People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
နောင်ချိုမြို့နယ်အတွင်းစစ်တပ်ထိုးစစ်ကြောင့် ပြည်သူတထောင်ကျော် ကျောက်မဲသို့ စစ်ဘေးရှောင်

ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မ
တော်(TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ဒေသခံ တထောင်ကျော် ကျောက်မဲမြို့နယ်သို့ တိမ်းရှောင်နေရကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

​နောင်ချိုမြို့ဘက်သို့စစ်တပ်က ထိုးစစ်ဆင်သဖြင့်
ဧပြီ ၂၉ရက်မှ ဇွန်လ ၈ရက် အတွင်း ​နောင်ချိုမြို့မှပြည်သူ ၁၀၁၄ဦးသည် ကျောက်မဲမြို့ဘက်သို့ စစ်ရှောင်နေသည်ဟု TNLAကဖော်ပြသည်။စစ်ရှောင်များသည်တိလင်ပရိတ္တိစာသင်တိုက်၊ အဝေ
ရာပါသကျောင်း၊နောင်ပိန်(အ.ထ.က)ကျောင်း၊ ထန်းတပင်ကျေးရွာ၊ လုပ်ပါဟကျေးရွာများသို့ ရောက်ရှိခိုလှုံနေသည်ဟုသိရသည်။

အဆိုပါစစ်ရှောင်များသည်နောင်ချိုမြို့နယ်ရှိ ရပ်
ကွက်နှင့်ကျေးရွာ ၃၀ကျော်မှ ပြည်သူများ ဖြစ်
သည်ဟု အသိပေးသည်။ကျောက်မဲသို့တိမ်းရှောင်
လာသူများသည် နောင်ချိုမြို့နယ်တောင်ရပ်ကွက်၊ ဘူတာရပ်ကွက်၊စျေးရပ်ကွက်၊ စျေးကုန်း၊ နောင်လင်၊ သရက်ကုန်း၊ ကန်ကြီး၊ ရေဖြူ၊ လောက်ဖန်း၊ ညောင်ပင်သာ၊ မဲပုတ်၊ နောင်ချိုကြီး၊ ရေမောင်းတန်း၊ ညောင်နီ၊ သုံးဆယ်၊ ‌တောင်ရှည်၊ မျက်ချီးနု၊ သပြေရေ၊နားရှိး၊ ရွှေမုဠော၊ မန်မော်၊ အင်းဖို၊ တောင်လှ၊ တောင်ခမ်း၊ လက်ပံကုန်း၊ လွယ်ခေါ်၊ ပိန္နဲကုန်း၊ နောင်အော၊ ညဏ်တော၊ လုံခံ၊ နမ့်ဆောင်ဟူးနှင့် ပါဟတ်ကျေးရွာ တို့မှ ပြည်သူများဖြစ်
သည်ဟု အသိ​ပေးထားသည်။

စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ် (၃)ဖွဲ၏ တဖက်သတ်အပစ်ခတ်ရပ်စဲရေးကာလကိုအခွင့်
ကောင်း ယူပြီး စစ်အင်အားတိုးချဲလာခြင်း၊ ထိုးစစ်ဆင်လာခြင်း၊တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်
နက်ကြီးပစ် ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊ အဆိပ်ငွေ့ဗုံးများ ကြဲချခြင်းနှင့်လေကြောင်းဖြင့် ဗုံးကြဲခြင်းစသည့်လုပ်ရပ်များ ပြုလုပ်လျှက်ရှိနေကြောင်း TNLAက ထုတ်ပြန်သည်။

"နောင်ချို၊တောင်ခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်
ရွက်နေ တာဖြစ်ပါတယ်။”ဟုTNLAပြောရေးဆို
ခွင့် ရှိသူ လွေးယေဦးက ဇွန်လ ၅ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုလည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟုလည်း TNLA က ထုတ် ပြန်သည်။ထိုသို့ လုပ်ဆောင်ခြင်းသည် အပြစ်မဲ့ပြည်သူလူထုများကို သေကြေပျက်
စီးစေလိုခြင်းနှင့် တအာင်းပြည်(TNLA သိမ်းပိုက်ထားသည့်နယ်မြေများ)အတွင်း မနေရဲအောင် ရည်
ရွယ်ချက်ရှိရှိ ဦးတည်ခြင်းဖြစ်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်တိုက်ခိုက်မှုများကြောင့် ပြည်သူ သေဆုံးထိခိုက်မှုများစွာ ရှိခဲ့ပြီးလူနေအိမ် ၊ ဘုန်း
ကြီးကျောင်းနှင့်စာသင်ကျောင်းများစွာ ပျက်စီးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီသည်ငလျင်အကြောင်းပြပြီးအပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း TNLA နယ်မြေအပါအဝင်နိုင်ငံတဝန်းလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရသည်။
😢39🤬1210👍3🔥3👎2😡2🤮1
စစ်​ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ​နောင်ချိုမြို့မှပြည်သူများစစ်​​ဘေး​ရှောင်​နေကြစဥ်။
ဓါတ်ပုံ-​ပေးပို့
😢56🔥21👎1🤬1
KNUတပ်မဟာ(၄)ကမတိုက်ရ​သေးခင် နယ်စပ်ကငါးရံ့နီစစ်စခန်း ထိုင်းအကူအညီဖြင့် စခန်းစွန့်ခွာ

ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring

မြန်မာ-ထိုင်းနယ်စပ် ထီးခီးဒေသ ၌ ကျန်နေသည့်စစ်တပ်စခန်းများထဲမှတစ်ခုဖြစ်​သော ငါးရံ့နီစစ်
တပ်စခန်းသည် ထိုင်းနိုင်ငံဘက်ခြမ်း၏ အကူ
အညီဖြင့် တပ်စခန်း စွန့်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောကြားသည်။

နယ်စပ်စခန်းတခုဖြစ်သော ဘောဒီစစ်တပ်စခန်း
(ပွိုင့် ၂၅၅၆)ကို တပ်မဟာ(၄) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က ဇွန်လ ၁၀ရက် မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ကျန်နေသည့် နယ်စပ်စခန်း တခုဖြစ်သော ငါးရံ့နီစစ်ကောင်စီစခန်းက ဇွန်လ ၁၂ရက်တွင် စခန်းစွန့်သွားခြင်းဖြစ်သည်ဟုဆိုသည်။

“လောလောဆယ်တော့ ကျနော်တို့ သိရတာက ကျနော်တို့ ဘောဒီစခန်းသိမ်းပြီး ဒီငါးရံ့နီက အစီ
အစဉ်ရှိတယ်။ ကျနော်တို့ မစခင်မှာ သူတို့က စခန်း စွန့်လွှတ်ပြီးတော့ တဖက်နိုင်ငံအကူအညီနဲ့သူတို့စွန့်လွှတ်ပြီး သူတို့ ထွက်သွားတာပေါ့နော်။” ဟု ပဒိုစောအယ်နားက ပြောသည်။

ငါးရံ့နီစခန်းကိုမသိမ်းရသေးမီစစ်ကောင်စီက ထိုင်း၏ စီစဉ်မှုဖြင့် ဆုတ်ခွာသွားရာ လက်နက်ခဲယမ်းများပါ ယူဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောသည်။

“ထိုင်းက စီစဉ်ပေးပြီး ကယ်ထုတ်တာပေါ့။ ကားနဲ့လာပြီးတော့ပစ္စည်းရောလူရောသယ်သွားတာပေါ့” ဟု ပဒိုစောအယ်နားက ပြောသည်။

ကရင်သတင်းရင်းမြစ်တဦးကလည်း စစ်ကောင်စီတပ်ကငါးရံ့နီစခန်းကို စွန့်ခွာသွားကြောင်းသတင်း
အရ ရဲဘော်များက နယ်မြေရှင်းလင်းမှုပြု လုပ်ခဲ့​သည်ဟုပြောသည်။

KNU တပ်မဟာ(၄)အနေဖြင့် ထီးထဗျူဟာ၊ ထီးခီးစခန်း၊ဘောဒီစခန်းများကို သိမ်းပိုက်ထားပြီး ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်များလည်း ဆုတ်ခွာသွား၍ ထားဝယ် -ထီးခီး အရှေ့ဘက်၌ မေတ္တာစခန်း၊ သုခစခန်း၊ ကျောက်မဲတောင်စခန်း တို့သာကျန်တော့ကြောင်းသိရသည်။

ထိုစခန်းသုံးခုတွင် မြန်မာ-ထိုင်းနယ်စပ်၌သုခစခန်း တခုသာ ကျန်တော့ကြောင်း ပဒိုစောအယ်နားက ရှင်းပြသည်။

KNU ပူးပေါင်းတပ်က ထီးထ၊ ထီးခီး၊ ဘောဒီ စခန်းများ သိမ်းပိုက်စဉ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့သည်။
🤣6716👍6😁4👏3
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာ-ထိုင်းနယ်စပ်ရှိ ဘောဒီစစ်တပ်စခန်း(ပွိုင့် ၂၅၅၆ )ကို KNLA ၊KNDO ၊PDFစ​သောပူး​ပေါင်းတပ်များက ဇွန် ၁၀ ရက်တွင်သိမ်းပိုက်ပြီး​နောက်
​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက စခန်းသိမ်းတိုက်ပွဲအ​ကြောင်း​ပြောပြစဥ်
👍8225🤣12🥰2
လုပ်ခလစာတိုး​တောင်း​သောဆန္ဒပြ​ခေါင်း​ဆောင်များကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံကရဲ​ခေါ်ဖိအား​ပေး၍သတ်မှတ်နှုန်းယူရန်လက်​ဗွေနှိပ်ခိုင်း

