ဖေနဲ့မေကိုသားဝန်ခံစရာတစ်ခုရှိပါတယ်။ ဘယ်တုန်းကမှဖေဖေတို့ခွင့်မပြုခဲ့တဲ့ အမူအကျင့်တစ်ခုကို သားပြုလုပ်နေမိပါတယ်။ ဒီနှစ်တွေမှာ သားရိုင်းလာတယ်ဖေနဲ့မေ။
ကြမ်းတမ်းဆဲဆိုတဲ့စကားကိုဘယ်တုန်းကမှမပြောခဲ့တဲ့သားဟာရိုင်းစိုင်းကြမ်းတမ်းလာတယ်။
မရည်ရွယ်ပါဘူးမေမေ။ သားရည်ရွယ်ချက်နဲ့ရိုင်းမိလာတာမဟုတ်ပါဘူး။ ရင်ထဲကခံစားချက်တွေက သူ့ဖာသာသူပုံဖေါ်လာတာပါ။ သားမရည်ရွယ်ပါဘူး။
မန္တလေးမြို့ကလမ်းပေါ်မှာမိန်းကလေးတစ်ယောက်သေနတ်မှန်ပြီးကျဆုံးသွားတုန်းကသား
ရိုင်းမိပါ တယ်မေမေ။ သားပါးစပ်ကဘာတွေထွက်သွားလဲဆိုတာကိုပြန်မတွေးချင်သလို မေတို့ကိုလည်း ပြန်မပြောရဲပါဘူး။ သူ့မိဘတွေဘယ်
လောက်ခံစားရမလဲဆိုတာဟာသားရဲ့ ညအတော်များများကို ခြောက်လှန့်နေခဲ့ပါတယ်။
ရန်ကုန်မြို့ကလမ်းပေါ်မှာဆေးကျောင်းသားလေးတစ်ယောက်ကျဆုံးသွားတော့လည်းသားရိုင်းမိပါ တယ်ဖေဖေ။ဒီတိုင်းပြည်မှာဈေးအပေါဆုံးဟာလူငယ်တွေရဲ့အသက်လားဖေ။ သားရင်နာလိုက်တာ။
မုံရွာမှာတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ထပ်ကျသွားတော့လည်းသားရိုင်းမိတာပါပဲ။ မကောင်းပါဘူးဖေနဲ့မေရယ်။ သားဟာအရမ်းရိုင်းတတ်လာပါတယ်။
အရင်မျိုးဆက်ကကျောင်းသားခေါင်းဆောင်ဟောင်းကြီးတစ်ယောက် နဲ့ ဟစ်ပ်ဟော့ပ်ဂီတရဲ့ပထမ မျိုးဆက်ဂီတပညာရှင်တစ်ဦးတို့ကို အဆုံး
စီရင်လိုက်တဲ့အခါတုန်းကတော့သားမရိုင်းဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါးစပ်ကထွက်ဖို့စကားလုံးတွေမရှိတော့သလို၊ မျက်ရည်လည်းမရှိတော့ပါဘူး ဖေနဲ့မေ။ သားရိုင်းစရာလည်းမလိုတော့ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုလုံးကရိုင်းနေပြီပဲမဟုတ်လား။ လူ့အဖွဲ့အစည်းတစ်ခုလုံးကမျက်
ရည်တွေချောင်းတစ်ချောင်းအဖြစ်၊မြစ်တစ်စင်းအဖြစ်စီးဆင်းနေပြီပဲမဟုတ်လား။
အခုဆိုရင်ပင်လယ်သမုဒ္ဒရာတောင်ဖြစ်နေလောက်ပြီမဟုတ်လား။
ဗုဒ္ဓဘာသာဝင်တွေကောင်းကောင်းရိုင်းတတ်နေပါပြီမေမေ။ ကျန်တဲ့ဘာသာဝင်တွေလည်းအတူတူပါပဲ။ သူတို့ကမနက်ခင်းတွေကို မိုဘိုင်းဖုန်းလေးတွေပွတ်ရင်းစတင်ကြပါတယ်။ ဒါဟာနေ့တစ်နေ့ရဲ့ ဝဋ်
ကြွေးတစ်ခုစတင်ခြင်းပါပဲ။
နိုး… နိုး…အမြဲတမ်းငိုကြွေးနေကြတာမဟုတ်ပါဘူးဖေဖေ။
တခါတလေ သူတို့ရယ်မောပျှော်ရွှင်ကြပါတယ်၊ အူလှိုက်သဲလှိုက်ပျှော်ရွှင်တဲ့နေ့တွေတောင်ရှိပါတယ်။လူတချို့သေဆုံးတာကို သားတို့ ပျှော်ရွှင်နေကြတယ်မေမေ။ သားပြောတာကိုမေမေယုံရဲ့လား။ သားအဲဒီလောက် ရိုင်းတတ်လာတယ်ဆိုတာကိုမေမေယုံဖို့ခက်နေတယ်မဟုတ်လားမေ။
https://www.ludunwayoo.com/%e1%80%9b%e1%80%9e/2025/06/07/123173/

LuduNwayOo
“ဖေဖေနဲ့မေမေထံသို့ပေးစာ”
ညကဖေဖေနဲ့မေမေကိုသားအိပ်မက်မက်တယ်။ အိပ်မက်ထဲမှာသားတို့ မိသားစုပြန်ဆုံကြတယ်။စကားတွေပြောဖြစ်ကြတယ်။ သားတို့သုံးယောက်လုံးပြုံးရယ်လို့ပေါ့။
❤60👍26🔥3🥰3👎1
စစ်ကောင်စီက ဖားကန့်တွင်အရပ်သားပိုင် စက်ယန္တရားများကိုမီးရှို့ဖျက်ဆီးပြန်
ဇွန်-၁၀၊၂၀၂၅။ကဖေး/People's Spring
