People's Spring
61.8K subscribers
68.1K photos
1.18K videos
7 files
2.95K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးကို ဖမ်းသင့်တယ်လို့ ထရမ့်ပြော၊ ထရမ့်ကို အာဏာရှင်လို့ အုပ်ချုပ်ရေးမှူး စွပ်စွဲ

ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင်နယူဆွမ်ကို ဖမ်းဆီးသင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့တဲ့နောက် နယူဆွမ်ကလည်း ထရမ့်ဟာ အာဏာရှင် ဖြစ်လာနေပြီလို့ တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန် အစိုးရက ရွှေ့ပြောင်းအခြေချသူတွေကို ဖြိုခွင်းတဲ့ အစအမံတွေကို အကြောင်းပြုပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျလိစ်မြို့မှာ ပေါ်ပေါက်လာတဲ့ ဆူပူဆန္ဒပြမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ပုံစံနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ ဖက်ဒရယ် အစိုးရနဲ့ နယူဆွမ်ရဲ့ ပြည်နယ် အစိုးရကြားမှာ သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန အေးဂျင့်တွေဟာ လော့စ်အန်ဂျလိစ်ရဲ့ ရပ်ကွက်နှစ်ခုမှာ ပစ်မှတ်ထား စီးနင်းမှုတွေ လုပ်ဆောင်ပြီး ရွှေ့ပြောင်းအခြေချသူ ၄၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ ကိစ္စကို ဆန့်ကျင်သူတွေက ဆန္ဒပြခဲ့ကြရင်း ရဲကားတွေကို မီးရှို့တာ၊ ဆိုင်ခန်းတွေကို လုယက်တာမျိုး ရာဇဝတ်မှုတွေပါ ရောထွေး ဖြစ်ပေါ်ပြီး အခြေအနေတွေ ရှုပ်ထွေးလာပါတယ်။

အဲဒီနောက်မှာတော့ ထရမ့်က နယူဆွမ်ရဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရဟာ တရားဥပဒေ စိုးမိုးမှုကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးလို့ ဝေဖန်ပြီး အမေရိကန် စစ်တပ်ရဲ့ အရန်အင်အားစုလို့ သတ်မှတ်နိုင်တဲ့ ပြည်နယ် အမျိုးသား အစောင့်တပ်တွေကို လော့စ်အန်ဂျလိစ်မှာ ဖြန့်ကျက်စေခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်မှာ ထရမ့်ဟာ နယူဆွမ်ကို ကျော်ပြီး တိုက်ရိုက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စကို နယူဆွမ် အပါအဝင် အမေရိကန် နိုင်ငံအနှံ့က ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ပြည်နယ် အစိုးရတွေက ရှုတ်ချခဲ့ပြီး အာဏာအလွဲသုံးစား ပြုမှုလို့ စွပ်စွဲခဲ့ပါတယ်။ နယူဆွမ်ကလည်း သူ့ရဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရဟာ ထရမ့်နဲ့ ဖက်ဒရယ် အစိုးရကို တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

ကမ့်ဒေးဗစ်မှာ အနားယူပြီး ပြန်လာတဲ့ ထရမ့်ကတော့ ဇွန်လ ၉ ရက်နေ့၊ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ နယ်စပ် အစီအမံ အကြီးအကဲ တွမ်ဟိုမန် အနေနဲ့ သူ့ရဲ့ အစီအစဉ်တွေကို အနှောင့်အယှက် ပေးနေတဲ့ နယူဆွမ်ကို ဖမ်းဆီးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူသာ ဟိုမန်ရဲ့ နေရာမှာဆိုရင် သေချာပေါက် နယူဆွမ်ကို ဖမ်းမှာဖြစ်ကြောင်း၊ ဒီလိုလုပ်တာ ကောင်းတဲ့ကိစ္စလို့ထင်ကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲ နယူဆွမ်ကလည်း လူမှုကွန်ရက် မီဒီယာ Xမှာ ထရမ့်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန် သမ္မတဟာ လက်ရှိ ပြည်နယ် အုပ်ချုပ်ရေးမှူး တစ်ဦးကို ဖမ်းဆီးသင့်တယ်လို့ တောင်းဆိုလိုက်ကြောင်း၊ အမေရိကန် သမိုင်းမှာ ဘယ်တော့မှ ဖြစ်မလာဖို့ မျှော်လင့်ခဲ့တဲ့ ကိစ္စတစ်ခုကို ကြုံလိုက်ရတာ ဖြစ်ကြောင်း၊ ဒီမိုကရက်တစ်ဖြစ်ဖြစ် ရီပတ်ဘလစ်ကန်ဖြစ်ဖြစ် အမေရိကန်မှာ ကျော်လို့မရတဲ့ စည်းတွေရှိကြောင်း၊ အခု ထရမ့်ဟာ အာဏာရှင် စနစ်ဆီ ခြေလှမ်းပြင်နေပြီ ဆိုတာကို ယုံမှားနေစရာ မလိုတော့ကြောင်း နယူဆွမ်က ရေးသားခဲ့ပါတယ်။

