People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓါတ်ပုံ-PSLF/TNLA
69👍22🔥1🕊1
အင်းစိန်ထောင်တွင်း ကျန်းမာရေးဆိုးရွား‌နေသည့် နိုင်ကျဉ်းတစ်ဦး ပြင်ပဆေးရုံတွင် ကုသစဉ် ကွယ်လွန်

ဇွန်-၁၂၊ ၂၀၂၅။ ဇော်ရမ်း/People's Spring

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ နိုင်ငံရေးအကျဥ်းသားတစ်ဦးသည် အင်းစိန်ထောင်တွင်း ကျန်းမာရေးဆိုးရွားပြီး ပြင်ပဆေးရုံတွင် ကုသနေစဉ် ယမန်နေ့(ဇွန်လ ၁၁ရက်)၌ ကွယ်လွန်သွားခဲ့သည်။

အသက်(၅၇)နှစ်အရွယ် ဦးကျော်မင်းကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးထောင်ချထားစဉ် ထောင်တွင်းကျန်းမာရေးဆိုးရွားခဲ့ခြင်းဟု ၎င်း၏ မိတ်ဆွေတစ်ဦးကပြောသည်။

"သူက ထောင်(၃)နှစ် ကျထားတာ။ ပြန်လွတ်ကာနီးမှဗျာ အခုလိုဖြစ်တာ။ ကျန်းမာရေးက တော်တော် မကောင်းဘူးဖြစ်တာ" ဟု ၎င်းက ပြောသည်။

ဦးကျော်မင်းသည် ထောင်တွင်းကျန်းမာရေးအလွန်ဆိုးရွားလာ၍ အင်းစိန်မြို့နယ်ဆေးရုံပို့ ပို့ဆောင်ကုသစဉ် ကွယ်လွန်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများအား လူအခွင့်ရေချိုးဖောက်မှုများကျူးလွန်နေသလို ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုအလုံအလောက်မပေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်မေလ၂၃ရက်နေ့ကလည်း သာယာဝတီအကျဉ်းထောင်အတွင်း ထောင် ၁၀နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ဦးကျော်စိုး(ခ)ဦးဇော်နှစ်သည် အကျဉ်းထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ ဝေဒနာခံစားရကာ ကွယ်လွန်ခဲ့သည်ဟု PPNMက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

နိုင်ငံ‌တော်အာဏာကိုသိမ်းယူပြီးနောက် စစ်ကောင်စီက ဖမ်းဆီးခဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရအဖွဲ့ဝင်များအနက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးဝင်းခိုင်တို့လည်း ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရခဲ့ဘဲ ပြီးခဲ့သည့် ၂၀၂၄အတွင်း ကွယ်လွန်ခဲ့သည်။

မြန်မာနိုင်ငံရှိ အကျဥ်းထောင်များတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မပေးခြင်းကြောင့် နိုင်ကျဉ်းအပါအဝင် အကျဉ်းကျခံနေရသူများသည်ရောဂါများ ဖြစ်ပွားခြင်း၊ ဆေးကုသခွင့် ဆုံးရှုံး၍ ရောဂါအခံများပိုမိုဆိုးရွားလာခြင်း၊ သေဆုံးသင့်သည့်အခြေနေမဟုတ်ပါဘဲ အသက်ပေးရသည်ထိ အခြေအနေဆိုးရွားနေကြောင်း PPNMက သတင်းထုတ်ပြန်ထားသည်။
😡56😢2812👍4🤬3👎1
(အင်းစိန်အကျဥ်းထောင်ကို Google Map မှ တွေ့ရစဥ်)
🖕38👍13🤬9💩3👎2😍21🔥1
သပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်
မုံရွာထောင်က​နေ အိုးဘိုထောင်သို့ပြောင်း​ရွေ့ခံရ

■"ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာ တော်တော်လေးကို စိုးရိမ်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။"
-ကိုရှင်းသန့် (မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်)


ဇွန်-၁၂၊ ၂၀၂၅။ဇေအောင်/People's Spring

လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မုံရွာထောင်ကနေ မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ ဇွန်လ (၁၂)ရက် မနက်ခင်းပိုင်းက မုံရွာအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