ဖားကန့်ကို ရောက်ရှိလာပြီးနောက်ကျောက်စိမ်းလုပ်ကွက်အချို့ကိုဆက်တိုက် မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က ဇွန် ၁၀ရက် နေ့လယ်ပိုင်းတွင်လည်း မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တခုမှ စက်ယန္တရားများများကို မီးရှို့ဖျက်ဆီးသွားသည်။
ဦးဇော်နိုင်ဌေးဆိုသူပိုင် စက်ယန္တရားများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ဝန်ထမ်းများက မီးငြှိမ်းသတ်နေသည်ကို လူမှုကွန်ရက်ပေါ်ပျံ့နှံလာသည့်ရုပ်သံ၌တွေ့ရသည်။
ကာမိုင်း - လုံးခင်း - ဖားကန့်လမ်းအတိုင်း ဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၇ရက်၌ လုံးခင်းယမ်းချက်စက်ရုံသို့ရောက်ရှိလာသည်။ ၎င်းတို့အားတိုက်ခိုက်ပါက နေအိမ်များအားမီးရှို့မည်ဟုခြိမ်းခြောက်ခဲ့သည်။
မေလ ၂၉ရက် နေ့လယ်ပိုင်းတွင်ဖားကန့်သို့ရောက်
ရှိလာကာ ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်
ကြောင်းထိုးရန်ကြိုးစားခဲ့သည်။ KIAနှင့် KPDF တပ်စွဲထားသည့်နေရာများကိုလည်း ဖယ်ရှားရန် ဖိအားပေးပြီး ကျောက်စိမ်းလုပ်ကွက်အချို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။
"အရပ်သားပြည်သူတွေအပေါ်ကိုဒီလိုသာအကြမ်း
ဖက်နေရင် KIAနဲ့ KPDFက တိုက်လိမ့်မယ်။တိုက်
ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်လာလိမ့်မယ်"ဟုဒေသ
ခံတစ်ဦးကပြောသည်။
စစ်ကောင်စီစစ်ကြောင်းကို KIA နှင့် KPDF ပူး
ပေါင်းတပ်က ဇွန်လ ၅ရက်ကတိုက်ခိုက်ပြီးနောက် တိုက်ပွဲများငြိမ်သက်နေရာမှဇွန်လ ၉ရက်နှင့်ယနေ့ ၂ရက်ဆက်တိုက်ပွဲဖြစ်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၈ဦးထက်မနည်းသေဆုံးကြောင်း KIA၊ KPDF နှင့်နီးစပ်သူကပြောသည်။
လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်
သားပြည်သူများအနေဖြင့်ည ၉နာရီမှမနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်
ကြောင်းများအန္တရာယ်ကိုသတိပြုကြရန် KIA၊PDF ပူးပေါင်းတပ်က သတိပေးထားသည်။

🤬69❤16😡6
This media is not supported in your browser
VIEW IN TELEGRAM
စစ်ကောင်စီက ဖားကန့်တွင်အရပ်သားပိုင် စက်ယန္တရားများကိုမီးရှို့ဖျက်ဆီးပြန်
🤬86😡6❤5👍4😨4🤮3👏2😭1
တော်လှန်ရေးအဖွဲ့တွေပစ်ချတဲ့စစ်တပ်တိုက်လေယာဥ် ၊ရဟတ်ယာဥ် ၁၂ စီးရှိလာ
-People's Spring
တော်လှန်ရေးတပ်တွေက ပုလဲမြို့နယ်မှာ ဇွန် ၁၀ ရက်က စစ်တပ်တိုက်လေယာဥ်တစ်စီးကိုပစ်ချနိုင်ခဲ့တာကြောင့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချတဲ့ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် အနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။ အရင်က အင်ဖိုဂရပ်မှာ ထည့်သွင်းမထားရသေးတဲ့ ဖြစ်ရပ်ဖြစ်တဲ့ အာရက္ခတပ်တော် (AA) က ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ စစ်တပ်ရဟတ်ယာဥ်တစ်စင်းကိုပစ်ချပြီး ရဟတ်ယာဥ် အပျက်အစီးကို၂၀၂၄ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ရှာတွေ့ခဲ့တာကို အခုအင်ဖိုဂရပ်မှာထည့်သွင်းထားပါတယ် ။ တော်လှန်ရေးအဖွဲ့တွေက ပစ်ချနိုင်ခဲ့ပေ
