People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့ စစ်ကိုင်းနဲ့ တနင်္သာရီမှာ ဆန္ဒပြ

ဇွန်-၁၁၊၂၀၂၅။ သုည/People's Spring

စစ်ကိုင်းနဲ့ တနင်္သါရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၁)မှာ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့ သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက အမေစု ၈၀ နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုသပိတ် လုပ်ဆောင်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက စစ်အာဏာရှင်စနစ်နဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

အလားတူ ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းကလည်း စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေး ''Vote ILO Article 33 to save LIVES'' စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တနင်္သါရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီမှ လာမယ့် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ်နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်၊ ဒုတိယပတ်အတွင်း အကောင်ထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ "ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်" ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီကနေ့ ပြုလုပ်လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုမှာ အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
👍5315🥰2🔥1👏1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ DDMSC
👍5815🔥2
■Photo News

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် AFCC-mdy တို့ပူးပေါင်း၍ ဒေသတွင်းနေထိုင်သူ ပြည်သူများအား လေကြောင်းရန်နှင့် လက်နက်
ကြီးအန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေးစာစောင်များ ဖြန့်ဝေနေကြစဥ်။
ဓါတ်ပုံ-MDY-PDF
👍7822🔥2🥰2
ပြီးခဲ့တဲ့ နှစ်တွေထဲမှာ မြန်မာပြည်သူတွေဟာ စစ်အာဏာသိမ်းမှု၊ ပြည်တွင်းစစ်၊ အဓမ္မ စစ်မှုထမ်း ခိုင်းစေမှု၊ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဆိုးရွားလှတဲ့ မြေငလျင်ကြီး တစ်ခုရဲ့ ဒဏ်ကိုပါ ဒုက္ခပေါင်းစုံ တစ်ခုပြီးတစ်ခု ခံစားခဲ့ရပါတယ်။ မြန်မာပြည်သူတွေအတွက် နောက်ထပ် သတင်းဆိုးတစ်ခုဟာဇွန်လ ၅ ရက်နေ့ မနက်ပိုင်းမှာ မဖိတ်ခေါ်ဘဲ ရောက်လာခဲ့ပြန်ပါတယ်။ အဲဒါကတော့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကကြေညာလိုက်တဲ့ ဗီဇာပိတ်ပင်တဲ့ နိုင်ငံတွေ စာရင်းမှာ မြန်မာပါ ပါဝင်သွားခဲ့ခြင်းပါပဲ။

ထရမ့်ကအဲဒီလိုဗီဇာပိတ်ပင်တာဟာအကြမ်းဖက်
သမားတွေ အဓိက ပေါ်ထွက်လာတတ်တာနဲ့ တ
ခြား စိုးရိမ်စရာရှိတဲ့ နိုင်ငံတွေကနေ အမေရိကန်ထဲ ရွှေ့ပြောင်းဝင်ရောက်တာတွေကို တားဆီးဖို့ ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ဗီဇာပိတ်တဲ့ ကြေညာချက်ကို ဝါရှင်တန်ဒီစီမှာ ဒေသစံတော်
ချိန်အရ ဇွန်လ ၄ ရက်ညပိုင်းမှာထရမ့်က ကြေညာ
ခဲ့ပြီး ဇွန်လ ၉ ရက်နေ့မှာ စတင် အသက်ဝင်ခဲ့ပါတယ်။

ထရမ့်ရဲ့ အမိန့်နဲ့ အမေရိကန်က ဗီဇာပိတ်လိုက်တဲ့ နိုင်ငံတွေ စာရင်းကတော့ မြန်မာ၊ အာဖဂန်နစ္စတန်၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်လ် ဂီနီယာ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန် နဲ့ ယီမင်တို့ပဲ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ကိုမင်းနွယ် အတွက်တော့ အိပ်ရာက နိုးနိုးချင်းမှာ သတင်းဆိုးက စောင့်ကြိုနေခဲ့တယ်လို့ စိတ်ပျက်လက်ပျက် ပြောပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ စာရင်းကိုင်အဖြစ် အလုပ်လုပ်နေပြီး လောလောလတ်လတ် အနေနဲ့ အမေရိကန်ကို ရွှေ့ပြောင်းအခြေချခွင့် မဲပေါက်ထားတဲ့သူပါ။ ဒါကြောင့် သူဟာ နောက်နှစ်ဆိုရင် Green cardရမယ့် အခြေအနေမျိုး ရှိနေခဲ့ပါတယ်။

