People's Spring
61.8K subscribers
68.1K photos
1.18K videos
7 files
2.95K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
၎င်းတို့ငါးဦးမှာဗိုလ်မှူးချုပ်အောင်ကျော်လွင်
(သေဆုံး)၊ ဗိုလ်ချုပ်စိုးလှိုင်( လက်ရှိတြံဂံ‌ဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး)၊ဗိုလ်မှူးကြီးမိုးမြင့်ထွန်း
( စစ်ကောင်စီ ပြန်ဖမ်းဆီးထား)၊ ဗိုလ်မှူးချုပ်တင်မောင်ကျော်(ယခုဖမ်းဆီးခံထားရ)နှင့် ဗိုလ်မှူးကြီး စိုးဝင်းထွန်း(လက်ရှိတာဝန်ထမ်းဆောင်ဆဲ)တို့ဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်မေလကုန်ကလည်း ဖားကန့်တွင်KIA၊KPDF ပူးပေါင်းတပ်အား စစ်ရှုံးခဲ့သည့် တပ်မ(၃၃)၏တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို ဖမ်းဆီးခဲ့ပြီး မိသားစုဝင်များကိုပါ ထိန်းသိမ်းထားသည်။

စစ်ကောင်စီတွင် တပ်မ ၁၀ခုရှိသည်။တပ်မ(၆၆)မှလွဲ၍ ကျန်တပ်မ ၉:ခုမှ တပ်မမှူးများအနက် တိုက်ပွ၌ ၅ ဦး သေဆုံးပြီးစစ်သုံ့ပန်းအဖြစ် ၂ဦးဖမ်းဆီးခံထားရသည်။ ထပ်မံခန့်အပ်သူအပါအဝင် ၂
၃ဦးကို စစ်ကောင်စီက ဖမ်းထားသည်။

တပ်မ(၁၁)တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းသည်၂၀၂၄ ဖေဖော်ဝါရီလ (၇) ရက်နေ့က မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ် သေဆုံးခဲ့သည်။တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးသည်မောင်တောမြို့သိမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည်။တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်သည်၂၀၂၄ဇန်နဝါရီလက မြဝတီမြို့နယ်သင်္ဃန်းညီနောင်တွင် ၎င်းလိုက်ပါလာသည့်ရဟတ်ယာဉ်ကို KNUက ပစ်ချစဥ်သေဆုံးခဲ့သည်။တပ်မ(၅၅)တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မျိုးဝင်းသည် MNDAA၏ ၁၀၂၇ စစ်ဆင်ရေးဖြင့်လောက်ကိုင်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ချခဲ့၍ နိုင်ငံတော်ပုန်ကန်မှုအပါအဝင်တပ်မတော်အက်
ဥပဒေများ၊ ပုဒ်မများဖြင့် စစ်ခုံရုံးက သေဒဏ်ချမှတ်ခံရသည်။

တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်
ရေးဝန်ကြီးဌာနနှင့် ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA)ပူးပေါင်းတပ်များ၏ ပြီးခဲ့သည့်ဧပြီလက အင်းတော်မြို့သိမ်းတိုက်ပွဲတွင်အဖမ်းခံခဲ့
ရသည်။တပ်မ(၈၈)တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦးသည် ၂၀၂၄ မတ်လ၂၉ရက်က မိုးမောက်မြို့
နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲ၌ သေဆုံးခဲ့သည်။တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင်သည် ၂၀၂၃ နိုဝင်ဘာလ၇ရက်က ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်‌ မြောက်ပိုင်း မုံးကိုးမြို့သိမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည်။

တပ်မ(၁၀၁)တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ ၂၀၂၃ဒီဇင်ဘာလက နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးခံခဲ့ရသည်။

ပဲခူးတိုင်း၊သဲကုန်းမြို့နယ်၊ အင်းမမြို့တွင် တည်ရှိသည့် တပ်မ(၆၆)သည်လည်း ဖွဲ့စည်းပုံမပြည့်တော့ဘဲ တိုက်ရည်ခိုက်ရည်မရှိတော့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။တပ်မ(၆၆)၏ တပ်မမှူးမှာဗိုလ်မှူးကြီးကျော်စိုးလင်းဖြစ်သည်။

