People's Spring
61.7K subscribers
68.1K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
လုံခြုံရေးသတိပေးထားသည့် မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးအတွင်း စစ်ကောင်စီဝန်ထမ်းချင်း
ဓါးထိုးသတ်မှုဖြစ်

ဇွန်-၁၀၊၂၀၂၅။ယောနသံ/People's Spring

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ထွေအုပ်ရုံးအတွင်းတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအားမြို့နယ်အထွေ
ထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကိုယ်ရေးအရာရှိက ဓားဖြင့်ထိုးသတ်မှု ဖြစ်ခဲ့သည်။

ယနေ့ (ဇွန်လ ၁၁ ရက်) နံနက်၁၀နာရီခန့်၌ မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးမှအငယ်တန်းစာရေး ကိုအောင်မြင့်မြတ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကိုယ်ရေးအရာရှိကျော်စိုးမင်းက ဓားဖြင့်ထိုးခြင်းဟု ဖြစ်စဥ်ကိုသိသူတစ်ဦးကပြောသည်။

"ဓါးယူလာပြီးထွေအုပ်ရုံးထဲတင်ထိုးတာဗျ။ ကိုအောင်မြင့်မြတ်က သံတွဲထွေအုပ်ရုံးကနေ စစ်ရှောင်ပြီး ဒီမှာ(မရမ်းကုန်းထွေအုပ်ရုံး) တွဲဖက်ကျနေတဲ့သူပါ။ သူသေတယ်။ ကျော်စိုးမင်းကတော့ ပြေးနေတယ်"ဟု ရမ်းကုန်းမြို့နယ် ထွေအုပ်ရုံးနှင့် နီးစပ်သူကပြောသည်။

ကိုအောင်မြင့်မြတ်သည် အသက် ၃၆ နှစ်အရွယ်
ရှိပြီး ထွေအုပ်ရုံး အငယ်တန်းစာရေးဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၊ ​ကျော်စိုးမင်းမှာအသက် ၅၀ ​ကျော်အရွယ်ဖြစ်​ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့က မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းတို့က ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များ၏ တိုက်ခိုက်နိုင်ခြေအတွက် လုံခြုံရေးဆိုင်ရာအစည်းအဝေးကျင်းပခဲ့သည်။

ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား လုံခြုံရေးမပေါ့ဆရန်၊ ရုံးတွင်းလုံခြုံရေးအ
ထူးဂရုပြုရန် ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းကပြောခဲ့သည်။

ထိုအပြင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ နေ့စဉ် ပြောနေသည့်ကြားမှ ပြင်ပမှလာမတိုက်
ခိုက်ဘဲ အချင်းချင်းသတ်ဖြတ်မှုဖြစ်ခြင်းဖြစ်
သည်။
👏64😁2011🤮3👍2🥰2
မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း ၂၀၂၂ ခုနှစ် ​ဧပြီလတွင် စစ်​ကောင်စီလက်​အောက်ခံဝန်ထမ်းများ​ဆွေး​နွေး​
နေစဥ်။   ဓါတ်ပုံ-MOI
😁41🖕186🤮6👏5👎2💩2🤬1
ပုလဲမြို့ပေါ်ကိုစစ်တပ် အင်အားတိုးလို့
ဒေသခံ တွေညတွင်းချင်းစစ်ရှောင်

ဇွန်-၁၁၊၂၀၂၅။မေ/People Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်အထိနာပြီးတဲ့နောက် ဒီနေ့ညပိုင်းမှာ ပုလဲမြို့ပေါ်ကို စစ်တပ်က ​လေ​ကြောင်းက​နေစစ်ကူ​တွေပို့တယ်ဆိုတဲ့ သတင်း တွေကြောင့်မြို့​ပေါ်က ပြည်သူ​တွေ ညတွင်းချင်းစစ်ဘေးရှောင် နေရတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ဒီနေ့ည၈နာရီခွဲမှာစစ်ကောင်စီက Y-12နဲ့ ပုလဲမြို့ပေါ်က ထွေအုပ်ရုံးထဲကို အင်အား၁၀၀ ကျော်ချခဲ့တာလို့ သိရပါတယ်။

