People's Spring
61.8K subscribers
68.1K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ကိုင်းမြို့၊မင်းလမ်းနဲ့ အမရပူရမြို့မှာ မိုး​ကောင်းပြီယရေများ ဝင်ရောက်နေစဥ်။ ဓာတ်ပုံ-CJ
😢65👍7🙏6🔥2😭2
ရွာများကိုမီးရှို့ဖျက်ဆီးပြီး ပေါင်းတည်သို့ပြန်လာသည့် စစ်တပ်ကိုPDFနှင့်ပကဖကြားဖြတ်တိုက်
ခိုက်၊ သေနတ်ရှစ်လက်နှင့် ခဲယမ်းများရ

ဇွန် - ၁၁၊ ၂၀၂၅။ ကျော်ဇော/People's Spring

ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်အတွင်းရှိကျေးရွာများကို မီးရှို့ဖျက်ဆီးပြီးပြန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သေ
နတ်ရှစ်လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြား ရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။

ဇွန်လ ၃ ရက်နေ့နံနက် ၉ နာရီခန့်က ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ရွာနှင့် မအူကွင်းရွာကြားသို့ ရောက်ရှိလာသော အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တပ်ရင်း ၃၆၀၁၊ ၃၆၀၂ တပ်ရင်းရုံး၊ တပ်ခွဲ(၃)နှင့် တပ်ခွဲ(၄)၊ ပြည်ခရိုင်(ပကဖ)၊ ရွှေတောင်(ပကဖ)၊ ပေါက်ခေါင်း (ပကဖ)နှင့် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃)နတ်စစ် သည်အဖွဲ့၊ တပ်ခွဲ(၆)ဧရာညီနောင်အဖွဲ့တို့က ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းကပြောသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ (၁၁)ဦးသေဆုံး၍ ရှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကာ ၎င်းတို့ထံမှ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း (၂)လက်၊ MA1(၂)လက်၊ MA3(၆)လက်၊လက်ပစ်ဗုံး(၂)
လုံး၊ MA1 ကျည်ဘောက်(၃)ဘောက်၊MA3 ကျည်ဘောက်(၅)ဘောက်၊ G3ကျည်ဘောက်(၁)
ဘောက်၊ 5.56ကျည်(၅၆)တောင့်၊7.62 ကျည်
(၁၆)တောင့်၊ icom(၁)လုံး၊ WYစိတ်ကြွဆေးပြား
(၁၅၀)ပြားနှင့် အခြားစစ်အသုံးဆောင်ပစ္စည်းအ
မျိုးမျိုးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု တပ်ရင် ၃၆၀၁ က အသိပေးသည်။

အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ပေါက်ခေါင်းမြို့နယ်၊ သိုက်ချောင်း၊ ကွမ်းအုံစု၊ အိုင်စောက်၊ မြေနီကုန်း၊ သဖန်းကိုင်း၊ ဒလမဲ၊ မ ရိုးကျွန်း၊ ပြန်ချီတက်စသည့် ကျေးရွာများအားရွာစဉ်လှည်မီးရှို့ပြီး ပေါင်းတည်မြို့နယ်ဘက်သို့ ပြန်ဆုတ်လာစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှလက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်တိုက် ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့(ဇွန်လ ၃ ရက်)နေ့လယ် ၃ နာရီ ၁၀ မိနစ်တွင် Jet Fighter နှစ်စီးဖြင့် ဗုံးသီးခြောက်လုံး၊ ညနေ ၅ နာရီတွင် ပြည်ဘက်မှလာသောလော စက်တပ်လေထီးနှစ်စီးဖြင့် ဗုံးသီးလေးလုံး အသီးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"အခုလက်ရှိ အဲဒီစစ်ကြောင်းက ပေါက်ခေါင်းမြို့နယ်အပိုင်ထဲကို ပြန်ဆုတ်သွားပြီ။ ဒါပေမဲ့လို့ ဆုတ်သွားတဲ့နေရာက ကျနော်တို့နဲ့ သိပ်မဝေးတဲ့အတွက် စစ်ဆိုင်ထားဆဲဖစ်ပါတယ်"ဟု တပ်ရင်း ၃၆၀၁ ၏ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက လူထုနွေဦးသို့ ပြောသည်။

ကြားဖြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူအပါအဝင် စက်တပ်လေ ထီးများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သော်
လည်း တော်လှန်ရေးရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း တပ်ရင်း ၃၆၀၁ က အသိပေးထားသည်။
70👍29🥰3👏3😁1
စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့်အတူတွေ့ရသည့် တော်လှန်ရေးရဲဘော်များ။ဓာတ်ပုံ -PPDF
89👍26🥰4👏1😁1
ဖယ်ခုံအစပ်တိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ဇွန်၊၁၁။ရဲခေါင်/People's Spring

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အစပ်တွင် တိုက်ပွဲများဖြစ်ပွားနေရာနှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်းရှမ်းတောင် စစ်ဒေသ ဗျူဟာ ၁၄ က ယနေ့(ဇွန်လ ၁၁ ရက်)ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် စစ်တပ်လက်​အောက်ခံ PNO/PNA ပြည်သူ့စစ် တို့သည် ဖယ်ခုံအင်းအရှေ့ခြမ်း (ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ် ထိစပ်ရာဒေသ) တော်လှန်ရေးအင်အားစုများထိန်းချုပ်ရာ ညောင်ရွှေမြို့နယ် ရေပူကျေးရွာသို့ အင်အားအများအပြားဖြင့် ဇွန်လ ၂ ရက်တွင် စစ်ကြောင်းထိုးလာရာမှ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများသည် ဇွန် ၁၁ ရက်​နေ့ထိဖြစ်ပွားနေပြီး တစ်ပါတ်တာ ကာလအတွင်းနှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ကာ PNO/PNA ပြည်
သူ့စစ်ဘက်မှ ငါးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း အသိပေးသည်။

"တိုက်ပွဲအခြေအနေကတော့စခနဲ့PNOတွေ တက်
လာလိုက် အထိနာလို့ ပြန်ဆုတ်လိုက်။ပြန်တက်လာလိုက်ပုံစံမျိုးရှိနေတယ်"ဟုဖယ်ခုံမြို့နယ်မှစစ်​ရေး ရင်းမြစ်တဦးကလူထုနွေဦးသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်စစ်​ကြောင်းထိုးနေသော ရှမ်းတောင်-ကရင်နီ နယ်စပ်ဒေသ ကုန်းသာကျေး
ရွာတွင်လည်း ကရင်နီအမျိုးသားများကာကွယ်
ရေးတပ် နှင့်အတူ ဖယ်ခုံPDF(1006) တပ်ရင်းတို့ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများပြုနေပြီး ၎င်းအခြေအနေများကြောင့် ဖယ်ခုံမြို့နယ်တစ်ဝှမ်းတွင်လည်း စစ်ရေးအခြေနေတင်းမာလာနိုင်ကြောင်း ​ဖော်ပြထားသည်။

တိုက်ပွဲများနှင့် စစ်ရေးအခြေနေတင်းမာနေမှုများရှိနေသည့်ကာလအတွင်း စစ်ကောင်စီတပ်မှ ပြည်သူအများနေထိုင်ရာ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေး
ရွာများသို့ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ လက်နက်ကြီးများအဆက်အပြတ်ပစ်ခတ်မှုကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး ၊ပြည်သူခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ဒဏ်ရာရသူများတွင် ကလေးသူငယ်နှင့်အမျိုးသမီးငယ်အများစုပါဝင်သည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ပြည်သူများအနေဖြင့် ကာကွယ်ရေးတပ်များမှ အသိ
ပေးထုတ်ပြန်ထားသော စစ်ရေးသတိပေးချက်များကို လုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရန် မေတ္တာရပ်ခံထား သည်။

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် ၏ စစ်
ကြောင်း ထိုး မှုကြောင့် ဖယ်ခုံအင်းအရှေ့ခြမ်း ရှိ ဆောင်နန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွတ်အစရှိသည့် ကျေးရွာများမှပြည်သူ ရာ​ပေါင်းများစွာစစ်ရှောင်နေရပြီး အရေးပေါ် အကူ အညီများ လိုအပ်နေသည်။