"ထောင်မှာ အကျဥ်းသားများလာတာရယ်၊ ပိုပြီး ဖိနှိပ်ချင်လို့ ပြောင်းတာလည်း ပါပါတယ်။"လို့ ကိုရှင်းသန့်က ပြောပါတယ်။

ယခင်က မုံရွာအကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသားများအား မန္တလေးထောင်သို့ပို့ပြီး ရိုက်နှက်နှိပ်စက်ပြီးနောက် မြင်းခြံအကျဥ်းထောင်သို့ ထပ်ပို့လေ့ရှိကြောင်း၊အခုလည်း မန္တလေးထောင်သို့ ရွှေ့လိုက်တဲ့အတွက် စိုးရိမ်နေရကြောင်း ၎င်းက ပြောပါတယ်။

"ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခုံရမှာ တော်တော်လေးကို စိုးရိမ်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။"လို့ ကိုရှင်းသန့်က တောင်းဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ အေးချမ်းစွာ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်က စစ်တပ်ကနေ ကားနဲ့တိုက်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ အဲဒီနောက် ကိုဝေမိုးနိုင်ကို ပုဒ်မပေါင်းစုံနဲ့ စစ်ကောင်စီက တရားစွဲဆိုပြီးထောင်ဒဏ် နှစ်(၇၀) ကျော် ချမှတ်ထားပါတယ်။
😡38💔2211👍5🤬4🔥1💯1
ကိုဝေမိုးနိုင်ကို ဆန္ဒပြပွဲတခုမှ တွေ့ရစဥ်။ ဓာတ်ပုံ-CJ ၊ Wai Moe Naing's FB
90👍14😁3🤬3😢3🥰2😡2
ပခုက္ကူတွင် စစ်အုပ်စု အခြေချ ဘန်ကာသုံးခုကို တော်လှန်ရေးတပ်ဖွဲ့များ စီးနင်းဖျက်ဆီး

▪️စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ

ဇွန်-၁၂၊ ၂၀၂၅။ ထင်လင်း/People's Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်မကျည်းကန်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားသည့်နေရာကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၁၀ ရက် နံနက် ၅ နာရီခန့်က အညာမြေတပ်ပေါင်းစုနှင့် ဧရာဒေါင်းတပ်ဖွဲ့တို့ ဦးဆောင်ပြီး ပခုက္ကူမြို့နယ် အနောက်မန်ကျည်းကန် ပျူရွာသို့စတင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီခန့်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒက်ရာရသွားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ဘန်ကာသုံးလုံးကို ရရှိပြီး စခန်းတစ်ခုလုံးအား သိမ်းပိုက်ခါနီးတွင် မကျည်းတန်းရွာနှင့်ကပ်လျက်ရှိ ဘဲကြီးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများအပါအဝင် ပခုက္ကူတပ်မ(၁၀၁)မှ တပ်ကူအချို့ရောက်ရှိလာခြင်းကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း အညာမြေတပ်ပေါင်းစုက အသိပေးသည်။

"မန်ကျည်းကန်ရွာက ပျူ၊ စခ အင်အား ၁၀၀ ဝန်းကျင်ပါ။ သူ့အနီးမှာကပ်လျက်က ဘဲကြီးပျူရွာပါ။ တခါ ပခုက္ကူ တပ်မ ၁၀၁ က သူနဲ့ကပ်လျက်တွေပါ"ဟု တပ်ပေါင်းစုတာဝန်ရှိသူက စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် မကျည်းကန်ပျူရွာဝန်းကျင်အခြေအနေကို ရှင်းပြသည်။

မကျည်းကန်ပျူရွာတိုက်ခိုက်မှုတွင် တော်လှန်ရေး ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာ(မပြင်းထန်)ရရှိခဲ့သော်လည်း အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှ စစ်ရေးလှုပ်ရှားမှု မတွေ့ရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ စစ်ဆင်ရေးတွင် အညာမြေတပ်ပေါင်းစုနှင့်အတူ ဧရာဒေါင်းတပ်ဖွဲ့၊ နယ်စည်းမခြား(PKU)၊ PPDF၊ ကိုရေခဲနှင့်ဗလညီနောင်ခေါင်းဆောင်လူငယ်‌ပြောက်ကျားတပ်ဖွဲ့၊ Youth Guerrilla Force(Y.G.F) ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ God of Myaing၊ မုန်တိုင်းပြောက်ကျားတပ်ဖွဲ့၊ DYT ပြောက်ကျားတပ်ဖွဲ့၊ 21bagan၊ BLY ပေါက်(ပကဖ)၊ သခင်ဖိုးလှကြီး (မကွေးခရိုင် ပကဖ တပ်ခွဲ၆)၊ Burmese Revolution Ranger ၊ PLO ပြောက်ကျားတပ်ဖွဲ့စသော တော်လှန်ရေးတပ်ဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
👍6325👏4🔥1🥰1
(အညာမြေတပ်ပေါင်းစုမှ ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု)
70👍18🥰2🔥1👌1
လားရှိုးမြို့လယ်ခေါင် ဓားပြတိုက်မှုဖြစ်ပြန်

