ပခုက္ကူ သီဟိုဠ်ရှင်ဘုရားပွဲမှာ စစ်တပ်က
လူငယ်အများအပြားကို ပိတ်ဆို့ဖမ်းဆီး
ဇွန်-၁၀၊၂၀၂၅။ဇေအောင်/People's Spring
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ကျင်းပနေတဲ့ သီဟိုဠ်ရှင်ဘုရားပွဲမှာ စစ်တပ်က ပွဲလာတဲ့လူငယ်တွေ အများအပြားကို ပိတ်ဆို့ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောပါတယ်။
ဇွန်လဆန်းမှာ ကျင်းပနေတဲ့ ပခုက္ကူမြို့က သီဟိုဠ်ရှင်ဘုရားပွဲစျေးမှာ ပြီးခဲ့တဲ့ ဇွန်လ(၈)ရက် ညနေ (၅)နာရီခန့်ကပွဲစျေးလာလူငယ်အများအပြားကို စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေက ပတ်ပတ်
လည် ပိတ်ဆို့ပြီး ဖမ်းဆီးသွားကြောင်း ပခုက္ကူမြို့ခံတွေက ပြောပါတယ်။
"ပွဲစျေးလာတဲ့ လူငယ်တွေကို ပိတ်ဖမ်းတာ။ ပြေးကြလွှားကြနဲ့ ပွဲစျေးတန်းထဲ ရုတ်ရုတ်သဲသဲတောင် ဖြစ်သွားတယ်။"လို့ ပခုက္ကူဒေသခံတဦးက ပြောပါတယ်။
ပွဲစျေးတန်းမှာ လူငယ် (၃၀) ခန့် ဖမ်းဆီးခံလိုက်ရတယ်လို့သိရပြီး အရေအတွက်အတိအကျကို လူထုနွေဦးက သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ မိသားစုဝင်တွေက လိုက်လံစုံစမ်းပေမဲ့ ဘယ်ခေါ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးသွားတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ တ
ခြားဒေသတွေကို ပို့ဆောင်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရကြောင်း မြို့ခံတွေက ပြောပါတယ်။
ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့သတ်
ဖြတ်တာတွေ ပြုလုပ်နေပြီး လေကြောင်းတိုက်
ခိုက်မှုတွေပါ ပြုလုပ်နေပါတယ်။
စစ်ကောင်စီဟာ ဇွန်လဆန်းကစပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်း အစရှိတဲ့ဒေသတွေအပါအဝင် တနိုင်ငံလုံးမှာ လိုင်စင်မဲ့ မော်တော်ယာဥ်တွေကို ဖမ်း
ဆီးရင်း လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

