People's Spring
61.8K subscribers
68.1K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ၊ စခန်းပိတ်ဆို့ထားနိုင်ပြီလို့ PLAပြော

ဇွန် ၁၁၊ ၂၀၂၅။ကိုဘီဂျီ/People's Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားတဲ့ ကန်ဒေါင့်ကျေးရွာက ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီး တိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကန်ဒေါင့်စခန်းဟာ ပုလဲမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကိုသွားတဲ့ လမ်းပိုင်းပေါ်မှာရှိပြီး ပုလဲမြို့နဲ့ (၁၄)မိုင်ကွာဝေးပါတယ်။ အဲဒီကျေးရွာက နယ်မြေရဲစခန်းကို စစ်ကောင်စီက တပ်စွဲပြီး အခိုင်အမာပြုလုပ်ထားတဲ့ စခန်းဖြစ်ကာ အင်အား ၁၀၀ခန့်ရှိနေတယ်လို့ PLAရဲ့ပြောရေး
ဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီစခန်းကို PLA ဦးဆောင်ပြီး အခြားတော်လှန်
ရေးတပ်ဖွဲ့တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂ရက်ကတည်းက စီးနင်းတိုက်ခိုက်နေတာလို့ ပြောပါတယ်။

"အခုတော့ အဲဒီစခန်းကို ဝိုင်းပိတ်ဆို့ထားပြီ။ ရဲစ
ခန်းဆိုပေမယ့် သူတို့က အင်အားတွေ ထပ်ဖြည့်နေတာရော ကတုတ်ကျင်းတွေကအစ တပ်ပုံစံနဲ့ အ
ခိုင်အမာလုပ်ထားတဲ့ စခန်းဖြစ်နေတာ"လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီစခန်းကို စစ်ကောင်စီက ပျူစောထီးအား
ကောင်းရာ အင်းမထီးကျေးရွာကတဆင့် အင်အားတွေ ဖြည့်တင်းပို့နေတာလို့လည်း PLAရဲ့ ပြော
ရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"လေယာဉ်နဲ့ အင်းမထီးကိုလာချတယ်။ အင်းမထီးကနေ စစ်ကြောင်းထိုးပြီး အင်အားတိုးနေတာ"လို့ ၎င်းက ဆက်ပြောပါတယ်။

မနေ့က (ဇွန်လ ၁၀ရက်)ကလည်း PLAပူးပေါင်းတပ်တွေက ကန်ဒေါင့်စခန်းကို ထိုးစစ်ဆင်တိုက်နေချိန်မှာ လေကြောင်းတိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာကို PLAရဲ့ ရှေ့တန်းရဲဘော်တွေက ပစ်ချခဲ့တယ်လို့ PLAရဲ့ ပြော
ရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီကလည်း ကန်ဒေါင့်ရွာရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာလည်း တိုက်ပွဲတွေ မကြာခဏဖြစ်နေတာကြောင့် ကန်ဒေါင့်ရွာအပါအဝင် အနီးအနားက ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာလည်း ကန်ဒေါင့်ရွာအတွင်းမှာ ဒေသခံပြည်သူတွေ မရှိတော့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ ကန်ဒေါင့်ရွာတိုက်ပွဲအတွင်းကို ဗုံးအလုံးရေ ရာဂဏန်းသုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မနေ့က ဂျက်ဖိုက်တာ ပစ်ချခံရအပြီးမှာလည်း ကန်ဒေါင့်ရွာနဲ့ ပုလဲမြို့ကြား တနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။
👏77👍2019🥰3🤣3
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − PLA
🥰8434👌5👏2👍1🔥1🤣1
အင်းအား ၆၀ခန့်ရှိ ဘောဒီစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သားအများစု လက်နက်များ ယူပြီး ထိုင်းဘက်ထွက်ပြေး