ဇွန်-၁၂၊၂၀၂၅။စိုင်းနန်/People's Spring

MNDAA ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်ပြန်ဝင်လာသည့် လားရှိုးမြို့တွင် ဓားပြတိုက်လုယက်
မှုများမကြာခဏဖြစ်ပွား​နေရာ ယနေ့(ဇွန်လ၁၂
ရက်) နေ့ခင်းပိုင်းတွင် မြို့လယ်ရှိ ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်မှုထပ်မံဖြစ်ပွားသည်။

မွန်းလွဲ ၂နာရီခွဲခန့်တွင် လားရှိုးမြို့၊ မန်ဆူကျောင်းရှေ့ရှိ ဖုန်းဆိုင်ကို အိမ်စီးကားဖြင့်လာရောက်သူငါဦးက သေနတ်ပြ၍ ဓားပြတိုက်ပြီး အိုင်ဖုန်းအချို့အပါအဝင် ဖုန်းအများအပြား ယူဆောင်သွားသည်ဟု မြို့ခံတစ်ဦးကပြောသည်။

"လွယ်လွယ်လေးပဲ တိုက်သွားတာ။စစ်ကောင်စီက သူတို့တောင် နေရာမချနိုင်သေးတာ ကျန်တာ ဘာမှမလုပ်နိုင်သေးဘူး။ ခိုးဆိုးလုယက်တွေ ပေါမှပေါပဲ"ဟုဒေသခံမျိုးသမီးတစ်ဦးကပြောသည်။

အထက်ပါဓားပြတိုက်လုယက်မှုတွင် ဖုန်းအားလုံးဆုံးရှုံးခဲ့ပြီး ဆိုင်ရှင်နှင့်ဝန်ထမ်းများ ထိခိုက်မှုမရှိခဲ့ကြောင်း ဆိုင်ပိုင်ရှင်က လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။

"ကျနော့ဆိုင်ဓါးပြတိုက်ခံလိုက်ရပါတယ်။iPhone
ပါကင် second အကုန်ပါသွားပါတယ်။ပိုက်ဆံ
တွေလဲ ပါသွားပါတယ်"ဟု ဆိုင်ရှင်က ရေးသားထားသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAA နှင့် ပူး​ပေါင်းတပ်များက၂၀၂၄ သြဂုတ်လဆန်းတွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ် အုပ်ချုပ်နေစဉ် တရုတ်၏ ဖိအားကြောင့် စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်သည်။ မြို့ပေါ်ရပ်ကွက် ၁၂ခုကိုသာ MNDAA က ပြန်ပေးခြင်းဖြစ်ပြီး ဧပြီလ ၁၉ရက်မှစ၍လားရှိုးမြို့သို့ စစ်ကောင်စီတပ် ပြန်ဝင်လာခဲ့သည်။ လဝကဌာန၊ ဆေးရုံ၊ပညာရေးရုံးတို့ဖွင့်လှစ်ထားပြီး အုပ်ချုပ်ရေး ယန္တရားလည်ပတ်အောင် စစ်ကောင်စီကကြိုးစားနေသည်။

သို့​သော်စစ်ကောင်စီသည်လားရှိုးမြို့ကိုမအုပ်ချုပ်နိုင်သေးဘဲ တရားဥပဒေစိုးမိုးမှုမရှိသည့်အခြေ
အနေဖြစ်နေသည်ဟု မြို့ခံအချို့ကပြောသည်။

