People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
KNU တပ်မဟာ(၇)ဌာနချုပ် နယ်မြေကို စစ်ကောင်စီ အ​သေခံဒရုန်း ၇စီးဖြင့်တိုက်ခိုက်

■ဒရုန်း ၅လုံးပေါက်ကွဲ​သော်လည်းထိခိုက်မှုမရှိ

ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ
(၇) ဌာနချုပ်နယ်မြေကို အာဏာသိမ်းစစ်ကောင်စီက အသေခံဒရုန်းအသုံးပြုပြီးထပ်မံ တိုက်ခိုက်လာရာ ဒရုန်း ၅စင်းပေါက်ကွဲခဲ့သော်လည်းလူ ထိခိုက်မှုမရှိကြောင်း KNU သတင်းရင်းမြစ်တဦးက ပြောသည်။

ဇွန်လ ၁၂ရက် နံနက်အစောတွင်စစ်ကောင်စီက ဒရုန်းအသုံးပြု တိုက်ခိုက်လာခြင်းဖြစ်သည်ဟုသိရသည်။

“တပ်မဟာ(၇)မှာပဲ။ အထိအခိုက်မရှိဘူး။ လာတာက ၇လုံးလာတာ။ အဆောက်အဦးမထိဘူး။ သူတို့ ပြောတာ ပေါက်တယ်လေ။ မပေါက်တာ ၂လုံး၊ ပေါက်တာ ၅လုံးလား ဒါပေမဲ့ ထိခိုက်မှုတော့ ဘာမှမရှိဘူး။သူတို့ကတော့ကိုယ့်ရန်သူကို လာပစ်တဲ့သဘောပေါ့။ကျနော်တို့ကတော့ စစ်ရေးဆိုတော တော်လှန်ရေးဆိုတော့ သတိနဲ့အဲဒီလို ရှိတဲ့အခါကျ ဘာမှ ထိခိုက်မှုမရှိဘူး။ သူတို့လာနေကျအတိုင်း လာပစ်တာ။” ဟု KNU သတင်းရင်းမြစ်ကPeople's Spring သို့ပြောသည်။

ယခုနှစ်ဆန်းပိုင်းကလည်း KNU တပ်မဟာ(၇)
နယ်မြေကို စစ်ကောင်စီက အသေခံဒရုန်း အသုံး
ပြု တိုက်ခိုက်မှု ရှိခဲ့ဖူးသည်။

KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များသည် တပ်မဟာ(၇)နယ်မြေရှိ စစ်ကောင်စီ တပ်စခန်းများကို ၂၀၂၄ နှစ်ကုန်ပိုင်းမှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဝက်ကျော်အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း ၈ခုထက်မနည်းကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။

ထို့အပြင်တပ်မဟာ(၆)နယ်မြေရှိစစ်ကောင်စီ၏
နယ်စပ်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ မေလနှင့် ဇွန်လအတွင်း စစ်ကောင်စီတပ်စခန်း ၆ခုထက်မနည်း သိမ်းပိုက်ရရှိထားသည်။ ဥကရစ်ထ၊ ဝေါ်လေဗျူလာ၊ ထီးကလပယ် စသည့် လက်ကျန်တပ်စခန်းများကို စစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

KNU တပ်မဟာနှင့် ခရိုင် ၇ခုရှိရာ ခရိုင်၊ တပ်မဟာနယ်မြေအားလုံး၌ တိုက်ပွဲများ ရှိနေပြီး စစ်ရေးအရှိန်တိုးမြှင့်ကာ KNU နယ်​မြေအတွင်းရှိစစ်စခန်းအားလုံးကိုသိမ်းပိုက်သွားမည်ဖြစ်​ကြောင်း KNU တာဝန်ရှိသူများက ပြောကြားထားသည်။
👎23😡1711👍8🤬4🔥3👌1
စစ်​ကောင်စီက KNU ဌာနချုပ်ကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက အ​သေခံဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး​နောက် ​တွေ့ရ​သော ဒရုန်းအပိုင်းအစအချို့။
ဓါတ်ပုံ-KNU
👍36👎124🔥4🤮2
ပြောက်ကျားဦးထုပ်​ဆောင်းသူ​တွေက ရွယ်တူလူငယ်တွေကို အနိုင်ကျင့်တဲ့ရုပ်သံထွက်ပေါ်လာ