■လက်နက်ကြီး၊လက်နက်ငယ် ၁၀လက်ခန့်သိမ်းဆည်းရရှိ

ဇွန်-၁၁၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ
(၄)နယ်မြေ မြန်မာ-ထိုင်းနယ်စပ်ရှိ ဘောဒီ ခေါ် အမို နယ်စပ် စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၁၀
ရက်မနက်က သိမ်းပိုက်ခဲ့ရာ စစ်သားအများစုမှာ လက်နက်များယူပြီး ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားကြောင်း KNU တပ်မဟာ(၄) နှင့် တော်လှန်
ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

အင်အား ၆၀ ခန့် တပ်စွဲထားသည့် ပွိင့် ၂၅၆၆ စခန်း ခေါ် ဘောဒီနယ်စပ်(အမိုနယ်စပ်) စခန်းကို ဇွန်လ ၁၁ ရက်မနက်တွင် KNU/KNLA၏ စစ်ရေးဦးဆောင်မှုဖြင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“မနေ့ကစခန်းသိမ်းတဲ့တိုက်ပွဲမှာ ရန်သူက ဖမ်းမိတာမရှိဘူး။ သူတို့ ထိုင်းဘက် အကုန်ထွက်ပြေးတယ်။ သူတို့က ယူသွားတာပေါ့ လက်နက်တွေ။ ဒါပေမဲ့ ထိုင်းဘက်ရောက်တော့ တချို့ကပါတယ်လို့ထင်တယ်။ တချို့က သူတို့ လျှို့ဝှက်ထားတာလားမသိဘူး” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

KNU မြိတ် -ထားဝယ်ခရိုင် ကရင်လူငယ်အစည်းရုံးအတွင်းရေးမှူး စောအယ်ထီးကော်ကလည်း ဘောဒီစစ်ကောင်စီတပ်စခန်းသိမ်းပိုက်မှု တွင်လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၀လက်ခန့်
ရသည်ဟု သိရကြောင်း ပြောပြသည်။

“လက်နက်ကတော့တချို့တဝက်ပဲသိမ်းဆည်းရတာပေါ့နော်။ ထိုင်းဘက် ပြေးတယ်လို့တော့ ပြောတယ် ဒါပေမဲ့ထိုင်းဘက်မှာလည်း သတင်းတော့ မထွက်သေးဘူးပေါ့နော်။ လက်နက်အပါအဝင် သူတို့ ထွက်ပြေးသွားတာ။ ဒါပေမဲ့ ဒီစခန်းမှာ ကျန်ရှိလက်နက်တွေတော့ ကျနော်တို့ သိမ်းဆည်းရရှိတာပေါ့နော်။ လက်နက်ကတော့ ဒီလောက်ပဲရထားတာပေါ့ ၆၀ မမ ၂လက်နဲ့လက်နက်ငယ် ၇လက်၊ ၈
လက် အဲဒီလောက်ပဲရတယ်။ “ ဟု စောအယ်ထီးကော်က ပြောသည်။

သိမ်းပိုက်ရရှိခဲ့သည့် လက်နက်များသည် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကျဆုံးခဲ့သူများ၏ လက်နက်ဖြစ်သည်ဟုသိရသည်။

“စခန်းမှာကျတာရှိတယ်။ ဒရုန်းနဲ့ ချတဲ့အချိန်မှာ ဒီလောက်ကျသွားတာ။” ဟုစောအယ်ထီးကော်ကပြောသည်။

စခန်းသိမ်းတိုက်ပွဲ၌ပါဝင်သည့်ဒရုန်းတပ်ဖွဲ့ Force
for Federal Democracy(FFD) ဒုတာဝန်ခံ ကိုအောင်အောင်က လည်း “ဘောဒီနယ်စပ်စခန်းက ထိုင်း-မြန်မာ နယ်စပ်မှာ ရှိနေပြီးတော့ စတုရန်းမီတာ ၁၀၀ မီတာခန့် ကျယ်ဝန်းတယ်။ ခြံစည်းရိုးသုံးထပ်နဲ့ ဖွဲစည်းထားတဲ့ စခန်းဖြစ်တယ်။ စခန်းရဲ့ တဝက်လောက်က ထိုင်းနိုင်ငံရဲ့ ဘော်ဒါဘက်ခြမ်းထဲကို ဝင်နေတယ်လို ပြောလိုရပါတယ်” ဟု ပြော
သည်။

