သံတွဲမြို့အနီးငလျင်လှုပ်
ဇွန်-၉၊၂၀၂၅။ အိမ်သွင်/People's Spring
ရခိုင်ပြည်နယ်သံတွဲမြို့အနီးကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ဒဿမ၉ အဆင့်ငလျင် ယနေ့(ဇွန်လ ၉ရက်) နံနက် ၉နာရီ၄၄မိနစ်၌ လှုပ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်
ပြန်သည်။
အဆိုပါငလျင်သည် မြေအောက်အနက် ၅၀ ကီလိုမီတာကိုဗဟိုပြု လှုပ်ခတ်သွားခြင်းဖြစ်ပြီးဇောက်နက်ငလျင်ဖြစ်သည်။ ဇောက်နက်လျှင် မြေငလျင်ဖျက်အားလျော့နည်းပြီး ဇောက်တိမ်လျင်ဖျက်အားပိုကြီးသည်။သံတွဲမြို့နယ်ဆက်စပ်နေသော ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှာမြို့နယ်အချို့တွင်လည်း ခံစားလိုက်ရကြောင်းသတင်းရရှိသည်။
"တစ်ချက်တည်း လှုပ်သွားတာ။ တော်တော်လေးသိသာတယ်။ ထိခိုက်ပျက်စီးမှုတော့မရှိနိုင်ဘူး"ဟု ပြည်မြို့ကတစ်ဦးကပြောသည်။
အဆိုပါငလျင်သည် ဧရာဝတီတိုင်း၊ မြန်အောင်မြို့အနီးကိုဗဟိုပြုပြီး လှုပ်ခတ်သွားခြင်းဟုအမေရိကန်ဘူမိတိုင်းတာရေးဌာန (USGS)ကလည်းထုတ်ပြန်ထားသည်။
သံတွဲနှင့် မြန်အောင်မြို့သည် ရခိုင်ရိုးမခြားလျက် ဆက်စပ်သည်ရှိသည်။ ယခုရက်ပိုင်း၌ ရစ်ခ်တာစကေး ၄မှ၅ကြားငလျင်အချို့သည် ရှမ်းပြည်နယ်
တောင်ပိုင်း၊ ကချင်ပြည်နယ်နှင့်ပဲခူးတိုင်းအတွင်း ၅ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့သည်။
မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းနှင့် မန္တလေးမြို့ကိုဗဟိုပြု၍ လှုပ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇ဒဿမ၇ အဆင့်ငလျင်လှုပ်ပြီးနောက်ပိုင်းမြန်မာနိုင်ငံဒေသအများအပြားတွင် နောက်ဆက်တွဲငလျင်များလှုပ်ရှားနေသည်။ငလျင်များ မကြာခဏလှုပ်ရှားနေခြင်းနှင့် သိသိသာသာအင်အားပြင်းထန်လာ၍ စိုးရိမ်မှုများရှိနေသည်။