မြန်မာနိုင်ငံသား ဖြစ်ရတာက ဘယ်ကိုသွားသွား မျက်နှာငယ်ပြီး ခွဲခြားဆက်ဆံ ခံရလေ့ရှိကြောင်း၊ အခုတော့ သူ့အတွက်ရှားရှားပါးပါးရလာတဲ့ ကံ
ကောင်းမှုလေးတောင်မှ သူ့ဆီက လုယူသွားတယ်လို့ ခံစားရကြောင်း ကိုမင်းနွယ်က ဆိုပါတယ်။

https://www.ludunwayoo.com/%e1%80%98%e1%80%ac%e1%80%9e%e1%80%ac%e1%80%95%e1%80%bc%e1%80%94%e1%80%ba-%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%b8-my/2025/06/11/123772/
32👎13🔥3🤬3😢3
စစ်တပ်က သက်ရှိစည်းရိုးလို့ အမည်နဲ့ ဝါဒဖြန့်ဇာတ်ကားရိုက်ခဲ့တဲ့ ဥကရစ်ထတပ်စခန်းကို တော်
လှန်ရေးတပ်ဖွဲ့​တွေက၂၀၂၂ ဇွန် ၂၆ ရက်မှာပထမတစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။စခန်းရဲ့​နေရာအချို့ကိုသိမ်းပိုက်နိုင်ခဲ့​ပေမယ့်အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး ။

ပထမအကြိမ်ထိုးစစ်ရဲ့ ၃ နှစ်နီးပါးရှိလာချိန်မှာပဲကရင်အမျိုးသားအစည်းအရုံး(KNU)လက်
အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေကထိုး
စစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါ​​ကြောင့် ဒီတကြိမ်ထိုးစစ်မှာKNLA ဦး​ဆောင်ပြီး ​တော်လှန်​ရေးအဖွဲ့​တွေပိုစုံလာတာဖြစ်ပါတယ် ။

"ဥကရစ်ထကတော့ဒီနေ့(ဇွန် ၁၀)စတယ်”လို့ က
ရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။


https://www.ludunwayoo.com/%e1%80%98%e1%80%ac%e1%80%9e%e1%80%ac%e1%80%95%e1%80%bc%e1%80%94%e1%80%ba-%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%b8-my/2025/06/11/123772/
53👍25👏6🤬5🔥1
ဖားကန့်တွင် စစ်ကောင်စီတပ်က အရပ်သား ၃ဦးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်

ဇွန်-၁၂၊ ၂၀၂၅။ အိမ်သွင်/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သား ၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်ဟု မြို့ခံများက ပြောသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသား ၃ဦးကို ယမန်နေ့(ဇွန်လ ၁၁ရက်)ညပိုင်းက ပစ်သတ်ပြီး မှော်စီစာလမ်းဆုံတွင် ထားသွားခြင်းဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"သူ့ဘာသာသူနေတဲ့ အရပ်သားတွေ အသတ်ခံရတာ။ အရက်တော့ သောက်ကြတယ်သူတို့က။ ဒါပေမဲ့ အိမ်ခြေမဲ့မဟုတ်ဘူး။ စစ်ကြောင်းက ‌မှော်စီစာမှာ ပတ်နေပြီး ‌ညဥ့်နက်ပိုင်းက ကြားတဲ့ သေနတ်သံတွေက သူတို့ကို ပစ်တာလို့ သိရတယ်။ ဒီလုပ်ရပ်က ယုတ်မာတာဖြစ်ပါတယ်"ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

သေဆုံးသူ ၃ဦးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက် မသိရသေးပေ။

လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်ကြောင်းများအန္တရာယ်ကို သတိပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က သတိပေးထားသည်။

