စျေးထက် ၃၇ ဒေါ်လာတက်လာပါတယ်။ ပြည်တွင်း ရွှေစျေးမှာလည်း လိုက်ပါတက်လာပြီး ညနေပိုင်း စျေးကွက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၈,၀၂၀,၀၀၀ ကျပ်နဲ့ ၁၅ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၇,၄၆၀,၀၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ ​ရွှေ​ရောင်းဝယ်သူအချို့က​ပြောပါတယ်။ ဒါကြောင့် ပြည်တွင်း​ရွှေစျေးနှုန်းဟာ တစ်ပါတ်အတွင်း တစ်ကျပ်သားကို သုံးသိန်းကျပ်အထိ ထပ်မံစျေးမြင့်တက်လာတာပါ။

◾️လားရှိုးမြို့လယ်ခေါင် ဓားပြတိုက်မှုဖြစ်ပြန်

MNDAA ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်ပြန်ဝင်လာတဲ့ လားရှိုးမြို့မှာ ဓားပြတိုက်လုယက်မှုများ မကြာခဏဖြစ်ပွား​နေရာ ဒီနေ့ နေ့ခင်းပိုင်းမှာ မြို့လယ်ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို ဓားပြတိုက်မှုထပ်မံဖြစ်ပွားခဲ့ပါတယ်။ နေ့ခင်း ၂နာရီခွဲခန့်မှာ လားရှိုးမြို့၊ မန်ဆူကျောင်းရှေ့ရှိ ဖုန်းဆိုင်ကို အိမ်စီးကားဖြင့် လာရောက်သူငါးဦးက သေနတ်ပြ၍ ဓားပြတိုက်ပြီး အိုင်ဖုန်းအချို့အပါအဝင် ဖုန်းအများအပြား ယူဆောင်သွားတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီဟာ လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ ပြန်ဝင်လာပြီး တစ်လခွဲခန့်အကြာအထိ မအုပ်ချုပ်နိုင်သေးဘဲ မြို့မှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေဖြစ်နေတယ်လို့ မြို့ခံအချို့ကပြောပါတယ်။

◾️ပခုက္ကူနယ် စစ်အုပ်စု အခြေချ ဘန်ကာသုံးခုကို တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်းဖျက်ဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်မကျည်းကန်ကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ နေရာကို ပူးပေါင်းအဖွဲ့တွေနဲ့အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဇွန်လ ၁၀ ရက် မနက်ပိုင်းက အညာမြေတပ်ပေါင်းစုနဲ့ ဧရာဒေါင်းတပ်ဖွဲ့တို့ ဦးဆောင်ပြီး ပခုက္ကူမြို့နယ် အနောက်မန်ကျည်းကန် ပျူရွာကို စတင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီခန့်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ငါးဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒက်ရာရသွားတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ ဘန်ကာသုံးလုံးကို ရရှိပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ခါနီးမှာ မကျည်းတန်းရွာနဲ့ ကပ်လျက်ရှိ ဘဲကြီးရွာမှ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေအပါအဝင် ပခုက္ကူတပ်မ(၁၀၁)က တပ်ကူတချို့ရောက်ရှိလာတာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစုက အသိပေးပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ပြည်သူ့အားမာန်သပိတ်က စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
အလားတူ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းကလည်း ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။
41👍22🔥2🥰1
ဖားကန့်​ဒေသတွင် စစ်​ကြောင်းထိုးဖျက်ဆီး​နေ​သော စစ်​ကောင်စီတပ်မှစစ်သားအချို့။
ဓါတ်ပုံ-Kachin Net
🤬3911👍10🤮3👏1🤯1🖕1
👍526🔥4🥰1
ဟားဘတ်ဟာလန်ဒန်မြို့ရဲ့ဗြိတိသျှစာကြည့်တိုက်မှာအရှေ့တောင်အာရှရေးရာဌာနစာကြည့်တိုက်မှူးအဖြစ် တာဝန်ယူခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်ထုတ် The Life of Buddha အပါအဝင် မြန်မာနိုင်ငံနဲ့ ပတ်
သက်တဲ့ စာအုပ်စာတမ်းတွေ ပြုစုရေးသားခဲ့ပါတယ်။

သူပြုစုခဲ့တဲ့ မြန်မာစာပေ ကျမ်းပြုမှတ်တမ်းဟာ သက်ဆိုင်ရာ နယ်ပယ်မှာ ပညာရှင်တွေ အထူးပြု ကိုးကားရတဲ့ စာတမ်းတစ်ခု ဖြစ်ခဲ့ပြီး မြန်မာစာပေ လေ့လာဖို့ သမ္မာကျမ်းစာအဖြစ် ရည်ညွှန်းခံခဲ့ရပါတယ်။