🤬51❤19😢6👎3👏2😡2🤮1
ဖားကန့်ရောက် စစ်ကောင်စီစစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ် အထိနာ
▪️တိုက်ပွဲဆက်ဖြစ်နေ
ဇွန်-၁၀၊ ၂၀၂၅။ ကဖေး/People's Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ယမန်နေ့ (ဇွန်လ ၉ရက်) နံနက်ပိုင်းတွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
ယမန်နေ့ နံနက် ၁၀နာရီခန့်တွင် ဖားကန့်မြို့နယ် လုံးခင်းတိုက်နယ် မဇွပ်ယာန်-ကထန်မှော်သွားလမ်းနှင့် ကုဋေမှော်အနီးတွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခြင်းဖြစ်သည်။
"ကထန်မှော်နား ထိပ်တိုက်တွေ့တဲ့တိုက်ပွဲမှာ ၁၀ဦးသေတယ်။ စနိုင်ပါနဲ့က ၂ဦး။ စိန်ပြောင်းနဲ့ပစ်တာမှာ ၃ဦး။ သူတို့ စစ်ကြောင်းရှေ့မတိုးဘဲ ပြန်ပြေးတယ်" ဟု KIA၊ KPDF တို့နှင့် နီးစပ်သူကပြောသည်။
ကုဋေမှော် ရေကန်အနီးတိုက်ပွဲတွင်မူ စစ်ကောင်စီစစ်ကြောင်းအား ဒရုန်းဖြင့်တိုက်ခိုက်ရာ ၃ဦးသေဆုံးပြီး ၄၀ မမနှင့် ပစ်ခတ်မှု၌လည်း သေဆုံးသူများရှိသည်ဟု ၎င်းကပြောသည်။
"စစ်ကြောင်းမှာက ၈၀လောက်ပါတာ။ မနေ့ကပစ်ခံရပြီး အလောင်းတွေ ပြန်ဆွဲသွားတယ်။ မှော်စီစာဘုရားကုန်းဘက် ပြန်ဆုတ်သွားပြီး ဒီနေ့မနက် ပြန်ထွက်လာပြန်ပြီ"ဟု KPDF သတင်းရင်းမြစ်က ပြောသည်။
ယနေ့ ထွက်ခွာလာသော စစ်ကောင်စီတပ် စစ်ကြောင်း၌ အင်အား ၆၀ခန့်ပါဝင်ပြီး မှော်စီစာဘုရားကုန်းမှ စျေးသစ်၊ အောင်သာယာ၊ တောင်ယာကုန်း၊ မလောင်ရွာဘက်သို့စစ်ကြောင်းထိုးနိုင်၍ ဒေသခံများသတိပြုကြရန် KPDF သတင်းရင်းမြစ်က သတိပေးသည်။
ယနေ့ နံနက် ၁၀နာရီခန့်တွင် အောင်သာယာကွက်သစ်ဘက်၌ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး လက်နက်ကြီး၊လက်နက်ငယ်သံများကြားနေရကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ နံနက်ကလည်း မော်စီစာကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ထို့ကြောင့် ယမန်နေ့တစ်နေ့တည်းတွင် ဖားကန့်ဒေသ၌ စစ်ကောင်စီဘက်မှသေဆုံးသူ ၂၀ထက်မနည်းရှိခဲ့သည်။
ဖားကန့်ဒေသတွင်းနောက်ဆုံးအခြေအနေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ကာမိုင်း - လုံးခင်း - ဖားကန့်လမ်းအတိုင်း ဧပြီ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၇ရက်တွင် လုံးခင်းယမ်းချက်စက်ရုံသို့ ရောက်ရှိလာပြီးနောက် မေလ ၂၈ရက်မှစ၍ လုံးခင်းပတ်ဝန်းကျင်တွင် စစ်ကြောင်းထိုးစဉ် တိုက်ပွဲဖြစ်ခဲ့သည်။ ၎င်းတို့အား တိုက်ခိုက်ပါက နေအိမ်များအား မီးရှို့မည်ဟုခြိမ်းခြောက်ပြီး ဖားကန့်သို့ဝင်ရောက်လာခဲ့ကြသည်။
မေလ ၂၉ရက် နေ့လယ်ပိုင်းတွင် ဖားကန့်သို့ရောက်ရှိလာကာ ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးရန်ကြိုးစားခဲ့သည်။
KIAနှင့် KPDF တပ်စွဲထားသည့်နေရာများကိုလည်း ဖယ်ရှားရန် ဖိအားပေးပြီး ကျောက်စိမ်းလုပ်ကွက်အချို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီစစ်ကြောင်းကို KIAနှင့် KPDF ပူးပေါင်းတပ်က ဇွန်လ ၅ရက်ကလည်း တိုက်ခိုက်ခဲ့သည်။
ဖားကန့်ကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီးနောက် ဒေသခံအချို့ တိမ်းရှောင်သွားကြပြီး အများစုသည် ဖားကန့်တွင်နေထိုင်ဆဲဖြစ်သည်။ စစ်ကောင်စီစစ်ကြောင်းများသည် အရပ်သားများနေထိုင်ရာနေရာများနှင့် ဘုန်းကြီးကျောင်းများ၌ တပ်စွဲထား၍ ယင်းလုပ်ရပ်ကို ဒေသခံများက ဝေဖန်နေကြသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် အရပ်သားနေထိုင်ရာနေရာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သည်။ ဇွန်လ ၁ရက်မှ ၈ရက်အတွင်း စစ်ကောင်စီတပ်က ဖားကန့်ဒေသ၌ ပြည်သူများ နေထိုင်သည့်နေရာများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့မှု ၁၁ကြိမ် ရှိခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၁ဦး သေဆုံးခဲ့ရသည်ဟု ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(KHRW)က ထုတ်ပြန်ထားသည်။
လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်ကြောင်းများအန္တရာယ်ကိုသတိပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က သတိပေးထားသည်။