"အတိအကျမသိနိုင်တာညဆိုတော့။ပစ္စည်းချတာလည်းဖြစ်နိုင်တယ်။ဒါပေမယ့် စုံစမ်းလို့ရသလောက်က တော့ လူအင်အားလို့သိရတယ်"လို့ ဒေသခံတဦး က ပြောပါတယ်။

မြကုန်း၊ဇောင်ဂျမ်းကုန်း၊ကျွန်းဘိုကုန်း၊ကုက္ကိုလ်ကုန်း၊စေတီယုံနဲ့ ပုလဲ-ဂန့်ဂါလမ်းပိုင်း တောင်ဘက်ခြမ်းက ကျေးရွာ အားလုံးနီးပါး စစ်ရှောင် နေရတယ်လို့ သိရပါတယ်။

ပုလဲမြို့​ပေါ်မှာစစ်ကောင်စီ တပ်စွဲထားတဲ့ ထွေအုပ်ရုံး နဲ့ မြို့နယ်ထဲက ရဲစခန်းနဲ့ ကမ်းဒေါင့်၊ ဇီဖြူကုန်း၊ အင်မထီးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့ထားလို့ စစ်ကောင်စီတပ်က လေကြောင်းကနေပဲအားဖြည့်နိုင်​တော့တာဖြစ်ပါတယ်။

အဲဒီနေရာပတ်ဝန်းကျင်က ဒေသခံတွေဟာ အမြဲ
တမ်းစစ်ရှောင်တွေအဖြစ် နေရပ်စွန့်ခွာနေကြရသလို ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲမစတင်ခင်ကလည်း ကျေးရွာအချို့ ကြိုတင်တိမ်းရှောင်ခဲ့ကြတယ်လို့လည်း သတင်းရရှိပါတယ်။

ပုလဲမြို့နယ်မှာကန့်ဒေါင့်ရွာနယ်မြေ ရဲစခန်းကို ဇွန်လ၂ရက်နေ့က စတင်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်(PLA)ဦးဆောင်တဲ့​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက် နေပါတယ်။ဒါအပြင် ဇွန် ၁၀ ရက်​နေ့ကစပြီး NUG ရဲ့ကာကွယ်​ရေးဝန်ကြီးဌာနက ခရိုင်တပ်ရင်း​တွေ၊ပကဖ​တွေအပါအဝင် ပူး​ပေါင်းတပ်​တွေက ဇီးဖြူကုန်းရွာက ပျူစောထီးစခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက် နေတယ်လို့PDF တချို့က​ပြောပါတယ်။

ဒါ့အပြင် အင်မထီးပျူ စောထီးရွာက နေကန့်ဒေါင့်ကို စစ်ကူလာနေတဲ့ စစ်ကြောင်းလည်း ကြားဖြတ် တိုက်ခိုက်ခံရပြီး အလောင်းနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လက်နက်တွေလည်းရရှိထားတယ်လို့သိရပါတယ်။

ကန့်​ဒေါင့်ရဲစခန်ယတိုက်ပွဲနဲ့ပတ်သက်တဲ့အသေး
စိတ်အခြေအ နေကို တိုက်ပွဲပြီးစီးမှသာ ထုတ်ပြန်မယ်လို့ PLAတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကလည်း ပြောပါတယ်။

ဒါ​ပေမယ့်ကန့်ဒေါင့်ရွာက ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီး တိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ ပြည်သူ့လွတ်မြောက်
ရေးတပ်မတော် - PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ဇွန် ၁၁ စက်​နေ့မှာလူထုနွေဦးကို ပြောပါတယ်။

