လုပ်ခလစာတိုးတောင်းသောဆန္ဒပြခေါင်းဆောင်များကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံကရဲခေါ်ဖိအားပေး၍သတ်မှတ်နှုန်းယူရန်လက်ဗွေနှိပ်ခိုင်း
ဇွန်-၁၂၊၂၀၂၅။ရဲခေါင်/People's Spring
ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်တွင်လုပ်ခလစာတိုးတောင်းသည့်ဆန္ဒပြခေါင်းဆောင်းများကို တ
ရုတ်နိုင်ငံသားပိုင်အထည်ချုပ်ကုမ္ပဏီက ရဲခေါ်ဖမ်းဆီးပြီး ၎င်းတို့သတ်မှတ်နှုန်းအတိုင်းယူရန် ဖိအားပေး၍လက်ဗွေနှိပ်ခိုင်းခဲ့သည်။
တရုတ်နိုင်ငံသားပိုင် Runyang (Myanmar )
အထည်ချုပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ပေးရန်တောင်းဆိုသည့် လုပ်သားထုခေါင်းဆောင်ခြောက်ဦး ကို ညှိနှိုင်းမည်ဟုဆိုကာဇွန်လ ၁၂ရက်မွန်းလွဲ ၂ နာရီခန့်က ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးသို့ခေါ်ဆောင်သွားခြင်းကြောင်း ဖြစ်စဥ်ကိုသိရှိသူများကပြောသည်။
"အများနည်းတူ တစ်ရက်လုပ်ခ ၁၃,၀၀၀ ကျပ်တောင်းတာ။သူတို့(စက်ရုံ)ကပေးတာ ၁၁,၀၀၀ ပဲပေးမယ်။ပြီးတော့ ဆန္ဒပြတဲ့ရက်တွေမှာ ငါးရက် ရှိတယ်။နှစ်ရက်ကို ၆,၈၀၀ ပဲပေးမယ်ဆိုလို့ ခေါင်း
ဆောင်တွေက မလုပ်နိုင်ဘူးဆိုပြီဖြစ်ကြရင်းနဲ့ ရဲတွေပါလာတာ"ဟု Runyang (Myanmar ) အထည်ချုပ်မှ အလုပ်သမားတစ်ဦးက ဖြစ်စဥ်ကို လူထုနွေဦးသို့ ရှင်းပြသည်။
ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန် ရှိ Run yang (Myanmar )အထည်ချုပ်စက်ရုံကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်တွင်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ် သည်။
"လူပါးဝတာခံရတာ။လက်နက်ကိုင်ပြီးပါ ခြိမ်း
ခြောက်ခံရတယ်။အဆင်မပြေကြလို့ တောင်းဆိုကြတာပါ။အလုပ်သမားတွေရဲ့ကိုယ်စားလှယ်တွေဆို သူတို့ကို အတင်းအကြပ်ဖိအားတွေပေးတယ်ဆိုပြီး ညနေ ၆ နာရီခွဲလောက်က ပြန်လာတော့ ငိုကြတယ်"ဟု ဖြစ်စဥ်ကိုသိရှိသူက လူထုနွေဦးသို့ ပြောသည်။
ဇွန်လ ၆ ရက်ကစ၍ လုပ်သား ၃၀၀ ဝန်းကျင်ရှိ အဆိုပါ အထည်ချုပ်စက်ရုံ၌ လုပ်ခလစာနှင့်အချိန်ပိုကြေးတိုးပေးရန် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။နေ့ကြေး (တစ်ရက်လုပ်အားခ) ၁၃,၀၀၀ ကျပ် နှင့် အချိန်ပိုကြေး ၂,၅၀၀ ကျပ်ရရှိရန်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
"အရင်က ဒေးကြေး တစ်သောင်း၊အိုတီ ၁၈၀၀ ပေးတယ်။ဒါလည်း မှန်တာမဟုတ်ပါဘူး။အတိုက်
အခံလုပ်ပြီး မှန်အောင် မနည်းတောင်းရတယ်"
Runyang (Myanmar )မှ ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏လက်နက်ကိုင်များခေါ်ယူပြီး အတင်းအကြပ်ဖိအားပေးခံရသည့်အခြေအနေကြောင့်စက်ရုံမှထွက်မည် လုပ်သားများရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အထည်ချုပ်လုပ်သားများ၏ ပြောဆိုချက်အရ Runyang စက်ရုံသည် နိုင်ငံတကာအမှတ်တံ
ဆိပ် Tee ranova နှင့် Amisu အမှတ်တံဆိပ်အထည်များကို ချုပ်လုပ်နေခြင်းဖြစ်သည်။
ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ ကြပ်တည်း လာသည့် စားဝတ်နေရေးကြောင့် စက်ရုံ၊အလုပ်ရုံ လုပ် သားထု၏ လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော်တောင်းဆိုမှုများဆက်တိုက်ရှိလာသည်။

😡63❤15🤬7👍5👎2😢2👏1
ထိုင်းမှာ မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ဖြစ်လာ
ဇွန်-၁၂၊ ၂၀၂၅။ People's Spring
ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ တရားမဝင်လာရောက်မှုနဲ့ တရားမဝင်အလုပ်လုပ်ကိုင်တာကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရမှု ဖြစ်စဉ်တွေ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဒီကနေ့(ဇွန်လ ၁၂ရက်) မနက်ပိုင်းက ကန်ချန်နဘူရီခရိုင်အတွင်းမှာ တရားမဝင်လာရောက်တဲ့ မြန်မာလုပ်သား ၂၉ဦးကို တင်ဆောင်လာတဲ့ ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့ပါတယ်။
အဲဒီ မြန်မာလုပ်သား ၂၉ဦးဟာ ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ဖို့ လာတဲ့သူတွေလို့ သိရပါတယ်။
"ထိုင်းသတင်းတွေမှာတော့ တစ်ဦးကို ဘတ် ခုနစ်သောင်းပေးပြီးလာကြတာလို့ ပြောတယ်"လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဇွန်လ ၁၁ရက်က ချွန်ဘူရီခရိုင်၊ ပတ္တရားနဲ့ ဘန်လမုန်မြို့နယ်တို့မှာလည်း စားသောက်ဆိုင်တွေ၊ စျေးဆိုင်တွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးရာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား အမျိုးသား ၈ဦးနဲ့ အမျိုးသား ၇ဦး စုစုပေါင်း ၁၅ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဇွန်လ ၁၀ရက်ကလည်း အယုဒ္ဓယနယ်မြေက အဝေးပြေးလမ်းမမှာ ကားတစ်စီးပေါ် တရားမဝင်လိုက်ပါလာတဲ့ မြန်မာလုပ်သား ၅ဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့ပါသေးတယ်။
လတ်တလောမှာ ထိုင်းအာဏာပိုင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေလို့ မြန်မာလုပ်သားတွေအနေနဲ့ သတိထားနေထိုင်ဖို့ ကိုရဲမင်း(အေအေစီ)က သတိပေးထားပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ တရားမဝင်နေထိုင်သူတွေကို ပန်းရောင်ကတ်အဖြစ် အထောက်အထားပြုလုပ်ပေးဖို့အတွက် ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဖမ်းဆီးစစ်ဆေးမှုတွေ နိုင်ငံတဝန်းစီမံချက်နဲ့ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ စီမံချက်အတွင်းမှာ မြန်မာတွေအများစုအပါအဝင် သိန်းနဲ့ချီ စစ်ဆေးခံရပါတယ်။
လက်ရှိမှာတော့ ထိုင်းအစိုးရက ပန်းရောင်ကတ်ကို လူအဟောင်းရော၊ အသစ်ပါ ပြုလုပ်ပေးထားပါတယ်။

👎29😢15❤8🔥2😡1
(မလေးရှားသွားမယ့် မြန်မာလုပ်သားတွေကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိစဉ်။ ဓာတ်ပုံ − Khaosod)
😢39👎10❤5🙏2
■ဘာသာပြန်ဆောင်းပါး
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ နဲ့ ဗြိတိသျှ စာကြည့်တိုက်မှူးပက်ထရစ်ရှာဟားဘတ်
-People's Spring
ကွယ်လွန်သူ အရှေ့တောင်အာရှ ရေးရာ ကျွမ်း
ကျင်သူ နဲ့ မြန်မာ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူဗြိတိန်အမျိုးသမီးကြီးပက်ထရစ်ရှာဟားဘတ်ရဲ့ အကြောင်းကို သမက်ဖြစ်သူ Gurdian သတင်းဌာန ဂျာနယ်လစ်ကအမှတ်တရ ရေးသားဖော်ပြခဲ့ပါတယ်။
ဂျာနယ်လစ် အဒမ်ရမ်းဆေးက ဟားဘတ် ဖြတ်
သန်းခဲ့တဲ့ ဘဝဇာတ်ကြောင်းကို ဇွန်လ ၁၁ ရက်နေ့တုန်းက Guardian သတင်းစာမှာ ဖော်ပြခဲ့တာပါ။ ဟားဘတ်ဟာ ဧပြီလ ၁၆ ရက်နေ့တုန်းက အသက် ၈၁ နှစ် အရွယ်၊ အီဒင်ဘာ့ဂ်မြို့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ဟားဘတ်ဟာလန်ဒန်မြို့ရဲ့ဗြိတိသျှစာကြည့်
တိုက်မှာအရှေ့တောင်အာရှရေးရာဌာနစာကြည့်
တိုက်မှူးအဖြစ် တာဝန်ယူခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်ထုတ် The Life of Buddha အပါအဝင် မြန်မာ
နိုင်ငံနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ပြုစုရေး
သားခဲ့ပါတယ်။
သူပြုစုခဲ့တဲ့ မြန်မာစာပေ ကျမ်းပြုမှတ်တမ်းဟာ သက်ဆိုင်ရာ နယ်ပယ်မှာ ပညာရှင်တွေ အထူးပြု ကိုးကားရတဲ့ စာတမ်းတစ်ခု ဖြစ်ခဲ့ပြီး မြန်မာစာပေ လေ့လာဖို့ သမ္မာကျမ်းစာအဖြစ် ရည်ညွှန်းခံခဲ့ရပါတယ်။
