People's Spring
61.7K subscribers
68.1K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဧည်စာရင်းစစ်​နေသည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ/ ပုံအ​ဟောင်းဖြစ်ပါသည်။
ဓါတ်ပုံ-စစ်​ကောင်စီ
🖕55🤮6💩54👍4🤬2🐳2👎1🔥1
ဖားကန့်ဆိုင်းတောင်သုဿာန်အနီး ယမ်းတင်ယာဉ် ထားရာနေရာပေါက်ကွဲမှုဖြစ် ၊စစ်တပ်ကဒရုန်းဖြင့်တိုက်ခိုက်ခြင်းဖြစ်ဟု​ဒေသခံပြော

■ဇွန်လအတွင်း ဖားကန့်ဒေသ၌ စစ်ကောင်စီက မီးရှို့မှု ၁၁ကြိမ်ကျူးလွန်ဟု KHRW ဖော်ပြ

ဇွန်-၉၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသနမ့်မှော်အုပ်စု မှောလကင်းရွာတွင်ယမ်းတင်ထားသည့်မော်တော်ယာဉ်ထားရှိရာနေရာ၌ ဇွန်လ ၉ရက်မနက်အစောတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

ဖားကန့်လုံးခင်းဒေသခွန်ဆာကုန်းအနီးတွင် ဇွန်လ ၆ရက်ကစစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး မိသားစုလိုက်အပါအဝင် လူ ၉ ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်အနီးဆိုင်းတောင်
၌ ထပ်မံ၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇွန် ၉ ရက်နက်အစော၁နာရီခန့်တွင်နမ့်မှော် သုဿာန်အနီး ယမ်းတင်ယာဉ် ပါဝင်သည့်ကားပေါက်ကွဲမှု ဖြစ်သည်ဟုကြားသိရကြောင်း ဒေသခံကို ကိုးကားပြီး သတင်းရင်းမြစ်တဦးက ပြောသည်။

“ကားဆီ၊ ဆီဘောက်ဆာတွေဒရုန်းနဲ့အချခံရတာပါ။ ယမ်းကားနဲ့ ဆီဘောက်ဆာ။ ယမ်းကား အရင်ထိပြီး ဆီဘောက်ဆာကို ကူးတာလား ဆီဘောက်ဆာကို ထိပြီး ယမ်းကားကို ထိတာလား ဖြစ်စဉ် ကြုံရသူတွေပဲ သိလိမ့်မယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

မီးလောင်ပေါက်ကွဲမှု ကြောင့်နေအိမ်အချို့နှင့်ကားပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိဟု လည်း ဒေသခံ တဦးက အသိပေးထားသည်။

အဆိုပါ လုပ်ရပ်သည် စစ်ကောင်စီ၏ လက်ချက်ဖြစ်သည်ဟုလည်း သတင်းရင်းမြစ်ကပြောသည်။
“စစ်ကောင်စီဘက်က ဝှေခါနဲ့ ဆိုင်းတောင်ကို ပြန်လည်ထိန်းချုပ် ချင်လို့ ထိုးစစ်လုပ်တဲ့ အစဦးခြိမ်းခြောက်မှုလို့ ပြောရမယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ဒေသတွင်း ကျောက်တူးဖော်ရေးလုပ်ငန်းများတွင် အသုံးပြုရန်သိုလှောင်ထားသည့် ယမ်းနှင့် ဓာတ်မြေသြဇာအိတ်များရှိရာနေရာကို စစ်ကောင်စီကပစ်မှတ်ထား၍တိုက်ခိုက်နေသောကြောင့် ဒေသခံများသည် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အဆိုပါဂို‌ ထောင်များအား ရှင်းလင်းနေကြသည်။

" သိုလှောင်ထားတဲ့နေရာတွေကို ပစ်မယ်လို့သတင်းလွင့်ထားတယ်။ ဒါကြောင့် ရှင်းလင်းနေကြတယ်။ ညက ‌ပေါက်ကွဲမှုကလည်း အရင်နေ့က ဖြစ်ရပ်တွေလိုပဲ အရပ်သားပစ်မှတ်ကိုပစ်တာ။ သတိထားနေတော့ မထိခိုက်ဘူးကြားပါတယ်" ဟု ဖားကန့်ဒေသခံတဦးကပြောသည်။