■ရုပ်သံကြည့်ပြီးပြည်သူ​အများစု​ဒေါသထွက်​နေ

ဇွန်-၁၂၊၂၀၂၅။မေရီ/People's Spring

​​ပြောက်ကျားဦးထုပ်​ဆောင်းထားတဲ့ လူငယ်​တွေက ရွယ်တူလူငယ်တွေကို လိုက်လံအနိုင်ကျင့်တဲ့ရုပ်သံထွက်ပေါ်လာပြီး ပြည်သူတွေ ဒေါသထွက်နေကြပါတယ်။

မန္တလေးမှာဖြစ်ပွားခဲ့တဲ့ အဲဒီရုပ်သံမှာ လူငယ်လေးယောက်စီးလာတဲ့ ဆိုင်ကယ်နောက်ကို စစ်ကောင်
စီရဲ့ ပြောက်ကျားလျှာထိုးဦးထုပ်ဆောင်းထားတဲ့အရပ်ဝတ်လူငယ်တစ်ယောက်က "စစ်ကြောရေးအကုန်ထည့်မှာ"လို့ ပြောပြီး ဆဲဆိုကာ ဆိုင်ကယ်နှစ်စီးနဲ့ လိုက်ပါတယ်။ နောက်ထပ်လည်း ဦးထုပ်ဆောင်းထားတဲ့လူငယ်တဦးဟာ အခြားတဦးနဲ့အတူ လူငယ်လေးယောက်ဆိုင်ကယ်နောက်ကို လိုက်ခဲ့ကြပါတယ်။

တနေရာမှာတော့ လူငယ် ၄ ယောက်ကို မိသွားပြီး
စစ်ကောင်စီပြောက်ကျား စစ်သားနဲ့ ပျူ​စောထီး​တွေ​ဆောင်း​လေ့ရှိတဲ့ ​ပြောက်ကျားဦးထုပ်ဆောင်းထားတဲ့ လူငယ်တစ်ယောက်က ဦးဆောင်ပြီး လူ
ငယ်လေးယောက်ကို ပါးတွေရိုက်၊ ခြေထောက်တွေနဲ့ကန်၊ ဖိနပ်တွေနဲ့ အချက်ပေါင်းများစွာ ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခဲ့ကြပါတယ်။

"ဘာကောင်မှန်းမသိဘဲ ဆဲတာလား"လို့လည်း ဦးထုပ်နဲ့တယောက်က ပြောရင်း ခြေထောက်တွေနဲ့ ကန်ခဲ့တာ တွေ့ရပါတယ်။ လူငယ်လေးယောက်ဟာ ဒူးထောက်ပြီး လက်အုပ်ချီထားတာကို အ
ကြိမ်ပေါင်းများစွာ ထိုးကြိတ်ကန်ကြောက်ခဲ့ပါတယ်။ အခြားလူငယ်တွေကပါ ဝင်ရောက်ထိုးကြိတ်ရိုက်နှက်ခဲ့တာတွေ့ရပါတယ်။

နှိပ်စက်ခံရတဲ့ လူငယ်တွေထဲက တဦးကိုလည်း ရိုက်နှက်ပြီး ဖုန်းဆက်ခိုင်းနေတာကို တွေ့ရပါတယ်။

နောက်ထပ်ရုပ်သံမြင်ကွင်းမှာတော့ မန္တလေးမြို့ လမ်း ၈ဝ ပေါ်က တရုတ်ဘုံကျောင်းလို့ယူဆရတဲ့အဆောက်အအုံအနီးမှာ လူငယ်နှစ်ယောက်ကိုပဲ
၈ ယောက်ခန့်ပါတဲ့ အဲဒီအဖွဲ့ကပဲ ထပ်မံကန်ကြောက် ထိုးကြိတ်ခဲ့ကြပါတယ်။ အခင်းဖြစ်တဲ့​နေရာ​တွေမှာ မန္တ​လေးမြို့မှာလို့ People's Spring ကအချက်အလက်စစ်​ဆေးအတည်ပြုနိုင်ပါတယ်။

