ဖားကန့် နေရာအချို့၌ တိုက်ပွဲဖြစ်နေဟုဒေသခံများပြော
ဇွန်-၉၊၂၀၂၅။ဇော်ရမ်း/People's Spring
ဖားကန့်မြို့နယ်အတွင်းနေရာလေးခု၌ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် KIA၊ KPDF ပူးပေါင်းတပ်တိုက်ပွဲဖြစ်နေပြီး နေအိမ်ပြင်ပမထွက်ကြရန် ဒေသခံများကအချင်းချင်းသတိပေးနေကြသည်။
လုံးခင်းကျေးရွာအုပ်စုမှ နေရာအချို့၊ မဇွန်ယာန်
နှင့် ဆန်ခါကျေးရွာ၊ ကုဠေမှော်လုပ်ကွက်နေရာများတွင် နံနက် ၈နာရီခန့်မှစ၍ သေနတ်ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
"၈နာရီခန့်မှာ စဖြစ်ပြီး ခဏရပ်တယ်။ နောက်ပြီး ဆက်ပစ်ကြတယ်။ မနက် ၁ဝနာရီခွဲလောက်ကအဆိုးဆုံးဖြစ်တယ်။ လက်နက်ကြီးလက်နက်ငယ်သံတွေကိုဆက်တိုက်ကြားရတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။
ဖားကန့်ကိုမေလ ၂၉ရက်မှစ၍စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် ဒေသခံအချို့ တိမ်း
ရှောင်သွားကြပြီး အများစုသည် ဖားကန့်တွင်နေထိုင်နေဆဲဖြစ်သည်။
"သတိအနေအထားအမြဲရှိနေဖို့ပဲအချင်းချင်းသ
တိပေးနေကြရတယ်။ ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ။ ဘယ်အချိန်ဘာထဖြစ်မယ်ဆိုတာမသိဘူး" ဟု
လုံးခင်းဒေသခံတစ်ဦးကပြောသည်။
မဇွပ်ယာန်ကျေးရွာ၌ ဇွန်လ ၅ရက်မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တိုက်ပွဲငြိမ်သက်နေခဲ့ရာမှ ဇွန် ၉ ရက်တွင်တိုက်ပွဲပြန်ဖြစ်ခြင်းဟု သိရသည်။ထိုအပြင် ယနေ့မနက်ပိုင်းတွင် မော်စီဆာကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးပစ်ခတ်ခံရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ်အတည်ပြု၍မရသေးပေ။
ကာမိုင်း-လုံးခင်း -ဖားကန့်လမ်းအတိုင်းဧပြီလ ၂၃
ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၇ရက်၌ လုံးခင်းယမ်းချက်စက်ရုံသို့ ရောက်ရှိလာပြီးနောက်မေလ ၂၈ရက်မှစ၍ လုံးခင်းပတ်ဝန်းကျင်တွင် စစ်ကြောင်းထိုးစဉ် တိုက်ပွဲဖြစ်ခဲ့သည်။ မေလ ၂၉ရက် နေ့လယ်ပိုင်းတွင် ဖားကန့်သို့ရောက်ရှိလာကာ ဖားကန့်ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးရန်ကြိုးစားခဲ့သည်။ KIA တပ်စွဲထားသည့်နေရာများကိုလည်း ဖယ်ရှားရန် ဖိအားပေးပြီး ကျောက်စိမ်းလုပ်ကွက်အချို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။
ဇွန်လ ၃ရက်ကဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာရှိတင်အောင်ကြိုင်လုပ်ကွက်အမည်ရ ကျောက်
စိမ်းတူးဖော်ရေးလုပ်ကွက်ရှိ ယမ်းဂိုဒေါင်အား စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်ရာပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပြီး လူသုံးဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။
ထို့အပြင်ဇွန်လ ၆ရက်ညကလည်းလုံးခင်းဒေသ ခွန်ဆာကုန်းအနီးရှိ ယမ်းနှင့် ဓါတ်မြေသြဇာဂိုဒေါင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲခဲ့ရာ မြေပြင်၌ယမ်းသိုလှောင်ထားသည့်နေရာပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကလေးသုံးဦးအပါအဝင် ဒေသခံ ၉ဦး သေဆုံးခဲ့သည်။
