စစ်တပ်တိုက်လေယာဥ်ကို တော်လှန်ရေးအဖွဲ့တွေပစ်ချနိုင်လို့ ပြည်သူတွေပျော်ရွှင်
■ "ပျက်ဘဲကျကျ ပစ်ဘဲချချ လေယာဉ်တစီး
ဆုံးရူံးတာကျေနပ်စရာဘဲ" ပြည်သူတဦး
ဇွန်၁၀၊၂၀၂၅။ကိုဘီဂျီ၊ကဖေး/People's Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးကိုပျက်ကျအောင် ပစ်ချနိုင်ခဲ့တဲ့ဖြစ်စဥ်မှာ ပစ်ခတ်တဲ့အဖွဲ့တွေက တစ်ဖွဲ့ထက်မကရှိနေပြီ ဘယ်သူပစ်တာပဲဖြစ်ဖြစ် ရဟတ်ယာဥ်ပျက်ကျမှုဟာအရေးကြီးဆုံးပဲဖြစ်တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကပြောပါတယ် ။
"MOD ရင်းနဲ့ ပူးပေါင်းတပ်တွေပစ်တာလည်းရှိတယ်။ PLA ပစ်တာလည်းရှိတယ်။ ဘယ်သူကပစ်တယ်ဆိုတာထက် အဓိကကတော့ ဂျက်ဖိုက်တာ ပျက်ကျဖို့ပဲ"လို့ဦးဇော်ထက်ကပြောပါတယ်။
ပုလဲမြို့နယ်က ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို PLAရဲ့ ရှေ့တန်းရဲဘော်တွေက ပစ်ချခဲ့တာလို့ အဲဒီတပ်က ပြောပါတယ်။ ဒါအပြင် ယင်းမာပင်ခရိုင် ပကဖကလည်း ဇွန်း ၁၀ ရက်နေ့မှာ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးကျေးရွာကို စခန်းသိမ်းစစ်ဆင်ရေးဆောင်ရွက်နေချိန် လေကြောင်းတိုက်ခိုက်တဲ့ ဂျက်ဖိုက်တာတစ်စီးကို ယင်းမာပင်ခရိုင် ကွက်ကဲရေးအဖွဲ့ ဦးဆောင်တဲ့ PDF၊ ပကဖ အဖွဲ့တွေကပစ်ချခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
လေယာဥ်ပေါ်ပါလေယာဥ်မောင်းဟာအခင်းဖြစ်တဲ့နေရာမှာပဲသေဆုံးခဲ့တာကို တော်လှန်ရေးတပ်ဖွဲ့တွေထုတ်ပြန်ထားတဲ့ရုပ်သံမှတ်တမ်းတွေမှာတွေ့ရပါတယ် ။ လေယာဥ်မောင်းမှာ ဦးထုပ်မှာ ဗုဒ္ဓဘာ
သာမှာ ဘေးအန္တရာယ်ကင်းအောင်ဆိုပြီးဆောင်လေ့ရှိတဲ့ ၂၄ ပစ္စည်းဂုဏ်တော် ရုပ်ပုံကို ကပ်ထားတာဖြစ်ပါတယ်။ တိုက်လေယာဥ်ဟာ မကွေးလေတပ်က တက်လာတဲ့ တရုတ်နိုင်ငံထုတ် F-7 တိုက်လေယာဥ်ဖြစ်ဖို့များတယ်လို့ စစ်လက်
နက်ပစ္စည်းလေ့လာသူတွေကပြောကြပါတယ်။
ပြည်သူအများစုကတော့ ပြည်သူတွေကိုနေ့စဥ်ဗုံးကြဲနေတဲ့ စစ်တပ်တိုက်လေယာဥ်တစ်စီးကိုဖျက်ဆီးနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်နေကြပါတယ်။
"ပျက်ဘဲကျကျ ပစ်ဘဲချချ လေယာဉ်တစီးဆုံးရူံးတာကျေနပ်စရာဘဲ" လို့ပြည်သူတစ်ဦးကပြောပါတယ် ။
အခြားပြည်သူတစ်ဦးကလည်း "အားရတယ်၊ကျေနပ်တယ်"လို့မှတ်ချက်ပြုပါတယ် ။
"အပျက်အစီးပုံကြီးမြင်ရလို့စိတ်ချမ်းသာပျှော်ရွှင်ရတာဒီတစ်ခါပဲဖြစ်ဖူးသေးတယ် ရှေ့ဆက်ပျှော်စရာတွေများများတွေ့ပါရစေ"လို့ပြည်သူတစ်ဦးကပြောပါတယ် ။
ပြည်သူတွေကို နေ့စဥ်ဗုံးကြဲသတ်ဖြတ်နေတဲ့အ
တွက် စစ်ကောင်စီရဲ့ တိုက်လေယာဥ်တွေ ၊ရဟတ်ယာဥ်တွေကို တော်လှန်ရေးအဖွဲ့တွေက ပစ်ချနိုင်ရင် ပြည်သူတွေပျော်ရွှင်နေကြတာကို စစ်ကောင်စီ နဲ့ စစ်တပ်က လေယာဥ်မောင်းတွေ ၊စစ်သားမိသားစုတွေ မြင်ပြီး သူတို့ကိုပြည်သူက ဘယ်လောက်မုန်းတီးနေတယ်ဆိုတာသိပြီး ၊ပြည်သူ့ဘက်ကို ပြောင်းလဲ ရပ်တည်ဖို့နောင်တ ရသင့်ပြီလို့ ပြည်သူတဦးကလည်းပြောပါတယ် ။
■PLA ရဲ့ထုတ်ပြန်ချက်
ပုလဲမြို့နယ်က ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAရဲ့ ရှေ့တန်းရဲဘော်တွေက ပစ်ချခဲ့တာလို့ အဲဒီတပ်က ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဂျက်ဖိုက်တာလေယာဉ်ကို ပစ်ချပြီးနောက် လေ
ယာဉ်ဟာ မီးလောင်ကျွမ်းနေတဲ့အတွက် ချက်ချင်းအနားကို မကပ်နိုင်ခဲ့ဘူးလို့ ပြောပြပါတယ်။ ဒါ့ကြောင့် လေယာဉ်ပေါ်မှာ လိုက်ပါလာသူ တစ်ဦးရဲ့ ပျက်စီးနေတဲံ ရုပ်အလောင်းကိုသာ တွေ့ရှိထာပြီး မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးလည်း တွေ့ထားတယ်လို့ PLAက ပြောပါတယ်။
ပစ်ချခံရတဲ့ လေယာဉ်ဟာ ပုလဲမြို့နယ်က ကန်ဒေါင့်ကျေးရွာကို ဗုံးလာကြဲတဲ့ လေယာဉ်ဖြစ်တယ်လို့လည်း PLAက ပြောပါတယ်။
"ဒီနေ့ ၁၂နာရီ ၁၅မိနစ်မှာ PLAရဲဘော်တွေ ပစ်ချလိုက်တာတော့ မှန်ကန်တယ်။ ကျမတို့ ဒါဟာ ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့တာပါ"လို့ PLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပုလဲမြို့နယ်က ကန်ဒေါင့်ကျေးရွာရဲစခန်းကို PLA
ဦးဆောင်ပြီး ဇွန်လ ၂ရက်ကတည်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။
■ယင်းမာပင်ခရိုင် ပကဖ ထုတ်ပြန်ချက်
ဇွန် ၁၀ ရင်နေ့မှာ ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစောထီးကျေးရွာကို စခန်းသိမ်းစစ်ဆင်ရေးဆောင်ရွက်နေချိန်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဂျက်ဖိုက်တာတစ်စီးကို ယင်းမာပင်ခရိုင် ကွက်ကဲရေးအဖွဲ့ ဦးဆောင်တဲ့ PDF၊ ပကဖ အဖွဲ့တွေကပစ်ချခဲ့ရာ ပုလဲမြို့နယ် တစ်နေရာမှာ ပျက်ကျသွားခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖက ထုတ်ပြန်ထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက ဇီးဖြူကုန်းပျူရွာကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာလို့ ဆိုပါတယ်။
ဇွန် ၁၀ ရက် နံနက် ၁၀ နာရီ ၅၃မိနစ်အချိန်ခန့်က တက်ခဲ့တဲ့ Mig-29 ဂျက်ဖိုက်တာတစ်စီးဟာ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာ စခန်းသိမ်းတိုက်ပွဲကို လေကြောင်းတိုက်ခိုက်ဖို့လာချိန်မှာ ပစ်ချခဲ့တာလို့ ဆိုပါတယ်။