ဒါတွေဟာ သမ္မတ တစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘဲ အာဏာရှင် တစ်ဦးရဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့လည်း သူက စွပ်စွဲသွားပါတယ်။

အိမ်ဖြူတော်မှာ ABC သတင်းထောက်က နယူဆွမ်ကို ဘယ်လို ပြစ်ချက်မျိုးအတွက် ဖမ်းဆီးချင်တာလဲလို့ ထရမ့်ကို မေးတဲ့အခါ သမ္မတက သူ့အမြင်မှာတော့ အင်မတန် ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ အလုပ်လုပ်ရင်း ပြည်နယ် အစိုးရကို ဦးဆောင်နေတာကတင် အဓိကကျတဲ့ ရာဇဝတ်မှုကြီး မြောက်နေပြီ ဖြစ်ကြောင်း ပြန်ဖြေသွားခဲ့ပါတယ်။

ဟိုမန် ကိုယ်တိုင်ကတော့ ထရမ့်ရဲ့ တိုက်တွန်းစကားနဲ့ ပတ်သက်လို့ လက်ရှောင်ချင်တဲ့ သဘောထားမျိုးကို ပြသခဲ့ပြီး နယူဆွမ်ကိုရော၊ လော့စ်အန်ဂျလိစ် မြို့တော်ဝန် ကာရန်ဘေ့စ်ကိုပါ ဖမ်းဆီးဖို့ လောလောဆယ် ဆွေးနွေးနေတာမျိုး ဘာမှ မရှိပါဘူးလို့ ပြောကြားထားပါတယ်။ နယူဆွမ်ရော၊ ဘေ့စ်ပါ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင်တွေ ဖြစ်ကြပါတယ်။

ဒါပေမဲ့ ဟိုမန်က နယူဆွမ်ကို လုံးဝ မဖမ်းပါဘူးလို့လည်း အပြတ်မပြောခဲ့ဘဲ ဥပဒေရဲ့ အထက်မှာတော့ ဘယ်သူမှ မရှိကြောင်းပဲ သတင်းထောက်တွေကို မတင်မကျ မှတ်ချက်ပေးခဲ့ပါတယ်။ တစ်ယောက်ယောက်က စည်းကျော်ပြီး ရာဇဝတ်မှု ကျူးလွန်ရင်တော့ အဖမ်းခံရမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ လောလောဆယ်တော့ နယူဆွမ်ကို ဖမ်းဖို့ ဘာဆွေးနွေးမှုမှ ရှိမနေကြောင်း သူက ဆိုပါတယ်။ အမေရိကန်မှာ ဆန္ဒပြခွင့်ရှိကြောင်း၊ ဖွဲ့စည်းပုံ ဥပဒေပါ အခွင့်အရေးတွေကို ခံစားပိုင်ခွင့် ရှိကြောင်း၊ ဒါပေမဲ့ စည်းကျော်ရင်၊ ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးရင်တော့ ဖမ်းဆီးအရေးယူတာ ခံရမှာဖြစ်ကြောင်းလည်း သူက လော့စ်အန်ဂျလိစ် ဆန္ဒပြမှုတွေကို ရည်ညွှန်းပြီး သတိပေးသွားခဲ့ပါတယ်။