👍50❤9🔥3😱2🤬1😢1
ဒေသအများစု တကျော့ပြန် မိုးကောင်းနိုင်
ဇွန်-၉၊၂၀၂၅။အိမ်သွင်/People's Spring
မုတ်သုန်လေအားကောင်းနေ၍ အလယ်ပိုင်းဒေသများအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့၌ မိုးပြန်ကောင်းလာနိုင်ပြီး ရေဘေးနှင့်မြေပြိုမှု ဘေးသတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။
ဇွန်လ ၉ရက်မှ ဇွန်လ ၁၅ရက်အတွင်း မိုးကောင်းနိုင်ခြင်းနှင့်အတူ ရေဘေးသတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း ဒေသအ
များအပြား၌မိုးကောင်းပြီး နေရာကွက်မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။
ရွှေဘိုမြို့အပါအဝင်စစ်ကိုင်းတိုင်းအတွင်းမြို့နယ်အချို့တွင် ဇွန်လ ၈ရက်မှစ၍ မိုးကောင်းခဲ့သည်။ ရွှေဘိုမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်
နေ၍ လူသုံးကုန်ပစ္စည်းများနေရာရွှေ့ပြောင်းနေရသည်ဟု ဒေသခံအချို့ကပြောသည်။
လာမည့် ဇွန်လ ၁၃ရက်မှစ၍ မိုးပိုကောင်းလာနိုင်ပြီး ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊လျှပ်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်း၊ လျှပ်
တပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ အထူးသတိပြုနေထိုင်ကြရန် MOHADMက သတိပေးထားသည်။
ဇွန်လ ၁၆ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်သော်လည်း ဆက်
လက်အားကောင်းနိုင်ခြင်းမရှိကြောင်းလည်ခန့်
မှန်းထားသည်။
ငလျင်ဘေးသင့်ဒေသများ၌လည်း မြေကျွံခြင်း၊ မြေပြိုခြင်းနှင့် ယိုင်နဲ့နေသည့် အဆောက်အအုံပြိုကျခြင်းများသတိပြုကြရန်လည်း သတိပေးထားသည်။
ပြီးခဲ့သည့်မေလနောက်ဆုံးပတ်က ဘင်္ဂလားဒေ့ရှ်ကို ဝင်သည့် မုန်တိုင်းမြန်မာ-အိန္ဒိယနယ်စပ်အနီးအထိ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်ဖြတ်စဥ် ကချင်ပြည်နယ်တွင် မိုးကြီးခဲ့သည်။မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဆွမ်ပရာဘွမ်မြို့၊ ချီဖွေမြို့၊ ပူတာအိုမြို့၊ စစ်ကိုင်းတိုင်းမှ နာဂဒေသတို့တွင် ရေဘေးနှင့် မြေပြိုမှု ဘေးရင်ဆိုင်ခဲ့ရသည်။ ဧရာဝတီမြစ်ရေလည်း မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်ခဲ့သည်။
ထို့အပြင်ရခိုင်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့သည်။

👍50❤6🔥2😭2
စစ်ကောင်စီ၏တပ်မ ၁၀ ခုတွင် တပ်မမှူး ၅ ဦးမှာစစ်ပွဲတွင်သေဆုံးပြီး ၂ ဦးကိုတော်လှန်ရေးတပ်များကဖမ်းဆီးထားကာ၊ ၂ဦးကိုစစ်တပ်ကပြန်ဖမ်းတပ်မ ၆၆ တပ်မမှူးတစ်ဦးသာဘေးကင်းနေသေးသေသည်။
"၃၃ မှူးချုပ် အဖမ်းခံလိုက်ရပြီ။ မိသားစုဝင်တွေပါ ဖမ်းတာ။ သူကကချင်မှာစစ်ရှုံးသလိုအုပ်ချုပ်စီမံညံ့ဖျင်းတာရယ်၊ လာဘ်စားပြီးလုံခြုံရေးပေါ့လျော့တယ်ဆိုတဲ့ မှတ်ချက်တွေနဲ့ အဖမ်းခံရတာ။သူ ထောင်ကျမှာပါ” ဟုစစ်ရေးသတင်ရင်းမြစ်ကပြောသည်။
https://www.ludunwayoo.com/news-mm/2025/06/08/123312/

LuduNwayOo
တပ်မ(၃၃)တပ်မမှူးဗိုလ်မှူးချုပ်ကျော်ဆက်မြင့်နှင့် မိသားစုကို စစ်ကောင်စီဖမ်းဆီး
စစ်ကောင်စီ၏တပ်မ ၁၀ ခုတွင် တပ်မမှူး ၅ ဦးမှာစစ်ပွဲတွင်သေဆုံးပြီး ၂ ဦးကိုတော်လှန်ရေးတပ်များကဖမ်းဆီးထားကာ၊ ၂ဦးကိုစစ်တပ်ကပြန်ဖမ်းတပ်မ ၆၆ တပ်မမှူးတစ်ဦးသာဘေးကင်းနေသေး
❤36👍30👏8🤣4
နယ်စပ်မှာ အင်အားပြနေတဲ့ တပ်တွေ ပြန်ရုတ်သိမ်းဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား သဘောတူ | People's Spring
https://youtu.be/kcTpes1h_to
https://youtu.be/kcTpes1h_to
YouTube
နယ်စပ်မှာ အင်အားပြနေတဲ့ တပ်တွေ ပြန်ရုတ်သိမ်းဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား သဘောတူ | People's Spring
နယ်စပ်မှာ အင်အားပြနေတဲ့ တပ်တွေ ပြန်ရုတ်သိမ်းဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား သဘောတူ
ဇွန် - ၉ ၊၂၀၂၅ /People's Spring
ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ဟာ နယ်စပ်နဲ့ နီးနီးကပ်ကပ်ထိ တပ်တွေ ဖြန့်ထားတာကို ပြန်ရုပ်သိမ်းပြီး မူလ စခန်းချတဲ့ နေရာတွေဆီ ပြန်ဆုတ်ခွာကြဖို့ သဘောတူခဲ့ပါတယ်။…

