People's Spring
61.7K subscribers
68.1K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပျက်စီးခဲ့သော အဆောက်အအုံအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ
🤬53😢137👍4😡4👎1
ဆီဆိုင်မြို့နယ်ရွာခုနှစ်ရွာမှပြည်သူများကို မွေတော်ဘုရားဝင်းသို့ ရွေ့ပြောင်းရန် စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ် စေခိုင်း

ဇွန်-၇၊၂၀၂၅။ ထားမြတ်/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ရှိ ရွာ ၇ရွာမှ​ ပြည်သူ​ခြောက်​ထောင်​ကျော်ကို ဇွန်လ၁၅ရက် နောက်ဆုံးထား‌နေရာပြောင်း​ရွေ့ရန် စစ်တပ်လက်အောက်
ခံ PNOပြည်သူ့စစ်ကစာ ပေးပို့ထားသည်။

ဇွန်လ ၇ရက် ကပအိုဝ်းဘာသာဖြင့် PNOက ကျေး
ရွာများသို့ စာပို့ခဲ့ခြင်းဖြစ်သည်ဟုစစ်ကောင်စီကိုတော်လှန်နေသည့် PNLA က စာထုတ်ပြန်ထားခြင်းဖြစ်သည်။

PNO ပြည်သူ့စစ်စာတွင် ဆီဆိုင်မြို့နယ်နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ၊တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ကလားလမ်ရွာတို့မှဒေသခံများကို ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်းသို့ ဖိအားပေးပြောင်းရွေ့ခိုင်းထားခြင်းဖြစ်သည်။

မပြောင်း‌ရွေ့ပါကရွာမှထွက်သွားရမည်ဟု ဖော်ပြထားပြီး မထွက်သွားပါက တာဝန်မယူဟု PNO ပြည်သူ့စစ်က ခြိမ်းခြောက်ထားသည်။ကျေးရွာ
မှ ထွက်ခွာသည့် ရွာသူရွာသားများအနေဖြင့် တောင်ယာနှင့် စစ်ဘေးရှောင်စခန်း များသို့ သွားရောက်နေထိုင်ခြင်း မပြုရန်တားမြစ်ထာပြီး မွေတော်ဘုရားဝန်းသို့သာ ပြောင်းရွှေ့ရန် စာ၌ ပါရှိသည်ဟု PNLAက ထုတ်ပြန်သည်။

ယင်းကျေးရွာများအနက်အချို့ရွာများသည် တော်
လှန်ရေးနယ်မြေအတွင်းမှဖြစ်ပြီး ကျေးရွာအချို့သည် စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်က ထိန်း
ချုပ်ထားသည့်ကျေးရွာများဖြစ်သည်ဟု PNLA
က ထုတ်ပြန်သည်။ ဒေသခံများကို ကျေးရွာအ
တွင်းမှ ထွက်သွားရန် မောင်းထုတ်သည့်စာပေးပို့ပြီးနောက်ကျေးရွာအချို့တွင်စစ်တပ်နှင့် PNO ပြည်သူ့စစ် ဝင်ရောက်တပ်စွဲခဲ့သည်ဟုသိရသည်။

“သူတို့ ဒီလိုလုပ်တာက တော်လှန်ရေးနဲ့ လူထုကို အဆက်အသွယ်ပြတ်အောင် တော်လှန်ရေးနဲ့ လူထုကို ထိစပ်မှု မရှိအောင်လုပ်ချင်တာပဲဖြစ်ပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောကြားသည်။

ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ပြည်သူလူထု၏ ရပ်ရွာများရှိ ဥစ္စာစည်းစိမ်းများကို ဖျက်ဆီးလို၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း လည်း၎င်းကဆက်​ပြောသည်။