အဆိုပါဘောဒီ တပ်စခန်းကို ဇွန်လ ၈ရက်က စတင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၀ရက်၌ အပြီးတိုင်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစခန်း၌ အထိုင်တပ်မှာ ခလရ(၂၅) ဖြစ်ပြီး ထီးထာဗျူဟာ၏ ကွပ်ကဲမှုအောက်၌ ရှိသည့် စခန်းဖြစ်သည်။

KNU တပ်မဟာ(၄) ပူးပေါင်းတပ်သည် ထီးထဗျူဟာကို ဧပြီလတွင် သိမ်းပိုက်ခဲ့ပြီး အနီးရှိ ထီးခီး(မယ်သမီးခီး) စခန်းကို မေလတွင် သိမ်းပိုက်ခဲ့သည်။

ဘောဒီနယ်စပ်စခန်းတွင် မူလက အင်အား ၂၈ ဦးခန့်သာရှိ​သော်လည်း စစ်​ကောင်စီက​လေ​ကြောင်းမှ စစ်ကူချပေးပြီးနောက် အင်အား ၆၀ ခန့်ရှိနိုင်​ကြောင်း FFD ဒုတာဝန်ခံကပြောသည်။

ထီးထဗျူဟာအမှတ်(၁)၏ စစ်ရေးကွပ်ကဲမှုအောက်တွင် စစ်ကောင်စီတပ်စခန်း ၁၀ခုကျော်ရှိသည်ဟု သိရသည်။

“ထီးခီးရယ်ပြီးတော့မောထ၊ မောထက မနှစ်က
တည်းကတက်သိမ်းခဲ့တာ။ဒီဘက်မှာကျတော့ထီးခီးရယ် ဗောဒီရယ် အကုန်လုံး ၆ခုကျသွားတာ။အ
ကုန်လုံးသူ့ရဲ့ဗျူဟာအောက်မှာစခန်း၁၀ကျော်
တယ်။ ၁၀ကျော်မှာ ဟိုးနာရီတောင်အထိပါတယ်။ နာရီတောင်စခန်းလည်း ဗျူဟာ(၁)ရဲ့အောက်မှာ ရှိတယ်။ ဆိုတော့ ကျန်တဲ့စခန်းတွေလည်း သိမ်းဖို့ အစီအစဉ်ရှိတယ်။ ” ဟု KNU တပ်မဟာ(၄) သတင်းရင်းမြစ်တဦးက ပြောသည်။

ဘောဒီစစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲအတွင်း ကြိုးပမ်းခဲသည့် စစ်ဘက်ရေးရာ အရာရှိ အရာခံ အကြပ်စစ်သည်များ၊ မဟာမိတ်တပ်ပေါင်းစုများ ၊ရပ်ရွာခေါင်းဆောင်များ ၊ဒေသခံ ပြည်သူများနှင့်တကွ အဘက်ဘက်မနှ ဝိုင်းဝန်း ပံ့ပိုးပေးခဲ့ကြသူများအား အထူးပင် ကျေးဇူးတင်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ကဇွန်၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာ-ထိုင်းနယ်စပ်တ​​လျှောက်စခန်းသိမ်းတိုက်ပွဲများတွင် စစ်သားများသည် ထိုင်းနိုင်ငံဘက်သို့အများဆုံးထွက်​ပြေးကြသည်။KNU တပ်မဟာ ၆ နယ်​မြေ မြဝတီမြို့​တောင်ဘက်ရှိ ​နယ်စပ်စစ်စခန်းများကို KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက ထိုးစစ်ဆင်ရာတွင်လည်း စစ်သားအများစုသည်ထိုင်းသို့ထွက်​ပြေးကြပြီး ထိုင်းစစ်တပ်ကမြဝတီမြို့အနီးရှိ နယ်စပ်ဂိတ်​ဖြစ်သည့် ၁၆ ဂိတ်မှတဆင့် မြန်မာနိုင်ငံဘက်သို့ပြန်ပို့​နေသည်။ထို​ကြောင့်ထိုင်းထွက်​ပြေးစစ်သားများမှာ မြဝတီမြို့​စောင့်တပ်ဟု​ခေါ်​သော ခလရ (၂၇၅)သို့​ရောက်​နေပြီး ယခင်စစ်သားများနှင့် ထွက်​ပြေးစစ်သား​ပေါင်း အင်အား ၆၀၀ ​ကျော်ရှိ​နေ​ကြောင်း KNU စစ်​ရေးသတင်းရင်းမြစ်က​ပြောသည်​။
👍7632😁8👏3🔥1🥰1🤮1
KNLA ၊ KNDO ၊ PDF ၊ FFDပူး​ပေါင်းတပ်က ​
ဘောဒီ ခေါ် အမိုနယ်စပ်စခန်းကိုသိမ်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-KNU ၊ FFD
👍9728👏4🥰3🔥1
မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်း အရပ်သားများ သွားလာခွင့် KIA၊ KPDF ယာယီတားမြစ်

