KNLA ၊ KNDO ၊ PDF ၊ FFDပူးပေါင်းတပ်က
ဘောဒီ ခေါ် အမိုနယ်စပ်စခန်းကိုသိမ်းပြီးနောက်တွေ့ရစဥ်။ဓါတ်ပုံ-KNU ၊ FFD

👍97❤28👏4🥰3🔥1
မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်း အရပ်သားများ သွားလာခွင့် KIA၊ KPDF ယာယီတားမြစ်
ဇွန်-၁၁၊၂၀၂၅။ကဖေး/People's Spring
ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်
အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်
တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်ကဒေသခံများအားသတိပေးထားသည်။
"မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းက လုံခြုံရေးပြဿနာရှိနေတယ်။ ဒီရက်ထဲမသုံးဖို့ ပြောထားတာရှိတယ်။KIA၊ KPDF က ဒါကို အရေးတကြီး အသိပေးနေတဲ့ပုံစံဖြစ်တယ်"ဟု ဖားကန့်မြို့မှ ဒေ
သခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ကမူ အဆိုပါလမ်းကိုအသုံးပြုရန်ဒေသခံပြည်သူများကိုဖိအားပေးနေကြောင်းမိုး
ကောင်းမြို့ခံအချို့ကပြောသည်။
"လူတွေသွားလာနေမှ စစ်ရေးအရအကာအကွယ်
ရမှာမို့လို့ စစ်တပ်ကကြတော့ သွားခိုင်းနေတယ်။ ကျတော်တို့အတွေ့အကြုံရတော့ မသွားသင့်ဘူး" ဟု၎င်းကပြောသည်။
ဖားကန့်သို့ မြစ်ကြီးနား- မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းရှိသကဲ့သို့ မိုးညှင်း-ဟိုပင်- ဝှေခါ -ဖားကန့်လမ်းလည်း ရှိနေသည်။လက်ရှိတွင် မိုးညှင်း
-ဟိုပင်- ဝှေခါ -ဖားကန့်လမ်းကို ခရီးသွားများအသုံးပြုနေသည်ဟုသိရသည်။ အဆိုပါလမ်းပိုင်းမှ အင်းတော်ကြီးအိုင်အနီးကျေးရွာအချို့တွင် စစ်တပ်၊ရှမ်းနီ(SNA) ပူးပေါင်းတပ် နှင့် KIA၊KPDF တိုက်ပွဲဖြစ်နေသော်လည်း ပြင်းပြင်းထန်
ထန်မဟုတ်သောကြောင့် လက်ရှိတွင်သွားလာ၍
ကြောင်းအင်းတော်ကြီးဒေသခံများကပြောသည်။
မိုးကောင်း -ကာမိုင်း - လုံးခင်း - ဖားကန့်လမ်းအ
တိုင်း ဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၉ရက် တွင် ဖားကန့်သို့ရောက်ရှိလာပြီး ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးနေသည်။ကာမိုင်း-လုံးခင်းကြားတွင်လည်း ကင်ပုန်းများထားခဲ့ကြောင်းသတင်းရရှိသည်။ ထို့အပြင် ဖားကန့်မှ ပြန်မည့် တပ်မ(၃၃) စစ်ကြောင်းသည်လည်း ယင်းလမ်းအတိုင်းပြန်နိုင်ကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်များကသုံး
သပ်ထားသည်။
"အခုက ဖားကန့်မှာလည်း စစ်ရေးအခြေအနေကတင်းမာနေတယ်။မြေပြင်ကနေအင်အားဖြည့်မယ်ဆိုရင်မိုးကောင်း -ကာမိုင်း -ဖားကန့်လမ်းကို သုံးနိုင်တယ်။တပ်မ(၃၃) အပြန်လမ်းကြောင်းလည်းရှိနေတယ်။ ဒါကြောင့် သတိပေးထားတာ" ဟု KIA နှင့်နီးစပ်သူကပြောသည်။
ဒေသခံများနှင့်အဆက်အစပ်ရှိသည့် KPDF တပ်
ဖွဲ့ဝင်အချို့ကလည်း မိုးကောင်း -ကာမိုင်း -ဖားကန့်လမ်းကို ဒေသခံများအသုံးမပြုကြရန် လူမှုကွန်
ယက်မှတစ်ဆင့်သတိပေးထားသည်။
ဖားကန့်မြို့နယ်အတွင်း ရောက်ရှိနေပြီး ကျောက်
စိမ်းမှော်များ၌ စစ်ကြောင်းထိုးနေသည့် စစ်တပ်
နှင့် ရှမ်းနီပြည်သူ့စစ်များအားဇွန်လ ၉ရက် နှင့် ဇွန်လ ၁၀ရက်၌ KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်။ ဇွန်လ ၉ရက်က တိုက်ပွဲ၌ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက်ထွက်ပြေးသွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဇွန်လ၁၁ရက်တွင်စစ်တပ်စစ်ကြောင်းများလည်း မတွေ့ရသလို တိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။
လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်
သားပြည်သူများအနေဖြင့် ည ၉ နာရီမှ မနက် ၄
နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်တပ်စစ်
ကြောင်းများအန္တရာယ်ကိုသတိပြုကြရန် KIA၊PDF ပူးပေါင်းတပ်က သတိပေးထားသည်။

👍75❤14🔥5👌2
ဖားကန့်ရောက်နေသည့် စစ်တပ်နှင့် ရှမ်းနီပြည်
သူ့စစ် SNA ပူးပေါင်းစစ်ကြောင်း ။ဓါတ်ပုံ-CJ

❤39💩28🖕9👎5🤬5🤮1
ဧရာဝတီတိုင်းမှ AA နှင့် ပူးပေါင်းတပ်ထိန်းချုပ် ဒေသအချို့ကို စစ်ကောင်စီဗုံးကြဲ ၊ ရေကြည် နှင့် ငသိုင်းချောင်းမြို့နယ်၌ တိုက်ပွဲဖြစ်ပွား
