People's Spring
61.8K subscribers
68.1K photos
1.18K videos
7 files
2.95K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ကောင်စီတပ်ရဲ့ပွိုင့်-၂၅၆၆တပ်စခန်းသိမ်းပိုက်အပြီးတွေ့ရသော တော်လှန်ရေးရဲဘော်တွေ။ ဓာတ်ပုံ − FFD ၊Tenasserim Campaign
122👏29👍13🥰3🔥2🫡2
နျူကလီးယားနည်းပညာရရှိဖို့ အာဏာသိမ်း​ခေါင်း​ဆောင် အရှိန်မြှင့်လုပ်ဆောင်​နေမှုကို လိုအပ်သလိုတုန့်ပြန်ကြရန် နိုင်ငံတကာကို NUGတိုက်တွန်း

ဇွန် - ၁၀၊ ၂၀၂၅။ ထင်လင်း/People's Spring

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရေးအတွက် နျူးကလီးယားနည်းပညာရရှိရန် အ
ရှိန်မြှင့်လုပ်ဆောင်လာခြင်းသည် စိုးရိမ်ဖွယ်တွေ့ရှိရလာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

"ဒီကိစ္စဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအ
တွက်တင်မကပဲ အာဆီယံဒေသအတွင်းက နိုင်ငံတွေအားလုံးမှာ ရှိကြတဲ့ အသီးသီးသော ပြည်သူတွေအားလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံ
ရေးကို ထိခိုက်စေနိုင်တဲ့ ကိစ္စဖြစ်ပါတယ်" ဟု NUG အစိုးရ၏ နှစ်ပတ်တစ်ကြိမ်တင်ဆက်နေ
ကျ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်း စကားပြောကြားခြင်း အစီအစဥ်၌ ဦးနေဘုန်းလတ်က ထည့်သွင်း​ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ငြိမ်းချမ်းသည့် ရည်ရွယ်ချက်ဖြင့် အသုံးပြုမည်ဟု အကြောင်းပြပြီး စစ်ရေးအတွက် နျူကလီး ယားနည်းပညာရယူရန်ကြိုးပမ်းနေသလို ထိုသို့ နျူက
လီးယားနည်းပညာအသုံးချနိုင်ရေးမှာ စစ်အာဏာ
ရှင်အဆက်ဆက်၏ နိုင်ငံ့အာဏာကို ထာဝရစိုးမိုးထိမ်းချုပ်နိုင်ရေး အစဉ်တစိုက်ကြိုးစားခဲ့သည့် အိပ်မက်ဖြစ်ကြောင်းလည်း​ပြောသည်။

"လက်ရှိအချိန်မှာတိုင်းပြည်ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို စိတ်တိုင်းကျအ
သုံးပြုပြီး မြန်မာပြည်သူလူထုကို နေ့စဉ်ရက်စက် တိုက်ခိုက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ခေါင်း
ဆောင် မင်းအောင်လှိုင်ရဲ့ လက်ထဲကို နြူကလီးယားစွမ်းအင်သုံးလက်နက်တစုံတရာရောက်ရှိသွားမယ်ဆိုရင် ဒါဟာ ဒေသတွင်း နိုင်ငံတွေအတွက်ပါ မတွေးဝံ့စရာ အခြေအနေတခုဖြစ်သွားမှာဖြစ်ပါတယ်"ဟု ဦးနေဘုန်းလတ်က ပြောသည်။

ထို့ကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နျူကလီး
ယားစွမ်းအင်ရရှိရေး အစီအစဉ်များ ဆောင်ရွက်နေမှုကို အထူးအလေးအနက်ထား စဉ်းစားပြီး လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများလုပ်ကြဖို့ ၎င်းက တိုက်တွန်းထားသည်။

မင်းအောင်လှိုင်သည် နျူနည်းပညာ​ရရှိရေးနှင့်စပ်လျဥ်းပြီး ၂၀၂၂ခုနှစ် ဇူလိုင်လမှ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ၁၅ လအတွင်း ရုရှားနိုင်ငံနှင့် နားလည်မှုစာချွန်လွှာထိုးခြင်း၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်လှစ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ၁၄ ခုအတွက် သဘောတူညီချက်များပြုလုပ်ခြင်းအပြင် ယခုနောက်ဆုံး ဓာတ်ပေါင်းဖို တည်ဆောက်ရေးအ တွက် လေ့လာဆန်းစစ်မှုများ အပြီးသတ်ပြီး လက်တွေ့တည်ဆောက်ရန် ပြင်ဆင်လာသည်ကို အချိန်တိုအတွင်း တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင်လာသည်ကိုတွေ့ရကြောင်း လည်း
NUG က ​ထောက်ပြသည်။

