People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
■Photo News

သင်တန်းသား ၈၀၀ ​ကျော်တက်​ရောက်ခဲ့တဲ့
TNLAရဲ့စစ်ရေးသင်တန်းဆင်းပွဲ

​ဇွန်-၁၂၊၂၀၂၅။ People's Spring

သင်တန်းသူ၊သင်တန်းသားစုစု​ပေါင်း ၈၀၀ ​ကျော်တက်​ရောက်ခဲ့တဲ့တအာင်းအမျိုးသားလွတ်
မြောက်ရေးတပ်မတော် TNLAရဲ့အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တစ်နေရာမှာဇွန်လ (၆)ရက်နေ့၌ ပြုလုပ်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။သင်တန်းကိုအမှတ်စဥ် (က)နဲ့(ခ)ခွဲဖွင့်လှစ်ခဲ့ပြီး​တော့ တိုက်
ခိုက်ရေးကျွမ်းကျင်မှုအဆင့်ရှိစေဖို့အဓိကသင်
ကြားပေးခဲ့ကာသင်တန်းကာလ သုံးလကျော်ကြာသင်ကြားပေးခဲတယ်လို့ထုတ်ပြန်ထားပါတယ် ။

သင်တန်းဆင်းပွဲကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင် တကိ​ရောက်ပြီး ဘက်စုံတိုက်ခိုက်ရေးသင်တန်းပေးခြင်းဟာ တအာင်းပြည်ကို ကာကွယ်သွားကြဖို့၊ ရဲဘော်​တွေဟာ လူကြီး​တွေရဲ့ အလုပ်တာဝန်ကို ပုခုံးလွှဲပြောင်း ထမ်းဆောင်နိုင်
ရမှာဖြစ်သလို သင်တန်းအတွင်း ဆရာ/မများသင်ကြားပေးတဲ့ ပညာကို မမေ့ကြဖို့ ၊ အမိန့်နာ
ခံတတ်ကြဖို့ နဲ့ရန်သူကို အမြဲတစေ သတိထားဖို့လိုအပ်တယ်လို့မှာကြားခဲ့ပါတယ်။

စစ်ရေးသင်တန်းအတွင်းမှာ သေနတ်ပစ်ထူးချွန်ဆု၊ သေနတ်တပ်ဆင်ဖြုတ် ထူးချွန်ဆုနဲ့အထူးတိုက်ခိုက်ရေး ထူးချွန်ဆုရရှိသည့်သူ​တွေကိုဆုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ဆိုပါတယ် ။သင်တန်း
ဆင်း တပ်ဖွဲ့ဝင်​တွေဟာတအာင်းပြည်ရှိ မြို့နယ်အသီးသီးမှာတာဝန်ထမ်းဆောင်သွားရမယ်လို့
ဆိုပါတယ် ။

၂၀၂၄ခုနှစ် နိုဝင်ဘာ(၉)ရက်နေ့ကလည်းတအာင်းတပ်မတော် TNLAရဲ့ အပတ်စဥ် (၆၆) စစ်ရေသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ် ။

တ​အာင်း​​ဒေသမှာ ​TNLAဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထားတဲ့ ​နောင်ချိုမြို့ကို စစ်တပ်ကထိုးစစ်ဆင်သိမ်းပိုက်ဖို့ကြိုးစား​နေတာ​ကြောင့်တိုက်ပွဲ​တွေအပြင်းအထန်ဖြစ်ပွား​နေပါတယ် ။
60👍30🔥2👏2🥰1🎉1
ဓါတ်ပုံ-PSLF/TNLA
69👍22🔥1🕊1
အင်းစိန်ထောင်တွင်း ကျန်းမာရေးဆိုးရွား‌နေသည့် နိုင်ကျဉ်းတစ်ဦး ပြင်ပဆေးရုံတွင် ကုသစဉ် ကွယ်လွန်

ဇွန်-၁၂၊ ၂၀၂၅။ ဇော်ရမ်း/People's Spring

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ နိုင်ငံရေးအကျဥ်းသားတစ်ဦးသည် အင်းစိန်ထောင်တွင်း ကျန်းမာရေးဆိုးရွားပြီး ပြင်ပဆေးရုံတွင် ကုသနေစဉ် ယမန်နေ့(ဇွန်လ ၁၁ရက်)၌ ကွယ်လွန်သွားခဲ့သည်။