ဇွန်-၁၁၊၂၀၂၅။ကဖေး/People's Spring

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်
အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်
တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်ကဒေသခံများအားသတိပေးထားသည်။

"မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းက လုံခြုံရေးပြဿနာရှိနေတယ်။ ဒီရက်ထဲမသုံးဖို့ ပြောထားတာရှိတယ်။KIA၊ KPDF က ဒါကို အရေးတကြီး အသိပေးနေတဲ့ပုံစံဖြစ်တယ်"ဟု ဖားကန့်မြို့မှ ဒေ
သခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ကမူ အဆိုပါလမ်းကိုအသုံးပြုရန်​ဒေသခံပြည်သူများကိုဖိအားပေးနေကြောင်းမိုး
ကောင်းမြို့ခံအချို့ကပြောသည်။

"လူတွေသွားလာနေမှ စစ်ရေးအရအကာအကွယ်
ရမှာမို့လို့ စစ်တပ်ကကြတော့ သွားခိုင်းနေတယ်။ ကျတော်တို့အတွေ့အကြုံရတော့ မသွားသင့်ဘူး" ဟု၎င်းကပြောသည်။

ဖားကန့်သို့ မြစ်ကြီးနား- မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းရှိသကဲ့သို့ မိုးညှင်း-ဟိုပင်- ဝှေခါ -ဖားကန့်လမ်းလည်း ရှိနေသည်။လက်ရှိတွင် မိုးညှင်း
-ဟိုပင်- ဝှေခါ -ဖားကန့်လမ်းကို ခရီးသွားများအသုံးပြုနေသည်ဟုသိရသည်။ အဆိုပါလမ်းပိုင်းမှ အင်းတော်ကြီးအိုင်အနီးကျေးရွာအချို့တွင် စစ်တပ်၊ရှမ်းနီ(SNA) ပူးပေါင်းတပ် နှင့် KIA၊KPDF တိုက်ပွဲဖြစ်နေသော်လည်း ပြင်းပြင်းထန်
ထန်မဟုတ်​သောကြောင့် လက်ရှိတွင်သွားလာ၍
ကြောင်းအင်းတော်ကြီးဒေသခံများကပြောသည်။

မိုးကောင်း -ကာမိုင်း - လုံးခင်း - ဖားကန့်လမ်းအ
တိုင်း ဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၉ရက် တွင် ဖားကန့်သို့ရောက်ရှိလာပြီး ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးနေသည်။ကာမိုင်း-လုံးခင်းကြားတွင်လည်း ကင်ပုန်းများထားခဲ့ကြောင်းသတင်းရရှိသည်။ ထို့အပြင် ဖားကန့်မှ ပြန်မည့် တပ်မ(၃၃) စစ်ကြောင်းသည်လည်း ယင်းလမ်းအတိုင်းပြန်နိုင်ကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်များကသုံး
သပ်ထားသည်။

"အခုက ဖားကန့်မှာလည်း စစ်ရေးအခြေအနေကတင်းမာနေတယ်။မြေပြင်ကနေအင်အားဖြည့်မယ်ဆိုရင်မိုးကောင်း -ကာမိုင်း -ဖားကန့်လမ်းကို သုံးနိုင်တယ်။တပ်မ(၃၃) အပြန်လမ်းကြောင်းလည်းရှိနေတယ်။ ဒါကြောင့် သတိပေးထားတာ" ဟု KIA နှင့်နီးစပ်သူကပြောသည်။