PNOသည် စတင်ဖွဲ့စည်းစဉ်ကပြည်သူ့ကြားက ဖြစ်ပေါ်လာပြီး ပြည်သူလူထုကျွေးသည့် ထမင်းကို စားပြီး ဖွဲ့စည်းထားဖြစ်သော်လည်း ကိုယ်ကျိုးစီးပွားအတွက် ပြည်သူကို ပြန်လည်မောင်းထုတ်နေသည့် အဖွဲ့ဖြစ်သည်ဟု ခွန်ရိန်းယံက ပြော
သည်။

“ သူတို့စာအရဆိုရင် ပြည်သူလူထုကစစ်ဘေး
ဒဏ် မခံချင်လို့ စစ်ဘေးရှောင်စခန်းသွားနေတာတို့ တောင်ယာထဲ သွားနေတာတို့လည်း သူတို့ မပေးလုပ်ဘူး။ အဲဒီ မွေတော်ဘုရား၀ိုင်းထဲကို အကုန်လုံးသွားစုရမယ်ဆိုတဲ့ အမိန့်မျိုးပေးလာတာဖြစ်တယ်။ ဒါက အဲဒီကျေးရွာတွေမှာရှိတဲ့ ပြည်သသူလူထု အားလုံးကိုဖမ်းပြီးမှ ထောင်ထဲ ထည့်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်” ဟုခွန်ရိန်းယံက ပြောကြားသည်။

PNO ပြည်သူ့စစ်သည် စစ်ကောင်စီ အလိုကျ ပအိုဝ်းဒေသခံများကို စစ်သားစုဆောင်းပေးခြင်း၊စစ်ကောင်စီတပ်နှင့်အတူ စစ်ဆင်ရေးများ၌ ပါဝင်ခြင်းများ ပြုလုပ်လျက်ရှိရာ ပအိုဝ်းတော်လှန်ရေးအင်အားစုများက PNO၏ လုပ်ရပ်ကို ရပ်တန့်ပြီး တော်လှန်ရေးဘက်ပူးပေါင်းရန်တိုက်တွန်းထား
သည်။
🤬33👎2210👍6😡2
စစ်​ကောင်စီလက်​အောက်ခံ PNO/PNA ပြည်သူ့စစ်တပ်ဖွဲ့၀င်များ ဓါတ်ပုံ- PNO/PNA
👎31🖕217💩6👍5🤮4🤬1
ဖားကန့် နေရာအချို့၌ တိုက်ပွဲဖြစ်နေဟုဒေသခံများပြော

ဇွန်-၉၊၂၀၂၅။ဇော်ရမ်း/People's Spring

ဖားကန့်မြို့နယ်အတွင်းနေရာ​လေးခု၌ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် KIA၊ KPDF ပူးပေါင်းတပ်တိုက်ပွဲဖြစ်နေပြီး နေအိမ်ပြင်ပမထွက်ကြရန် ဒေသခံများကအချင်းချင်းသတိပေးနေကြသည်။

လုံးခင်းကျေးရွာအုပ်စုမှ နေရာအချို့၊ မဇွန်ယာန်
နှင့် ဆန်ခါကျေးရွာ၊ ကုဠေမှော်လုပ်ကွက်နေရာများတွင် နံနက် ၈နာရီခန့်မှစ၍ သေနတ်ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်​​ကြောင်းဒေသခံအချို့ကပြောသည်။

"၈နာရီခန့်မှာ စဖြစ်ပြီး ခဏရပ်တယ်။ နောက်ပြီး ဆက်ပစ်ကြတယ်။ မနက် ၁ဝနာရီခွဲလောက်ကအဆိုးဆုံးဖြစ်တယ်။ လက်နက်ကြီးလက်နက်ငယ်သံတွေကိုဆက်တိုက်ကြားရတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်ကိုမေလ ၂၉ရက်မှစ၍စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် ဒေသခံအချို့ တိမ်း
ရှောင်သွားကြပြီး အများစုသည် ဖားကန့်တွင်နေထိုင်နေဆဲဖြစ်သည်။