❤67👏18👍11🤣2🥰1
ကရင်နဲ့ မွန်အစပ်က ပိုင်ရပ်ကျေးရွာ ဗုံးကြဲခံရပြီး ကလေးတွေအပါအဝင် ၅ ဦးသေဆုံး | People's Spring
https://youtu.be/iWjFq_CieSc
https://youtu.be/iWjFq_CieSc
YouTube
ကရင်နဲ့ မွန်အစပ်က ပိုင်ရပ်ကျေးရွာ ဗုံးကြဲခံရပြီး ကလေးတွေအပါအဝင် ၅ ဦးသေဆုံး | People's Spring
ကရင်နဲ့ မွန်အစပ်က ပိုင်ရပ်ကျေးရွာ ဗုံးကြဲခံရပြီး ကလေးတွေအပါအဝင် ၅ ဦးသေဆုံး
ဇွန်-၁၀၊ ၂၀၂၅ / People's Spring
ကရင်နဲ့ မွန်အစပ်မှာရှိတဲ့ ပိုင်ရပ်ကျေးရွာကို မနေ့ ဇွန်လ ၉ရက် နေ့ခင်းပိုင်း ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့တာကြောင့် ကလေး ၃ဦးအပါအဝင်…

😡41❤8😢6🤬4
လော့စ်အန်ဂျလိစ် ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ မရိန်းတပ်တွေကိုပါ ထရမ့် ထုတ်သုံး | People's Spring
https://youtu.be/j7XxW_VvbmA

လော့စ်အန်ဂျလိစ် ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ မရိန်းတပ်တွေကိုပါ ထရမ့် ထုတ်သုံး
ဇွန် - ၁၀ ၊၂၀၂၅ /People's Spring
ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျလိစ်မြို့က ဆူပူ ဆန္ဒပြမှုတွေကို တုံ့ပြန် ကိုင်တွယ်ဖို့အတွက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေကိုပါ ဖြန့်ကျက်အသုံးပြုဖို့…

