People's Spring
61.8K subscribers
68.1K photos
1.18K videos
7 files
2.95K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
■Photo News

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချခဲ့ပြီး​နောက် ​လေယာဥ်မှူး​ဆောင်းတဲ့ ဦးထုပ်နဲ့ ​လေယာဥ်အပိုင်းအစ​တွေ ။ လေယာဥ်မောင်းသူတွေလည်း သေဆုံးခဲ့တယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​စစ်​ကောင်စီကို ခုခံ​တော်လှန်​နေတဲ့ တော်လှန်​ရေးတပ်​တွေက ပစ်ချတဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ်စုစု​ပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။

ဓာတ်ပုံ - ပေးပို့
👏8237👍4🔥1🥰1😍1🤣1
■Breaking News

ပုလဲမြို့နယ်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးကို ​တော်လှန်​ရေးတပ်​တွေပစ်ချ

ဇွန်-၁၀၊ ၂၀၂၅။​​နေ့သစ်/ People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ PLA နဲ့ ​မြေပြင်ကရဲ​ဘော်တွေဆီကသိရပါတယ်။

ပုလဲမြို့တွင်ရှိနေတဲ့ ရဲဘော်တစ်ဦးက"ပွိုင့် ၅ နဲ့ ပစ်ချနိုင်ခဲ့တာ"လို့​ပြောပါတယ် ။

လေယာဥ်မောင်းသူတွေလည်း သေဆုံးတယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

"၁၂နာရီ ၁၀မိနစ် လောက်မှာ ပျက်ကျတဲ့အသံကို ကြားလိုက်တယ်။ ကျတာကတော့ စပါးစီးနဲ့ လက်ပန်းကန်ကြားထဲမှာ ကြားထဲမှာလား။ စပါးစီးရွာထဲမှာလားမသိဘူး။ အိမ်တအိမ်မီးလောင်​နတယ်"လို့
တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတ‌ယ်။

စပါးစီးရွာဟာ မင်းတိုင်ပင်ရွာရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာလို့ သိရပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က
ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်မှာ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာစစ် ကောင်စီရဲ့ ဂျက်ဖိုက်တာ တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။
အသေးစိတ်အချက်အလက်​တွေကို ဆက်လက်ဖော်ပြပေးမယ်လို့လည်း​ဖော်ပြထားပါတယ်။

အဲဒီလေယာဉ်ဟာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာဖြစ်ပြီး ဒီနေ့မနက်မှာ ကျေးနင်း၊ ဇီးဖြူကုန်း၊ အင်မထီးရွာတွေကို လှည့်လည်ပစ်ခတ်နေတဲ့ ဂျက်ဖိုက်တာလို့ သိရပါတယ်။

ပုလဲ မြို့နယ်တိုက်ပွဲမှာရှိ​နေတဲ့အခြား ရဲဘော်တစ်ဦးကလည်း "ဂျက်ဖိုက်တာတစီး ပေါင်ငါးရာနှစ်လုံးချပြီး စပါးစေ့ရွာပေါ် ပျက်ကျတာ"လို့ လူထုနွေဦးကို​ပြောပါတယ် ။

"သူတစီးထဲကို ပတ်ပစ် နေတာဗျ။ ကျွန်တော်တို့ကာကင်းတွေ ပစ်ချလိုက်လို့လား၊ ရာသီဥတုကြောင့်လားတော့ မသိဘူး။ သူပျက်ကြချိန်မှာ မိုးလည်းနည်းနည်းရွာတယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

"ဇီးဖြူကုန်းစခန်းသိမ်းတိုက်ပွဲကို ဒီမနက် ၅နာရီမှာ ချတာ။ MiG 29က လာပစ်ပြီး အင်အားဖြည့်တာကို ပစ်ချတာ။ စပါးကျီရွာဘက်ကို ကျသွားတယ်"လို့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ် ။

ပုလဲမြို့ရဲ့ အဓိကစခန်းတစ်ခုဖြစ်တဲ့ ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲကိုPLA ဦး​ဆောင်ပြီးပူး​ပေါင်းတပ်​တွေက ဇွန်လ၂ရက်၌ စတင်ပြီးတိုက်ခိုက်နေတာပါ ။ဇွန် ၁၀ ရက် နံနက်ပိုင်းမှာ​တော့ ကျန်စခန်းသိမ်းတိုက်ပွဲ​တွေကိုပါ ခရိုင် PDF တပ်ရင်း​တွေ နဲ့ ပူးပေါင်းတပ်​တွေ ကဦးဆောင် တိုက်ခိုက်နေပြီး ​တော့တိုက်​တွေအလွန်ပြင်းထန်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​စစ်​ကောင်စီကို ခုခံ​တော်လှန်​နေတဲ့ တော်လှန်​ရေးတပ်​တွေက ပစ်ချတဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ်စုစု​ပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။

