People's Spring
61.8K subscribers
68.1K photos
1.18K videos
7 files
2.95K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - PLA
👍8629👏10😁3🔥1
■Photo News

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချခဲ့ပြီး​နောက် ​လေယာဥ်မှူး​ဆောင်းတဲ့ ဦးထုပ်နဲ့ ​လေယာဥ်အပိုင်းအစ​တွေ ။ လေယာဥ်မောင်းသူတွေလည်း သေဆုံးခဲ့တယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​စစ်​ကောင်စီကို ခုခံ​တော်လှန်​နေတဲ့ တော်လှန်​ရေးတပ်​တွေက ပစ်ချတဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ်စုစု​ပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။

ဓာတ်ပုံ - ပေးပို့
👏8237👍4🔥1🥰1😍1🤣1
■Breaking News

ပုလဲမြို့နယ်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးကို ​တော်လှန်​ရေးတပ်​တွေပစ်ချ

ဇွန်-၁၀၊ ၂၀၂၅။​​နေ့သစ်/ People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ PLA နဲ့ ​မြေပြင်ကရဲ​ဘော်တွေဆီကသိရပါတယ်။

ပုလဲမြို့တွင်ရှိနေတဲ့ ရဲဘော်တစ်ဦးက"ပွိုင့် ၅ နဲ့ ပစ်ချနိုင်ခဲ့တာ"လို့​ပြောပါတယ် ။

လေယာဥ်မောင်းသူတွေလည်း သေဆုံးတယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

"၁၂နာရီ ၁၀မိနစ် လောက်မှာ ပျက်ကျတဲ့အသံကို ကြားလိုက်တယ်။ ကျတာကတော့ စပါးစီးနဲ့ လက်ပန်းကန်ကြားထဲမှာ ကြားထဲမှာလား။ စပါးစီးရွာထဲမှာလားမသိဘူး။ အိမ်တအိမ်မီးလောင်​နတယ်"လို့
တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတ‌ယ်။

စပါးစီးရွာဟာ မင်းတိုင်ပင်ရွာရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာလို့ သိရပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က
ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်မှာ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာစစ် ကောင်စီရဲ့ ဂျက်ဖိုက်တာ တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။
အသေးစိတ်အချက်အလက်​တွေကို ဆက်လက်ဖော်ပြပေးမယ်လို့လည်း​ဖော်ပြထားပါတယ်။

အဲဒီလေယာဉ်ဟာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာဖြစ်ပြီး ဒီနေ့မနက်မှာ ကျေးနင်း၊ ဇီးဖြူကုန်း၊ အင်မထီးရွာတွေကို လှည့်လည်ပစ်ခတ်နေတဲ့ ဂျက်ဖိုက်တာလို့ သိရပါတယ်။

ပုလဲ မြို့နယ်တိုက်ပွဲမှာရှိ​နေတဲ့အခြား ရဲဘော်တစ်ဦးကလည်း "ဂျက်ဖိုက်တာတစီး ပေါင်ငါးရာနှစ်လုံးချပြီး စပါးစေ့ရွာပေါ် ပျက်ကျတာ"လို့ လူထုနွေဦးကို​ပြောပါတယ် ။

"သူတစီးထဲကို ပတ်ပစ် နေတာဗျ။ ကျွန်တော်တို့ကာကင်းတွေ ပစ်ချလိုက်လို့လား၊ ရာသီဥတုကြောင့်လားတော့ မသိဘူး။ သူပျက်ကြချိန်မှာ မိုးလည်းနည်းနည်းရွာတယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

"ဇီးဖြူကုန်းစခန်းသိမ်းတိုက်ပွဲကို ဒီမနက် ၅နာရီမှာ ချတာ။ MiG 29က လာပစ်ပြီး အင်အားဖြည့်တာကို ပစ်ချတာ။ စပါးကျီရွာဘက်ကို ကျသွားတယ်"လို့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ် ။

ပုလဲမြို့ရဲ့ အဓိကစခန်းတစ်ခုဖြစ်တဲ့ ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲကိုPLA ဦး​ဆောင်ပြီးပူး​ပေါင်းတပ်​တွေက ဇွန်လ၂ရက်၌ စတင်ပြီးတိုက်ခိုက်နေတာပါ ။ဇွန် ၁၀ ရက် နံနက်ပိုင်းမှာ​တော့ ကျန်စခန်းသိမ်းတိုက်ပွဲ​တွေကိုပါ ခရိုင် PDF တပ်ရင်း​တွေ နဲ့ ပူးပေါင်းတပ်​တွေ ကဦးဆောင် တိုက်ခိုက်နေပြီး ​တော့တိုက်​တွေအလွန်ပြင်းထန်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​စစ်​ကောင်စီကို ခုခံ​တော်လှန်​နေတဲ့ တော်လှန်​ရေးတပ်​တွေက ပစ်ချတဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ်စုစု​ပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။

ရုပ်သံ -ပေးပို့
👍8741👏9🤣3😘2🔥1🥰1
Media is too big
VIEW IN TELEGRAM
ရုပ်သံ-​ပေးပို့
83👍32👏17🥰2🔥1🤣1😘1
■Photo News

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချခဲ့ပြီး​နောက် ​တိုက်လေယာဥ်မီးစွဲ​လောင်​နေမှုနဲ့ အပျက်အစီး​တွေကိုတွေ့ရစဥ် ။ လေယာဥ်မောင်းသူတွေလည်း သေဆုံးခဲ့တယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​စစ်​ကောင်စီကို ခုခံ​တော်လှန်​နေတဲ့ တော်လှန်​ရေးတပ်​တွေက ပစ်ချတဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ်စုစု​ပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။

ဓာတ်ပုံ - PLA
👍105👏3936😍3🤣3🥰2💊2👌1