ဇွန်-၁၂၊၂၀၂၅။ရဲခေါင်/People's Spring

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်တွင်လုပ်ခလစာတိုးတောင်းသည့်ဆန္ဒပြခေါင်းဆောင်းများကို တ
ရုတ်နိုင်ငံသားပိုင်အထည်ချုပ်ကုမ္ပဏီက ရဲခေါ်ဖမ်းဆီးပြီး ၎င်းတို့သတ်မှတ်နှုန်းအတိုင်းယူရန် ဖိအား​ပေး၍လက်ဗွေနှိပ်ခိုင်းခဲ့သည်။

တရုတ်နိုင်ငံသားပိုင် Runyang (Myanmar )
အထည်ချုပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ပေးရန်တောင်းဆိုသည့် လုပ်သားထုခေါင်းဆောင်ခြောက်ဦး ကို ညှိနှိုင်းမည်ဟုဆိုကာဇွန်လ ၁၂ရက်မွန်းလွဲ ၂ နာရီခန့်က ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးသို့ခေါ်ဆောင်သွားခြင်းကြောင်း ဖြစ်စဥ်ကိုသိရှိသူများက​ပြောသည်။

"အများနည်းတူ တစ်ရက်လုပ်ခ ၁၃,၀၀၀ ကျပ်တောင်းတာ။သူတို့(စက်ရုံ)ကပေးတာ ၁၁,၀၀၀ ပဲပေးမယ်။ပြီးတော့ ဆန္ဒပြတဲ့ရက်‌တွေမှာ ငါးရက် ရှိတယ်။နှစ်ရက်ကို ၆,၈၀၀ ပဲပေးမယ်ဆိုလို့ ခေါင်း
ဆောင်တွေက မလုပ်နိုင်ဘူးဆိုပြီဖြစ်ကြရင်းနဲ့ ရဲတွေပါလာတာ"ဟု Runyang (Myanmar ) အထည်ချုပ်မှ အလုပ်သမားတစ်ဦးက ဖြစ်စဥ်ကို လူထုနွေဦးသို့ ရှင်းပြသည်။

ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန် ရှိ Run yang (Myanmar )အထည်ချုပ်စက်ရုံကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်တွင်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ် သည်။

"လူပါးဝတာခံရတာ။လက်နက်ကိုင်ပြီးပါ ခြိမ်း
ခြောက်ခံရတယ်။အဆင်မပြေကြလို့ တောင်းဆိုကြတာပါ။အလုပ်သမားတွေရဲ့ကိုယ်စားလှယ်တွေဆို သူတို့ကို အတင်းအကြပ်ဖိအားတွေပေးတယ်ဆိုပြီး ညနေ ၆ နာရီခွဲလောက်က ပြန်လာတော့ ငိုကြတယ်"ဟု ဖြစ်စဥ်ကိုသိရှိသူက လူထုနွေဦးသို့ ပြောသည်။

ဇွန်လ ၆ ရက်ကစ၍ လုပ်သား ၃၀၀ ဝန်းကျင်ရှိ အဆိုပါ အထည်ချုပ်စက်ရုံ၌ လုပ်ခလစာနှင့်အချိန်ပိုကြေးတိုးပေးရန် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။​နေ့ကြေး (တစ်ရက်လုပ်အားခ) ၁၃,၀၀၀ ကျပ် နှင့် အချိန်ပို​ကြေး ၂,၅၀၀ ကျပ်ရရှိရန်​​တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

"အရင်က ဒေးကြေး တစ်သောင်း၊အိုတီ ၁၈၀၀ ပေးတယ်။ဒါလည်း မှန်တာမဟုတ်ပါဘူး။အတိုက်
အခံလုပ်ပြီး မှန်အောင် မနည်းတောင်းရတယ်"
Runyang (Myanmar )မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်​ကောင်စီ၏လက်နက်ကိုင်များခေါ်ယူပြီး အတင်းအကြပ်ဖိအားပေးခံရသည့်အခြေအနေကြောင့်စက်ရုံမှထွက်မည် လုပ်သားများရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အထည်ချုပ်လုပ်သားများ၏ ပြောဆိုချက်အရ Runyang စက်ရုံသည် နိုင်ငံတကာအမှတ်တံ
ဆိပ် Tee ranova နှင့် Amisu အမှတ်တံဆိပ်အထည်များကို ချုပ်လုပ်နေခြင်းဖြစ်သည်။

ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ ကြပ်တည်း လာသည့် စားဝတ်နေရေးကြောင့် စက်ရုံ၊အလုပ်ရုံ လုပ် သားထု၏ လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော်တောင်းဆိုမှုများဆက်တိုက်ရှိလာသည်။
😡6315🤬7👍5👎2😢2👏1
👍2610🔥1
ထိုင်းမှာ မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ဖြစ်လာ
ဇွန်-၁၂၊ ၂၀၂၅။ People's Spring
ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ တရားမဝင်လာရောက်မှုနဲ့ တရားမဝင်အလုပ်လုပ်ကိုင်တာကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရမှု ဖြစ်စဉ်တွေ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဒီကနေ့(ဇွန်လ ၁၂ရက်) မနက်ပိုင်းက ကန်ချန်နဘူရီခရိုင်အတွင်းမှာ တရားမဝင်လာရောက်တဲ့ မြန်မာလုပ်သား ၂၉ဦးကို တင်ဆောင်လာတဲ့ ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့ပါတယ်။
အဲဒီ မြန်မာလုပ်သား ၂၉ဦးဟာ ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ဖို့ လာတဲ့သူတွေလို့ သိရပါတယ်။
"ထိုင်းသတင်းတွေမှာတော့ တစ်ဦးကို ဘတ် ခုနစ်သောင်းပေးပြီးလာကြတာလို့ ပြောတယ်"လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဇွန်လ ၁၁ရက်က ချွန်ဘူရီခရိုင်၊ ပတ္တရားနဲ့ ဘန်လမုန်မြို့နယ်တို့မှာလည်း စားသောက်ဆိုင်တွေ၊ စျေးဆိုင်တွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးရာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား အမျိုးသား ၈ဦးနဲ့ အမျိုးသား ၇ဦး စုစုပေါင်း ၁၅ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဇွန်လ ၁၀ရက်ကလည်း အယုဒ္ဓယနယ်မြေက အဝေးပြေးလမ်းမမှာ ကားတစ်စီးပေါ် တရားမဝင်လိုက်ပါလာတဲ့ မြန်မာလုပ်သား ၅ဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့ပါသေးတယ်။
လတ်တလောမှာ ထိုင်းအာဏာပိုင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေလို့ မြန်မာလုပ်သားတွေအနေနဲ့ သတိထားနေထိုင်ဖို့ ကိုရဲမင်း(အေအေစီ)က သတိပေးထားပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ တရားမဝင်နေထိုင်သူတွေကို ပန်းရောင်ကတ်အဖြစ် အထောက်အထားပြုလုပ်ပေးဖို့အတွက် ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဖမ်းဆီးစစ်ဆေးမှုတွေ နိုင်ငံတဝန်းစီမံချက်နဲ့ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ စီမံချက်အတွင်းမှာ မြန်မာတွေအများစုအပါအဝင် သိန်းနဲ့ချီ စစ်ဆေးခံရပါတယ်။
လက်ရှိမှာတော့ ထိုင်းအစိုးရက ပန်းရောင်ကတ်ကို လူအဟောင်းရော၊ အသစ်ပါ ပြုလုပ်ပေးထားပါတယ်။
👎29😢158🔥2😡1
(မလေးရှားသွားမယ့် မြန်မာလုပ်သားတွေကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိစဉ်။ ဓာတ်ပုံ − Khaosod)
😢39👎105🙏2
■ဘာသာပြန်​ဆောင်းပါး

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ နဲ့ ဗြိတိသျှ စာကြည့်တိုက်မှူးပက်ထရစ်ရှာဟားဘတ်

-People's Spring

ကွယ်လွန်သူ အရှေ့တောင်အာရှ ရေးရာ ကျွမ်း
ကျင်သူ နဲ့ မြန်မာ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူဗြိတိန်အမျိုးသမီးကြီးပက်ထရစ်ရှာဟားဘတ်ရဲ့ အကြောင်းကို သမက်ဖြစ်သူ Gurdian သတင်းဌာန ဂျာနယ်လစ်ကအမှတ်တရ ​ရေးသားဖော်ပြခဲ့ပါတယ်။

ဂျာနယ်လစ် အဒမ်ရမ်းဆေးက ဟားဘတ် ဖြတ်
သန်းခဲ့တဲ့ ဘဝဇာတ်ကြောင်းကို ဇွန်လ ၁၁ ရက်နေ့တုန်းက Guardian သတင်းစာမှာ ဖော်ပြခဲ့တာပါ။ ဟားဘတ်ဟာ ဧပြီလ ၁၆ ရက်နေ့တုန်းက အသက် ၈၁ နှစ် အရွယ်၊ အီဒင်ဘာ့ဂ်မြို့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဟားဘတ်ဟာလန်ဒန်မြို့ရဲ့ဗြိတိသျှစာကြည့်
တိုက်မှာအရှေ့တောင်အာရှရေးရာဌာနစာကြည့်
တိုက်မှူးအဖြစ် တာဝန်ယူခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်ထုတ် The Life of Buddha အပါအဝင် မြန်မာ
နိုင်ငံနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ပြုစုရေး
သားခဲ့ပါတယ်။

