ပုလဲမြို့နယ်၊ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲဆက်လက်ပြင်းထန်
■တော်လှန်ရေးတပ်တွေကစစ်သုံ့ပန်းအချို့ကိုဖမ်းဆီးထားပြီး ၊သေဆုံးစစ်သားနှင့်ပျူအလောင်းများအပုပ်နံ့ထွက်နေရဲဘော်အချို့ပြော
■စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ ၃ ဦးသေဆုံး
ဇွန်၉၊၂၀၂၅၊မေ/People Spring
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ၈ ရက်မြောက်နေ့တိုက်ပွဲဆက်လက်ပြင်းထန် နေပြီး စစ်သား နဲ့ ပျူအချိုကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားပြီး တိုက်ပွဲမှာသေတဲ့ စစ်ကောင်စီတပ်ဖွဲ့တချို့ရဲ့ရုပ်အလောင်းတွေက အပုပ်နံ့တွေထွက်နေပြီလို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။
ကန့်ဒေါင့်ရွာနယ်နယ်မြေရဲစခန်းဟာပုလဲ- ဂန့်ဂေါလမ်းမှာရှိပြီးအရေးပါတဲ့ရဲစခန်းတခုဖြစ်ပါတယ်။
ပုလဲမြို့နယ်က နာမည်ကြီး အင်မထီးပျူစောထီးရွာ နဲ့ ဇီးဖြူကုန်းရွာတို့နဲ့လည်း ၄မိုင်ပတ်လည်လောက်သာ ဝေးပြီး အဲဒီပျူရွာတွေကို ထောက်ပံ့ပေးထားတဲ့ရဲစခန်းဖြစ်တယ်လို့သိရပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဦး ဆောင်ပြီးတော့တော်လှန်ရေးတပ်တွေကပူးပေါင်းပြီး စစ်သား၊ ရဲ နဲ့ ပျူတွေ စခန်းထိုင်ထားတဲ့ကန့်
ဒေါင့်ရွာနယ်မြေရဲစခန်းကို ဇွန်လ၂ရက် နေ့က တိုက်ခိုက် နေတာလို့သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ကအရာရှိအချို့ကို ဖမ်းမိထားကြောင်း သတင်းရရှိပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေက အတည်ပြုချက်မပေးသေးပါဘူး။ ဒါပေမယ့် အင်မထီးရွာကနေ စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးခဲ့သလို အရှင် ၅ ဦးမိထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက အတည်ပြုချက်ပေးပါတယ်။
"အလောင်းတွေတောင်ပြန်ဆွဲမသွားနိုင်ဘူး။ လမ်းပေါ်မှာအတိုင်းရှိနေသေးတယ်။ လေကြောင်းကနေလည်းတောက်လျှောက်ပစ်နေတယ်"ဟု ဖြတ်တောက်တားဆီးရေးတာဝန်ယူထားတဲ့ ကာကွယ်
ရေးတပ်ဖွဲ့မှရဲဘော်တစ်ဦးကပြောပါတယ်။
ကမ်းဒေါင့်စခန်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ပြီး စခန်းထဲမှာ သေဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကအပုပ်နံ့တွေထွက်ပေါ်နေပြီလို့ သိရပါတယ်။
တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီက ရဟတ်
ယာဉ်နဲ့ ၇ ကြိမ်လေကြောင်းကနေ စစ်ကူပို့ထားတယ်လို့ သိရပါတယ်။
"ဒီနေ့ (ဇွန်၉ )အထိဆက်တိုက်နေကြတုန်းပါ။လေ
ယာဉ်ကအရင်ရက် တွေကလို ဆက်တိုက် တော့မလာ တော့ဘူး။Y12နဲ့ ဂျက်ဖိုက်တာမနေ့ကတလှည့်စီ လာပစ်တာ တော့ရှိတယ်"လို့ တော်လှန်
ရေး တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
တိုက်ပွဲစဖြစ်တဲ့ နေ့ကစပြီး ကန့်ဒေါင့်ကျေးရွာပတ်လည်နဲ့ ကန့်ဒေါင့် နဲ့ အင်မထီးပျူ စောထီးရွာကြားထဲကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဇွန်လ၆ရက်နေ့ကတိုက်ပွဲနဲ့ဝေးတဲ့ မင်းတိုင်ပင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသား၁ ဦး သေဆုံးခဲ့ပါတယ်။ဒါအပြင်ဇွန်လ၇ ရက်နေ့ ညပိုင်းကလေ ကြောင်းတိုက်ခိုက်မှုမှာလည်း ကြက်ရင်းရွာက အသက်၆၅နှစ်အရွယ် အမျိုးသမီး၁ ဦး နဲ့ ပိတောက်ကုန်း ကျေးရွာက ၆၀ကျော်အရွယ် အမျိုးသမီး၁ဦး စုစု ပေါင်း ၃ဦး သေဆုံးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခဲတချို့ကပြောပါတယ်။

👍64❤22👏8👎1🔥1
သေဘောဘိုးစခန်းသိမ်းတိုက်ပွဲ ထိုင်းဘက်ထွက်
ပြေးတဲ့ ဗျူဟာမှူးနဲ့အဖွဲ့ မြဝတီမြို့စောင့်တပ်ထဲ ပြန်ရောက်နေ
■ထိုင်းဘက်ထွက်ပြေးပြီး ၂၇၅ထဲ ပြန်စုဖွဲ့နေတဲ့ စစ်သား ၆၀၀လောက်ရှိနေဟုဆို
ဇွန် ၉၊ ၂၀၂၅။ကိုဘီဂျီ/People's Spring