ကန့်ဒေါင့်စခန်းဟာ ပုလဲမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကိုသွားတဲ့ လမ်းပိုင်းပေါ်မှာရှိပြီး ပုလဲမြို့နဲ့ (၁၄)မိုင်ကွာဝေးပါတယ်။ အဲဒီကျေးရွာက နယ်မြေရဲစခန်းကို စစ်ကောင်စီက တပ်စွဲပြီး အခိုင်အမာပြုလုပ်ထားတဲ့ စခန်းဖြစ်ကာ အင်အား ၁၀၀ခန့်ရှိနေတယ်လို့ PLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"အခုတော့ အဲဒီစခန်းကို ဝိုင်းပိတ်ဆို့ထားပြီ။ ရဲစခန်းဆိုပေမယ့် သူတို့က အင်အားတွေ ထပ်ဖြည့်နေတာရော ကတုတ်ကျင်းတွေကအစ တပ်ပုံစံနဲ့ အခိုင်အမာလုပ်ထားတဲ့ စခန်းဖြစ်နေတာ"လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ကောင်စီက ပျူစောထီးအားကောင်းရာ အင်းမထီးကျေးရွာကတဆင့် ကန့်​ဒေါင့်ရွာကိုအင်အားတွေ ဖြည့်တင်းပို့နေတာလို့လည်းသူကပြောပါတယ်။
👍4615🤬10🔥4👎1😢1
ပုလဲမြို့မှာညတွင်းချင်းစစ်​ဘေးတိမ်း​ရှောင်​နေတဲ့ပြည်သူအချို့ ကို ဇွန် ၁၁ ရက်ညက​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့
😢42🔥9🤬4🥴42
စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့ စစ်ကိုင်းနဲ့ တနင်္သာရီမှာ ဆန္ဒပြ

ဇွန်-၁၁၊၂၀၂၅။ သုည/People's Spring

စစ်ကိုင်းနဲ့ တနင်္သါရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၁)မှာ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့ သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက အမေစု ၈၀ နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုသပိတ် လုပ်ဆောင်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက စစ်အာဏာရှင်စနစ်နဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

အလားတူ ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းကလည်း စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေး ''Vote ILO Article 33 to save LIVES'' စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တနင်္သါရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီမှ လာမယ့် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ်နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်၊ ဒုတိယပတ်အတွင်း အကောင်ထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ "ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်" ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီကနေ့ ပြုလုပ်လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုမှာ အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
👍5315🥰2🔥1👏1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ DDMSC
👍5815🔥2
■Photo News

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် AFCC-mdy တို့ပူးပေါင်း၍ ဒေသတွင်းနေထိုင်သူ ပြည်သူများအား လေကြောင်းရန်နှင့် လက်နက်
ကြီးအန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေးစာစောင်များ ဖြန့်ဝေနေကြစဥ်။
ဓါတ်ပုံ-MDY-PDF
👍7822🔥2🥰2
ပြီးခဲ့တဲ့ နှစ်တွေထဲမှာ မြန်မာပြည်သူတွေဟာ စစ်အာဏာသိမ်းမှု၊ ပြည်တွင်းစစ်၊ အဓမ္မ စစ်မှုထမ်း ခိုင်းစေမှု၊ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဆိုးရွားလှတဲ့ မြေငလျင်ကြီး တစ်ခုရဲ့ ဒဏ်ကိုပါ ဒုက္ခပေါင်းစုံ တစ်ခုပြီးတစ်ခု ခံစားခဲ့ရပါတယ်။ မြန်မာပြည်သူတွေအတွက် နောက်ထပ် သတင်းဆိုးတစ်ခုဟာဇွန်လ ၅ ရက်နေ့ မနက်ပိုင်းမှာ မဖိတ်ခေါ်ဘဲ ရောက်လာခဲ့ပြန်ပါတယ်။ အဲဒါကတော့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကကြေညာလိုက်တဲ့ ဗီဇာပိတ်ပင်တဲ့ နိုင်ငံတွေ စာရင်းမှာ မြန်မာပါ ပါဝင်သွားခဲ့ခြင်းပါပဲ။