သူ့ရဲ့ပညာရှင်ဘဝနဲ့ ဆက်စပ်ပြီးဟားဘတ်ဟာမြန်မာ့ ဒီမိုကရေစီရေးရုန်းကန်လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ခင်ပွန်းသည်မိုက်ကယ်အဲရစ်တို့ အောက်စ်ဖို့ဒ်မှာနေထိုင်ခဲ့ချိန်တုန်းက နှစ်ဦးစလုံးနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။

ဟားဘတ်ဟာ မြန်မာကနေ ဗြိတိန်ဆီခိုလှုံရောက်ရှိလာသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အကူအညီတွေပေးခဲ့သလို ၁၉၈၉ ကနေ၂၀၁၇ ထိ အတောအတွင်း ပညာရေး ပရဟိတ အသင်းတစ်ခုဖြစ်တဲ့ Prospect Burmaရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

အခုအခါမှာတော့ အဲဒီအသင်းဟာ ဟားဘတ်ရဲ့ နာမည်ကို ဂုဏ်ပြုထည့်သွင်းတဲ့ပညာသင် ထောက်ပံ့ရေး အစီအစဉ်တစ်ခု အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါတယ်။

လန်ဒန်မှာရှိတဲ့ မြန်မာကျောင်းသူကျောင်းသားတွေကြားမှာတော့ ဟားဘတ်ဟာ အန်တီပက်ဆိုတဲ့ ချစ်စနိုးနာမည်နဲ့ လူသိများပါတယ်။ သူဟာ လန်ဒန်မှာရှိတဲ့ အရှေ့တိုင်းနဲ့အာဖရိကရေးရာ လေ့လာရေး (SAOS) တက္ကသိုလ်မှာ ရှိနေစဉ် အတောအတွင်း မြန်မာစကားကိုလေ့လာသင်ယူခဲ့ပါတယ်။


https://www.ludunwayoo.com/%e1%80%98%e1%80%ac%e1%80%9e%e1%80%ac%e1%80%95%e1%80%bc%e1%80%94%e1%80%ba-%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%b8-my/2025/06/12/123904/
49👍13😭7🥰1🤮1
"ပြည်တွင်းရွှေစျေးတက်နေတာက ကမ္ဘာ့ရွှေစျေးကွက်က အခြေခံပဲ။ကမ္ဘာ့ရွှေဘာကြောင့်တက်လည်းဆိုရင် အင်အားကြီးနိုင်ငံများရဲ့ စစ်ရေးနဲ့ ပြည်တွင်းရေး တွေပေါ်မူတည်တယ်။စျေးဖွင့်တယ် ။ပြီးရင်ငွေလဲနှုန်း ဒေါ်လာစျေးကြောင့်ပေါ့။ဒေါ်လာစျေးလည်း တောက်လျှောက်အတက်ဘက်ဦးတည်နေတယ်”ဟုရွှေဆိုင်လုပ်ငန်း ရှင်တစ်ဦး​က ရွှေစျေးတက်ရသည်ကို ရှင်းပြသည်။

ပြည်ပငွေလဲလှယ်နေသူတစ်ဦးကလည်း “ဒေါ်လာစျေးက ဝယ်/ရောင်း ၄၄၀၀ နဲ့ ၄၅၀၀ (တစ်ဒေါ်လာလျှင် အဝယ်စျေး ၄၄၀၀ ကျပ် နှင့် ရောင်းစျေး ၄၅၀၀) ဒီနေ့ စျေးထွက်တယ်။တက်တာပေါ့။တခြား ငွေစျေးတွေလည်း တက်နေတယ်”ဟုပြောသည်။


https://www.ludunwayoo.com/news-mm/2025/06/12/123864/
👍4416🔥3
မော်လမြိုင်-သံဖြူဇရပ်လမ်းတွင်တိုက်ပွဲဖြစ်

ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring

မွန်ပြည်နယ်၊မော်လမြိုင် နှင့် သံဖြူဇရပ်ကားလမ်း
မကြီးပေါ်၌ ဇွန်လ ၁၁ ရက်​နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားခဲ့ပြီး ရာမညမွန်တပ်မတော်မှ ဒုဗိုလ် ၁ဦးလည်း ကျဆုံးခဲ့ဟု မွန်ပြည်သစ်ပါတီ(AD) က ဇွန်လ ၁၂ရက်တွင် သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၁ရက် မနက်အစောပိုင်းကမော်လမြိုင်
-သံဖြူဇရပ်လမ်း ရောင်ဒေါင်းရွာ နှင့် နှီးဗဒေါရွာကြား တွင် စစ်ကောင်စီတပ်က လမ်းလုံခြုံရေးအတွက် မော်တော်ယာဉ်ဖြင့် လှည့်ပတ်စဉ် ရာမည မွန်တပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်
သည်။

