People's Spring
61.7K subscribers
68.1K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် ပိုင်ရပ်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေတဲ့ ကလေးငယ်များ အပါအဝင် သေဆုံးထိခိုက်မှုများရှိခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်ဘဲ တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း KNUက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၉ရက် နေ့ခင်းပိုင်းက ပိုင်ရပ်ကျေးရွာထဲရှိ စာသင်ဆောင်တွေထဲကို စစ်ကောင်စီလေတပ်မှ လေကြာင်းဖြင့် Cluster ဗုံးသီး အမျိုးအစား(၁)လုံး၊ အခြား ဗုံးသီး(၃)လုံးဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၆)နှစ်နှင့် (၈)နှစ် အရွယ် ကျောင်းသူကလေးငယ် ၂ဦး၊ အသက်(၇)နှစ်အရွယ် ကျောင်းသား ကလေးငယ် ၁ဦး၊ ကျောင်းဆရာမ ၁ဦးနှင့် အသက်(၆၅)နှစ်အရွယ်ရှိ အရပ်သားပြည်သူအမျိုးသား ၁ဦး စုစုပေါင်း ၅ဦးတို့ သေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူများမှာလည်း စာသင်ခန်းတွင်းရှိ ကျောင်းသူကျောင်းသား ကလေးသူငယ် ၁၈ဦးနဲ့ ဆရာမ ၁ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃ဦး စုစုပေါင်း ၂၂ဦးတို့ ဖြစ်တယ်လို့ KNU က ဖော်ပြပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုသပိတ် လုပ်ဆောင်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက စစ်အာဏာရှင်စနစ်နဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။
အလားတူ ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းကလည်း စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေး ''Vote ILO Article 33 to save LIVES'' စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တနင်္သါရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းမှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ "ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်" ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
👍399🤮1
👍379🔥2👏1🤬1
👍21🤬6😢64👎1🔥1😡1
လုံခြုံရေးသတိပေးထားသည့် မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးအတွင်း စစ်ကောင်စီဝန်ထမ်းချင်း
ဓါးထိုးသတ်မှုဖြစ်

ဇွန်-၁၀၊၂၀၂၅။ယောနသံ/People's Spring

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ထွေအုပ်ရုံးအတွင်းတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအားမြို့နယ်အထွေ
ထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကိုယ်ရေးအရာရှိက ဓားဖြင့်ထိုးသတ်မှု ဖြစ်ခဲ့သည်။

ယနေ့ (ဇွန်လ ၁၁ ရက်) နံနက်၁၀နာရီခန့်၌ မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးမှအငယ်တန်းစာရေး ကိုအောင်မြင့်မြတ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကိုယ်ရေးအရာရှိကျော်စိုးမင်းက ဓားဖြင့်ထိုးခြင်းဟု ဖြစ်စဥ်ကိုသိသူတစ်ဦးကပြောသည်။

"ဓါးယူလာပြီးထွေအုပ်ရုံးထဲတင်ထိုးတာဗျ။ ကိုအောင်မြင့်မြတ်က သံတွဲထွေအုပ်ရုံးကနေ စစ်ရှောင်ပြီး ဒီမှာ(မရမ်းကုန်းထွေအုပ်ရုံး) တွဲဖက်ကျနေတဲ့သူပါ။ သူသေတယ်။ ကျော်စိုးမင်းကတော့ ပြေးနေတယ်"ဟု ရမ်းကုန်းမြို့နယ် ထွေအုပ်ရုံးနှင့် နီးစပ်သူကပြောသည်။

ကိုအောင်မြင့်မြတ်သည် အသက် ၃၆ နှစ်အရွယ်
ရှိပြီး ထွေအုပ်ရုံး အငယ်တန်းစာရေးဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၊ ​ကျော်စိုးမင်းမှာအသက် ၅၀ ​ကျော်အရွယ်ဖြစ်​ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့က မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းတို့က ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များ၏ တိုက်ခိုက်နိုင်ခြေအတွက် လုံခြုံရေးဆိုင်ရာအစည်းအဝေးကျင်းပခဲ့သည်။

ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား လုံခြုံရေးမပေါ့ဆရန်၊ ရုံးတွင်းလုံခြုံရေးအ
ထူးဂရုပြုရန် ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းကပြောခဲ့သည်။

ထိုအပြင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ နေ့စဉ် ပြောနေသည့်ကြားမှ ပြင်ပမှလာမတိုက်
ခိုက်ဘဲ အချင်းချင်းသတ်ဖြတ်မှုဖြစ်ခြင်းဖြစ်
သည်။
👏64😁2011🤮3👍2🥰2
မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း ၂၀၂၂ ခုနှစ် ​ဧပြီလတွင် စစ်​ကောင်စီလက်​အောက်ခံဝန်ထမ်းများ​ဆွေး​နွေး​
နေစဥ်။   ဓါတ်ပုံ-MOI
😁41🖕186🤮6👏5👎2💩2🤬1
ပုလဲမြို့ပေါ်ကိုစစ်တပ် အင်အားတိုးလို့
ဒေသခံ တွေညတွင်းချင်းစစ်ရှောင်

ဇွန်-၁၁၊၂၀၂၅။မေ/People Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်အထိနာပြီးတဲ့နောက် ဒီနေ့ညပိုင်းမှာ ပုလဲမြို့ပေါ်ကို စစ်တပ်က ​လေ​ကြောင်းက​နေစစ်ကူ​တွေပို့တယ်ဆိုတဲ့ သတင်း တွေကြောင့်မြို့​ပေါ်က ပြည်သူ​တွေ ညတွင်းချင်းစစ်ဘေးရှောင် နေရတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ဒီနေ့ည၈နာရီခွဲမှာစစ်ကောင်စီက Y-12နဲ့ ပုလဲမြို့ပေါ်က ထွေအုပ်ရုံးထဲကို အင်အား၁၀၀ ကျော်ချခဲ့တာလို့ သိရပါတယ်။

"အတိအကျမသိနိုင်တာညဆိုတော့။ပစ္စည်းချတာလည်းဖြစ်နိုင်တယ်။ဒါပေမယ့် စုံစမ်းလို့ရသလောက်က တော့ လူအင်အားလို့သိရတယ်"လို့ ဒေသခံတဦး က ပြောပါတယ်။

မြကုန်း၊ဇောင်ဂျမ်းကုန်း၊ကျွန်းဘိုကုန်း၊ကုက္ကိုလ်ကုန်း၊စေတီယုံနဲ့ ပုလဲ-ဂန့်ဂါလမ်းပိုင်း တောင်ဘက်ခြမ်းက ကျေးရွာ အားလုံးနီးပါး စစ်ရှောင် နေရတယ်လို့ သိရပါတယ်။

ပုလဲမြို့​ပေါ်မှာစစ်ကောင်စီ တပ်စွဲထားတဲ့ ထွေအုပ်ရုံး နဲ့ မြို့နယ်ထဲက ရဲစခန်းနဲ့ ကမ်းဒေါင့်၊ ဇီဖြူကုန်း၊ အင်မထီးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့ထားလို့ စစ်ကောင်စီတပ်က လေကြောင်းကနေပဲအားဖြည့်နိုင်​တော့တာဖြစ်ပါတယ်။

အဲဒီနေရာပတ်ဝန်းကျင်က ဒေသခံတွေဟာ အမြဲ
တမ်းစစ်ရှောင်တွေအဖြစ် နေရပ်စွန့်ခွာနေကြရသလို ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲမစတင်ခင်ကလည်း ကျေးရွာအချို့ ကြိုတင်တိမ်းရှောင်ခဲ့ကြတယ်လို့လည်း သတင်းရရှိပါတယ်။