"တပ်မမှူးဆိုတာကတပ်ထဲမှာဆရာ့ဆရာကြီးတွေ။ အခုတော့ ဘယ်ခွေးအဖေခေါ်ရမှန်းမသိတဲ့ဘဝရောက်သွားကြပြီ"ဟု လက်ရှိစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေသောစစ်တပ်အရာရှိဟောင်းတစ်ဦးကပြောသည်။
54👍22🔥4
🖕525👏3
နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားသုံးဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

ဇွန်-၁၀၊ ၂၀၂၅။ ကျော်ဇော/People's Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား(ပြည်သူ့စစ်မှုထမ်းတပ်သား)သုံးဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ နတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA)ဦးဆောင်သည့် တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ယင်းစခန်းသို့ စေလွှတ်ခြင်းခံထားရသည့် စစ်ကောင်စီတပ် သားများမှာ မကြာခဏထွက်ပြေးလေ့ရှိပြီး ၎င်းတို့အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်ချိတ် ဆက်၍ အမြန်ဆုံးအလင်းဝင်ကြရန် တိုက်တွန်းမှုများလည်း ရှိနေသည်။

ယခုထွက်ပြေးလာသော စစ်ကောင်စီတပ်သား (ပြည့်သူ့စစ်မှုထမ်းတပ်သား)သုံးဦးမှာ စစ်ကောင်စီ၏ တပ်မ (၉၉)မှတဆင့် နတ်ရေကန်စခန်းသို့ ပို့ခံရသူများဖြစ်ပြီး ၎င်းတို့သုံးဦးသည် ရှေ့တန်းကင်းတာဂန်ကျစဥ် ဇွန်လ ၄ ရက်နေ့တွင် ထွက်ပြေးလာသူများဖြစ်ကြောင်း CDF-Asho က အသိပေးသည်။

၎င်းစစ်ကောင်စီတပ်သားသစ်သုံးဦးထံမှ MA အမျိုးအစား သေနတ်သုံးလက်၊ ကျည်ဘောက် ၁၀ ခု၊ လက်ပစ်ဗုံးငါးလုံး၊ လက်နက်ကြီးထိပ်ဖူးခုနစ်လုံးနှင့် ကျည်းများအပါအဝင် စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း CDF-Asho က ဖော်ပြသည်။

"ပစ်ခတ်မှု မဖြစ်လိုက်ဘူးဗျ။ အသာတကြည်ပဲ လက်နက်ချ အညံ့ခံခဲ့ပါတယ်"ဟု ဖမ်းမိထားသည့် စစ်ကောင်စီတပ်သားသုံးဦးနှင့် စပ်လျဥ်းပြီး CDF-Asho မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပြီးခဲ့သည့်နှစ်(၂၀၂၄)တွင် ရခိုင်ပြည်နယ်အတွင်း
ရှိ စစ်ကောင်စီ၏တပ်စခန်းများအပါအဝင် မြို့သိမ်းတိုက်ပွဲများဆင်နွှဲချိန်မှစ၍ ရခိုင်နှင့် နယ် မြေချင်းထိစပ်နေသော မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်သားများ တပ်ပျက်ထွက်ပြေးမှုများ အကြိမ်ကြိမ်ဖြစ်ပေါ်လျှက်ရှိရာ ယခုနှစ် ဇွန်လ ၄ ရက်အထိ CDF-Asho မှ အရှင်ဖမ်းမိထားသည့် စစ်ကောင်စီတပ်သားဦးရေ ၂၀၀ နီးပါးရှိပြီဖြစ်ကြေင်း ယင်းတပ်ဖွဲ့စာရင်းများအရ သိရသည်။
👍5915👏9🤣2🥰1
(လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားသစ်သုံးဦးကိုတွေ့ရစဥ်။ ဓာတ်ပုံ - CDF-Asho)
👍70👏17😁31🥰1👌1
အာဏာသိမ်း​​ခေါင်း​ဆောင် စစ်ကိုင်းရောက်နေစဉ် တိုက်လေယာဉ်ပစ်ချခံရသတင်း​ကြောင့်
မူလအစီအစဥ်များဖျက်၍ ပြန်သွား