ထရမ့်ကအဲဒီလိုဗီဇာပိတ်ပင်တာဟာအကြမ်းဖက်
သမားတွေ အဓိက ပေါ်ထွက်လာတတ်တာနဲ့ တ
ခြား စိုးရိမ်စရာရှိတဲ့ နိုင်ငံတွေကနေ အမေရိကန်ထဲ ရွှေ့ပြောင်းဝင်ရောက်တာတွေကို တားဆီးဖို့ ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ဗီဇာပိတ်တဲ့ ကြေညာချက်ကို ဝါရှင်တန်ဒီစီမှာ ဒေသစံတော်
ချိန်အရ ဇွန်လ ၄ ရက်ညပိုင်းမှာထရမ့်က ကြေညာ
ခဲ့ပြီး ဇွန်လ ၉ ရက်နေ့မှာ စတင် အသက်ဝင်ခဲ့ပါတယ်။

ထရမ့်ရဲ့ အမိန့်နဲ့ အမေရိကန်က ဗီဇာပိတ်လိုက်တဲ့ နိုင်ငံတွေ စာရင်းကတော့ မြန်မာ၊ အာဖဂန်နစ္စတန်၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်လ် ဂီနီယာ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန် နဲ့ ယီမင်တို့ပဲ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ကိုမင်းနွယ် အတွက်တော့ အိပ်ရာက နိုးနိုးချင်းမှာ သတင်းဆိုးက စောင့်ကြိုနေခဲ့တယ်လို့ စိတ်ပျက်လက်ပျက် ပြောပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ စာရင်းကိုင်အဖြစ် အလုပ်လုပ်နေပြီး လောလောလတ်လတ် အနေနဲ့ အမေရိကန်ကို ရွှေ့ပြောင်းအခြေချခွင့် မဲပေါက်ထားတဲ့သူပါ။ ဒါကြောင့် သူဟာ နောက်နှစ်ဆိုရင် Green cardရမယ့် အခြေအနေမျိုး ရှိနေခဲ့ပါတယ်။

မြန်မာနိုင်ငံသား ဖြစ်ရတာက ဘယ်ကိုသွားသွား မျက်နှာငယ်ပြီး ခွဲခြားဆက်ဆံ ခံရလေ့ရှိကြောင်း၊ အခုတော့ သူ့အတွက်ရှားရှားပါးပါးရလာတဲ့ ကံ
ကောင်းမှုလေးတောင်မှ သူ့ဆီက လုယူသွားတယ်လို့ ခံစားရကြောင်း ကိုမင်းနွယ်က ဆိုပါတယ်။

https://www.ludunwayoo.com/%e1%80%98%e1%80%ac%e1%80%9e%e1%80%ac%e1%80%95%e1%80%bc%e1%80%94%e1%80%ba-%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%b8-my/2025/06/11/123772/
32👎13🔥3🤬3😢3
စစ်တပ်က သက်ရှိစည်းရိုးလို့ အမည်နဲ့ ဝါဒဖြန့်ဇာတ်ကားရိုက်ခဲ့တဲ့ ဥကရစ်ထတပ်စခန်းကို တော်
လှန်ရေးတပ်ဖွဲ့​တွေက၂၀၂၂ ဇွန် ၂၆ ရက်မှာပထမတစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။စခန်းရဲ့​နေရာအချို့ကိုသိမ်းပိုက်နိုင်ခဲ့​ပေမယ့်အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး ။

ပထမအကြိမ်ထိုးစစ်ရဲ့ ၃ နှစ်နီးပါးရှိလာချိန်မှာပဲကရင်အမျိုးသားအစည်းအရုံး(KNU)လက်
အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေကထိုး
စစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါ​​ကြောင့် ဒီတကြိမ်ထိုးစစ်မှာKNLA ဦး​ဆောင်ပြီး ​တော်လှန်​ရေးအဖွဲ့​တွေပိုစုံလာတာဖြစ်ပါတယ် ။