ဒေသခံများနှင့်အဆက်အစပ်ရှိသည့် KPDF တပ်
ဖွဲ့ဝင်အချို့ကလည်း မိုးကောင်း -ကာမိုင်း -ဖားကန့်လမ်းကို ဒေသခံများအသုံးမပြုကြရန် လူမှုကွန်
ယက်မှတစ်ဆင့်သတိပေးထားသည်။

ဖားကန့်မြို့နယ်အတွင်း ရောက်ရှိနေပြီး ကျောက်
စိမ်းမှော်များ၌ စစ်ကြောင်းထိုးနေသည့် စစ်တပ်
နှင့် ရှမ်းနီပြည်သူ့စစ်များအားဇွန်လ ၉ရက် နှင့် ဇွန်လ ၁၀ရက်၌ KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်။ ဇွန်လ ၉ရက်က တိုက်ပွဲ၌ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက်ထွက်ပြေးသွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လ၁၁ရက်တွင်စစ်တပ်စစ်ကြောင်းများလည်း မတွေ့ရသလို တိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်
သားပြည်သူများအနေဖြင့် ည ၉ နာရီမှ မနက် ၄
နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်တပ်စစ်
ကြောင်းများအန္တရာယ်ကိုသတိပြုကြရန် KIA၊PDF ပူးပေါင်းတပ်က သတိပေးထားသည်။
👍7514🔥5👌2
ဖားကန့်​ရောက်​နေသည့် စစ်​တပ်နှင့် ရှမ်းနီပြည်
သူ့စစ် SNA ပူး​ပေါင်းစစ်​ကြောင်း ။ဓါတ်ပုံ-CJ
39💩28🖕9👎5🤬5🤮1
ဧရာဝတီတိုင်းမှ AA နှင့် ပူးပေါင်းတပ်ထိန်းချုပ် ဒေသအချို့ကို စစ်ကောင်စီဗုံးကြဲ ၊ ရေကြည် နှင့် ငသိုင်းချောင်းမြို့နယ်၌ တိုက်ပွဲဖြစ်ပွား

ဇွန်-၁၁၊၂၀၂၅။ဇော်ရမ်း/People's Spring

အာရက္ခတပ်တော်(AA) နှင့်ပူးပေါင်းတပ်များထိန်း
ချုပ်ထားသည့် ရေကြည်မြို့နယ်မှ ရှောပြာ နှင့်စက်စက်ယိုရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ငါးသိုင်းချောင်း -ဂွလမ်းပိုင်းရှိ ရေနံ့သာရွာအနီး နှင့် အ
မြောက်တပ် ၃၄၄ ဝန်းကျင်၌ တိုက်ပွဲများဖြစ်ပွားနေသည်။

ပုသိမ်-မုံရွာလမ်းပိုင်းမှရေကြည်မြို့နယ်စက်စက်ယိုကျေးရွာနှင့် ရှောပြာ‌ ကျေးရွာကို ပြီးခဲ့သည့် ဧပြီလက တိုက်ပွဲများတွင် AA က ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

"တိုက်ပွဲက ရေနံသာနား နဲ့ ၃၄၄ နားမှာ ဖြစ်နေတာပါ။ လေယာဉ်ရော၊လက်နက်ကြီးရောနေ့ရော၊ညပါ ပစ်ပါတယ်။ ညဘက် ပိုပစ်ပါတယ်။ ပစ်ခတ်သံ
တွေကို အတိုင်းသားကြားနေရတာပါ" ဟု ငသိုင်းချောင်းမြို့ခံတစ်ဦးကပြောသည်။

ရေနံ့သာရွာသည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကိုချိတ်ဆက်ထားသည့် ဂွ-ငသိုင်းချောင်းလမ်းပိုင်း၌ တည်ရှ်ိသည်။