"စစ်ရှောင်ရတဲ့ပြည်သူတော်တော်များတယ်။၂၀၀ နဲ့ ၃၀၀ လောက်ရှိတယ်။ထပ်ဆင့် စစ်ရှောင် ကြရတဲ့သူတွေလည်းပါတယ်။နယ်ခံတွေလည်း ရှိသေးတယ်။တချို့သောရွာတွေဆို တစ်လနှစ်လရှိပြီ ပြေးနေရတာ။အဓိကတော့ စားဝတ်နေရေးအခက်
အခဲပဲ။ပြီးတော့ ဒီတစ်ပတ်နှစ်ပတ်အတွင်း မုန်
တိုင်းလာမယ် ဆိုတဲ့ မိုးလေဝသ သတင်းတွေအရ လိုအပ်ချက်တွေအများကြီးဖြစ်နေတယ်"ဟု ဖယ်ခုံမြို့မှ စစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။

PNO/PNA ပြည်သူ့စစ်က ဦးဆောင်လမ်း ပြမှုဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ပူး
ပေါင်းစစ်ကြောင်းများသည် ၎င်းတို့ရောက်ရှိရာ ကျေးရွာများတလျောက်တွင် ပြည်သူများကို အတင်း အကြပ်စစ်မှုထမ်းစေခြင်း၊ ငွေကြေးများအတင်းအဓမ္မတောင်းခံခြင်းများပြုလုပ်နေသည့်အပြင် ညှင်းပန်းနှိပ်စက်မှုများလည်းရှိနေကြောင်း သိရသည်။
👍5915🥴4🔥21🤮1
ရှမ်းတောင်စစ်ဒေသဗျူဟာ အမှတ် ၁၄မှတပ်ဖွဲ့ဝင်များ
67👍19🤣1🫡1
ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ၊ စခန်းပိတ်ဆို့ထားနိုင်ပြီလို့ PLAပြော

ဇွန် ၁၁၊ ၂၀၂၅။ကိုဘီဂျီ/People's Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားတဲ့ ကန်ဒေါင့်ကျေးရွာက ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီး တိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကန်ဒေါင့်စခန်းဟာ ပုလဲမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကိုသွားတဲ့ လမ်းပိုင်းပေါ်မှာရှိပြီး ပုလဲမြို့နဲ့ (၁၄)မိုင်ကွာဝေးပါတယ်။ အဲဒီကျေးရွာက နယ်မြေရဲစခန်းကို စစ်ကောင်စီက တပ်စွဲပြီး အခိုင်အမာပြုလုပ်ထားတဲ့ စခန်းဖြစ်ကာ အင်အား ၁၀၀ခန့်ရှိနေတယ်လို့ PLAရဲ့ပြောရေး
ဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီစခန်းကို PLA ဦးဆောင်ပြီး အခြားတော်လှန်
ရေးတပ်ဖွဲ့တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂ရက်ကတည်းက စီးနင်းတိုက်ခိုက်နေတာလို့ ပြောပါတယ်။

"အခုတော့ အဲဒီစခန်းကို ဝိုင်းပိတ်ဆို့ထားပြီ။ ရဲစ
ခန်းဆိုပေမယ့် သူတို့က အင်အားတွေ ထပ်ဖြည့်နေတာရော ကတုတ်ကျင်းတွေကအစ တပ်ပုံစံနဲ့ အ
ခိုင်အမာလုပ်ထားတဲ့ စခန်းဖြစ်နေတာ"လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီစခန်းကို စစ်ကောင်စီက ပျူစောထီးအား
ကောင်းရာ အင်းမထီးကျေးရွာကတဆင့် အင်အားတွေ ဖြည့်တင်းပို့နေတာလို့လည်း PLAရဲ့ ပြော
ရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"လေယာဉ်နဲ့ အင်းမထီးကိုလာချတယ်။ အင်းမထီးကနေ စစ်ကြောင်းထိုးပြီး အင်အားတိုးနေတာ"လို့ ၎င်းက ဆက်ပြောပါတယ်။