သူ့ရဲ့ပညာရှင်ဘဝနဲ့ ဆက်စပ်ပြီးဟားဘတ်ဟာမြန်မာ့ ဒီမိုကရေစီရေးရုန်းကန်လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ခင်ပွန်းသည်မိုက်ကယ်အဲရစ်တို့ အောက်စ်ဖို့ဒ်မှာနေထိုင်ခဲ့ချိန်တုန်းက နှစ်ဦးစလုံးနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။
ဟားဘတ်ဟာ မြန်မာကနေ ဗြိတိန်ဆီခိုလှုံရောက်ရှိလာသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အကူအညီတွေပေးခဲ့သလို ၁၉၈၉ ကနေ၂၀၁၇ ထိ အတော
အတွင်း ပညာရေး ပရဟိတ အသင်းတစ်ခုဖြစ်တဲ့ Prospect Burmaရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာ
ဝန်ယူခဲ့ပါတယ်။
အခုအခါမှာတော့ အဲဒီအသင်းဟာ ဟားဘတ်ရဲ့ နာမည်ကို ဂုဏ်ပြုထည့်သွင်းတဲ့ပညာသင် ထောက်
ပံ့ရေး အစီအစဉ်တစ်ခု အကောင်အထည်ဖော်
ဖို့ ပြင်ဆင်နေပါတယ်။
လန်ဒန်မှာရှိတဲ့ မြန်မာကျောင်းသူကျောင်းသားတွေကြားမှာတော့ ဟားဘတ်ဟာ အန်တီပက်ဆိုတဲ့ ချစ်စနိုးနာမည်နဲ့ လူသိများပါတယ်။ သူဟာ လန်ဒန်မှာရှိတဲ့ အရှေ့တိုင်းနဲ့အာဖရိကရေးရာ လေ့
လာရေး (SAOS) တက္ကသိုလ်မှာ ရှိနေစဉ် အတော
အတွင်း မြန်မာစကားကိုလေ့လာသင်ယူခဲ့ပါတယ်။
နောက်တော့အမေရိကန်နိုင်ငံ၊မစ်ချီဂန်တက္ကသိုလ်
မှာ ပညာသွားသင်ရင်း ဗီယက်နမ်စစ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။
၁၉၆၉ ခုနှစ်မှာတော့ဟားဘတ်ဟာ SAOSမှာ ဆုံဆည်းခဲ့တဲ့ မြန်မာနိုင်ငံသား ခင်ပွန်းသည် ဒေါက်
တာ ကျင်စွိနဲ့အတူ ရန်ကုန်မှာ ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ ရန်ကုန်မှာ နေထိုင်ခဲ့ချိန် အတောအတွင်း ကာလတွေမှာရော၊ နောက်ပိုင်းမှာ မြန်မာနိုင်ငံဆီ ထပ်မံ လာရောက်တဲ့ အလည်အပတ် ခရီးစဉ်တွေ အတောအတွင်းမှာပါ သူဟာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ ခင်မင် ကျွမ်းဝင်လာခဲ့ပါတယ်။
ဒေါက်တာကျင်စွိ နဲ့ ကွာရှင်းပြီး လန်ဒန်မှာ ပြန်
လည် အခြေချခဲ့ပြီးတဲ့နောက် ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ သူဟာဗြိတိသျှစာကြည့်တိုက်ကို ချိတ်ဆက်ပြီး စာကြည့်တိုက်မှူးအဖြစ် ၂၃ နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။ လန်ဒန်မှာအေရီရယ်လ် ဒိုင်ဂရီ နဲ့ တွေ့ဆုံပြီး ၁၉၈၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။
ဟားဘတ်ဟာ မြန်မာစာပြု သုတေသန လေ့လာမှုတွေနဲ့ ဒီမိုကရေစီရေးအားထုတ်မှုတွေအတွက် ၂၀၁၇ ခုနှစ်မှာ MBE သူကောင်းဘွဲ့ ချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရသလိုနောက်ထပ်တစ်နှစ်အကြာမှာတော့ နယ်သာလန်နိုင်ငံ အမ်စတာဒမ် မော်ကွန်းတိုက်ရဲ့ နိုင်ငံတကာ လူမှုသမိုင်းဌာနက သူ့ရဲ့ သုတေသန စာတမ်းတွေကို Patricia Herbert Collection on Burmaဆိုတဲ့ နာမည်နဲ့ မှတ်တမ်းတင် ထားရှိခဲ့ပါတယ်။
ဟားဘတ် ကွယ်လွန်ချိန်မှာ ခင်ပွန်းဖြစ်သူအပြင် သမီးတွေဖြစ်တဲ့ အိုလ်ဂါ၊ ခရစ္စတီ၊ ဂျူးလိယက်တို့အပြင် မြေး ၇ ဦး၊ မြစ် ၆ ဦး ကျန်နေခဲ့ပါတယ်။
ကိုးကား-Guardian

👍38❤20😢3🥰1🤮1
မိုးကောင်းပြီးကလောမြို့ပေါ်ရပ်ကွက်အချို့ရေကြီး
ဇွန်-၁၂၊၂၀၂၅။အိမ်သွင်/People's Spring
ရှမ်းပြည်နယ်၊တောင်ပိုင်း၌၃ရက်ဆက်မိုးကောင်းနေပြီး ယနေ့(ဇွန်လ၁၂ရက်)ည၌ကလောမြို့ပေါ်ရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုစတင်ဖြစ်ပေါ်နေသည်။
ကလောမြို့၊ ရပ်ကွက်(၄)၊ရပ်ကွက်(၂)အတွင်း ရေစတင်ဝင်လာပြီး ယနေ့ညပိုင်း၌ ရေဆက်တက်နိုင်၍ မြေနိမ့်ပိုင်းရပ်ကွက်များ ရေဘေးသတိပြုကြရန်၊ ဘေးလွတ်ရာသို့ကြိုတင် တိမ်းရှောင်ကြရန် ဒေသခံအချင်းချင်းသတိပေးနေကြသည်။