၂၀၂၄ ဒီဇင်ဘာလ ၂၉ရက်ကရခိုင်ပြည်နယ်ဂွမြို့
နယ်ကို AAက သိမ်းယူပြီးနောက် ဧရာဝတီ-ရခိုင်နယ်စပ်ဒေသများဖြစ်သည့် သာပေါင်း၊ ရွှေသောင်ယံမြို့တို့မှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို AAက ထိုးစစ်ဆင်ခဲ့သည်။ ထို့နောက်ဖေဖော်
ဝါရီလမှစ၍ရေကြည်မြို့နယ်၊ သီတာကုန်းပြင်အနီးရှိ အမြောက်တပ်(၃၄၄)အား ဦးတည်သည့်တိုက်ပွဲများတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အမြောက်တပ်(၃၄၄)၏ကာကင်းစခန်းချို့ကိုသိမ်း
ယူထားနိုင်သော်လည်း AAကအသေးစိတ်သတင်း
ထုတ်ပြန်ခြင်းမရှိသေးပေ။ရေကြည်မြို့နယ် နှင့်ဆက်စပ်နေပြီး ဟင်္သာတခရိုင်အတွင်းပါဝင်သည့် လေးမျက်နှာမြို့နယ်တွင်လည်း စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်နေသည်။လေးမျက်နှာမြို့နယ်အတွင်းမှ ကျေးရွာအချို့ကိုလည်း AAနှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားကြောင်းသ
တင်းများရှိသည်။

၎င်းတို့လက်လွှတ်ခဲ့ရသည့်ကျေးရွာများကို စစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးအသုံး
ပြုတိုက်ခိုက်နေ၍ ဒေသခံများ စစ်ဘေးတိမ်း
ရှောင်နေကြရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက တိုက်ပွဲပြင်းထန်ခဲ့သည့် ရွှေသောင်ယံ နှင့်သာပေါင်းမြို့နယ်တွင်မူ လတ်တ
လောတိုက်ပွဲငြိမ်သက်နေပြီး စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းများဖြင့်အင်အားတိုးထား
သည်။

မတ်လ ၂၈ရက်က စစ်ကိုင်းနှင့်မန္တလေးကို ဗဟိုပြုလှုပ်သွားသော ငလျင်ကြောင့် စစ်ကောင်စီကရော AAပါဝင်သည့်မဟာမိတ်သုံးဖွဲ့အပစ်ရပ်ထား
သည်။

လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ AAကသတင်းမထုတ်ပြန်သေးသော်လည်းဧပြီလ ၅ရက်​နေ့က ​နောက်ဆုံးထုတ်ပြန်ရာတွင် မကွေး
တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်မှ AA သိမ်းယူထားသည့်စခန်းများကို စစ်ကောင်စီကပြန်တိုက်ရန်ကြိုးပမ်းနေပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ၊ မြေပြင်မှစစ်ကြောင်းထိုးခြင်းများပြုလုပ်နေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု ​ဖော်ပြထားသည်။ စစ်ကောင်စီကမူ AAနှင့် ဖြစ်ပွားနေသောတိုက်ပွဲများကြောင်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
👍7214🔥4😁4👏3🥰1
42👍19🔥3👎1👏1
ထိုင်းတွင်ဖမ်းဆီးခံရပြီးပြန်ပို့ရာမှစစ်သားသစ်စု​ဆောင်းခံရသူ နှင့် ရန်ကုန်တွင်​ပေါ်တာဆွဲခံရ​​ပြီးစစ်သားသစ်ဖြစ်လာသူများ PDF ထံအလင်းဝင်

​ဇွန်-၁၁၊၂၀၂၅။​နေ့သစ်/People's Spring

ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကဖမ်းဆီးပြီး မြန်မာပြည်ဘက်ပြန်ပို့ခံရစဥ် အဓမ္မစစ်မှုထမ်းရသည့်လူငယ်နှစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ဒေါနတပ်ရင်း၊ ဗျူဟာ ၃၃ ဗျူဟာမှူးစောဒါးကိုက လူထုနွေဦးသို့ ပြောသည်။