နယူဆွမ်ကတော့ ဟိုမန် အနေနဲ့ သူ့ကို တကယ်ပဲ ဖမ်းချင်တယ်ဆိုရင် သူဘယ်မှာ ရှိနေတယ် ဆိုတာကို သိထားမှာဖြစ်လို့ အချိန်မရွေး လာနိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။

ကိုးကား: ABC
🤣36👍138🥰2👏2🤮1
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/becomesupporter/LuduNwayOo/
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗫 - https://x.com/LuduNwayOo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 – https://t.me/communityfactchecking

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
🤮19👍64
😁32👍102👏2🤮2
လော့စ်အန်ဂျလိစ် ဆန္ဒပြပွဲတွေကို တုံ့ပြန်ဖို့ မရိန်းတပ်တွေကိုပါ ထရမ့် ပထမဆုံးအကြိမ် စေလွှတ်

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျလိစ်မြို့က ဆူပူ ဆန္ဒပြမှုတွေကို တုံ့ပြန် ကိုင်တွယ်ဖို့အတွက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေကိုပါ ဖြန့်ကျက်အသုံးပြုဖို့ သမ္မ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လော့စ်အန်ဂျလိစ်မှာ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် အေးဂျင့်တွေက တရားမဝင် ရွှေ့ပြောင်း အခြေချ နိုင်ငံခြားသားတွေကို ဝင်ရောက် ဖမ်းဆီးခဲ့တာကို ဆန္ဒပြကြရာက နောက်ဆက်တွဲ အဓိကရုဏ်း အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။

ထရမ့်က ချက်ချင်းဆိုသလို အမေရိကန် စစ်တပ်ရဲ့ အရန်တပ်ဖြစ်တဲ့ အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၂၀၀၀ လောက်ကို လော့စ်အန်ဂျလိစ်ဆီ စေလွှတ်ပြီး ဖက်ဒရယ် အစိုးရရဲ့ အဆောက်အအုံတွေကို ကာကွယ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဇွန်လ ၉ ရက်နေ့မှာတော့ ထရမ့်က နောက်ထပ် အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၂၀၀၀ နဲ့ အမေရိကန်ရဲ့ မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ကိုပါ လော့စ်အန်ဂျလိစ်ကို သွားရောက်ကြဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ထရမ့်ဟာ တရားဥပဒေ ပြန်လည်စိုးမိုးရေးဆိုတဲ့ အကြောင်းပြချက်အောက်မှာ အမေရိကန်ရဲ့ တင်းပြည့်ကျပ်ပြည့် စစ်တပ်တွေကိုပါ လူနေဧရိယာတွေထဲ ဖြန့်ကျက်ဖို့ ပြင်ဆင်လာတဲ့ အဓိပ္ပါယ်ပါပဲ။

ထရမ့်ဟာ လော့စ်အန်ဂျလိစ်မှာ တပ်တွေဖြန့်ကျက်တဲ့ အမိန့်ကို ကယ်လီဖိုးနီးယားပြည်နယ် အစိုးရနဲ့ မညှိနှိုင်းဘဲ တိုက်ရိုက် ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အဲဒီအတွက် သူနဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်ကြားမှာ တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။

နယူဆွမ်က ထရမ့်ရဲ့ လုပ်ရပ်အတွက် ဖက်ဒရယ် အစိုးရကို တရားစွဲမယ်လို့ ပြောထားပြီး ထရမ့်ကတော့ ရွှေ့ပြောင်း အခြေချမှုတွေကို ဖြိုခွင်းတဲ့ကိစ္စမှာ အနှောင့်အယှက် ပေးနေတဲ့ နယူဆွမ်ဟာ အဖမ်းခံရသင့်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။

