People's Spring
61.8K subscribers
68.1K photos
1.18K videos
7 files
2.95K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍42🤬96🔥2
နောင်ချို၊ကံကြီးရွာအနီးမှာတိုက်ပွဲတွေပြင်းထန်နေ

ဇွန် ၁၀၊ ၂၀၂၅။ကိုဘီဂျီ/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကနေ ဆုတ်ခွာလိုက်ရတဲ့ စစ်ကောင်စီတပ်နဲ့ ကံကြီးရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)
က ထုတ်ပြန်ပါတယ်။

မနေ့က(ဇွန်လ ၉ရက်) နံနက်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ ပိန္နဲကုန်းနဲ့ ကန်ကြီးကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်
နက်ကြီး (၂၇)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဇွန်လ ၈ရက်ကလည်း နောင်ချိုမြို့နယ်က ရှောက်ခြံကျေးရွာ၊ ကန်ကြီးကျေးရွာနဲ့ လက်ပန်ကုန်းကျေးရွာတို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၁၂)လုံး၊ လက်နက်ကြီး (၁၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

ဇွန်လ ၇ရက်ကလည်းတအာင်းတပ်မတော် TNLA ရှိရာ ကန်ကြီးကျေးရွာ၊ ညောင်တောနဲ့ နောင်ချိုကြီးကျေးရွာတို့မှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ကကံကြီးရွာကို ​ခေတ္တသိမ်းပိုက်ရခဲ့ပါသေးတယ်။ ဒါပေမယ့် တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ကံကြီးကျေးရွာကို ညပိုင်းမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၇ရက်မှာဘဲ ကံကြီးရွာကို သိမ်းပိုက်ခဲ့ပြီး ညပိုင်းမှာ တပ်ပြန်ဆုတ်သွားရတဲ့ အခြေအနေဖြစ်ပါတယ်။

အဲဒါကြောင့် ဇွန်လ ၉ရက်တိုက်ပွဲတွေမှာ ကံကြီးနဲ့ ပိန္နဲကုန်းရွာကြားမှာ တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ ဖော်ပြထားတာပါ။

"ကံကြီးကို ဒီဘက်က ပြန်ရတယ်ဆိုတာလည်းမှန်တယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတော့ ကြောက်နေရသေးတယ်"လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာတာရယ်၊ စစ်တပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် နောင်ချိုမြို့ခံတွေဟာ ဇွန်လဆန်းစပြီး နီးစပ်ရာမြို့ရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဇွန်လ ၆ရက် ညမှာ စစ်ကောင်စီတပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ နောင်ချိုမြို့ ပေါ်ကို လှမ်းပစ်ရာ ၁၀လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၄ ရက်မှာလည်း စျေးရပ်ကွက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ အမျိုးသမီး ၂ ဦးအပါအဝင် ပြည်သူ ၄ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီးနေအိမ် ၂လုံးနဲ့ ဘုန်း
ကြီးကျောင်းတစ်ကျောင်းပျက်စီးခဲ့ပါသေးတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ နေရာတွေမှာ ထိုးစစ်တွေကို ပြုလုပ်မှာ မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလကို နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း ဇွန်လ (၂)ရက်မှာ ထုတ်ပြန် ကြေညာထားသော်လည်း စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်အတွင်းကို ထိုးစစ်ဆင်ခြင်း၊ စစ်အင်အားဖြည့်တင်းခြင်း၊ ဒရုန်းနဲ့ဗုံးကြဲချခြင်း၊ လေကြောင်း
နဲ့ လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ TNLA က ထုတ်ပြန်ချက်မှာ ဖော်
ပြထားပါတယ်။

ဒါ့ကြောင့်မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်က ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေလိုက်နားဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။
👍7118🔥4🥰1👏1🙏1
တအာင်းတပ်မတော်(TNLA)မှ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − The Ta'ang Post
55👍23🔥2🥰1
နယ်စပ်ရှိ လက်ကျန်စစ်တပ်စခန်းများကိုနေ့စဉ်နီးပါး စစ်ဆင်နေဟု KNU သတင်းရင်းမြစ်ပြော

ဇွန်-၁၀၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ
(၆)နယ်မြေ၊မြဝတီမြို့​တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်ရှိ လက်ကျန်စခန်းများကို စနိုက်ပါ၊ ဒရုန်းများ အသုံးပြု၍ ​နေ့စဥ် တိုက်ခိုက်နေကြောင်း KNU သတင်းရင်းမြစ်ကပြောသည်။

KNU တပ်မဟာ(၆)နယ်မြေရှိ ဘလယ်ဒို၊ ကနဲလေး၊ သေ့ဘောဘိုး စခန်းများ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို မေလ နောက်ဆုံးပတ်နှင့် ဇွန်လဆန်းတွင် ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဝေါ်လေ၊ ဥကရစ်ထ၊ ထီးကပလယ်စခန်းများအပါအဝင် စစ်တပ်စခန်း ၄ခုသာ ကျန်တော့သည့် အခြေအနေတွင် လက်
ကျန်စခန်းများကိုဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟုသိရသည်။