ဇွန်-၁၁၊၂၀၂၅။ဇော်ရမ်း/People's Spring
အာရက္ခတပ်တော်(AA) နှင့်ပူးပေါင်းတပ်များထိန်း
ချုပ်ထားသည့် ရေကြည်မြို့နယ်မှ ရှောပြာ နှင့်စက်စက်ယိုရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ငါးသိုင်းချောင်း -ဂွလမ်းပိုင်းရှိ ရေနံ့သာရွာအနီး နှင့် အ
မြောက်တပ် ၃၄၄ ဝန်းကျင်၌ တိုက်ပွဲများဖြစ်ပွားနေသည်။
ပုသိမ်-မုံရွာလမ်းပိုင်းမှရေကြည်မြို့နယ်စက်စက်ယိုကျေးရွာနှင့် ရှောပြာ ကျေးရွာကို ပြီးခဲ့သည့် ဧပြီလက တိုက်ပွဲများတွင် AA က ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
"တိုက်ပွဲက ရေနံသာနား နဲ့ ၃၄၄ နားမှာ ဖြစ်နေတာပါ။ လေယာဉ်ရော၊လက်နက်ကြီးရောနေ့ရော၊ညပါ ပစ်ပါတယ်။ ညဘက် ပိုပစ်ပါတယ်။ ပစ်ခတ်သံ
တွေကို အတိုင်းသားကြားနေရတာပါ" ဟု ငသိုင်းချောင်းမြို့ခံတစ်ဦးကပြောသည်။
ရေနံ့သာရွာသည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကိုချိတ်ဆက်ထားသည့် ဂွ-ငသိုင်းချောင်းလမ်းပိုင်း၌ တည်ရှ်ိသည်။
၂၀၂၄ ဒီဇင်ဘာလ ၂၉ရက်ကရခိုင်ပြည်နယ်ဂွမြို့
နယ်ကို AAက သိမ်းယူပြီးနောက် ဧရာဝတီ-ရခိုင်နယ်စပ်ဒေသများဖြစ်သည့် သာပေါင်း၊ ရွှေသောင်ယံမြို့တို့မှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို AAက ထိုးစစ်ဆင်ခဲ့သည်။ ထို့နောက်ဖေဖော်
ဝါရီလမှစ၍ရေကြည်မြို့နယ်၊ သီတာကုန်းပြင်အနီးရှိ အမြောက်တပ်(၃၄၄)အား ဦးတည်သည့်တိုက်ပွဲများတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အမြောက်တပ်(၃၄၄)၏ကာကင်းစခန်းချို့ကိုသိမ်း
ယူထားနိုင်သော်လည်း AAကအသေးစိတ်သတင်း
ထုတ်ပြန်ခြင်းမရှိသေးပေ။ရေကြည်မြို့နယ် နှင့်ဆက်စပ်နေပြီး ဟင်္သာတခရိုင်အတွင်းပါဝင်သည့် လေးမျက်နှာမြို့နယ်တွင်လည်း စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်နေသည်။လေးမျက်နှာမြို့နယ်အတွင်းမှ ကျေးရွာအချို့ကိုလည်း AAနှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားကြောင်းသ
တင်းများရှိသည်။
၎င်းတို့လက်လွှတ်ခဲ့ရသည့်ကျေးရွာများကို စစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးအသုံး
ပြုတိုက်ခိုက်နေ၍ ဒေသခံများ စစ်ဘေးတိမ်း
ရှောင်နေကြရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက တိုက်ပွဲပြင်းထန်ခဲ့သည့် ရွှေသောင်ယံ နှင့်သာပေါင်းမြို့နယ်တွင်မူ လတ်တ
လောတိုက်ပွဲငြိမ်သက်နေပြီး စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းများဖြင့်အင်အားတိုးထား
သည်။
မတ်လ ၂၈ရက်က စစ်ကိုင်းနှင့်မန္တလေးကို ဗဟိုပြုလှုပ်သွားသော ငလျင်ကြောင့် စစ်ကောင်စီကရော AAပါဝင်သည့်မဟာမိတ်သုံးဖွဲ့အပစ်ရပ်ထား
သည်။
လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ AAကသတင်းမထုတ်ပြန်သေးသော်လည်းဧပြီလ ၅ရက်နေ့က နောက်ဆုံးထုတ်ပြန်ရာတွင် မကွေး
တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်မှ AA သိမ်းယူထားသည့်စခန်းများကို စစ်ကောင်စီကပြန်တိုက်ရန်ကြိုးပမ်းနေပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ၊ မြေပြင်မှစစ်ကြောင်းထိုးခြင်းများပြုလုပ်နေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီကမူ AAနှင့် ဖြစ်ပွားနေသောတိုက်ပွဲများကြောင်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

👍72❤14🔥4😁4👏3🥰1
ထိုင်းတွင်ဖမ်းဆီးခံရပြီးပြန်ပို့ရာမှစစ်သားသစ်စုဆောင်းခံရသူ နှင့် ရန်ကုန်တွင်ပေါ်တာဆွဲခံရပြီးစစ်သားသစ်ဖြစ်လာသူများ PDF ထံအလင်းဝင်
ဇွန်-၁၁၊၂၀၂၅။နေ့သစ်/People's Spring
ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကဖမ်းဆီးပြီး မြန်မာပြည်ဘက်ပြန်ပို့ခံရစဥ် အဓမ္မစစ်မှုထမ်းရသည့်လူငယ်နှစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ဒေါနတပ်ရင်း၊ ဗျူဟာ ၃၃ ဗျူဟာမှူးစောဒါးကိုက လူထုနွေဦးသို့ ပြောသည်။