❤27👍16👎6🔥1🤬1
■Breaking News
ပုလဲမြို့နယ်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးကို တော်လှန်ရေးတပ်တွေပစ်ချ
ဇွန်-၁၀၊ ၂၀၂၅။နေ့သစ်/ People’s Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ PLA နဲ့ မြေပြင်ကရဲဘော်တွေဆီကသိရပါတယ်။
ပုလဲမြို့တွင်ရှိနေတဲ့ ရဲဘော်တစ်ဦးက"ပွိုင့် ၅ နဲ့ ပစ်ချနိုင်ခဲ့တာ"လို့ပြောပါတယ် ။
လေယာဥ်မောင်းသူတွေလည်း သေဆုံးတယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
"၁၂နာရီ ၁၀မိနစ် လောက်မှာ ပျက်ကျတဲ့အသံကို ကြားလိုက်တယ်။ ကျတာကတော့ စပါးစီးနဲ့ လက်ပန်းကန်ကြားထဲမှာ ကြားထဲမှာလား။ စပါးစီးရွာထဲမှာလားမသိဘူး။ အိမ်တအိမ်မီးလောင်နတယ်"လို့
တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စပါးစီးရွာဟာ မင်းတိုင်ပင်ရွာရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာလို့ သိရပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က
ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်မှာ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာစစ် ကောင်စီရဲ့ ဂျက်ဖိုက်တာ တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။
အသေးစိတ်အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးမယ်လို့လည်းဖော်ပြထားပါတယ်။
အဲဒီလေယာဉ်ဟာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာဖြစ်ပြီး ဒီနေ့မနက်မှာ ကျေးနင်း၊ ဇီးဖြူကုန်း၊ အင်မထီးရွာတွေကို လှည့်လည်ပစ်ခတ်နေတဲ့ ဂျက်ဖိုက်တာလို့ သိရပါတယ်။
ပုလဲ မြို့နယ်တိုက်ပွဲမှာရှိနေတဲ့အခြား ရဲဘော်တစ်ဦးကလည်း "ဂျက်ဖိုက်တာတစီး ပေါင်ငါးရာနှစ်လုံးချပြီး စပါးစေ့ရွာပေါ် ပျက်ကျတာ"လို့ လူထုနွေဦးကိုပြောပါတယ် ။
"သူတစီးထဲကို ပတ်ပစ် နေတာဗျ။ ကျွန်တော်တို့ကာကင်းတွေ ပစ်ချလိုက်လို့လား၊ ရာသီဥတုကြောင့်လားတော့ မသိဘူး။ သူပျက်ကြချိန်မှာ မိုးလည်းနည်းနည်းရွာတယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
"ဇီးဖြူကုန်းစခန်းသိမ်းတိုက်ပွဲကို ဒီမနက် ၅နာရီမှာ ချတာ။ MiG 29က လာပစ်ပြီး အင်အားဖြည့်တာကို ပစ်ချတာ။ စပါးကျီရွာဘက်ကို ကျသွားတယ်"လို့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ် ။
ပုလဲမြို့ရဲ့ အဓိကစခန်းတစ်ခုဖြစ်တဲ့ ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲကိုPLA ဦးဆောင်ပြီးပူးပေါင်းတပ်တွေက ဇွန်လ၂ရက်၌ စတင်ပြီးတိုက်ခိုက်နေတာပါ ။ဇွန် ၁၀ ရက် နံနက်ပိုင်းမှာတော့ ကျန်စခန်းသိမ်းတိုက်ပွဲတွေကိုပါ ခရိုင် PDF တပ်ရင်းတွေ နဲ့ ပူးပေါင်းတပ်တွေ ကဦးဆောင် တိုက်ခိုက်နေပြီး တော့တိုက်တွေအလွန်ပြင်းထန်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးတပ်တွေက ပစ်ချတဲ့ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်စုစုပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။
ရုပ်သံ -ပေးပို့

👍88❤37👏10😁3🥰1
ဂျပန်ရဲ့ စီးပွားရေးဇုန် ရေပြင်ကို တရုတ်လေယာဉ်တင်သင်္ဘော ဖြတ်သန်း | People's Spring
https://youtu.be/ueZHYR3ba7E

ဂျပန်ရဲ့ စီးပွားရေးဇုန် ရေပြင်ကို တရုတ်လေယာဉ်တင်သင်္ဘော ဖြတ်သန်း
ဇွန် - ၁၀ ၊၂၀၂၅ /People's Spring
ဂျပန်က သီးသန့်စီးပွားရေးဇုန် (EEZ)အဖြစ် သတ်မှတ်ထားရာ ရေပြင်ထဲကို တရုတ်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်တစ်ခု ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့တယ်လို့…

👍35❤10🔥6👎3🤬2
■Photo News
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချခဲ့ပြီးနောက် လေယာဥ်မှူးဆောင်းတဲ့ ဦးထုပ်နဲ့ လေယာဥ်အပိုင်းအစတွေ ။ လေယာဥ်မောင်းသူတွေလည်း သေဆုံးခဲ့တယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးတပ်တွေက ပစ်ချတဲ့ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်စုစုပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။
ဓာတ်ပုံ - ပေးပို့

👏82❤37👍4🔥1🥰1😍1🤣1
နောင်ချိုမြို့နယ်မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေပြင်းထန် | People's Spring
https://youtu.be/NCKm6uJ2yOU