■ULF ထုတ်ပြန်ချက်
ပကန်ဒေါင့်စခန်းကို PLAက ဦးဆောင်ပြီးတိုက်
ခိုက်နေတာဖြစ်ပြီး ၊ဇွန် ၁၀ ရက် နံနက်အစောပိုင်းမှာပင်ULFအပါအဝင် ယင်းမာပင်ခရိုင်ကွပ်ကဲရေးက တပ်ဖွဲ့တွေကပုလဲ ဇီးဖြူကုန်းပျူစခန်းကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

👍42❤27🤣2🫡1
ဇီးဖြူကုန်းကို တိုက်ခိုက်နေတဲ့အချိန် စစ်ကောင်စီတိုက်လေယာဥ်တစ်စီးက ပေါင်ငါးရာနှစ်လုံးချသွားခဲ့ပြီး ၁၂ နာရီ ၁၇ မိနစ် မှာ မကွေးလေတပ်က တတ်လာတဲ့ နောက်ထပ် ဂျက်ဖိုက်တာတစ်စီးဟာ ဇီးဖြူကုန်းပျူစခန်းကို တိုက်ခိုက်နေတဲ့တော်လှန်ရေးအဖွဲ့တွေကို ရော့ကတ်တစ်လုံးနဲ့ပစ်ခတ်ပါတယ်။ ပစ်ခတ်ပြီးတိုက်လေယာဥ်ပြန်အကွေ့ ဂျက်ဖိုက်တာပေါ်က ရော့ကတ်တစ်လုံးဟာ ရုတ်တရက်ပေါက်ကွဲသွားပြီး ဂျက်ဖိုက်တာဟာ အောက်သို့ပျက်ကျခဲ့တာလို့ယင်းမာပင်မြို့နယ်ပကဖလက်ရုံးတပ်ဖြစ်တဲ့ULF ကလည်းထုတ်ပြန်ပါတယ် ။
■စစ်တပ်ရဲ့ထုတ်ပြန်ချက်
စစ်ကောင်စီကလည်း တပ်မတော်(လေ)က တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် စက်ချို့ယွင်းပြီး မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်ရေးလေယာဉ်တစ်စီးဟာ လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရဲ့အရှေ့ဘက် စပါးစေ့ကျေးရွာအနီးအရောက်မှာ ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပြီး မြေပြင်ပေါ် ပျက်ကျမီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီက အရင်က ရဟတ်ယာဥ်တွေ ၊တိုက်လေယာဥ်တွေကို တော်လှန်ရေးအဖွဲ့တွေက ပစ်ချနိုင်ခဲ့တာအခါမှာလည်း စက်ရှို့ယွင်းပြီးပျက်ကျတာပါလို့ ထုတ်ပြန်လေ့ရှိပါတယ် ။ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့မှာလည်း လေယာဥ်ဟာ ပျက်ကျခဲ့တာလို့ ပြောနေတာတချို့ရှိနေပါတယ် ။
ကချင်ပြည်နယ် ၊ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာလည်း မေလ ၂၁ ရက်မှာ စစ်ကူနဲ့ ခဲယမ်းရိက္ခာတွေလာပို့တဲ့ ရဟတ်ယာဥ် သုံးစီးကိုတိုက်ခိုက်တာမှာ ၁ စီးပျက်ကျတာကိုလည်း စစ်ကောင်စီက စက်ချို့ယွင်းလို့ပျက်ကျတာလို့ လိမ်လည်ထုတ်ပြန်ခဲ့တာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်တွေက စစ်ကောင်စီ ရဟတ်ယာဥ် ၊တိုက်လေယာဥ်တွေကို ပစ်ချဖျက်ဆီးနိုင်တာ အနည်းဆုံး
၁၂ စီးရှိပြီလို့ People's Spring စုဆောင်းထားတဲ့အချက်အလက်တွေအရတွေ့ရပါတယ် ။

❤53👏21🤣3
This media is not supported in your browser
VIEW IN TELEGRAM
စစ်တပ်တိုက်လေယာဥ်ရဲ့လေယာဥ်ဘီးတစ်ဘီးနဲ့အပျက်အစီးတွေနားမှာ ပျော်ရွှင်နေတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ။
ရုပ်သံ-Facebook Varel Video
ရုပ်သံ-Facebook Varel Video
👍85❤46👏15🤣2
စစ်တပ်တိုက်လေယာဥ်ရဲ့ အပျက်အစီးတွေနားမှာ PLA တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဥ်။ဓါတ်ပုံ-PLA
❤74👍28🔥1🤣1🫡1
ပြည်တွင်းသို့ လတ်တလောပြန်နိုင်သည့်အနေအထားမရှိသေး၍ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ အနားယူ
▪️သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ ပြောင်းလဲတာဝန်ယူမည်ဟု ထုတ်ပြန်
ဇွန်-၁၀၊ ၂၀၂၅။ အီယိုရီ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြည်တွင်းသို့ လတ်တလောပြန်နိုင်သည့်အနေအထားမရှိသေးချိန်တွင် လက်ရှိတာဝန်မှ အနားယူပြီး သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ ပြောင်းလဲတာဝန်ယူမည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်း၌ စုစည်းကာ လက်တွေ့ကျကျ လုံ့လထုတ်စေလိုကြောင်း ပြောကြားထားသည်။ ထိုအခြေအနေတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ် သုံးနှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်ဇော်က ထိထိရောက်ရောက် တာဝန်ယူဆောင်ရွက်ပေးနိုင်မည့် ကဏ္ဍများအတွက် နှုတ်ထွက်ခြင်းဖြစ်ကြောင်း People’s Spring သို့ ရှင်းပြသည်။
“အနားယူတာကလည်း သမ္မတကြီးရဲ့ Vision ပေါ့၊ မျှော်မှန်းဆောင်ရွက်ချက်တွေ၊ အဲဒါတွေမှာ ပိုမိုမြှင့်တင်ပေးနိုင်မယ့် အခန်းကဏ္ဍက ပါဝင်ဖို့ပေါ့နော်။ ကျွန်တော် တာဝန်ယူတဲ့ ကဏ္ဍပြောင်းတယ်။ အခုအချိန်မှာ ကျွန်တော့်အနေနဲ့ မြန််မာနိုင်ငံထဲကို အခုလောလောဆယ် ပြန်နိုင်တဲ့ အနေအထားလည်း မရှိသေးဘူး။ ဆိုတဲ့အခါကျတော့ ကျွန်တော့်အနေနဲ့ ဒီဟာ သမ္မတရုံးမှာ အဓိကကျတဲ့ တာဝန်တွေထဲက အရေးကြီးတဲ့ တာဝန်တစ်ခုဖြစ်တဲ့ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနဲ့ ပေါင်းစပ်ညှိနှိုင်းရေးတာဝန်ပေါ့။ Strategic engagement and coordination ဆိုတဲ့အပိုင်းတွေမှာ ကျွန်တော့်အနေနဲ့ ထိထိရောက်ရောက် တာဝန်ယူဆောင်ရွက်ပေးနိုင်မယ်။ အဲဒီရည်ရွယ်ချက်နဲ့ နှုတ်ထွက်တာဖြစ်ပါတယ်” ဟု ဦးကျော်ဇော်က ပြောသည်။
လက်ရှိ အနောက်နိုင်ငံတစ်ခုတွင် အခြေချနေထိုင်လျှက်ရှိသော ဦးကျော်ဇော်သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG စတင်ဖွဲ့စည်းချိန်ကတည်းက သမ္မတရုံး၌ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တစ်နှစ်ခန့်အကြာတွင် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်သည် ယနေ့မှစ၍ ပြောရေးဆိုခွင့်ရှိသူ တာဝန်မှ အနားယူလိုက်ပြီး သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ တာဝန်ယူမည်ဟု ယာယီသမ္မတဒူဝါလရှီးလက သတင်းထုတ်ပြန်သည်။