ဇွန်-၁၀၊၂၀၂၅။ယောနသံ/People's Spring

အာဏာသိမ်းခေါင်းဆောင်သည်၄နှစ်အတွင်း သုံးကြိမ်မြောက် စစ်ကိုင်းတိုင်းသို့ရောက်ရှိနေစဉ်မှာပင် ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ​ကို တော်လှန်ရေးတပ်များက ပစ်ချလိုက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း မူလအစီအစဉ်များ ဖျက်သိမ်းသွားကြောင်း သတင်းရရှိသည်။

ယနေ့ ဇွန်လ ၁၀ရက် နေ့လယ် ၁၂နာရီခန့်၌ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သို့ ဗုံးလာကြဲသည့် ဂျက်ဖိုက်တာကို တော်လှန်ရေးပူးပေါင်းတပ်များက ပစ်ချခဲ့သည်။ ထိုအချိန်တွင် စစ်ကောင်စီခေါင်း
ဆောင်ဗိုလ်ချုပ်မှူးကြီးအောင်လှိုင်နှင့် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှသည် စစ်ကိုင်းမြို့သို့ရောက်ရှိနေသည်။

"သူရောက်နေတုန်း ပုလဲကလေယာဉ်သတင်းကြားတာပဲ။ မူလအစီအစဉ်ကတော့ ငလျင်ဘေးသင့်သူတွေနဲ့ ထပ်တွေ့ဖို့ပဲ။ ဒါပေမယ့် မျက်စိမျက်နှာ
ပျက်ပြီးပြန်သွားတယ်"ဟု စစ်ကောင်စီခေါင်း
ဆောင် သွားရောက်လည်ပတ်ခဲ့သည့် စစ်ကိုင်းမြို့၊ ကောင်းမှုတော် ဂေါပကအဖွဲနှင့်နီးစပ်သူကပြော
သည်။

စစ်ကောင်စီခေါင်းဆောင်သည်ငလျင်ဘေးအ
ကြောင်းပြ၍ စစ်ကိုင်းမြို့သို့လာရောက်ခြင်းဖြစ်
သည်။ ဧပြီလ ၆ရက်ကတစ်ကြိမ် လာရောက်ပြီး ၂၀၂၅ ခုနှစ်အတွင်းဒုတိယကြိမ်မြောက်ရောက်ရှိလာခြင်းဖြစ်သည်။

လက်နက်ကိုင်ခုခံတော်လှန်ရေးအားအကောင်းဆုံးဖြစ်သည် စစ်ကိုင်းတိုင်းသို့ ၂၀၂၁ နောက်ပိုင်း အာဏာသိမ်းခေါင်းဆောင်က ၂၀၂၃ မတ်လတွင် တစ်ကြိမ်သွားရောက်ခဲ့ပြီး ယနေ့အထိ ၄နှစ်အတွင်း ၃ကြိမ်သာသွားရောက်နိုင်ခြင်းဖြစ်သည်။

အာဏာသိမ်း​ခေါင်း​ဆောင်စစ်ကိုင်းတိုင်းသို့နေစဉ် အညာတော်လှန်ရေးအင်အားစုများက ဂျက်ဖိုက်တာကိုပစ်ချလိုက်ခြင်းကြောင့် နမိတ်မကောင်းဟု ယူဆသွားနိုင်ကြောင်း စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။

"သူက အတိတ်နမိတ်ကို ယုံတယ်လေ။သူလန့်နေမှာသေချာတယ်။ကျမတို့စစ်ကိုင်းကိုလာတာက
တော့ နယ်မြေစိုးမိုးမှုရှိကြောင်း နိုင်ငံတကာကိုပြချင်လို့လည်းဖြစ်နိုင်တယ်။ အခုတော့ သူတော်တော်လေးစိတ်ဓာတ်ကျသွားတယ်"ဟုစစ်ကိုင်းမြို့မှလူငယ်တစ်ဦးကပြောသည်