မြန်မာနိုင်ငံသည် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာကွန်ဗင်းရှင်းနှင့် နျူကလီး ယားပစ္စည်းများ၏ ရုပ်ပိုင်းဆိုင်ရာကာကွယ်မှု ကွန်ဗင်းရှင်းတို့ကို ၂၀၁၆ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် နျူကလီး ယားလက်နက်စမ်းသပ်မှုများ အလုံးစုံတားမြစ်ရေးစာချုပ် (CTBT)ကို ၂၀၁၇ ခုနှစ်တွင် အတည် ပြု လက်မှတ်ရေးထိုးခဲ့သလို နျူကလီးယားလက်နက်များတားမြစ်ရေးစာချုပ် (TPNW)ကိုလည်း ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု NUG က အသိပေးသည်။

သို့သော် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် (TPNW)ကို အတည်ပြုရန်နှင့် အ ပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ နောက်ဆက်တွဲ သဘောတူညီချက်စာချုပ်များကို အာဏာသက်ဝင်လာအောင် ဆောင်ရွက်မှုများကို ၂၀၂၁ ခုနှစ်တွင် စစ်တပ်က ပြည်သူ့အာဏာကို လုယူရန်ကြိုးစားခဲ့မှုကြောင့် ရပ်ဆိုင်းသွားသည်ဟု နှင့်

မြန်မာနှင့် ရုရှားနိုင်ငံကြား နျူကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် ရုရှကုမ္ပဏီ ROSATOM နှင့် ပထမဆုံး နားလည်မှုစာချွန်လွှာထိုးခဲ့သော်လည်း NLD အစိုးရလက်ထက်၌ ရပ်တန့်ခဲ့ထားသည်။

ယင်းနောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဆိုပါ နျူကလီးယားအိပ်မက်ကို ပြန်လည်အသက်သွင်းလာခြင်း ဖြစ်သည်။
👍5019🤮4🥰1😁1
နြူကလီးယားဓါတ်အား​ပေးစက်ရုံတည်​ဆောက်ရန်ဆိုကာ စစ်​ကောင်စီနှင့်ရုရှကုမ္ပဏီ ROSATOM
တို့လက်မှတ်​ရေးထိုးစဥ်။ဓါတ်ပုံ-Rosatom
👍39🖕31💩11🤬64😁2🤮2🔥1
PNA ပြည်သူ့စစ်ဒရုန်းဗုံး​ကြောင် ကယန်းပြည်သစ်ရဲ​ဘော် ၁ ဦး​သေ ၊ ၃ ဦးဒဏ်ရာရ

ဇွန်-၁၀၊၂၀၂၅။ရဲခေါင်/People's Spring

စစ်တပ်လက်​အောက်ခံPNO/PNA ပြည်သူ့စစ်
က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် ကယန်းပြည်သစ်ရဲဘော်တစ်ဦး သေဆုံးခဲ့သည်။

အသက် ၂၀ အရွယ် ရဲဘော် ဒေးဗစ် (ခ) ငြိမ်းချမ်းသည် ဇွန်လ ၉ ရက်က ဆောင်နန်းခဲရွာရှိ ကယန်းပြည်သစ်ပါတီ / ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA)၏ ဂိတ်စခန်းကို ဒရုန်းဖြင့်ဗုံးကြဲခံရပြီးကျဆုံးခဲ့ရခြင်းဖြစ်သည်။

"ဒရုန်းဗုံးကျည်စ ဦးခေါင်းထဲထိသွားတာ။ရဲဘော် သုံးယောက် ထိတာ။ကျန်တဲ့နှစ်ယောက်လည်း ဒဏ်ရာ ပြင်းထန်တယ်"ဟု ကယန်းအမျိုးသား
တစ်ဦး က PNO ပြည်သူ့စစ်၏ တိုက်ခိုက်ခဲ့မှုဖြစ်စဥ်ကို ပြောသည်။

တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်တပ်နှင့်အပစ်အခတ်ရပ်ထားသည့် ကယန်းပြည်သစ်ပါတီ / ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA)၏ တုံ့ပြန်ချက်တစ်စုံတစ်ရာ မရှိသေးပေ။

စစ်တပ်လက်​အောက်ခံPNO/PNA ပြည်သူ့စစ်
က အဆိုပါတိုက် ခိုက်မှုကို "ညောင်ရွှေမြို့နယ်၊ စံကားကျေး ရွာအုပ်စုရှိ ပြည်သူများကို ဒုက္ခပေးနေသောသောင်းကျန်းသူအဖွဲ့ကိုနှိမ်နင်းခဲ့ကြောင်း"
ဟုရုပ်သံမှတ်တမ်းဖြင့် လူမှုကွန်ယက်တွင် ဝါဒဖြန့်ထားသည်။