လွန်ခဲ့သည့် လေးနှစ်တာ ကာလအတွင်း ၎င်းအား သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ယုံကြည်စွာ အပ်နှင်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ အစိုးရအဖွဲ့ဝင်များနှင့် သမ္မတရုံးအတွင်းဝန်တို့အား အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် ယင်းတာဝန်ထမ်းဆောင်ခွင့်ရခဲ့သည့်အတွက် အလွန်တရာမှ ဂုဏ်ယူဝမ်းမြောက်ရကြောင်း ဦးကျော်ဇော်ကလည်း ထုတ်ပြန်သည်။
“အမျိုးသားညီညွတ်ရေးအစိုးရ နှင့် နွေဦးတော်လှန်ရေးအပေါ် ထားရှိသည့် ကတိကဝတ်များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု ဦးကျော်ဇော်က ထုတ်ပြန်သည်။
ဆက်လက်တာဝန်ယူလုပ်ဆောင်သွားမည့် အခန်းကဏ္ဍအသစ်သည် နိုင်ငံတော်ယာယီသမ္မတ၏ မျှော်မှန်း ဆောင်ရွက်ချက်များကို မြှင့်တင်ပေးကာ သမ္မတရုံး၏ အဓိကအဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက် ပါဝင်လုပ်ဆောင်သွားမည်ဟု ၎င်းက အသိပေးသည်။
“အဓိကကတော့ နွေဦးတော်လှန်ရေးအတွက် ကျွန်တော်ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာ။ ဒါကြောင့် ပြည်သူလူထု တရပ်လုံးအနေနဲ့လည်း စစ်အာဏာရှင်စနစ် ပြုတ်လုနီးနီးအချိန်အထိ အောင်ပွဲတွေ ၊ လေးနှစ်ကျော်ကာလအတွင်းမှာ အချိန်တိုတိုအတွင်းမှာ အောင်ပွဲတွေ ခံလာတာပြည်သူလူထုရဲ့ စွမ်းအားကြောင့်ဖြစ်တယ်။ တစ်ဦးချင်းတစ်ယောက်ချင်းကြောင့် မဟုတ်ဘူး။ ပြည်သူလူထုရဲ့ စွမ်းအားကြောင့်ဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုအားလုံးလိုလားနေတဲ့ ရက်စက်ကြမ်းကြုမ်းတဲ့ စစ်အာဏာရှင်စနစ်၊ ဖက်ဆစ်စနစ် ပျက်စီးဖို့အတွက်၊ အောင်ပွဲခံဖို့အတွက် ကျွန်တော်တို့တတွေ အဆုံးသတ်တိုက်ပွဲ အတူတကွ အရှိန်အဟုန်မြှင့်ပြီး ပါဝင်ကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း အတတ်နိုင်ဆုံး နွေဦးတော်လှန်ရေးမှာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ဦးကျော်ဇော်က People’s Spring သို့ ပြောသည်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၌ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ရှိနေဆဲဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးနှင့်ပတ်သက်၍ ထုတ်ပြန်ပြောကြားမှုများကို အဆိုပါရုံးက ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် NUG ၏ အပတ်စဥ် ပြုလုပ်နေကျ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပါးခြင်းအစီအစဥ်(Press Briefing)ကို ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တာဝန်ယူ ပြောကြားသွားမည်ဟု ဆိုသည်။
NUG သည် ဝန်ကြီးဌာန ၁၇ခုဖြင့် ဖွဲ့စည်းထားကာ ပြည်ထောင်စုဝန်ကြီး ၁၆ဦး ခန့်အပ်တာဝန်ပေးထားပြီး ပြည်ထောင်စုဝန်ကြီး ၁၀ဦးခန့်မှာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံအချို့၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

❤55👍29😁4🤮1
သို့သော် NUG ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ပြည်ထောင်စုဝန်ကြီးအချို့မှာ ပြည်တွင်း၌ နေထိုင်နေကြောင်း သိရသည်။
NUG အစိုးရအဖွဲ့ဝင်များ ပြည်တွင်း ပြန်လာရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားပြီးနောက် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန နှစ်ခု၏ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုးက ပြည်တွင်းသို့ ပြန်ဝင်လာပြီး တော်လှန်ရေးတာဝန်များကို ဆက်လက်တာဝန်ထမ်းဆောင်နေကြောင်း အသိပေးထားသည်။

👍69❤10🤮1
အင်းတော်မြို့မှဆေးခန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁ ဦးကွယ်လွန်
ဇွန်-၁၀၊၂၀၂၅။ဇော်ရမ်း/People's Spring
အင်းတော်မြို့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကသိမ်းပိုက်စဉ် ဒေသခံများနှင့် တော်
လှန်ရေးတပ်ဖွဲ့ဘော်များအား ကျန်းမာရေးစောင့်
ရှောက်မှုပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးသည် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်
ကွယ်လွန်ခဲ့သည်။
ဧပြီလကအင်းတော်မြို့နယ်အတွင်းရှိဆေးခန်းတစ်ခုအပေါ် စစ်ကောင်စီကလေကြောင်းတိုက်
ခိုက်စဉ်အသက် (၆၁)အရွယ် သူနာပြု ဦးအေးမောင်နှစ်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ဆေးကုသမှုခံယူခဲ့သော်လည်းမေလ ၂၂ရက်က ကွယ်လွန်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာ
ရေးဝန်ကြီးဌာနက ယနေ့(ဇွန်လ ၁၀ရက်)သတင်းထုတ်ပြန်သည်။
ဦးအေးမောင်သည်ဒေသခံတိုင်းရင်းသားပြည်သူ
များနှင့် တော်လှန်ရေးရဲဘော်များအား ဆေးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေသူဖြစ်ပြီး နွေဦးတော်လှန်ရေး၏ လမ်းခုလတ်တစ်နေရာ၌ ကျဆုံးခဲ့ရသောကြောင့် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ကျန်းမာရေးဝန်ကြီးဌာနကဖော်ပြထားသည်။
အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့်၂၀၂၄ သြဂုတ်လက
တည်းက ထိုးစစ်ဆင်ခဲ့ပြီး ၂၀၂၅ ဧပြီ ၇ ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲအ
တွင်း တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးကိုစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်။ စစ်ကောင်စီက အင်းတော်မြို့ကိုလက်လွတ်ဆုံးရှုံးရပြီးနောက် လေကြောင်းမှမကြာခဏလာရောက်တိုက်ခိုက်နေသည်။
ပြီးခဲ့သည့်မတ်လ ၂၂ရက်က ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာဆေးခန်းကို စစ်ကောင်စီကလေ
ကြောင်းမှတိုက်ခိုက်ရာ CDM ဆရာဝန် ဒေါက်တာမြစိုးအောင်နှင့် ကိုယ်ဝန်ဆောင်ဇနီး ၊အထက်တန်းသူနာပြုဖြစ်သူ ဒေါ်ခိုင်နှင်းဝေ၊ သားဖြစ်သူတို့အပါအဝင်ဒေသခံ ၁၁ ဦး သေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။
စစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပိုမိုဆိုးရွားလာ၍ ဗုံးဒဏ်ခံနိုင်သော မြေအောက်ဆေးရုံ၊ ဆေးခန်းများဖွင့်နိုင်ရန်လိုအပ်ပြီး ပြည်သူများထည့်ဝင်ကူညီကြရန် NUG ကျန်းမာရေးဝန်ကြီးဒေါက်တာ ဇော်ဝေစိုးကတိုက်တွန်းထား
သည်။

😢70❤9🤬7😡4👍1
ပုန်ကန်ရန် တပ်တွင်းသတင်းထွက်သည့် တပ်မ(၉၉)တပ်မမှူးကို စစ်ကောင်စီဖမ်းဆီး
■၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တစ်နှစ်ခွဲအတွင်း တပ်မ(၉၉)တပ်မမှုး ၅ ဦးအထိ့ပြောင်းလဲ
ဇွန်-၁၀၊၂၀၂၅။ကဖေး/People's Spring
မြောက်ပိုင်းမဟာမိတ်မိတ်သုံးဖွဲ့၏၁၀၂၇စစ်ဆင်
ရေးကာလမှစ၍ တပ်မမှူးမကြာခဏပြောင်းနေသည့် တပ်မ(၉၉)၏ လက်ရှိတပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီကဖမ်းဆီးပြီးရာထူးရုပ်သိမ်းကာ စစ်ကြောရေးဝင်နေသည်။
ဗိုလ်မှူးချုပ်တင်မောင်ကျော်သည်မေလကုန်က ဖမ်းဆီးခံရပြီးအဖမ်းမခံရမီရက်ပိုင်းအလိုက အာရက္ခတပ်တော်(AA)ထံခိုလှုံပြီးစစ်တပ်အားပုန်ကန်
မည်ဟုသတင်းများထွက်ခဲ့သည်ဟုနေပြည်တော်
စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
"ကက(ကြည်း)ကလာတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ လာစစ်နေတာ။သူ့အခြေအနေ မကောင်းပါဘူး။ သေဒဏ်ကျနိုင်တယ်။ရာထူးလည်း လက်မဲ့ဖြစ်သွားပြီး အသုံးမဝင်တော့ဘူး"ဟုအထက်ပါသ
တင်းရင်းမြစ်ကပြောသည်။
ဗိုလ်မှူးချုပ်တင်မောင်ကျော်AAထံခိုလှုံပြီးစစ်တပ်
အားပုန်ကန်မည်ဟုသတင်းအပေါ် လူထုနွေဦးကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
တပ်မ(၉၉)သည် မန္တလေးတိုင်း၊ မိတ္ထီလာမြို့၌
အခြေစိုက်ပြီး ဗိုလ်မှူးချုပ်တင်မောင်ကျော်ကို မန္တလေးနန်းတွင်း၌ စစ်ကြောရေးဝင်နေသည်ဟု သတင်းရရှိသည်။
AAတိုက်ခိုက်နေသည့် နတ်ရေကန်ဗျူဟာ နှင့် အမ်း-ပဒါန်းလမ်းတိုက်ပွဲများတွင်တပ်မ(၉၉)မှ ဒုတိယဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီသေဆုံးပြီး၈၀ထက်မနည်းပျောက်ဆုံးနေ၍ ယင်းစစ်ဆင်ရေးတွင် တာဝန်အရှိဆုံးဗိုလ်မှူးချုပ်တင်မောင်ကျော်သည်ကာလရှည်စောင့်ကြည့်ခံခဲ့ရပြီးနောက်ဖမ်းဆီးခံရခြင်းဟုစုံစမ်းသိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ၇ရက်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းကိုးမြို့သိမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည့် ဗိုလ်မှူးချုပ်အောင်ကျော်လွင်နောက်ပိုင်းဗိုလ်မှူးချုပ်တင်မောင်ကျော်သည်
ဖမ်းဆီးခံရသည့် တပ်မ(၉၉)၏ ဒုတိယမြောက်တပ်မမှူးဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး၌ဗိုလ်မှူးချုပ်အောင်ကျော်လွင်သေဆုံးပြီးနောက်ပိုင်း ယခု တြံဂံဒေသတိုင်းစစ်
ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်က တပ်မ(၉၉) တပ်မမှူးတာဝန် ယာယီယူခဲ့သည်။ ထို့နောက် ၂၀၂၄ နှစ်လယ်ပိုင်းတွင် တပ်မ(၇၇) ဒုတပ်မမှုး ဗိုလ်မှူးကြီးမိုးမြင့်ထွန်းကတပ်မ(၉၉)တပ်မမှူးဖြစ်လာပြန်သည်။ ကျားဖြန့်လုပ်ငန်းများတွင်ပါဝင်ပတ်သက်ခဲ့သည်ဟုဆိုကာ တရုတ်၏သတင်းပေးမှုဖြင့် ယင်းနှစ်ကုန်ပိုင်းတွင်ပင်ဗိုလ်မှူးကြီးမိုးမြင့်ထွန်းအား စစ်ကောင်ဆီကဖမ်းဆီးခဲ့ပြန်သည်။
ထို့နောက် စစ်ဗျူဟာအဖွဲ့(အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်ရာထူးတိုးကာ တပ်မ(၉၉)တပ်မမှူးရာထူးကို ဗိုလ်မှူးချုပ်တင်မောင်ကျော်က ၂၀၂၅ ခုနှစ်ဆန်းပိုင်းတွင်မှရခဲ့သည်။
ဗိုလ်မှူးချုပ်တင်မောင်ကျော်တပ်မ(၉၉)တပ်မမှူးဖြစ်လာချိန်တွင် တပ်မ(၉၉)သည် ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းဆက်စပ်နေရာများတွင် စစ်ဆင်ရေးတာဝန်ယူခဲ့ရသည်။ တစ်ချိန်တည်းတွင် AAက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အမ်းမြို့ကိုသိမ်းယူပြီးနောက် အမ်း-ပဒါန်းလမ်းနှင့် မကွေး
တိုင်းမှ မင်းဘူး၊ငဖဲမြို့နယ်များ၊ ပဲခူးတိုင်းမှ ရခိုင်ရိုးမနဲ့ဆက်စပ်ဧရိယာများကို စစ်ရေးဖော်ဆောင်နေချိန်ဖြစ်သည်။
အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ရေး၊ နတ်ရကန်ဗျူဟာကို ထိန်းချုပ်ရေးအပါအဝင် AAနှင့် ပူး
ပေါင်းတပ်များ၏စစ်ဆင်ရေးများတွင်တပ်မ(၉၉)