စစ်​ကောင်စီတပ်မှာ အင်အား ၃၀ ခန့်ပါပြီးတိုက်
ပွဲမှာ ၁နာရီခန့် ကြာမြင့်ခဲ့ကာ အနီး ကပ်ရင်ဆိုင်တိုက်ခိုက်​သောတိုက်ပွဲဖြစ်သည်။ ရာမည မွန်တပ်တော်ဘက်က လက်ဦးမှု ယူ တိုက်ခိုက်ခဲ့၍ ရန်သူ့ဘက်က အများအပြားသေကြေ၊ ဒဏ်ရာရရှိမှုရှိခဲ့ဟု ဖော်ပြကာ သေဆုံးထိခိုက်စာရင်း စုံ စမ်းနေဆဲဟုဆိုသည်။ရာမညမွန်တပ်တော်မှဒုဗိုလ် ၁ ဦး
ကျဆုံးခဲ့ကြောင်း လည်းအ​သိ​ပေးထားသည်။

စစ်ကောင်စီက မွန်ပြည်နယ် သံဖြူဇရပ်နှင့် မုဒုံမြိုနယ်တဝိုက်တွင် လိုင်စင်မဲ့ယာဉ်များဖမ်းဆီးရန် အကြောင်းပြချက်ဖြင့် ပြည်သူများ၏ မော်တော်
ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စစ်ဆေး ငွေညှစ်နေ၍ ယခုတိုက်ပွဲဖော်ဆောင်ရခြင်းဖြစ်
ကြောင်းလည်း ရာမည မွန်တပ်တော်က ထုတ်
ပြန်သည်။

ဇွန် ၁၁ ရက်တိုက်ပွဲနှင့် ဒေသတွင်းစစ်ရေးအခြေအနေများ မေးမြန်းရန် ရာမညမွန်တပ်တော်တာဝန်ရှိသူထံဆက်သွယ်ထားဆဲဖြစ်ပြီးဆက်သွယ်မရ​သေး​ပေ။

ရာမည မွန်တပ်တော်သည် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) တို့ပေါင်းစည်းဖွဲ့စည်းထားသည့်တပ်ဖြစ်သည်။ မွန်တော်လှန်ရေးတပ်ဖွဲ့များသည် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ပြည်သူ့ကာကွယ်ရေးတပ်
မတော်(PDF) အပါအဝင် ဒေသတွင်းရှိ တော်လှန်
ရေးတပ်များနှင့်ပူးပေါင်းပြီးစစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်လျက်ရှိသည်။
👍6814👏5🔥2🥰1
ရာမည မွန်တပ်တော်မှ တပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ-NMSP-AD/RMA
61👍18🥰4🔥2👏2
အီရန်ရဲ့နျူကလီးယား အဆောက်အအုံတွေကို အစ္စရေး စတင်တိုက်ခိုက်

■နေရာအနှံ့ ပေါက်ကွဲသံတွေ ကြားနေရ

■အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့​ခေါင်း
ဆောင်ဟိုဆိန်ဆာလာမီ ​သေဆုံး

ဇွန်-၁၃၊၂၀၂၅။People's Spring

အီရန်ရဲ့ နျူကလီးယားပစ်မှတ်တွေကိုစတင်တိုက်
ခိုက်ပြီလို့ အစ္စရေးကထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အီရန်ရဲ့ မြို့တော်တဟီရန် အ
ပါအဝင် နိုင်ငံအနှံ့မှာ ပေါက်ကွဲသံတွေ ဆူဆူညံညံ ကြားနေခဲ့ရပါတယ်။

ဇူလိုင် ၁၃ ရက် မနက်အစောပိုင်းမှာ တဟီရန် မြို့ခံတွေဟာ တအုန်းအုန်းတဒိုင်းဒိုင်းပေါက်ကွဲသံ
တွေနဲ့အတူ အလန့်တကြားနိုးထလာခဲ့ကြပါတယ်။ အီရန် အစိုးရ မီဒီယာက တဟီရန်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ် ဆိုတာကို အတည်ပြုပေမယ့် အသေး
စိတ်ကိုတော့ မှတ်ချက် မပေးသေးပါဘူး။ ဒါပေမဲ့ မြို့တော်ရဲ့ အနောက်ဖက်မှာရှိတဲ့ ချစ်တ်ဂါ ရပ်
ကွက်ကနေ မီးခိုးလုံးတွေ အူထွက်လာတာကို တွေ့ခဲ့ကြောင်း မျက်မြင်တွေက ဆိုပါတယ်။