ဇွန် ၉ ရက်မနက်အစောပိုင်းတွင်လည်းဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသနမ့်မှော်အုပ်စု မှောလကင်းရွာတွင်ယမ်းအိတ်များတင်ထားသည့်ကားသုံးစီးကို စစ်ကောင်စီက ဒရုန်းဗုံးကြဲ၍ မီးလောင်ပျက်စီးခဲ့သည်။
လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရအရပ်
သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄
နာရီအတွင်း ပြင်ပသို့မထွက်ရန် KIA၊PDF ပူး
ပေါင်းတပ်က သတိပေးထားသည်။

👍63❤18🔥3👏3🥰1
PNO/PNA ပြည်သူ့စစ်ကဖယ်ခုံရှိ ကယန်းပြည်သစ်ဂိတ်ကို ဒရုန်းဖြင့်ဗုံးကြဲ ရဲဘော်၃ ဦးဒဏ်ရာရ
ဇွန်-၉၊၂၀၂၅။ရဲခေါင်/People's Spring
စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့
စစ်ကရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့နယ်ရှိ ကယန်းပြည်သစ်ဂိတ်ကို ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့်ဗုံးကြဲသဖြင့် ကယန်းပြည်သစ်ရဲဘော်သုံးဦးဒဏ်ရရှိခဲ့ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များကပြောသည်။
စစ်တပ် နှင့် အပစ်အခတ်ရပ်ထားသည့် ကယန်း
ပြည်သစ်ပါတီ / ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA)၏ ဂိတ်စခန်းကို ဇွန်လ ၉ ရက် နံနက်၁၁နာရီဝန်းကျင်ကဗုံးကြဲခံရခြင်းဖြစ်သည်။
"ဆောင်နန်းခဲကကယန်းပြည်သစ်ဂိတ်မှာဖြစ်တာ။ဖယ်ခုံ ပေါ့။ကယန်းပြည်သစ်ရဲဘော် ၃ဦးအပြင်း အထန်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့အခြေနေရှိတယ်လို့ သိရတယ်"ဟု ရှမ်းပြည်တောင်ပိုင်းမှ စစ်ရေးသတင်းရင်း မြစ်တဦးကပြောသည်။
သီး ခြားသတင်းရင်းမြစ်တစ်ဦးကလည်း "စကစ နဲ့ PNO ပူးတွဲ ပြီး စစ်ကြောင်းထိုးနေတာ"ဟု ဗုံးကြဲခံရသည့် ကျေးရွာ နှင့် ဖယ်ခုံအင်းအရှေ့ခြမ်း အခြေ
အနေ ကို ပြောသည်။
မေလ ၁၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ နှင့် ညောင်ရွှေမြို့နယ် အစပ်ရှိ စန့်လိတ်ကျေးရွာအနီးမှ ကယန်းပြည်သစ်ဂိတ်ကို PNO ပြည်သူ့စစ်က ဗုံးကြဲခဲ့သေးပြီး ကယန်းပြည်သစ်ရဲဘော်အချို့ဒဏ်ရာရရှိခဲ့သည်။
ဇွန် ၉ ရက်တွင် စစ်ဆေးရေးဂိတ်ဒရုန်းဖြင့် ဗုံးကြဲခံရမှုကို ကယန်းပြည်သစ်ဗဟိုကော်မတီသို့ဆက်သွယ် မေးမြန်းရန်ကြိုးပမ်းသော်လည်း ဆက်သွယ်မရသေးပေ။
၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်ကလည်း မိုးဗြဲ မြို့အနောက်ဘက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံးကျဲချကာ တိုက်ခိုက်ခံရဖူးသည်။သို့သော် ထိခိုက်မှုအသေးစိတ်ကို KNLP က ထုတ်ပြန်ခြင်းမလုပ်ခဲ့ပေ။
ထို့အပြင် ယခုနှစ် ဧပြီ ၁၀ရက်က ကယန်းအမျိုး
သားနေ့ ကျင်းပသည့် သိကျိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့သည်။