“ထီးကပလယ်တော့ ထိုးတာကြာပြီ။ နည်းနည်း နည်းနည်းလေ။အခုက ကိုယ့်လူမထိအောင် နည်းနည်းနည်းနည်း ထိုးလာတာကြာပြီ။” ဟု KNU သတင်းရင်းမြစ်က ပြောသည်။ စခန်းသိမ်းပိုက်နိုင်ရေး တက်ရောက်တိုက်ခိုက်သည့် ပုံစံမဟုတ်ဘဲ စစ်ကောင်စီတပ်စခန်းကို ဒရုန်း၊ စနိုက်ပါ အသုံးပြုပြီးတိုက်ခိုက်နေခြင်းဖြစ်သည်ဟုဆိုသည်။

ထီးကပလယ်တွင် စစ်ကောင်စီ၏ အမှတ် ၃၂ ခြေလျင်တပ်ရင်း( ခလရ ၃၂) နှင့် အမှတ် ၅၈၅ ခြေမြန်တပ်ရင်း (ခမရ ၅၈၅) တပ်တို့ အခြေချနေ တပ်စွဲ ထား​သောစခန်းဖြစ်သည်။

“ထီးကပလယ် မကဘူး တခြားစခန်းမှာလည်းတရစ်ပြီးတရစ်ပဲ။ဝေါ်လေတို့ ဥကရစ်ထတို့မှာလည်း အဲဒီလိုပဲ။ သူများမတက်ဘူး သူများအဲဒီလိုချဉ်း
ကပ်ပြီးတော့ သူတို့ စစ်ကူမလာနိုင်တဲ့အခါကျတော့ စနိုင်ပါနဲ့ဘာနဲ့ အဲဒီလိုပဲတိုက်နေတာပေါ့။စစ်ဆင်တာဆို အကုန်လုံး စစ်ဆင်တာပဲလို့ ပြောလို့ရတယ်။ ဝုန်းကနဲ တက်သိမ်းတာတော့ မဟုတ်ဘူး။ အဲဒီနည်းက ကိုယ့်လူလည်းမနာအောင် ဟိုဘက်ကလည်း မခံနိုင်အောင် အဲဒါပဲ” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNU နှင့် တော်လှန်ရေး ပူးပေါင်းတပ်အနေဖြင့် ယခု ၂၀၂၅ အတွင်း နယ်စပ်စခန်းများအားလုံးသိမ်းပိုက်နိုင်ရေးအတွက် ရည်မှန်းထားကြောင်းလည်း ၎င်းကပြောသည်။

KNU အနေဖြင့် တပ်မဟာ နှင့်ခရိုင် ၇ခုရှိရာ ခရိုင်၊ တပ်မဟာ အသီးသီးတွင် စစ်ရေးတိုးမြှင့်လုပ်လျက်ရှိသည်။ တပ်မဟာ(၇)၊ တပ်မဟာ(၄)၊ တပ်မဟာ(၅)၊ တပ်မဟာ(၆)နယ်မြေများ ရှိ စစ်ကောင်စီတပ်စခန်းများစွာကို ယခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာရရှိခဲ့ပြီးစစ်သုံ့ပမ်းများလည်းဖမ်းမိခဲ့သည်။ နယ်စပ်စခန်းများသိမ်းပိုက်ရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည်။

KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက
"ပထမဦးဆုံး​ခြေလှမ်းက​တော့ အထူးသဖြင့်ထိုင်းနယ်စပ်မှာရှိတဲ့ ၊အထူးသဖြင့်ကျွန်​တော်တို့ နယ်​မြေကိုလာပြီးစိုးမိုးယူထားတဲ့ နှစ်​ပေါင်း ၃၀ ​ကျော် ကာလ ထိုင်းနယ်စပ်တစ်​ကြောမှာရှိတဲ့ တပ်ဖွဲ့​တွေကို​တော့အ​ပြောင်ရှင်းဖို့ ပထမဆုံးလို့​ပြောလို့ရတာ​ပေါ့" ဟု ​ပြောသည်။

"​ပြောရမယ်ဆိုရင်​တော့ ဒီမိုင်​ပေါင်း​ထောင်ချီတဲ့ အဲဒီထိုင်းနယ်စပ်ကရှိတဲ့ စစ်​ကောင်စီရဲ့တပ်စခန်း​တွေကို​ကျွန်​တော်တို့ ရှင်းထုတ်လိုက်လို့ ရပြီလို့ ​ပြောလို့ရတာ​ပေါ့​နော်၊အကုန်အစင်မဖြစ်​သေး
သည့်တိုင်တောင် နည်းနည်းပါးပါးပဲကျန်​တော့တဲ့အ​နေအထားမှာရှိတယ်။ဒါကကျွန်​တော်တို့ရဲ့ ပထမ​ခြေလှမ်းလို့​ပြောလို့ရတယ် ။ဒီက​နေတဆက်တည်းကျွန်​တော်တို့​ရှေ့တိုးရမယ်" ဟုKNU ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောသည်။
74👏22👍13🤣2👌1
KNLA ၊ KNDO ၊ PDF ပူး​ပေါင်းတပ်များက ​သေ​ဘောဘိုးစခန်းကိုသိမ်းပိုက်ပြီး​နောက်​တွေ့ရ
စဥ်။ဓါတ်ပုံ-Cobra Column 2 Venom
👏6627🤣2👍1🥰1👌1
စစ်တပ်ကကောလင်းနှင့်ဝန်းသိုကို ဗုံးကြဲ၍
ပြည်သူ ၃ ဦးဒဏ်ရာရ