"စစ်ကြောင်းက အရပ်သားကိုလည်း မညှာမတာသတ်တာ။ ဒီအတွေ့အကြုံတွေက ရှိပြီးသားပဲ။ မလုပ်လောက်ဘူးလို့ သွားမယုံစားပါနဲ့ "ဟု KPDFနှင့် နီးစပ်သူကပြောသည်။

မိုးကောင်း-ကာမိုင်း-လုံးခင်း-ဖားကန့်လမ်းအတိုင်း ဧပြီ ၂၃ရက်က ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၇ရက်က လုံးခင်းသို့ရောက်လာပြီး ၂၈ရက်တွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်စဉ် အရပ်သား ၅ဦးကို သတ်ဖြတ်ခဲ့သည်။ ၎င်းတို့အား တိုက်ခိုက်ပါက ‌အိမ်များကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြီး မေလ ၂၉ရက်တွင် ဖားကန့်သို့ ဝင်ရောက်လာကာ ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးနေသည်။

ကျောက်စိမ်းလုပ်ကွက်များမှ စက်ယန္တရားများကိုလည်း မီးရှို့ဖျက်ဆီးနေသည်။ စစ်ကောင်စီတပ်သည် အရပ်သားနေထိုင်ရာနေရာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့်ပစ်ခတ်ခဲ့သည်။ စစ်ကြောင်းဝင်လာသည့် မေလ ၂၇ရက်မှ ယနေ့ ဇွန်လ ၁၂ရက်အတွင်း စစ်ကောင်စီက လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူ ၂၀ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းကို KIA နှင့် KPDF ပူးပေါင်းတပ်က ဇွန်လ ၅ရက်၊ ဇွန်လ ၉ရက်နှင့် ဇွန်လ ၁၀ရက်များတွင် တိုက်ခိုက်ခဲ့ပြီး စစ်ရေးဆက်လက်တင်းမာနေသည်။ ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်ကောင်စီအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က ဒေသခံများအား သတိပေးထားသည်။
🤬5313😡4👎3👍2😢2
(အရပ်သားသုံးဦးကို စစ်ကောင်စီတပ် သတ်ဖြတ်ပြီး အလောင်းများအား စွန့်ပစ်ထားစဥ်။ ဓာတ်ပုံ - CJ)
🤬59😢164👍3😁3👎1🔥1
မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်း
ကြောင်းဆီ ဦးတည်နေတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်ဆို

■နိုင်ငံရေးခေါင်းဆောင်အများအပြားကိုစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အခြေအနေမျိုးမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အစုအဖွဲ့ပေါင်းစုံ ပါဝင်ပါတယ်ဆိုတာကို စဉ်းစားပုံဖော်ကြည့်လို့တောင်မဖြစ်နိုင်ကြောင်း ဘိရှော့​ပြော

ဇွန်-၁၂၊၂၀၂၅။People's Spring

မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်း
ကြောင်းဆီ ဦးတည်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့က ပြောကြားခဲ့ပါတယ်။

ဇွန်လ ၁၀ ရက်နေ့တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံဆီ တင်ပြတဲ့အစီရင်ခံမှုမှာဘိရှော့က ပြည်
တွင်းစစ်သာ ဆက်လက် ရှည်ကြာနေမယ် ဆိုရင် မြန်မာနိုင်ငံဟာ အလုံးစုံ ပျက်စီးသွားလိမ့်မယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး၊ ပဋိပက္ခတွေ အရှိန်လျှော့ချရေး၊ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို မျက်
နှာမူရေးအတွက် စစ်မှန်တဲ့ အားထုတ်မှုတွေ မရှိသ၍ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးလည်း ရနိုင်မှာ မဟုတ်ဘူးလို့ ဘိရှော့က ဆိုပါတယ်။