စစ်အာဏာရှင်စနစ်အပြီးသတ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးအတွက် မိတ်ဖက်ဒီမိုကရေစီအင်အားစု များ၊ မဟာမိတ်တိုင်းရင်းသားလက်
နက်ကိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဇွန်လ ၄ ရက်နေ့က ၆၁ နှစ်ပြည့်ကယန်းအမျိုး
သား လက်နက်ကိုင်တော် လှန်ရေးနေ့တွင် ကယန်းပြည်သစ်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မြားနိုက ပြောထားသည်။
(ကယန်းပြည်သစ်ပါတီ (KNLA)တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNLP)

👍56❤16😡9🥰3👎2🤣2🔥1😢1
တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီကို ထောက်ခံ ကူညီနေမှုများ ရပ်တန့်ရန် ၊ မြန်မာ့အရေးဝင်မစွက်ရန်ဂျပန်နိုင်ငံရှိ မြို့ကြီးများ၌ ဆန္ဒထုတ်ဖော်
ဇွန်-၉၊၂၀၂၅။တေဇ/People's Spring
ပြည်သူများအပေါ် အကြမ်းဖက်မှုများလုပ်နေသည့် စစ်ကောင်စီကိုထောက်ခံကာ မြန်မာပြည်
တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရ၏ လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် နှင့် စစ်ကောင်စီကို ကူညီအားပေးနေခြင်းကိုကန့်
ကွက်ကြောင်းဂျပန်ရောက်မြန်မာများကချီတတ်ဆန္ဒပြခဲ့သည်။
ဇွန် ၈ ရက်က ဂျပန်နိုင်ငံရှိတိုကျို ၊အိုဆာကာ၊နာဂိုယာ ၊ရှီဇူအိုကာစသည့်မြို့ကြီးများ၌တပြိုင်နက်ပြုလုပ်ခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရအနေဖြင့် EAO များ တော်လှန်ရေးအင်အားစုများအပေါ် အလွန်အကျွံဖိအားပေးနေမှုများရပ်တန့်ရန် ၊ စစ်ကောင်စီ အလေးသာစေမည့် မြန်မာပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှာများကိုရပ်တန့်ရန်၊ စစ်ကောင်စီကို အားပေးထောက်ခံကူညီမှုမှုများရပ်
တန့်ရန် နှင့် မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလေးစားလိုက်နာရန် ကန့်ကွက်တောင်းဆိုခဲ့ကြကြောင်း NUG Support Team Japan က အသိပေးထားသည်။
အဆိုပါလှုပ်ရှားမှုတွင် ဂျပန်နိုင်ငံရောက် တက်ကြွလှုပ်ရှားသူများ၊တိုင်ရင်းအင်အားစုများနှင့် မြန်မာ့အရေး ကူညီအားပေးနေကြသည့် ဂျပန်လူမျိုးများလည်းပါဝင်ခဲ့ပြီး ကြွေးကြော်သံများဖြင့် ချီတတ်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ပါဝင်သူများက မြန်မာပြည်သူများ၏ ဆန္ဒကိုအလေးထားရန် ၊ မြန်မာ့အရေးမှထွက်နေရန် ၊
ငါတို့အနာဂတ်ကို ငါတို့ဆုံးဖြတ်မည် စသည့် စာသားပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီကထောက်ခံနေခြင်းသည် မြန်မာပြည်သူများ၏ သဘောထားဆန္ဒများကိုမျက်ကွက်ပြုနေခြင်းဖြစ်ပြီးဘန်ဒေါင်း
သဘောတူညီချက်ကို ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း ဆန္ဒပြသူများကပြောသည်။
တရုတ်အစိုးရ၏လုပ်ရပ်များကိုကန့်ကွက်ကြောင်းကိုလည်း ဂျပန်နိုင်ငံရှိ တရုတ်သံရုံးကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဇွန်လ ၆ ရက်တွင် ကန့်ကွက်စာ ပေးပို့ခဲ့ကြသည်။

👍74❤25👏7🔥2🥰2👎1😁1