"မိုးကလုံးဝမတိတ်ဘူး။ရေကတအိအိတက်လာနေပြီ။မြေနိမ့်ပိုင်းတွေ စမြုပ်ပြီ။ညနက်လေစိတ်ပူရလေပဲ"ဟုကလောမြို့ခံတဦးကပြောသည်။
ကလောမြို့သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်
တင်ဘာလာတွင်ရာဂီမုန်တိုင်းအရှိန်ကြောင့်မိုးကြီးပြီး ဆိုးရွားသည့်ရေဘေးနှင့်မြေပြိုမှုဘေး ရင်ဆိုင်
ခဲ့ရသည်။လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ တောင်ကြီး၊ ရွှေညောင်မြို့တို့တွင်လည်း ရေလွှမ်းမိုးမှု ကြုံတွေ့နေရသည်။
မုတ်သုန်လေအားကောင်းနေ၍ အလယ်ပိုင်းဒေသများအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့၌ ဇွန်လ ၁၅ ရက်အထိ မိုးကောင်းလာနိုင်ပြီး ရေဘေးနှင့်မြေပြိုမှု ဘေးသတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တ
ရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန-MOHADM
က သတ်ိပေးထားသည်။

👍26😢18❤8🙏3👎1🔥1😱1
ကလောမြို့ ရပ်ကွက်အချို့ ဇွန် ၁၂ ရက်ညကရေကြီးနေစဥ်။ ။ဓါတ်ပုံ-CJ
😢45👍6❤3🔥2🙏2👎1😱1
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပန်းသပိတ်နှင့် Blue Shirt ကမ်ပိန်း ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း
ဇွန်-၁၂၊၂၀၂၅။ သုည/People's Spring
လာမည့်ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၀) နှစ်ပြည့် မွေးနေ့တွင် ပန်းသပိတ်နှင့် Blue Shirt ကမ်ပိန်းပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ ယနေ့ (ဇွန်လ ၁၂)တိုက်တွန်းနှိုးဆော်သည်။
“လာမယ့် ဇွန် (၁၉)ရက်နေ့ဟာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် (၈၀)ပြည့်မွေး
နေ့ရက်မြတ် ဖြစ်ပါတယ်။စစ်အုပ်စုရဲ့ အဓမ္မ ဖမ်း
ဆီးအကျဥ်းချခံထားရတဲ့ ဒေါ်စုဟာ ကမ္ဘာ့အသက်အကြီးဆုံးသောနိုင်ငံရေးအကျဉ်းသားပဲဖြစ်ပါလိမ့်မယ်။ဖက်ဆစ်တပ်ဟာရရှိထားတဲ့ အချက်အလက်
တွေအရ လူထုခေါင်းဆောင် ဒေါ်စုနဲ့ သမ္မတကြီးဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသား စုစု
ပေါင်း (၂၂၁၂၂) ဦးကို အဓမ္မ ချုပ်နှောင်ဖမ်းဆီး အကျဉ်းချထားတယ်လို့ သိရပါတယ်။ ဒီအရေ
အတွက်ကြောင့်ပဲ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံးဖမ်းဆီးခံထားရတဲ့တိုင်းပြည်တခု ဖြစ်ပါလိမ့်မယ်” ဟုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကရေးသားထားသည်။
ထို့အပြင် ဒေါက်တာတေဇာဆန်းက “စစ်အုပ်စုဟာ ဒီနှစ်ကုန် ဒီဇင်ဘာလထဲမှာ လုပ်ပွဲ တခု ထပ်ဖန်တီးဖို့လည်း ရှိနေပါတယ်။ "အတုအယောင် ဟန်ပြ ရွေးကောက်ပွဲ"ဆိုတာပါပဲ။ဒီကနေ အာဏာ
သိမ်းစစ်တပ်မှသည် တရားဝင်ရွေးကောက်ခံအစိုးရ ဆိုတာကြီး ဖြစ်သွားလိမ့်မယ်ပေါ့။ ဒါက လူထုကို အထင်သေးခြင်း၊ စော်ကားခြင်းသာ ဖြစ်ပါတယ်။ စစ်ကျွန်သက်ဆိုး ရှည်စေမယ့် ဒီလုပ်ပွဲကိုလည်း ပြည်သူလူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ကြဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒေါ်စုဟာ သူ့ယုံကြည်ချက်အတွက်၊ စစ်အာဏာရှင်လက်က တိုင်းပြည်လွတ်မြောက်ရေးအတွက် ဒီအသက်အရွယ်ထိ ကြိုးပမ်းထမ်းရွက်နေဆဲပါ။ အကျဉ်းထောင်တွေထဲက ခေါင်းဆောင်တွေ၊ ရဲဘော်တွေကတောင် တိုက်ပွဲဝင်နေကြချိန်မှာ အကျယ်ထောင်က လူထုအနေနဲ့ကလည်းတော်လှန်ရေးမှတပါး အခြားမရှိပါဘူး။လက်နက်ကိုင်ပြီးတိုက်နိုင်မှတော်လှန်ရေး
လုပ်နိုင်တာ မဟုတ်ပါဘူး။ ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အခြားသော အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲနည်းနာအားလုံးကလည်း တော်လှန်ရေးလုပ်ငန်းစဥ်တွေပါပဲ” ဟုနှိုးဆော်သည်။