"သတိအနေအထားအမြဲရှိနေဖို့ပဲအချင်းချင်းသ
တိပေးနေကြရတယ်။ ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ။ ဘယ်အချိန်ဘာထဖြစ်မယ်ဆိုတာမသိဘူး" ဟု
လုံးခင်းဒေသခံတစ်ဦးကပြောသည်။

မဇွပ်ယာန်ကျေးရွာ၌ ဇွန်လ ၅ရက်မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တိုက်ပွဲငြိမ်သက်နေခဲ့ရာမှ ဇွန် ၉ ရက်တွင်တိုက်ပွဲပြန်ဖြစ်ခြင်းဟု သိရသည်။ထိုအပြင် ယနေ့မနက်ပိုင်းတွင် မော်စီဆာကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးပစ်ခတ်ခံရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ်အတည်ပြု၍မရသေးပေ။

ကာမိုင်း-လုံးခင်း -ဖားကန့်လမ်းအတိုင်းဧပြီလ ၂၃
ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၇ရက်၌ လုံးခင်းယမ်းချက်စက်ရုံသို့ ရောက်ရှိလာပြီးနောက်မေလ ၂၈ရက်မှစ၍ လုံးခင်းပတ်ဝန်းကျင်တွင် စစ်ကြောင်းထိုးစဉ် တိုက်ပွဲဖြစ်ခဲ့သည်။ မေလ ၂၉ရက် နေ့လယ်ပိုင်းတွင် ဖားကန့်သို့ရောက်ရှိလာကာ ဖားကန့်ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးရန်ကြိုးစားခဲ့သည်။ KIA တပ်စွဲထားသည့်နေရာများကိုလည်း ဖယ်ရှားရန် ဖိအားပေးပြီး ကျောက်စိမ်းလုပ်ကွက်အချို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။

ဇွန်လ ၃ရက်ကဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာရှိတင်အောင်ကြိုင်လုပ်ကွက်အမည်ရ ကျောက်
စိမ်းတူးဖော်ရေးလုပ်ကွက်ရှိ ယမ်းဂို​ဒေါင်အား စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်ရာပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပြီး လူသုံးဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။

ထို့အပြင်ဇွန်လ ၆ရက်ညကလည်းလုံးခင်းဒေသ ခွန်ဆာကုန်းအနီးရှိ ယမ်းနှင့် ဓါတ်​​​​မြေသြဇာဂို​ဒေါင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲခဲ့ရာ မြေပြင်၌ယမ်းသိုလှောင်ထားသည့်နေရာပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကလေးသုံးဦးအပါအဝင် ​ဒေသခံ ၉ဦး သေဆုံးခဲ့သည်။

ဇွန် ၉ ရက်မနက်အစောပိုင်းတွင်လည်းဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသနမ့်မှော်အုပ်စု မှောလကင်းရွာတွင်ယမ်းအိတ်များတင်ထားသည့်ကားသုံးစီးကို စစ်ကောင်စီက ဒရုန်းဗုံးကြဲ၍ မီးလောင်ပျက်စီးခဲ့သည်။

လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရအရပ်
သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄
နာရီအတွင်း ပြင်ပသို့မထွက်ရန် KIA၊PDF ပူး
ပေါင်းတပ်က သတိပေးထားသည်။
👍6318🔥3👏3🥰1
ဖားကန့်​ဒေသသို့​ရောက်ရှိ​နေ​သော စစ်တပ်နှင့် ပြည်သူ့စစ်များကို ​မေလကုန်ပိုင်းက​တွေ့ရစဥ်။
ဓါတ်ပုံ-CJ
👍33🖕11💩64👎1🔥1👏1🤬1
PNO/PNA ပြည်သူ့စစ်ကဖယ်ခုံရှိ ကယန်းပြည်သစ်ဂိတ်ကို ဒရုန်းဖြင့်ဗုံးကြဲ ရဲ​ဘော်၃ ဦးဒဏ်ရာရ