တော်လှန်ရေး၏ အမြင့်ဆုံးရေချိန်အမှတ်ရောက်နေ၍ စစ်ကောင်စီ ပြုတ်ကျရေး စုပေါင်း အလုပ်လုပ်ရန် တအာင်း TPCC တိုက်တွန်း
ဇွန်-၉၊၂၀၂၅။ထားမြတ်/People’s Spring
စစ်ကောင်စီပြုတ်ကျရေးအတွက် တော်လှန်ရေးအင်အားစုများဟန်ချက်ညီညီ စုပေါင်းအင်အား စုပေါင်းခေါင်းဆောင်မှုဖြင့် စုပေါင်းပြီး အလုပ်လုပ်ဆောင်ရန် လိုအပ်နေကြောင်း တအာင်းနိုင်
ငံရေးအတိုင်ပင်ခံကော်မတီ(TPCC) အတွင်း
ရေးမှူး မိုင်းနိုင်ဂေါင်ဇာရ် က ပြောကြားသည်။
လက်ရှိ ကာလသည် တော်လှန်ရေး၏ အမြင့်ဆုံး ရေချိန်အမှတ်သို့ ရောက်ရှိနေချိန်ဖြစ်ကြောင်း TPCC၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းနိုင်ဂေါင်ဇာရ်က ပြောသည်။
“ဒီတိုက်ပွဲဟာ ကျနော်တို့ရဲ့ အဆုံးသတ်တိုက်ပွဲဖြစ်တယ်။ ဒါကြောင့်ဒီအကြမ်းဖက်စစ်ကောင်စီ ပြတ်ကျဖို့အတွက် ကျနော်တို့တော်လှန်ရေးအင်
အားစုတွေ ဟန်ချက်ညီညီ စုပေါင်းအင်အား၊ စု
ပေါင်းခေါင်းဆောင်မှု စုပေါင်းလုပ်ဆောင်မှုတွေနဲ့အတူ အလုပ်လုပ်ဖို့လိုအပ်တယ်” ဟုမိုင်းနိုင်ဂေါင်ဇာရ်က ပြောသည်။
တဖက်တွင်လည်း စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေချိန်ဖြစ်၍ ပြည်သူများလည်း နိုင်ရာဝန်ကိုထမ်းပြီး တော်လှန်ရန်လိုအပ်ကြောင်း ၎င်းကတိုက်တွန်းသည်။
“ဒီတော်လှန်းရေးအင်အားစုနဲ့ ကျနော်တို့ပြည်သူတွေဒီအားတွေ စုမိသွားပီဆိုရင် အောင်ပွဲက အမြန်ဆုံးရရှိလိမ့်မယ်လို့ ယုံကြည်တယ် ။စုမိဖို့ သွားနေတဲ့အချိန်မှာ အခက်အခဲ အတားအဆီးတွေ အများကြီးကြုံရပါလိမ့်မယ် ဒါကြောင့် သတိဝိရိယရှိရှိနဲ့ သွားဖို့လိုအပ်တယ်လို့ နောက်ဆုံးအနေနဲ့ မေတ္တာ
ရပ်ခံချင်ပါတယ်” ဟု မိုင်းနိုင်ဂေါင်ဇာရ်က ပြောကြားသည်။
တအာင်းအမျိုးသားပါတီ -TNP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/TNLA နှင့် တအာင်းအရပ်ဖက်အစုအဖွဲများပါဝင်သည့် TPCC က တအာင်းပြည်ကောင်စီ(TLC) ကို ဖွဲ့စည်း ကြောင်း ဪဇွန်လ ၉ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တော်လှန်းရေးကာလအတွင်းမဟာမိတ်တော်
လှန်ရေးအင်အားစုများဖြင့် ဆက်လက် လက်တွဲ လုပ်ဆောင်သွားမည်ဟု အသိပေးခဲ့သည်။ ထို့ပြင် TLC အနေဖြင့် တအာင်းတပ်မတော်နှင့် မဟာမိတ်များ သိမ်းပိုက်ထားပြီးဖြစ်သည့် နယ်မြေများကို အခြေခံကာ တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ယခုနှစ်အတွင်း အမြန်ဆုံးဖွဲ့စည်းသွားမည်ဟုလည်း ဆိုသည်။မြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဟုဖော်ပြထားသည်။

👍73❤13🥰2😍2
ပုလဲမြို့နယ်၊ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲဆက်လက်ပြင်းထန်
■တော်လှန်ရေးတပ်တွေကစစ်သုံ့ပန်းအချို့ကိုဖမ်းဆီးထားပြီး ၊သေဆုံးစစ်သားနှင့်ပျူအလောင်းများအပုပ်နံ့ထွက်နေရဲဘော်အချို့ပြော
■စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ ၃ ဦးသေဆုံး
ဇွန်၉၊၂၀၂၅၊မေ/People Spring