ဇွန်-၁၀၊၂၀၂၅။ဇော်ရမ်း/People's Spring

စစ်ကောင်စီတပ်ကယမန်နေ့(ဇွန်လ ၉ရက်)ညတွင်
ကောလင်းနှင့် ဝန်းသိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ​ဒေသခံပြည်သူ ၃ဦး ဒဏ်ရာရပြီး အိမ်၆လုံး ပျက်စီးခဲ့သည်။

ကောလင်းမြို့နယ်၊အရှေ့ပိုင်းရှိ ဖလဲရွာအပါအဝင် ရွာ၂ရွာကို ည ၉နာရီ၂၀မိနစ်နှင့် ဝန်းသိုမြို့၊ ကံကုန်းရွာကို ည ၉နာရီ၃၁မိနစ်၌ လေကြောင်းမှဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ဖလဲကျေးရွာမှ အမျိုးသမီး၂ဦး၊ အမျိုးသား၁ဦးဒဏ်ရာရပြီး အိမ် ၆လုံးပျက်စီးသွားခဲ့သည်ဟု ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(​ကောလင်းPDF)ကသတင်းထုတ်ပြန်သည်။

အခြားအသေးစိတ်ကိုထုတ်ပြန်ထားခြင်းမရှိပေ။ ဝန်းသိုမြို့၊ ကံကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်ပျက်စီးမှုကို မသိရသေးကြောင်း ကောလင်းဒေသခံသတင်းရင်းမြစ်ကပြောသည်။

ကောလင်းမြို့နှင့်ဝန်းသိုမြို့သည် ဆက်စပ်နေပြီး မြို့ပေါ်မှလွဲ၍ ကျေးရွာများကို ပြည်သူ့ကာကွယ်
ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။စစ်တပ်ကကောလင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများတွင်အရပ်သားများအတွက်အလွန်အန္တရာယ်
များသော Cluster Bompများသုံးပြီး တိုက်ခိုက်နေကြောင်းကောလင်းခရိုင်တပ်ရင်း(၂)က သ
တင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းငလျင်ကြောင့် ပြန်လည်ထူထောင်ရေး
လုပ်ငန်းများ လုပ်ရန်ဟုဆိုကာ စစ်ကောင်စီက အပစ်ရပ် ကြေညာချက်ထုတ်ပြန်ထားသော်လည်း ဒေသအများအပြားတွင်လေကြောင်းနှင့်လက်
နက်ကြီးအသုံးပြု၍ တိုက်ခိုက်နေခြင်းဖြစ်သည်။
🤬478👍4👎3😢2🤮2😡2🔥1
ကောလင်းနှင့်ဝန်းသိုကို စစ်တပ်ကဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။​
ဓါတ်ပုံ-​ကောလင်းPDF
😢36🤬176👍3😡2👎1🤮1
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် မွေးနေ့ရှင်အပါအဝင်နိုင်ကျဉ်းများအားလုံးလွတ်မြောက်ရေး
ဆန္ဒပြုဆုတောင်းပေးရန် NLD မေတ္တာရပ်ခံ

ဇွန်-၁၀၊၂၀၂၅။ထားမြတ်/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ဆန္ဒပြု ဆုတောင်း မေတ္တာပို့ပေးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ က တိုက်တွန်းချက် ထုတ်ပြန်ကြေညာသည်။

NLD ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့်မွေးနေ့ဖြစ်သောယခုနှစ် ဇွန်လ ၁၉ ရက်နေ့မနက် ၈ နာရီတိတိတွင် မိမိတိုနေအိမ်တွင်း သို့မဟုတ် ရောက်ရှိရာအဆောက်အဦးအတွင်း၌ မိမိတိုကိုးကွယ်ယုံ
ကြည်ရာ ဓလေ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိုဆန္ဒပြုလျက် ဆုတောင်းမေတ္တာပိုခြင်းကို ၈ မိနစ်ကြာဆောင်ရွက်ပေးရန် NLD မွေးနေ့ ကျင်းပရေးကော်မတီက ပန်ကြားခဲ့ခြင်းဖြစ်သည်။