ဇွန်-၉၊၂၀၂၅။ရဲခေါင်/People's Spring

စစ်ကောင်စီလက်​အောက်ခံ PNO/PNA ပြည်သူ့
စစ်ကရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့နယ်ရှိ ကယန်းပြည်သစ်ဂိတ်ကို ယ​နေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့်ဗုံးကြဲသဖြင့် ကယန်းပြည်သစ်ရဲဘော်သုံးဦးဒဏ်ရရှိခဲ့ကြောင်း ဒေသခံစစ်​ရေးသတင်းရင်းမြစ်များကပြောသည်။

စစ်တပ် နှင့် အပစ်အခတ်ရပ်ထားသည့် ကယန်း
ပြည်သစ်ပါတီ / ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA)၏ ဂိတ်စခန်းကို ဇွန်လ ၉ ရက် နံနက်၁၁နာရီဝန်းကျင်ကဗုံးကြဲခံရခြင်းဖြစ်သည်။

"ဆောင်နန်းခဲကကယန်းပြည်သစ်ဂိတ်မှာဖြစ်တာ။ဖယ်ခုံ ပေါ့။ကယန်းပြည်သစ်ရဲဘော် ၃ဦးအပြင်း အထန်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့အခြေနေရှိတယ်လို့ သိရတယ်"ဟု ရှမ်းပြည်တောင်ပိုင်းမှ စစ်​ရေးသတင်းရင်း မြစ်တဦးက​ပြောသည်။

သီး ခြားသတင်းရင်းမြစ်တစ်ဦးကလည်း "စကစ နဲ့ PNO ပူးတွဲ ပြီး စစ်ကြောင်းထိုးနေတာ"ဟု ဗုံးကြဲခံရသည့် ကျေးရွာ နှင့် ဖယ်ခုံအင်းအရှေ့ခြမ်း အခြေ
အနေ ကို ပြောသည်။

မေလ ၁၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ နှင့် ညောင်ရွှေမြို့နယ် အစပ်ရှိ စန့်လိတ်ကျေးရွာအနီးမှ ကယန်းပြည်သစ်ဂိတ်ကို PNO ပြည်သူ့စစ်က ဗုံးကြဲခဲ့​သေးပြီး ကယန်းပြည်သစ်ရဲဘော်အချို့ဒဏ်ရာရရှိခဲ့သည်။

ဇွန် ၉ ရက်တွင် စစ်ဆေးရေးဂိတ်ဒရုန်းဖြင့် ဗုံးကြဲခံရမှုကို ကယန်းပြည်သစ်ဗဟိုကော်မတီသို့ဆက်သွယ် မေးမြန်းရန်ကြိုးပမ်း​သော်လည်း ဆက်သွယ်မရ​သေး​ပေ။

၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်ကလည်း မိုးဗြဲ မြို့အနောက်ဘက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံးကျဲချကာ တိုက်ခိုက်ခံရဖူးသည်။သို့သော် ထိခိုက်မှုအသေးစိတ်ကို KNLP က ထုတ်ပြန်ခြင်းမလုပ်ခဲ့ပေ။

ထို့အပြင် ယခုနှစ် ဧပြီ ၁၀ရက်က ကယန်းအမျိုး
သားနေ့ ကျင်းပသည့် သိကျိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့သည်။

စစ်အာဏာရှင်စနစ်အပြီးသတ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးအတွက် မိတ်ဖက်ဒီမိုကရေစီအင်အားစု များ၊ မဟာမိတ်တိုင်းရင်းသားလက်
နက်ကိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဇွန်လ ၄ ရက်နေ့က ၆၁ နှစ်ပြည့်ကယန်းအမျိုး
သား လက်နက်ကိုင်တော် လှန်ရေးနေ့တွင် ကယန်းပြည်သစ်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မြားနိုက ပြောထားသည်။