စစ်ကိုင်းမြို့မှပြန်လာပြီး မန္တလေးမြို့သို့ရောက်ရှိစဉ်အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ရော မိန်းမဖြစ်သူပါမျက်နှာ မသာမယာဖြစ်နေသည်ကို ၎င်းတို့၏ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် ယ‌နေ့ည ထုတ်ပြန်သည့် ရုပ်သံသတင်းများတွင်တွေ့ရှိရသည်။

စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာကို ပစ်ချခဲ့ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ ယင်းမာပင်ခရိုင် ပကဖ၊ယင်းမာပင်မြို့နယ်ပကဖလက်ရုံးတပ်ဖြစ်​သော ULFတို့က အသီးသီးထုတ်ပြန်ထားသည်။စစ်ကောင်စီကမူ တပ်မတော်
(လေ)တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် စက်ချို့ယွင်းပြီး မ
တော်တဆမှုဖြစ်ပွားခဲ့ခြင်းဟုထုတ်ပြန်ထားသည်။
😁7224👏11👍3🥰2🔥1
စစ်ကိုင်းမှအပြန် မန္တလေးမြို့သို့ရောက်နေစဉ် တွေ့ရသည့် အာဏာသိမ်းခေါင်းဆောင်။
ဓါတ်ပုံ-စစ်​ကောင်စီ
😁60🖕28💩216🤮4🔥1🤬1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၁၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တပ်တိုက်​လေယာဥ်ကို ​တော်လှန်​ရေးအဖွဲ့​တွေပစ်ချနိုင်လို့ ပြည်သူ​တွေ​​​ ပျော်ရွှင်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးကိုပျက်ကျ​အောင် ပစ်ချနိုင်ခဲ့တဲ့ဖြစ်စဥ်မှာ ပစ်ခတ်တဲ့အဖွဲ့​တွေက တစ်ဖွဲ့ထက်မကရှိ​နေပြီး ဘယ်သူပစ်တာပဲဖြစ်ဖြစ် တိုက်​လေယာဥ်ပျက်ကျမှုဟာ အ​ရေးကြီးဆုံးပဲဖြစ်တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က​ပြောပါတယ်။ ပုလဲမြို့နယ်က ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို PLAရဲ့ ရှေ့တန်းရဲဘော်တွေက ပစ်ချခဲ့တာလို့ အဲဒီတပ်က ပြောပါတယ်။ ဒါ့အပြင် ယင်းမာပင်ခရိုင် ပကဖကလည်း ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးကျေးရွာကို စခန်းသိမ်းစစ်ဆင်ရေးဆောင်ရွက်နေချိန် လေကြောင်းတိုက်ခိုက်တဲ့ ဂျက်ဖိုက်တာတစ်စီးကို ယင်းမာပင်ခရိုင် ကွက်ကဲရေးအဖွဲ့ ဦးဆောင်တဲ့ PDF၊ ပကဖ အဖွဲ့တွေကပစ်ချခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ ​လေယာဥ်​ပေါ်ပါ​လေယာဥ်​မောင်းဟာ အခင်းဖြစ်တဲ့​နေရာမှာပဲ​ သေဆုံးခဲ့တာကို ​တော်လှန်​ရေးတပ်ဖွဲ့တွေ ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်း​တွေမှာ​တွေ့ရပါတယ်။ ​​တိုက်လေယာဥ်ပျက်ကျမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီကလည်း နာရီပိုင်းအတွင်း သတင်းထုတ်ပြန်ခဲ့ရာ ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပေါ်ကာ မြေပြင်ပေါ်ကို ပျက်ကျ မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

◾️အာဏာသိမ်း​​ခေါင်း​ဆောင် စစ်ကိုင်းရောက်နေစဉ် တိုက်လေယာဉ်ပစ်ချခံရသတင်း​ကြောင့် မူလအစီအစဥ်များဖျက်၍ ပြန်သွား