ထိုအပြင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် Mr. Kim (ခ) ဦးထိန်လင်း ဦးဆောင်သော မွေးနေ့ဆု
တောင်း စကားပြောခြင်းအစီအစဉ် Happy Birthday SUU Video Challenge ၌ ပါတီဝင်ထု တရပ်လုံးနှင့် ပြည်တွင်းပြည်ပရှိ နိုင်ငံသားအပေါင်းတို အပြည့်အဝပူးပေါင်းပါဝင်ပေးကြရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်ုပ်တိုမြန်မာနိုင်ငံအား ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အပြည့်အဝအာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုဖြစ်
ထွန်းပေါ်ပေါက်လာရေးအတွက် နိုင်ငံရေး နည်းလမ်းများဖြင့်စွန့်လွှတ်စွန့်စားကြိုးပမ်းဆောင်ရွက်
မှုများကြောင့် စစ်အာဏာရှင်အဆက်ဆက်တို့၏ ဥပဒေမဲ့ မတရားဖမ်းဆီးအကျဉ်းကျခံခဲ့ရကြောင်း ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်၁၉၈၉ ခုနှစ်ဇူ
လိုင် ၂၀ ရက်နေ့မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့အထိ ကာလအတွင်း ၁၅ နှစ် ၄ လ ခန့် ရှိ အ
ကျဉ်းကျခဲ့ပြီး ဒီပဲယင်းအရေးအခင်းကဲ့သို လုပ်
ကြံသတ်ဖြတ်ရန် ကြံစည်မှုများကိုလည်း အကြိမ်
ကြိမ် ကြုံခဲ့ရဟုသည်ဟု ​ဖော်ပြထားသည်။

ပြည်သူလူထု၏တခဲနက်ထောက်ခံမှုဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအကန့်အသတ်များကြားမှပင် ပြည်သူလူထုထောက်ခံ ပါဝင်မှု မြင့်မားစွာဖြင့်တိုင်းပြည်ကိုဘက်စုံဖွံဖြိုးတိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်း များကိုပြည်သူများ လွတ်လွတ်လပ်လပ် လေ့လာထိတွေ့ခံစားစေနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ထိုကြောင့် ပြည်သူလူထု၏ထောက်ခံမှုကို အပြည့်အဝရရှိခဲ့ပြီး၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်
ပွဲ တွင် မဲဆန္ဒရှင်ပြည်သူလူထု၏ ၈၂ ရာခိုင်နှုန်းကျော်သောဆန္ဒမဲဖြင့် ဆက်လက်တာဝန်ပေးအပ်ခြင်း ခံခဲ့ရသော်လည်း စစ်အာဏာရှင်စနစ်ကိုထူထောင်လိုသော အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေမဲ့အာဏာသိမ်းကာ ရွေး
ကောက်ပွဲအနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားသည်မှာ ယ
နေ့ဆိုလျှင် ရက်ပေါင်း ၁၅၉၀ ရက်ရှိပြီဟု အသိ
ပေးသည်။

ထို့ကြောင့် မတရားအကျဉ်းကျခံနေရသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်
မြောက်ရေးသည် တိုင်းပြည် အနာဂတ်အတွက် အရေးပါဆုံးသောလုပ်ငန်းစဉ်တခု အဖြစ်ခံယူကြောင်း NLDက ဖော်ပြကာ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်မြတ်နိုးသောသူများအနေဖြင့် နိုင်ကျဉ်းများ လွတ်မြောက်ရေး ဆုတောင်းမှုနှင့် ဒေါ်အောင်ဆန်းစုကြည်၏သား ဦးထိန်လင်း ဦး
ဆောင်သော မွေးနေ့ဆုတောင်း စကားပြောခြင်းအစီအစဉ်၌ပါဝင်ပူပေါင်းပေးကြရန် တိုက်တွန်းထားသည်။
84👏12👍4👎1🤮1
ဇွန်လ ၁၉ ရက်တွင် အသက် ၈၀ ပြည့်မည့်
ဒေါ်​အောင်ဆန်းစုကြည်သည် ဘဝသက်တမ်းတ​
လျှောက် မြန်မာနိုင်ငံအတွက် ဒီမိုက​ရေစီနှင့် လူ့အခွင့်အ​ရေးအတွက်တိုက်ပွဲဝင်ခဲ့ရာ စစ်အာဏာရှင်များက ​အညှိုးထားထောင်သွင်းအကျဥ်းချမှု​များ
ကြောင့်နှစ်​ပေါင်း ၂၀ နီးပါး အကျဥ်းကျခဲ့သည်။
ဓါတ်ပုံ-AFP
96👍12🤣2🔥1🤮1
"​ပြောရမယ်ဆိုရင်​တော့ ဒီမိုင်​ပေါင်း​ထောင်ချီတဲ့ အဲဒီထိုင်းနယ်စပ်ကရှိတဲ့ စစ်​ကောင်စီရဲ့တပ်စခန်း​တွေကို​ကျွန်​တော်တို့ ရှင်းထုတ်လိုက်လို့ ရပြီလို့ ​ပြောလို့ရတာ​ပေါ့​နော်၊အကုန်အစင်မဖြစ်​သေး
သည့်တိုင်တောင် နည်းနည်းပါးပါးပဲကျန်​တော့တဲ့အ​နေအထားမှာရှိတယ်။ဒါကကျွန်​တော်တို့ရဲ့ ပထမ​ခြေလှမ်းလို့​ပြောလို့ရတယ် ။ဒီက​နေတဆက်တည်းကျွန်​တော်တို့​ရှေ့တိုးရမယ်"

KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီး


https://youtu.be/ftz0z-fToWY?si=bC0INhqdWI_8lYu5
68👏12👍4🥰3🤮1
ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးကို ဖမ်းသင့်တယ်လို့ ထရမ့်ပြော၊ ထရမ့်ကို အာဏာရှင်လို့ အုပ်ချုပ်ရေးမှူး စွပ်စွဲ

ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင်နယူဆွမ်ကို ဖမ်းဆီးသင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့တဲ့နောက် နယူဆွမ်ကလည်း ထရမ့်ဟာ အာဏာရှင် ဖြစ်လာနေပြီလို့ တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန် အစိုးရက ရွှေ့ပြောင်းအခြေချသူတွေကို ဖြိုခွင်းတဲ့ အစအမံတွေကို အကြောင်းပြုပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျလိစ်မြို့မှာ ပေါ်ပေါက်လာတဲ့ ဆူပူဆန္ဒပြမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ပုံစံနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ ဖက်ဒရယ် အစိုးရနဲ့ နယူဆွမ်ရဲ့ ပြည်နယ် အစိုးရကြားမှာ သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန အေးဂျင့်တွေဟာ လော့စ်အန်ဂျလိစ်ရဲ့ ရပ်ကွက်နှစ်ခုမှာ ပစ်မှတ်ထား စီးနင်းမှုတွေ လုပ်ဆောင်ပြီး ရွှေ့ပြောင်းအခြေချသူ ၄၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ ကိစ္စကို ဆန့်ကျင်သူတွေက ဆန္ဒပြခဲ့ကြရင်း ရဲကားတွေကို မီးရှို့တာ၊ ဆိုင်ခန်းတွေကို လုယက်တာမျိုး ရာဇဝတ်မှုတွေပါ ရောထွေး ဖြစ်ပေါ်ပြီး အခြေအနေတွေ ရှုပ်ထွေးလာပါတယ်။

အဲဒီနောက်မှာတော့ ထရမ့်က နယူဆွမ်ရဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရဟာ တရားဥပဒေ စိုးမိုးမှုကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးလို့ ဝေဖန်ပြီး အမေရိကန် စစ်တပ်ရဲ့ အရန်အင်အားစုလို့ သတ်မှတ်နိုင်တဲ့ ပြည်နယ် အမျိုးသား အစောင့်တပ်တွေကို လော့စ်အန်ဂျလိစ်မှာ ဖြန့်ကျက်စေခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်မှာ ထရမ့်ဟာ နယူဆွမ်ကို ကျော်ပြီး တိုက်ရိုက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စကို နယူဆွမ် အပါအဝင် အမေရိကန် နိုင်ငံအနှံ့က ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ပြည်နယ် အစိုးရတွေက ရှုတ်ချခဲ့ပြီး အာဏာအလွဲသုံးစား ပြုမှုလို့ စွပ်စွဲခဲ့ပါတယ်။ နယူဆွမ်ကလည်း သူ့ရဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရဟာ ထရမ့်နဲ့ ဖက်ဒရယ် အစိုးရကို တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

ကမ့်ဒေးဗစ်မှာ အနားယူပြီး ပြန်လာတဲ့ ထရမ့်ကတော့ ဇွန်လ ၉ ရက်နေ့၊ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ နယ်စပ် အစီအမံ အကြီးအကဲ တွမ်ဟိုမန် အနေနဲ့ သူ့ရဲ့ အစီအစဉ်တွေကို အနှောင့်အယှက် ပေးနေတဲ့ နယူဆွမ်ကို ဖမ်းဆီးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူသာ ဟိုမန်ရဲ့ နေရာမှာဆိုရင် သေချာပေါက် နယူဆွမ်ကို ဖမ်းမှာဖြစ်ကြောင်း၊ ဒီလိုလုပ်တာ ကောင်းတဲ့ကိစ္စလို့ထင်ကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲ နယူဆွမ်ကလည်း လူမှုကွန်ရက် မီဒီယာ Xမှာ ထရမ့်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန် သမ္မတဟာ လက်ရှိ ပြည်နယ် အုပ်ချုပ်ရေးမှူး တစ်ဦးကို ဖမ်းဆီးသင့်တယ်လို့ တောင်းဆိုလိုက်ကြောင်း၊ အမေရိကန် သမိုင်းမှာ ဘယ်တော့မှ ဖြစ်မလာဖို့ မျှော်လင့်ခဲ့တဲ့ ကိစ္စတစ်ခုကို ကြုံလိုက်ရတာ ဖြစ်ကြောင်း၊ ဒီမိုကရက်တစ်ဖြစ်ဖြစ် ရီပတ်ဘလစ်ကန်ဖြစ်ဖြစ် အမေရိကန်မှာ ကျော်လို့မရတဲ့ စည်းတွေရှိကြောင်း၊ အခု ထရမ့်ဟာ အာဏာရှင် စနစ်ဆီ ခြေလှမ်းပြင်နေပြီ ဆိုတာကို ယုံမှားနေစရာ မလိုတော့ကြောင်း နယူဆွမ်က ရေးသားခဲ့ပါတယ်။