အဓမ္မစစ်မှုထမ်းခဲ့ရပြီးအလင်းဝင်လာသည့်လူငယ် နှစ်ဦးသည် ထိုင်းနိုင်ငံရနောင်း မြို့မှတဆင့် မြန်မာ နိုင်ငံကော့သောင်းမြို့သို့ လွှဲပြောင်းခံရပြီးနောက် မွန် ပြည်နယ်၊သံဖြူဇရပ်အခြေစိုက် စစ်ကောင်စီ၏ ဝဲဂလိ အမှတ် (၄) တန်းမြှင့်လေ့ကျင့်ရေးကျောင်းသို့ပို့ ဆောင်ခံရခြင်းဟု ဆိုသည်။
"လူငယ်တွေကတော့ သူတို့နေရပ်ပြန်ရမယ်ထင်တာပေါ့။ဒါပေမယ့် ကော့သောင်းရောက်ပြီး တစ်ပါတ်လောက် သူတို့ကို ထိန်းသိမ်းထားတယ်။ပြီးတော့ ဝဲဂလိ ကိုခေါ်ပြီး လေ့ကျင့်ရေးလုပ်ခိုင်းပြီး စစ်မှုထမ်းရမယ်ဆိုပြီးလုပ်တာ"ဟု စောဒါးကို က အလင်းဝင်လာသည့်လူငယ်နှစ်ဦး၏ ဖြစ်စဥ်ကို ရှင်းပြသည်။
ထိုင်းနိုင်ငံက ဖမ်းဆီးလွှဲပြောင်းပြီး အဓမ္မစစ်မှု ထမ်း ရသူများအနက် ထွက်ပြေးနိုင်သူအချို့ရှိသော်လည်း စစ်ကောင်စီတပ်တွင်းပိတ်မိနေသူများလည်းကျန်ရှိနေသည်ဟု သိရသည်။
"ထိုင်းနိုင်ငံအနေနဲ့ ဒီလိုဖြစ်စဥ်တွေရှိနေတာ မသိဘူးမဟုတ်ဘူး။သိသိချည်းနဲ့လုပ်တာ။ဒီလောက်အခက် အခဲ ဖြစ်နေတဲ့ အိမ်နီးချင်းက ပြည်သူတွေအတွက် လူသားချင်းစာနာ မှုတော့ ရှိစေချင်တယ်"ဟု ဒေါနတပ်ရင်း ဗျူဟာမှူးက မေတ္တာရပ်ခံသည်။
ကော့သောင်းမြို့ခံတစ်ဦးကလည်း"သိရသလောက် ရနောင်းဘက်ကနေ ကော့သောင်းကို လစဥ် ပြန်ပို့ခံရတဲ့ သူ ၁၀၀ နဲ့ ၁၅၀ လောက်ရှိတယ်။အဲဒီအထဲကမှ အသက်ကြီးတဲ့သူတွေနဲ့ အမျိုး
သမီးတွေကို ဖယ်တယ်။ကျန်တဲ့သူတွေအကုန်လုံးလိုလိုက စစ်မှုထမ်းထဲပါသွားတာ"ဟု လူထုနွေဦးသို့ပြောသည်။
အလင်းဝင်လာ လူငယ်နှစ်ဦးသည် ဝဲဂလိသင်တန်း ကျောင်းမှ ရေးမြို့အခြေစိုက် ခလရ (၂၉၉ )သို့ ရောက်ရှိခဲ့သည်။
ထို့နောက် ဇွန်လ ၉ ရက်နေ့တွင် ဒေါနတပ်ရင်း၊ ဗျူဟာ (၃၃) နယ်မြေအတွင်းသို့ MA1 တစ်လက် ၊ ကျည်ဘောက်သုံးခု၊ ကျည် ၁၂၃ တောင့်ဖြင့် ဗျူဟာ (၃၃) နယ်မြေအတွင်းရှိ ဒေါနတပ်ရင်း၊ စစ်ကြောင်း (၂) ထံသို့ပူးပေါင်းခဲ့သည်။
၎င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရကာ မြန်မာပြည်ဘက် ပြန်ပို့ခံရစဥ် အတင်းအဓမ္မ စစ်သားစုဆောင်းခံရသည်ဟု ဒေါနတပ်ရင်းက သီးခြားထုတ်ပြန်ထားသည်။
■ရန်ကုန်တွင် ညအချိန် အပြင်ထွက်ရင်းပေါ်တာဆွဲခံရပြီး စစ်သားသစ်စုဆောင်းခံရသူအလင်းဝင်
ထိုအပြင် မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ အခြေစိုက် ခလရ(၃၁)၌ တာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ဦးမှာလည်း ဇွန်လ ၁ရက်တွင် MA 1 ၁လက် ၊ ကျည်ဘောက်နှင့် ကျည်များ ယူလာပြီး အလင်းဝင်လာခြင်းဖြစ်သည်ဟု ဒေါနတပ်ရင်း တပ်ခွဲ(၄)က ထုတ်ပြန်သည်။
အလင်းဝင်လာသော စစ်ကောင်စီတပ်သားသည် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြိုနယ်တွင် နေထိုင်သူဖြစ်ပြီး ညအချိန် အပြင်ထွက်ရင်း ပေါ်တာဆွဲခံရခြင်းဖြစ်ကြောင်း၊ စစ်သင်တန်း အပတ်စဉ်(၇) သင်တန်းဆင်းတစ်ယောက်ဖြစ်ပြီး ခေါဇာမြိုနယ်ခွဲ ခလရ ၃၁ တွင် ၇ လခန့် တာဝန်ထမ်းဆောင်ခဲ့ရာ ညဘက် ကင်းတာဝန်ကျချိန် ထွက်ပြေးပြီး ဒေါနတပ်ခွဲ-၄ သို့ ဆက်သွယ်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။
ထိုသို့ ဆက်သွယ်လာ၍ လမ်းပိုင်းတစ်နေရာမှတဆင့် ဗျူဟာ ၃၃နယ်မြေအတွင်းသို သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး ဆုငွေပေးအပ်ကာ လွတ်
မြောက်နယ်မြေ တနေရာသို့ ဘေးကင်းစွာ ပို့
ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။
အဆိုပါတပ်သား အပါအဝင် ဒေါနတပ်ရင်း တပ်ခွဲ(၄)သို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၄ဦးရှိဟု တပ်ခွဲ(၄) တာဝန်ရှိသူက ပြောသည်။
“အာဏာရှင်တစုရဲ့ အလိုကျ ပြည်သူတွေကို မနှိပ်စက်နေတော့ဘဲ ပြည်သူကို ကာကွယ်တဲ့ ပြည်သူ့ဘက်တော်သားတွေအဖြစ် အမြန်ဆုံး ကူး
ပြောင်းကြဖို့ တိုက်တွန်းလိုပါတယ်” ဟု တပ်ခွဲ(၄) တာဝန်ရှိသူက စစ်ကောင်စီတပ်၌ ကျန်နေသူများအား တိုက်တွန်းသည်။
ဒေါနတပ်ရင်း တပ်ခွဲ(၄)အပါအဝင် ဒေါနတပ်ရင်းတခုလုံးသို့ အလင်းဝင် ပူးပေါင်းလာသူ ၆၀ ကျော်ရှိသည်ဟု ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး စောဒါးကို၏ ပြောပြချက်အရ သိရသည်။