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ၈ ရက်မြောက်နေ့တိုက်ပွဲဆက်လက်ပြင်းထန် နေပြီး စစ်သား နဲ့ ပျူအချိုကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားပြီး တိုက်ပွဲမှာသေတဲ့ စစ်ကောင်စီတပ်ဖွဲ့တချို့ရဲ့ရုပ်အလောင်းတွေက အပုပ်နံ့တွေထွက်နေပြီလို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။
ကန့်ဒေါင့်ရွာနယ်နယ်မြေရဲစခန်းဟာပုလဲ- ဂန့်ဂေါလမ်းမှာရှိပြီးအရေးပါတဲ့ရဲစခန်းတခုဖြစ်ပါတယ်။
ပုလဲမြို့နယ်က နာမည်ကြီး အင်မထီးပျူစောထီးရွာ နဲ့ ဇီးဖြူကုန်းရွာတို့နဲ့လည်း ၄မိုင်ပတ်လည်လောက်သာ ဝေးပြီး အဲဒီပျူရွာတွေကို ထောက်ပံ့ပေးထားတဲ့ရဲစခန်းဖြစ်တယ်လို့သိရပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဦး ဆောင်ပြီးတော့တော်လှန်ရေးတပ်တွေကပူးပေါင်းပြီး စစ်သား၊ ရဲ နဲ့ ပျူတွေ စခန်းထိုင်ထားတဲ့ကန့်
ဒေါင့်ရွာနယ်မြေရဲစခန်းကို ဇွန်လ၂ရက် နေ့က တိုက်ခိုက် နေတာလို့သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ကအရာရှိအချို့ကို ဖမ်းမိထားကြောင်း သတင်းရရှိပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေက အတည်ပြုချက်မပေးသေးပါဘူး။ ဒါပေမယ့် အင်မထီးရွာကနေ စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးခဲ့သလို အရှင် ၅ ဦးမိထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက အတည်ပြုချက်ပေးပါတယ်။
"အလောင်းတွေတောင်ပြန်ဆွဲမသွားနိုင်ဘူး။ လမ်းပေါ်မှာအတိုင်းရှိနေသေးတယ်။ လေကြောင်းကနေလည်းတောက်လျှောက်ပစ်နေတယ်"ဟု ဖြတ်တောက်တားဆီးရေးတာဝန်ယူထားတဲ့ ကာကွယ်
ရေးတပ်ဖွဲ့မှရဲဘော်တစ်ဦးကပြောပါတယ်။
ကမ်းဒေါင့်စခန်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ပြီး စခန်းထဲမှာ သေဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကအပုပ်နံ့တွေထွက်ပေါ်နေပြီလို့ သိရပါတယ်။
တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီက ရဟတ်
ယာဉ်နဲ့ ၇ ကြိမ်လေကြောင်းကနေ စစ်ကူပို့ထားတယ်လို့ သိရပါတယ်။
"ဒီနေ့ (ဇွန်၉ )အထိဆက်တိုက်နေကြတုန်းပါ။လေ
ယာဉ်ကအရင်ရက် တွေကလို ဆက်တိုက် တော့မလာ တော့ဘူး။Y12နဲ့ ဂျက်ဖိုက်တာမနေ့ကတလှည့်စီ လာပစ်တာ တော့ရှိတယ်"လို့ တော်လှန်
ရေး တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
တိုက်ပွဲစဖြစ်တဲ့ နေ့ကစပြီး ကန့်ဒေါင့်ကျေးရွာပတ်လည်နဲ့ ကန့်ဒေါင့် နဲ့ အင်မထီးပျူ စောထီးရွာကြားထဲကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဇွန်လ၆ရက်နေ့ကတိုက်ပွဲနဲ့ဝေးတဲ့ မင်းတိုင်ပင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသား၁ ဦး သေဆုံးခဲ့ပါတယ်။ဒါအပြင်ဇွန်လ၇ ရက်နေ့ ညပိုင်းကလေ ကြောင်းတိုက်ခိုက်မှုမှာလည်း ကြက်ရင်းရွာက အသက်၆၅နှစ်အရွယ် အမျိုးသမီး၁ ဦး နဲ့ ပိတောက်ကုန်း ကျေးရွာက ၆၀ကျော်အရွယ် အမျိုးသမီး၁ဦး စုစု ပေါင်း ၃ဦး သေဆုံးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခဲတချို့ကပြောပါတယ်။

👍64❤22👏8👎1🔥1