မြန်မာ−ထိုင်းနယ်စပ်က သေဘောဘိုးတပ်စခန်းသိမ်းတိုက်ပွဲကနေ ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၇၀ဟာ မြဝတီမြို့က မြို့စောင့်တပ်အဖြစ်ရှိနေတဲ့ ခလရ(၂၇၅)တပ်ရင်းထဲ ပြန်ရောက်ပြီး စုဖွဲ့မှုလုပ်နေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
နယ်စပ်ဒေသမှာရှိတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတဲ့အခါ စစ်ကောင်စီတပ်သားတွေက အလွယ်
တကူပဲ ထိုင်းနိုင်ငံထဲကို ပြေးဝင်နေကြပါ။ ထိုင်းစစ်တပ်က ထိန်းသိမ်းပြီး ရက်တပတ်ကြာတဲ့အခါ သူတို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးနေတာပါ။
အခုဆိုမြဝတီမြို့က ၂၇၅တပ်ရင်းထဲမှာ ၆၀၀
လောက်အထိ စုဝေးရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
"သူတို့ကို ဘယ်လိုနာမည်ပေးရမလဲ။ ထိုင်းပြန်စစ်သားတွေလား။ သေမှာကြောက်လို့ ထွက်ပြေးတဲ့ နိုင်ငံခြားပြန် စစ်သားတွေလားပေါ့။ အခုဆို ၆၀၀ လောက်ရှိနေပြီ။ သေဘောဘိုးကအဖွဲ့က မနေ့က ပြန်ဝင်လာတယ်လို့ သိရတယ်"လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ရက် ညနေပိုင်းက မြန်မာ − ထိုင်း နယ်စပ်မျဉ်းအနီးက သေဘောဘိုးတပ်စခန်းသိမ်း
ပိုက်တိုက်ခိုက်မှုမှာစစ်ကောင်စီရဲ့တပ်မ(၄၄)လက်
အောက်ခံ အမှတ်(၃)စစ်ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၇၀ဟာ ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးသွားခဲ့တာပါ။ အဲဒီအဖွဲ့က ဇွန်လ ၈ရက်မှာ ၂၇၅တပ်ရင်းထဲကို ပြန်လည်ဝင်ရောက်လာတာလို့ ဆိုပါတယ်။ အဲဒီထဲမှာ ဒဏ်ရာရသူ ၉ဦးပါတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
"စုဖွဲ့မှုလုပ်ပြီး စစ်ကြောင်းပြန်ထိုးနိုင်တယ်။ ဒါပေမယ့် အားလုံးကအကောင်းတွေမဟုတ်ဘူး။ အ
ကျိုးနဲ့ ဒဏ်ရာရတာတွေကလည်း ရှိသေးတယ်။ သူတို့ထိုးလည်း ထိုးပေါ့။ဟိုက ဗိုလ်ဒါဘောက စောင့်နေတာ။သူလည်း သိတာပေါ့"လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်
သားတွေကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ အမှတ်(၄)စစ်ဒေသမှူး ဗိုလ်မှူကြီးမုတ်သုန် ထိန်း
ချုပ်မှုအောက်က နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့ (၁၆)ဂိတ်ကနေ ပြန်ပို့ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေ စခန်းသိမ်းတိုက်ပွဲတွေကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးပြီး ပြန်ပို့တာတွေလုပ်ရင် အဲဒီ (၁၆)ဂိတ်ကနေပဲ ပြန်ပို့နေတာလို့ ဆိုပါတယ်။
မြန်မာ-ထိုင်းနယ်စပ်က ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲကနေ ထိုင်းနိုင်ငံထဲကိုထွက်ပြေးသွားတဲ့စစ်သား ၆၂ဦးကို မေလ ၂၈ရက်မှာ နယ်စပ်ဂိတ်ဖြစ်တဲ့ (၁၆)ဂိတ်ကနေ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ
(၂၇၅)တပ်ရင်းထဲကို ပြန်ပို့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ရက်က ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းသိမ်း တိုက်ပွဲကနေ စစ်ကောင်စီတပ်သား ၆၂ဦးဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့တာပါ။ ထွက်ပြေးပြီး ငါးရက်အကြာမှာဘဲ ထိုင်းစစ်တပ်က (၁၆)ဂိတ်ကနေ ပြန်ပို့ခဲ့တာလို့ ဆိုပါတယ်။
မေလ ၂၇ရက်မှာလည်း စစ်ကောင်စီတပ်သား ၆၂ဦးဟာ ထိုင်းနိုင်ငံအတွင်းကနေဖြတ်ပြီး သေဘောဘိုးဗျူဟာတပ်စခန်းကိုစစ်ကူလာခဲ့ပါတယ်။
အဲဒီ စစ်ကောင်စီတပ်သား ၆၂ဦးကိုလည်း တော်
လှန်ရေးပူးပေါင်းတပ်တွေက မေလ ၂၈ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ ၂၈ဦးက ထိုင်းနိုင်ငံထဲကို ပြန်လည်ထွက်ပြေးခဲ့ပါသေးတယ်။
ဒါ့အပြင်မေလ ၂၈ရက် ညဦးပိုင်းမှာလည်း နယ်စပ်က ဝေါ်လေမြို့နားက ကနဲလေးစစ်ကေင်စီတပ်စခန်း တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်း
ပိုက်ရာမှာလည်း စစ်ကောင်စီတပ်သား ၅၂ဦးဟာ ထိုင်းနိုင်ငံထဲကို ထပ်မံထွက်ပြေးခဲ့ပါသေးတယ်။
နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့က မြို့စောင့်တပ်အဖြစ်ရှိနေတဲ့ ခလရ(၂၇၅)တပ်ရင်းကိုလည်း တော်လှန်ရေးတပ်တွေက အခုရက်ပိုင်းအတွင်းမှာ ပစ်ခတ်တိုက်ခိုက်နေပါတယ်။ မေလ ၃၁ရက် ညပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေက ခလရ(၂၇၅)
တပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
နောက်ပြီး ဇွန်လ ၄ရက်မှာလည်း ဒရုန်းနှစ်စင်းနဲ့ ၂၇၅တပ်ရင်းထဲကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်
(KNDO)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်
(PDF) ရဲဘော်တွေဟာ မြန်မာ − ထိုင်းနယ်စပ်က စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက် တိုက်
ခိုက်သိမ်းပိုက်နေပါတယ်။

🤣55❤16👎6👍4🔥2👏1🖕1
အိန္ဒိယ ကမ်းလွန်မှာ ကုန်တင်သင်္ဘော မီးလောင်၊ မြန်မာအပါအဝင် သင်္ဘောသား ၄ ဦး ပျောက်ဆုံးနေ
အိန္ဒိယ ကမ်းလွန် ပင်လယ်ပြင်မှာ သင်္ဘောတစ်စီး မီးလောင်ပြီး မြန်မာတစ်ဦး အပါအဝင် သင်္ဘောသား ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။
စင်ကာပူ အလံ လွှင့်တင်ထားတဲ့ Wan Hai 503 ကုန်တင် သင်္ဘောဟာ အိန္ဒိယရဲ့ ကီရာလာပြည်နယ်၊ အဇစ်ကဲလ်မြို့ရဲ့ အနောက်တောင်ဖက် ကီလိုမီတာ ၈၀ လောက် အကွာ ပင်လယ်ပြင်မှာ ဇွန်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက မီးစွဲလောင်ခဲ့တာ ဖြစ်ပါတယ်။
ပျောက်ဆုံးနေသူတွေဟာ ထိုင်ဝမ်က ၂ ဦး၊ မြန်မာနဲ့ အင်ဒိုနီးရှားတို့ဆီက ၁ ဦးစီ ဖြစ်တယ်လို့ သိရပါတယ်။ သင်္ဘောပေါ်မှာ စုစုပေါင်း အမှုထမ်း ၂၂ ဦး လိုက်ပါလာခဲ့ပြီး ၁၈ ဦးကိုတော့ ကယ်တင်နိုင်ခဲ့ပြီးပါပြီ။ အဲဒီထဲက ၅ ဦးဟာ ဒဏ်ရာတွေ ရထားခဲ့ပါတယ်။
ရေယာဉ်ကို အသက်ကယ်လှေတွေနဲ့ စွန့်ခွာလာတဲ့ သင်္ဘောသားတွေကို အိန္ဒိယ ရေတပ်သင်္ဘော တစ်စီးက ကယ်တင်ပြီး နယူးမန်ဂလော ဆိပ်ကမ်းဆီ ခေါ်ဆောင်သွားခဲ့ကြောင်း အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။ စင်ကာပူမှာ မှတ်ပုံတင်ထားပေမယ့် သင်္ဘောမှာ စင်ကာပူ နိုင်ငံသားတွေတော့ လိုက်ပါခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
အိန္ဒိယ ရေတပ်က ထုတ်ပြန် ပြသခဲ့တဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေမှာတော့ သင်္ဘောကနေ မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာကို တွေ့ခဲ့ရပါတယ်။ နောက်ပြီး ကုန်းပတ်ပေါ်မှာ ကွန်တိန်နာ တချို့က အဖုံးတွေပွင့်ပြီး ဖရိုဖရဲတွေ ဖြစ်နေခဲ့ပါတယ်။ ကွန်တိန်နာ ၄၀ လောက်ကတော့ ပင်လယ်ထဲ ကျသွားခဲ့ပြီး သင်္ဘောပေါ်မှာ ပေါက်ကွဲမှုတွေလည်း ဆက်တိုက် ဖြစ်ပွားနေခဲ့တယ်လို့ ဆိုပါတယ်။
သင်္ဘောပေါ်မှာ မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကို မသိရသေးသလို ဘယ်လို ကုန်စည်တွေ သယ်ဆောင်လာသလဲ၊ ဘာကြောင့် ပေါက်ကွဲမှုတွေ ဖြစ်နေသလဲ ဆိုတာကိုလည်း အိန္ဒိယ ရေတပ်က မှတ်ချက်မပေးသေးပါဘူး။
အိန္ဒိယ ရေတပ်ရဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကမ်းခြေစောင့်တပ်နဲ့ ဆိပ်ကမ်း အာဏာပိုင်တွေကလည်း ပူးပေါင်း ကူညီပေးနေပါတယ်။ ရေယာဉ်ကို စီမံခန့်ခွဲတဲ့ စင်ကာပူ ရေကြောင်းလိုင်း Wan Hai ကုမ္ပဏီကို CNA သတင်းဌာန ဆက်သွယ် မေးမြန်းထားပေမယ့် လတ်တလော အကြောင်းမပြန်သေးဘူးလို့လည်း သိရပါတယ်။
ကိုးကား: CNA
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/becomesupporter/LuduNwayOo/
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗫 - https://x.com/LuduNwayOo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 – https://t.me/communityfactchecking
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

Facebook
Log in or sign up to view
See posts, photos and more on Facebook.