သူပြုစုခဲ့တဲ့ မြန်မာစာပေ ကျမ်းပြုမှတ်တမ်းဟာ သက်ဆိုင်ရာ နယ်ပယ်မှာ ပညာရှင်တွေ အထူးပြု ကိုးကားရတဲ့ စာတမ်းတစ်ခု ဖြစ်ခဲ့ပြီး မြန်မာစာပေ လေ့လာဖို့ သမ္မာကျမ်းစာအဖြစ် ရည်ညွှန်းခံခဲ့ရပါတယ်။

သူ့ရဲ့ပညာရှင်ဘဝနဲ့ ဆက်စပ်ပြီးဟားဘတ်ဟာမြန်မာ့ ဒီမိုကရေစီရေးရုန်းကန်လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ခင်ပွန်းသည်မိုက်ကယ်အဲရစ်တို့ အောက်စ်ဖို့ဒ်မှာနေထိုင်ခဲ့ချိန်တုန်းက နှစ်ဦးစလုံးနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။

ဟားဘတ်ဟာ မြန်မာကနေ ဗြိတိန်ဆီခိုလှုံရောက်ရှိလာသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အကူအညီတွေပေးခဲ့သလို ၁၉၈၉ ကနေ၂၀၁၇ ထိ အတော
အတွင်း ပညာရေး ပရဟိတ အသင်းတစ်ခုဖြစ်တဲ့ Prospect Burmaရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာ
ဝန်ယူခဲ့ပါတယ်။

အခုအခါမှာတော့ အဲဒီအသင်းဟာ ဟားဘတ်ရဲ့ နာမည်ကို ဂုဏ်ပြုထည့်သွင်းတဲ့ပညာသင် ထောက်
ပံ့ရေး အစီအစဉ်တစ်ခု အကောင်အထည်ဖော်
ဖို့ ပြင်ဆင်နေပါတယ်။

လန်ဒန်မှာရှိတဲ့ မြန်မာကျောင်းသူကျောင်းသားတွေကြားမှာတော့ ဟားဘတ်ဟာ အန်တီပက်ဆိုတဲ့ ချစ်စနိုးနာမည်နဲ့ လူသိများပါတယ်။ သူဟာ လန်ဒန်မှာရှိတဲ့ အရှေ့တိုင်းနဲ့အာဖရိကရေးရာ လေ့
လာရေး (SAOS) တက္ကသိုလ်မှာ ရှိနေစဉ် အတော
အတွင်း မြန်မာစကားကိုလေ့လာသင်ယူခဲ့ပါတယ်။

နောက်တော့အမေရိကန်နိုင်ငံ၊မစ်ချီဂန်တက္ကသိုလ်
မှာ ပညာသွားသင်ရင်း ဗီယက်နမ်စစ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။

၁၉၆၉ ခုနှစ်မှာတော့ဟားဘတ်ဟာ SAOSမှာ ဆုံဆည်းခဲ့တဲ့ မြန်မာနိုင်ငံသား ခင်ပွန်းသည် ဒေါက်
တာ ကျင်စွိနဲ့အတူ ရန်ကုန်မှာ ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ ရန်ကုန်မှာ နေထိုင်ခဲ့ချိန် အတောအတွင်း ကာလတွေမှာရော၊ နောက်ပိုင်းမှာ မြန်မာနိုင်ငံဆီ ထပ်မံ လာရောက်တဲ့ အလည်အပတ် ခရီးစဉ်တွေ အတောအတွင်းမှာပါ သူဟာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ ခင်မင် ကျွမ်းဝင်လာခဲ့ပါတယ်။

ဒေါက်တာကျင်စွိ နဲ့ ကွာရှင်းပြီး လန်ဒန်မှာ ပြန်
လည် အခြေချခဲ့ပြီးတဲ့နောက် ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ သူဟာဗြိတိသျှစာကြည့်တိုက်ကို ချိတ်ဆက်ပြီး စာကြည့်တိုက်မှူးအဖြစ် ၂၃ နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။ လန်ဒန်မှာအေရီရယ်လ် ဒိုင်ဂရီ နဲ့ တွေ့ဆုံပြီး ၁၉၈၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

