နမ္မတူမြို့နယ်၊မန်လီရွာဘုန်းကြီး
ကျောင်းကို စစ်ကောင်စီကပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲပြီးနောက်မြင်ကွင်း။
ဓါတ်ပုံ-TNLA

😢38😡17❤4👍4🤬3⚡1👎1👏1
KNU တပ်မဟာ(၇)ဌာနချုပ် နယ်မြေကို စစ်ကောင်စီ အသေခံဒရုန်း ၇စီးဖြင့်တိုက်ခိုက်
■ဒရုန်း ၅လုံးပေါက်ကွဲသော်လည်းထိခိုက်မှုမရှိ
ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ
(၇) ဌာနချုပ်နယ်မြေကို အာဏာသိမ်းစစ်ကောင်စီက အသေခံဒရုန်းအသုံးပြုပြီးထပ်မံ တိုက်ခိုက်လာရာ ဒရုန်း ၅စင်းပေါက်ကွဲခဲ့သော်လည်းလူ ထိခိုက်မှုမရှိကြောင်း KNU သတင်းရင်းမြစ်တဦးက ပြောသည်။
ဇွန်လ ၁၂ရက် နံနက်အစောတွင်စစ်ကောင်စီက ဒရုန်းအသုံးပြု တိုက်ခိုက်လာခြင်းဖြစ်သည်ဟုသိရသည်။
“တပ်မဟာ(၇)မှာပဲ။ အထိအခိုက်မရှိဘူး။ လာတာက ၇လုံးလာတာ။ အဆောက်အဦးမထိဘူး။ သူတို့ ပြောတာ ပေါက်တယ်လေ။ မပေါက်တာ ၂လုံး၊ ပေါက်တာ ၅လုံးလား ဒါပေမဲ့ ထိခိုက်မှုတော့ ဘာမှမရှိဘူး။သူတို့ကတော့ကိုယ့်ရန်သူကို လာပစ်တဲ့သဘောပေါ့။ကျနော်တို့ကတော့ စစ်ရေးဆိုတော တော်လှန်ရေးဆိုတော့ သတိနဲ့အဲဒီလို ရှိတဲ့အခါကျ ဘာမှ ထိခိုက်မှုမရှိဘူး။ သူတို့လာနေကျအတိုင်း လာပစ်တာ။” ဟု KNU သတင်းရင်းမြစ်ကPeople's Spring သို့ပြောသည်။
ယခုနှစ်ဆန်းပိုင်းကလည်း KNU တပ်မဟာ(၇)
နယ်မြေကို စစ်ကောင်စီက အသေခံဒရုန်း အသုံး
ပြု တိုက်ခိုက်မှု ရှိခဲ့ဖူးသည်။
KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များသည် တပ်မဟာ(၇)နယ်မြေရှိ စစ်ကောင်စီ တပ်စခန်းများကို ၂၀၂၄ နှစ်ကုန်ပိုင်းမှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဝက်ကျော်အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း ၈ခုထက်မနည်းကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။
ထို့အပြင်တပ်မဟာ(၆)နယ်မြေရှိစစ်ကောင်စီ၏
နယ်စပ်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ မေလနှင့် ဇွန်လအတွင်း စစ်ကောင်စီတပ်စခန်း ၆ခုထက်မနည်း သိမ်းပိုက်ရရှိထားသည်။ ဥကရစ်ထ၊ ဝေါ်လေဗျူလာ၊ ထီးကလပယ် စသည့် လက်ကျန်တပ်စခန်းများကို စစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
KNU တပ်မဟာနှင့် ခရိုင် ၇ခုရှိရာ ခရိုင်၊ တပ်မဟာနယ်မြေအားလုံး၌ တိုက်ပွဲများ ရှိနေပြီး စစ်ရေးအရှိန်တိုးမြှင့်ကာ KNU နယ်မြေအတွင်းရှိစစ်စခန်းအားလုံးကိုသိမ်းပိုက်သွားမည်ဖြစ်ကြောင်း KNU တာဝန်ရှိသူများက ပြောကြားထားသည်။