😢37❤11👍1👎1
ခလရ(၉၈)တပ်ရင်းမှူးနှင့်မိသားစုကို
စစ်ကောင်စီပြန်ဖမ်း
ဇွန်-၉၊၂၀၂၅။ယောနသံ/People's Spring
ဧရာဝတီတိုင်း၊ဖျာပုံမြို့အခြေစိုက် အမှတ်-၉၈
ခြေလျင်တပ်ရင်း(ခလရ၉၈)တပ်ရင်းမှူးနှင့်မိသား
စုဝင်များကို အနောက်တောင်တိုင်စစ်ဌာနချုပ် (နတခ)တိုင်းမှူး၏အမိန့်ဖြင့် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ဖမ်းဆီးလိုက်သည်။
ဇွန်လ ၇ရက်ညက ဖမ်းဆီးခြင်းဖြစ်ပြီး လက်ရှိထိန်းသိမ်းခံရသူများတွင်ခလရ(၉၈)တပ်ရင်းမှူး၏
အသက်၁၄ နှစ်အရွယ်သမီးဖြစ်သူလည်း ပါဝင်သည်ဟု မအူပင်စရဖနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
"အမိန့်ပါလို့ တပ်ရင်းထဲတင် ဝင်ဖမ်းပြီး မအူပင်ဧည့်ရိပ်သာမှာတစ်ညထားတယ်။နောက်နေ့ ပုသိမ် နတခထဲ ခေါ်သွားတယ်"ဟု ၎င်းကပြောသည်။
ဖမ်းဆီးရတဲ့အကြောင်းအရင်းကိုအသေးစိတ်မသိရသေးသော်လည်း ၂၀၂၄ ခုနှစ်အတွင်း ရခိုင်
ပြည်နယ်မှတိုက်ပွဲများနှင့် ဧရာဝတီတိုင်း၊ရေကြည်
၊ ငသိုင်းချောင်းမြို့နယ်တို့တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ၌ ခလရ(၉၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုများပြားနေခြင်း၊စစ်မှုထမ်း
ဥပဒေဖြင့် စစ်သားစုဆောင်းခံရသူများ ရှေ့တန်းမှထွက်ပြေးမှုများပြားနေခြင်းတို့ကြောင့် ဖမ်းဆီးစစ်ဆေးနေခြင်းဟု သတင်းရရှိသည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်က တိုက်ရိုက်အမိန့်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း မအူပင်မြို့နယ်၊ ဌာနဆိုင်ရာအသိုင်းအဝိုင်းမှ သိရသည်။
ခလရ(၉၈)တပ်ရင်းမှူး၏ အမည်နှင့် ဖမ်းဆီးခံရသည့်မိသားစုဝင်အရေအတွက်ကို အသေးစိတ်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။
ဧရာဝတီတိုင်းတွင် လက်ရှိ၌ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်တို့နှင့်ဆက်စပ်နေသောနေရာများ၌ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်များနှင့်စစ်ကောင်စီ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီဘက်တွင်ထိခိုက်သေဆုံးမှုများ
ပြားနေသည်။ ဇွန်လဆန်းကတိုက်ပွဲတွင် မအူပင်မြို့အခြေစိုက် ခလရ(၂၇) တပ်ရင်းမှူးသေဆုံးကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ အဆိုပါသတင်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ပြီးခဲ့တဲ့၂၀၂၄ခုနှစ်နှစ်ကုန်ပိုင်းက ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများစတင်ဖြစ်ပွားနေချိန်၌ စစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်
မှူးကြီးစိုးဝင်းဦးဆောင်သည့် ကြည်းရေလေ ထိပ်ပိုင်းခေါင်းဆောင်များ ပုသိမ်မြို့သို့လာရောက်ပြီး စစ်မှုထမ်းသင်တန်းဆင်းများကို စည်းရုံးရေးဆင်းသွားသည်။ သိက္ခာကျ အောင်မလုပ်ရန်၊ ပေးအပ်သည့်တာဝန်ကိုကျေပြွန်ရန် ပြောဆိုသွားသည်။
စစ်ကောင်စီသည် အချင်းချင်းပြန်လည်ဖမ်းဆီးမှုအဖြစ် တပ်မ(၃၃)၏တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်နှင့်မိသားစုဝင်များကို ပြီးခဲ့သည့်မေလကုန်က ဖမ်းဆီးခဲ့သည်ဟု နေပြည်တော်နှင့် စစ်
ကိုင်းတိုင်းစစ်ရေးသတင်းရင်းမြစ်များကပြော
သည်။

👏53❤28🤣6😁5💯1
ကောလင်းကို စစ်ကောင်စီလေကြောင်းဗုံးကြဲ
ဇွန်-၉၊၂၀၂၅။ကဖေး/People's Spring
ကောလင်းမြို့အရှေ့ပိုင်းကျေးရွာ နှစ်ရွာကို ယနေ့
(ဇွန်လ ၉ရက်)ည ၉နာရီ၂၀မိနစ်၌ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ဗုံးကြဲလေယာဉ်ဆက်
လက် ပျံဝဲနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လေကြောင်းအန္တရာယ်သတိပေးထားသည်။
"ဗုံးကြဲသွားတာကဂျက်ဖိုက်တာနဲ့။ ဗုံးကြဲလေ
ယာဉ်ဆက်ပျံနေတယ်" ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ည ၁၀နာရီခန့်တွင် ပြောသည်။