အစ္စရေး စစ်တပ်က တဟီရန်ကို စစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကြေညာပြီး အီရန်ရဲ့ နျူကလီးယားဆိုင်ရာ နေရာဌာနတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အဲဒီ တိုက်ခိုက်မှုတွေဟာ Rising Lion စစ်ဆင်ရေးရဲ့ အစိတ်အပိုင်း ဖြစ်ကြောင်း ပြောပါတယ်။ ပြီးတော့ အီရန်ဟာ အစ္စရေးနိုင်ငံရဲ့ ရှင်သန် ရပ်တည်မှုအတွက် ဧရာမ ခြိမ်းခြောက်မှုကြီး ဖြစ်လာနေတယ်လို့လည်း သူက ဆိုပါတယ်။ Rising Lion စစ်ဆင်ရေးဟာ အဲဒီခြိမ်းခြောက်မှုကို ပယ်နုတ်ပစ်ဖို့ ရည်ရွယ်ထားတာလို့လည်း ဝန်
ကြီးချုပ်က ကြွေးကြော်ခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယား နည်းပညာ မြှင့်တင်မှုတွေ အရှိန်အဟုန်ပိုမိုအားကောင်းလာသလိုယူရေနီယမ် သန့်စင်နိုင်စွမ်း ပိုမို တိုးတက်လာတယ်လို့ ယူဆရတဲ့ အခြေအနေမှာ အစ္စရေးက လက်ဦးမှုယူ တိုက်
ခိုက်လာခဲ့တာ ဖြစ်ပါတယ်။ အရင်ကတည်းက အစ္စရေးဟာ အီရန် နျူကလီးယားဌာနတွေကို ချေ
မှုန်းလာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် အခုတစ်ကြိမ်ကပထမဆုံးအဖြစ်ထင်သာမြင်
သာအင်အားအလုံးအရင်းနဲ့ တိုက်ခိုက်လာခြင်းပါ။

အစ္စရေးစစ်တပ်ရဲ့အမည်မဖော်လိုတဲ့ အရာရှိ တစ်
ယောက်ကတော့ လက်ရှိ ဆင်နွှဲနေတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးမှာ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေသာ မကဘဲ စစ်ရေးနေရာဌာနတွေကိုပါ ဖျက်ဆီးနေတယ်လို့ ပြောကြားထားပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကတ်ဇ်က သူ့နိုင်ငံဟာ စစ်ဆင်ရေးတစ်ခုကို အကောင်အ
ထည် ဖော်နေတယ်လို့ အတည်ပြုပေမယ့် ဘာကို ပစ်မှတ်ထားသလဲ ဆိုတာကိုတော့ မပြောပါဘူး။ အီရန်နဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်တဲ့၊လက်ဦး
မှုယူတဲ့ စစ်ဆင်ရေး တစ်ခုကို အစ္စရေးက ဆင်နွှဲနေကြောင်း၊ တစ်ဖက်မှာလည်း ရန်သူဖက်က ပစ်လွှတ်လိုက်တဲ့ဒရုန်းတွေ၊ဒုံးကျည်တွေဟာ အစ္စရေး
ရဲ့ လူဦးရေ ထူထပ်တဲ့ နေရာတွေဆီ ကျရောက် ပေါက်ကွဲလာနိုင်ခြေကို ကြိုတင်ခန့်မှန်းထားကြောင်း ဝန်ကြီးကဆိုပါတယ်။အဲဒီအတွက်လည်း
အစ္စရေးမှာ စစ်ရေးဆိုင်ရာ အရေးပေါ် အခြေ
အနေကိုပါ တစ်ပါတည်း ကြေညာခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆင့်မြှင့်တင် အကောင်အထည် ဖော်မှုတွေကို တားဆီးဖို့ အစ္စရေးရဲ့ မဟာမိတ် အမေရိကန်က အီရန်နဲ့ အကျေအလည် ဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် အီရန်က စစ်ဆင်ရေး စခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးက အီရန် လက်ထဲမှာ နျူက
လီးယား လက်နက်တစ်ခုခု တည်ဆောက် ပိုင်ဆိုင်ခွင့် ရသွားတာမျိုး လုံးဝ အဖြစ်ခံမှာ မဟုတ်ဘူးလို့ နှစ်ရှည်လများ သတိပေးထားပါတယ်။