ရိုက်နှက်သူတွေဟာ စစ်ကောင်စီက လက်သက်မွေးထားတဲ့ ပျူစောထီးတွေဖြစ်နိုင်ကြောင်း မန္တလေးဒေသခံတချို့က ​ပြောပါတယ်။ ပျူ​စောထီးဆို အာဏာသိမ်းစစ်အုပ်စုက ပြည်သူ့စစ်အမည်နဲ့​မွေးထားသူ​တွေဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာ စ်တပ်ခိုင်းတာကိုလုပ်ပြီး ပြည်သူ​တွေကို ဖိနှိပ်အကြမ်းဖက်​နေသူ​တွေဖြစ်ပါတယ် ။ အရင်ကတည်းက ခိုးဆိုးလုယက်သူ​တွေ ၊ ဒုစရိုက်မှုမျိုးစုံလုပ်သူ​တွေ ၊ အရင်က မဘသ ၊စွမ်းအားရှင်ဆိုတဲ့ သူမျိုး​တွေလည်းပါဝင်တက်ပါတယ် ။
ပျူ​စောထီး​တွေထဲမှာ သက်န်းဝတ် ​ပေါက်ကိုယ်​တော်ဟာလူသိများပါတယ် ။

အဲဒီရုပ်သံဖိုင်ကို ကြည့်လိုက်ရတဲ့ပြည်သူတွေဟာ ဒေါသထွက်နေကြပြီး ရုပ်သံဖိုင်ထဲပါတဲ့ ရိုက်နှက်သူတွေကို စုံစမ်းနေကြပါတယ်။

"မိရင်တော့ ကျနော်တို့က အတင်းအကြပ်အခိုင်းခံရတာပါ ပေါ်တာဆွဲခံရလို့ပါနဲ့ မျက်ခွက်တွေမှတ်ထားတယ်နော် ညီလေးတို့"လို့ ကာကွယ်ရေးရဲဘော်တဦးက မှတ်ချက်ပြုထားပါတယ်။

"စစ်သင်တန်း၇ရက်သွားတက်ပြီးပြန်လာသော
အခါသူထက်ငယ်တက်ကလေးကိုအနိုင်ကျင်တယ်။သေချာပါတယ်။ ငါညီ သည်းခံပေးပါ။ညီလေးတို့အတွက်ကလည်စားပြန်ချေပေးမယ့်
လူပေါ်လာလိမ့်မယ်"ဟုပြည်သူတဦးကအဆိုပါရုပ်သံမှတ်တမ်းကိုကြည့်၍ မှတ်ချက်ပြုထားပါတယ်။

အခြားပြည်သူတဦးကလည်း "ကြည့်နေရင်နဲ့ကို ဒေါသ ထွက်မိ"လို့​​ပြောပါတယ် ။

ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ လူငယ်​တွေရဲ့အမည် လိပ်စာ​တွေကိုလည်း ပြည်သူ​တွေကအချင်းချင်း​မေးမြန်းစုံစမ်း​နေကြတာ​တွေ့ရပါတယ်။

"ပြည်သူစစ်တွေတဲ့ဂျပန်တွေထက်ဆိုးနေပါလား"လို့​ပြည်သူတစ်ဦးကလည်း​​ပြောပါတယ် ။
🤬6128👍27😡3👎1🤮1💩1
Media is too big
VIEW IN TELEGRAM
ပြောက်ကျားဦးထုပ်​​ဆောင်းလူငယ်​တွေက လူငယ် ၄ ဦးကို ဝိုင်းဝန်း အနိုင်ကျင့်စဥ်
🤬176😡3810🤮6😱2
■Photo News

သင်တန်းသား ၈၀၀ ​ကျော်တက်​ရောက်ခဲ့တဲ့
TNLAရဲ့စစ်ရေးသင်တန်းဆင်းပွဲ

​ဇွန်-၁၂၊၂၀၂၅။ People's Spring

သင်တန်းသူ၊သင်တန်းသားစုစု​ပေါင်း ၈၀၀ ​ကျော်တက်​ရောက်ခဲ့တဲ့တအာင်းအမျိုးသားလွတ်
မြောက်ရေးတပ်မတော် TNLAရဲ့အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တစ်နေရာမှာဇွန်လ (၆)ရက်နေ့၌ ပြုလုပ်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။သင်တန်းကိုအမှတ်စဥ် (က)နဲ့(ခ)ခွဲဖွင့်လှစ်ခဲ့ပြီး​တော့ တိုက်
ခိုက်ရေးကျွမ်းကျင်မှုအဆင့်ရှိစေဖို့အဓိကသင်
ကြားပေးခဲ့ကာသင်တန်းကာလ သုံးလကျော်ကြာသင်ကြားပေးခဲတယ်လို့ထုတ်ပြန်ထားပါတယ် ။