ဟားဘတ်ဟာ မြန်မာစာပြု သုတေသန လေ့လာမှုတွေနဲ့ ဒီမိုကရေစီရေးအားထုတ်မှုတွေအတွက် ၂၀၁၇ ခုနှစ်မှာ MBE သူကောင်းဘွဲ့ ချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရသလိုနောက်ထပ်တစ်နှစ်အကြာမှာတော့ နယ်သာလန်နိုင်ငံ အမ်စတာဒမ် မော်ကွန်းတိုက်ရဲ့ နိုင်ငံတကာ လူမှုသမိုင်းဌာနက သူ့ရဲ့ သုတေသန စာတမ်းတွေကို Patricia Herbert Collection on Burmaဆိုတဲ့ နာမည်နဲ့ မှတ်တမ်းတင် ထားရှိခဲ့ပါတယ်။

ဟားဘတ် ကွယ်လွန်ချိန်မှာ ခင်ပွန်းဖြစ်သူအပြင် သမီးတွေဖြစ်တဲ့ အိုလ်ဂါ၊ ခရစ္စတီ၊ ဂျူးလိယက်တို့အပြင် မြေး ၇ ဦး၊ မြစ် ၆ ဦး ကျန်နေခဲ့ပါတယ်။

ကိုးကား-Guardian
👍3820😢3🥰1🤮1
👍4613🥰3🤮1
မိုး​ကောင်းပြီးကလောမြို့ပေါ်ရပ်ကွက်အချို့ရေကြီး

ဇွန်-၁၂၊၂၀၂၅။အိမ်သွင်/People's Spring

ရှမ်းပြည်နယ်၊တောင်ပိုင်း၌၃ရက်ဆက်မိုးကောင်းနေပြီး ယနေ့(ဇွန်လ၁‌၂ရက်)ည၌ကလောမြို့ပေါ်ရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုစတင်ဖြစ်ပေါ်နေသည်။

ကလောမြို့၊ ရပ်ကွက်(၄)၊ရပ်ကွက်(၂)အတွင်း ရေစတင်ဝင်လာပြီး ယနေ့ညပိုင်း၌ ရေဆက်တက်နိုင်၍ မြေနိမ့်ပိုင်းရပ်ကွက်များ ရေဘေးသတိပြုကြရန်၊ ဘေးလွတ်ရာသို့ကြိုတင် တိမ်းရှောင်ကြရန် ဒေသခံအချင်းချင်းသတိပေးနေကြသည်။

"မိုးကလုံးဝမတိတ်ဘူး။ရေကတအိအိတက်လာ‌နေပြီ။မြေနိမ့်ပိုင်းတွေ စမြုပ်ပြီ။ညနက်လေစိတ်ပူရလေပဲ"ဟုကလောမြို့ခံတဦးကပြောသည်။

ကလောမြို့သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်
တင်ဘာလာတွင်ရာဂီမုန်တိုင်းအရှိန်ကြောင့်မိုးကြီးပြီး ဆိုးရွားသည့်ရေဘေးနှင့်မြေပြိုမှုဘေး ရင်ဆိုင်
ခဲ့ရသည်။လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ တောင်ကြီး၊ ရွှေညောင်မြို့တို့တွင်လည်း ရေလွှမ်းမိုးမှု ကြုံတွေ့နေရသည်။

မုတ်သုန်လေအားကောင်းနေ၍ အလယ်ပိုင်းဒေသများအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့၌ ဇွန်လ ၁၅ ရက်အထိ မိုးကောင်းလာနိုင်ပြီး ရေဘေးနှင့်မြေပြိုမှု ဘေးသတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တ
ရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန-MOHADM
က သတ်ိပေးထားသည်။
👍26😢188🙏3👎1🔥1😱1
က​လောမြို့ ရပ်ကွက်အချို့​ ဇွန် ၁၂ ရက်ညကရေကြီး​နေစဥ်။    ။ဓါတ်ပုံ-CJ
😢45👍63🔥2🙏2👎1😱1
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပန်းသပိတ်နှင့် Blue Shirt ကမ်ပိန်း ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

ဇွန်-၁၂၊၂၀၂၅။ သုည/People's Spring

လာမည့်ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၀) နှစ်ပြည့် မွေးနေ့တွင် ပန်းသပိတ်နှင့် Blue Shirt ကမ်ပိန်းပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ ယနေ့ (ဇွန်လ ၁၂)တိုက်တွန်းနှိုးဆော်သည်။

“လာမယ့် ဇွန် (၁၉)ရက်နေ့ဟာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် (၈၀)ပြည့်မွေး
နေ့ရက်မြတ် ဖြစ်ပါတယ်။စစ်အုပ်စုရဲ့ အဓမ္မ ဖမ်း
ဆီးအကျဥ်းချခံထားရတဲ့ ဒေါ်စုဟာ ကမ္ဘာ့အသက်အကြီးဆုံးသောနိုင်ငံရေးအကျဉ်းသားပဲဖြစ်ပါလိမ့်မယ်။ဖက်ဆစ်တပ်ဟာရရှိထားတဲ့ အချက်အလက်
တွေအရ လူထုခေါင်းဆောင် ဒေါ်စုနဲ့ သမ္မတကြီးဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသား စုစု
ပေါင်း (၂၂၁၂၂) ဦးကို အဓမ္မ ချုပ်နှောင်ဖမ်းဆီး အကျဉ်းချထားတယ်လို့ သိရပါတယ်။ ဒီအရေ
အတွက်ကြောင့်ပဲ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံးဖမ်းဆီးခံထားရတဲ့တိုင်းပြည်တခု ဖြစ်ပါလိမ့်မယ်” ဟုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက​ရေးသားထားသည်။