"ဥကရစ်ထကတော့ဒီနေ့(ဇွန် ၁၀)စတယ်”လို့ က
ရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။


https://www.ludunwayoo.com/%e1%80%98%e1%80%ac%e1%80%9e%e1%80%ac%e1%80%95%e1%80%bc%e1%80%94%e1%80%ba-%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%b8-my/2025/06/11/123772/
53👍25👏6🤬5🔥1
ဖားကန့်တွင် စစ်ကောင်စီတပ်က အရပ်သား ၃ဦးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်

ဇွန်-၁၂၊ ၂၀၂၅။ အိမ်သွင်/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သား ၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်ဟု မြို့ခံများက ပြောသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသား ၃ဦးကို ယမန်နေ့(ဇွန်လ ၁၁ရက်)ညပိုင်းက ပစ်သတ်ပြီး မှော်စီစာလမ်းဆုံတွင် ထားသွားခြင်းဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"သူ့ဘာသာသူနေတဲ့ အရပ်သားတွေ အသတ်ခံရတာ။ အရက်တော့ သောက်ကြတယ်သူတို့က။ ဒါပေမဲ့ အိမ်ခြေမဲ့မဟုတ်ဘူး။ စစ်ကြောင်းက ‌မှော်စီစာမှာ ပတ်နေပြီး ‌ညဥ့်နက်ပိုင်းက ကြားတဲ့ သေနတ်သံတွေက သူတို့ကို ပစ်တာလို့ သိရတယ်။ ဒီလုပ်ရပ်က ယုတ်မာတာဖြစ်ပါတယ်"ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

သေဆုံးသူ ၃ဦးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက် မသိရသေးပေ။

လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်ကြောင်းများအန္တရာယ်ကို သတိပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က သတိပေးထားသည်။

"စစ်ကြောင်းက အရပ်သားကိုလည်း မညှာမတာသတ်တာ။ ဒီအတွေ့အကြုံတွေက ရှိပြီးသားပဲ။ မလုပ်လောက်ဘူးလို့ သွားမယုံစားပါနဲ့ "ဟု KPDFနှင့် နီးစပ်သူကပြောသည်။

မိုးကောင်း-ကာမိုင်း-လုံးခင်း-ဖားကန့်လမ်းအတိုင်း ဧပြီ ၂၃ရက်က ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၇ရက်က လုံးခင်းသို့ရောက်လာပြီး ၂၈ရက်တွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်စဉ် အရပ်သား ၅ဦးကို သတ်ဖြတ်ခဲ့သည်။ ၎င်းတို့အား တိုက်ခိုက်ပါက ‌အိမ်များကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြီး မေလ ၂၉ရက်တွင် ဖားကန့်သို့ ဝင်ရောက်လာကာ ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးနေသည်။

ကျောက်စိမ်းလုပ်ကွက်များမှ စက်ယန္တရားများကိုလည်း မီးရှို့ဖျက်ဆီးနေသည်။ စစ်ကောင်စီတပ်သည် အရပ်သားနေထိုင်ရာနေရာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့်ပစ်ခတ်ခဲ့သည်။ စစ်ကြောင်းဝင်လာသည့် မေလ ၂၇ရက်မှ ယနေ့ ဇွန်လ ၁၂ရက်အတွင်း စစ်ကောင်စီက လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူ ၂၀ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းကို KIA နှင့် KPDF ပူးပေါင်းတပ်က ဇွန်လ ၅ရက်၊ ဇွန်လ ၉ရက်နှင့် ဇွန်လ ၁၀ရက်များတွင် တိုက်ခိုက်ခဲ့ပြီး စစ်ရေးဆက်လက်တင်းမာနေသည်။ ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်ကောင်စီအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က ဒေသခံများအား သတိပေးထားသည်။
🤬5313😡4👎3👍2😢2