ဒါတွေဟာ သမ္မတ တစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘဲ အာဏာရှင် တစ်ဦးရဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့လည်း သူက စွပ်စွဲသွားပါတယ်။

အိမ်ဖြူတော်မှာ ABC သတင်းထောက်က နယူဆွမ်ကို ဘယ်လို ပြစ်ချက်မျိုးအတွက် ဖမ်းဆီးချင်တာလဲလို့ ထရမ့်ကို မေးတဲ့အခါ သမ္မတက သူ့အမြင်မှာတော့ အင်မတန် ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ အလုပ်လုပ်ရင်း ပြည်နယ် အစိုးရကို ဦးဆောင်နေတာကတင် အဓိကကျတဲ့ ရာဇဝတ်မှုကြီး မြောက်နေပြီ ဖြစ်ကြောင်း ပြန်ဖြေသွားခဲ့ပါတယ်။

ဟိုမန် ကိုယ်တိုင်ကတော့ ထရမ့်ရဲ့ တိုက်တွန်းစကားနဲ့ ပတ်သက်လို့ လက်ရှောင်ချင်တဲ့ သဘောထားမျိုးကို ပြသခဲ့ပြီး နယူဆွမ်ကိုရော၊ လော့စ်အန်ဂျလိစ် မြို့တော်ဝန် ကာရန်ဘေ့စ်ကိုပါ ဖမ်းဆီးဖို့ လောလောဆယ် ဆွေးနွေးနေတာမျိုး ဘာမှ မရှိပါဘူးလို့ ပြောကြားထားပါတယ်။ နယူဆွမ်ရော၊ ဘေ့စ်ပါ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင်တွေ ဖြစ်ကြပါတယ်။

ဒါပေမဲ့ ဟိုမန်က နယူဆွမ်ကို လုံးဝ မဖမ်းပါဘူးလို့လည်း အပြတ်မပြောခဲ့ဘဲ ဥပဒေရဲ့ အထက်မှာတော့ ဘယ်သူမှ မရှိကြောင်းပဲ သတင်းထောက်တွေကို မတင်မကျ မှတ်ချက်ပေးခဲ့ပါတယ်။ တစ်ယောက်ယောက်က စည်းကျော်ပြီး ရာဇဝတ်မှု ကျူးလွန်ရင်တော့ အဖမ်းခံရမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ လောလောဆယ်တော့ နယူဆွမ်ကို ဖမ်းဖို့ ဘာဆွေးနွေးမှုမှ ရှိမနေကြောင်း သူက ဆိုပါတယ်။ အမေရိကန်မှာ ဆန္ဒပြခွင့်ရှိကြောင်း၊ ဖွဲ့စည်းပုံ ဥပဒေပါ အခွင့်အရေးတွေကို ခံစားပိုင်ခွင့် ရှိကြောင်း၊ ဒါပေမဲ့ စည်းကျော်ရင်၊ ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးရင်တော့ ဖမ်းဆီးအရေးယူတာ ခံရမှာဖြစ်ကြောင်းလည်း သူက လော့စ်အန်ဂျလိစ် ဆန္ဒပြမှုတွေကို ရည်ညွှန်းပြီး သတိပေးသွားခဲ့ပါတယ်။

နယူဆွမ်ကတော့ ဟိုမန် အနေနဲ့ သူ့ကို တကယ်ပဲ ဖမ်းချင်တယ်ဆိုရင် သူဘယ်မှာ ရှိနေတယ် ဆိုတာကို သိထားမှာဖြစ်လို့ အချိန်မရွေး လာနိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။

ကိုးကား: ABC
🤣36👍138🥰2👏2🤮1
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/becomesupporter/LuduNwayOo/
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗫 - https://x.com/LuduNwayOo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 – https://t.me/communityfactchecking

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
🤮19👍64
😁32👍102👏2🤮2
လော့စ်အန်ဂျလိစ် ဆန္ဒပြပွဲတွေကို တုံ့ပြန်ဖို့ မရိန်းတပ်တွေကိုပါ ထရမ့် ပထမဆုံးအကြိမ် စေလွှတ်