ထို့ကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အထိမ်းအမှတ်အဖြစ် မွေးနေ့ရှင်နှင့်တ
ကွ အဓမ္မဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်း
သားများအားလုံးခြွင်းချက်မရှိအမြန်ဆုံးလွတ်
မြောက်ရေး၊စစ်အုပ်စုဖန်တီးနေသည့်အတုအ
ယောင် တရားမဝင်ရွေးကောက်ပွဲကို သပိတ်
မှောက်သည့်အနေဖြင့် လူထုလှုပ်ရှားမှုကြီး (၂) ခု ဆင်နွှဲကြရန်အထွေထွေသပိတ်အင်အားစု (GSCB) က တိုက်တွန်းနှိုးဆော်လိုက်သည်။
ပထမလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် ပန်းသပိတ်ဖြစ်ပြီး နှင်းဆီနီအပါအဝင် လက်လှမ်းမီရာပန်းများကို ဘုရားပန်း တင်ခြင်း၊ ဆံကေသာမှာ အမြတ်တနိုး ပန်ဆင်ခြင်း၊ အလှပန်းအိုး ထိုးခြင်း၊ အပြန်အလှန် ပန်းလက်ဆောင် ပေးခြင်း၊ မြေပြင်မှာလည်းပန်းသပိတ်လူထုလှုပ်
ရှားမှုတွေကို (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်မည် ဖြစ်ကြောင်းသပိတ်အင်အားစုက ဆိုသည်။
ဒုတိယလှုပ်ရှားမှုအဖြစ်အင်္ကျီပြာလှုပ်ရှားမှု(Blue Shirt Campaign) တွင်လည်းနိုင်ငံရေးအကျဉ်း
သားများ လွတ်မြောက်ရေးအတွက် ရည်ရွယ်သည့် အင်္ကျီအပြာ၊ ပုဆိုးအပြာ၊ ဘောင်းဘီအပြာ၊ ဦးထုတ်အပြာ အစရှိသည့် အပြာရောင် အဝတ်
အစား၊ အသုံးအဆောင်များကို ဝတ်ဆင် အသုံးပြုရန် ဖြစ်ကြောင်း သပိတ်အင်အားစုများက ဖော်ပြခဲ့သည်။
ယင်းလှုပ်ရှားမှုများကို လာမည့် ဇွန် (၁၄) ရက်မှ (၂၁) ရက်ထိ စုစုပေါင်း (၈) ရက်တာကာလအ
တွင်း အဆင်ပြေရာ တရက်ရက်၌ ပါဝင်ဆင်နွှဲနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက နှိုးဆော်ခဲ့သည်။

❤80🥰3🤮1
ဖားကန့် ၌ မီးလိုက်ရှို့နေသည့် စစ်တပ်ကို KIA
နှင့်KPDFပိတ်ဆို့တိုက်ခိုက်၊စစ်တပ်အထိနာ
ဇွန်-၁၂၊၂၀၂၅။ထားမြတ်၊ကဖီး/People’s Spring
ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းလုပ်ကွက်နှင့် ဆက်စပ်ပစ္စည်းများကို
မီးလိုက်ရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်ကကြားညှပ်တိုက်ခိုက်ရာစစ်ကောင်
စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။
ဇွန်လ ၁၂ရက်နေ့လည်ပိုင်းတွင်ဖားကန့် မှော်စီစာရှိ လုပ်ကွက်တခု၌ စစ်ကောင်စီနှင့် ပြည်သူ့စစ်များကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကချင်သတင်းရင်းမြစ်တဦးကပြောသည်။
“စကစနဲ့ ပြည်သူ့စစ်ဘက်က ဘ၀ ပျက်လောက်တဲ့အထိဒဏ်ရာရသူများတယ်လို့ အကြမ်းဖျင်းသိရပြီး အရေအတွက်အတိအကျကိုတော့မသိရသေး
ပါဘူး” ဟု ၎င်းကဆက်ပြောသည်။
အခြားကချင်သတင်းရင်းမြစ်တဦးကလည်း“ခုထိပစ်နေကြတုန်း။ အမဲဖျက်ထားတာ ၂၀ကျော်ပြီ” ဟု စစ်ကောင်စီတပ် အထိနာနေသည့် အခြေအနေကို ပြောသည်။
ဖားကန့်ဒေသ၌ မီးလိုက်ရှို့နေသည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု၎င်းကပြောသည်။
စစ်ရေးသတင်းရင်းမြစ်တဦးကလည်း မှော်စီစာ သာယာကုန်းဘက်၌ စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးစစ်သားများအား ယနေ့ည ၆ခွဲ အချိန်ထိ လိုက်လံ ချေမှုန်းလျက်ရှိသည်ဟု အသိပေးသည်။
စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ်များသည် မေလ ၂၇ရက်တွင် ဖားကန့် လုံးခင်းဒေသသို့ ဝင်ရောက်လာပြီးနောက် ဒေသတွင်း မှော်လုပ်ကွက်များကို မီးရှို့ခြင်း၊ ယမ်းသိုလှောင်ရာနေရာအချို့ကို ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း၊ယာဥ် ယန္တရားများကိုမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆက်တိုက်ကျူးလွန်ခဲ့ဟုဒေသခံများကပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် လုံးခင်းနှင့် ဖားကန့်ကို မေ၂၇ရက်နေ့က ရောက်လာပြီးသည့်နောက်