ရုပ်သံ -ပေးပို့
👍8741👏9🤣3😘2🔥1🥰1
Media is too big
VIEW IN TELEGRAM
ရုပ်သံ-​ပေးပို့
83👍32👏17🥰2🔥1🤣1😘1
■Photo News

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချခဲ့ပြီး​နောက် ​တိုက်လေယာဥ်မီးစွဲ​လောင်​နေမှုနဲ့ အပျက်အစီး​တွေကိုတွေ့ရစဥ် ။ လေယာဥ်မောင်းသူတွေလည်း သေဆုံးခဲ့တယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​စစ်​ကောင်စီကို ခုခံ​တော်လှန်​နေတဲ့ တော်လှန်​ရေးတပ်​တွေက ပစ်ချတဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ်စုစု​ပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။

ဓာတ်ပုံ - PLA
👍105👏3936😍3🤣3🥰2💊2👌1
နျူကလီးယားနည်းပညာရရှိဖို့ အာဏာသိမ်း​ခေါင်း​ဆောင် အရှိန်မြှင့်လုပ်ဆောင်​နေမှုကို လိုအပ်သလိုတုန့်ပြန်ကြရန် နိုင်ငံတကာကို NUGတိုက်တွန်း

ဇွန် - ၁၀၊ ၂၀၂၅။ ထင်လင်း/People's Spring

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရေးအတွက် နျူးကလီးယားနည်းပညာရရှိရန် အ
ရှိန်မြှင့်လုပ်ဆောင်လာခြင်းသည် စိုးရိမ်ဖွယ်တွေ့ရှိရလာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

"ဒီကိစ္စဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအ
တွက်တင်မကပဲ အာဆီယံဒေသအတွင်းက နိုင်ငံတွေအားလုံးမှာ ရှိကြတဲ့ အသီးသီးသော ပြည်သူတွေအားလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံ
ရေးကို ထိခိုက်စေနိုင်တဲ့ ကိစ္စဖြစ်ပါတယ်" ဟု NUG အစိုးရ၏ နှစ်ပတ်တစ်ကြိမ်တင်ဆက်နေ
ကျ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်း စကားပြောကြားခြင်း အစီအစဥ်၌ ဦးနေဘုန်းလတ်က ထည့်သွင်း​ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ငြိမ်းချမ်းသည့် ရည်ရွယ်ချက်ဖြင့် အသုံးပြုမည်ဟု အကြောင်းပြပြီး စစ်ရေးအတွက် နျူကလီး ယားနည်းပညာရယူရန်ကြိုးပမ်းနေသလို ထိုသို့ နျူက
လီးယားနည်းပညာအသုံးချနိုင်ရေးမှာ စစ်အာဏာ
ရှင်အဆက်ဆက်၏ နိုင်ငံ့အာဏာကို ထာဝရစိုးမိုးထိမ်းချုပ်နိုင်ရေး အစဉ်တစိုက်ကြိုးစားခဲ့သည့် အိပ်မက်ဖြစ်ကြောင်းလည်း​ပြောသည်။

"လက်ရှိအချိန်မှာတိုင်းပြည်ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို စိတ်တိုင်းကျအ
သုံးပြုပြီး မြန်မာပြည်သူလူထုကို နေ့စဉ်ရက်စက် တိုက်ခိုက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ခေါင်း
ဆောင် မင်းအောင်လှိုင်ရဲ့ လက်ထဲကို နြူကလီးယားစွမ်းအင်သုံးလက်နက်တစုံတရာရောက်ရှိသွားမယ်ဆိုရင် ဒါဟာ ဒေသတွင်း နိုင်ငံတွေအတွက်ပါ မတွေးဝံ့စရာ အခြေအနေတခုဖြစ်သွားမှာဖြစ်ပါတယ်"ဟု ဦးနေဘုန်းလတ်က ပြောသည်။

ထို့ကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နျူကလီး
ယားစွမ်းအင်ရရှိရေး အစီအစဉ်များ ဆောင်ရွက်နေမှုကို အထူးအလေးအနက်ထား စဉ်းစားပြီး လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများလုပ်ကြဖို့ ၎င်းက တိုက်တွန်းထားသည်။

မင်းအောင်လှိုင်သည် နျူနည်းပညာ​ရရှိရေးနှင့်စပ်လျဥ်းပြီး ၂၀၂၂ခုနှစ် ဇူလိုင်လမှ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ၁၅ လအတွင်း ရုရှားနိုင်ငံနှင့် နားလည်မှုစာချွန်လွှာထိုးခြင်း၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်လှစ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ၁၄ ခုအတွက် သဘောတူညီချက်များပြုလုပ်ခြင်းအပြင် ယခုနောက်ဆုံး ဓာတ်ပေါင်းဖို တည်ဆောက်ရေးအ တွက် လေ့လာဆန်းစစ်မှုများ အပြီးသတ်ပြီး လက်တွေ့တည်ဆောက်ရန် ပြင်ဆင်လာသည်ကို အချိန်တိုအတွင်း တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင်လာသည်ကိုတွေ့ရကြောင်း လည်း
NUG က ​ထောက်ပြသည်။