နောင်ချိုမြို့နယ်မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေပြင်းထန်
ဇွန်-၁၀၊ ၂၀၂၅ / People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကန်ကြီးကျေးရွာကနေ ဆုတ်ခွာလိုက်ရတဲ့ စစ်ကောင်စီတပ်နဲ့ ကံကြီးရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့…

👍53❤12🎄3🔥2🥰1
■Breaking News
ပုလဲမြို့နယ်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးကို တော်လှန်ရေးတပ်တွေပစ်ချ
ဇွန်-၁၀၊ ၂၀၂၅။နေ့သစ်/ People’s Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ PLA နဲ့ မြေပြင်ကရဲဘော်တွေဆီကသိရပါတယ်။
ပုလဲမြို့တွင်ရှိနေတဲ့ ရဲဘော်တစ်ဦးက"ပွိုင့် ၅ နဲ့ ပစ်ချနိုင်ခဲ့တာ"လို့ပြောပါတယ် ။
လေယာဥ်မောင်းသူတွေလည်း သေဆုံးတယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
"၁၂နာရီ ၁၀မိနစ် လောက်မှာ ပျက်ကျတဲ့အသံကို ကြားလိုက်တယ်။ ကျတာကတော့ စပါးစီးနဲ့ လက်ပန်းကန်ကြားထဲမှာ ကြားထဲမှာလား။ စပါးစီးရွာထဲမှာလားမသိဘူး။ အိမ်တအိမ်မီးလောင်နတယ်"လို့
တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စပါးစီးရွာဟာ မင်းတိုင်ပင်ရွာရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာလို့ သိရပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က
ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်မှာ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာစစ် ကောင်စီရဲ့ ဂျက်ဖိုက်တာ တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။
အသေးစိတ်အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးမယ်လို့လည်းဖော်ပြထားပါတယ်။
အဲဒီလေယာဉ်ဟာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာဖြစ်ပြီး ဒီနေ့မနက်မှာ ကျေးနင်း၊ ဇီးဖြူကုန်း၊ အင်မထီးရွာတွေကို လှည့်လည်ပစ်ခတ်နေတဲ့ ဂျက်ဖိုက်တာလို့ သိရပါတယ်။
ပုလဲ မြို့နယ်တိုက်ပွဲမှာရှိနေတဲ့အခြား ရဲဘော်တစ်ဦးကလည်း "ဂျက်ဖိုက်တာတစီး ပေါင်ငါးရာနှစ်လုံးချပြီး စပါးစေ့ရွာပေါ် ပျက်ကျတာ"လို့ လူထုနွေဦးကိုပြောပါတယ် ။
"သူတစီးထဲကို ပတ်ပစ် နေတာဗျ။ ကျွန်တော်တို့ကာကင်းတွေ ပစ်ချလိုက်လို့လား၊ ရာသီဥတုကြောင့်လားတော့ မသိဘူး။ သူပျက်ကြချိန်မှာ မိုးလည်းနည်းနည်းရွာတယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
"ဇီးဖြူကုန်းစခန်းသိမ်းတိုက်ပွဲကို ဒီမနက် ၅နာရီမှာ ချတာ။ MiG 29က လာပစ်ပြီး အင်အားဖြည့်တာကို ပစ်ချတာ။ စပါးကျီရွာဘက်ကို ကျသွားတယ်"လို့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ် ။
ပုလဲမြို့ရဲ့ အဓိကစခန်းတစ်ခုဖြစ်တဲ့ ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲကိုPLA ဦးဆောင်ပြီးပူးပေါင်းတပ်တွေက ဇွန်လ၂ရက်၌ စတင်ပြီးတိုက်ခိုက်နေတာပါ ။ဇွန် ၁၀ ရက် နံနက်ပိုင်းမှာတော့ ကျန်စခန်းသိမ်းတိုက်ပွဲတွေကိုပါ ခရိုင် PDF တပ်ရင်းတွေ နဲ့ ပူးပေါင်းတပ်တွေ ကဦးဆောင် တိုက်ခိုက်နေပြီး တော့တိုက်တွေအလွန်ပြင်းထန်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးတပ်တွေက ပစ်ချတဲ့ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်စုစုပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။