👎23😡17❤11👍8🤬4🔥3👌1
စစ်ကောင်စီက KNU ဌာနချုပ်ကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက အသေခံဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသော ဒရုန်းအပိုင်းအစအချို့။
ဓါတ်ပုံ-KNU
ဓါတ်ပုံ-KNU
👍36👎12❤4🔥4🤮2
ပြောက်ကျားဦးထုပ်ဆောင်းသူတွေက ရွယ်တူလူငယ်တွေကို အနိုင်ကျင့်တဲ့ရုပ်သံထွက်ပေါ်လာ
■ရုပ်သံကြည့်ပြီးပြည်သူအများစုဒေါသထွက်နေ
ဇွန်-၁၂၊၂၀၂၅။မေရီ/People's Spring
ပြောက်ကျားဦးထုပ်ဆောင်းထားတဲ့ လူငယ်တွေက ရွယ်တူလူငယ်တွေကို လိုက်လံအနိုင်ကျင့်တဲ့ရုပ်သံထွက်ပေါ်လာပြီး ပြည်သူတွေ ဒေါသထွက်နေကြပါတယ်။
မန္တလေးမှာဖြစ်ပွားခဲ့တဲ့ အဲဒီရုပ်သံမှာ လူငယ်လေးယောက်စီးလာတဲ့ ဆိုင်ကယ်နောက်ကို စစ်ကောင်
စီရဲ့ ပြောက်ကျားလျှာထိုးဦးထုပ်ဆောင်းထားတဲ့အရပ်ဝတ်လူငယ်တစ်ယောက်က "စစ်ကြောရေးအကုန်ထည့်မှာ"လို့ ပြောပြီး ဆဲဆိုကာ ဆိုင်ကယ်နှစ်စီးနဲ့ လိုက်ပါတယ်။ နောက်ထပ်လည်း ဦးထုပ်ဆောင်းထားတဲ့လူငယ်တဦးဟာ အခြားတဦးနဲ့အတူ လူငယ်လေးယောက်ဆိုင်ကယ်နောက်ကို လိုက်ခဲ့ကြပါတယ်။
တနေရာမှာတော့ လူငယ် ၄ ယောက်ကို မိသွားပြီး
စစ်ကောင်စီပြောက်ကျား စစ်သားနဲ့ ပျူစောထီးတွေဆောင်းလေ့ရှိတဲ့ ပြောက်ကျားဦးထုပ်ဆောင်းထားတဲ့ လူငယ်တစ်ယောက်က ဦးဆောင်ပြီး လူ
ငယ်လေးယောက်ကို ပါးတွေရိုက်၊ ခြေထောက်တွေနဲ့ကန်၊ ဖိနပ်တွေနဲ့ အချက်ပေါင်းများစွာ ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခဲ့ကြပါတယ်။
"ဘာကောင်မှန်းမသိဘဲ ဆဲတာလား"လို့လည်း ဦးထုပ်နဲ့တယောက်က ပြောရင်း ခြေထောက်တွေနဲ့ ကန်ခဲ့တာ တွေ့ရပါတယ်။ လူငယ်လေးယောက်ဟာ ဒူးထောက်ပြီး လက်အုပ်ချီထားတာကို အ
ကြိမ်ပေါင်းများစွာ ထိုးကြိတ်ကန်ကြောက်ခဲ့ပါတယ်။ အခြားလူငယ်တွေကပါ ဝင်ရောက်ထိုးကြိတ်ရိုက်နှက်ခဲ့တာတွေ့ရပါတယ်။
နှိပ်စက်ခံရတဲ့ လူငယ်တွေထဲက တဦးကိုလည်း ရိုက်နှက်ပြီး ဖုန်းဆက်ခိုင်းနေတာကို တွေ့ရပါတယ်။
နောက်ထပ်ရုပ်သံမြင်ကွင်းမှာတော့ မန္တလေးမြို့ လမ်း ၈ဝ ပေါ်က တရုတ်ဘုံကျောင်းလို့ယူဆရတဲ့အဆောက်အအုံအနီးမှာ လူငယ်နှစ်ယောက်ကိုပဲ
၈ ယောက်ခန့်ပါတဲ့ အဲဒီအဖွဲ့ကပဲ ထပ်မံကန်ကြောက် ထိုးကြိတ်ခဲ့ကြပါတယ်။ အခင်းဖြစ်တဲ့နေရာတွေမှာ မန္တလေးမြို့မှာလို့ People's Spring ကအချက်အလက်စစ်ဆေးအတည်ပြုနိုင်ပါတယ်။
ရိုက်နှက်သူတွေဟာ စစ်ကောင်စီက လက်သက်မွေးထားတဲ့ ပျူစောထီးတွေဖြစ်နိုင်ကြောင်း မန္တလေးဒေသခံတချို့က ပြောပါတယ်။ ပျူစောထီးဆို အာဏာသိမ်းစစ်အုပ်စုက ပြည်သူ့စစ်အမည်နဲ့မွေးထားသူတွေဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာ စ်တပ်ခိုင်းတာကိုလုပ်ပြီး ပြည်သူတွေကို ဖိနှိပ်အကြမ်းဖက်နေသူတွေဖြစ်ပါတယ် ။ အရင်ကတည်းက ခိုးဆိုးလုယက်သူတွေ ၊ ဒုစရိုက်မှုမျိုးစုံလုပ်သူတွေ ၊ အရင်က မဘသ ၊စွမ်းအားရှင်ဆိုတဲ့ သူမျိုးတွေလည်းပါဝင်တက်ပါတယ် ။
ပျူစောထီးတွေထဲမှာ သက်န်းဝတ် ပေါက်ကိုယ်တော်ဟာလူသိများပါတယ် ။
အဲဒီရုပ်သံဖိုင်ကို ကြည့်လိုက်ရတဲ့ပြည်သူတွေဟာ ဒေါသထွက်နေကြပြီး ရုပ်သံဖိုင်ထဲပါတဲ့ ရိုက်နှက်သူတွေကို စုံစမ်းနေကြပါတယ်။
"မိရင်တော့ ကျနော်တို့က အတင်းအကြပ်အခိုင်းခံရတာပါ ပေါ်တာဆွဲခံရလို့ပါနဲ့ မျက်ခွက်တွေမှတ်ထားတယ်နော် ညီလေးတို့"လို့ ကာကွယ်ရေးရဲဘော်တဦးက မှတ်ချက်ပြုထားပါတယ်။
"စစ်သင်တန်း၇ရက်သွားတက်ပြီးပြန်လာသော
အခါသူထက်ငယ်တက်ကလေးကိုအနိုင်ကျင်တယ်။သေချာပါတယ်။ ငါညီ သည်းခံပေးပါ။ညီလေးတို့အတွက်ကလည်စားပြန်ချေပေးမယ့်
လူပေါ်လာလိမ့်မယ်"ဟုပြည်သူတဦးကအဆိုပါရုပ်သံမှတ်တမ်းကိုကြည့်၍ မှတ်ချက်ပြုထားပါတယ်။
အခြားပြည်သူတဦးကလည်း "ကြည့်နေရင်နဲ့ကို ဒေါသ ထွက်မိ"လို့ပြောပါတယ် ။
ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ လူငယ်တွေရဲ့အမည် လိပ်စာတွေကိုလည်း ပြည်သူတွေကအချင်းချင်းမေးမြန်းစုံစမ်းနေကြတာတွေ့ရပါတယ်။
"ပြည်သူစစ်တွေတဲ့ဂျပန်တွေထက်ဆိုးနေပါလား"လို့ပြည်သူတစ်ဦးကလည်းပြောပါတယ် ။