"အခုထိတော့ကယန်းပြည်သစ်ဘက်က တုံ့ပြန်ချက် ကို မတွေ့ရ သေးဘူး။PNO ရဲ့ ကနဦးထုတ်ပြန်စာအရ သောင်း ကျန်းသူအဖွဲ့ဆိုပြီး ခေါင်းစဥ်တပ်လာပုံကတော့ ကယန်းပြည်သစ် ဂိတ်မှန်းသိတယ်။သိလည်း လုပ်တယ် ဆိုတာမျိုး။ဒီသဘောအရ ဆို စကစ က ညောင်ရွှေအောက်ပိုင်းနဲ့ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကိုPNOကိုစိတ်ကြိုက်လုပ်ခွင့်ပေးလိုက်တဲ့ သဘောမျိုးလို့မြင်တယ်"ဟု ရှမ်းတောင်အခြေပြုစစ် ရေးသတင်းရင်းမြစ်က ၎င်း
၏ ထင်မြင်ချက်ကို ရှင်းပြသည်။

ရဲဘော်သေဆုံးခဲ့ရသည့်ယခုဖြစ်စဥ်အပါအဝင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ
နှင့် PNO ပြည်သူ့စစ်တို့သည် ကယန်းပြည်သစ်
နှင့်ဆက် စပ်၍ ဂိတ်စခန်းများနှင့် ကယန်းအ
မျိုးသားတို့၏ အထိမ်း အမှတ်ကျေးရွာတို့ကို လေကြောင်းမှတိုက်ခိုက် ထားသည်။

လက်ရှိတွင်ဖယ်ခုံအင်းအရှေ့ခြမ်းရှိဆောင်နန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွတ်အစရှိသည့် ကျေး
ရွာများမှပြည်သူ ရာနှင့်ချီစစ်ရှောင်နေရပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်။ထိုစစ်ကြောင်း
၏လက်နက်ကြီးပစ်ခတ်မှုကြောင့်နန်းပေါ်လုံမှကျောင်းသားတစ်ဦးဇွန်လ၆ရက်ကသေဆုံးခဲ့သည်။
🤬4210👍10👎4👏1😢1😡1
PNO/PNA ပြည်သူ့စစ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၍ ​သေဆုံးခဲ့​သောကယန်းပြည်သစ်မှရဲ​​ဘော် ဒေးဗစ် (ခ) ငြိမ်းချမ်း။ဓါတ်ပုံ-PKPF
😭4021🫡10👍6👏4🔥2👎1
စစ်တပ်တိုက်​လေယာဥ်ကို ​တော်လှန်​ရေးအဖွဲ့​တွေပစ်ချနိုင်လို့ ပြည်သူ​တွေ​​​ပျော်ရွှင်

■ "ပျက်ဘဲကျကျ ပစ်ဘဲချချ လေယာဉ်တစီး
ဆုံးရူံးတာကျေနပ်စရာဘဲ" ပြည်သူတဦး

ဇွန်၁၀၊၂၀၂၅။ကိုဘီဂျီ၊က​ဖေး/People's Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးကိုပျက်ကျ​အောင် ပစ်ချနိုင်ခဲ့တဲ့ဖြစ်စဥ်မှာ ပစ်ခတ်တဲ့အဖွဲ့​တွေက တစ်ဖွဲ့ထက်မကရှိ​နေပြီ ဘယ်သူပစ်တာပဲဖြစ်ဖြစ် ရဟတ်ယာဥ်ပျက်ကျမှုဟာအ​ရေးကြီးဆုံးပဲဖြစ်တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က​ပြောပါတယ် ။

"MOD ရင်းနဲ့ ပူးပေါင်းတပ်တွေပစ်တာလည်းရှိတယ်။ PLA ပစ်တာလည်းရှိတယ်။ ဘယ်သူကပစ်တယ်ဆိုတာထက် အဓိကကတော့ ဂျက်ဖိုက်တာ ပျက်ကျဖို့ပဲ"လို့ဦး​ဇော်ထက်က​ပြောပါတယ်။