ပိုင်း မေ၂၈၊ ဇွန် ၅ရက်၊ဇွန်၉ရက်၊ဇွန်၁၀ရက်၊ဇွန် ၁၂ရက်၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဇွန် ၁၂ ရက်နေ့ တိုက်ပွဲမှာအပြင်းထန်ဆုံးဖြစ်ကြောင်း ဒေသခံများကပြောသည်။
မှော်စီစာနှင့်အောင်သာယာ(၂)တွင်တိုက်ပွဲပြင်း
ထန်နေပြီး ဒေသခံများ လုံခြုံရေးအထူးသတိပြုကြရန်နှင့် ဘေးလွတ်ရာတိမ်းရှောင်ကြရန် KPDF က ယနေ့နံနက်အစောပိုင်းတွင်သတိပေးခဲ့သည်။ မှော်စီစာနှင့် အောင်သာယာ(၂)သို့ ရောက်ရှိနေသောစစ်ကြောင်းတွင် အင်အား ၁၅၀ခန့်ရှိပြီး အ
ရပ်သားနေအိမ်များအတွင်း ဝင်ရောက်ပုန်းအောင်းနေသည်ဟု သတင်းရရှိသည်။
ဇွန်၉ရက်နေ့ကတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်
ဖွဲ့ဝင်၁၈ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KPDF
နှင့် နီးစပ်သူကပြောသည်။

❤55👍25👏3🤣3🥰1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၁၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️တိုက်ခိုက်မခံရခင် နယ်စပ်က ငါးရံ့နီစစ်စခန်း ထိုင်းအကူအညီဖြင့် စခန်းစွန့်ခွာ
မြန်မာ-ထိုင်းနယ်စပ် ထီးခီးဒေသမှာ လက်ကျန်စစ်ကောင်စီစခန်းတစ်ခုဖြစ်တဲ့ ငါးရံ့နီစခန်းဟာ ထိုင်းနိုင်ငံဘက်ခြမ်းရဲ့ အကူအညီနဲ့ တပ်စခန်း စွန့်ခွာသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။ နယ်စပ်စခန်း ဘောဒီစစ်တပ်စခန်း(ပွိုင့် ၂၅၅၆)ကို တပ်မဟာ(၄) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်က ဇွန်လ ၁၀ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ငါးရံ့နီစစ်ကောင်စီစခန်းက KNU တပ်မဟာ(၄)ရဲ့ တိုက်ခိုက်မခံရခင်မှာပဲ ဒီနေ့ စခန်းစွန့်သွားတာဖြစ်ပါတယ်။ KNU တပ်မဟာ(၄)ဟာ ထီးထဗျူဟာ၊ ထီးခီးစခန်း၊ ဘောဒီစခန်းများကို သိမ်းပိုက်ထားပြီး ထားဝယ် -ထီးခီး အရှေ့ဘက်မှာ မေတ္တာစခန်း၊ သုခစခန်း၊ ကျောက်မဲတောင်စခန်းတို့သာ ကျန်တော့တယ်လို့ သိရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာတော့ သုခစခန်းတစ်ခုသာ ကျန်တော့တယ်လို့ ပဒိုစောအယ်နားက ရှင်းပြပါတယ်။
◾️ဖားကန့်မှာ မီးလိုက်ရှို့နေတဲ့ စစ်ကောင်စီတပ် KIAပူးပေါင်းတပ်ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အထိနာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကုမ္ပဏီလုပ်ကွက်များနဲ့ အဆောက်အဦးများ၊ ယာဉ်ယန္တရားများကို မီးလိုက်ရှို့နေတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က ကြားညှပ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ဒီနေ့ နေ့ခင်းက ဖားကန့် မှော်စီစာရှိ လုပ်ကွက်တစ်ခုမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်များကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ဦးခန့် သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ခန့်မှန်းပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း မှော်စီစာ သာယာကုန်းဘက်မှာ စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ထွက်ပြေး စစ်ကောင်စီတပ်သားများကို ညနေ ၆ခွဲ အချိန်အထိ လိုက်လံ ချေမှုန်းနေတယ်လို့ အသိပေးပါတယ်။
◾️KNU တပ်မဟာ(၇)ဌာနချုပ် နယ်မြေကို စစ်ကောင်စီ အသေခံဒရုန်း ၇စင်းနဲ့တိုက်ခိုက်
ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၇) ဌာနချုပ်နယ်မြေကို အာဏာသိမ်းစစ်ကောင်စီက အသေခံဒရုန်း အသုံးပြုပြီး ထပ်မံ တိုက်ခိုက်လာရာ ဒရုန်း ၅စင်း ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်မှု မရှိဘူးလို့ KNU သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းအသုံးပြု တိုက်ခိုက်လာတာလို့ သိရပါတယ်။KNU ဌာနချုပ်ရှိရာ တပ်မဟာ ၇ ကို တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်း ၇ စင်းအနက် ၂ စင်းက မပေါက်ကွဲဘဲ ၅ စင်းက ပေါက်ကွဲခဲ့ကြောင်း၊ စစ်ရေးသတိရှိတဲ့အတွက် လူထိခိုက်မှု မရှိသလို အဆောက်အဦလည်း ထိခိုက်မှု မရှိကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနှစ်ဆန်းပိုင်းကလည်း KNU တပ်မဟာ(၇)နယ်မြေကို စစ်ကောင်စီတပ်က အသေခံဒရုန်း အသုံးပြု တိုက်ခိုက်ခဲ့ဖူးပါတယ်။
◾️စစ်တပ်ထိုးစစ်ကြောင့် နောင်ချို ဒေသခံ ၁,၀၀၀ ကျော် ကျောက်မဲသို့ စစ်ဘေးရှောင်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ဒေသခံ ၁,၀၀၀ကျော် ကျောက်မဲမြို့နယ်သို့ တိမ်းရှောင်နေရကြောင်း TNLAက ဒီနေ့ ထုတ်ပြန်ပါတယ်။ နောင်ချိုမြို့ဘက်ကို စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် ဧပြီ ၂၉ရက်မှ ဇွန်လ ၈ရက် အတွင်း နောင်ချိုမြို့မှ ပြည်သူ ၁,၀၁၄ဦးဟာ ကျောက်မဲမြို့ဘက်သို့ စစ်ရှောင်နေတယ်လို့ TNLAကဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဟာ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ တဖက်သတ်အပစ်ခတ်ရပ်စဲရေးကာလကိုအခွင့်ကောင်းယူပြီး စစ်အင်အားတိုးချဲ့လာခြင်း၊ ထိုးစစ်ဆင်လာခြင်း၊ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊ အဆိပ်ငွေ့ဗုံးများ ကြဲချခြင်းနဲ့ လေကြောင်းဖြင့် ဗုံးကြဲခြင်းစတဲ့ လုပ်ရပ်များ ပြုလုပ်နေတယ်လို့ TNLAက ထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းကလည်း နမ္မတူမြို့နယ် မန်လီကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း အပြင် စာသင်ကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။
◾️သပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင် မုံရွာထောင်ကနေ အိုးဘိုထောင်ကို ပြောင်းရွှေခံရ

👍34❤8👏3🔥1🙏1
လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မုံရွာထောင်ကနေ မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်ခင်းပိုင်းက မုံရွာအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။ မန္တလေးထောင်ကို ရွှေ့လိုက်တဲ့အတွက် စိုးရိမ်နေရကြောင်း သူက ဆက်ပြောပါတယ်။ နောက်ပြီး မုံရွာအကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား ၂၀၀ ခန့်ကို မန္တလေး၊ မကွေးနဲ့ မြင်းခြံထောင်တွေကို ပို့ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။
◾️လုပ်ခလစာတိုးတောင်းတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံက ရဲခေါ်ဖိအားပေး
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ လုပ်ခလစာတိုးတောင်းတဲ့ ဆန္ဒပြခေါင်းဆောင်းများကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်ကုမ္ပဏီက ရဲခေါ်ဖမ်းဆီးပြီး ၎င်းတို့သတ်မှတ်နှုန်းအတိုင်းယူဖို့ ဖိအားပေး၍ လက်ဗွေနှိပ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံသားပိုင် Runyang(Myanmar )အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ လုပ်သားထုခေါင်းဆောင်ခြောက်ဦးကို ညှိနှိုင်းမယ်ဆိုကာ ဒီနေ့ နေ့ခင်းပိုင်းမှာ ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဖြစ်စဥ်ကို သိရှိသူများကပြောပါတယ်။