ထို့အပြင် ဒေါက်တာတေဇာဆန်းက “စစ်အုပ်စုဟာ ဒီနှစ်ကုန် ဒီဇင်ဘာလထဲမှာ လုပ်ပွဲ တခု ထပ်ဖန်တီးဖို့လည်း ရှိနေပါတယ်။ "အတုအယောင် ဟန်ပြ ရွေးကောက်ပွဲ"ဆိုတာပါပဲ။ဒီကနေ အာဏာ
သိမ်းစစ်တပ်မှသည် တရားဝင်ရွေးကောက်ခံအစိုးရ ဆိုတာကြီး ဖြစ်သွားလိမ့်မယ်ပေါ့။ ဒါက လူထုကို အထင်သေးခြင်း၊ စော်ကားခြင်းသာ ဖြစ်ပါတယ်။ စစ်ကျွန်သက်ဆိုး ရှည်စေမယ့် ဒီလုပ်ပွဲကိုလည်း ပြည်သူလူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ကြဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒေါ်စုဟာ သူ့ယုံကြည်ချက်အတွက်၊ စစ်အာဏာရှင်လက်က တိုင်းပြည်လွတ်မြောက်ရေးအတွက် ဒီအသက်အရွယ်ထိ ကြိုးပမ်းထမ်းရွက်နေဆဲပါ။ အကျဉ်းထောင်တွေထဲက ခေါင်းဆောင်တွေ၊ ရဲဘော်တွေကတောင် တိုက်ပွဲဝင်နေကြချိန်မှာ အကျယ်ထောင်က လူထုအနေနဲ့ကလည်းတော်လှန်ရေးမှတပါး အခြားမရှိပါဘူး။လက်နက်ကိုင်ပြီးတိုက်နိုင်မှတော်လှန်ရေး
လုပ်နိုင်တာ မဟုတ်ပါဘူး။ ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အခြားသော အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲနည်းနာအားလုံးကလည်း တော်လှန်ရေးလုပ်ငန်းစဥ်တွေပါပဲ” ဟုနှိုးဆော်သည်။

ထို့ကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အထိမ်းအမှတ်အဖြစ် မွေးနေ့ရှင်နှင့်တ
ကွ အဓမ္မဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်း
သားများအားလုံးခြွင်းချက်မရှိအမြန်ဆုံးလွတ်
မြောက်ရေး၊စစ်အုပ်စုဖန်တီးနေသည့်အတုအ
ယောင် တရားမဝင်ရွေးကောက်ပွဲကို သပိတ်
မှောက်သည့်အနေဖြင့် လူထုလှုပ်ရှားမှုကြီး (၂) ခု ဆင်နွှဲကြရန်အထွေထွေသပိတ်အင်အားစု (GSCB) က တိုက်တွန်းနှိုးဆော်လိုက်သည်။

ပထမလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် ပန်းသပိတ်ဖြစ်ပြီး နှင်းဆီနီအပါအဝင် လက်လှမ်းမီရာပန်းများကို ဘုရားပန်း တင်ခြင်း၊ ဆံကေသာမှာ အမြတ်တနိုး ပန်ဆင်ခြင်း၊ အလှပန်းအိုး ထိုးခြင်း၊ အပြန်အလှန် ပန်းလက်ဆောင် ပေးခြင်း၊ မြေပြင်မှာလည်းပန်းသပိတ်လူထုလှုပ်
ရှားမှုတွေကို (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်မည် ဖြစ်ကြောင်းသပိတ်အင်အားစုက ဆိုသည်။

ဒုတိယလှုပ်ရှားမှုအဖြစ်အင်္ကျီပြာလှုပ်ရှားမှု(Blue Shirt Campaign) တွင်လည်းနိုင်ငံရေးအကျဉ်း
သားများ လွတ်မြောက်ရေးအတွက် ရည်ရွယ်သည့် အင်္ကျီအပြာ၊ ပုဆိုးအပြာ၊ ဘောင်းဘီအပြာ၊ ဦးထုတ်အပြာ အစရှိသည့် အပြာရောင် အဝတ်
အစား၊ အသုံးအဆောင်များကို ဝတ်ဆင် အသုံးပြုရန် ဖြစ်ကြောင်း သပိတ်အင်အားစုများက ဖော်ပြခဲ့သည်။