စစ်ကောင်စီပြန်ဝင်လာသည့် ဧပြီလ ၂၀ ရက်‌
နောက်ပိုင်း ဓားပြတိုက်မှု ၁၅ မှုထက်မနည်းဖြစ်ခဲ့ပြီး တရားခံဖမ်းမိခြင်းမရှိသလိုတိုင်စရာနေရာလည်းမရှိကြောင်း မြို့ခံများကပြောသည်။

လားရှိုးမြို့တွင် နေ့ခင်းပိုင်းများ၌ပါ ဓားပြတိုက်မှုများဖြစ်ပွားနေ၍ သတိပြုနေထိုင်ကြရန် စစ်တပ်ထောက်ခံသူများကိုယ်တိုင် သတိပေးနေကြသည်။
😁44😡1511👍5😱3🔥2🤮2🤬1
စစ်​ကောင်စီတပ် ပြန်ဝင်လာခါနီးတွင် MNDAA အလံကို ဖြုတ်ချ၍ စစ်​ကောင်စီအလံလွှင့်စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ
👎28🤬169👍4🤮3
ရွှေ​ဈေးကျပ်သိန်း ၈၀ အထိတက်လာပြီး ဆိုင်အချို့အ​ခေါက်​ရွှေအ​ရောင်းပိတ်

■​​ဒေါ်လာ​ဈေးလည်းတက်လာပြီးဝယ်​ဈေး ၄၄၀၀၊​ရောင်း​ဈေး ၄၅၀၀ ကျပ်ဝန်းကျင်​​ဈေး​ပေါက်

ဇွန်-၁၂၊၂၀၂၅။ရဲခေါင်/People's Spring

ပြည်တွင်းရွှေ​ဈေး တစ်ကျပ်သားလျင်ကျပ် သိန်း ၈၀ ထိ စျေးတက်လာပြီး အခေါက်ရွှေဆိုင်အချို့အရောင်း၊အဝယ်ပိတ်လိုက်ကြောင်းရွှေစျေးကွက်မှ အရောင်းအဝယ်ပြုလုပ်နေသူများက ပြော
သည်။

ယနေ့(ဇွန်လ ၁၂ ရက်) ညနေ ၄ နာရီခွဲအထိ ကမ္ဘာရွှေစျေးသည် တစ်အောင်စ ၃,၃၆၁ ဒေါ်လာရှိကာ နံနက်ပိုင်း အဖွင့်စျေးထက် ၃၇ ဒေါ်လာတက်လာသည်။ ပြည်တွင်း ရွှေစျေးမှာလည်းလိုက်ပါတက်လာပြီး ညနေပိုင်း စျေးကွက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၈, ၀၂၀, ၀၀၀ ကျပ် နှင့် ၁၅ ပဲရည်တစ်ကျပ်သား ရောင်း စျေး ၇,၄၆၀,၀၀၀ ဝန်းကျင်အထိ ရှိနေသည်ဟု ​ရွှေ​ရောင်းဝယ်သူအချို့က​ပြောသည်။

ထို​ကြောင့် ပြည်တွင်း​ရွှေစျေးနှုန်းသည် တစ်ပါတ်အတွင်း တစ်ကျပ်သားလျင်သုံးသိန်းကျပ်အထိ ထပ်မံစျေးမြင့်လာခြင်းဖြစ်သည်။

ပြည်တွင်း၌ ရွှေ ချိန်တွယ်ရာတွင်မူ ကျပ်၊ပဲ၊မူး၊ရွေး ကိုအသုံးပြုပြီး တစ်ကျပ်သားလျှင် ၀ ဒသမ ၅၂၅ အောင် စ ရှိကာ (ယနေ့ကမ္ဘာ့ရွှေပေါက်စျေး× တစ်ဒေါ်လာငွေလဲနှုန်း× ၀ ဒသမ ၅၂၅ )
ဖြင့် တွက်ချက်ပါက ရရှိသည့် ပမာဏသည် အနီးစပ်ဆုံးပြည်တွင်း အခေါက်ရွှေစျေးရရှိမည် ဖြစ်
သည်။