ပုလဲမြို့နယ်က ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို PLAရဲ့ ရှေ့တန်းရဲဘော်တွေက ပစ်ချခဲ့တာလို့ အဲဒီတပ်က ပြောပါတယ်။ ဒါအပြင် ယင်းမာပင်ခရိုင် ပကဖကလည်း ဇွန်း ၁၀ ရက်​နေ့မှာ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးကျေးရွာကို စခန်းသိမ်းစစ်ဆင်ရေးဆောင်ရွက်နေချိန် လေကြောင်းတိုက်ခိုက်တဲ့ ဂျက်ဖိုက်တာတစ်စီးကို ယင်းမာပင်ခရိုင် ကွက်ကဲရေးအဖွဲ့ ဦးဆောင်တဲ့ PDF၊ ပကဖ အဖွဲ့တွေကပစ်ချခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

​လေယာဥ်​ပေါ်ပါ​လေယာဥ်​မောင်းဟာအခင်းဖြစ်တဲ့​နေရာမှာပဲ​သေဆုံးခဲ့တာကို ​တော်လှန်​ရေးတပ်ဖွဲ​့​တွေထုတ်ပြန်ထားတဲ့ရုပ်သံမှတ်တမ်း​တွေမှာ​တွေ့ရပါတယ် ။ ​​လေယာဥ်​မောင်းမှာ ဦးထုပ်မှာ ဗုဒ္ဓဘာ
သာမှာ ​ဘေးအန္တရာယ်ကင်း​အောင်ဆိုပြီး​ဆောင်​လေ့ရှိတဲ့ ၂၄ ပစ္စည်းဂုဏ်​တော် ရုပ်ပုံကို ကပ်ထားတာဖြစ်ပါတယ်။ တိုက်​လေယာဥ်ဟာ မ​ကွေး​လေတပ်က တက်လာတဲ့ တရုတ်နိုင်ငံထုတ် F-7 တိုက်​လေယာဥ်ဖြစ်ဖို့များတယ်လို့ စစ်လက်
နက်ပစ္စည်း​လေ့လာသူ​တွေက​ပြောကြပါတယ်။

ပြည်သူအများစုက​တော့ ပြည်သူ​တွေကို​နေ့စဥ်ဗုံးကြဲ​နေတဲ့ စစ်တပ်တိုက်​လေယာဥ်တစ်စီးကိုဖျက်ဆီးနိုင်ခဲ့တဲ့အ​ပေါ် ဝမ်း​မြောက်​နေကြပါတယ်။

"ပျက်ဘဲကျကျ ပစ်ဘဲချချ လေယာဉ်တစီးဆုံးရူံးတာကျေနပ်စရာဘဲ" လို့ပြည်သူတစ်ဦးက​ပြောပါတယ် ။

အခြားပြည်သူတစ်ဦးကလည်း "အားရတယ်၊ကျေနပ်တယ်"လို့​မှတ်ချက်ပြုပါတယ် ။

"အပျက်အစီးပုံကြီးမြင်ရလို့စိတ်ချမ်းသာပျှော်ရွှင်ရတာဒီတစ်ခါပဲဖြစ်ဖူးသေးတယ် ရှေ့ဆက်ပျှော်စရာတွေများများတွေ့ပါရစေ"လို့ပြည်သူတစ်ဦးက​ပြောပါတယ် ။

ပြည်သူ​တွေကို ​နေ့စဥ်ဗုံးကြဲသတ်ဖြတ်​နေတဲ့အ
တွက် စစ်​ကောင်စီရဲ့ တိုက်​လေယာဥ်​တွေ ၊ရဟတ်ယာဥ်​တွေကို ​တော်လှန်​ရေးအဖွဲ့​တွေက ပစ်ချနိုင်ရင် ပြည်သူ​​တွေ​ပျော်ရွှင်​နေကြတာကို စစ်​ကောင်စီ နဲ့ စစ်တပ်က ​လေယာဥ်​မောင်း​တွေ ၊​စစ်သားမိသားစု​တွေ မြင်ပြီး သူတို့ကိုပြည်သူက ဘယ်​လောက်မုန်းတီး​နေတယ်ဆိုတာသိပြီး ၊ပြည်သူ့ဘက်ကို ​ပြောင်းလဲ ရပ်တည်ဖို့​နောင်တ ရသင့်ပြီလို့ ပြည်သူတဦးကလည်း​ပြောပါတယ် ။

■PLA ရဲ့ထုတ်ပြန်ချက်

ပုလဲမြို့နယ်က ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAရဲ့ ရှေ့တန်းရဲဘော်တွေက ပစ်ချခဲ့တာလို့ အဲဒီတပ်က ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဂျက်ဖိုက်တာလေယာဉ်ကို ပစ်ချပြီးနောက် လေ
ယာဉ်ဟာ မီးလောင်ကျွမ်းနေတဲ့အတွက် ချက်ချင်းအနားကို မကပ်နိုင်ခဲ့ဘူးလို့ ​ပြောပြပါတယ်။ ဒါ့ကြောင့် လေယာဉ်ပေါ်မှာ လိုက်ပါလာသူ တစ်ဦးရဲ့ ပျက်စီးနေတဲံ ရုပ်အလောင်းကိုသာ တွေ့ရှိထာပြီး မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးလည်း တွေ့ထားတယ်လို့ PLAက ပြောပါတယ်။