မယ့်သတင်းမထုတ်ပြန်လို့ ၊သတင်းအချက်
အလက်မရလို့ အခုအင်ဖိုဂရပ်မှာ မပါသေးတဲ့ ဖြစ်စဥ်တွေလည်းကျန်ရှိနိုင်ပါသေးတယ်။

❤94👍29🥰6🤣3👏2👌1
စစ်ကောင်စီ လက်အောက်ခံ ZRA စခန်းတစ်ခုကို CDF ပူးပေါင်းတပ် သိမ်းပိုက်၊
▪️တီးတိန်မြို့နယ်အတွင်း တိုက်ပွဲဆက်ရှိ
ဇွန်-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဇိုမီးတပ်(ZRA)၏ တပ်စခန်းတစ်ခုကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ZRA တပ်ဘက်က သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၉ရက် နံနက်ပိုင်းတွင် ကျီခါးမြို့နှင့် တွန်းဇံမြို့အကြားရှိ မွာလ်ကွေရွာအနီး စစ်ကောင်စီစခန်းကို CDF တွန်းဇံ ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ ZRA တပ်ဖွဲ့ဝင် ၂ဦး၏ အလောင်းကို ရရှိခဲ့သည်ဟုဆိုသည်။
ထို့ပြင် သေနတ် ၄လက်၊ ဒရုန်း၊ ဆိုင်ကယ်များနှင့် ကား၁စီး၊ မီးစက်၊ ခဲယမ်း ကျည်များလည်း ရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
"အဲဒီ ZRA လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့အထဲမှာ အိန္ဒိယ နိုင်ငံသားကတ် အထောက်အထားတွေ ပါတာပေါ့။ အဲဒါက နည်းနည်းတော့ အံ့ဩစရာဖြစ်တာပေါ့" ဟု ၎င်းက ဆိုသည်။
ZRA သည် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများ၌ လှုပ်ရှားလျက်ရှိပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးခြင်းအပါအဝင် စစ်ကောင်စီနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်ဟု ချင်းတော်လှန်ရေးတပ်များက ထုတ်ပြန်အသိပေးထားသည်။
ထို့ပြင် ချင်းပြည်နယ်သို့ အင်အားအများအပြားနှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် လည်း တီးတိန်မြို့နယ်အတွင်း တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။
တီးတိန်မြို့နယ် သိုင်းငင်းနှင့် ကလေးမြို့ကြားရှိ မွာလ်ပီးရွာ၌ စစ်ကောင်စီတပ် ဆက်လက်တပ်စွဲနေ၍ တိုက်ပွဲဖြစ်ပွားမှုရှိသည်ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
“မွာလ်ပီကျေးရွာမှာပဲ စကစက အခုထိ ရှေ့မတိုးနိုင်သလို နောက်လည်းမဆုတ်ဘူးပေါ့။ အဲဒီရွာ မှာရှိနေဆဲ” ဟု ၎င်းက ဆိုသည်။
ဇွန်လ ၈ရက်နှင့် ၉ရက်များ၌ တိုက်ပွဲဆက်ဖြစ်နေပြီး ကလေးမြို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်မှု ရှိသည်ဟု သိရသည်။
မေလ တတိယပတ်တွင် ချင်းတောင်သို့ အင်အားအများအပြားနှင့်တက်လာသည့် အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ချင်းညီနောင် နှင့် ချင်းပြည်ကောင်စီ အဖွဲ့ဝင်တော်လှန်ရေးတပ်များ အတူပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ အဆိုပါဒေသ စစ်ရေးအခြေအနေများကို နှစ်ဖက်တာဝန်ရှိသူများထံ မေးမြန်းထားရာ ချင်းညီနောင်တာဝန်ရှိသူက စစ်ရေးလုံခြုံရေးအရ တိုက်ပွဲသတင်းများ လိုအပ်မှသာ သင့်တော်သည့် အချိန်၌ ထုတ်ပြန်သွားရန် သဘောတူထားသည်ဟု အသိပေးသည်။