လက်အောက်ခံတပ်ရင်းများ အထိနာခဲ့သည်။နတ်ရေကန်စခန်းကုန်းကို AA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ်လအစောပိုင်းတွင် နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်မှ အရေးပါသည့် စစ်ကောင်စီ၏ တောင်ကုန်းအချို့ကို AA က သိမ်း
ပိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း တပ်မ (၉၉)၏ ယာယီနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးတိုက်
ပွဲ၌ AAနှင့် ပူးပေါင်းတပ်များက ဖမ်းမိခဲ့သည်။
ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်က ၎င်းတို့ထံတွင်တပ်ရင်း၁ရင်း၌ တပ်ဖွဲ့ဝင်ဆယ်ဂဏန်းခန့်သာရှိကြောင်း၊ တိုက်လိုခိုက်လိုစိတ်လည်းမရှိတော့သလို ယုံကြည်မှုလည်းမရှိတော့ကြောင်း၊ AA
တပ်ဖွဲ့ဝင်များသည် ရဲစွမ်းသတ္တိနှင့်ပြည့်စုံပြီး ယုံ
ကြည်ချက်အတိုင်းတိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း AAထံ ထုတ်ဖော်ပြောကြားခဲ့သည်။
"အတွင်းစည်းက ကိစ္စတွေပါ ဖွင့်ချခံရတော့တပ်မမှူးလည်းငယ်ထိပ်မြွေပေါက်တော့တာ။အဲဒီနောကပိုင်းတိုက်ပွဲတွေမှာလည်း စခန်းတွေဆုံးရှုံးသလို ပျောက်နေတာကလည်း ၈၀ လောက်အထိရှိနေတော့ ဘယ်လိုမှရှင်းမရတော့ဘူး။ သူ(ဗိုလ်မှူးချုပ်တင်မောင်ကျော်) ပုန်ကန်မယ်ဆိုတဲ့ သတင်းကလည်းတပ်ထဲမှာထွက်လာသေးတယ်"ဟု စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။
လက်ရှိတွင် တပ်မ(၉၉) တပ်မမှုးအဖြစ်ဟားခါးအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းကို စစ်ကောင်စီကခန့်အပ်ထားသည်။
ထို့ကြောင့် မြောက်ပိုင်း မဟာမိတ်မိတ်သုံးဖွဲ့၏ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ရက်မှ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကာလမှလက်ရှိအချိန်
(၂၀၂၅ ဇွန်လ)အထိ ၁နှစ်ခွဲခန့်အတွင်းတပ်မ(၉၉)
တပ်မမှူး ၅ဦးအထိ အပြောင်းအလဲဖြစ်ခဲ့သည်။

❤63👍22🔥5😁3
၎င်းတို့ငါးဦးမှာဗိုလ်မှူးချုပ်အောင်ကျော်လွင်
(သေဆုံး)၊ ဗိုလ်ချုပ်စိုးလှိုင်( လက်ရှိတြံဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး)၊ဗိုလ်မှူးကြီးမိုးမြင့်ထွန်း
( စစ်ကောင်စီ ပြန်ဖမ်းဆီးထား)၊ ဗိုလ်မှူးချုပ်တင်မောင်ကျော်(ယခုဖမ်းဆီးခံထားရ)နှင့် ဗိုလ်မှူးကြီး စိုးဝင်းထွန်း(လက်ရှိတာဝန်ထမ်းဆောင်ဆဲ)တို့ဖြစ်သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်မေလကုန်ကလည်း ဖားကန့်တွင်KIA၊KPDF ပူးပေါင်းတပ်အား စစ်ရှုံးခဲ့သည့် တပ်မ(၃၃)၏တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို ဖမ်းဆီးခဲ့ပြီး မိသားစုဝင်များကိုပါ ထိန်းသိမ်းထားသည်။
စစ်ကောင်စီတွင် တပ်မ ၁၀ခုရှိသည်။တပ်မ(၆၆)မှလွဲ၍ ကျန်တပ်မ ၉:ခုမှ တပ်မမှူးများအနက် တိုက်ပွ၌ ၅ ဦး သေဆုံးပြီးစစ်သုံ့ပန်းအဖြစ် ၂ဦးဖမ်းဆီးခံထားရသည်။ ထပ်မံခန့်အပ်သူအပါအဝင် ၂
၃ဦးကို စစ်ကောင်စီက ဖမ်းထားသည်။
တပ်မ(၁၁)တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းသည်၂၀၂၄ ဖေဖော်ဝါရီလ (၇) ရက်နေ့က မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ် သေဆုံးခဲ့သည်။တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးသည်မောင်တောမြို့သိမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည်။တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်သည်၂၀၂၄ဇန်နဝါရီလက မြဝတီမြို့နယ်သင်္ဃန်းညီနောင်တွင် ၎င်းလိုက်ပါလာသည့်ရဟတ်ယာဉ်ကို KNUက ပစ်ချစဥ်သေဆုံးခဲ့သည်။တပ်မ(၅၅)တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မျိုးဝင်းသည် MNDAA၏ ၁၀၂၇ စစ်ဆင်ရေးဖြင့်လောက်ကိုင်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ချခဲ့၍ နိုင်ငံတော်ပုန်ကန်မှုအပါအဝင်တပ်မတော်အက်
ဥပဒေများ၊ ပုဒ်မများဖြင့် စစ်ခုံရုံးက သေဒဏ်ချမှတ်ခံရသည်။
တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်
ရေးဝန်ကြီးဌာနနှင့် ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA)ပူးပေါင်းတပ်များ၏ ပြီးခဲ့သည့်ဧပြီလက အင်းတော်မြို့သိမ်းတိုက်ပွဲတွင်အဖမ်းခံခဲ့
ရသည်။တပ်မ(၈၈)တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦးသည် ၂၀၂၄ မတ်လ၂၉ရက်က မိုးမောက်မြို့
နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲ၌ သေဆုံးခဲ့သည်။တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင်သည် ၂၀၂၃ နိုဝင်ဘာလ၇ရက်က ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့သိမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည်။
တပ်မ(၁၀၁)တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ ၂၀၂၃ဒီဇင်ဘာလက နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးခံခဲ့ရသည်။
ပဲခူးတိုင်း၊သဲကုန်းမြို့နယ်၊ အင်းမမြို့တွင် တည်ရှိသည့် တပ်မ(၆၆)သည်လည်း ဖွဲ့စည်းပုံမပြည့်တော့ဘဲ တိုက်ရည်ခိုက်ရည်မရှိတော့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။တပ်မ(၆၆)၏ တပ်မမှူးမှာဗိုလ်မှူးကြီးကျော်စိုးလင်းဖြစ်သည်။