"ပြည်တွင်းရွှေစျေးတက်နေတာက ကမ္ဘာ့ရွှေစျေးကွက်က အခြေခံပဲ။ကမ္ဘာ့ရွှေဘာကြောင့်တက်လည်းဆိုရင် အင်အားကြီးနိုင်ငံများရဲ့ စစ်ရေးနဲ့ ပြည်တွင်းရေး တွေပေါ်မူတည်တယ်။စျေးဖွင့်တယ် ။ပြီးရင်ငွေလဲနှုန်း ဒေါ်လာစျေးကြောင့်ပေါ့။ဒေါ်လာစျေးလည်း တောက်လျှောက်အတက်ဘက်ဦးတည်နေတယ်"ဟုရွှေဆိုင်လုပ်ငန်း ရှင်တစ်ဦး​က ရွှေစျေးတက်ရသည်ကို ရှင်းပြသည်။

ပြည်ပငွေလဲလှယ်နေသူတစ်ဦးကလည်း "ဒေါ်လာစျေးက ဝယ်/ရောင်း ၄၄၀၀ နဲ့ ၄၅၀၀ (တစ်ဒေါ်လာလျှင် အဝယ်စျေး ၄၄၀၀ ကျပ် နှင့် ရောင်းစျေး ၄၅၀၀) ဒီနေ့ စျေးထွက်တယ်။တက်တာပေါ့။တခြား ငွေစျေးတွေလည်း တက်နေတယ်"ဟုပြော
သည်။

စစ်ကိုင်းငလျင်အပြီး စီးပွားရေးအရ ဆုတ်ယုတ်မှုများနှင့် ယခင်ထက် လိုအပ်ချက်များလာမည့်ဒေါ်လာ ငွေ အပြင် အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာအလုပ်
သမားရေးရာအဖွဲ့ ILO ၏ အရေးယူရန်အတည်
ပြု မှုသည် ယိုင်နဲ့နေသည့် မြန်မာ့စီးပွားရေးသည် ကြပ်တည်းမှုပေါင်းစုံဖြစ်လာနိုင်​ကြောင်း စီးပွား
ရေးလုပ်ငန်းရှင်အချို့က အသိပေးထားသည်။

စစ်​ကောင်စီက လေကြောင်း နှင့် လက်နက်ကြီးများဖြင့်နိုင်ငံတဝန်းရှိကျောင်းများ၊​ဆေးရုံ​ဆေး
ခန်းများ၊ ဘာသာရေးအဆောက်အအုံများ၊​နေအိမ်များကို ဗုံးကြဲ ပစ်ခတ်ခြင်း၊ အပြစ်မဲ့ပြည်သူများကို ရက်စက်စွာသတ်ဖြတ်ခြင်းများ​ကြောင့် စစ်လက်နက်ပစ္စည်း တင်သွင်းမှုများ၊ လေယာဉ်ဆီနှင့် လောင်စာဆီ တင်သွင်းမှုများကို ရပ်တန့်နိုင်ရန်နှင့် စစ်​​ကေင်စီ၏ ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်နိုင်ရန် ဇွန်လ ၅ ရက်တွင် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် ပုဒ်မ ၃၃ ဖြင့်အ​ရေးယူဒဏ်ခတ်ရန်ဆုံးဖြတ်ခဲ့သည်။
👍513🔥3🤬3👏1😢1
ရွှေ​ဈေးမှာ တစ်ပါတ်အတွင်းကျပ်သုံးသိန်း​ကျော်​ဈေးတက်ခဲ့သည်။ရွှေအ​ရောင်းပိတ်​ကြောင်း​ကြေညာထားမှု ။ဓါတ်ပုံ-CJ
👍464🔥4🤬3
မုံရွာထောင်ကနေနိုင်ကျဥ်းတွေအပါအဝင် အ
ကျဥ်းသား နှစ်ရာဝန်းကျင်ထောင်ပြောင်းရွှေ့ခံရ

ဇွန်- ၁၂၊ ၂၀၂၅။ဇေအောင်/People's Spring

မုံရွာအကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသားများအပါအဝင်အကျဥ်းသားနှစ်ရာခန့်ကိုမန္တလေး၊ မကွေးနဲ့ မြင်းခြံထောင်တွေကိုပို့ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ၁၂ရက်မနက် ၅နာရီကျော်ခန့်က အနောက်
မြောက်တိုင်းစစ်ဌာနချုပ်( နမခ)ကနေ သံပြားကာကား (၂)စီး၊ အိမ်စီးကား(၃)စီး၊ ဆယ့်နှစ်ဘီးကား (၆)စီးနဲ့ မုံရွာထောင်က နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူတွေအပါအဝင် အကျဉ်းသား နှစ်ရာခန့်ကို ထောင်ပြောင်းဖို့ လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ PPNMက​ဖော်ပြပါတယ်။