ယနေ့ည ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြေပြင်ထိခိုက်မှုအခြေအနေကိုမသိရသေးပေ။
ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီက အလွန်အန္တရာယ်များသော Cluster Bompများသုံးပီး တိုက်ခိုက်နေကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)
က သတင်းထုတ်ပြန်ထားသည်။
Cluster Bombကလပ်စတာဗုံးဆိုသည်မှာဗုံးတစ်
လုံးထဲတွင်ဗုံးသီးအသေစား(submunitions)များ ထည့်ထားသည့် ဗုံးအမျိုးအစားဖြစ်သည်။တိကျသည့် ပစ်မှတ်တစ်ခုစီစီကို ချိန်ရွယ်ပစ်ခတ်ခြင်းမဟုတ်ဘဲ ဧရိယာတစ်ခုလုံး ကို ပျံ့နှံ့ပေါက်ကွဲစေသော ဗုံးဖြစ်သည်။
ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာ
ကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ခုနှစ်နိုဝင်ဘာလ ၃ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ဖေဖော်ဝါရီ ၄ရက်နံနက်မှ၍ အင်အားအများအပြားဖြင့် စစ်
ကြောင်းပြန်ထိုးတိုက်ခိုက်ပြီး လေကြာင်းပစ်ကူများစွာပေးကာ မြို့ပေါ်ရပ်ကွက်များ၌ ပြန်လည်တပ်စွဲပြီး မြို့ကိုပြန်လည်ထိန်းချုပ်သွားခဲ့သည်။ ထို့နောက် PDF များက မြို့ပြင်ကျေးရွာများကိုထန်းချုပ်ပြီး စစ်တပ်က မြို့ကိုထိန်းချုပ်ထားကာ လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသည်။

🤬47❤10😡5👍1👎1🥰1😢1
စစ်အုပ်စုကို ထောက်ပံ့နေခြင်းအား ရပ်တန့်ပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်ကိုင်းမှာ ဆန္ဒပြ
ဇွန်-၉၊၂၀၂၅။ သုည/People's Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၉)မှာ စစ်အုပ်စုကို ထောက်ပံ့နေခြင်းအား ရပ်တန့်ပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ "Airbus: End investment in AVIC" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ပြည်သူတွေအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်တွေနဲ့ မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်တားဆီးပေးရေး၊ လူ့အသက်တွေကနေ အကျိုးအမြတ်ရယူနေပြီး အာဏာသိမ်းစစ်အုပ်စုကို စစ်ပွဲသုံးတိုက်ခိုက်ရေးပစ္စည်း ထောက်ပံ့ကူညီနေခြင်းကို ရပ်တန့်ပေးရေး လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း သပိတ်အင်အားစုက ဆိုပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းဟာ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း "ပြည်သူ့အားမာန် သပိတ်စစ်ကြောင်း" က အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ဒေသခံပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

❤47👎4👍1🔥1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို အခြေခံပြီး အစိုးရဖွဲ့ဖို့ တအာင်းပြည်ကောင်စီ-TLC ဖွဲ့စည်း
တအာင်းပြည်ကောင်စီ -TLCကို ဖွဲ့စည်းလိုက်ကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC က ဒီနေ့ ကြေညာလိုက်ပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ဒီနှစ်အတွင်း အမြန်ဆုံး ဖွဲ့စည်းသွားမယ်လို့ အသိပေးပါတယ်။ တအာင်းအမျိုးသားပါတီ-TNP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA နဲ့ တအာင်းအရပ်ဘက်အစုအဖွဲ့တွေ ပါဝင်တဲ့ TPCC တို့ရဲ့ နိုင်ငံရေးထိပ်သီးအစည်းအဝေးကို ဇွန်လ ၁ရက်ကနေ ၃ရက်အထိ ကျင်းပခဲ့ပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ တအာင်းပြည်ကောင်စီ Ta'ang Land Council-TLC ကို တော်လှန်ရေးကာလမှာ တအာင်းပြည် အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ထုတ်ပြန်အသိပေးပါတယ်။ တဖက်မှာလည်း TPCC ဟာ တော်လှန်းရေးကာလအတွင်း မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက် လက်တွဲလုပ်ဆောင်သွားမယ်လို့ အသိပေးပါတယ်။
◾️စစ်ကောင်စီ ပြုတ်ကျရေး စုပေါင်း အလုပ်လုပ်ဖို့ တအာင်းအတိုင်ပင်ခံကောင်စီ TPCC တိုက်တွန်း