မြန်မာနိုင်ငံသည် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာကွန်ဗင်းရှင်းနှင့် နျူကလီး ယားပစ္စည်းများ၏ ရုပ်ပိုင်းဆိုင်ရာကာကွယ်မှု ကွန်ဗင်းရှင်းတို့ကို ၂၀၁၆ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် နျူကလီး ယားလက်နက်စမ်းသပ်မှုများ အလုံးစုံတားမြစ်ရေးစာချုပ် (CTBT)ကို ၂၀၁၇ ခုနှစ်တွင် အတည် ပြု လက်မှတ်ရေးထိုးခဲ့သလို နျူကလီးယားလက်နက်များတားမြစ်ရေးစာချုပ် (TPNW)ကိုလည်း ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု NUG က အသိပေးသည်။

သို့သော် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် (TPNW)ကို အတည်ပြုရန်နှင့် အ ပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ နောက်ဆက်တွဲ သဘောတူညီချက်စာချုပ်များကို အာဏာသက်ဝင်လာအောင် ဆောင်ရွက်မှုများကို ၂၀၂၁ ခုနှစ်တွင် စစ်တပ်က ပြည်သူ့အာဏာကို လုယူရန်ကြိုးစားခဲ့မှုကြောင့် ရပ်ဆိုင်းသွားသည်ဟု နှင့်

မြန်မာနှင့် ရုရှားနိုင်ငံကြား နျူကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် ရုရှကုမ္ပဏီ ROSATOM နှင့် ပထမဆုံး နားလည်မှုစာချွန်လွှာထိုးခဲ့သော်လည်း NLD အစိုးရလက်ထက်၌ ရပ်တန့်ခဲ့ထားသည်။

ယင်းနောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဆိုပါ နျူကလီးယားအိပ်မက်ကို ပြန်လည်အသက်သွင်းလာခြင်း ဖြစ်သည်။
52👍34🤮5😡2🥰1
နြူကလီးယားဓါတ်အား​ပေးစက်ရုံတည်​ဆောက်ရန်ဆိုကာ စစ်​ကောင်စီနှင့်ရုရှကုမ္ပဏီ ROSATOM
တို့လက်မှတ်​ရေးထိုးစဥ်။ဓါတ်ပုံ-Rosatom
🖕66🤮13👍96🤬6💩4👎1
မြန်မာ-ထိုင်းနယ်စပ် စစ်တပ်ရဲ့ပွိုင့်-၂၅၆၆
စခန်းကို တော်လှန်ရေးတပ်တွေထပ်မံသိမ်းပိုက်

ဇွန် ၁၀၊ ၂၀၂၅။ကိုဘီဂျီ/People's Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့်-၂၅၆၆
တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တွေက ဒီကနေ့(ဇွန် ၁၀ရက်)မှာ သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၈ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၃ရက်အကြာ ဇွန်လ ၁၀ရက် နေ့လည်မှာ အပြီးသတ်သိမ်း
ပိုက်ရခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး
(KNU)မြိတ် − ထားတယ်ခရိုင်က ထုတ်ပြန်ပါတယ်။

ပွိုင့်-၂၅၆၆တပ်စခန်းရဲ့ အထိုင်တပ်ဟာ ခလရ
(၂၅)ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ထီးထာဗျူဟာရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ နယ်စပ်တပ်စခန်းဖြစ်ပါတယ်။ အဲဒီတပ်စခန်းကို စစ်တပ်က ၁၉၉၇ နှစ်ကုန်ပိုင်းလောက်မှာ တည်ဆောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စခန်းသိမ်းပိုက်ရာမှာ ကရင်အမျိုးသားလွတ်
မြောက်ရေးတပ်မတော်၊ တပ်မဟာ (၄)က ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) တပ်ရင်း (၇)၊ တပ်မဟာ ဒရုန်းတပ်ဖွဲ့ (Karen Drone Special Force/KDSF)၊ ထီးမိုပွာဒေသရှိ သစ်တောဌာန၊ KNPF ၊ လုံခြုံရေးတပ်ဖွဲ့၊ အမျိုးသမီးအစည်းအရုံးနဲ့ မဟာ
မိတ်တပ်များဖြစ်တဲ့ TPLF နဲ့ FFD Drone တပ်ဖွဲ့တို့ ပူးပေါင်းသိမ်းပိုက်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။
86👍21🥰5👏5😁1