အဓမ္မစစ်မှုထမ်းခဲ့ရပြီးအလင်းဝင်လာသည့်လူငယ် နှစ်ဦးသည် ထိုင်းနိုင်ငံရနောင်း မြို့မှတဆင့် မြန်မာ နိုင်ငံကော့သောင်းမြို့သို့ လွှဲပြောင်းခံရပြီးနောက် မွန် ပြည်နယ်၊သံဖြူဇရပ်အခြေစိုက် စစ်ကောင်စီ၏ ဝဲဂလိ အမှတ် (၄) တန်းမြှင့်လေ့ကျင့်ရေးကျောင်းသို့ပို့ ဆောင်ခံရခြင်းဟု ဆိုသည်။

"လူငယ်တွေကတော့ သူတို့နေရပ်ပြန်ရမယ်ထင်တာပေါ့။ဒါပေမယ့် ကော့သောင်းရောက်ပြီး တစ်ပါတ်လောက် သူတို့ကို ထိန်းသိမ်းထားတယ်။ပြီးတော့ ဝဲဂလိ ကိုခေါ်ပြီး လေ့ကျင့်ရေးလုပ်ခိုင်းပြီး စစ်မှုထမ်းရမယ်ဆိုပြီးလုပ်တာ"ဟု စောဒါးကို က အလင်းဝင်လာသည့်လူငယ်နှစ်ဦး၏ ဖြစ်စဥ်ကို ရှင်းပြသည်။

ထိုင်းနိုင်ငံက ဖမ်းဆီးလွှဲပြောင်းပြီး အဓမ္မစစ်မှု ထမ်း ရသူများအနက် ထွက်ပြေးနိုင်သူအချို့ရှိသော်လည်း စစ်ကောင်စီတပ်တွင်းပိတ်မိနေသူများလည်းကျန်ရှိနေသည်ဟု သိရသည်။

"ထိုင်းနိုင်ငံအနေနဲ့ ဒီလိုဖြစ်စဥ်တွေရှိနေတာ မသိဘူးမဟုတ်ဘူး။သိသိချည်းနဲ့လုပ်တာ။ဒီလောက်အခက် အခဲ ဖြစ်နေတဲ့ အိမ်နီးချင်းက ပြည်သူတွေအတွက် လူသားချင်းစာနာ မှုတော့ ရှိစေချင်တယ်"ဟု ဒေါနတပ်ရင်း ဗျူဟာမှူးက မေတ္တာရပ်ခံသည်။

ကော့သောင်းမြို့ခံတစ်ဦးကလည်း"သိရသလောက် ရနောင်းဘက်ကနေ ကော့သောင်းကို လစဥ် ပြန်ပို့ခံရတဲ့ သူ ၁၀၀ နဲ့ ၁၅၀ လောက်ရှိတယ်။အဲဒီအထဲကမှ အသက်ကြီးတဲ့သူတွေနဲ့ အမျိုး
သမီးတွေကို ဖယ်တယ်။ကျန်တဲ့သူတွေအကုန်လုံးလိုလိုက စစ်မှုထမ်းထဲပါသွားတာ"ဟု လူထုနွေဦးသို့​ပြောသည်။

အလင်းဝင်လာ လူငယ်နှစ်ဦးသည် ဝဲဂလိသင်တန်း ကျောင်းမှ ရေးမြို့အခြေစိုက် ခလရ (၂၉၉ )သို့ ရောက်ရှိခဲ့သည်။

ထို့နောက် ဇွန်လ ၉ ရက်နေ့တွင် ဒေါနတပ်ရင်း၊ ဗျူဟာ (၃၃) နယ်မြေအတွင်းသို့ MA1 တစ်လက် ၊ ကျည်ဘောက်သုံးခု၊ ကျည် ၁၂၃ တောင့်ဖြင့် ဗျူဟာ (၃၃) နယ်မြေအတွင်းရှိ ဒေါနတပ်ရင်း၊ စစ်ကြောင်း (၂) ထံသို့ပူးပေါင်းခဲ့သည်။

၎င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရကာ မြန်မာပြည်ဘက် ပြန်ပို့ခံရစဥ် အတင်းအဓမ္မ စစ်သားစုဆောင်းခံရသည်ဟု ဒေါနတပ်ရင်းက သီးခြားထုတ်ပြန်ထားသည်။