စစ်ကောင်စီပြုတ်ကျရေးအတွက် တော်လှန်ရေးအင်အားစုများ ဟန်ချက်ညီညီ စုပေါင်းအင်အား၊ စုပေါင်းခေါင်းဆောင်မှုဖြင့် စုပေါင်းပြီး အလုပ်လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ်က ပြောပါတယ်။ လက်ရှိ ကာလဟာ တော်လှန်ရေးရဲ့ အမြင့်ဆုံး ရေချိန်အမှတ်ကို ရောက်ရှိနေချိန်ဖြစ်တယ်လို့လည်း TPCC ပြောရေးဆိုခွင့်ရှိသူ မိုင်းနိုင်ဂေါင်ဇာရ်က ဆိုပါတယ်။ တဖက်မှာ လည်း စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေချိန်ဖြစ်လို့ ပြည်သူများအနေနဲ့လည်း နိုင်ရာဝန်ကို ထမ်းပြီး တော်လှန်ဖို့ လိုအပ်ကြောင်း သူက တိုက်တွန်းသည်။
◾️ခလရ(၉၈)တပ်ရင်းမှူးနဲ့ မိသားစုကို စစ်ကောင်စီပြန်ဖမ်း
ဧရာဝတီတိုင်း၊ ဖျာပုံမြို့အခြေစိုက် အမှတ်-၉၈ ခြေလျင်တပ်ရင်း(ခလရ၉၈)တပ်ရင်းမှူးနဲ့ မိသားစုဝင်များကို အနောက်တောင်တိုင်စစ်ဌာနချုပ် (နတခ)တိုင်းမှူးရဲ့ အမိန့်ဖြင့် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ဖမ်းဆီးလိုက်ပါတယ်။ဇွန်လ ၇ရက် ညပိုင်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိထိန်းသိမ်းခံရသူတွေထဲ ခလရ(၉၈)တပ်ရင်းမှူးရဲ့ အသက်၁၄ နှစ်အရွယ် သမီးဖြစ်သူလည်း ပါဝင်တယ်လို့ မအူပင်စရဖနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့အကြောင်းအရင်းကို အသေးစိတ်မသိရသေးပေမယ့် ၂၀၂၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ်က တိုက်ပွဲများနဲ့ ဧရာဝတီတိုင်း၊ ရေကြည်၊ ငသိုင်းချောင်းမြို့နယ်တို့မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ခလရ(၉၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုများပြားနေခြင်း၊ စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသူများ ရှေ့တန်းကနေ ထွက်ပြေးမှု များပြားနေခြင်းတို့ကြောင့် ဖမ်းဆီးစစ်ဆေးခံနေရတာလို့ သိရပါတယ်။
◾️ကရင်နဲ့မွန်အစပ်က ပိုင်ရပ်ကျေးရွာ ဗုံးကြဲခံရပြီး ကလေးတွေအပါအဝင် ၅ဦးသေဆုံး
ကရင်နဲ့မွန်အစပ်မှာရှိတဲ့ ပိုင်ရပ်ကျေးရွာကို ဒီနေ့ နေ့ခင်းပိုင်း ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲတာကြောင့် ကလေး ၃ဦးအပါအဝင် အရပ်သား ၅ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကသိရပါတယ်။ ကော့ကရိတ်မြို့နယ်ထဲမှာ ရှိတဲ့ ပိုင်ရပ်ကျေးရွာ ဗုံးကြဲခံရမှုမှာ ကလေးငယ်တွေကို စာသင်ကြားပေးနေတဲ့ နေအိမ်နား ဗုံးကျရောက်ပြီး ကလေး ၃ဦးနဲ့ သက်ကြီးပိုင်း တစ်ဦး စုစုပေါင်း ၄ ဦး နေရာမှာတင် သေဆုံးခဲ့ရတာပါ။ ဒါ့အပြင် ကလေး ၁၁ဦးနဲ့ ဆရာမ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံ ပို့ဆောင်ချိန်မှာပဲ ဒဏ်ရာပြင်းထန်တဲ့ ဆရာမ ထပ်မံ ဆုံးပါးသွားတာလို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။ ဗုံးကျရောက် ပေါက်ကွဲတဲ့ နေအိမ်ဟာ ကိုယ်ထူကိုယ်ထကျောင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲခံရတာလို့သိရပါတယ်။
◾️သေဘောဘိုးစခန်းသိမ်းတိုက်ပွဲ ထိုင်းဘက် ထွက်ပြေးတဲ့ ဗျူဟာမှူးနဲ့အဖွဲ့ မြဝတီမြို့စောင့်တပ်ထဲ ပြန်ရောက်နေ

❤23💩12👍10🔥1
မြန်မာ−ထိုင်းနယ်စပ်က သေဘောဘိုးတပ်စခန်းသိမ်းတိုက်ပွဲကနေ ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၇၀ဟာ မြဝတီမြို့က မြို့စောင့်တပ်အဖြစ်ရှိနေတဲ့ ခလရ(၂၇၅)တပ်ရင်းထဲ ပြန်ရောက်ပြီး စုဖွဲ့မှုလုပ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နယ်စပ်ဒေသမှာရှိတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတဲ့အခါ စစ်ကောင်စီတပ်သားတွေက အလွယ်တကူပဲ ထိုင်းနိုင်ငံထဲကို ပြေးဝင်နေကြတာပါ။ ထိုင်းစစ်တပ်က ထိန်းသိမ်းပြီး ရက်တပတ်ကြာတဲ့အခါ သူတို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးနေတာပါ။ အခုဆိုမြဝတီမြို့က ၂၇၅တပ်ရင်းထဲမှာ ၆၀၀