လော့စ်အန်ဂျလိစ်မှာတော့ ရွှေ့ပြောင်း အခြေချသူတွေရဲ့ အခွင့်အရေးအတွက် တောင်းဆိုတဲ့ ဆန္ဒပြမှု အများစုဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိပေမယ့် တချို့နေရာတွေမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ကိုယ်ထိလက်ရောက် ပဋိပက္ခတွေ ဖြစ်တာ၊ ရဲကားတွေကို မီးတင်ရှို့တာ၊ ဆိုင်ခန်းတွေကို လုယက်တာမျိုး မင်းမဲ့စရိုက်ဆန်ဆန် အခြေအနေတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ထရမ့်ကတော့ ဒီကိစ္စတွေ အားလုံးဟာ နယူဆွမ်ရဲ့ ပြည်နယ် အစိုးရ ညံ့ဖျင်းမှုကြောင့်လို့ စွပ်စွဲပြီး ကယ်လီဖိုးနီးယားမှာ တရားဥပဒေ ပြန်လည် စိုးမိုးဖို့ လုပ်သင့်တာ မှန်သမျှ လုပ်မယ်လို့ ကြုံးဝါးထားပါတယ်။ သိပ်မကြာခင်မှာပဲ သူက မရိန်းတပ်ဖွဲ့ဝင်တွေကိုပါ လော့စ်အန်ဂျလိစ်ဆီ စေလွှတ်လိုက်တာလည်း ဖြစ်ပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီ အားကောင်းတဲ့ ဒေသဖြစ်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်ရော၊ လော့စ်အန်ဂျလိစ် မြို့မှာပါ အမျိုးသား အစောင့်တပ်ဖွဲ့တွေနဲ့ မရိန်းတပ်သားတွေ စေလွှတ်တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်က လူကြိုက်မများပါဘူး။ လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့ အကြီးအကဲ ဂျင်မ်မက်ဒေါနဲလ်ကလည်း ရဲတပ်ဖွဲ့ဟာ လက်ရှိ အခြေအနေတွေကို ကိုယ်ပိုင် အစွမ်းအစနဲ့ ကောင်းကောင်း ထိန်းသိမ်း ကိုင်တွယ်နိုင်တယ်လို့ ယုံကြည်ထားကြောင်း ပြောပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူး နယူဆွမ်က လက်ရှိ ကြုံနေတဲ့ စိန်ခေါ်မှုတွေမှာ စစ်သားတွေကို ခေါ်သွင်းလာတဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ အရမ်း ပေါ့ပျက်ပျက်နိုင်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ ရဲတွေအပါအဝင် လုံခြုံရေး အရာရှိတွေအပေါ် စော်ကားတဲ့ အဓိပ္ပါယ် ဖြစ်နေကြောင်း ဝေဖန်သွားပါတယ်။

ကိုးကား: AP

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/becomesupporter/LuduNwayOo/
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗫 - https://x.com/LuduNwayOo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 – https://t.me/communityfactchecking

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
🤣297👎5👍2👏2😡2
🔥236👎6
ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန် သတ်မှတ်ရေပြင်မှာ တရုတ်လေယာဉ်တင်သင်္ဘော ဖြတ်သန်း

ဂျပန်က သီးသန့်စီးပွားရေးဇုန် (EEZ)အဖြစ် သတ်မှတ်ထားရာ ရေပြင်ထဲကို တရုတ်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်တစ်ခု ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ်ရေတပ်ရဲ့ လျောင်နင်း လေယာဉ်တင် သင်္ဘောနဲ့ အခြံအရံ ရေယာဉ်တွေဟာ ဂျပန် ရေပိုင်နက် အလွန်က EEZ သတ်မှတ် ရေပြင်ထဲ ဝင်ရောက်ခဲ့ပြီး အဲဒီနောက်မှာတော့ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုအတွက် ပြန်လည် ထွက်ခွာသွားတယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