🤬61❤28👍27😡3👎1🤮1💩1
Media is too big
VIEW IN TELEGRAM
ပြောက်ကျားဦးထုပ်ဆောင်းလူငယ်တွေက လူငယ် ၄ ဦးကို ဝိုင်းဝန်း အနိုင်ကျင့်စဥ်
🤬176😡38❤10🤮6😱2
အီရတ်က သံရုံးဝန်ထမ်းတွေကို လုံခြုံရေးကြောင့် ရွှေ့ပြောင်းဖို့ အမေရိကန် စီစဉ်နေ | People's Spring
https://youtu.be/5o5lo64xYPk
https://youtu.be/5o5lo64xYPk
YouTube
အီရတ်က သံရုံးဝန်ထမ်းတွေကို လုံခြုံရေးကြောင့် ရွှေ့ပြောင်းဖို့ အမေရိကန် စီစဉ်နေ | People's Spring
အီရတ်က သံရုံးဝန်ထမ်းတွေကို လုံခြုံရေးကြောင့် ရွှေ့ပြောင်းဖို့ အမေရိကန် စီစဉ်နေ
ဇွန် - ၁၂ ၊ ၂၀၂၅ /People's Spring
လုံခြုံရေးအရ အီရတ် သံရုံးမှာရှိတဲ့ ဝန်ထမ်းအများစုကို ယာယီ ရွှေ့ပြောင်းစေဖို့ အမေရိကန်က စီစဉ်နေကြောင်း သိရပါတယ်။
လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေတွေ…