◾️ရွှေဈေးကျပ်သိန်း ၈၀ အထိတက်လာပြီး ဆိုင်အချို့အခေါက်ရွှေအရောင်းပိတ်
ပြည်တွင်းရွှေဈေး တစ်ကျပ်သားကို ကျပ် သိန်း ၈၀ အထိ စျေးတက်လာပြီး အခေါက်ရွှေဆိုင်အချို့ အရောင်း၊အဝယ်ပိတ်လိုက်တယ်လို့ ရွှေစျေးကွက်မှ အရောင်းအဝယ်ပြုလုပ်နေသူတွေက ပြောပါတယ်။ ဒီနေ့ ညနေ ၄ နာရီခွဲအထိ ကမ္ဘာ့ရွှေစျေးဟာ တစ်အောင်စ ၃,၃၆၁ ဒေါ်လာရှိကာ မနက်ပိုင်း အဖွင့်စျေးထက် ၃၇ ဒေါ်လာတက်လာပါတယ်။ ပြည်တွင်း ရွှေစျေးမှာလည်း လိုက်ပါတက်လာပြီး ညနေပိုင်း စျေးကွက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၈,၀၂၀,၀၀၀ ကျပ်နဲ့ ၁၅ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၇,၄၆၀,၀၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ ရွှေရောင်းဝယ်သူအချို့ကပြောပါတယ်။ ဒါကြောင့် ပြည်တွင်းရွှေစျေးနှုန်းဟာ တစ်ပါတ်အတွင်း တစ်ကျပ်သားကို သုံးသိန်းကျပ်အထိ ထပ်မံစျေးမြင့်တက်လာတာပါ။
◾️လားရှိုးမြို့လယ်ခေါင် ဓားပြတိုက်မှုဖြစ်ပြန်
MNDAA ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်ပြန်ဝင်လာတဲ့ လားရှိုးမြို့မှာ ဓားပြတိုက်လုယက်မှုများ မကြာခဏဖြစ်ပွားနေရာ ဒီနေ့ နေ့ခင်းပိုင်းမှာ မြို့လယ်ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို ဓားပြတိုက်မှုထပ်မံဖြစ်ပွားခဲ့ပါတယ်။ နေ့ခင်း ၂နာရီခွဲခန့်မှာ လားရှိုးမြို့၊ မန်ဆူကျောင်းရှေ့ရှိ ဖုန်းဆိုင်ကို အိမ်စီးကားဖြင့် လာရောက်သူငါးဦးက သေနတ်ပြ၍ ဓားပြတိုက်ပြီး အိုင်ဖုန်းအချို့အပါအဝင် ဖုန်းအများအပြား ယူဆောင်သွားတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီဟာ လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ ပြန်ဝင်လာပြီး တစ်လခွဲခန့်အကြာအထိ မအုပ်ချုပ်နိုင်သေးဘဲ မြို့မှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေဖြစ်နေတယ်လို့ မြို့ခံအချို့ကပြောပါတယ်။
◾️ပခုက္ကူနယ် စစ်အုပ်စု အခြေချ ဘန်ကာသုံးခုကို တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်းဖျက်ဆီး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်မကျည်းကန်ကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ နေရာကို ပူးပေါင်းအဖွဲ့တွေနဲ့အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဇွန်လ ၁၀ ရက် မနက်ပိုင်းက အညာမြေတပ်ပေါင်းစုနဲ့ ဧရာဒေါင်းတပ်ဖွဲ့တို့ ဦးဆောင်ပြီး ပခုက္ကူမြို့နယ် အနောက်မန်ကျည်းကန် ပျူရွာကို စတင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီခန့်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ငါးဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒက်ရာရသွားတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ ဘန်ကာသုံးလုံးကို ရရှိပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ခါနီးမှာ မကျည်းတန်းရွာနဲ့ ကပ်လျက်ရှိ ဘဲကြီးရွာမှ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေအပါအဝင် ပခုက္ကူတပ်မ(၁၀၁)က တပ်ကူတချို့ရောက်ရှိလာတာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစုက အသိပေးပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ပြည်သူ့အားမာန်သပိတ်က စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
အလားတူ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းကလည်း ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

❤41👍22🔥2🥰1