👍39😁10❤8
လော့စ်အန်ဂျလိစ်ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ အမျိုးသားအစောင့်တပ်ကို ထရမ့် ထုတ်သုံး | People's Spring
https://youtu.be/PKQVA0mT3rU

လော့စ်အန်ဂျလိစ် ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ အမျိုးသား အစောင့်တပ်ကို ထရမ့် ထုတ်သုံး
ဇွန် - ၉၊ ၂၀၂၅ /People's Spring
အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့မှာ ရွှေ့ပြောင်း အခြေချသူတွေဖက်က ထောက်ခံ ဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်…

👍32❤10👎8🔥1
နောင်ချိုမှာ TNLA နဲ့ ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ဆုတ်ခွာရ | People's Spring
https://youtu.be/gW7gmy0WpRs

နောင်ချိုမှာ TNLA နဲ့ ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ဆုတ်ခွာရ
ဇွန်-၉၊ ၂၀၂၅ / People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့်…

👍49❤11👏4🖕1
သိမ်းပိုက်ထားသည့် နယ်မြေများကို အခြေခံပြီး အစိုးရဖွဲ့ရန် တအာင်းပြည်ကောင်စီ-TLC ဖွဲ့စည်း
■တအာင်းပြည် တော်လှန်ရေးကာလတွင် အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဆုံးဖြတ်
ဇွန်-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
တအာင်းပြည်ကောင်စီ -TLCကို ဖွဲ့စည်းလိုက်ကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC က ကြေညာလိုက်ပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ယခုနှစ်အတွင်း အမြန်ဆုံး ဖွဲ့စည်းမည်ဟု အသိပေးသည်။
တအာင်းအမျိုးသားပါတီ-TNP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA နှင့် တအာင်းအရပ်ဘက်အစုအဖွဲ့များပါဝင်သည့် TPCC ၏ နိုင်ငံရေးထိပ်သီး အစည်းအဝေးကို ဇွန်လ ၁ရက်မှ ၃ရက်အထိ ကျင်းပခဲ့ပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
တအာင်းမြေကောင်စီ(TLC)ကို တအာင်းတပ်မတော်(PSLF/TNLA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး တအာင်းအရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြု ကိုယ်စားလှယ် လွေးမိုးခမ်းက ဒုတိယဥက္ကဋ္ဌ (၁)အဖြစ်လည်းကောင်း၊ တအာင်းအမျိုးသားပါတီ ကိုယ်စားပြုအဖြစ် တားအေးမောင်က ဒုဥက္ကဋ္ဌ(၂)အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။
TLC အတွင်းရေးမှူးအဖြစ် လွေးပိုးကမဲ:ရှိူဝ်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဗိုလ်ကြီး လွေးယေ၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ် တားခူလန်း၊ တားအောင်ပေ၊ တားကြာထွန်း၊ လွေးမိုးလှိုင်တို့ ဖြစ်သည်။