အဆိုပါ စစ်ကြောင်းသည် တီးတိန်မြို့ကို စစ်အင်အားဖြည့်ရန်၊ ချင်းညီနောင်သိမ်းထားသည့် ဖလမ်းမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် ဦးတည်သည်ဟု ခန့်မှန်းရကြောင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် CDF စီးယင်း စစ်ဦးစီးချုပ် ဦးထောင်းပူက မေလနောက်ဆုံးပတ်၌ ပြောပြထားသည်။

❤71👏25👍10🥰2😁2
(ZRA တပ်စခန်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် အသုံးအဆောက်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
❤59👏20👍9🥰4😁3
တောင်ငူ၊မန်းကျီးပင်အင်းရွာ၌တိုက်ပွဲပြင်းထန်
နေ၊ အိမ်များကို စစ်ကောင်စီတပ်က မီးရှို့
ဇွန်-၁၁၊၂၀၂၅။ဇော်ရမ်း/People's Spring
တောင်ငူမြို့နယ်၊မန်းကျီးပင်အင်းရွာတွင် ယနေ့ နံနက်အစောပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေပြီး ရွာကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများကပြောသည်။
"ရွာက အမြန်လမ်းရဲ့အနောက်ဘက်မှာ။စစ်တပ်စစ်ကြောင်းဝင်လာတာကနေတိုက်ပွဲဖြစ်တာ။ စစ်
တပ်ကအိမ်တွေကိုမီးလိုက်ရှို့နေတယ်ဗျ။ကျွန်တော်တို့ အပြေးမြန်လို့ ထွက်လာလို့ရတာ။ ပိတ်မိသူတွေ ရှိနေတယ်"ဟုဒေသခံတဦးကပြော
သည်။
စစ်ကောင်စီတပ်ကဖုန်းလိုင်းများလည်းဖြတ်တောက်ထားပြီး မန်းကျီးပင်အင်းရွာသို့ ဖုန်းဆက်သွယ်၍မရကြောင်းတောင်ငူမြို့ခံတဦးကပြော
သည်။
၎င်းက " ကျမတို့ ညီမတွေထွက်လာလို့မရဘူး။ ဖုန်းတွေလည်း ဖြတ်ထားတယ်။လေယာဉ်တွေလည်းတက်တယ်။ ရွာဘက်ကမီးခိုးတွေမြင်နေရတယ်"ဟုပြောသည်။
တောင်ငူမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၏ ၁ မိုင်ခန့်မှ ၇ မိုင်ခန့်ဝေးသော ကျေးရွာများတွင်မေလ ၂၃ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ခဲ့သည်။စပါးကြွယ်ရွာ၊ ကြက်တက်ညောင်ပင်ရွာ၊ကြို့ပင်ဆိပ်ရွာ၊ ကြက်ရိုးပင်ရွာ၊ တောပုရွာ၊ ဇီးပင်သာ ၊ဘိုကုန်း နှင့် ငုံးမင်းရွာတို့မှဒေသခံများ တိမ်း
ရှောင်နေကြရကြောင်း သိရသည်။
မေလ၂၃ရက်က တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီသည် အိမ် ခြေ၄၀၀ ကျော်ရှိသည့် စပါးကြွယ်ရွာကို လေကြောင်းမှတိုက်ခိုက်ပြီး မီးရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။မေလ၂၈ရက်ကလည်း တောင်ငူမြို့နယ်၊ ဒိုးနယ်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံ ပြည်သူ၂ဦးကိုသတ်
ဖြတ်သွားကြောင်း ဒေသခံအချို့ကပြောသည်။
မြို့နယ်တွင်း၌တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီကစစ်မှုထမ်းဥပဒေအကြောင်းပြ၍ လူ
ငယ်များအား ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများပြုလုပ်နေပြန်သည်။
ဇွန်လ၇ရက်ညကတောင်ငူမြို့၊ မင်းကြီးညိုရပ်
ကွက်အပိုင်ခပေါင်းရွာမှ အသက် ၂၀လူငယ်တစ်ဦးကို ညဘက်နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲစဉ် လေးဂွဖြင့်အပစ်ခံရသဖြင့် စစ်ကောင်စီက လူငယ်တဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။