လျောင်နင်းနဲ့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော နှစ်စီးလည်း ပါဝင်တဲ့ ရေတပ်ဖွဲ့ဟာ တိုက်လေယာဉ်တွေကိုပါ အသုံးပြုတဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ပစိဖိတ် သမုဒ္ဒရာ ရေပြင်မှာ ပြုလုပ်ခဲ့တယ်လို့ ဂျပန်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ် သင်္ဘောတွေဟာ ဂျပန်နိုင်ငံ အရှေ့ဖက်စွန်းမှာရှိတဲ့ မီနာမီတိုရီ ကျွန်းရဲ့ အနောက်တောင်ပိုင် ကီလိုမီတာ ၃၀၀ အကွာ၊ ဂျပန်ရဲ့ EEZ သတ်မှတ်ရေပြင်မှာ ဖြတ်သန်း ခုတ်မောင်းခဲ့တာပါ။ EEZ ဆိုတာဟာ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ရေပြင်ဇုန်သာဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု ရေပိုင်နက်တော့ မဟုတ်ပါဘူး။ တရုတ် လေယာဉ်တင် သင်္ဘောတစ်စီးက ဂျပန်ရဲ့ EEZကို ဖြတ်သန်းခဲ့တာကတော့ အခုတစ်ကြိမ် ပထမဆုံး ဖြစ်လာပါတယ်။

ဂျပန်ရေတပ်ဟာ လေယာဉ်တင် သင်္ဘောတွေကို ကမ်းခြေနဲ့ အရမ်းဝေးကွာတဲ့ ပင်လယ်သမုဒ္ဒရာ အလယ်ထိ သွားရောက်ပြီး စစ်ဆင်ရေးတွေ တာဝန်ယူနိုင်အောင် ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရဟာ တရုတ်ဆီကို သင့်လျော်တဲ့ အသိပေး အကြောင်းကြားမှုတစ်ခု လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီမာဆာ ဟာယာရှီက ဆိုပါတယ်။ ဒါပေမဲ့ သူက ဂျပန်ဟာ တရုတ်ကို တရားဝင် ကန့်ကွက်စာ ပို့ခဲ့တာလား ဆိုတာမျိုးတော့ ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။

EEZကို တရုတ်ရေတပ် သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းခဲ့ချိန်တုန်းက ဂျပန် ပြည်စောင့်တပ်ရဲ့ ရေတပ်ဖွဲ့ကလည်း စစ်သင်္ဘော ဟာဂူရိုကို စေလွှတ်ပြီး အခြေအနေကို စောင့်ကြည့်စေခဲ့တယ်လို့ သိရပါတယ်။

လျောင်နင်းဟာ မနှစ်က စက်တင်ဘာလတုန်းကလည်း ထိုင်ဝမ်နိုင်ငံနားက ဂျပန်ပိုင် ကျွန်းနှစ်ခုကြားကနေ ဖြတ်သန်း ခုတ်မောင်းခဲ့ဖူးပြီး အဲဒီလုပ်ရပ်ဟာ လုံးဝ လက်မခံနိုင်စရာ ကိစ္စဖြစ်ပြီး အလေးအနက် စိုးရိမ်ကြောင်း ဂျပန်ဖက်က ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: AFP

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/becomesupporter/LuduNwayOo/
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗫 - https://x.com/LuduNwayOo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 – https://t.me/communityfactchecking

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
🔥297🤬6🥰2👍1👎1
😡387🤬4💩4🖕2👍1👎1🥰1
ပခုက္ကူ သီဟိုဠ်ရှင်ဘုရားပွဲမှာ စစ်တပ်က
လူငယ်အများအပြားကို ပိတ်ဆို့ဖမ်းဆီး

ဇွန်-၁၀၊၂၀၂၅။ဇေအောင်/People's Spring

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ကျင်းပနေတဲ့ သီဟိုဠ်ရှင်ဘုရားပွဲမှာ စစ်တပ်က ပွဲလာတဲ့လူငယ်တွေ အများအပြားကို ပိတ်ဆို့ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောပါတယ်။

ဇွန်လဆန်းမှာ ကျင်းပနေတဲ့ ပခုက္ကူမြို့က သီဟိုဠ်ရှင်ဘုရားပွဲစျေးမှာ ပြီးခဲ့တဲ့ ဇွန်လ(၈)ရက် ညနေ (၅)နာရီခန့်ကပွဲစျေးလာလူငယ်အများအပြားကို စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေက ပတ်ပတ်
လည် ပိတ်ဆို့ပြီး ဖမ်းဆီးသွားကြောင်း ပခုက္ကူမြို့ခံတွေက ပြောပါတယ်။