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျလိစ်မြို့က ဆူပူ ဆန္ဒပြမှုတွေကို တုံ့ပြန် ကိုင်တွယ်ဖို့အတွက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေကိုပါ ဖြန့်ကျက်အသုံးပြုဖို့ သမ္မ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လော့စ်အန်ဂျလိစ်မှာ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် အေးဂျင့်တွေက တရားမဝင် ရွှေ့ပြောင်း အခြေချ နိုင်ငံခြားသားတွေကို ဝင်ရောက် ဖမ်းဆီးခဲ့တာကို ဆန္ဒပြကြရာက နောက်ဆက်တွဲ အဓိကရုဏ်း အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။

ထရမ့်က ချက်ချင်းဆိုသလို အမေရိကန် စစ်တပ်ရဲ့ အရန်တပ်ဖြစ်တဲ့ အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၂၀၀၀ လောက်ကို လော့စ်အန်ဂျလိစ်ဆီ စေလွှတ်ပြီး ဖက်ဒရယ် အစိုးရရဲ့ အဆောက်အအုံတွေကို ကာကွယ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဇွန်လ ၉ ရက်နေ့မှာတော့ ထရမ့်က နောက်ထပ် အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၂၀၀၀ နဲ့ အမေရိကန်ရဲ့ မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ကိုပါ လော့စ်အန်ဂျလိစ်ကို သွားရောက်ကြဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ထရမ့်ဟာ တရားဥပဒေ ပြန်လည်စိုးမိုးရေးဆိုတဲ့ အကြောင်းပြချက်အောက်မှာ အမေရိကန်ရဲ့ တင်းပြည့်ကျပ်ပြည့် စစ်တပ်တွေကိုပါ လူနေဧရိယာတွေထဲ ဖြန့်ကျက်ဖို့ ပြင်ဆင်လာတဲ့ အဓိပ္ပါယ်ပါပဲ။

ထရမ့်ဟာ လော့စ်အန်ဂျလိစ်မှာ တပ်တွေဖြန့်ကျက်တဲ့ အမိန့်ကို ကယ်လီဖိုးနီးယားပြည်နယ် အစိုးရနဲ့ မညှိနှိုင်းဘဲ တိုက်ရိုက် ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အဲဒီအတွက် သူနဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်ကြားမှာ တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။

နယူဆွမ်က ထရမ့်ရဲ့ လုပ်ရပ်အတွက် ဖက်ဒရယ် အစိုးရကို တရားစွဲမယ်လို့ ပြောထားပြီး ထရမ့်ကတော့ ရွှေ့ပြောင်း အခြေချမှုတွေကို ဖြိုခွင်းတဲ့ကိစ္စမှာ အနှောင့်အယှက် ပေးနေတဲ့ နယူဆွမ်ဟာ အဖမ်းခံရသင့်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။

လော့စ်အန်ဂျလိစ်မှာတော့ ရွှေ့ပြောင်း အခြေချသူတွေရဲ့ အခွင့်အရေးအတွက် တောင်းဆိုတဲ့ ဆန္ဒပြမှု အများစုဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိပေမယ့် တချို့နေရာတွေမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ကိုယ်ထိလက်ရောက် ပဋိပက္ခတွေ ဖြစ်တာ၊ ရဲကားတွေကို မီးတင်ရှို့တာ၊ ဆိုင်ခန်းတွေကို လုယက်တာမျိုး မင်းမဲ့စရိုက်ဆန်ဆန် အခြေအနေတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ထရမ့်ကတော့ ဒီကိစ္စတွေ အားလုံးဟာ နယူဆွမ်ရဲ့ ပြည်နယ် အစိုးရ ညံ့ဖျင်းမှုကြောင့်လို့ စွပ်စွဲပြီး ကယ်လီဖိုးနီးယားမှာ တရားဥပဒေ ပြန်လည် စိုးမိုးဖို့ လုပ်သင့်တာ မှန်သမျှ လုပ်မယ်လို့ ကြုံးဝါးထားပါတယ်။ သိပ်မကြာခင်မှာပဲ သူက မရိန်းတပ်ဖွဲ့ဝင်တွေကိုပါ လော့စ်အန်ဂျလိစ်ဆီ စေလွှတ်လိုက်တာလည်း ဖြစ်ပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီ အားကောင်းတဲ့ ဒေသဖြစ်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်ရော၊ လော့စ်အန်ဂျလိစ် မြို့မှာပါ အမျိုးသား အစောင့်တပ်ဖွဲ့တွေနဲ့ မရိန်းတပ်သားတွေ စေလွှတ်တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်က လူကြိုက်မများပါဘူး။ လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့ အကြီးအကဲ ဂျင်မ်မက်ဒေါနဲလ်ကလည်း ရဲတပ်ဖွဲ့ဟာ လက်ရှိ အခြေအနေတွေကို ကိုယ်ပိုင် အစွမ်းအစနဲ့ ကောင်းကောင်း ထိန်းသိမ်း ကိုင်တွယ်နိုင်တယ်လို့ ယုံကြည်ထားကြောင်း ပြောပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူး နယူဆွမ်က လက်ရှိ ကြုံနေတဲ့ စိန်ခေါ်မှုတွေမှာ စစ်သားတွေကို ခေါ်သွင်းလာတဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ အရမ်း ပေါ့ပျက်ပျက်နိုင်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ ရဲတွေအပါအဝင် လုံခြုံရေး အရာရှိတွေအပေါ် စော်ကားတဲ့ အဓိပ္ပါယ် ဖြစ်နေကြောင်း ဝေဖန်သွားပါတယ်။