မနေ့က (ဇွန်လ ၁၀ရက်)ကလည်း PLAပူးပေါင်းတပ်တွေက ကန်ဒေါင့်စခန်းကို ထိုးစစ်ဆင်တိုက်နေချိန်မှာ လေကြောင်းတိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာကို PLAရဲ့ ရှေ့တန်းရဲဘော်တွေက ပစ်ချခဲ့တယ်လို့ PLAရဲ့ ပြော
ရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီကလည်း ကန်ဒေါင့်ရွာရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာလည်း တိုက်ပွဲတွေ မကြာခဏဖြစ်နေတာကြောင့် ကန်ဒေါင့်ရွာအပါအဝင် အနီးအနားက ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာလည်း ကန်ဒေါင့်ရွာအတွင်းမှာ ဒေသခံပြည်သူတွေ မရှိတော့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ ကန်ဒေါင့်ရွာတိုက်ပွဲအတွင်းကို ဗုံးအလုံးရေ ရာဂဏန်းသုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မနေ့က ဂျက်ဖိုက်တာ ပစ်ချခံရအပြီးမှာလည်း ကန်ဒေါင့်ရွာနဲ့ ပုလဲမြို့ကြား တနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။
👏77👍2019🥰3🤣3
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − PLA
🥰8434👌5👏2👍1🔥1🤣1
အင်းအား ၆၀ခန့်ရှိ ဘောဒီစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သားအများစု လက်နက်များ ယူပြီး ထိုင်းဘက်ထွက်ပြေး

■လက်နက်ကြီး၊လက်နက်ငယ် ၁၀လက်ခန့်သိမ်းဆည်းရရှိ

ဇွန်-၁၁၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ
(၄)နယ်မြေ မြန်မာ-ထိုင်းနယ်စပ်ရှိ ဘောဒီ ခေါ် အမို နယ်စပ် စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၁၀
ရက်မနက်က သိမ်းပိုက်ခဲ့ရာ စစ်သားအများစုမှာ လက်နက်များယူပြီး ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားကြောင်း KNU တပ်မဟာ(၄) နှင့် တော်လှန်
ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

အင်အား ၆၀ ခန့် တပ်စွဲထားသည့် ပွိင့် ၂၅၆၆ စခန်း ခေါ် ဘောဒီနယ်စပ်(အမိုနယ်စပ်) စခန်းကို ဇွန်လ ၁၁ ရက်မနက်တွင် KNU/KNLA၏ စစ်ရေးဦးဆောင်မှုဖြင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“မနေ့ကစခန်းသိမ်းတဲ့တိုက်ပွဲမှာ ရန်သူက ဖမ်းမိတာမရှိဘူး။ သူတို့ ထိုင်းဘက် အကုန်ထွက်ပြေးတယ်။ သူတို့က ယူသွားတာပေါ့ လက်နက်တွေ။ ဒါပေမဲ့ ထိုင်းဘက်ရောက်တော့ တချို့ကပါတယ်လို့ထင်တယ်။ တချို့က သူတို့ လျှို့ဝှက်ထားတာလားမသိဘူး” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

KNU မြိတ် -ထားဝယ်ခရိုင် ကရင်လူငယ်အစည်းရုံးအတွင်းရေးမှူး စောအယ်ထီးကော်ကလည်း ဘောဒီစစ်ကောင်စီတပ်စခန်းသိမ်းပိုက်မှု တွင်လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၀လက်ခန့်
ရသည်ဟု သိရကြောင်း ပြောပြသည်။