ပုလဲမြို့နယ်မှာကန့်ဒေါင့်ရွာနယ်မြေ ရဲစခန်းကို ဇွန်လ၂ရက်နေ့က စတင်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်(PLA)ဦးဆောင်တဲ့​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက် နေပါတယ်။ဒါအပြင် ဇွန် ၁၀ ရက်​နေ့ကစပြီး NUG ရဲ့ကာကွယ်​ရေးဝန်ကြီးဌာနက ခရိုင်တပ်ရင်း​တွေ၊ပကဖ​တွေအပါအဝင် ပူး​ပေါင်းတပ်​တွေက ဇီးဖြူကုန်းရွာက ပျူစောထီးစခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက် နေတယ်လို့PDF တချို့က​ပြောပါတယ်။

ဒါ့အပြင် အင်မထီးပျူ စောထီးရွာက နေကန့်ဒေါင့်ကို စစ်ကူလာနေတဲ့ စစ်ကြောင်းလည်း ကြားဖြတ် တိုက်ခိုက်ခံရပြီး အလောင်းနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လက်နက်တွေလည်းရရှိထားတယ်လို့သိရပါတယ်။

ကန့်​ဒေါင့်ရဲစခန်ယတိုက်ပွဲနဲ့ပတ်သက်တဲ့အသေး
စိတ်အခြေအ နေကို တိုက်ပွဲပြီးစီးမှသာ ထုတ်ပြန်မယ်လို့ PLAတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကလည်း ပြောပါတယ်။

ဒါ​ပေမယ့်ကန့်ဒေါင့်ရွာက ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီး တိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ ပြည်သူ့လွတ်မြောက်
ရေးတပ်မတော် - PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ဇွန် ၁၁ စက်​နေ့မှာလူထုနွေဦးကို ပြောပါတယ်။

ကန့်ဒေါင့်စခန်းဟာ ပုလဲမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကိုသွားတဲ့ လမ်းပိုင်းပေါ်မှာရှိပြီး ပုလဲမြို့နဲ့ (၁၄)မိုင်ကွာဝေးပါတယ်။ အဲဒီကျေးရွာက နယ်မြေရဲစခန်းကို စစ်ကောင်စီက တပ်စွဲပြီး အခိုင်အမာပြုလုပ်ထားတဲ့ စခန်းဖြစ်ကာ အင်အား ၁၀၀ခန့်ရှိနေတယ်လို့ PLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"အခုတော့ အဲဒီစခန်းကို ဝိုင်းပိတ်ဆို့ထားပြီ။ ရဲစခန်းဆိုပေမယ့် သူတို့က အင်အားတွေ ထပ်ဖြည့်နေတာရော ကတုတ်ကျင်းတွေကအစ တပ်ပုံစံနဲ့ အခိုင်အမာလုပ်ထားတဲ့ စခန်းဖြစ်နေတာ"လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ကောင်စီက ပျူစောထီးအားကောင်းရာ အင်းမထီးကျေးရွာကတဆင့် ကန့်​ဒေါင့်ရွာကိုအင်အားတွေ ဖြည့်တင်းပို့နေတာလို့လည်းသူကပြောပါတယ်။
👍4615🤬10🔥4👎1😢1
ပုလဲမြို့မှာညတွင်းချင်းစစ်​ဘေးတိမ်း​ရှောင်​နေတဲ့ပြည်သူအချို့ ကို ဇွန် ၁၁ ရက်ညက​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့
😢42🔥9🤬4🥴42
စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့ စစ်ကိုင်းနဲ့ တနင်္သာရီမှာ ဆန္ဒပြ

ဇွန်-၁၁၊၂၀၂၅။ သုည/People's Spring

စစ်ကိုင်းနဲ့ တနင်္သါရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၁)မှာ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့ သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက အမေစု ၈၀ နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုသပိတ် လုပ်ဆောင်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက စစ်အာဏာရှင်စနစ်နဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

အလားတူ ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းကလည်း စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေး ''Vote ILO Article 33 to save LIVES'' စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တနင်္သါရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီမှ လာမယ့် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ်နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်၊ ဒုတိယပတ်အတွင်း အကောင်ထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ "ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်" ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီကနေ့ ပြုလုပ်လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုမှာ အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
👍5315🥰2🔥1👏1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ DDMSC
👍5815🔥2