👍44❤10🔥3😁1
ဗြိတိန်၊သြစတြေးတို့နဲ့ရေငုပ်သင်္ဘောထုတ်လုပ်ရေးစီမံကိန်းကိုထရမ့်အစိုးရပြန်ဆန်းစစ်နေ | People's Spring
https://youtu.be/AghruO-A36g

ဗြိတိန် ၊ သြစတြေးတို့နဲ့ ရေငုပ်သင်္ဘောထုတ်လုပ်ရေးစီမံကိန်းကို ထရမ့်အစိုးရပြန်ဆန်းစစ်နေ
ဇွန် - ၁၂ ၊၂၀၂၅ /People's Spring
ဗြိတိန်၊ ဩစတြေးလျတို့နဲ့ ပူးပေါင်း အကောင်အထည် ဖော်နေတဲ့ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေ ထုတ်လုပ်ရေး စီမံကိန်းဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့…

👍28❤9🔥2
ပုလဲမြို့ ဆီ စစ်အင်အားဖြည့်လာလို့ ဒေသခံတွေ ညတွင်းချင်း စစ်ရှောင်ရ | People's Spring
https://youtu.be/REF4nsZPzrQ

ပုလဲမြို့ ဆီ စစ်အင်အားဖြည့်လာလို့ ဒေသခံတွေ ညတွင်းချင်း စစ်ရှောင်ရ
ဇွန်-၁၂၊ ၂၀၂၅ / People Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က တိုက်ပွဲတွေမှာ အထိနာပြီးတဲ့နောက် ဇွန်လ ၁၁ ရက် မနေ့ညပိုင်းမှာ ပုလဲမြို့ဆီ စစ်ကောင်စီတပ်က လေကြောင်းကနေ စစ်ကူတွေပို့ခဲ့တာကြောင့်…

👍22❤9🤬8😢2
■Photo News
သင်တန်းသား ၈၀၀ ကျော်တက်ရောက်ခဲ့တဲ့
TNLAရဲ့စစ်ရေးသင်တန်းဆင်းပွဲ
ဇွန်-၁၂၊၂၀၂၅။ People's Spring
သင်တန်းသူ၊သင်တန်းသားစုစုပေါင်း ၈၀၀ ကျော်တက်ရောက်ခဲ့တဲ့တအာင်းအမျိုးသားလွတ်
မြောက်ရေးတပ်မတော် TNLAရဲ့အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တစ်နေရာမှာဇွန်လ (၆)ရက်နေ့၌ ပြုလုပ်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။သင်တန်းကိုအမှတ်စဥ် (က)နဲ့(ခ)ခွဲဖွင့်လှစ်ခဲ့ပြီးတော့ တိုက်
ခိုက်ရေးကျွမ်းကျင်မှုအဆင့်ရှိစေဖို့အဓိကသင်
ကြားပေးခဲ့ကာသင်တန်းကာလ သုံးလကျော်ကြာသင်ကြားပေးခဲတယ်လို့ထုတ်ပြန်ထားပါတယ် ။
သင်တန်းဆင်းပွဲကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင် တကိရောက်ပြီး ဘက်စုံတိုက်ခိုက်ရေးသင်တန်းပေးခြင်းဟာ တအာင်းပြည်ကို ကာကွယ်သွားကြဖို့၊ ရဲဘော်တွေဟာ လူကြီးတွေရဲ့ အလုပ်တာဝန်ကို ပုခုံးလွှဲပြောင်း ထမ်းဆောင်နိုင်
ရမှာဖြစ်သလို သင်တန်းအတွင်း ဆရာ/မများသင်ကြားပေးတဲ့ ပညာကို မမေ့ကြဖို့ ၊ အမိန့်နာ
ခံတတ်ကြဖို့ နဲ့ရန်သူကို အမြဲတစေ သတိထားဖို့လိုအပ်တယ်လို့မှာကြားခဲ့ပါတယ်။
စစ်ရေးသင်တန်းအတွင်းမှာ သေနတ်ပစ်ထူးချွန်ဆု၊ သေနတ်တပ်ဆင်ဖြုတ် ထူးချွန်ဆုနဲ့အထူးတိုက်ခိုက်ရေး ထူးချွန်ဆုရရှိသည့်သူတွေကိုဆုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ဆိုပါတယ် ။သင်တန်း
ဆင်း တပ်ဖွဲ့ဝင်တွေဟာတအာင်းပြည်ရှိ မြို့နယ်အသီးသီးမှာတာဝန်ထမ်းဆောင်သွားရမယ်လို့
ဆိုပါတယ် ။
၂၀၂၄ခုနှစ် နိုဝင်ဘာ(၉)ရက်နေ့ကလည်းတအာင်းတပ်မတော် TNLAရဲ့ အပတ်စဥ် (၆၆) စစ်ရေသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ် ။
တအာင်းဒေသမှာ TNLAဦးဆောင်တဲ့တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို စစ်တပ်ကထိုးစစ်ဆင်သိမ်းပိုက်ဖို့ကြိုးစားနေတာကြောင့်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပါတယ် ။