အာဏာသိမ်းခေါင်းဆောင်ဟာ ၄နှစ်အတွင်း သုံးကြိမ်မြောက် စစ်ကိုင်းတိုင်းသို့ ရောက်ရှိနေစဉ် ပုလဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ​ကို တော်လှန်ရေးတပ်များက ပစ်ချလိုက်ပြီးနောက် ခရီးစဉ်အတွင်း မူလအစီအစဉ်တွေ ဖျက်သိမ်းသွားတယ်လို့ သိရပါတယ်။ ပုလဲမြို့နယ်ကို ဗုံးလာကြဲတဲ့ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ပစ်ချခံရချိန်မှာ စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးအောင်လှိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှဟာ စစ်ကိုင်းမြို့ကို ရောက်ရှိနေပါတယ်။ မူလအစီအစဉ်ကတော့ ငလျင်ဘေးသင့်သူတွေနဲ့ ထပ်တွေ့ဖို့ စီစဥ်ထားပေမယ့် မျက်စိမျက်နှာပျက်ပြီးပြန်သွားတယ်လို့ စစ်ကောင်စီခေါင်း
ဆောင် သွားရောက်လည်ပတ်ခဲ့တဲ့ စစ်ကိုင်းမြို့ ကောင်းမှုတော် ဂေါပကအဖွဲနဲ့ နီးစပ်သူက ပြောပါတယ်။

◾️ပုန်ကန်ဖို့ တပ်တွင်းသတင်းထွက်တဲ့ တပ်မ(၉၉)တပ်မမှူးကို စစ်ကောင်စီဖမ်း‌ဆီး

မြောက်ပိုင်းမဟာမိတ်မိတ်သုံးဖွဲ့ရဲ့ ၁၀၂၇စစ်ဆင်ရေးကာလမှစ၍ တပ်မမှူးမကြာခဏ​ပြောင်းနေတဲ့ တပ်မ(၉၉)ရဲ့ လက်ရှိတပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက ဖမ်းဆီးပြီးရာထူးရုပ်သိမ်းကာ စစ်ကြောရေးဝင်နေပါတယ်။ ဗိုလ်မှူးချုပ်တင်မောင်ကျော်ဟာ မေလကုန်က ဖမ်းဆီးခံရပြီး အဖမ်းမခံရမီရက်ပိုင်းအလိုက အာရက္ခတပ်‌တော်(AA)ထံ ခိုလှုံပြီး စစ်တပ်အား ပုန်ကန်မယ်လို့ သတင်းများထွက်ခဲ့တယ်လို့ နေပြည်တော် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဗိုလ်မှူးချုပ်တင်မောင်ကျော်အနေနဲ့ AAထံ ခိုလှုံပြီး စစ်တပ်ကို ပုန်ကန်မယ်လို့ သတင်းအပေါ် လူထု​နွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တပ်မ(၉၉)ဟာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ အခြေစိုက်ပြီး ဗိုလ်မှူးချုပ်တင်မောင်ကျော်ကို မန္တလေးနန်းတွင်းမှာ စစ်ကြောရေးဝင်နေတယ်လို့ သိရပါတယ်။

◾️မြန်မာ-ထိုင်းနယ်စပ်က ရှေ့တန်းစခန်းကို KNU ထပ်မံသိမ်းယူ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက မြန်မာ-ထိုင်းနယ်စပ်အနီးမှာ ရှိတဲ့ အမိုနယ်စပ်စခန်းကို ဒီနေ့မှာ သိမ်းယူလိုက်ပြီလို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်ဘက်က ပွိုင့် -၂၅၆၆ လို့ သတ်မှတ်ထားတဲ့ အဲဒီစခန်းဟာ KNU ရဲ့ အုပ်ချုပ်ရေး နဲ့ စစ်ရေးနယ်မြေသတ်မှတ်ပုံအရ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) စစ်ရေးလှုပ်ရှားရာနယ်မြေမှာရှိတာပါ။ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်းတစ်ခုဖြစ်တဲ့ အမိုနယ်စပ်စခန်းကို ဇွန်လ ၈ ရက်မှာ KNU တပ်မဟာ(၄)ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့တာပါ။ သုံးရက်မြောက်နေ့ မှာတော့ စခန်းသိမ်းနိုင်တာလို့သိရပါတယ်။ KNU က ထုတ်ပြလာတဲ့ ဓာတ်ပုံတွေမှာတော့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတာတွေ့ရပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးနဲ့ ဖမ်းမိစစ်သုံ့ပန်း ရှိ မရှိကိုတော့မဖော်ပြထားပါဘူး။