ဒေါနတပ်ရင်း အနေဖြင့် အလင်းဝင်ရောက်လာမည့် စစ်ကောင်စီတပ်သားများအား အစဉ် နွေးထွေးစွာကြိုဆိုလျှက်ရှိကြောင်းလည်း အသိပေးသည်။ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသော တပ်သားများနှင့် စစ်ကောင်စီတပ်သားများ အနေဖြင့်လည်း စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးရုန်းထွက်၍ နီးစပ်ရာ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုကြရန်လည်း တပ်ခွဲ(၄)က တိုက်
တွန်းသည်။

👍71❤29🔥2👎1🥰1👏1
ဒေါနတပ်ရင်း နှင့် တပ်ခွဲ(၄)ထံ လက်နက် နှင့်အ
တူ အလင်းဝင်လာသူများနှင့် တပ်ရင်း၊ တပ်ခွဲတာဝန်ရှိသူတို့ကိုတွေ့ရစဥ်။ဓာတ်ပုံ-ဒေါန

👍91❤11🥰3👏3🔥2
တော်လှန်ရေးတပ်တွေ ဥကရစ်ထစခန်းကို
စတင်ထိုးစစ်ဆင်
■ပထအအကြိမ်ထိုးစစ်ဆင်တုန်းက မသိမ်းနိုင်ခဲ့လို့ "သက်ရှိစည်းရိုး"ဆိုပြီးစစ်တပ်ဝါဒဖြန့်ခဲ့တဲ့စခန်းကိုသုံးနှစ်ခန့်အကြာမှာပြန်လည်တိုက်ခိုက်ခြင်းဖြစ်
ဇွန် ၁၁၊ ၂၀၂၅။ကိုဘီဂျီ/People's Spring
စစ်ကောင်စီတပ်က လွန်ခဲ့တဲ့ (၃)နှစ်မှာစခန်းမကျအောင်ခုခံနိုင်ခဲ့တဲ့ မြန်မာ−ထိုင်းနယ်စပ် စည်းမျဉ်းအနီးက စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့
(ဇွန်လ ၁၁ရက်)မှာ နောက်တစ်ကြိမ် စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း လူထုနွေဦးရဲ့ က
ရင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်တပ်က သက်ရှိစည်းရိုးလို့ အမည်နဲ့ ဝါဒဖြန့်ဇာတ်ကားရိုက်ခဲ့တဲ့ ဥကရစ်ထတပ်စခန်းကို တော်
လှန်ရေးတပ်ဖွဲ့တွေက၂၀၂၂ ဇွန် ၂၆ ရက်မှာပထ
မတစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။စခန်း
ရဲ့နေရာအချို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့်အပြီး
သတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး ။
ပထမအကြိမ်ထိုးစစ်ရဲ့ ၃ နှစ်နီးပါးရှိလာချိန်မှာပဲ
ကရင်အမျိုးသားအစည်းအရုံး(KNU)လက်
အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေကထိုး
စစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီတကြိမ်ထိုးစစ်မှာKNLA ဦးဆောင်ပြီး တော်လှန်ရေးအဖွဲ့တွေပိုစုံလာတာဖြစ်ပါတယ် ။
"ဥကရစ်ထကတော့ ဒီနေ့စတယ်"လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဥကရစ်ထရွာဟာ မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသနှင့် မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ဝေါ်လေဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းကြောင်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီရဲ့ အဓိကတပ်စခန်းဟာ ဥကရစ်ထရွာရဲ့ မြောက်ဘက် ရွာလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။
KNLAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြန်မာ−ထိုင်းနယ်စပ်အနီး ဥကရစ်ထတပ်စခန်း တကျောက ဘလယ်ဒို ၊ ကနဲလေး ၊ရွှေအေးမြိုင် (ဝါးမီထ) ၊ ဘုရင့်နောင်၊ မော်ခီး ၊ သေဘောဘိုးတပ်စခန်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆက်တိုက် တိုက်ခိုက်သိမ်းယူထားပါတယ်။ ဥကရစ်ထတပ်စခန်း အနီး အရှေ့ဘက်မှာတော့ ဝေါ်လေဗျူဟာစခန်း ကျန်ရှိနေပါသေးတယ်။
ပထမအကြိမ် ဥကရစ်ထတပ်စခန်းသိမ်းပွဲမှာ စစ်ကောင်စီက လေကြောင်းကနေ အသည်းအသန်ကာကွယ်ခဲ့ရပြီး အထိလည်း နာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းအရင်းမြစ် နောက်တစ်ဦးက ပြောပါတယ်။လေကြောင်းကနေ အကြိမ်၁၀၀ကျော် ပစ်ကူပေးခဲ့သလို ၊မြေပြင်စစ်ကူတွေလည်းပို့ခဲ့ရတဲ့ တိုက်ပွဲလို့လည်း သူက ဆိုပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ရက်အတော်ကြာထိုးစစ်ဆင်ခဲ့ပေမယ့် မသိမ်းပိုက်နိုင်ပဲ တပ်တွေရုပ်သိမ်းအပြီးမှာတော့ စစ်ကောင်စီက ဥကရစ်ထတပ်စခန်း ပါမသွားလို့ အောင်ပွဲအဖြစ်ကြွေးကြော်ခဲ့ပါသေးတယ်။
ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်တွေက မသိမ်းပိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီက ဥကရစ်ထစခန်းကိုအောင်မြင်အောင်ခုခံကာကွယ်နိုင်တယ်ဆိုပြီး သက်ရှိစည်းရိုးဆိုပြီး စစ်တပ်ဝါဒဖြန့်ဇာတ်ကားရိုက်ကူးခဲ့တာပါ။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ KNU ဟာဌာနချုပ်လုပ်ခဲ့ဖူးတဲ့ မြန်မာ-ထိုင်းနယ်စပ်က မာနယ်ပလောစခန်းကိုထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက်ပိုင်းမှာမြန်မာ-ထိုင်းနယ်စပ်ကစစ်တပ်စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ် ။ KNU/KNLA တပ်မဟာ (၇)မှာ စခန်းအနည်းငယ်ပဲကျန်တော့သလို ၊ တပ်မဟာ (၆)မှာလည်း ဥကရစ်ထ ၊ဝေါလေဗျူဟာ ၊ထိကပလယ် အပါအဝင် စခန်း ၄ ခုပဲကျန်တော့တယ်လို့သိရပါတယ်။

❤75👍36👏12🥰4😁3
ဥကရစ်ထ တပ်စခန်းအား ၂၀၂၂က တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်နှင့် စစ်ကူစစ်ကြောင်းကို Cobra Column ကကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရခဲ့စဥ်။ဓာတ်ပုံ−Cobra Column
❤63👍34👏7🥰3😁1
ကျုံဒိုး ပိုင်ရပ်ရွာ စာသင်ကျောင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ဦး အပါအဝင် ၅ဦး သေဆုံး၊ ၂၂ဦး ဒဏ်ရာ
▪️စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ် KNU ပြင်းထန်စွာ ရှုတ်ချ
ဇွန်-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် ပိုင်ရပ်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသည့် ကလေးငယ်များ အပါအဝင် သေဆုံးထိခိုက်မှုများရှိခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်ဘဲ တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း KNUက ယနေ့ ညတွင် သတင်းထုတ်ပြန်သည်။
ဇွန်လ ၉ရက် မွန်းလွဲပိုင်းက ပိုင်ရပ်ကျေးရွာထဲရှိ စာသင်ဆောင်များထဲသို့စစ်ကောင်စီလေတပ်မှ လေကြာင်းဖြင့် Cluster ဗုံးသီး အမျိုးအစား(၁)လုံး၊ အခြား ဗုံးသီး(၃)လုံး ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်ခဲ့၍ စာသင်ကြားနေသော ကလေးသူငယ်များထဲမှ ကလေးသူငယ် (၃)ဦးနှင့် အရပ်သားပြည်သူ (၂) ဦး စုစုပေါင်း (၅) ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း(၂၂) ဦးရှိခဲ့ဟု အသိပေးသည်။
သေဆုံးသူများမှာ အသက်(၆)နှစ်နှင့် (၈)နှစ် အရွယ် ကျောင်းသူကလေးငယ် ၂ဦး၊ အသက်(၇)နှစ်အရွယ် ကျောင်းသား ကလေးငယ် ၁ဦး၊ ကျောင်းဆရာမ ၁ဦးနှင့် အသက်(၆၅)နှစ်အရွယ်ရှိ အရပ်သားပြည်သူအမျိုးသား ၁ဦးတို့ ဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိသူများမှာလည်း စာသင်ခန်းတွင်းရှိ အခြားကျောင်းသူကျောင်းသား ကလေးသူငယ် ၁၈ဦးနှင့် ဆရာမ ၁ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃ဦးတို့ ဖြစ်ကြောင်း KNU က ဖော်ပြသည်။
ထို့အပြင် စာသင်ဆောင်များနှင့် နေအိမ် ၁၀လုံး၊ ဘာသာရေးအဆောက်ဦး ၁ခု ပျက်စီးခဲ့ရကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး သေဆုံးသူ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်သည် အပြစ်မဲ့အရပ်သားပြည်သူများအား ရန်သူသဖွယ်ပစ်မှတ်ထားကာ ကျေးရွာအတွင်းရှိ စာသင်ဆောင်များနှင့် နေအိမ်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU က ဆိုသည်။
KNU သည် အုပ်ချုပ်နယ်မြေ ကော်သူးလေအတွင်း နေထိုင်ကြသည့် ကလေးသူငယ်များ အားလုံး၏ ပညာသင်ကြားခွင့် ကို အသိအမှတ်ပြုပြီး လက်ရှိဖြစ်ပေါ်နေသာ လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျောင်းသူကျောင်းသားများ၊ ဆရာ/ဆရာမများ နှင့် စာသင်ကျောင်းများ၏ ဘေးကင်းလုံခြုံရေးကို စိုးရိမ်ပူပန်လျက် ယမန်နှစ် ၂ဝ၂၄ ခုနှစ် အောက်တိုဘာ (၉)ရက်နေ့ တွင် "ကော်သူးလေတွင်းရှိ ကျောင်းများဘေးကင်းမှုဆိုင်ရာကြေညာစာတမ်း” တစောင်အား ထုတ်ပြန်ကြေညာခဲ့သည်။