အဲဒီအကျဥ်းသားတွေကိုမန္တလေးအိုးဘိုအကျဉ်း
ထောင်၊မြင်းခြံထောင်နဲ့မကွေး‌ထောင်တွေကို ပို့ဆောင်မယ်လို့ စုံစမ်းသိရှိထားကြောင်း PPNMက ဆိုပါတယ်။

ထောင်ပြောင်းဖို့ ခေါ်ဆောင်သွားသူတွေထဲမှာ လူ
ထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်ကြောင်း နိုင်ငံရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။

မုံရွာအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေကို အရင်ကလည်း မန္တလေးထောင်သို့ပို့ပြီး ရိုက်နှက်နှိပ်စက်ပြီးနောက် မြင်းခြံအကျဥ်းထောင်သို့ ထပ်ပို့လေ့ရှိကြောင်း၊အခုလည်း မန္တလေးထောင်သို့ ရွှေ့လိုက်တဲ့အတွက် စိုးရိမ်နေရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

"ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာ တော်
တော်လေးကို စိုးရိမ်ပါတယ်။ အဲဒါကြောင့် ပြည်
သူလူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။"လို့ ကိုရှင်းသန့်က တောင်းဆိုပါတယ်။

PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက "အဓိကကတော့ မုံရွာအနေအထားဟာ လုံခြုံရေးအားဖြင့် စိုးရိမ်ရတဲ့အနေအထားကို ချဥ်းကပ်လာတယ်လို့ မြင်တယ်။ အလယ်ပိုင်းတိုင်းမှာ ကျွန်တော်တို့ တော်လှန်ရေးတပ်အင်အားတွေ တိုက်ရည်ခိုက်ရည် ကောင်းမွန်လာတဲ့အခါမျိုးမှာ လုံခြုံရေးအရ စိတ်မချလို့သော်လည်းကောင်း၊ နယ်မြေအခြေအနေလုံခြုံရေးအားဖြင့်သော်လည်း
ကောင်း တွက်ဆပြီးမှ မုံရွာအကျဥ်းထောင်ထဲမှာ ထားလို့မရနိုင်လောက်တဲ့သူတွေ အထူးသဖြင့် တော်လှန်ရေး နိုင်ငံရေးက လူသိများတဲ့ ပုဂ္ဂိုလ်တွေကို ဦးတည်ချက်ထားပြီး တခြားအကျဥ်းထောင်ထဲမှာ လုံခြုံမယ် ငြိမ်းချမ်းမယ်လို့ ကနဦးယူဆထားတဲ့ အကျဥ်းထောင်တွေကို ပို့ဆောင်တယ်လို့ သုံးသပ်ပါတယ်။"လို့ ပြောပါတယ်။

ဒါ့အပြင်အိုးဘိုအကျဥ်းထောင်မှာလည်း ငလျင်ဒဏ်ကြောင့် အဆောက်အဦး ပျက်စီးတာတွေရှိခဲ့လို့ ရှိတဲ့အဆောက်အအုံမှာ အကျဥ်းသားတွေဟာ ကြပ်ညပ်စွာ နေထိုင်နေရကြောင်း၊ဒီလိုအနေအ
ထားမှာ အကျဥ်းသားတွေထပ်ပြောင်းရွှေ့တာဟာ စိုးရိမ်ရကြောင်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။
🤬2524😢6👎3👍2🤮1😡1
(မုံရွာအကျဥ်းထောင်ရှေ့ရှိ စစ်ကောင်စီရဲများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ
🖕433🤮3💩3👎2🤬1
နောင်ချိုမြို့နယ်အတွင်းစစ်တပ်ထိုးစစ်ကြောင့် ပြည်သူတထောင်ကျော် ကျောက်မဲသို့ စစ်ဘေးရှောင်

ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မ
တော်(TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ဒေသခံ တထောင်ကျော် ကျောက်မဲမြို့နယ်သို့ တိမ်းရှောင်နေရကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