◾️ပြည်တွင်းကို လတ်တလောပြန်နိုင်တဲ့ အနေအထားမရှိသေး၍ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ အနားယူ
👍4317🤮2
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြည်တွင်းကို လတ်တလောပြန်နိုင်တဲ့ အနေအထားမရှိသေးချိန် လက်ရှိတာဝန်ကနေ အနားယူပြီး သမ္မတရုံးရဲ့ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍတွေမှာ ပြောင်းလဲတာဝန်ယူမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်းမှာ စုစည်းကာ လက်တွေ့ကျကျ လုံ့လထုတ်စေလိုကြောင်း ပြောကြားထားပါတယ်။ အဲဒီအခြေအနေမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ် သုံးနှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်ဇော်က ထိထိရောက်ရောက် တာဝန်ယူဆောင်ရွက်ပေးနိုင်မယ့် ကဏ္ဍများအတွက် နှုတ်ထွက်ခြင်းဖြစ်တယ်လို့ ရှင်းပြပါတယ်။

◾️နျူကလီးယားနည်းပညာရရှိဖို့ အာဏာသိမ်း​ခေါင်း​ဆောင် အရှိန်မြှင့်လုပ်ဆောင်​နေမှုကို လိုအပ်သလိုတုန့်ပြန်ကြဖို့ နိုင်ငံတကာကို NUGတိုက်တွန်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ရေးအတွက် နျူကလီးယားနည်းပညာရရှိဖို့ အရှိန်မြှင့်လုပ်ဆောင်လာခြင်းမှာ စိုးရိမ်ဖွယ်တွေ့ရှိရလာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ အဲဒီကိစ္စဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက်တင်မကပဲ အာဆီယံဒေသအတွင်းက နိုင်ငံတွေအားလုံးမှာ ရှိကြတဲ့ အသီးသီးသော ပြည်သူတွေအားလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုမယ်လို့ အကြောင်းပြပြီး စစ်ရေးအတွက် နျူကလီးယားနည်းပညာရယူဖို့ ကြိုးပမ်းနေသလို အဲဒီ နျူကလီးယားနည်းပညာအသုံးချနိုင်ရေးမှာ စစ်အာဏာရှင်အဆက်ဆက်ရဲ့ နိုင်ငံ့အာဏာကို ထာဝရစိုးမိုးထိန်းချုပ်နိုင်ရေး အစဉ်တစိုက်ကြိုးစားခဲ့တဲ့ အိပ်မက်ဖြစ်ကြောင်းလည်း​ပြောပါတယ်။

◾️ဖားကန့်ရောက် စစ်ကောင်စီစစ်ကြောင်း အထိနာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို မနေ့ ဇွန်လ ၉ရက် မနက်ပိုင်းမှာ KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ မနေ့ မနက်ပိုင်း ၁၀နာရီဝန်းကျင်က ဖားကန့်မြို့နယ် လုံးခင်းတိုက်နယ် မဇွပ်ယာန်-ကထန်မှော်သွားလမ်းနဲ့ ကုဋေမှော်အနီးမှာ KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက အောင်သာယာကွက်သစ်ဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️နောင်ချိုတမြို့လုံး စစ်ရှောင်၊ ကံကြီးရွာဘက်မှာ ဒီမနက် ငြိမ်သက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက်က ကံကြီးကျေးရွာအနီးဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နောင်ချိုမြို့တမြို့လုံး ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ဒီကနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေငြိမ်သက်နေတယ်လို့ အဲဒီမြို့ခံအချို့က ပြောပါတယ်။ နောင်ချိုမြို့ခံတွေဟာ နီးစပ်ရာမြို့တွေဖြစ်တဲ့ ပြင်ဦးလွင်၊ကျောက်မဲမြို့တွေမှာ တိမ်းရှောင်နေကြပြီး အချို့ကတော့ နီးစပ်ရာနေရာတွေမှာ တိမ်းရှောင်နေကြတာပါ။ မနေ့ ညပိုင်းအထိ လက်နက်ကြီးပစ်သံတွေကြားရပြီး ဒီမနက်မှာတော့ ကံကြီးရွာဘက်မှာ တိုက်ပွဲငြိမ်သက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ရဲဘော်တွေလည်း စစ်ကူရောက်လာတယ်လို့ နောင်ချိုဒေသခံက ပြောပါတယ်။