"ပွဲစျေးလာတဲ့ လူငယ်တွေကို ပိတ်ဖမ်းတာ။ ပြေးကြလွှားကြနဲ့ ပွဲစျေးတန်းထဲ ရုတ်ရုတ်သဲသဲတောင် ဖြစ်သွားတယ်။"လို့ ပခုက္ကူဒေသခံတဦးက ပြောပါတယ်။

ပွဲစျေးတန်းမှာ လူငယ် (၃၀) ခန့် ဖမ်းဆီးခံလိုက်ရတယ်လို့သိရပြီး အရေအတွက်အတိအကျကို လူထုနွေဦးက သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ မိသားစုဝင်တွေက လိုက်လံစုံစမ်းပေမဲ့ ဘယ်ခေါ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ တ
ခြားဒေသတွေကို ပို့ဆောင်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရကြောင်း မြို့ခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့သတ်
ဖြတ်တာတွေ ပြုလုပ်နေပြီး လေကြောင်းတိုက်
ခိုက်မှုတွေပါ ပြုလုပ်နေပါတယ်။

စစ်ကောင်စီဟာ ဇွန်လဆန်းကစပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်း အစရှိတဲ့ဒေသတွေအပါအဝင် တနိုင်ငံလုံးမှာ လိုင်စင်မဲ့ မော်တော်ယာဥ်တွေကို ဖမ်း
ဆီးရင်း လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
🤬5119😢6👎3👏2😡2🤮1
သီဟိုဠ်ရှင်ဘုရားအဝင်အား တွေ့ရစဥ်။ ဓာတ်ပုံ-CJ
🤬44👍173👏2😡2👎1🤮1
ဖားကန့်ရောက် စစ်ကောင်စီစစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ် အထိနာ

▪️တိုက်ပွဲဆက်ဖြစ်နေ

ဇွန်-၁၀၊ ၂၀၂၅။ ကဖေး/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ယမန်နေ့ (ဇွန်လ ၉ရက်) နံနက်ပိုင်းတွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ နံနက် ၁၀နာရီခန့်တွင် ဖားကန့်မြို့နယ် လုံးခင်းတိုက်နယ် မဇွပ်ယာန်-ကထန်မှော်သွားလမ်းနှင့် ကုဋေမှော်အနီးတွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခြင်းဖြစ်သည်။

"ကထန်မှော်နား ထိပ်တိုက်တွေ့တဲ့တိုက်ပွဲမှာ ၁၀ဦးသေတယ်။ စနိုင်ပါနဲ့က ၂ဦး။ စိန်ပြောင်းနဲ့ပစ်တာမှာ ၃ဦး။ သူတို့ စစ်ကြောင်းရှေ့မတိုးဘဲ ပြန်ပြေးတယ်" ဟု KIA၊ KPDF တို့နှင့် နီးစပ်သူကပြောသည်။

ကုဋေမှော် ရေကန်အနီးတိုက်ပွဲတွင်မူ စစ်ကောင်စီစစ်ကြောင်းအား ဒရုန်းဖြင့်တိုက်ခိုက်ရာ ၃ဦးသေဆုံးပြီး ၄၀ မမနှင့် ပစ်ခတ်မှု၌လည်း သေဆုံးသူများရှိသည်ဟု ၎င်းကပြောသည်။

"စစ်ကြောင်းမှာက ၈၀လောက်ပါတာ။ မနေ့ကပစ်ခံရပြီး အလောင်းတွေ ပြန်ဆွဲသွားတယ်။ မှော်စီစာဘုရားကုန်းဘက် ပြန်ဆုတ်သွားပြီး ဒီနေ့မနက် ပြန်ထွက်လာပြန်ပြီ"ဟု KPDF သတင်းရင်းမြစ်က ပြောသည်။

ယနေ့ ထွက်ခွာလာသော စစ်ကောင်စီတပ် စစ်ကြောင်း၌ အင်အား ၆၀ခန့်ပါဝင်ပြီး မှော်စီစာဘုရားကုန်းမှ စျေးသစ်၊ အောင်သာယာ၊ တောင်ယာကုန်း၊ မလောင်ရွာဘက်သို့စစ်ကြောင်းထိုးနိုင်၍ ဒေသခံများသတိပြုကြရန် KPDF သတင်းရင်းမြစ်က သတိပေးသည်။