ယင်းလှုပ်ရှားမှုများကို လာမည့် ဇွန် (၁၄) ရက်မှ (၂၁) ရက်ထိ စုစုပေါင်း (၈) ရက်တာကာလအ
တွင်း အဆင်ပြေရာ တရက်ရက်၌ ပါဝင်ဆင်နွှဲနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက နှိုးဆော်ခဲ့သည်။
80🥰3🤮1
80🥰4🤮1
ဖားကန့် ၌ မီးလိုက်ရှို့နေသည့် စစ်တပ်ကို KIA
နှင့်KPDFပိတ်ဆို့တိုက်ခိုက်၊စစ်တပ်အထိနာ

ဇွန်-၁၂၊၂၀၂၅။ထားမြတ်၊ကဖီး/People’s Spring

ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း ​ကျောက်စိမ်းလုပ်ကွက်နှင့် ဆက်စပ်ပစ္စည်းများကို
မီးလိုက်ရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်​ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်ကကြားညှပ်တိုက်ခိုက်ရာစစ်ကောင်
စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

ဇွန်လ ၁၂ရက်နေ့လည်ပိုင်းတွင်ဖားကန့် မှော်စီစာရှိ လုပ်ကွက်တခု၌ စစ်ကောင်စီနှင့် ပြည်သူ့စစ်များကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကချင်သတင်းရင်းမြစ်တဦးက​ပြောသည်။

“စကစနဲ့ ပြည်သူ့စစ်ဘက်က ဘ၀ ပျက်လောက်တဲ့အထိဒဏ်ရာရသူများတယ်လို့ အကြမ်းဖျင်းသိရပြီး အရေအတွက်အတိအကျကိုတော့မသိရသေး
ပါဘူး” ဟု ၎င်းကဆက်ပြောသည်။

အခြားကချင်သတင်းရင်းမြစ်တဦးကလည်း“ခုထိပစ်နေကြတုန်း။ အမဲဖျက်ထားတာ ၂၀ကျော်ပြီ” ဟု စစ်ကောင်စီတပ် အထိနာနေသည့် အခြေအနေကို ပြောသည်။

ဖားကန့်ဒေသ၌ မီးလိုက်ရှို့နေသည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူး​ပေါင်းစစ်​ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု၎င်းက​ပြောသည်။

စစ်ရေးသတင်းရင်းမြစ်တဦးကလည်း မှော်စီစာ သာယာကုန်းဘက်၌ စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးစစ်သားများအား ယနေ့ည ၆ခွဲ အချိန်ထိ လိုက်လံ ချေမှုန်းလျက်ရှိသည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ်များသည် မေလ ၂၇ရက်တွင် ဖားကန့် လုံးခင်းဒေသသို့ ဝင်ရောက်လာပြီးနောက် ဒေသတွင်း မှော်လုပ်ကွက်များကို မီးရှို့ခြင်း၊ ယမ်းသိုလှောင်ရာနေရာအချို့ကို ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း၊ယာဥ် ယန္တရားများကိုမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆက်တိုက်ကျူးလွန်ခဲ့ဟု​ဒေသခံများကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် လုံးခင်းနှင့် ဖားကန့်ကို မေ၂၇ရက်နေ့က ရောက်လာပြီးသည့်နောက်
ပိုင်း မေ၂၈၊ ဇွန် ၅ရက်၊ဇွန်၉ရက်၊ဇွန်၁၀ရက်၊ဇွန် ၁၂ရက်၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဇွန် ၁၂ ရက်​နေ့ တိုက်ပွဲမှာအပြင်းထန်ဆုံးဖြစ်ကြောင်း ဒေသခံများကပြောသည်။

မှော်စီစာနှင့်အောင်သာယာ(၂)တွင်တိုက်ပွဲပြင်း
ထန်နေပြီး ဒေသခံများ လုံခြုံရေးအထူးသတိပြုကြရန်နှင့် ဘေးလွတ်ရာတိမ်းရှောင်ကြရန် KPDF က ယနေ့နံနက်အစောပိုင်းတွင်သတိပေးခဲ့သည်။ မှော်စီစာနှင့် အောင်သာယာ(၂)သို့ ရောက်ရှိနေသောစစ်ကြောင်းတွင် အင်အား ၁၅၀ခန့်ရှိပြီး အ
ရပ်သားနေအိမ်များအတွင်း ဝင်ရောက်ပုန်းအောင်းနေသည်ဟု သတင်းရရှိသည်။

ဇွန်၉ရက်နေ့ကတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်
ဖွဲ့ဝင်၁၈ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KPDF
နှင့် နီးစပ်သူကပြောသည်။
55👍25👏3🤣3🥰1