စစ်ဒဏ်ရော၊ ငလျင်ဒဏ်ပါ ခံစားခဲ့ရတဲ့မြန်မာနိုင်
ငံမှာ အသက်ရှင်ကျန်ရစ်သူတွေအနေနဲ့ အေးအေး
ချမ်းချမ်း နေချင်တာကြောင့် တိုက်ပွဲတွေကို ရပ်
တန့်စေချင်နေကြပြီလို့ သူက ပြောပါတယ်။ လက်
နက်ကိုင် ပဋိပက္ခတွေဟာ ပြန်လည် တည်ဆောက်ရေးနဲ့ လူသားချင်းစာနာမှု လုပ်ငန်းတွေ အကောင်
အထည် ဖော်တာကိုလည်းအတားအဆီးဖြစ်စေတယ်လို့ ဘိရှော့က မှတ်ချက်ပေးခဲ့ပါတယ်။

သူကမြန်မာနိုင်ငံမှာ ရန်လိုတိုက်ခိုက်မှုတွေ အား
လုံးကို ရပ်တန့်ဖို့ ထပ်လောင်း တောင်းဆိုခဲ့ပြီး အ
များလက်ခံနိုင်တဲ့ ရည်မှန်းချက်တွေနဲ့ အရှည်တည်တံ့စေမယ့် ငြိမ်းချမ်းရေးကို အကောင်အ
ထည် ဖော်ရာမှာ အရပ်သား ပြည်သူတွေကို အကာအကွယ် ပေးဖို့ ဆိုတာက ဦးစားပေးကိစ္စ ဖြစ်ဖို့လိုကြောင်းလည်း ဘိရှော့က ဆိုပါတယ်။

ရန်လိုတိုက်ခိုက်မှုတွေ အဆုံးမသတ်သေးသ၍ မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်း
ကြောင်းဆီ ဆက်လက် ဦးတည်နေလိမ့်မယ်လို့ သူကဆိုပါတယ်။

နောက်ပြီးမြန်မာနိုင်ငံမှာအကြမ်းဖက်ရန်လိုမှုတွေ မရပ်တန့်သ၍၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲမျိုး မကျင်းပနိုင်သ၍ လက်နက်ကိုင် တော်လှန်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ဆက်လက် ပြင်းထန်နေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ လောလောဆယ်အာဏာသိမ်းစစ်ကောင်စီကတော့ အဲဒီ အခြေအနေတွေနဲ့ ဆန့်ကျင်ဖက် ကိစ္စတွေကိုပဲ လုပ်ဆောင်နေပါတယ်။

နိုင်ငံရေးခေါင်းဆောင်အများအပြားကိုစစ်ကောင်
စီက ဖမ်းဆီးထားတဲ့ အခြေအနေမျိုးမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အစုအဖွဲ့ပေါင်းစုံ ပါဝင်ပါတယ်ဆိုတာကို စဉ်းစားပုံဖော်ကြည့်လို့တောင်မဖြစ်နိုင်ကြောင်း ဘိရှော့က ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားတရားလက်မဲ့ ဖမ်း
ဆီးခံထားရသူတွေ အားလုံး လွတ်မြောက်ရေးအတွက် ဖိဖိစီးစီး တောင်းဆိုဖို့လိုကြောင်းလည်း ထပ်လောင်းတိုက်တွန်းသွားခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပါအဝင်မြန်မာနိုင်ငံမှာရှိနေတဲ့ လူ့
အဖွဲ့အစည်းအသီးသီးရဲ့ လုံခြုံရေး၊ အခွင့်အလမ်း
နဲ့ ရပိုင်ခွင့်တွေ အားလုံးကို အာမခံချက် ပေးနိုင်ဖို့ဆိုရင် လက်ရှိ ပဋိပက္ခတွေရဲ့ ဇစ်မြစ်ကိုရော၊ ပုံစံအမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံမှုနဲ့ နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်မှု ကိစ္စတွေကိုပါ ဦးတည် ဖြေရှင်းဖို့ လိုကြောင်းလည်း ဘိရှော့က ပြောကြားသွားပါတယ်။

ကိုးကား-UN
58👍27🥰1😁1🤮1
👍629💩3🥰2😁2🤮1
နမ္မတူမြို့နယ်၊မန်လီရွာဘုန်းကြီးကျောင်းကို
စစ်​ကောင်စီ​ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲ

ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နမ္မတူမြို့နယ် မန်လီကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယနေ့မနက်အစောပိုင်း၌ လေ
ကြောင်းမှ ​ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း အပြင် စာသင်ကျောင်းနှင့် နေ
အိမ်အချို့လည်း ပျက်စီးခဲ့ဟု TNLAက ထုတ်
ပြန်သည်။

ဇွန်လ ၁၂ရက် မနက်အစော ၁နာရီကျော်တွင် စစ်ကောင်စီက မန်လီကျေးရွာ ဘုန်းကြီး​ကျောင်းကို
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲဖျက်အားပြင်းပေါင် ၅၀၀
ဗုံး ၂ လုံး ဖြင့်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ လူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်ခြင်းဖြစ်ဟု TNLAက အသိပေးထားသည်။

ပြည်သူများ စစ်ရေးသတိရှိရန်၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာကြရန်လည်းသတိ​ပေးသည်။

ယနေ့ စစ်ကောင်စီလေကြောင်း တိုက်ခိုက်ခဲ့သည် မန်လီကျေးရွာ ဘုန်းကြီးကျောင်းသည် ၂၀၂၃ ဒီဇင်ဘာ ၂၉ရက်က တကြိမ်၊ ၂၀၂၄ ဇန်နဝါရီ ၁၀ ရက်တွင် တကြိမ် စစ်ကောင်စီက လေကြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်ဟု မန်လီကျေးရွာမှ ဆရာတော် ဦးပဏ္ဏ၀က မှတ်တမ်းဓာတ်ပုံများနှင့်အတူ လူမှုကွန်ရက်၌ ဖော်ပြ အသိပေးထားသည်။

ယနေ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဘုန်းကြီး
ကျောင်း ဆောင် ၂လုံးနှင့် စာသင်ကျောင်း ဆောင် အချို့ ပျက်စီးခဲ့သည်။

၂၀၂၃ ဒီဇင်ဘာလ မန်လီကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ကျောင်းဆရာမ ၁ဦး သေဆုံးခဲ့ဟု TNLAက အသိပေးထားသည်။

TNLAသည် နမ္မတူမြို့နယ်ကို၂၀၂၃ဒီဇင်ဘာ ၂၈
ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး နမ္မတူ အပါအဝင် မြို့ပေါင်း ၁၂မြို့ကို သိမ်းနိုင်ခဲ့ရာ စစ်ကောင်စီက TNLA အုပ်ချုပ်ရာ မြို့ရွာများကို လေကြောင်း ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

TNLAနှင့် စစ်ကောင်စီသည် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် အပစ်ရပ်စဲရေး ဆွေးနွေးလျက်ရှိသော်လည်း ဆွေးနွေးမှုများ အဆင်မပြေသကဲ့သို့ စစ်ကောင်စီ၏ ထိုးစစ်၊ လေကြောင်း၊ လက်နက်
ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေသည်ဟု TNLA တာဝန်ရှိသူအချို့က ပြောကြားထား
သည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ ဧပြီလကုန်ပိုင်းတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် TNLAက ရောက်သည့်နေရာ၌ တပ်များ ရပ်ထားရန်၊ လေကြောင်း တိုက်ခိုက်မှု အပါအဝင် ထိုးစစ်ဆင်မှုမလုပ်ရန်၊ ပြည်သူများ လွတ်လပ်စွာ သွားလာခွင့်ပြုရန် အချက်များ အဆိုပြု ဆွေးနွေးထားပြီး စစ်ကောင်စီဘက်ကမူ TNLA သိမ်းထားသည့် မြို့၅ မြို့မှ ဆုတ်ခွာပေးရန် တောင်းဆိုရာ TNLA ကလက်မခံသဖြင့် သ​ဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့​ကြောင်းထုတ်ပြန်ထားသည်။

တရုတ်၏ စီစဉ်မှုဖြင့် ဩဂုတ်လအတွင်း ထပ်မံတွေ့ဆုံရန် စီစဉ်ထားသော်လည်း TNLA ဘက်က ယခင်ရပ်တည်ချက်များအတိုင်း ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်သူနှင့်အတူ ရပ်တည်ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လုပ်ဆောင်သွားမည်ဟု TNLA ဘက်က အသိပေးထားသည်။
🤬5511👍4😢2😡21👎1🖕1