“စုဖွဲ့မှုကတော့ TPCC ကို TLC အဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားတာ ဖြစ်ပါတယ် အဲဒီထဲမှာတော့ အစုအဖွဲ့ သုံးခုဖြစ်တဲ့ တအာင်းအမျိုးသားပါတီ -TNP ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး -PSLF/TNLA နှင့် တအာင်းအရပ်ဘက်အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားပါတယ်။ ရည်ရွယ်ချက်ကတော့ မဏ္ဍိုင်ကြီး သုံးရပ်ကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်ဖို့အတွက်နဲ့ တော်လှန်ရေးကာလမှာ တအာင်းတွေရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ဦးဆောင်ဖို့ စုဖွဲ့ထားခြင်း ဖြစ်ပါတယ်” ဟု TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ်က ရှင်းပြသည်။
ယခုကျင်းပခဲ့သည့် တအာင်းနိုင်ငံရေးထိပ်သီးအစည်းအဝေးတွင် တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ-TSCDC က ရေးဆွဲထားသည့် "တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံ" ကို လက်ခံအတည်ပြုခဲ့ရာ ထိုအစီအမံအရ ၂၀၂၁ ခုနှစ်၊ မတ်လ(၂၄)ရက်တွင် ဖွဲ့စည်းတာဝန်ယူခဲ့သည့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC အား တအာင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူသော အဓိကမဏ္ဍိုင်ကြီး(၃)ခုကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ရေးအတွက် ယခုကဲ့သို့ ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
"တအာင်းပြည်ကောင်စီ" Ta'ang Land Council-TLC ကို တအာင်းပြည်၏ တော်လှန်ရေးကာလတွင် အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်းလည်း ထုတ်ပြန်သည်။
တော်လှန်းရေးကာလအတွင်း TPCC က မဟာမိတ်တော်လှန်ရေးအင်အားစုများဖြင့် ဆက်လက်လက်တွဲ လုပ်ဆောင်သွားမည်ဟုလည်း အသိပေးသည်။
တအာင်းပြည်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးကြီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ်များ ဦးဆောင်ပြီး ဘုံရန်သူအကြမ်းဖက်စစ်ကောင်စီ(စကစ)အား ဖယ်ရှား ရှင်းလင်းနိုင်ခဲ့သည့် နယ်မြေများကိုအခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို အစုအဖွဲ့(၃)ဖွဲ့၏ ခေါင်းဆောင်ကိုယ်စားလှယ်များအပြင် သင့်လျော်သည့် ပြည်သူလူထု ကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဆက်လက်ဖွဲ့စည်းနိုင်ရန်အတွက် အမြန်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
မြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း TPCCက ထုတ်ပြန်အသိပေးသည်။
TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးမိတ်၊ မိုးကုတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ နမ့်ခမ်း စသည့် မြို့နယ် ၁၂ ခုကို သိမ်းပိုက် ထိန်းချုပ်ထားသည်။

👍55❤20👏6🤣4🥰1
နမ့်စန်လေတပ်ကို ပို့မယ့် လေယာဉ်ဆီသယ်ကားကို အမြန်လမ်းမှာ PDF တွေ ဖမ်းဆီး | People's Spring
https://youtu.be/9pezpmGNZs4

နမ့်စန်လေတပ်ကို ပို့မယ့် လေယာဉ်ဆီသယ်ကားကို အမြန်လမ်းမှာ PDF တွေ ဖမ်းဆီး
ဇွန် - ၉၊ ၂၀၂၅/ People's Spring
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်ထဲက နမ့်စန်လေတပ်စခန်းဆီ ပို့ဆောင်မယ့် လေယာဉ်ဆီသယ် ကားကို မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း နတ်မောက်မြို့အခြေစိုက်…