😡60❤9👍7😢6🤬4👎1🔥1
This media is not supported in your browser
VIEW IN TELEGRAM
မန်းကျီးပင်အင်းရွာတွင် ဇွန် ၁၁ ရက်နံနက်ပိုင်းကတိုကိပွဲဖြစ်ပွားနေစဥ်။ရုပ်သံ-ဒေသခံတဦး
😡57👍13❤6😢4🥰3🤬1
စစ်ကောင်စီ လက်အောက်ခံ ZRA စခန်းတစ်ခုကို CDF ပူးပေါင်းတပ် သိမ်းပိုက်၊
■တီးတိန်မြို့နယ်အတွင်း၌တိုက်ပွဲဆက်ဖြစ်နေ
ဇွန်-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရှိ စစ်ကောင်
စီလက်အောက်ခံ ဇိုမီးတပ်(ZRA)၏ တပ်စခန်းတစ်ခုကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-
တွန်းဇံ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ZRA တပ်ဘက်ကသေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၉ရက် နံနက်ပိုင်းတွင် ကျီခါးမြို့နှင့် တွန်းဇံမြို့အကြားရှိ မွာလ်ကွေရွာအနီး စစ်ကောင်စီစခန်းကို CDF တွန်းဇံ ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ ZRA တပ်ဖွဲ့ဝင် ၂ဦး၏ အလောင်းကို ရရှိခဲ့သည်ဟုသိရသည်။
ထိုအပြင် သေနတ် ၄လက်၊ ဒရုန်း၊ ဆိုင်ကယ်များနှင့် ကား၁စီး၊ မီးစက်၊ ခဲယမ်း ကျည်များလည်း ရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
"အဲဒီ ZRA လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့အထဲမှာအိန္ဒိယနိုင်ငံသားကတ်အထောက်အ
ထားတွေပါတာပေါ့။ အဲဒါက နည်းနည်းတော့ အံ့ဩစရာဖြစ်တာပေါ့" ဟု ၎င်းကပြောသည်။
ZRA သည် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများ၌ လှုပ်ရှားလျက်ရှိပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးခြင်းအပါအဝင် စစ်ကောင်စီနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်ဟု ချင်းတော်လှန်ရေးတပ်များက ထုတ်ပြန်အသိပေးထားသည်။
ထိုအပြင် ချင်းတော်လှန်ရေးတပ်များသည် ချင်း
ပြည်နယ်သို့အင်အားအများအပြားနှင့် စစ်ကြောင်း
ထိုးလာသည့် စစ်ကောင်စီတပ်နှင့် လည်း တီးတိန်မြို့နယ်အတွင်း တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။
တီးတိန်မြို့နယ် သိုင်းငင်းနှင့် ကလေးမြို့ကြားရှိ မွာလ်ပီးရွာ၌ စစ်ကောင်စီတပ် ဆက်လက်တပ်စွဲနေ၍ တိုက်ပွဲဖြစ်ပွားမှုရှိသည်ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
“မွာလ်ပီကျေးရွာမှာပဲ စကစကအခုထိရှေ့မတိုးနိုင်သလိုနောက်လည်းမဆုတ်ဘူးပေါ့။အဲဒီရွာမှာရှိနေဆဲ” ဟု ၎င်းက ဆိုသည်။
ဇွန်လ ၈ရက်နှင့် ၉ရက်များ၌ တိုက်ပွဲဆက်ဖြစ်နေပြီး ကလေးမြို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်မှု ရှိသည်ဟု သိရသည်။
မေလ တတိယပတ်တွင် ချင်းတောင်သို့ အင်အားအများအပြားနှင့်တက်လာသည့် အဆိုပါ စစ်တပ်စစ်ကြောင်းကို ချင်းညီနောင် နှင့် ချင်းပြည်ကောင်