(ကယန်းပြည်သစ်ပါတီ (KNLA)တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNLP)
👍5616😡9🥰3👎2🤣2🔥1😢1
🔥2112👍5💩1
တရုတ်အစိုးရအ​နေဖြင့် စစ်ကောင်စီကို ထောက်ခံ ကူညီနေမှုများ ရပ်တန့်ရန် ၊ မြန်မာ့အ​ရေးဝင်မစွက်ရန်ဂျပန်နိုင်ငံရှိ မြို့ကြီးများ၌ ဆန္ဒထုတ်ဖော်

‌ဇွန်-၉၊၂၀၂၅။တေဇ/People's Spring

ပြည်သူများအပေါ် အကြမ်းဖက်မှုများလုပ်နေသည့် စစ်ကောင်စီကိုထောက်ခံကာ မြန်မာပြည်
တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရ၏ လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် နှင့် စစ်ကောင်စီကို ကူညီအားပေးနေခြင်းကိုကန့်
ကွက်ကြောင်းဂျပန်ရောက်မြန်မာများကချီတတ်ဆန္ဒပြခဲ့သည်။

ဇွန် ၈ ရက်က ဂျပန်နိုင်ငံရှိတိုကျို ၊အိုဆာကာ၊နာဂိုယာ ၊ရှီဇူအိုကာစသည့်မြို့ကြီးများ၌တပြိုင်နက်ပြုလုပ်ခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရအနေဖြင့် EAO များ တော်လှန်ရေးအင်အားစုများအပေါ် အလွန်အကျွံဖိအားပေးနေမှုများရပ်တန့်ရန် ၊ စစ်ကောင်စီ အလေးသာစေမည့် မြန်မာပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှာများကိုရပ်တန့်ရန်၊ စစ်ကောင်စီကို အားပေးထောက်ခံကူညီမှုမှုများရပ်
တန့်ရန် နှင့် မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလေးစားလိုက်နာရန် ကန့်ကွက်တောင်းဆိုခဲ့ကြကြောင်း NUG Support Team Japan က အသိပေးထားသည်။

အဆိုပါလှုပ်ရှားမှု‌တွင် ဂျပန်နိုင်ငံရောက် တက်ကြွလှုပ်ရှားသူများ၊တိုင်ရင်းအင်အားစုများနှင့် မြန်မာ့အရေး ကူညီအားပေးနေကြသည့် ဂျပန်လူမျိုးများလည်းပါဝင်ခဲ့ပြီး ကြွေးကြော်သံများဖြင့် ချီတတ်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

‌ပါဝင်သူများက မြန်မာပြည်သူများ၏ ဆန္ဒကိုအလေးထားရန် ၊ မြန်မာ့အရေးမှထွက်နေရန် ၊
ငါတို့အနာဂတ်ကို ငါတို့ဆုံးဖြတ်မည် စသည့် စာသားပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ဆန္ဒထုတ်​ဖော်ခဲ့ကြသည်။

တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီကထောက်ခံနေခြင်းသည် မြန်မာပြည်သူများ၏ သဘောထားဆန္ဒများကိုမျက်ကွက်ပြုနေခြင်းဖြစ်ပြီးဘန်ဒေါင်း
သဘောတူညီချက်ကို ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း​ ဆန္ဒပြသူများက​ပြောသည်။

တရုတ်အစိုးရ၏လုပ်ရပ်များကိုကန့်ကွက်ကြောင်းကိုလည်း ဂျပန်နိုင်ငံရှိ တရုတ်သံရုံးကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဇွန်လ ၆ ရက်တွင် ကန့်ကွက်စာ ပေးပို့ခဲ့ကြသည်။
👍7425👏7🔥2🥰2👎1😁1
ဓါတ်ပုံ-NUG Support Team Japan
86👍16🔥2🥰2😁2👏1
တော်လှန်ရေး၏ အမြင့်ဆုံးရေချိန်အမှတ်ရောက်နေ၍ စစ်ကောင်စီ ပြုတ်ကျရေး စုပေါင်း အလုပ်လုပ်ရန် တအာင်း TPCC တိုက်တွန်း