👍60❤10🥰1🖕1
စဥ့်ကူးမှာဆေးရုံဝင်းကိုစစ်တပ်ကဗုံးကြဲ အမျိုး
သမီးတဦးသေဆုံး ၊ ၃ ဦးထက်မနည်းဒဏ်ရာရ
■သပိတ်ကျင်းမှာတိုက်ပွဲ ပြင်းထန်နေ
ဇွန်-၉၊ ၂၀၂၅။ မေရီ၊မေ/People's Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းကို စစ်တပ်က ဒီကနေ့နံနက်မှာ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ အမျိုး
သမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဇွန် ၉ ရက်နံနက် ၅ နာရီခွဲခန့်က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်း အတွင်းကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ လေကြောင်း
ကနေ ဗုံးတလုံး ကြဲခဲ့လို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
"ဈေးထဲက မိန်းခလေးနှစ်ယောက်မှာ တယောက်က လက်ပြတ်တယ်။ တယောက်က သေဆုံးသွားတယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။
အခြားဒေသခံတဦးက"ဆေးရုံအ ဆောက်အဦး တွေလည်းပျက်သွားတယ်။အခု တလောဆေးရုံ၊ရဲစခန်းအကုန် နေရာအတိအကျနဲ့ကြဲ နေတာ"လို့ပြောပါတယ်။
စဥ့်ကူးမြိူ့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ် ။ဇွန်လ(၈)ရက်နေ့ကလည်း စဥ့်ကူးမြို့နယ်၊လက်ပန်လှရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ဇွန်လ (၁) ရက်နေ့ကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်က စာသင်ကျောင်း၊ ဟို
တယ် နဲ့ လူနေအိမ်တွေကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့လို့ အဆောက်အအုံပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင်စဉ့်ကူးမြိုနယ်ရဲ့မြောက်ဘက်ကသပိတ်ကျင်းမြို့နယ်ကိုလည်းစစ်တပ်ကနေ့စဉ်ပြင်းပြင်း
ထန်ထန် လေကြောင်းတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
"တမနက်ထဲကိုအကြိမ်၂၀ကျော်လေကြောင်းတိုက်တယ်။တောက်လျှောက်ခေါင်းပေါ်မှာ လေ
ယာဉ် တွေဝဲ နေတာ။တိုက်ပွဲလည်း ပြင်းထန်နေတယ်"လို့ ဒေသခံတဦး ကပြောပါတယ်။
သပိတ်ကျင်းမြို့နယ်၊မိုးကုတ်-မန္တလေး လမ်းမပေါ်က ၇မိုင်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေကြဲချကာအဲဒီနောက်မှပေါင်၅၀၀
၊ပေါင်၃၀၀ဗုံး တွေကြဲချ နေတာလို့သိရပါတယ်။
စစ်တပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာ တွေကို လေယာဉ်နဲ့ ဗုံးကြဲကာ ထိုးစစ်ဆင် တိုက်ခိုက်မှု တွေပြုလုပ် နေပြီး စဉ့်ကူး၊မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို စစ်တပ်က တရ
စပ် လေ ကြောင်းတိုက်ခိုက်တာတွေပြုလုပ် နေပါတယ်