ပစ်ချခံရတဲ့ လေယာဉ်ဟာ ပုလဲမြို့နယ်က ကန်ဒေါင့်ကျေးရွာကို ဗုံးလာကြဲတဲ့ လေယာဉ်ဖြစ်တယ်လို့လည်း PLAက ပြောပါတယ်။

"ဒီနေ့ ၁၂နာရီ ၁၅မိနစ်မှာ PLAရဲဘော်တွေ ပစ်ချလိုက်တာတော့ မှန်ကန်တယ်။ ကျမတို့ ဒါဟာ ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့တာပါ"လို့ PLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပုလဲမြို့နယ်က ကန်ဒေါင့်ကျေးရွာရဲစခန်းကို PLA
ဦးဆောင်ပြီး ဇွန်လ ၂ရက်ကတည်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။

■ယင်းမာပင်ခရိုင် ပကဖ ထုတ်ပြန်ချက်

ဇွန် ၁၀ ရင်​နေ့မှာ ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစောထီးကျေးရွာကို စခန်းသိမ်းစစ်ဆင်ရေးဆောင်ရွက်နေချိန်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဂျက်ဖိုက်တာတစ်စီးကို ယင်းမာပင်ခရိုင် ကွက်ကဲရေးအဖွဲ့ ဦးဆောင်တဲ့ PDF၊ ပကဖ အဖွဲ့တွေကပစ်ချခဲ့ရာ ပုလဲမြို့နယ် တစ်နေရာမှာ ပျက်ကျသွားခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖက ထုတ်ပြန်ထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက ဇီးဖြူကုန်းပျူရွာကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာလို့ ဆိုပါတယ်။

ဇွန် ၁၀ ရက် နံနက် ၁၀ နာရီ ၅၃မိနစ်အချိန်ခန့်က တက်ခဲ့တဲ့ Mig-29 ဂျက်ဖိုက်တာတစ်စီးဟာ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာ စခန်းသိမ်းတိုက်ပွဲကို လေကြောင်းတိုက်ခိုက်ဖို့လာချိန်မှာ ပစ်ချခဲ့တာလို့ ဆိုပါတယ်။

■ULF ထုတ်ပြန်ချက်

ပကန်ဒေါင့်စခန်းကို PLAက ဦးဆောင်ပြီးတိုက်
ခိုက်နေတာဖြစ်ပြီး ၊ဇွန် ၁၀ ရက် နံနက်အစောပိုင်းမှာပင်ULFအပါအဝင် ယင်းမာပင်ခရိုင်ကွပ်ကဲ​ရေးက တပ်ဖွဲ့​တွေကပုလဲ ဇီးဖြူကုန်းပျူစခန်းကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
👍4227🤣2🫡1
ဇီးဖြူကုန်းကို တိုက်ခိုက်နေတဲ့အချိန် စစ်​ကောင်စီတိုက်လေယာဥ်တစ်စီးက ပေါင်ငါးရာနှစ်လုံးချသွားခဲ့ပြီး ၁၂ နာရီ ၁၇ မိနစ် မှာ မကွေးလေတပ်က တတ်လာတဲ့ နောက်ထပ် ဂျက်ဖိုက်တာတစ်စီးဟာ ဇီးဖြူကုန်းပျူစခန်းကို တိုက်ခိုက်နေတဲ့​တော်လှန်​ရေးအဖွဲ့​တွေကို ရော့ကတ်တစ်လုံးနဲ့ပစ်ခတ်ပါတယ်။ ပစ်ခတ်ပြီးတိုက်​လေယာဥ်ပြန်အကွေ့ ဂျက်ဖိုက်တာပေါ်က ရော့ကတ်တစ်လုံးဟာ ရုတ်တရက်ပေါက်ကွဲသွားပြီး ဂျက်ဖိုက်တာဟာ အောက်သို့ပျက်ကျခဲ့တာလို့ယင်းမာပင်မြို့နယ်ပကဖလက်ရုံးတပ်ဖြစ်တဲ့ULF ကလည်းထုတ်ပြန်ပါတယ် ။