သင်တန်းဆင်းပွဲကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင် တကိ​ရောက်ပြီး ဘက်စုံတိုက်ခိုက်ရေးသင်တန်းပေးခြင်းဟာ တအာင်းပြည်ကို ကာကွယ်သွားကြဖို့၊ ရဲဘော်​တွေဟာ လူကြီး​တွေရဲ့ အလုပ်တာဝန်ကို ပုခုံးလွှဲပြောင်း ထမ်းဆောင်နိုင်
ရမှာဖြစ်သလို သင်တန်းအတွင်း ဆရာ/မများသင်ကြားပေးတဲ့ ပညာကို မမေ့ကြဖို့ ၊ အမိန့်နာ
ခံတတ်ကြဖို့ နဲ့ရန်သူကို အမြဲတစေ သတိထားဖို့လိုအပ်တယ်လို့မှာကြားခဲ့ပါတယ်။

စစ်ရေးသင်တန်းအတွင်းမှာ သေနတ်ပစ်ထူးချွန်ဆု၊ သေနတ်တပ်ဆင်ဖြုတ် ထူးချွန်ဆုနဲ့အထူးတိုက်ခိုက်ရေး ထူးချွန်ဆုရရှိသည့်သူ​တွေကိုဆုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ဆိုပါတယ် ။သင်တန်း
ဆင်း တပ်ဖွဲ့ဝင်​တွေဟာတအာင်းပြည်ရှိ မြို့နယ်အသီးသီးမှာတာဝန်ထမ်းဆောင်သွားရမယ်လို့
ဆိုပါတယ် ။

၂၀၂၄ခုနှစ် နိုဝင်ဘာ(၉)ရက်နေ့ကလည်းတအာင်းတပ်မတော် TNLAရဲ့ အပတ်စဥ် (၆၆) စစ်ရေသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ် ။

တ​အာင်း​​ဒေသမှာ ​TNLAဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထားတဲ့ ​နောင်ချိုမြို့ကို စစ်တပ်ကထိုးစစ်ဆင်သိမ်းပိုက်ဖို့ကြိုးစား​နေတာ​ကြောင့်တိုက်ပွဲ​တွေအပြင်းအထန်ဖြစ်ပွား​နေပါတယ် ။
60👍30🔥2👏2🥰1🎉1
ဓါတ်ပုံ-PSLF/TNLA
69👍22🔥1🕊1
အင်းစိန်ထောင်တွင်း ကျန်းမာရေးဆိုးရွား‌နေသည့် နိုင်ကျဉ်းတစ်ဦး ပြင်ပဆေးရုံတွင် ကုသစဉ် ကွယ်လွန်

ဇွန်-၁၂၊ ၂၀၂၅။ ဇော်ရမ်း/People's Spring

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ နိုင်ငံရေးအကျဥ်းသားတစ်ဦးသည် အင်းစိန်ထောင်တွင်း ကျန်းမာရေးဆိုးရွားပြီး ပြင်ပဆေးရုံတွင် ကုသနေစဉ် ယမန်နေ့(ဇွန်လ ၁၁ရက်)၌ ကွယ်လွန်သွားခဲ့သည်။

အသက်(၅၇)နှစ်အရွယ် ဦးကျော်မင်းကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးထောင်ချထားစဉ် ထောင်တွင်းကျန်းမာရေးဆိုးရွားခဲ့ခြင်းဟု ၎င်း၏ မိတ်ဆွေတစ်ဦးကပြောသည်။

"သူက ထောင်(၃)နှစ် ကျထားတာ။ ပြန်လွတ်ကာနီးမှဗျာ အခုလိုဖြစ်တာ။ ကျန်းမာရေးက တော်တော် မကောင်းဘူးဖြစ်တာ" ဟု ၎င်းက ပြောသည်။