ဇွန်-၉၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီပြုတ်ကျရေးအတွက် တော်လှန်ရေးအင်အားစုများဟန်ချက်ညီညီ စုပေါင်းအင်အား စုပေါင်းခေါင်းဆောင်မှုဖြင့် စုပေါင်းပြီး အလုပ်လုပ်ဆောင်ရန် လိုအပ်နေကြောင်း တအာင်းနိုင်
ငံရေးအတိုင်ပင်ခံကော်မတီ(TPCC) အတွင်း
ရေးမှူး မိုင်းနိုင်ဂေါင်ဇာရ် က ပြောကြားသည်။

လက်ရှိ ကာလသည် တော်လှန်ရေး၏ အမြင့်ဆုံး ရေချိန်အမှတ်သို့ ရောက်ရှိနေချိန်ဖြစ်ကြောင်း TPCC၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းနိုင်ဂေါင်ဇာရ်က ပြောသည်။

“ဒီတိုက်ပွဲဟာ ကျနော်တို့ရဲ့ အဆုံးသတ်တိုက်ပွဲဖြစ်တယ်။ ဒါကြောင့်ဒီအကြမ်းဖက်စစ်ကောင်စီ ပြတ်ကျဖို့အတွက် ကျနော်တို့တော်လှန်ရေးအင်
အားစုတွေ ဟန်ချက်ညီညီ စုပေါင်းအင်အား၊ စု
ပေါင်းခေါင်းဆောင်မှု စုပေါင်းလုပ်ဆောင်မှုတွေနဲ့အတူ အလုပ်လုပ်ဖို့လိုအပ်တယ်” ဟုမိုင်းနိုင်ဂေါင်ဇာရ်က ပြောသည်။

တဖက်တွင်လည်း စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေချိန်ဖြစ်၍ ပြည်သူများလည်း နိုင်ရာဝန်ကိုထမ်းပြီး တော်လှန်ရန်လိုအပ်ကြောင်း ၎င်းကတိုက်တွန်းသည်။

“ဒီတော်လှန်းရေးအင်အားစုနဲ့ ကျနော်တို့ပြည်သူတွေဒီအားတွေ စုမိသွားပီဆိုရင် အောင်ပွဲက အမြန်ဆုံးရရှိလိမ့်မယ်လို့ ယုံကြည်တယ် ။စုမိဖို့ သွားနေတဲ့အချိန်မှာ အခက်အခဲ အတားအဆီးတွေ အများကြီးကြုံရပါလိမ့်မယ် ဒါကြောင့် သတိဝိရိယရှိရှိနဲ့ သွား‌ဖို့လိုအပ်တယ်လို့ နောက်ဆုံးအနေနဲ့ မေတ္တာ
ရပ်ခံချင်ပါတယ်” ဟု မိုင်းနိုင်ဂေါင်ဇာရ်က ပြောကြားသည်။

တအာင်းအမျိုးသားပါတီ -TNP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/TNLA နှင့် တအာင်းအရပ်ဖက်အစုအဖွဲများပါဝင်သည့် TPCC က တအာင်းပြည်ကောင်စီ(TLC) ကို ဖွဲ့စည်း ကြောင်း ဪဇွန်လ ၉ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တော်လှန်းရေးကာလအတွင်းမဟာမိတ်တော်
လှန်ရေးအင်အားစုများဖြင့် ဆက်လက် လက်တွဲ လုပ်ဆောင်သွားမည်ဟု အသိပေးခဲ့သည်။ ထို့ပြင် TLC အနေဖြင့် တအာင်းတပ်မတော်နှင့် မဟာမိတ်များ သိမ်းပိုက်ထားပြီးဖြစ်သည့် နယ်မြေများကို အခြေခံကာ တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ယခုနှစ်အတွင်း အမြန်ဆုံးဖွဲ့စည်းသွားမည်ဟုလည်း ဆိုသည်။မြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဟု​ဖော်ပြထားသည်။
👍7313🥰2😍2
TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ်
62👍21👏3🥰2🤮1