​နောင်ချိုမြို့ဘက်သို့စစ်တပ်က ထိုးစစ်ဆင်သဖြင့်
ဧပြီ ၂၉ရက်မှ ဇွန်လ ၈ရက် အတွင်း ​နောင်ချိုမြို့မှပြည်သူ ၁၀၁၄ဦးသည် ကျောက်မဲမြို့ဘက်သို့ စစ်ရှောင်နေသည်ဟု TNLAကဖော်ပြသည်။စစ်ရှောင်များသည်တိလင်ပရိတ္တိစာသင်တိုက်၊ အဝေ
ရာပါသကျောင်း၊နောင်ပိန်(အ.ထ.က)ကျောင်း၊ ထန်းတပင်ကျေးရွာ၊ လုပ်ပါဟကျေးရွာများသို့ ရောက်ရှိခိုလှုံနေသည်ဟုသိရသည်။

အဆိုပါစစ်ရှောင်များသည်နောင်ချိုမြို့နယ်ရှိ ရပ်
ကွက်နှင့်ကျေးရွာ ၃၀ကျော်မှ ပြည်သူများ ဖြစ်
သည်ဟု အသိပေးသည်။ကျောက်မဲသို့တိမ်းရှောင်
လာသူများသည် နောင်ချိုမြို့နယ်တောင်ရပ်ကွက်၊ ဘူတာရပ်ကွက်၊စျေးရပ်ကွက်၊ စျေးကုန်း၊ နောင်လင်၊ သရက်ကုန်း၊ ကန်ကြီး၊ ရေဖြူ၊ လောက်ဖန်း၊ ညောင်ပင်သာ၊ မဲပုတ်၊ နောင်ချိုကြီး၊ ရေမောင်းတန်း၊ ညောင်နီ၊ သုံးဆယ်၊ ‌တောင်ရှည်၊ မျက်ချီးနု၊ သပြေရေ၊နားရှိး၊ ရွှေမုဠော၊ မန်မော်၊ အင်းဖို၊ တောင်လှ၊ တောင်ခမ်း၊ လက်ပံကုန်း၊ လွယ်ခေါ်၊ ပိန္နဲကုန်း၊ နောင်အော၊ ညဏ်တော၊ လုံခံ၊ နမ့်ဆောင်ဟူးနှင့် ပါဟတ်ကျေးရွာ တို့မှ ပြည်သူများဖြစ်
သည်ဟု အသိ​ပေးထားသည်။

စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ် (၃)ဖွဲ၏ တဖက်သတ်အပစ်ခတ်ရပ်စဲရေးကာလကိုအခွင့်
ကောင်း ယူပြီး စစ်အင်အားတိုးချဲလာခြင်း၊ ထိုးစစ်ဆင်လာခြင်း၊တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်
နက်ကြီးပစ် ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊ အဆိပ်ငွေ့ဗုံးများ ကြဲချခြင်းနှင့်လေကြောင်းဖြင့် ဗုံးကြဲခြင်းစသည့်လုပ်ရပ်များ ပြုလုပ်လျှက်ရှိနေကြောင်း TNLAက ထုတ်ပြန်သည်။

"နောင်ချို၊တောင်ခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်
ရွက်နေ တာဖြစ်ပါတယ်။”ဟုTNLAပြောရေးဆို
ခွင့် ရှိသူ လွေးယေဦးက ဇွန်လ ၅ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုလည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟုလည်း TNLA က ထုတ် ပြန်သည်။ထိုသို့ လုပ်ဆောင်ခြင်းသည် အပြစ်မဲ့ပြည်သူလူထုများကို သေကြေပျက်
စီးစေလိုခြင်းနှင့် တအာင်းပြည်(TNLA သိမ်းပိုက်ထားသည့်နယ်မြေများ)အတွင်း မနေရဲအောင် ရည်
ရွယ်ချက်ရှိရှိ ဦးတည်ခြင်းဖြစ်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်တိုက်ခိုက်မှုများကြောင့် ပြည်သူ သေဆုံးထိခိုက်မှုများစွာ ရှိခဲ့ပြီးလူနေအိမ် ၊ ဘုန်း
ကြီးကျောင်းနှင့်စာသင်ကျောင်းများစွာ ပျက်စီးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီသည်ငလျင်အကြောင်းပြပြီးအပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း TNLA နယ်မြေအပါအဝင်နိုင်ငံတဝန်းလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရသည်။
😢39🤬1210👍3🔥3👎2😡2🤮1