■စစ်တပ်ရဲ့ထုတ်ပြန်ချက်

စစ်ကောင်စီကလည်း တပ်မတော်(လေ)က တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် စက်ချို့ယွင်းပြီး မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ရေးလေယာဉ်တစ်စီးဟာ လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရဲ့အရှေ့ဘက် စပါးစေ့ကျေးရွာအနီးအရောက်မှာ ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပြီး မြေပြင်ပေါ် ပျက်ကျမီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
စစ်​ကောင်စီက အရင်က ရဟတ်ယာဥ်​တွေ ၊တိုက်​လေယာဥ်​တွေကို ​တော်လှန်​ရေးအဖွဲ့​တွေက ပစ်ချနိုင်ခဲ့တာအခါမှာလည်း စက်ရှို့ယွင်းပြီးပျက်ကျတာပါလို့ ထုတ်ပြန်​​​လေ့ရှိပါတယ် ။ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့မှာလည်း ​​လေယာဥ်ဟာ ပျက်ကျခဲ့တာလို့ ​ပြော​နေတာတချို့ရှိ​နေပါတယ် ။

ကချင်ပြည်နယ် ၊ဗန်း​မော်မြို့သိမ်းတိုက်ပွဲမှာလည်း ​မေလ ၂၁ ရက်မှာ စစ်ကူနဲ့ ခဲယမ်းရိက္ခာ​တွေလာပို့တဲ့ ရဟတ်ယာဥ် သုံးစီးကိုတိုက်ခိုက်တာမှာ ၁ စီးပျက်ကျတာကိုလည်း စစ်​ကောင်စီက စက်ချို့ယွင်းလို့ပျက်ကျတာလို့ လိမ်လည်ထုတ်ပြန်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးတပ်​တွေက စစ်​ကောင်စီ ရဟတ်ယာဥ် ၊​တိုက်​လေယာဥ်​တွေကို ပစ်ချဖျက်ဆီးနိုင်တာ အနည်းဆုံး
၁၂ စီးရှိပြီလို့ People's Spring စု​ဆောင်းထားတဲ့အချက်အလက်​တွေအရ​တွေ့ရပါတယ် ။
53👏21🤣3
This media is not supported in your browser
VIEW IN TELEGRAM
စစ်တပ်တိုက်​လေယာဥ်ရဲ့​လေယာဥ်ဘီးတစ်ဘီးနဲ့အပျက်အစီး​တွေနားမှာ ​ပျော်ရွှင်​နေတဲ့​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ ။
ရုပ်သံ-Facebook Varel Video
👍8546👏15🤣2
စစ်တပ်တိုက်​လေယာဥ်ရဲ့​ အပျက်အစီး​တွေနားမှာ PLA တပ်ဖွဲ့ဝင်တချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-PLA
74👍28🔥1🤣1🫡1
ပြည်တွင်းသို့ လတ်တလောပြန်နိုင်သည့်အနေအထားမရှိသေး၍ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ အနားယူ
▪️သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ ပြောင်းလဲတာဝန်ယူမည်ဟု ထုတ်ပြန်
ဇွန်-၁၀၊ ၂၀၂၅။ အီယိုရီ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြည်တွင်းသို့ လတ်တလောပြန်နိုင်သည့်အနေအထားမရှိသေးချိန်တွင် လက်ရှိတာဝန်မှ အနားယူပြီး သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ ပြောင်းလဲတာဝန်ယူမည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်း၌ စုစည်းကာ လက်တွေ့ကျကျ လုံ့လထုတ်စေလိုကြောင်း ပြောကြားထားသည်။ ထိုအခြေအနေတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ် သုံးနှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်ဇော်က ထိထိရောက်ရောက် တာဝန်ယူဆောင်ရွက်ပေးနိုင်မည့် ကဏ္ဍများအတွက် နှုတ်ထွက်ခြင်းဖြစ်ကြောင်း People’s Spring သို့ ရှင်းပြသည်။
“အနားယူတာကလည်း သမ္မတကြီးရဲ့ Vision ပေါ့၊ မျှော်မှန်းဆောင်ရွက်ချက်တွေ၊ အဲဒါတွေမှာ ပိုမိုမြှင့်တင်ပေးနိုင်မယ့် အခန်းကဏ္ဍက ပါဝင်ဖို့ပေါ့နော်။ ကျွန်တော် တာဝန်ယူတဲ့ ကဏ္ဍပြောင်းတယ်။ အခုအချိန်မှာ ကျွန်တော့်အနေနဲ့ မြန််မာနိုင်ငံထဲကို အခုလောလောဆယ် ပြန်နိုင်တဲ့ အနေအထားလည်း မရှိသေးဘူး။ ဆိုတဲ့အခါကျတော့ ကျွန်တော့်အနေနဲ့ ဒီဟာ သမ္မတရုံးမှာ အဓိကကျတဲ့ တာဝန်တွေထဲက အရေးကြီးတဲ့ တာဝန်တစ်ခုဖြစ်တဲ့ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနဲ့ ပေါင်းစပ်ညှိနှိုင်းရေးတာဝန်ပေါ့။ Strategic engagement and coordination ဆိုတဲ့အပိုင်းတွေမှာ ကျွန်တော့်အနေနဲ့ ထိထိရောက်ရောက် တာဝန်ယူဆောင်ရွက်ပေးနိုင်မယ်။ အဲဒီရည်ရွယ်ချက်နဲ့ နှုတ်ထွက်တာဖြစ်ပါတယ်” ဟု ဦးကျော်ဇော်က ပြောသည်။