ဦးကျော်မင်းသည် ထောင်တွင်းကျန်းမာရေးအလွန်ဆိုးရွားလာ၍ အင်းစိန်မြို့နယ်ဆေးရုံပို့ ပို့ဆောင်ကုသစဉ် ကွယ်လွန်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများအား လူအခွင့်ရေချိုးဖောက်မှုများကျူးလွန်နေသလို ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုအလုံအလောက်မပေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်မေလ၂၃ရက်နေ့ကလည်း သာယာဝတီအကျဉ်းထောင်အတွင်း ထောင် ၁၀နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ဦးကျော်စိုး(ခ)ဦးဇော်နှစ်သည် အကျဉ်းထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ ဝေဒနာခံစားရကာ ကွယ်လွန်ခဲ့သည်ဟု PPNMက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

နိုင်ငံ‌တော်အာဏာကိုသိမ်းယူပြီးနောက် စစ်ကောင်စီက ဖမ်းဆီးခဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရအဖွဲ့ဝင်များအနက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးဝင်းခိုင်တို့လည်း ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရခဲ့ဘဲ ပြီးခဲ့သည့် ၂၀၂၄အတွင်း ကွယ်လွန်ခဲ့သည်။

မြန်မာနိုင်ငံရှိ အကျဥ်းထောင်များတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မပေးခြင်းကြောင့် နိုင်ကျဉ်းအပါအဝင် အကျဉ်းကျခံနေရသူများသည်ရောဂါများ ဖြစ်ပွားခြင်း၊ ဆေးကုသခွင့် ဆုံးရှုံး၍ ရောဂါအခံများပိုမိုဆိုးရွားလာခြင်း၊ သေဆုံးသင့်သည့်အခြေနေမဟုတ်ပါဘဲ အသက်ပေးရသည်ထိ အခြေအနေဆိုးရွားနေကြောင်း PPNMက သတင်းထုတ်ပြန်ထားသည်။
😡56😢2812👍4🤬3👎1
(အင်းစိန်အကျဥ်းထောင်ကို Google Map မှ တွေ့ရစဥ်)
🖕38👍13🤬9💩3👎2😍21🔥1
သပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်
မုံရွာထောင်က​နေ အိုးဘိုထောင်သို့ပြောင်း​ရွေ့ခံရ

■"ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာ တော်တော်လေးကို စိုးရိမ်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။"
-ကိုရှင်းသန့် (မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်)


ဇွန်-၁၂၊ ၂၀၂၅။ဇေအောင်/People's Spring

လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မုံရွာထောင်ကနေ မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ ဇွန်လ (၁၂)ရက် မနက်ခင်းပိုင်းက မုံရွာအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

"ထောင်မှာ အကျဥ်းသားများလာတာရယ်၊ ပိုပြီး ဖိနှိပ်ချင်လို့ ပြောင်းတာလည်း ပါပါတယ်။"လို့ ကိုရှင်းသန့်က ပြောပါတယ်။

ယခင်က မုံရွာအကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသားများအား မန္တလေးထောင်သို့ပို့ပြီး ရိုက်နှက်နှိပ်စက်ပြီးနောက် မြင်းခြံအကျဥ်းထောင်သို့ ထပ်ပို့လေ့ရှိကြောင်း၊အခုလည်း မန္တလေးထောင်သို့ ရွှေ့လိုက်တဲ့အတွက် စိုးရိမ်နေရကြောင်း ၎င်းက ပြောပါတယ်။

"ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခုံရမှာ တော်တော်လေးကို စိုးရိမ်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။"လို့ ကိုရှင်းသန့်က တောင်းဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ အေးချမ်းစွာ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်က စစ်တပ်ကနေ ကားနဲ့တိုက်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ အဲဒီနောက် ကိုဝေမိုးနိုင်ကို ပုဒ်မပေါင်းစုံနဲ့ စစ်ကောင်စီက တရားစွဲဆိုပြီးထောင်ဒဏ် နှစ်(၇၀) ကျော် ချမှတ်ထားပါတယ်။
😡38💔2211👍5🤬4🔥1💯1