“လက်နက်ကတော့တချို့တဝက်ပဲသိမ်းဆည်းရတာပေါ့နော်။ ထိုင်းဘက် ပြေးတယ်လို့တော့ ပြောတယ် ဒါပေမဲ့ထိုင်းဘက်မှာလည်း သတင်းတော့ မထွက်သေးဘူးပေါ့နော်။ လက်နက်အပါအဝင် သူတို့ ထွက်ပြေးသွားတာ။ ဒါပေမဲ့ ဒီစခန်းမှာ ကျန်ရှိလက်နက်တွေတော့ ကျနော်တို့ သိမ်းဆည်းရရှိတာပေါ့နော်။ လက်နက်ကတော့ ဒီလောက်ပဲရထားတာပေါ့ ၆၀ မမ ၂လက်နဲ့လက်နက်ငယ် ၇လက်၊ ၈
လက် အဲဒီလောက်ပဲရတယ်။ “ ဟု စောအယ်ထီးကော်က ပြောသည်။

သိမ်းပိုက်ရရှိခဲ့သည့် လက်နက်များသည် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကျဆုံးခဲ့သူများ၏ လက်နက်ဖြစ်သည်ဟုသိရသည်။

“စခန်းမှာကျတာရှိတယ်။ ဒရုန်းနဲ့ ချတဲ့အချိန်မှာ ဒီလောက်ကျသွားတာ။” ဟုစောအယ်ထီးကော်ကပြောသည်။

စခန်းသိမ်းတိုက်ပွဲ၌ပါဝင်သည့်ဒရုန်းတပ်ဖွဲ့ Force
for Federal Democracy(FFD) ဒုတာဝန်ခံ ကိုအောင်အောင်က လည်း “ဘောဒီနယ်စပ်စခန်းက ထိုင်း-မြန်မာ နယ်စပ်မှာ ရှိနေပြီးတော့ စတုရန်းမီတာ ၁၀၀ မီတာခန့် ကျယ်ဝန်းတယ်။ ခြံစည်းရိုးသုံးထပ်နဲ့ ဖွဲစည်းထားတဲ့ စခန်းဖြစ်တယ်။ စခန်းရဲ့ တဝက်လောက်က ထိုင်းနိုင်ငံရဲ့ ဘော်ဒါဘက်ခြမ်းထဲကို ဝင်နေတယ်လို ပြောလိုရပါတယ်” ဟု ပြော
သည်။

အဆိုပါဘောဒီ တပ်စခန်းကို ဇွန်လ ၈ရက်က စတင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၀ရက်၌ အပြီးတိုင်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစခန်း၌ အထိုင်တပ်မှာ ခလရ(၂၅) ဖြစ်ပြီး ထီးထာဗျူဟာ၏ ကွပ်ကဲမှုအောက်၌ ရှိသည့် စခန်းဖြစ်သည်။

KNU တပ်မဟာ(၄) ပူးပေါင်းတပ်သည် ထီးထဗျူဟာကို ဧပြီလတွင် သိမ်းပိုက်ခဲ့ပြီး အနီးရှိ ထီးခီး(မယ်သမီးခီး) စခန်းကို မေလတွင် သိမ်းပိုက်ခဲ့သည်။

ဘောဒီနယ်စပ်စခန်းတွင် မူလက အင်အား ၂၈ ဦးခန့်သာရှိ​သော်လည်း စစ်​ကောင်စီက​လေ​ကြောင်းမှ စစ်ကူချပေးပြီးနောက် အင်အား ၆၀ ခန့်ရှိနိုင်​ကြောင်း FFD ဒုတာဝန်ခံကပြောသည်။

ထီးထဗျူဟာအမှတ်(၁)၏ စစ်ရေးကွပ်ကဲမှုအောက်တွင် စစ်ကောင်စီတပ်စခန်း ၁၀ခုကျော်ရှိသည်ဟု သိရသည်။

“ထီးခီးရယ်ပြီးတော့မောထ၊ မောထက မနှစ်က
တည်းကတက်သိမ်းခဲ့တာ။ဒီဘက်မှာကျတော့ထီးခီးရယ် ဗောဒီရယ် အကုန်လုံး ၆ခုကျသွားတာ။အ
ကုန်လုံးသူ့ရဲ့ဗျူဟာအောက်မှာစခန်း၁၀ကျော်
တယ်။ ၁၀ကျော်မှာ ဟိုးနာရီတောင်အထိပါတယ်။ နာရီတောင်စခန်းလည်း ဗျူဟာ(၁)ရဲ့အောက်မှာ ရှိတယ်။ ဆိုတော့ ကျန်တဲ့စခန်းတွေလည်း သိမ်းဖို့ အစီအစဉ်ရှိတယ်။ ” ဟု KNU တပ်မဟာ(၄) သတင်းရင်းမြစ်တဦးက ပြောသည်။

ဘောဒီစစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲအတွင်း ကြိုးပမ်းခဲသည့် စစ်ဘက်ရေးရာ အရာရှိ အရာခံ အကြပ်စစ်သည်များ၊ မဟာမိတ်တပ်ပေါင်းစုများ ၊ရပ်ရွာခေါင်းဆောင်များ ၊ဒေသခံ ပြည်သူများနှင့်တကွ အဘက်ဘက်မနှ ဝိုင်းဝန်း ပံ့ပိုးပေးခဲ့ကြသူများအား အထူးပင် ကျေးဇူးတင်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ကဇွန်၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာ-ထိုင်းနယ်စပ်တ​​လျှောက်စခန်းသိမ်းတိုက်ပွဲများတွင် စစ်သားများသည် ထိုင်းနိုင်ငံဘက်သို့အများဆုံးထွက်​ပြေးကြသည်။KNU တပ်မဟာ ၆ နယ်​မြေ မြဝတီမြို့​တောင်ဘက်ရှိ ​နယ်စပ်စစ်စခန်းများကို KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက ထိုးစစ်ဆင်ရာတွင်လည်း စစ်သားအများစုသည်ထိုင်းသို့ထွက်​ပြေးကြပြီး ထိုင်းစစ်တပ်ကမြဝတီမြို့အနီးရှိ နယ်စပ်ဂိတ်​ဖြစ်သည့် ၁၆ ဂိတ်မှတဆင့် မြန်မာနိုင်ငံဘက်သို့ပြန်ပို့​နေသည်။ထို​ကြောင့်ထိုင်းထွက်​ပြေးစစ်သားများမှာ မြဝတီမြို့​စောင့်တပ်ဟု​ခေါ်​သော ခလရ (၂၇၅)သို့​ရောက်​နေပြီး ယခင်စစ်သားများနှင့် ထွက်​ပြေးစစ်သား​ပေါင်း အင်အား ၆၀၀ ​ကျော်ရှိ​နေ​ကြောင်း KNU စစ်​ရေးသတင်းရင်းမြစ်က​ပြောသည်​။
👍7632😁8👏3🔥1🥰1🤮1
KNLA ၊ KNDO ၊ PDF ၊ FFDပူး​ပေါင်းတပ်က ​
ဘောဒီ ခေါ် အမိုနယ်စပ်စခန်းကိုသိမ်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-KNU ၊ FFD
👍9728👏4🥰3🔥1
မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်း အရပ်သားများ သွားလာခွင့် KIA၊ KPDF ယာယီတားမြစ်

ဇွန်-၁၁၊၂၀၂၅။ကဖေး/People's Spring

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်
အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်
တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်ကဒေသခံများအားသတိပေးထားသည်။

"မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းက လုံခြုံရေးပြဿနာရှိနေတယ်။ ဒီရက်ထဲမသုံးဖို့ ပြောထားတာရှိတယ်။KIA၊ KPDF က ဒါကို အရေးတကြီး အသိပေးနေတဲ့ပုံစံဖြစ်တယ်"ဟု ဖားကန့်မြို့မှ ဒေ
သခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ကမူ အဆိုပါလမ်းကိုအသုံးပြုရန်​ဒေသခံပြည်သူများကိုဖိအားပေးနေကြောင်းမိုး
ကောင်းမြို့ခံအချို့ကပြောသည်။

"လူတွေသွားလာနေမှ စစ်ရေးအရအကာအကွယ်
ရမှာမို့လို့ စစ်တပ်ကကြတော့ သွားခိုင်းနေတယ်။ ကျတော်တို့အတွေ့အကြုံရတော့ မသွားသင့်ဘူး" ဟု၎င်းကပြောသည်။