လက်ရှိ အနောက်နိုင်ငံတစ်ခုတွင် အခြေချနေထိုင်လျှက်ရှိသော ဦးကျော်ဇော်သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG စတင်ဖွဲ့စည်းချိန်ကတည်းက သမ္မတရုံး၌ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တစ်နှစ်ခန့်အကြာတွင် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်သည် ယနေ့မှစ၍ ပြောရေးဆိုခွင့်ရှိသူ တာဝန်မှ အနားယူလိုက်ပြီး သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ တာဝန်ယူမည်ဟု ယာယီသမ္မတဒူဝါလရှီးလက သတင်းထုတ်ပြန်သည်။
လွန်ခဲ့သည့် လေးနှစ်တာ ကာလအတွင်း ၎င်းအား သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ယုံကြည်စွာ အပ်နှင်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ အစိုးရအဖွဲ့ဝင်များနှင့် သမ္မတရုံးအတွင်းဝန်တို့အား အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် ယင်းတာဝန်ထမ်းဆောင်ခွင့်ရခဲ့သည့်အတွက် အလွန်တရာမှ ဂုဏ်ယူဝမ်းမြောက်ရကြောင်း ဦးကျော်ဇော်ကလည်း ထုတ်ပြန်သည်။
“အမျိုးသားညီညွတ်ရေးအစိုးရ နှင့် နွေဦးတော်လှန်ရေးအပေါ် ထားရှိသည့် ကတိကဝတ်များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု ဦးကျော်ဇော်က ထုတ်ပြန်သည်။
ဆက်လက်တာဝန်ယူလုပ်ဆောင်သွားမည့် အခန်းကဏ္ဍအသစ်သည် နိုင်ငံတော်ယာယီသမ္မတ၏ မျှော်မှန်း ဆောင်ရွက်ချက်များကို မြှင့်တင်ပေးကာ သမ္မတရုံး၏ အဓိကအဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက် ပါဝင်လုပ်ဆောင်သွားမည်ဟု ၎င်းက အသိပေးသည်။
“အဓိကကတော့ နွေဦးတော်လှန်ရေးအတွက် ကျွန်တော်ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာ။ ဒါကြောင့် ပြည်သူလူထု တရပ်လုံးအနေနဲ့လည်း စစ်အာဏာရှင်စနစ် ပြုတ်လုနီးနီးအချိန်အထိ အောင်ပွဲတွေ ၊ လေးနှစ်ကျော်ကာလအတွင်းမှာ အချိန်တိုတိုအတွင်းမှာ အောင်ပွဲတွေ ခံလာတာပြည်သူလူထုရဲ့ စွမ်းအားကြောင့်ဖြစ်တယ်။ တစ်ဦးချင်းတစ်ယောက်ချင်းကြောင့် မဟုတ်ဘူး။ ပြည်သူလူထုရဲ့ စွမ်းအားကြောင့်ဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုအားလုံးလိုလားနေတဲ့ ရက်စက်ကြမ်းကြုမ်းတဲ့ စစ်အာဏာရှင်စနစ်၊ ဖက်ဆစ်စနစ် ပျက်စီးဖို့အတွက်၊ အောင်ပွဲခံဖို့အတွက် ကျွန်တော်တို့တတွေ အဆုံးသတ်တိုက်ပွဲ အတူတကွ အရှိန်အဟုန်မြှင့်ပြီး ပါဝင်ကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း အတတ်နိုင်ဆုံး နွေဦးတော်လှန်ရေးမှာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ဦးကျော်ဇော်က People’s Spring သို့ ပြောသည်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၌ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ရှိနေဆဲဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးနှင့်ပတ်သက်၍ ထုတ်ပြန်ပြောကြားမှုများကို အဆိုပါရုံးက ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် NUG ၏ အပတ်စဥ် ပြုလုပ်နေကျ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပါးခြင်းအစီအစဥ်(Press Briefing)ကို ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တာဝန်ယူ ပြောကြားသွားမည်ဟု ဆိုသည်။
NUG သည် ဝန်ကြီးဌာန ၁၇ခုဖြင့် ဖွဲ့စည်းထားကာ ပြည်ထောင်စုဝန်ကြီး ၁၆ဦး ခန့်အပ်တာဝန်ပေးထားပြီး ပြည်ထောင်စုဝန်ကြီး ၁၀ဦးခန့်မှာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံအချို့၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
55👍29😁4🤮1
သို့သော် NUG ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ပြည်ထောင်စုဝန်ကြီးအချို့မှာ ပြည်တွင်း၌ နေထိုင်နေကြောင်း သိရသည်။
NUG အစိုးရအဖွဲ့ဝင်များ ပြည်တွင်း ပြန်လာရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားပြီးနောက် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန နှစ်ခု၏ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုးက ပြည်တွင်းသို့ ပြန်ဝင်လာပြီး တော်လှန်ရေးတာဝန်များကို ဆက်လက်တာဝန်ထမ်းဆောင်နေကြောင်း အသိပေးထားသည်။
👍6910🤮1
59👍21😢1🤮1
အင်းတော်မြို့မှဆေးခန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁ ဦးကွယ်လွန်