လောက်အထိ စုဝေးရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
◾️ကောလင်းကို စစ်ကောင်စီလေကြောင်းဗုံးကြဲ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ပိုင်းကျေးရွာ နှစ်ရွာကို ဒီနေ့ ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ဗုံးကြဲလေယာဉ်ဆက်လက် ပျံဝဲနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လေကြောင်းအန္တရာယ်သတိပေးထားပါတယ်။ ဒီနေ့ည ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြေပြင်ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။ ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီက အလွန်အန္တရာယ်များတဲ့ Cluster Bompများသုံးပြီး တိုက်ခိုက်နေကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)က သတင်းထုတ်ပြန်ထားပါတယ်။
◾️ဆီဆိုင်မြို့နယ် ရွာခုနှစ်ရွာက ပြည်သူတွေ မွေတော်ဘုရားဝင်းထဲ ရွှေ့ပြောင်းဖို့ ပအိုဝ်းပြည်သူ့စစ် စေခိုင်း
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ရှိ ရွာ ၇ရွာမှ ပြည်သူခြောက်ထောင်ကျော်ကို ဇွန်လ ၁၅ရက်နေ့ နောက်ဆုံးထား နေရာပြောင်းရွှေ့ဖို့ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်က စာပေးပို့ထားပါတယ်။ ဇွန်လ ၇ရက်က ပအိုဝ်းဘာသာဖြင့် PNOက ကျေးရွာတွေကို စာပို့ခဲ့တာဖြစ်ပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ဖော် အသိပေးလာတာဖြစ်ပါတယ်။ PNO ပြည်သူ့စစ်ရဲ့ စာမှာ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုက တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာနဲ့ တောင်ရှေ့ကျေးရွာအုပ်စုက နောင်ထော်၆ရွာ၊ ကလားလမ်ရွာတို့က ဒေသခံတွေကို ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်းထဲကို ဖိအားပေးပြောင်းရွှေ့ခိုင်းထားတာပါ။ မပြောင်းရွှေ့ပါက ရွာကနေထွက်သွားရမယ်လို့ ဖော်ပြထားပြီး မထွက်သွားပါက တာဝန်မယူဘူးလို့ PNO ပြည်သူ့စစ်က ခြိမ်းခြောက်ထားပါတယ်။
◾️စဥ့်ကူးမှာ ဆေးရုံဝင်းကို စစ်တပ် ဗုံးကြဲ၊ အမျိုးသမီးတစ်ဦးသေဆုံး
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာရှိ ဆေးရုံဝင်းကို စစ်တပ်က ဒီကနေ့ မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်း ၅ နာရီခွဲခန့်က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းအတွင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးတလုံး ကြဲခဲ့လို့ အမျိုးသမီး တစ်ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် စဉ့်ကူးမြိုနယ် မြောက်ဘက်က သပိတ်ကျင်းမြို့နယ်ကိုလည်း စစ်တပ်က နေ့စဉ်ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
◾️ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ၈ ရက်မြောက်နေ့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်သားနဲ့ ပျူစောထီးအချို့ကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ တိုက်ပွဲမှာသေတဲ့ စစ်ကောင်စီတပ်ဖွဲ့တချို့ရဲ့ရုပ်အလောင်းတွေကလည်း အပုပ်နံ့တွေထွက်နေပြီလို့ ဆိုပါတယ်။ ကန့်ဒေါင့်ရွာနယ်နယ်မြေရဲစခန်းဟာပုလဲ- ဂန့်ဂေါလမ်းမှာရှိပြီးအရေးပါတဲ့ ရဲစခန်းတစ်ခုဖြစ်ပါတယ်။ ပုလဲမြို့နယ်က နာမည်ကြီး အင်မထီးပျူစောထီးရွာနဲ့ ဇီးဖြူကုန်းရွာတို့နဲ့လည်း ၄မိုင်ပတ်လည်လောက်သာ ဝေးပြီး အဲဒီပျူရွာတွေကို ထောက်ပံ့ပေးထားတဲ့ ရဲစခန်းဖြစ်တယ်လို့သိရပါတယ်။
◾️မြန်မာအပါအဝင် ၁၂ နိုင်ငံ ပြည်ဝင်ခွင့် ပိတ်ပင်အမိန့် စတင်အသက်ဝင်

❤22💩9👍2🔥2