ယနေ့ နံနက် ၁၀နာရီခန့်တွင် အောင်သာယာကွက်သစ်ဘက်၌ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး လက်နက်ကြီး၊လက်နက်ငယ်သံများကြားနေရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နံနက်ကလည်း မော်စီစာကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ထို့ကြောင့် ယမန်နေ့တစ်နေ့တည်းတွင် ဖားကန့်ဒေသ၌ စစ်ကောင်စီဘက်မှသေဆုံးသူ ၂၀ထက်မနည်းရှိခဲ့သည်။

ဖားကန့်ဒေသတွင်းနောက်ဆုံးအခြေအနေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ကာမိုင်း - လုံးခင်း - ဖားကန့်လမ်းအတိုင်း ဧပြီ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၇ရက်တွင် လုံးခင်းယမ်းချက်စက်ရုံသို့ ရောက်ရှိလာပြီးနောက် မေလ ၂၈ရက်မှစ၍ လုံးခင်းပတ်ဝန်းကျင်တွင် စစ်ကြောင်းထိုးစဉ် တိုက်ပွဲဖြစ်ခဲ့သည်။ ၎င်းတို့အား တိုက်ခိုက်ပါက နေအိမ်များအား မီးရှို့မည်ဟုခြိမ်းခြောက်ပြီး ဖားကန့်သို့ဝင်ရောက်လာခဲ့ကြသည်။

မေလ ၂၉ရက် နေ့လယ်ပိုင်းတွင် ဖားကန့်သို့ရောက်ရှိလာကာ ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးရန်ကြိုးစားခဲ့သည်။

KIAနှင့် KPDF တပ်စွဲထားသည့်နေရာများကိုလည်း ဖယ်ရှားရန် ဖိအားပေးပြီး ကျောက်စိမ်းလုပ်ကွက်အချို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီစစ်ကြောင်းကို KIAနှင့် KPDF ပူးပေါင်းတပ်က ဇွန်လ ၅ရက်ကလည်း တိုက်ခိုက်ခဲ့သည်။

ဖားကန့်ကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီးနောက် ဒေသခံအချို့ တိမ်းရှောင်သွားကြပြီး အများစုသည် ဖားကန့်တွင်နေထိုင်ဆဲဖြစ်သည်။ စစ်ကောင်စီစစ်ကြောင်းများသည် အရပ်သားများနေထိုင်ရာနေရာများနှင့် ဘုန်းကြီးကျောင်းများ၌ တပ်စွဲထား၍ ယင်းလုပ်ရပ်ကို ဒေသခံများက ဝေဖန်နေကြသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် အရပ်သားနေထိုင်ရာနေရာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သည်။ ဇွန်လ ၁ရက်မှ ၈ရက်အတွင်း စစ်ကောင်စီတပ်က ဖားကန့်ဒေသ၌ ပြည်သူများ နေထိုင်သည့်နေရာများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့မှု ၁၁ကြိမ် ရှိခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၁ဦး သေဆုံးခဲ့ရသည်ဟု ​ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(KHRW)က ထုတ်ပြန်ထားသည်။

လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်ကြောင်းများအန္တရာယ်ကိုသတိပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က သတိပေးထားသည်။
67👏18👍11🤣2🥰1
62👍20🤣3👏2🥰1
■Breaking News

ပုလဲမြို့နယ်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးကို ​တော်လှန်​ရေးတပ်​တွေပစ်ချ

ဇွန်-၁၀၊ ၂၀၂၅။​​နေ့သစ်/ People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ PLA နဲ့ ​မြေပြင်ကရဲ​ဘော်တွေဆီကသိရပါတယ်။

ပုလဲမြို့တွင်ရှိနေတဲ့ ရဲဘော်တစ်ဦးက"ပွိုင့် ၅ နဲ့ ပစ်ချနိုင်ခဲ့တာ"လို့​ပြောပါတယ် ။

လေယာဥ်မောင်းသူတွေလည်း သေဆုံးတယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