အစ္စရေးက အီရန်ကို တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ ၂၄ နာရီ ကတည်းက ကြိုတင် ထွက်ပေါ်နေခဲ့ပြီး အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ သံရုံးဝန်ထမ်းတွေနဲ့ စစ်တပ်ရဲ့ မိသားစုတွေကို ရွှေ့ပြောင်းပေးတာတွေ စီစဉ်ထားခဲ့ပါတယ်။

တဟီရန်မှာ တအုန်းအုန်း ပေါက်ကွဲမှုတွေ စတင်နေတဲ့အချိန် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အိမ်ဖြူတော် မြက်ခင်းပြင်မှာ လွှတ်တော် အမတ်တွေနဲ့တွေ့ဆုံနေပါတယ်။အစ္စရေးဟာ စစ်
ဆင်ရေး စတင်တာနဲ့ ပတ်သက်ပြီး ထရမ့်ဆီ ကြို
တင် အကြောင်းကြားခဲ့သလား ဆိုတာကို မသိရသေးပေမယ့် အဲဒီတုန်းကတော့ ထရမ့်ဟာ တခြားသူတွေနဲ့လက်ဆွဲနှုတ်ဆက်ရင်းစကားတွေ ဖောင်
ဖွဲ့နေခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး မာကို ရူဘီရိုကတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ အီရန်ရဲ့တစ်ဖက်သတ်
ဆန်တဲ့ လုပ်ရပ်တွေကို တုံ့ပြန်ရတာ ဖြစ်တယ်လို့ မဟာမိတ်ဖက်က ကာကွယ် ပြောဆိုခဲ့ပါတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဒီစစ်ဆင်ရေးဟာ သေချာပေါက် လိုအပ်တယ်လို့ အစ္စရေးက အမေရိကန်ကို ရှင်းပြခဲ့တယ်လို့လည်း ရူဘီက ဆိုပါတယ်။ ဒါပေမဲ့ အီရန်ကို စစ်ပြုတိုက်
ခိုက်တဲ့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်မှာ အမေရိကန်က လုံးဝ ဆက်စပ်ပါဝင်တာ မရှိခဲ့ဘူးလို့ သူက အခိုင်အမာ ငြင်းဆိုသွားပါတယ်။

အီရန်မှာတော့ အခြေအနေတွေက ရှုပ်ထွေးနေပြီး ထိခိုက်ပျက်စီးမှု အခြေအနေတွေကို အတိအကျ မသိရသေးပါဘူး။ အီရန်အစိုးရ မီဒီယာက အီရန် တော်လှန်ရေးအစောင့်တပ် (IRGC)ရဲ့​ခေါင်း
46👍25🤔2🖕2🔥1👏1
ဆောင်ဟိုဆိန် ဆာလာမီလည်း တိုက်ခိုက်မှု တစ်ခုမှာ သေဆုံးသွားတယ်လို့ ဖော်ပြခဲ့ပါတယ်။ IRGCဟာ အီရန်ရဲ့ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင် တပ်ဖြစ်ပြီး အီရန် အစိုးရအဖွဲ့ အဓိပတိကိုပဲ တိုက်ရိုက် သစ္စာခံပါတယ်။

ပြီးတော့ နိုင်ငံရဲ့ ဒုံးကျည်နဲ့ နျူကလီးယားလက်
နက် စီမံကိန်းတွေကိုလည်း ကြီးမှူး ကွပ်ကဲနေပါတယ်။ IRGCရဲ့ ခေါင်းဆောင်ပိုင်းကို အစ္စရေးက လက်ဦးမှုယူ ရှင်းလင်းနိုင်ခဲ့တယ်ဆိုတာဟာအီရန်ရဲ့တန်ပြန်စစ်ဆင်ရေးတွေမှာအကြီးအကျယ်ယိမ်း
ယိုင်သွားစေမယ့် အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ အစ္စရေးရဲ့ စစ်ဆင်
ရေးတွေကို ဆက်လက် ဆင်နွှဲနေဆဲဖြစ်ပြီး အီရန်
ဖက်ကတော့ မကြာခင်မှာ တစ်ခုခု တုံ့ပြန်လာမယ်လို့ ယူဆရပါတယ်။ ခါးသီးရန်ဘက် နှစ်နိုင်ငံကြားက စစ်ရေး ပဋိပက္ခဟာ အရှေ့အလယ်ပိုင်း ဒေသရဲ့ တင်းမာမှုတွေကို အမြင့်ဆုံးအဆင့်ထိ ဆူပွက်လာစေမှာလည်း ဖြစ်ပါတယ်။

ကိုးကား- Fox
👍6113👏4🔥3😱2🖕2