◾️နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားသုံးဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား(ပြည်သူ့စစ်မှုထမ်းတပ်သား)သုံးဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီနတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA)ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ အဲဒီစခန်းကို စေလွှတ်ခြင်းခံထားရတဲ့ စစ်ကောင်စီတပ်သားများမှာ မကြာခဏထွက်ပြေးလေ့ရှိပြီး သူတို့အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်၍ အမြန်ဆုံးအလင်းဝင်ကြရန် တိုက်တွန်းမှုများလည်း ရှိနေပါတယ်။ အခုထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (ပြည့်သူ့စစ်မှုထမ်းတပ်သား)သုံးဦးမှာ စစ်ကောင်စီရဲ့ တပ်မ (၉၉)မှတဆင့် နတ်ရေကန်စခန်းသို့ ပို့ခံရသူများဖြစ်ပြီး ၎င်းတို့သုံးဦးဟာ ရှေ့တန်းကင်းတာဂန်ကျစဥ် ဇွန်လ ၄ ရက်မှာ ထွက်ပြေးလာသူများဖြစ်ကြောင်း CDF-Asho က အသိပေးပါတယ်။

◾️အင်းတော်မြို့မှဆေးခန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁ဦးကွယ်လွန်
36👍19🥰2🔥1🤮1
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်စဉ် ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲဘော်တွေကို ကျန်းမာရေးစောက်ရှောက်မှုပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးဟာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ကွယ်လွန်ခဲ့ပါတယ်။ ဧပြီလက အင်းတော်မြို့နယ်အတွင်းရှိ ဆေးခန်းတစ်ခုအပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်စဉ် အသက် (၆၁)အရွယ် သူနာပြု ဦးအေးမောင် ဒဏ်ရာရခဲ့တာပါ။ ဆေးကုသမှု ခံယူခဲ့ပေမယ့် မေလ ၂၂ရက်က ကွယ်လွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဦးအေးမောင်ဟာ ဒေသခံတိုင်းရင်းသားပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ဆေးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေသူဖြစ်ပြီး နွေဦးတော်လှန်ရေးရဲ့ လမ်းခုလတ်တစ်နေရာမှာ ကျဆုံးခဲ့ရတာကြောင့် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက​ ဖော်ပြထားပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ပြည်သူ့အားမာန်သပိတ်စစ်​ကြောင်းက ''Vote ILO Article 33 to save LIVES'' စာသားနဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်ကောင်စီကို အရေးယူပေးဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဒီကနေ့မှာ အမေစု ၈၀ နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ "Airbus: End investment in AVIC" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
👍4617🔥1🥰1🤮1
👍4115🔥3🥰1👏1
👍5821🔥2🥰2
ဖေနဲ့မေကိုသားဝန်ခံစရာတစ်ခုရှိပါတယ်။ ဘယ်တုန်းကမှဖေဖေတို့ခွင့်မပြုခဲ့တဲ့ အမူအကျင့်တစ်ခုကို သားပြုလုပ်နေမိပါတယ်။ ဒီနှစ်တွေမှာ သားရိုင်းလာတယ်ဖေနဲ့မေ။

ကြမ်းတမ်းဆဲဆိုတဲ့စကားကိုဘယ်တုန်းကမှမပြောခဲ့တဲ့သားဟာရိုင်းစိုင်းကြမ်းတမ်းလာတယ်။
မရည်ရွယ်ပါဘူးမေမေ။ သားရည်ရွယ်ချက်နဲ့ရိုင်းမိလာတာမဟုတ်ပါဘူး။ ရင်ထဲကခံစားချက်တွေက သူ့ဖာသာသူပုံဖေါ်လာတာပါ။ သားမရည်ရွယ်ပါဘူး။