သို့ရာတွင် စစ်ကောင်စီသည် စာသင်ကျောင်းများနှင့် ကျောင်းသူကျောင်းသားများအပါဝင် အပြစ်မဲ့အရပ်သား ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ဆက်လက် ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်ပြီး အနာဂါတ် မျိုးဆက်သစ်များမှာ ထိုသို့သော လေကြောင်းရန်၊ ဗုံးဒဏ်၊ လက်နက်ကြီးဒဏ်၊ စက်သေနတ်ဒဏ် တို့မှ လွတ်ကင်းမည်ထင်သည့် နေရာများတွင် ယနေ့ထိတိုင် ဘေးကင်းလုံခြုံမှုမရှိဘဲ အကြောက်တရားအပြည့်ဖြင့် ပညာသင်ကြားနေရသည့်အပေါ် လွန်စွာ ဝမ်းနည်းကြေကွဲရကြောင်း KNU က ဖော်ပြသည်။
ထို့ကြောင့် KNUမှ ကြေငြာစာတမ်းအဖြစ် ထုတ်ပြန်တောင်းဆိုထားသော “ကော်သူးလေတွင်းရှိ ကျောင်းများဘေးကင်းမှုဆိုင်ရာကြေညာစာတမ်း" အား ထပ်လောင်းတောင်းဆိုလျက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ် မဟုတ်သည့် ဘာသာရေးအဆောက်အဦများ ပြည်သူ့ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အပြစ်မဲ့အရပ်သားပြည်သူနေထိုင်သည့်နေရာများအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လိုက်လံ ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေမှုအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်သည်။

🤬50😢19❤12👍3😡2👎1
■ဘာသာပြန်ဆောင်းပါး
စစ်ဘေးသင့် နိုင်ငံတွေကို ဗီဇာပိတ်ပြီး
ရေနစ်သူ ဝါးကူထိုးခဲ့တဲ့ ထရမ့်
-ဟာနာဘိချ်/ The New Yourk Times
ပြီးခဲ့တဲ့ နှစ်တွေထဲမှာ မြန်မာပြည်သူတွေဟာ စစ်အာဏာသိမ်းမှု၊ ပြည်တွင်းစစ်၊ အဓမ္မ စစ်မှုထမ်း ခိုင်းစေမှု၊ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဆိုးရွားလှတဲ့ မြေငလျင်ကြီး တစ်ခုရဲ့ ဒဏ်ကိုပါ ဒုက္ခပေါင်းစုံ တစ်ခုပြီးတစ်ခု ခံစားခဲ့ရပါတယ်။ မြန်မာပြည်သူတွေအတွက် နောက်ထပ် သတင်းဆိုးတစ်ခုဟာဇွန်လ ၅ ရက်နေ့ မနက်ပိုင်းမှာ မဖိတ်ခေါ်ဘဲ ရောက်လာခဲ့ပြန်ပါတယ်။ အဲဒါကတော့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကကြေညာလိုက်တဲ့ ဗီဇာပိတ်ပင်တဲ့ နိုင်ငံတွေ စာရင်းမှာ မြန်မာပါ ပါဝင်သွားခဲ့ခြင်းပါပဲ။
ထရမ့်ကအဲဒီလိုဗီဇာပိတ်ပင်တာဟာအကြမ်းဖက်
သမားတွေ အဓိက ပေါ်ထွက်လာတတ်တာနဲ့ တ
ခြား စိုးရိမ်စရာရှိတဲ့ နိုင်ငံတွေကနေ အမေရိကန်ထဲ ရွှေ့ပြောင်းဝင်ရောက်တာတွေကို တားဆီးဖို့ ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ဗီဇာပိတ်တဲ့ ကြေ
ညာချက်ကို ဝါရှင်တန်ဒီစီမှာ ဒေသစံတော်ချိန်အရ ဇွန်လ ၄ ရက် ညပိုင်းမှာ ထရမ့်က ကြေညာခဲ့ပြီး ဇွန်လ ၉ ရက်နေ့မှာ စတင် အသက်ဝင်ခဲ့ပါတယ်။
ထရမ့်ရဲ့ အမိန့်နဲ့ အမေရိကန်က ဗီဇာပိတ်လိုက်တဲ့ နိုင်ငံတွေ စာရင်းကတော့ မြန်မာ၊ အာဖဂန်နစ္စတန်၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်လ် ဂီနီယာ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန် နဲ့ ယီမင်တို့ပဲ ဖြစ်ပါတယ်။
အဲဒီစာရင်းထဲကနိုင်ငံတော်တော်များများဟာ ပဋိ
ပက္ခတွေနဲ့ ထွေးလုံးရစ်ပတ်ရင်း ဗျာများနေခဲ့ပြီး ဖြစ်ပြီး တခြားနိုင်ငံတွေကတော့ဆိုးရွားကြမ်း
ကြုတ်တဲ့ အုပ်စိုးသူတွေရဲ့ ဗိုလ်ကျမှုကို ခံနေရပါတယ်။ အခုတော့အဲဒီလိုအခြေအနေဆိုးတွေကနေ ထွက်ပြေးရင်းအမေရိကန်မှာလာရောက် ခိုလှုံရင်း ဘဝသစ်ကို အစပြုချင်သူတွေရဲ့ အိပ်မက်တွေကို ထရမ့်ရဲ့ ကြေညာချက်က ဖျက်ဆီးပစ်လိုက်တော့တာပါပဲ။
တခြား ၇ နိုင်ငံဖြစ်တဲ့ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာလီယွန်၊ တိုဂို၊ ဗင်နီဇွဲလားတို့ကတော့အမေရိကန်ဆီ ကမ္ဘာလှည့် ခရီးသွားဗီဇာ၊ ကျောင်းသားဗီဇာတွေနဲ့ လာရောက်ခွင့် တားမြစ်ခံရတဲ့ ကန့်
သတ် ပိတ်ပင်မှုကို ကြုံခဲ့ရပါတယ်။ အဲဒီနိုင်ငံသားတွေဟာအမေရိကန်မှာအမြဲတမ်းအခြေချ နေထိုင်ခွင့်လည်း မရနိုင်တော့ပါဘူး။
အမေရိကန်ကိုထိခိုက်နစ်နာစေဖို့ ဆန္ဒရှိတဲ့ နိုင်ငံတွေက လူတွေကို အမေရိကန်က ပြည်ဝင်ခွင့်ပေးလို့မဖြစ်ဘူးလို့ထရမ့်ကလူမှုကွန်ရက်ပေါ်မှာ ရေး
သားထားခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ် ကိုမင်းနွယ် အတွက်တော့ အိပ်ရာက နိုးနိုးချင်းမှာ သတင်းဆိုးက စောင့်ကြိုနေခဲ့တယ်လို့ စိတ်ပျက်လက်ပျက် ပြောပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ စာရင်းကိုင်အဖြစ် အလုပ်လုပ်နေပြီး လောလောလတ်လတ် အနေနဲ့ အမေရိကန်ကို ရွှေ့ပြောင်းအခြေချခွင့် မဲပေါက်ထားတဲ့သူပါ။ ဒါကြောင့် သူဟာ နောက်နှစ်ဆိုရင် Green cardရမယ့် အခြေအနေမျိုး ရှိနေခဲ့ပါတယ်။