ဖားကန့်သို့ မြစ်ကြီးနား- မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းရှိသကဲ့သို့ မိုးညှင်း-ဟိုပင်- ဝှေခါ -ဖားကန့်လမ်းလည်း ရှိနေသည်။လက်ရှိတွင် မိုးညှင်း
-ဟိုပင်- ဝှေခါ -ဖားကန့်လမ်းကို ခရီးသွားများအသုံးပြုနေသည်ဟုသိရသည်။ အဆိုပါလမ်းပိုင်းမှ အင်းတော်ကြီးအိုင်အနီးကျေးရွာအချို့တွင် စစ်တပ်၊ရှမ်းနီ(SNA) ပူးပေါင်းတပ် နှင့် KIA၊KPDF တိုက်ပွဲဖြစ်နေသော်လည်း ပြင်းပြင်းထန်
ထန်မဟုတ်​သောကြောင့် လက်ရှိတွင်သွားလာ၍
ကြောင်းအင်းတော်ကြီးဒေသခံများကပြောသည်။

မိုးကောင်း -ကာမိုင်း - လုံးခင်း - ဖားကန့်လမ်းအ
တိုင်း ဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၉ရက် တွင် ဖားကန့်သို့ရောက်ရှိလာပြီး ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးနေသည်။ကာမိုင်း-လုံးခင်းကြားတွင်လည်း ကင်ပုန်းများထားခဲ့ကြောင်းသတင်းရရှိသည်။ ထို့အပြင် ဖားကန့်မှ ပြန်မည့် တပ်မ(၃၃) စစ်ကြောင်းသည်လည်း ယင်းလမ်းအတိုင်းပြန်နိုင်ကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်များကသုံး
သပ်ထားသည်။

"အခုက ဖားကန့်မှာလည်း စစ်ရေးအခြေအနေကတင်းမာနေတယ်။မြေပြင်ကနေအင်အားဖြည့်မယ်ဆိုရင်မိုးကောင်း -ကာမိုင်း -ဖားကန့်လမ်းကို သုံးနိုင်တယ်။တပ်မ(၃၃) အပြန်လမ်းကြောင်းလည်းရှိနေတယ်။ ဒါကြောင့် သတိပေးထားတာ" ဟု KIA နှင့်နီးစပ်သူကပြောသည်။

ဒေသခံများနှင့်အဆက်အစပ်ရှိသည့် KPDF တပ်
ဖွဲ့ဝင်အချို့ကလည်း မိုးကောင်း -ကာမိုင်း -ဖားကန့်လမ်းကို ဒေသခံများအသုံးမပြုကြရန် လူမှုကွန်
ယက်မှတစ်ဆင့်သတိပေးထားသည်။

ဖားကန့်မြို့နယ်အတွင်း ရောက်ရှိနေပြီး ကျောက်
စိမ်းမှော်များ၌ စစ်ကြောင်းထိုးနေသည့် စစ်တပ်
နှင့် ရှမ်းနီပြည်သူ့စစ်များအားဇွန်လ ၉ရက် နှင့် ဇွန်လ ၁၀ရက်၌ KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်။ ဇွန်လ ၉ရက်က တိုက်ပွဲ၌ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက်ထွက်ပြေးသွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လ၁၁ရက်တွင်စစ်တပ်စစ်ကြောင်းများလည်း မတွေ့ရသလို တိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်
သားပြည်သူများအနေဖြင့် ည ၉ နာရီမှ မနက် ၄
နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်တပ်စစ်
ကြောင်းများအန္တရာယ်ကိုသတိပြုကြရန် KIA၊PDF ပူးပေါင်းတပ်က သတိပေးထားသည်။
👍7514🔥5👌2
ဖားကန့်​ရောက်​နေသည့် စစ်​တပ်နှင့် ရှမ်းနီပြည်
သူ့စစ် SNA ပူး​ပေါင်းစစ်​ကြောင်း ။ဓါတ်ပုံ-CJ
39💩28🖕9👎5🤬5🤮1