မန္တလေးမြို့ကလမ်းပေါ်မှာမိန်းကလေးတစ်ယောက်သေနတ်မှန်ပြီးကျဆုံးသွားတုန်းကသား
ရိုင်းမိပါ တယ်မေမေ။ သားပါးစပ်ကဘာတွေထွက်သွားလဲဆိုတာကိုပြန်မတွေးချင်သလို မေတို့ကိုလည်း ပြန်မပြောရဲပါဘူး။ သူ့မိဘတွေဘယ်
လောက်ခံစားရမလဲဆိုတာဟာသားရဲ့ ညအတော်များများကို ခြောက်လှန့်နေခဲ့ပါတယ်။

ရန်ကုန်မြို့ကလမ်းပေါ်မှာဆေးကျောင်းသားလေးတစ်ယောက်ကျဆုံးသွားတော့လည်းသားရိုင်းမိပါ တယ်ဖေဖေ။ဒီတိုင်းပြည်မှာဈေးအပေါဆုံးဟာလူငယ်တွေရဲ့အသက်လားဖေ။ သားရင်နာလိုက်တာ။

မုံရွာမှာတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ထပ်ကျသွားတော့လည်းသားရိုင်းမိတာပါပဲ။ မကောင်းပါဘူးဖေနဲ့မေရယ်။ သားဟာအရမ်းရိုင်းတတ်လာပါတယ်။

အရင်မျိုးဆက်ကကျောင်းသားခေါင်းဆောင်ဟောင်းကြီးတစ်ယောက် နဲ့ ဟစ်ပ်ဟော့ပ်ဂီတရဲ့ပထမ မျိုးဆက်ဂီတပညာရှင်တစ်ဦးတို့ကို အဆုံး
စီရင်လိုက်တဲ့အခါတုန်းကတော့သားမရိုင်းဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါးစပ်ကထွက်ဖို့စကားလုံးတွေမရှိတော့သလို၊ မျက်ရည်လည်းမရှိတော့ပါဘူး ဖေနဲ့မေ။ သားရိုင်းစရာလည်းမလိုတော့ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုလုံးကရိုင်းနေပြီပဲမဟုတ်လား။ လူ့အဖွဲ့အစည်းတစ်ခုလုံးကမျက်
ရည်တွေချောင်းတစ်ချောင်းအဖြစ်၊မြစ်တစ်စင်းအဖြစ်စီးဆင်းနေပြီပဲမဟုတ်လား။

အခုဆိုရင်ပင်လယ်သမုဒ္ဒရာတောင်ဖြစ်နေလောက်ပြီမဟုတ်လား။

ဗုဒ္ဓဘာသာဝင်တွေကောင်းကောင်းရိုင်းတတ်နေပါပြီမေမေ။ ကျန်တဲ့ဘာသာဝင်တွေလည်းအတူတူပါပဲ။ သူတို့ကမနက်ခင်းတွေကို မိုဘိုင်းဖုန်းလေးတွေပွတ်ရင်းစတင်ကြပါတယ်။ ဒါဟာနေ့တစ်နေ့ရဲ့ ဝဋ်
ကြွေးတစ်ခုစတင်ခြင်းပါပဲ။

နိုး… နိုး…အမြဲတမ်းငိုကြွေးနေကြတာမဟုတ်ပါဘူးဖေဖေ။

တခါတလေ သူတို့ရယ်မောပျှော်ရွှင်ကြပါတယ်၊ အူလှိုက်သဲလှိုက်ပျှော်ရွှင်တဲ့နေ့တွေတောင်ရှိပါတယ်။လူတချို့သေဆုံးတာကို သားတို့ ပျှော်ရွှင်နေကြတယ်မေမေ။ သားပြောတာကိုမေမေယုံရဲ့လား။ သားအဲဒီလောက် ရိုင်းတတ်လာတယ်ဆိုတာကိုမေမေယုံဖို့ခက်နေတယ်မဟုတ်လားမေ။


https://www.ludunwayoo.com/%e1%80%9b%e1%80%9e/2025/06/07/123173/
60👍26🔥3🥰3👎1