"တပ်မမှူးဆိုတာကတပ်ထဲမှာဆရာ့ဆရာကြီးတွေ။ အခုတော့ ဘယ်ခွေးအဖေခေါ်ရမှန်းမသိတဲ့ဘဝရောက်သွားကြပြီ"ဟု လက်ရှိစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေသောစစ်တပ်အရာရှိဟောင်းတစ်ဦးကပြောသည်။

❤54👍22🔥4
နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားသုံးဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ
ဇွန်-၁၀၊ ၂၀၂၅။ ကျော်ဇော/People's Spring
မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား(ပြည်သူ့စစ်မှုထမ်းတပ်သား)သုံးဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ နတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA)ဦးဆောင်သည့် တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ယင်းစခန်းသို့ စေလွှတ်ခြင်းခံထားရသည့် စစ်ကောင်စီတပ် သားများမှာ မကြာခဏထွက်ပြေးလေ့ရှိပြီး ၎င်းတို့အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်ချိတ် ဆက်၍ အမြန်ဆုံးအလင်းဝင်ကြရန် တိုက်တွန်းမှုများလည်း ရှိနေသည်။
ယခုထွက်ပြေးလာသော စစ်ကောင်စီတပ်သား (ပြည့်သူ့စစ်မှုထမ်းတပ်သား)သုံးဦးမှာ စစ်ကောင်စီ၏ တပ်မ (၉၉)မှတဆင့် နတ်ရေကန်စခန်းသို့ ပို့ခံရသူများဖြစ်ပြီး ၎င်းတို့သုံးဦးသည် ရှေ့တန်းကင်းတာဂန်ကျစဥ် ဇွန်လ ၄ ရက်နေ့တွင် ထွက်ပြေးလာသူများဖြစ်ကြောင်း CDF-Asho က အသိပေးသည်။
၎င်းစစ်ကောင်စီတပ်သားသစ်သုံးဦးထံမှ MA အမျိုးအစား သေနတ်သုံးလက်၊ ကျည်ဘောက် ၁၀ ခု၊ လက်ပစ်ဗုံးငါးလုံး၊ လက်နက်ကြီးထိပ်ဖူးခုနစ်လုံးနှင့် ကျည်းများအပါအဝင် စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း CDF-Asho က ဖော်ပြသည်။
"ပစ်ခတ်မှု မဖြစ်လိုက်ဘူးဗျ။ အသာတကြည်ပဲ လက်နက်ချ အညံ့ခံခဲ့ပါတယ်"ဟု ဖမ်းမိထားသည့် စစ်ကောင်စီတပ်သားသုံးဦးနှင့် စပ်လျဥ်းပြီး CDF-Asho မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ပြီးခဲ့သည့်နှစ်(၂၀၂၄)တွင် ရခိုင်ပြည်နယ်အတွင်း
ရှိ စစ်ကောင်စီ၏တပ်စခန်းများအပါအဝင် မြို့သိမ်းတိုက်ပွဲများဆင်နွှဲချိန်မှစ၍ ရခိုင်နှင့် နယ် မြေချင်းထိစပ်နေသော မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်သားများ တပ်ပျက်ထွက်ပြေးမှုများ အကြိမ်ကြိမ်ဖြစ်ပေါ်လျှက်ရှိရာ ယခုနှစ် ဇွန်လ ၄ ရက်အထိ CDF-Asho မှ အရှင်ဖမ်းမိထားသည့် စစ်ကောင်စီတပ်သားဦးရေ ၂၀၀ နီးပါးရှိပြီဖြစ်ကြေင်း ယင်းတပ်ဖွဲ့စာရင်းများအရ သိရသည်။

👍59❤15👏9🤣2🥰1
အာဏာသိမ်းခေါင်းဆောင် စစ်ကိုင်းရောက်နေစဉ် တိုက်လေယာဉ်ပစ်ချခံရသတင်းကြောင့်
မူလအစီအစဥ်များဖျက်၍ ပြန်သွား
ဇွန်-၁၀၊၂၀၂၅။ယောနသံ/People's Spring
အာဏာသိမ်းခေါင်းဆောင်သည်၄နှစ်အတွင်း သုံးကြိမ်မြောက် စစ်ကိုင်းတိုင်းသို့ရောက်ရှိနေစဉ်မှာပင် ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာကို တော်လှန်ရေးတပ်များက ပစ်ချလိုက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း မူလအစီအစဉ်များ ဖျက်သိမ်းသွားကြောင်း သတင်းရရှိသည်။
ယနေ့ ဇွန်လ ၁၀ရက် နေ့လယ် ၁၂နာရီခန့်၌ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သို့ ဗုံးလာကြဲသည့် ဂျက်ဖိုက်တာကို တော်လှန်ရေးပူးပေါင်းတပ်များက ပစ်ချခဲ့သည်။ ထိုအချိန်တွင် စစ်ကောင်စီခေါင်း
ဆောင်ဗိုလ်ချုပ်မှူးကြီးအောင်လှိုင်နှင့် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှသည် စစ်ကိုင်းမြို့သို့ရောက်ရှိနေသည်။
"သူရောက်နေတုန်း ပုလဲကလေယာဉ်သတင်းကြားတာပဲ။ မူလအစီအစဉ်ကတော့ ငလျင်ဘေးသင့်သူတွေနဲ့ ထပ်တွေ့ဖို့ပဲ။ ဒါပေမယ့် မျက်စိမျက်နှာ
ပျက်ပြီးပြန်သွားတယ်"ဟု စစ်ကောင်စီခေါင်း
ဆောင် သွားရောက်လည်ပတ်ခဲ့သည့် စစ်ကိုင်းမြို့၊ ကောင်းမှုတော် ဂေါပကအဖွဲနှင့်နီးစပ်သူကပြော
သည်။
စစ်ကောင်စီခေါင်းဆောင်သည်ငလျင်ဘေးအ
ကြောင်းပြ၍ စစ်ကိုင်းမြို့သို့လာရောက်ခြင်းဖြစ်
သည်။ ဧပြီလ ၆ရက်ကတစ်ကြိမ် လာရောက်ပြီး ၂၀၂၅ ခုနှစ်အတွင်းဒုတိယကြိမ်မြောက်ရောက်ရှိလာခြင်းဖြစ်သည်။
လက်နက်ကိုင်ခုခံတော်လှန်ရေးအားအကောင်းဆုံးဖြစ်သည် စစ်ကိုင်းတိုင်းသို့ ၂၀၂၁ နောက်ပိုင်း အာဏာသိမ်းခေါင်းဆောင်က ၂၀၂၃ မတ်လတွင် တစ်ကြိမ်သွားရောက်ခဲ့ပြီး ယနေ့အထိ ၄နှစ်အတွင်း ၃ကြိမ်သာသွားရောက်နိုင်ခြင်းဖြစ်သည်။
အာဏာသိမ်းခေါင်းဆောင်စစ်ကိုင်းတိုင်းသို့နေစဉ် အညာတော်လှန်ရေးအင်အားစုများက ဂျက်ဖိုက်တာကိုပစ်ချလိုက်ခြင်းကြောင့် နမိတ်မကောင်းဟု ယူဆသွားနိုင်ကြောင်း စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။
"သူက အတိတ်နမိတ်ကို ယုံတယ်လေ။သူလန့်နေမှာသေချာတယ်။ကျမတို့စစ်ကိုင်းကိုလာတာက
တော့ နယ်မြေစိုးမိုးမှုရှိကြောင်း နိုင်ငံတကာကိုပြချင်လို့လည်းဖြစ်နိုင်တယ်။ အခုတော့ သူတော်တော်လေးစိတ်ဓာတ်ကျသွားတယ်"ဟုစစ်ကိုင်းမြို့မှလူငယ်တစ်ဦးကပြောသည်
စစ်ကိုင်းမြို့မှပြန်လာပြီး မန္တလေးမြို့သို့ရောက်ရှိစဉ်အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ရော မိန်းမဖြစ်သူပါမျက်နှာ မသာမယာဖြစ်နေသည်ကို ၎င်းတို့၏ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် ယနေ့ည ထုတ်ပြန်သည့် ရုပ်သံသတင်းများတွင်တွေ့ရှိရသည်။
စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာကို ပစ်ချခဲ့ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ ယင်းမာပင်ခရိုင် ပကဖ၊ယင်းမာပင်မြို့နယ်ပကဖလက်ရုံးတပ်ဖြစ်သော ULFတို့က အသီးသီးထုတ်ပြန်ထားသည်။စစ်ကောင်စီကမူ တပ်မတော်
(လေ)တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် စက်ချို့ယွင်းပြီး မ
တော်တဆမှုဖြစ်ပွားခဲ့ခြင်းဟုထုတ်ပြန်ထားသည်။

😁72❤24👏11👍3🥰2🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၁၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်တပ်တိုက်လေယာဥ်ကို တော်လှန်ရေးအဖွဲ့တွေပစ်ချနိုင်လို့ ပြည်သူတွေ ပျော်ရွှင်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးကိုပျက်ကျအောင် ပစ်ချနိုင်ခဲ့တဲ့ဖြစ်စဥ်မှာ ပစ်ခတ်တဲ့အဖွဲ့တွေက တစ်ဖွဲ့ထက်မကရှိနေပြီး ဘယ်သူပစ်တာပဲဖြစ်ဖြစ် တိုက်လေယာဥ်ပျက်ကျမှုဟာ အရေးကြီးဆုံးပဲဖြစ်တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကပြောပါတယ်။ ပုလဲမြို့နယ်က ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို PLAရဲ့ ရှေ့တန်းရဲဘော်တွေက ပစ်ချခဲ့တာလို့ အဲဒီတပ်က ပြောပါတယ်။ ဒါ့အပြင် ယင်းမာပင်ခရိုင် ပကဖကလည်း ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးကျေးရွာကို စခန်းသိမ်းစစ်ဆင်ရေးဆောင်ရွက်နေချိန် လေကြောင်းတိုက်ခိုက်တဲ့ ဂျက်ဖိုက်တာတစ်စီးကို ယင်းမာပင်ခရိုင် ကွက်ကဲရေးအဖွဲ့ ဦးဆောင်တဲ့ PDF၊ ပကဖ အဖွဲ့တွေကပစ်ချခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ လေယာဥ်ပေါ်ပါလေယာဥ်မောင်းဟာ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့တာကို တော်လှန်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာတွေ့ရပါတယ်။ တိုက်လေယာဥ်ပျက်ကျမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီကလည်း နာရီပိုင်းအတွင်း သတင်းထုတ်ပြန်ခဲ့ရာ ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပေါ်ကာ မြေပြင်ပေါ်ကို ပျက်ကျ မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။
◾️အာဏာသိမ်းခေါင်းဆောင် စစ်ကိုင်းရောက်နေစဉ် တိုက်လေယာဉ်ပစ်ချခံရသတင်းကြောင့် မူလအစီအစဥ်များဖျက်၍ ပြန်သွား
အာဏာသိမ်းခေါင်းဆောင်ဟာ ၄နှစ်အတွင်း သုံးကြိမ်မြောက် စစ်ကိုင်းတိုင်းသို့ ရောက်ရှိနေစဉ် ပုလဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာကို တော်လှန်ရေးတပ်များက ပစ်ချလိုက်ပြီးနောက် ခရီးစဉ်အတွင်း မူလအစီအစဉ်တွေ ဖျက်သိမ်းသွားတယ်လို့ သိရပါတယ်။ ပုလဲမြို့နယ်ကို ဗုံးလာကြဲတဲ့ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ပစ်ချခံရချိန်မှာ စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးအောင်လှိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှဟာ စစ်ကိုင်းမြို့ကို ရောက်ရှိနေပါတယ်။ မူလအစီအစဉ်ကတော့ ငလျင်ဘေးသင့်သူတွေနဲ့ ထပ်တွေ့ဖို့ စီစဥ်ထားပေမယ့် မျက်စိမျက်နှာပျက်ပြီးပြန်သွားတယ်လို့ စစ်ကောင်စီခေါင်း
ဆောင် သွားရောက်လည်ပတ်ခဲ့တဲ့ စစ်ကိုင်းမြို့ ကောင်းမှုတော် ဂေါပကအဖွဲနဲ့ နီးစပ်သူက ပြောပါတယ်။
◾️ပုန်ကန်ဖို့ တပ်တွင်းသတင်းထွက်တဲ့ တပ်မ(၉၉)တပ်မမှူးကို စစ်ကောင်စီဖမ်းဆီး
မြောက်ပိုင်းမဟာမိတ်မိတ်သုံးဖွဲ့ရဲ့ ၁၀၂၇စစ်ဆင်ရေးကာလမှစ၍ တပ်မမှူးမကြာခဏပြောင်းနေတဲ့ တပ်မ(၉၉)ရဲ့ လက်ရှိတပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက ဖမ်းဆီးပြီးရာထူးရုပ်သိမ်းကာ စစ်ကြောရေးဝင်နေပါတယ်။ ဗိုလ်မှူးချုပ်တင်မောင်ကျော်ဟာ မေလကုန်က ဖမ်းဆီးခံရပြီး အဖမ်းမခံရမီရက်ပိုင်းအလိုက အာရက္ခတပ်တော်(AA)ထံ ခိုလှုံပြီး စစ်တပ်အား ပုန်ကန်မယ်လို့ သတင်းများထွက်ခဲ့တယ်လို့ နေပြည်တော် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဗိုလ်မှူးချုပ်တင်မောင်ကျော်အနေနဲ့ AAထံ ခိုလှုံပြီး စစ်တပ်ကို ပုန်ကန်မယ်လို့ သတင်းအပေါ် လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တပ်မ(၉၉)ဟာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ အခြေစိုက်ပြီး ဗိုလ်မှူးချုပ်တင်မောင်ကျော်ကို မန္တလေးနန်းတွင်းမှာ စစ်ကြောရေးဝင်နေတယ်လို့ သိရပါတယ်။
◾️မြန်မာ-ထိုင်းနယ်စပ်က ရှေ့တန်းစခန်းကို KNU ထပ်မံသိမ်းယူ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက မြန်မာ-ထိုင်းနယ်စပ်အနီးမှာ ရှိတဲ့ အမိုနယ်စပ်စခန်းကို ဒီနေ့မှာ သိမ်းယူလိုက်ပြီလို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်ဘက်က ပွိုင့် -၂၅၆၆ လို့ သတ်မှတ်ထားတဲ့ အဲဒီစခန်းဟာ KNU ရဲ့ အုပ်ချုပ်ရေး နဲ့ စစ်ရေးနယ်မြေသတ်မှတ်ပုံအရ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) စစ်ရေးလှုပ်ရှားရာနယ်မြေမှာရှိတာပါ။ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်းတစ်ခုဖြစ်တဲ့ အမိုနယ်စပ်စခန်းကို ဇွန်လ ၈ ရက်မှာ KNU တပ်မဟာ(၄)ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့တာပါ။ သုံးရက်မြောက်နေ့ မှာတော့ စခန်းသိမ်းနိုင်တာလို့သိရပါတယ်။ KNU က ထုတ်ပြလာတဲ့ ဓာတ်ပုံတွေမှာတော့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတာတွေ့ရပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးနဲ့ ဖမ်းမိစစ်သုံ့ပန်း ရှိ မရှိကိုတော့မဖော်ပြထားပါဘူး။