❤60👍30🔥2👏2🥰1🎉1
မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်းကြောင်းဆီ ဦးတည်နေတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော
https://youtu.be/5xAzeik9QQY
https://youtu.be/5xAzeik9QQY
YouTube
မြန်မာဟာကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးတဲ့လမ်းကြောင်းဆီဦးတည်နေတယ်လို့ကုလအထူးကိုယ်စားလှယ်ပြော|People's Spring
မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်းကြောင်းဆီ ဦးတည်နေတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော
ဇွန် - ၁၂၊ ၂၀၂၅ / People's Spring
မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်းကြောင်းဆီ ဦးတည်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့က …

👍51❤7💩3👏1
အင်းစိန်ထောင်တွင်း ကျန်းမာရေးဆိုးရွားနေသည့် နိုင်ကျဉ်းတစ်ဦး ပြင်ပဆေးရုံတွင် ကုသစဉ် ကွယ်လွန်
ဇွန်-၁၂၊ ၂၀၂၅။ ဇော်ရမ်း/People's Spring
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ နိုင်ငံရေးအကျဥ်းသားတစ်ဦးသည် အင်းစိန်ထောင်တွင်း ကျန်းမာရေးဆိုးရွားပြီး ပြင်ပဆေးရုံတွင် ကုသနေစဉ် ယမန်နေ့(ဇွန်လ ၁၁ရက်)၌ ကွယ်လွန်သွားခဲ့သည်။
အသက်(၅၇)နှစ်အရွယ် ဦးကျော်မင်းကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးထောင်ချထားစဉ် ထောင်တွင်းကျန်းမာရေးဆိုးရွားခဲ့ခြင်းဟု ၎င်း၏ မိတ်ဆွေတစ်ဦးကပြောသည်။
"သူက ထောင်(၃)နှစ် ကျထားတာ။ ပြန်လွတ်ကာနီးမှဗျာ အခုလိုဖြစ်တာ။ ကျန်းမာရေးက တော်တော် မကောင်းဘူးဖြစ်တာ" ဟု ၎င်းက ပြောသည်။
ဦးကျော်မင်းသည် ထောင်တွင်းကျန်းမာရေးအလွန်ဆိုးရွားလာ၍ အင်းစိန်မြို့နယ်ဆေးရုံပို့ ပို့ဆောင်ကုသစဉ် ကွယ်လွန်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများအား လူအခွင့်ရေချိုးဖောက်မှုများကျူးလွန်နေသလို ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုအလုံအလောက်မပေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်မေလ၂၃ရက်နေ့ကလည်း သာယာဝတီအကျဉ်းထောင်အတွင်း ထောင် ၁၀နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ဦးကျော်စိုး(ခ)ဦးဇော်နှစ်သည် အကျဉ်းထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ ဝေဒနာခံစားရကာ ကွယ်လွန်ခဲ့သည်ဟု PPNMက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် စစ်ကောင်စီက ဖမ်းဆီးခဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရအဖွဲ့ဝင်များအနက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးဝင်းခိုင်တို့လည်း ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရခဲ့ဘဲ ပြီးခဲ့သည့် ၂၀၂၄အတွင်း ကွယ်လွန်ခဲ့သည်။
မြန်မာနိုင်ငံရှိ အကျဥ်းထောင်များတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မပေးခြင်းကြောင့် နိုင်ကျဉ်းအပါအဝင် အကျဉ်းကျခံနေရသူများသည်ရောဂါများ ဖြစ်ပွားခြင်း၊ ဆေးကုသခွင့် ဆုံးရှုံး၍ ရောဂါအခံများပိုမိုဆိုးရွားလာခြင်း၊ သေဆုံးသင့်သည့်အခြေနေမဟုတ်ပါဘဲ အသက်ပေးရသည်ထိ အခြေအနေဆိုးရွားနေကြောင်း PPNMက သတင်းထုတ်ပြန်ထားသည်။

😡56😢28❤12👍4🤬3👎1