ဇွန်-၁၀၊၂၀၂၅။ဇော်ရမ်း/People's Spring

အင်းတော်မြို့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကသိမ်းပိုက်စဉ် ဒေသခံများနှင့် တော်
လှန်ရေးတပ်ဖွဲ့ဘော်များအား ကျန်းမာရေးစောင့်
ရှောက်မှုပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးသည် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်
ကွယ်လွန်ခဲ့သည်။

ဧပြီလကအင်းတော်မြို့နယ်အတွင်းရှိဆေးခန်းတစ်ခုအပေါ် စစ်ကောင်စီကလေကြောင်းတိုက်
ခိုက်စဉ်အသက် (၆၁)အရွယ် သူနာပြု ဦးအေးမောင်နှစ်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ဆေးကုသမှုခံယူခဲ့သော်လည်းမေလ ၂၂ရက်က ကွယ်လွန်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာ
ရေးဝန်ကြီးဌာနက ယနေ့(ဇွန်လ ၁၀ရက်)သတင်းထုတ်ပြန်သည်။

ဦးအေးမောင်သည်ဒေသခံတိုင်းရင်းသားပြည်သူ
များနှင့် တော်လှန်ရေးရဲဘော်များအား ဆေးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေသူဖြစ်ပြီး နွေဦးတော်လှန်ရေး၏ လမ်းခုလတ်တစ်နေရာ၌ ကျဆုံးခဲ့ရသောကြောင့် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက​ဖော်ပြထားသည်။

အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့်၂၀၂၄ သြဂုတ်လက
တည်းက ထိုးစစ်ဆင်ခဲ့ပြီး ၂၀၂၅ ဧပြီ ၇ ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲအ
တွင်း တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးကိုစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်။ စစ်ကောင်စီက အင်းတော်မြို့ကိုလက်လွတ်ဆုံးရှုံးရပြီး​နောက် လေကြောင်းမှမကြာခဏလာရောက်တိုက်ခိုက်နေသည်။

ပြီးခဲ့သည့်မတ်လ ၂၂ရက်က ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာဆေးခန်းကို စစ်ကောင်စီကလေ
ကြောင်းမှတိုက်ခိုက်ရာ CDM ဆရာဝန် ဒေါက်တာမြစိုးအောင်နှင့် ကိုယ်ဝန်ဆောင်ဇနီး ၊အထက်တန်းသူနာပြုဖြစ်သူ ဒေါ်ခိုင်နှင်းဝေ၊ သားဖြစ်သူတို့အပါအဝင်ဒေသခံ ၁၁ ဦး သေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

စစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပိုမိုဆိုးရွားလာ၍ ဗုံးဒဏ်ခံနိုင်သော မြေအောက်ဆေးရုံ‌၊ ဆေးခန်းများဖွင့်နိုင်ရန်လိုအပ်ပြီး ပြည်သူများထည့်ဝင်ကူညီကြရန် NUG ကျန်းမာ​ရေးဝန်ကြီး​ဒေါက်တာ ​ဇော်​ဝေစိုးကတိုက်တွန်းထား
သည်။
😢709🤬7😡4👍1