မြန်မာနိုင်ငံသား ဖြစ်ရတာက ဘယ်ကိုသွားသွား မျက်နှာငယ်ပြီး ခွဲခြားဆက်ဆံ ခံရလေ့ရှိကြောင်း၊ အခုတော့ သူ့အတွက်ရှားရှားပါးပါးရလာတဲ့ ကံ
ကောင်းမှုလေးတောင်မှ သူ့ဆီက လုယူသွားတယ်လို့ ခံစားရကြောင်း ကိုမင်းနွယ်က ဆိုပါတယ်။
ထရမ့်က နိုင်ငံတွေကို ရွေးချယ်ပြီး ဗီဇာပိတ်ရာမှာ နောက်ထပ်အကြောင်းပြချက်ပေးတာတွေလည်း ရှိပါတယ်။အဲဒါတွေက အမေရိကန်ကို ဝင်ရောက်ပြီးရင်ဇာတိနိုင်ငံမပြန်ဘဲ overstayအဖြစ် နေထိုင်သူအများအပြားရှိတဲ့နိုင်ငံတွေ၊ အမေရိကန်က တ
ရားမဝင် အခြေချသူတွေကို ပြန်ပို့တဲ့ အခါတိုင်း အလွယ်တကူ လက်မခံတဲ့ နိုင်ငံတွေကိုလည်း ဗီဇာပိတ်ကြောင်း ထရမ့်က ဆိုတယ်။ လက်တွေ့အား
ဖြင့်တော့ ပစ်မှတ်ထား ပိတ်ဆို့ခံရတဲ့ အများစုဟာ အမေရိကန်မှာ ခိုလှုံခွင့်ရဖို့ မျှော်လင့်နေသူ ဖိနှိပ်ခံ ပြည်သူတွေနေထိုင်တဲ့နိုင်ငံတွေ ဖြစ်နေပါတယ်။
ထရမ့်ရဲ့ မူဝါဒဟာအမျိုးသားလုံခြုံရေးနဲ့ ဘာမှမပတ်သက်ကြောင်း၊ တကယ့် ရည်ရွယ်ချက် အမှန်က သွေးကွဲမှုတွေကို ဖန်တီးပေးပြီး အမေရိကန်မှာ ခိုလှုံခွင့်ရဖို့ မျှော်လင့်နေတဲ့ လူ့အဖွဲ့အစည်းတွေကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်မှု သက်
သက်သာဖြစ်ကြောင်း နိုင်ငံတကာ ဆင်းရဲမွဲတေမှုနဲ့ မညီမျှမှု တိုက်ဖျက်ရေး အစုအဖွဲ့ တစ်ခုဖြစ်တဲ့ Oxfam America ရဲ့ ဥက္ကဋ္ဌ အက်ဘီ မက်စ်မန်းက ပြောကြားခဲ့ပါတယ်။
ဗီဇာပိတ်တဲ့နေရာမှာ တချို့ ခြွင်းချက်လေးတွေတော့ ရှိပါတယ်။ ဥပမာ အာဖဂန် နစ္စတန် နိုင်ငံ
သားတွေထဲမှာ ၂၀၂၁ ခုနှစ်တုန်းက အမေရိကန် တပ်တွေမရုပ်သိမ်းခင်အမေရိကန်အစိုးရအတွက်
အလုပ်လုပ်ခဲ့သူတွေ၊စကားပြန်အဖြစ်ဆောင်ရွက်
ခဲ့သူတွေဟာ သူတို့အတွက် သီးသန့် သတ်မှတ်ပေးထားတဲ့ အထူးဗီဇာမျိုး လျှောက်ထားခွင့် ရှိနေဆဲပါ။ ပိတ်ပင်မှု စာရင်းထဲမှာ ပါတဲ့ နိုင်ငံတွေထဲကမှ အမေရိကန်မှာ တရားဝင် အမြဲတမ်း နေထိုင်ခွင့် ရရှိပြီးသားနိုင်ငံသားတွေလည်း ကင်းလွတ်ခွင့်
ရကြပါတယ်။
အားကစားပြိုင်ပွဲကြီးတွေ အတွက်လာရောက်မယ့် အားကစားသမားတွေနဲ့ အားကစား အဖွဲ့တွေလည်း ဗီဇာ ရကြမှာဖြစ်ပြီး ပိတ်ဆို့မှု စာရင်းဝင် နိုင်ငံတွေဆီက ကလေးတွေကိုလည်း အမေရိကန် နိုင်ငံသားတွေကမွေးစားခွင့် ရှိပါတယ်။

❤28👍12👎1🤮1😡1
ထရမ့်ဟာ ပထမ သမ္မတသက်တမ်းတုန်းကလည်း နိုင်ငံတချို့ကို ခရီးသွား ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး အများစုက မွတ်ဆလင်တွေ နေထိုင်တဲ့ နိုင်ငံတွေပါ။ အဲဒီထဲက တချို့ဟာထရမ့်ရဲ့ အမေရိကန် အစိုးရကို တရားရေးအရ တုံ့ပြန် စိန်ခေါ်တာမျိုးတွေရှိခဲ့ပါတယ်။ နောက်တော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အာဏာရလာတဲ့ အခါမှာ ထရမ့် လက်
ထက်တုန်းက သတ်မှတ်ထားတဲ့ ဗီဇာ ပိတ်ပင်မှုတွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ဘိုင်ဒန်က အဲဒီ သတ်မှတ်ချက်တွေဟာ အသိတရား ထားရှိမှုကို ညစ်နွမ်းစေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
အာဖဂန် နိုင်ငံသားဂျာနယ်လစ်တစ်ဦးဖြစ်တဲ့
ဟက်ရှ်မတ်ဟာ တာလီဘန် အစိုးရရဲ့ အကျဉ်း
ထောင်ထဲမှာ တစ်လလောက် ချုပ်နှောင် ခံခဲ့ရတဲ့နောက်ပိုင်း အမေရိကန်ဆီ ဝင်ရောက် ခိုလှုံခွင့် ဗီဇာရရှိခဲ့ပါတယ်။နောက်တော့ ထရမ့်ရဲ့ဗီဇာပိတ်
ဆို့မှု အမိန့် ထွက်ပေါ်လာပြီးအဲဒီထဲမှာ ဟက်ရှ်မတ် ရထားတဲ့ ဗီဇာ အမျိုးအစားပါ အကျုံးဝင်သွားပါတယ်။ လောလောဆယ်တော့ ဟက်ရှ်မတ်ဟာ ပြည်တွင်းမှာပဲ ပုန်းလျှိုးကွယ်လျှိုးဘဝမျိုးနဲ့ နထိုင် ဖြတ်သန်းရင်း မျှော်လင့်ချက် မဲ့နေရပါပြီ။
သူ့ဘဝမှာ ၁၄ နှစ်လုံးလုံးလေးစားထိုက်တဲ့ မီဒီယာဌာနတွေမှာအလုပ်လုပ်ရင်း ဒီမိုကရေစီ၊ လွတ်လပ်