■ရန်ကုန်တွင် ညအချိန် အပြင်ထွက်ရင်း​ပေါ်တာဆွဲခံရပြီး စစ်သားသစ်စု​ဆောင်းခံရသူအလင်းဝင်

ထိုအပြင် မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ အခြေစိုက် ခလရ(၃၁)၌ တာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ဦးမှာလည်း ဇွန်လ ၁ရက်တွင် MA 1 ၁လက် ၊ ကျည်ဘောက်နှင့် ကျည်များ ယူလာပြီး အလင်းဝင်လာခြင်းဖြစ်သည်ဟု ဒေါနတပ်ရင်း တပ်ခွဲ(၄)က ထုတ်ပြန်သည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်သားသည် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြိုနယ်တွင် နေထိုင်သူဖြစ်ပြီး ညအချိန် အပြင်ထွက်ရင်း ပေါ်တာဆွဲခံရခြင်းဖြစ်ကြောင်း၊ စစ်သင်တန်း အပတ်စဉ်(၇) သင်တန်းဆင်းတစ်ယောက်ဖြစ်ပြီး ခေါဇာမြိုနယ်ခွဲ ခလရ ၃၁ တွင် ၇ လခန့် တာဝန်‌ထမ်းဆောင်ခဲ့ရာ ညဘက် ကင်းတာဝန်ကျချိန် ထွက်ပြေးပြီး ဒေါနတပ်ခွဲ-၄ သို့ ဆက်သွယ်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ထိုသို့ ဆက်သွယ်လာ၍ လမ်းပိုင်းတစ်နေရာမှတဆင့် ဗျူဟာ ၃၃နယ်မြေအတွင်းသို သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး ဆုငွေပေးအပ်ကာ လွတ်
မြောက်နယ်မြေ တနေရာသို့ ဘေးကင်းစွာ ပို့
ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါတပ်သား အပါအဝင် ဒေါနတပ်ရင်း တပ်ခွဲ(၄)သို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၄ဦးရှိဟု တပ်ခွဲ(၄) တာဝန်ရှိသူက ပြောသည်။

“အာဏာရှင်တစုရဲ့ အလိုကျ ပြည်သူတွေကို မနှိပ်စက်နေတော့ဘဲ ပြည်သူကို ကာကွယ်တဲ့ ပြည်သူ့ဘက်တော်သားတွေအဖြစ် အမြန်ဆုံး ကူး
ပြောင်းကြဖို့ တိုက်တွန်းလိုပါတယ်” ဟု တပ်ခွဲ(၄) တာဝန်ရှိသူက စစ်ကောင်စီတပ်၌ ကျန်နေသူများအား တိုက်တွန်းသည်။

ဒေါနတပ်ရင်း တပ်ခွဲ(၄)အပါအဝင် ဒေါနတပ်ရင်းတခုလုံးသို့ အလင်းဝင် ပူးပေါင်းလာသူ ၆၀ ကျော်ရှိသည်ဟု ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး စောဒါးကို၏ ပြောပြချက်အရ သိရသည်။

ဒေါနတပ်ရင်း အနေဖြင့် အလင်းဝင်ရောက်လာမည့် စစ်ကောင်စီတပ်သားများအား အစဉ် နွေးထွေးစွာကြိုဆိုလျှက်ရှိကြောင်းလည်း အသိပေးသည်။ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသော တပ်သားများနှင့် စစ်ကောင်စီတပ်သားများ အနေဖြင့်လည်း စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးရုန်းထွက်၍ နီးစပ်ရာ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုကြရန်လည်း တပ်ခွဲ(၄)က တိုက်
တွန်းသည်။
👍7129🔥2👎1🥰1👏1
ဒေါနတပ်ရင်း နှင့် တပ်ခွဲ(၄)ထံ လက်နက် နှင့်အ
တူ အလင်းဝင်လာသူများနှင့် တပ်ရင်း၊ တပ်ခွဲတာဝန်ရှိသူတို့ကိုတွေ့ရစဥ်။ဓာတ်ပုံ-ဒေါန
👍9111🥰3👏3🔥2