စီ အဖွဲ့ဝင်တော်လှန်ရေးတပ်များ အတူပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ အဆိုပါဒေသ စစ်ရေးအခြေအနေများကို နှစ်ဖက်တာဝန်ရှိသူများထံ မေးမြန်းထားရာ ချင်းညီနောင်တာဝန်ရှိသူက စစ်ရေးလုံခြုံရေးအရ တိုက်ပွဲသတင်းများ လိုအပ်မှသာ သင့်တော်သည့် အချိန်၌ ထုတ်ပြန်သွားရန် သဘောတူထားသည်ဟု အသိပေးသည်။
အဆိုပါစစ်ကြောင်းသည်တီးတိန်မြို့ကိုစစ်အင်
အားဖြည့်ရန်၊ ချင်းညီနောင်သိမ်းထားသည့်ဖလမ်းမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် ဦးတည်သည်ဟု ခန့်မှန်းရကြောင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် CDF စီးယင်း စစ်ဦးစီးချုပ် ဦးထောင်းပူက မေလနောက်ဆုံးပတ်၌ ပြောပြထားသည်။

👍67❤22👏6🥰2🤣2😁1
သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများ ၊ ဆက်စပ်ပစ္စည်းများ ၊ကားတစ်စီးနှင့် ZRA ရုပ်အလောင်းအချို့ ။
ဓါတ်ပုံ-ပေးပို့
ဓါတ်ပုံ-ပေးပို့
👏61👍23❤14🤣3🥰2
စစ်ကိုင်း နဲ့ အမရပူရမြို့မှာ မိုးများလို့
အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်နေ
ဇွန်-၁၁၊၂၀၂၅။ မေရီ/People's Spring
ငလျင်ဒဏ်သင့် စစ်ကိုင်းနဲ့ အမရပူရမြို့မှာ မိုးများလို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ဇွန်လ (၁၀)ရက် ညက စစ်ကိုင်းနဲ့ အမရပူရမြို့တွေမှာ ည (၁၁) နာရီက စတင်ရွာသွန်းခဲ့တဲ့မိုးဟာ တညလုံးသည်းထန်ခဲ့တာကြောင့် ငလျင်ဒဏ်သင့်ခဲ့တဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ နေအိမ်ထဲအထိ ရေတွေဝင်ရောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
"အိမ်တွေထဲအထိဝင်တာ။ ရေခဲသေတ္တာတို့ လျှပ်
စစ်ပစ္စည်းတွေ အမြန် မ နိုင်လို့ မပျက်တာ။"လို့ အမရပူရမြို့က အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကိုင်းမြို့မှာလည်းငလျင်ဒဏ်ထိထားပြီးပြိုကျထားတဲ့ရပ်ကွက်တွေမှာ မိုးများပြီး ရေတွေမြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အခုက မိုးကြီးလို့ဝင်တာ။ မြစ်ရေကလည်း လာတော့မယ်။"လို့ စစ်ကိုင်းဒေသခံ အမျိုးသမီး တဦးက ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ယာယီတဲနဲ့ နေထိုင်သူတွေလည်း အများအပြားရှိနေသေးတာကြောင့် မိုးများလို့ အခက်အခဲဖြစ်နေတယ်လို့လည်း နေထိုင်သူတွေက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာ
နာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ လာမယ့် ဇွန်လ (၁၅)
ရက်အထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေး
တိုင်း၊ ဧရာ၀တီတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်
(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ပဲခူးတိုင်း၊တနင်္သာရီ
တိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်
နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကာ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ် ။ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်လို့ အ
ထူးသတိပြုနေထိုင်ကြဖို့ သတိပေးထားပါတယ်။

😢58❤10🙏3🔥2