စွာ ဖော်ထုတ်ခွင့်နဲ့ ကမ္ဘာ့စံနှုန်းတွေကို မြှင့်တင်ပေးခဲ့ကြောင်း၊ ဒါတွေဟာ အမေရိကန်လည်း တန်ဖိုးထားတဲ့ စံနှုန်းမျိုးတွေလို့ သူယုံကြည်ခဲ့ကြောင်း၊ အခုတော့ အဲဒီစံနှုန်းတွေ အတွက်ပဲ သူဟာ နာ
ကျင်ခံစားနေရပြီဖြစ်ကြောင်း ဟက်ရှ်မတ်က စိတ်
ပျက်လက်ပျက် ဆိုပါတယ်။
ထရမ့်ရဲ့ ဗီဇာပိတ်ဆို့မှု စာရင်းထဲ ပါဝင်ခဲ့တဲ့ နိုင်ငံတချို့ကတော့ခပ်မြန်မြန် တုံ့ပြန်တာတွေ ရှိသလို ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းဖို့ သံန္နိဋ္ဌာန် ချ
ထားကြောင်း ပြောပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ဆိုမာလီယာဆိုရင် ဗဟို အစိုးရရဲ့ ဩဇာအာဏာ ကင်းမဲ့နေပြီးခရီးသွားတွေကိုစောင့်ကြည့် လေ့လာ
နိုင်စွမ်း မရှိကြောင်း၊ အကျိုးဆက်အဖြစ် အကြမ်း
ဖက်သမားတွေရဲ့ ပျော်မွေ့ခိုလှုံရာ နယ်မြေတစ်ခု ဖြစ်နေကြောင်း ထရမ့်က စွပ်စွဲထားပါတယ်။
အမေရိကန် နိုင်ငံဆိုင်ရာ ဆိုမာလီယာ သံအမတ်ကြီး ဒါဟာ ဟာဆန် အက်ဘ်ဒီကတော့ သူ့ရဲ့နိုင်ငံဟာအမေရိကန်နဲ့ ကာလရှည်ကြာ မိတ်ဖက်အဖြစ် ရပ်တည်ခဲ့တာကို တန်ဖိုးထားပြီး လက်ရှိ ကြုံနေတဲ့ စိုးရိမ်မှု အကြောင်းတရားတွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်း ဆွေးနွေးသွားမှာဖြစ်
ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၄ နှစ်ကျော်က စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းစစ်မီးက အင်ပြည့်အားပြည့် တောက်လောင်လာပါတယ်။ တရားဥပဒေ စိုးမိုးမှု အင်မတန် အားနည်းသွားတဲ့ နယ်စပ် ဒေသတွေမှာ ဒုစရိုက် ကွန်ရက်တွေက အခြေစိုက် ဖြန့်ကျက်ပြီး စစ်စရိတ်အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်တာ၊ အွန်လိုင်းငွေကြေး လိမ်လည်တာမျိုးတွေ၊ သတ္တုတူးဖော်တာတွေနဲ့ ငွေရှာနေတဲ့ အဖွဲ့အစည်းတွေလည်းရှိပါတယ်။ နောက်ပြီးမြန်မာနိုင်ငံကနေ ပြည်
ပကို အကြမ်းဖက်ဝါဒ တင်ပို့နေပါတယ်ဆိုတဲ့ အ
ထောက်အထား အနည်းအကျဉ်း ရှိကောင်းရှိနိုင်တဲ့တိုင် အမေရိကန်ကိုတော့ သက်ရောက်မှု မရှိသလောက်ပါပဲ။
အမေရိကန်ကို ရွှေ့ပြောင်းအခြေချတဲ့ မြန်မာနိုင်ငံသား အများစုဟာ ဖိနှိပ်မှုတွေကနေ ထွက်ပြေးရင်း ဒုက္ခသည်အဖြစ် ခံယူလာခဲ့သူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို စစ်အာဏာရှင်က ဖြိုခွင်းနေခဲ့တဲ့ ၁၉၈၈ ကနေ ၂၀၀၇ ခုနှစ်ထိ အတောအတွင်း ကာလမျိုးတွေမှာ မြန်မာနိုင်ငံသားတွေဟာ အမေရိကန်ကို တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိခဲ့ကြပါတယ်။
မျက်မှောက်ကာလမှာတော့ မြန်မာနိုင်ငံသား ၅၅ သန်းလောက်ထဲက ၃ သန်းခွဲကျော်ကြာ ပြည်
တွင်းစစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ နောက်ထပ်သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ ပြည်ပနိုင်ငံတွေမှာ ခိုလှုံနေကြရပြီး အများစုက အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ဖြစ်ပါတယ်။
မနှစ်က ဇူလိုင်လကစလို့ထိုင်းနဲ့နယ်စပ်မှာ ရှိနေတဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ မြန်မာ နိုင်ငံ
သားတွေ အမေရိကန် နိုင်ငံဆီ ခေါ်ယူ အခြေချခွင့်ပြုတဲ့ အစီအမံတွေ စတင်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ သမ္မတအဖြစ်ထရမ့်ကျမ်းသစ္စာ ကျိန်
ဆိုလိုက်ချိန် ကတည်းက အဲဒီ ကိစ္စက ရပ်တန့်သွားပါတော့တယ်။ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ မြန်မာဒုက္ခသည်တွေအတွက် အမေရိကန်က အကူအညီ ပေးနေတဲ့ အထောက်အပံ့တွေလည်း ဖြတ်တောက် လျှော့ချ ခံခဲ့ရပါတယ်။ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု အထောက်အပံ့တွေ မရတော့တဲ့အခါ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အသက်ဆုံးရှုံးခဲ့ကြရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ အေဂျင်စီရဲ့ အဆိုအရ ၂၀၀၅ ကနေ ၂၀၁၅ ခုနှစ် အတောအတွင်း ထိုင်းမှာရှိတဲ့ ဒုက္ခသည် စခန်းတွေကနေ မြန်မာ ၁ သိန်းလောက်ဟာ ပြည်ပကို ရွှေ့ပြောင်း အခြေချခွင့် ရခဲ့ပြီး အများစုက အမေရိကန်ကို ရောက်ရှိခဲ့ကြကြောင်း သိရပါတယ်။

❤31👍13👎1🤮1