😡54❤15👍6🤬6👎3😢1
ဆီဆိုင်မြို့နယ်ရွာခုနှစ်ရွာမှပြည်သူများကို မွေတော်ဘုရားဝင်းသို့ ရွေ့ပြောင်းရန် စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ် စေခိုင်း
ဇွန်-၇၊၂၀၂၅။ ထားမြတ်/People’s Spring
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ရှိ ရွာ ၇ရွာမှ ပြည်သူခြောက်ထောင်ကျော်ကို ဇွန်လ၁၅ရက် နောက်ဆုံးထားနေရာပြောင်းရွေ့ရန် စစ်တပ်လက်အောက်
ခံ PNOပြည်သူ့စစ်ကစာ ပေးပို့ထားသည်။
ဇွန်လ ၇ရက် ကပအိုဝ်းဘာသာဖြင့် PNOက ကျေး
ရွာများသို့ စာပို့ခဲ့ခြင်းဖြစ်သည်ဟုစစ်ကောင်စီကိုတော်လှန်နေသည့် PNLA က စာထုတ်ပြန်ထားခြင်းဖြစ်သည်။
PNO ပြည်သူ့စစ်စာတွင် ဆီဆိုင်မြို့နယ်နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ၊တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ကလားလမ်ရွာတို့မှဒေသခံများကို ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်းသို့ ဖိအားပေးပြောင်းရွေ့ခိုင်းထားခြင်းဖြစ်သည်။
မပြောင်းရွေ့ပါကရွာမှထွက်သွားရမည်ဟု ဖော်ပြထားပြီး မထွက်သွားပါက တာဝန်မယူဟု PNO ပြည်သူ့စစ်က ခြိမ်းခြောက်ထားသည်။ကျေးရွာ
မှ ထွက်ခွာသည့် ရွာသူရွာသားများအနေဖြင့် တောင်ယာနှင့် စစ်ဘေးရှောင်စခန်း များသို့ သွားရောက်နေထိုင်ခြင်း မပြုရန်တားမြစ်ထာပြီး မွေတော်ဘုရားဝန်းသို့သာ ပြောင်းရွှေ့ရန် စာ၌ ပါရှိသည်ဟု PNLAက ထုတ်ပြန်သည်။
ယင်းကျေးရွာများအနက်အချို့ရွာများသည် တော်
လှန်ရေးနယ်မြေအတွင်းမှဖြစ်ပြီး ကျေးရွာအချို့သည် စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်က ထိန်း
ချုပ်ထားသည့်ကျေးရွာများဖြစ်သည်ဟု PNLA
က ထုတ်ပြန်သည်။ ဒေသခံများကို ကျေးရွာအ
တွင်းမှ ထွက်သွားရန် မောင်းထုတ်သည့်စာပေးပို့ပြီးနောက်ကျေးရွာအချို့တွင်စစ်တပ်နှင့် PNO ပြည်သူ့စစ် ဝင်ရောက်တပ်စွဲခဲ့သည်ဟုသိရသည်။
“သူတို့ ဒီလိုလုပ်တာက တော်လှန်ရေးနဲ့ လူထုကို အဆက်အသွယ်ပြတ်အောင် တော်လှန်ရေးနဲ့ လူထုကို ထိစပ်မှု မရှိအောင်လုပ်ချင်တာပဲဖြစ်ပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောကြားသည်။
ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ပြည်သူလူထု၏ ရပ်ရွာများရှိ ဥစ္စာစည်းစိမ်းများကို ဖျက်ဆီးလို၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း လည်း၎င်းကဆက်ပြောသည်။
PNOသည် စတင်ဖွဲ့စည်းစဉ်ကပြည်သူ့ကြားက ဖြစ်ပေါ်လာပြီး ပြည်သူလူထုကျွေးသည့် ထမင်းကို စားပြီး ဖွဲ့စည်းထားဖြစ်သော်လည်း ကိုယ်ကျိုးစီးပွားအတွက် ပြည်သူကို ပြန်လည်မောင်းထုတ်နေသည့် အဖွဲ့ဖြစ်သည်ဟု ခွန်ရိန်းယံက ပြော
သည်။
“ သူတို့စာအရဆိုရင် ပြည်သူလူထုကစစ်ဘေး
ဒဏ် မခံချင်လို့ စစ်ဘေးရှောင်စခန်းသွားနေတာတို့ တောင်ယာထဲ သွားနေတာတို့လည်း သူတို့ မပေးလုပ်ဘူး။ အဲဒီ မွေတော်ဘုရား၀ိုင်းထဲကို အကုန်လုံးသွားစုရမယ်ဆိုတဲ့ အမိန့်မျိုးပေးလာတာဖြစ်တယ်။ ဒါက အဲဒီကျေးရွာတွေမှာရှိတဲ့ ပြည်သသူလူထု အားလုံးကိုဖမ်းပြီးမှ ထောင်ထဲ ထည့်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်” ဟုခွန်ရိန်းယံက ပြောကြားသည်။
PNO ပြည်သူ့စစ်သည် စစ်ကောင်စီ အလိုကျ ပအိုဝ်းဒေသခံများကို စစ်သားစုဆောင်းပေးခြင်း၊စစ်ကောင်စီတပ်နှင့်အတူ စစ်ဆင်ရေးများ၌ ပါဝင်ခြင်းများ ပြုလုပ်လျက်ရှိရာ ပအိုဝ်းတော်လှန်ရေးအင်အားစုများက PNO၏ လုပ်ရပ်ကို ရပ်တန့်ပြီး တော်လှန်ရေးဘက်ပူးပေါင်းရန်တိုက်တွန်းထား

🤬33👎22❤10👍6😡2