◾️ပြည်တွင်းကို လတ်တလောပြန်နိုင်တဲ့ အနေအထားမရှိသေး၍ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ အနားယူ

👍43❤17🤮2
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြည်တွင်းကို လတ်တလောပြန်နိုင်တဲ့ အနေအထားမရှိသေးချိန် လက်ရှိတာဝန်ကနေ အနားယူပြီး သမ္မတရုံးရဲ့ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍတွေမှာ ပြောင်းလဲတာဝန်ယူမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်းမှာ စုစည်းကာ လက်တွေ့ကျကျ လုံ့လထုတ်စေလိုကြောင်း ပြောကြားထားပါတယ်။ အဲဒီအခြေအနေမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ် သုံးနှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်ဇော်က ထိထိရောက်ရောက် တာဝန်ယူဆောင်ရွက်ပေးနိုင်မယ့် ကဏ္ဍများအတွက် နှုတ်ထွက်ခြင်းဖြစ်တယ်လို့ ရှင်းပြပါတယ်။
◾️နျူကလီးယားနည်းပညာရရှိဖို့ အာဏာသိမ်းခေါင်းဆောင် အရှိန်မြှင့်လုပ်ဆောင်နေမှုကို လိုအပ်သလိုတုန့်ပြန်ကြဖို့ နိုင်ငံတကာကို NUGတိုက်တွန်း
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ရေးအတွက် နျူကလီးယားနည်းပညာရရှိဖို့ အရှိန်မြှင့်လုပ်ဆောင်လာခြင်းမှာ စိုးရိမ်ဖွယ်တွေ့ရှိရလာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ အဲဒီကိစ္စဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက်တင်မကပဲ အာဆီယံဒေသအတွင်းက နိုင်ငံတွေအားလုံးမှာ ရှိကြတဲ့ အသီးသီးသော ပြည်သူတွေအားလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုမယ်လို့ အကြောင်းပြပြီး စစ်ရေးအတွက် နျူကလီးယားနည်းပညာရယူဖို့ ကြိုးပမ်းနေသလို အဲဒီ နျူကလီးယားနည်းပညာအသုံးချနိုင်ရေးမှာ စစ်အာဏာရှင်အဆက်ဆက်ရဲ့ နိုင်ငံ့အာဏာကို ထာဝရစိုးမိုးထိန်းချုပ်နိုင်ရေး အစဉ်တစိုက်ကြိုးစားခဲ့တဲ့ အိပ်မက်ဖြစ်ကြောင်းလည်းပြောပါတယ်။
◾️ဖားကန့်ရောက် စစ်ကောင်စီစစ်ကြောင်း အထိနာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို မနေ့ ဇွန်လ ၉ရက် မနက်ပိုင်းမှာ KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ မနေ့ မနက်ပိုင်း ၁၀နာရီဝန်းကျင်က ဖားကန့်မြို့နယ် လုံးခင်းတိုက်နယ် မဇွပ်ယာန်-ကထန်မှော်သွားလမ်းနဲ့ ကုဋေမှော်အနီးမှာ KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက အောင်သာယာကွက်သစ်ဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️နောင်ချိုတမြို့လုံး စစ်ရှောင်၊ ကံကြီးရွာဘက်မှာ ဒီမနက် ငြိမ်သက်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက်က ကံကြီးကျေးရွာအနီးဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နောင်ချိုမြို့တမြို့လုံး ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ဒီကနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေငြိမ်သက်နေတယ်လို့ အဲဒီမြို့ခံအချို့က ပြောပါတယ်။ နောင်ချိုမြို့ခံတွေဟာ နီးစပ်ရာမြို့တွေဖြစ်တဲ့ ပြင်ဦးလွင်၊ကျောက်မဲမြို့တွေမှာ တိမ်းရှောင်နေကြပြီး အချို့ကတော့ နီးစပ်ရာနေရာတွေမှာ တိမ်းရှောင်နေကြတာပါ။ မနေ့ ညပိုင်းအထိ လက်နက်ကြီးပစ်သံတွေကြားရပြီး ဒီမနက်မှာတော့ ကံကြီးရွာဘက်မှာ တိုက်ပွဲငြိမ်သက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ရဲဘော်တွေလည်း စစ်ကူရောက်လာတယ်လို့ နောင်ချိုဒေသခံက ပြောပါတယ်။
◾️နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားသုံးဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိ
မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား(ပြည်သူ့စစ်မှုထမ်းတပ်သား)သုံးဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီနတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA)ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ အဲဒီစခန်းကို စေလွှတ်ခြင်းခံထားရတဲ့ စစ်ကောင်စီတပ်သားများမှာ မကြာခဏထွက်ပြေးလေ့ရှိပြီး သူတို့အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်၍ အမြန်ဆုံးအလင်းဝင်ကြရန် တိုက်တွန်းမှုများလည်း ရှိနေပါတယ်။ အခုထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (ပြည့်သူ့စစ်မှုထမ်းတပ်သား)သုံးဦးမှာ စစ်ကောင်စီရဲ့ တပ်မ (၉၉)မှတဆင့် နတ်ရေကန်စခန်းသို့ ပို့ခံရသူများဖြစ်ပြီး ၎င်းတို့သုံးဦးဟာ ရှေ့တန်းကင်းတာဂန်ကျစဥ် ဇွန်လ ၄ ရက်မှာ ထွက်ပြေးလာသူများဖြစ်ကြောင်း CDF-Asho က အသိပေးပါတယ်။
◾️အင်းတော်မြို့မှဆေးခန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁ဦးကွယ်လွန်

❤36👍19🥰2🔥1🤮1