မြန်မာ အပါအဝင် ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်လိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ဟာ ဒီနေ့ စတင် အသက်ဝင်လာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ အမိန့်အရ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်လ် ဂီနီယာ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင် နိုင်ငံသားတွေဟာ အမေရိကန်ကို ပြည်ဝင်ခွင့် ပိတ်ပင် ခံရပါတယ်။ နောက်ထပ် နိုင်ငံပေါင်း ၇ ခုဟာလည်း အမေရိကန်က အကန့်အသတ်နဲ့ ဗီဇာ ပိတ်ပင်မှုတွေကို ကြုံခဲ့ရပါတယ်။ မြန်မာ အပါအဝင် ၁၂ နိုင်ငံကို ဗီဇာ ပိတ်တာနဲ့ ပတ်သက်ပြီး ထရမ့်က လုံခြုံရေး စိတ်မချရမှု၊ သတ်မှတ် ဗီဇာ သက်တမ်းထက် ကျော်လွန်တဲ့ overstay နေထိုင်သူတွေ များပြားမှု အစရှိတာတွေကို အကြောင်းပြချက် ပေးခဲ့ပါတယ်။ အိမ်ဖြူတော်က အခု ပိတ်ပင်မှုတွေဟာ အမေရိကန် နိုင်ငံသားတွေကို ပြည်ပ နိုင်ငံသားတွေရဲ့ ခြိမ်းခြောက် အန္တရာယ် ပေးနိုင်ခြေတွေကနေ ကာကွယ်ဖို့အတွက် နည်းမှန်လမ်းမှန် လုပ်ဆောင်မှုလို့ ပြောပါတယ်။
◾️ပအိုဝ်းပြည်သူ့စစ်က ဖယ်ခုံရှိ ကယန်းပြည်သစ်ဂိတ်ကို ဒရုန်းဖြင့်ဗုံးကြဲ
စစ်ကောင်စီလက်အောက်ခံ PNO/PNA ပအိုဝ်း ပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့နယ်ရှိ ကယန်းပြည်သစ်ဂိတ်ကို ဒီနေ့ မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကယန်းပြည်သစ်ရဲဘော်သုံးဦးဒဏ်ရရှိခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်နဲ့ အပစ်ခတ်ရပ်ထားတဲ့ ကယန်းပြည်သစ်ပါတီ/ကယန်းပြည်သစ်တပ်မတော်(KNLP/KNLA)ရဲ့ ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ ပအိုးဝ်းပြည်သူ့စစ်တို့ဟာ ပူးတွဲ စစ်ကြောင်းထိုးနေတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
◾️ငါန်းဇွန်မြို့ မြို့သာရဲစခန်းကို တိုက်ခိုက်ရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်
မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်အတွင်းက မြို့သာရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေက မနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြင်းခြံအခြေစိုက် နဂါးနီပြောက်ကျား တပ်ဖွဲ့က ပြောပါတယ်။ မြို့သာရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ နာရီဝက်နီးပါး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှေ့က ဖြတ်သန်းသွားလာသူအချို့ကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးစစ်ဆေးခဲ့တာရှိတယ်လို့ သိရပါတယ်။
◾️ဖားကန့် နေရာအချို့မှာ တိုက်ပွဲဖြစ်နေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း နေရာလေးခုမှာ ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီနဲ့ KIA၊ KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်နေပြီး နေအိမ်ပြင်ပမထွက်ကြဖို့ ဒေသခံတွေက အချင်းချင်းသတိပေးနေကြပါတယ်။ လုံးခင်းကျေးရွာအုပ်စုအတွင်းက နေရာအချို့၊ မဇွပ်ယာန်နဲ့ ဆန်ခါကျေးရွာ၊ ကုဠေမှော်လုပ်ကွက်နေရာတွေမှာ ဒီနေ့ မနက် ၈နာရီခန့်ကစလို့ သေနတ်ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်ကို ပြီးခဲ့တဲ့ မေလ ၂၉ရက်ကစလို့ စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် ဒေသခံတချို့ တိမ်းရှောင်သွားကြပြီး အများစုဟာ ဖားကန့်မှာ နေထိုင်နေဆဲဖြစ်ပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ "Airbus: End investment in AVIC" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ပြည်သူတွေအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်တွေနဲ့ မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်တားဆီးပေးရေး၊ လူ့အသက်တွေကနေ အကျိုးအမြတ်ရယူနေပြီး အာဏာသိမ်းစစ်အုပ်စုကို စစ်ပွဲသုံးတိုက်ခိုက်ရေးပစ္စည်း ထောက်ပံ့ကူညီနေခြင်းကို ရပ်တန့်ပေးရေး လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း သပိတ်အင်အားစုက ဆိုပါတယ်။

👍39❤17🥰6💩4