ကိုးကား: AP

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/becomesupporter/LuduNwayOo/
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗫 - https://x.com/LuduNwayOo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 – https://t.me/communityfactchecking

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
🤣297👎5👍2👏2😡2
🔥236👎6
ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန် သတ်မှတ်ရေပြင်မှာ တရုတ်လေယာဉ်တင်သင်္ဘော ဖြတ်သန်း

ဂျပန်က သီးသန့်စီးပွားရေးဇုန် (EEZ)အဖြစ် သတ်မှတ်ထားရာ ရေပြင်ထဲကို တရုတ်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်တစ်ခု ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ်ရေတပ်ရဲ့ လျောင်နင်း လေယာဉ်တင် သင်္ဘောနဲ့ အခြံအရံ ရေယာဉ်တွေဟာ ဂျပန် ရေပိုင်နက် အလွန်က EEZ သတ်မှတ် ရေပြင်ထဲ ဝင်ရောက်ခဲ့ပြီး အဲဒီနောက်မှာတော့ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုအတွက် ပြန်လည် ထွက်ခွာသွားတယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

လျောင်နင်းနဲ့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော နှစ်စီးလည်း ပါဝင်တဲ့ ရေတပ်ဖွဲ့ဟာ တိုက်လေယာဉ်တွေကိုပါ အသုံးပြုတဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ပစိဖိတ် သမုဒ္ဒရာ ရေပြင်မှာ ပြုလုပ်ခဲ့တယ်လို့ ဂျပန်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ် သင်္ဘောတွေဟာ ဂျပန်နိုင်ငံ အရှေ့ဖက်စွန်းမှာရှိတဲ့ မီနာမီတိုရီ ကျွန်းရဲ့ အနောက်တောင်ပိုင် ကီလိုမီတာ ၃၀၀ အကွာ၊ ဂျပန်ရဲ့ EEZ သတ်မှတ်ရေပြင်မှာ ဖြတ်သန်း ခုတ်မောင်းခဲ့တာပါ။ EEZ ဆိုတာဟာ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ရေပြင်ဇုန်သာဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု ရေပိုင်နက်တော့ မဟုတ်ပါဘူး။ တရုတ် လေယာဉ်တင် သင်္ဘောတစ်စီးက ဂျပန်ရဲ့ EEZကို ဖြတ်သန်းခဲ့တာကတော့ အခုတစ်ကြိမ် ပထမဆုံး ဖြစ်လာပါတယ်။

ဂျပန်ရေတပ်ဟာ လေယာဉ်တင် သင်္ဘောတွေကို ကမ်းခြေနဲ့ အရမ်းဝေးကွာတဲ့ ပင်လယ်သမုဒ္ဒရာ အလယ်ထိ သွားရောက်ပြီး စစ်ဆင်ရေးတွေ တာဝန်ယူနိုင်အောင် ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရဟာ တရုတ်ဆီကို သင့်လျော်တဲ့ အသိပေး အကြောင်းကြားမှုတစ်ခု လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီမာဆာ ဟာယာရှီက ဆိုပါတယ်။ ဒါပေမဲ့ သူက ဂျပန်ဟာ တရုတ်ကို တရားဝင် ကန့်ကွက်စာ ပို့ခဲ့တာလား ဆိုတာမျိုးတော့ ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။

EEZကို တရုတ်ရေတပ် သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းခဲ့ချိန်တုန်းက ဂျပန် ပြည်စောင့်တပ်ရဲ့ ရေတပ်ဖွဲ့ကလည်း စစ်သင်္ဘော ဟာဂူရိုကို စေလွှတ်ပြီး အခြေအနေကို စောင့်ကြည့်စေခဲ့တယ်လို့ သိရပါတယ်။

လျောင်နင်းဟာ မနှစ်က စက်တင်ဘာလတုန်းကလည်း ထိုင်ဝမ်နိုင်ငံနားက ဂျပန်ပိုင် ကျွန်းနှစ်ခုကြားကနေ ဖြတ်သန်း ခုတ်မောင်းခဲ့ဖူးပြီး အဲဒီလုပ်ရပ်ဟာ လုံးဝ လက်မခံနိုင်စရာ ကိစ္စဖြစ်ပြီး အလေးအနက် စိုးရိမ်ကြောင်း ဂျပန်ဖက်က ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: AFP

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/becomesupporter/LuduNwayOo/
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗫 - https://x.com/LuduNwayOo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 – https://t.me/communityfactchecking

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
🔥297🤬6🥰2👍1👎1