ရုပ်သံ -ပေးပို့
ပုလဲမြို့နယ်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးကို တော်လှန်ရေးတပ်တွေပစ်ချ
ဇွန်-၁၀၊ ၂၀၂၅။နေ့သစ်/ People’s Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ PLA နဲ့ မြေပြင်ကရဲဘော်တွေဆီကသိရပါတယ်။
ပုလဲမြို့တွင်ရှိနေတဲ့ ရဲဘော်တစ်ဦးက"ပွိုင့် ၅ နဲ့ ပစ်ချနိုင်ခဲ့တာ"လို့ပြောပါတယ် ။
လေယာဥ်မောင်းသူတွေလည်း သေဆုံးတယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
"၁၂နာရီ ၁၀မိနစ် လောက်မှာ ပျက်ကျတဲ့အသံကို ကြားလိုက်တယ်။ ကျတာကတော့ စပါးစီးနဲ့ လက်ပန်းကန်ကြားထဲမှာ ကြားထဲမှာလား။ စပါးစီးရွာထဲမှာလားမသိဘူး။ အိမ်တအိမ်မီးလောင်နတယ်"လို့
တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စပါးစီးရွာဟာ မင်းတိုင်ပင်ရွာရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာလို့ သိရပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က
ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်မှာ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာစစ် ကောင်စီရဲ့ ဂျက်ဖိုက်တာ တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။
အသေးစိတ်အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးမယ်လို့လည်းဖော်ပြထားပါတယ်။
အဲဒီလေယာဉ်ဟာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာဖြစ်ပြီး ဒီနေ့မနက်မှာ ကျေးနင်း၊ ဇီးဖြူကုန်း၊ အင်မထီးရွာတွေကို လှည့်လည်ပစ်ခတ်နေတဲ့ ဂျက်ဖိုက်တာလို့ သိရပါတယ်။
ပုလဲ မြို့နယ်တိုက်ပွဲမှာရှိနေတဲ့အခြား ရဲဘော်တစ်ဦးကလည်း "ဂျက်ဖိုက်တာတစီး ပေါင်ငါးရာနှစ်လုံးချပြီး စပါးစေ့ရွာပေါ် ပျက်ကျတာ"လို့ လူထုနွေဦးကိုပြောပါတယ် ။
"သူတစီးထဲကို ပတ်ပစ် နေတာဗျ။ ကျွန်တော်တို့ကာကင်းတွေ ပစ်ချလိုက်လို့လား၊ ရာသီဥတုကြောင့်လားတော့ မသိဘူး။ သူပျက်ကြချိန်မှာ မိုးလည်းနည်းနည်းရွာတယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
"ဇီးဖြူကုန်းစခန်းသိမ်းတိုက်ပွဲကို ဒီမနက် ၅နာရီမှာ ချတာ။ MiG 29က လာပစ်ပြီး အင်အားဖြည့်တာကို ပစ်ချတာ။ စပါးကျီရွာဘက်ကို ကျသွားတယ်"လို့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ် ။
ပုလဲမြို့ရဲ့ အဓိကစခန်းတစ်ခုဖြစ်တဲ့ ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲကိုPLA ဦးဆောင်ပြီးပူးပေါင်းတပ်တွေက ဇွန်လ၂ရက်၌ စတင်ပြီးတိုက်ခိုက်နေတာပါ ။ဇွန် ၁၀ ရက် နံနက်ပိုင်းမှာတော့ ကျန်စခန်းသိမ်းတိုက်ပွဲတွေကိုပါ ခရိုင် PDF တပ်ရင်းတွေ နဲ့ ပူးပေါင်းတပ်တွေ ကဦးဆောင် တိုက်ခိုက်နေပြီး တော့တိုက်တွေအလွန်ပြင်းထန်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးတပ်တွေက ပစ်ချတဲ့ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်စုစုပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။
ရုပ်သံ -ပေးပို့
👍87❤41👏9🤣3😘2🔥1🥰1