အသက်(၅၇)နှစ်အရွယ် ဦးကျော်မင်းကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးထောင်ချထားစဉ် ထောင်တွင်းကျန်းမာရေးဆိုးရွားခဲ့ခြင်းဟု ၎င်း၏ မိတ်ဆွေတစ်ဦးကပြောသည်။

"သူက ထောင်(၃)နှစ် ကျထားတာ။ ပြန်လွတ်ကာနီးမှဗျာ အခုလိုဖြစ်တာ။ ကျန်းမာရေးက တော်တော် မကောင်းဘူးဖြစ်တာ" ဟု ၎င်းက ပြောသည်။

ဦးကျော်မင်းသည် ထောင်တွင်းကျန်းမာရေးအလွန်ဆိုးရွားလာ၍ အင်းစိန်မြို့နယ်ဆေးရုံပို့ ပို့ဆောင်ကုသစဉ် ကွယ်လွန်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများအား လူအခွင့်ရေချိုးဖောက်မှုများကျူးလွန်နေသလို ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုအလုံအလောက်မပေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်မေလ၂၃ရက်နေ့ကလည်း သာယာဝတီအကျဉ်းထောင်အတွင်း ထောင် ၁၀နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ဦးကျော်စိုး(ခ)ဦးဇော်နှစ်သည် အကျဉ်းထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ ဝေဒနာခံစားရကာ ကွယ်လွန်ခဲ့သည်ဟု PPNMက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

နိုင်ငံ‌တော်အာဏာကိုသိမ်းယူပြီးနောက် စစ်ကောင်စီက ဖမ်းဆီးခဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရအဖွဲ့ဝင်များအနက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးဝင်းခိုင်တို့လည်း ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရခဲ့ဘဲ ပြီးခဲ့သည့် ၂၀၂၄အတွင်း ကွယ်လွန်ခဲ့သည်။

မြန်မာနိုင်ငံရှိ အကျဥ်းထောင်များတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မပေးခြင်းကြောင့် နိုင်ကျဉ်းအပါအဝင် အကျဉ်းကျခံနေရသူများသည်ရောဂါများ ဖြစ်ပွားခြင်း၊ ဆေးကုသခွင့် ဆုံးရှုံး၍ ရောဂါအခံများပိုမိုဆိုးရွားလာခြင်း၊ သေဆုံးသင့်သည့်အခြေနေမဟုတ်ပါဘဲ အသက်ပေးရသည်ထိ အခြေအနေဆိုးရွားနေကြောင်း PPNMက သတင်းထုတ်ပြန်ထားသည်။
😡56😢2812👍4🤬3👎1
(အင်းစိန်အကျဥ်းထောင်ကို Google Map မှ တွေ့ရစဥ်)
🖕38👍13🤬9💩3👎2😍21🔥1
သပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်
မုံရွာထောင်က​နေ အိုးဘိုထောင်သို့ပြောင်း​ရွေ့ခံရ

■"ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာ တော်တော်လေးကို စိုးရိမ်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။"
-ကိုရှင်းသန့် (မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်)


ဇွန်-၁၂၊ ၂၀၂၅။ဇေအောင်/People's Spring

လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မုံရွာထောင်ကနေ မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ ဇွန်လ (၁၂)ရက် မနက်ခင်းပိုင်းက မုံရွာအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

"ထောင်မှာ အကျဥ်းသားများလာတာရယ်၊ ပိုပြီး ဖိနှိပ်ချင်လို့ ပြောင်းတာလည်း ပါပါတယ်။"လို့ ကိုရှင်းသန့်က ပြောပါတယ်။

ယခင်က မုံရွာအကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသားများအား မန္တလေးထောင်သို့ပို့ပြီး ရိုက်နှက်နှိပ်စက်ပြီးနောက် မြင်းခြံအကျဥ်းထောင်သို့ ထပ်ပို့လေ့ရှိကြောင်း၊အခုလည်း မန္တလေးထောင်သို့ ရွှေ့လိုက်တဲ့အတွက် စိုးရိမ်နေရကြောင်း ၎င်းက ပြောပါတယ်။

"ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခုံရမှာ တော်တော်လေးကို စိုးရိမ်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။"လို့ ကိုရှင်းသန့်က တောင်းဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ အေးချမ်းစွာ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်က စစ်တပ်ကနေ ကားနဲ့တိုက်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ အဲဒီနောက် ကိုဝေမိုးနိုင်ကို ပုဒ်မပေါင်းစုံနဲ့ စစ်ကောင်စီက တရားစွဲဆိုပြီးထောင်ဒဏ် နှစ်(၇၀) ကျော် ချမှတ်ထားပါတယ်။
😡38💔2211👍5🤬4🔥1💯1
ကိုဝေမိုးနိုင်ကို ဆန္ဒပြပွဲတခုမှ တွေ့ရစဥ်။ ဓာတ်ပုံ-CJ ၊ Wai Moe Naing's FB
90👍14😁3🤬3😢3🥰2😡2
ပခုက္ကူတွင် စစ်အုပ်စု အခြေချ ဘန်ကာသုံးခုကို တော်လှန်ရေးတပ်ဖွဲ့များ စီးနင်းဖျက်ဆီး

▪️စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ

ဇွန်-၁၂၊ ၂၀၂၅။ ထင်လင်း/People's Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်မကျည်းကန်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားသည့်နေရာကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၁၀ ရက် နံနက် ၅ နာရီခန့်က အညာမြေတပ်ပေါင်းစုနှင့် ဧရာဒေါင်းတပ်ဖွဲ့တို့ ဦးဆောင်ပြီး ပခုက္ကူမြို့နယ် အနောက်မန်ကျည်းကန် ပျူရွာသို့စတင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီခန့်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒက်ရာရသွားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ဘန်ကာသုံးလုံးကို ရရှိပြီး စခန်းတစ်ခုလုံးအား သိမ်းပိုက်ခါနီးတွင် မကျည်းတန်းရွာနှင့်ကပ်လျက်ရှိ ဘဲကြီးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများအပါအဝင် ပခုက္ကူတပ်မ(၁၀၁)မှ တပ်ကူအချို့ရောက်ရှိလာခြင်းကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း အညာမြေတပ်ပေါင်းစုက အသိပေးသည်။

"မန်ကျည်းကန်ရွာက ပျူ၊ စခ အင်အား ၁၀၀ ဝန်းကျင်ပါ။ သူ့အနီးမှာကပ်လျက်က ဘဲကြီးပျူရွာပါ။ တခါ ပခုက္ကူ တပ်မ ၁၀၁ က သူနဲ့ကပ်လျက်တွေပါ"ဟု တပ်ပေါင်းစုတာဝန်ရှိသူက စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် မကျည်းကန်ပျူရွာဝန်းကျင်အခြေအနေကို ရှင်းပြသည်။

မကျည်းကန်ပျူရွာတိုက်ခိုက်မှုတွင် တော်လှန်ရေး ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာ(မပြင်းထန်)ရရှိခဲ့သော်လည်း အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှ စစ်ရေးလှုပ်ရှားမှု မတွေ့ရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ စစ်ဆင်ရေးတွင် အညာမြေတပ်ပေါင်းစုနှင့်အတူ ဧရာဒေါင်းတပ်ဖွဲ့၊ နယ်စည်းမခြား(PKU)၊ PPDF၊ ကိုရေခဲနှင့်ဗလညီနောင်ခေါင်းဆောင်လူငယ်‌ပြောက်ကျားတပ်ဖွဲ့၊ Youth Guerrilla Force(Y.G.F) ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ God of Myaing၊ မုန်တိုင်းပြောက်ကျားတပ်ဖွဲ့၊ DYT ပြောက်ကျားတပ်ဖွဲ့၊ 21bagan၊ BLY ပေါက်(ပကဖ)၊ သခင်ဖိုးလှကြီး (မကွေးခရိုင် ပကဖ တပ်ခွဲ၆)၊ Burmese Revolution Ranger ၊ PLO ပြောက်ကျားတပ်ဖွဲ့စသော တော်လှန်ရေးတပ်ဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
👍6325👏4🔥1🥰1
(အညာမြေတပ်ပေါင်းစုမှ ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု)
70👍18🥰2🔥1👌1