"၁၂နာရီ ၁၀မိနစ် လောက်မှာ ပျက်ကျတဲ့အသံကို ကြားလိုက်တယ်။ ကျတာကတော့ စပါးစီးနဲ့ လက်ပန်းကန်ကြားထဲမှာ ကြားထဲမှာလား။ စပါးစီးရွာထဲမှာလားမသိဘူး။ အိမ်တအိမ်မီးလောင်​နတယ်"လို့
တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတ‌ယ်။

စပါးစီးရွာဟာ မင်းတိုင်ပင်ရွာရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာလို့ သိရပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က
ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်မှာ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာစစ် ကောင်စီရဲ့ ဂျက်ဖိုက်တာ တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။
အသေးစိတ်အချက်အလက်​တွေကို ဆက်လက်ဖော်ပြပေးမယ်လို့လည်း​ဖော်ပြထားပါတယ်။

အဲဒီလေယာဉ်ဟာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာဖြစ်ပြီး ဒီနေ့မနက်မှာ ကျေးနင်း၊ ဇီးဖြူကုန်း၊ အင်မထီးရွာတွေကို လှည့်လည်ပစ်ခတ်နေတဲ့ ဂျက်ဖိုက်တာလို့ သိရပါတယ်။

ပုလဲ မြို့နယ်တိုက်ပွဲမှာရှိ​နေတဲ့အခြား ရဲဘော်တစ်ဦးကလည်း "ဂျက်ဖိုက်တာတစီး ပေါင်ငါးရာနှစ်လုံးချပြီး စပါးစေ့ရွာပေါ် ပျက်ကျတာ"လို့ လူထုနွေဦးကို​ပြောပါတယ် ။

"သူတစီးထဲကို ပတ်ပစ် နေတာဗျ။ ကျွန်တော်တို့ကာကင်းတွေ ပစ်ချလိုက်လို့လား၊ ရာသီဥတုကြောင့်လားတော့ မသိဘူး။ သူပျက်ကြချိန်မှာ မိုးလည်းနည်းနည်းရွာတယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

"ဇီးဖြူကုန်းစခန်းသိမ်းတိုက်ပွဲကို ဒီမနက် ၅နာရီမှာ ချတာ။ MiG 29က လာပစ်ပြီး အင်အားဖြည့်တာကို ပစ်ချတာ။ စပါးကျီရွာဘက်ကို ကျသွားတယ်"လို့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ် ။

ပုလဲမြို့ရဲ့ အဓိကစခန်းတစ်ခုဖြစ်တဲ့ ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲကိုPLA ဦး​ဆောင်ပြီးပူး​ပေါင်းတပ်​တွေက ဇွန်လ၂ရက်၌ စတင်ပြီးတိုက်ခိုက်နေတာပါ ။ဇွန် ၁၀ ရက် နံနက်ပိုင်းမှာ​တော့ ကျန်စခန်းသိမ်းတိုက်ပွဲ​တွေကိုပါ ခရိုင် PDF တပ်ရင်း​တွေ နဲ့ ပူးပေါင်းတပ်​တွေ ကဦးဆောင် တိုက်ခိုက်နေပြီး ​တော့တိုက်​တွေအလွန်ပြင်းထန်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​စစ်​ကောင်စီကို ခုခံ​တော်လှန်​နေတဲ့ တော်လှန်​ရေးတပ်​တွေက ပစ်ချတဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ်စုစု​ပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။

ရုပ်သံ -ပေးပို့
👍8837👏10😁3🥰1
ဓာတ်ပုံ - PLA
👍8629👏10😁3🔥1
■Photo News

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချခဲ့ပြီး​နောက် ​လေယာဥ်မှူး​ဆောင်းတဲ့ ဦးထုပ်နဲ့ ​လေယာဥ်အပိုင်းအစ​တွေ ။ လေယာဥ်မောင်းသူတွေလည်း သေဆုံးခဲ့တယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​စစ်​ကောင်စီကို ခုခံ​တော်လှန်​နေတဲ့ တော်လှန်​ရေးတပ်​တွေက ပစ်ချတဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ်စုစု​ပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။

ဓာတ်ပုံ - ပေးပို့
👏8237👍4🔥1🥰1😍1🤣1