မေလ ၂၇ရက်တွင် ဖားကန့် လုံးခင်းဒေသသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် လုံးခင်းတွင်ကုမ္ပဏီ အချို့၏ အဆောက်အဦး၊ ယာဉ်ယန္တရားများအား မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်ခဲ့သည်။ ထို့အပြင်ထိုစစ်တပ် ရောက်ရှိပြီးနောက် ကျောက်စိမ်းလုပ်ကွက်များ၌ ဖောက်ခွဲရေးသုံးပစ္စည်းများ သိုလှောင်ရာနေရာများ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ခဲ့သည်။

ဇွန်လ ၆ရက် ဖားကန့် လုံးခင်းဒေသ ခွန်ဆာကုန်းအနီးပေါက်ကွဲမှုတွင် ကလေးငယ် အပါအဝင် ပြည်သူ ၉ဦး သေဆုံးခဲ့ပြီး ဇွန်လ ၃ရက် လုံးခင်း မှော်စီစာတင်အောင်ကြိုင်လုပ်ကွက် ယမ်းဂိုဒေါင် ပေါက်ကွဲမှုဖြစ်စဉ်တွင်လည်းလူ ၂ဦး သေဆုံးကာ ဒဏ်ရာရသူများပြားခဲ့သည်။ဖြစ်စဥ်နှစ်ခုလုံးတွင်ယမ်းသို​လှောင်ရာဂို​ဒေါင်များကို စစ်တပ်က
လက်နက်ကြီး သို့မဟုတ် ဒရုန်းဖြင့် ပစ်ခတ်၍​ဖောက်ခွဲခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW ၏ ဇွန် ၈ ထုတ်ပြန်ချက်အရ ဇွန်လ ၁ရက်မှ ၈ရက်နေ့အတွင်း စစ်ကောင်စီက ဖားကန့်ဒေသ၌ ပြည်သူများ နေထိုင်သည့်နေရာများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့မှု ၁၁ကြိမ် ရှိခဲ့ပြီး လက်
နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၁ဦး သေဆုံးခဲ့ရဟု ​ဖော်ပြထားသည်။

စစ်ကောင်စီ၏ လုပ်ရပ်များသည် ပြည်သူများ၏ အခြေခံ အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြပြီး အာဆီယံ အဖွဲ့ဝင်များ အပါအဝင် နိုင်ငံတကာ အနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များရပ်တန့်စေရန် ကန့်ကွက်သင့်ဟု KHRWက တိုက်တွန်းထားသည်။
🤬30👍279👎1😁1
This media is not supported in your browser
VIEW IN TELEGRAM
ပေါက်ကွဲမှုဖြစ်ပွားပြီးမီး​လောင်စဥ်။
ဓါတ်ပုံ-Padang Shingni
👍35😡9🔥5👎32
မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးလို့ ဆိုပြီးအမျိုးသမီးတွေပါ အဖမ်းခံနေရ

ဇွန်-၁၀၊၂၀၂၅။ဇေအောင်/People's Spring

မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေပါ ပါဝင်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဇွန်လဆန်းကတည်းက စစ်ကောင်စီတပ်က တပြည်လုံးအတိုင်းအတာနဲ့ လိုင်စင်မဲ့ မော်တော်ယာဥ်တွေကို ဖမ်းဆီးခဲ့ရာမှာ စီးနင်းလာတဲ့သူတွေကိုပါ ဖမ်းဆီးခဲ့ကြောင်း၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာလည်း လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့ဆိုပြီး ဆိုင်ကယ်သိမ်းရုံတင်မက လူကိုပါ ဖမ်းဆီးခဲ့ရာမှာ အမျိုးသမီးတွေပါ ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

"စစ်ကိုင်းတံတားမှာ စျေးသည်အမျိုးသမီးက ဆိုင်ကယ်အဖမ်းခံရတယ်။ ဆိုင်ကယ်သိမ်းတော့ တောကလာတဲ့လူတွေဘာနားလည်မလဲ။ ကျမဆိုင်ကယ်မပါဘဲ မပြန်ဘူးလို့ပြောတော့ လူကိုပါဖမ်းသွားတာ။"လို့ စစ်ကိုင်းဒေသခံ အမျိုးသမီးတဦးက ပြောပြပါတယ်။

အလားတူ မန္တလေးမြို့ပေါ်မှာလည်း လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလာသူတွေကို စစ်တပ်က လှည့်လည်ကာ ဖမ်းဆီးနေပြီး အမျိုးသမီးတွေပါ ဖမ်းဆီးခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးအရေအတွက်ကိုတော့ လူထုနွေဦးက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်အမျိုးသားတွေကို စစ်တပ်က စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတယ်လို့လည်း မြို့ခံအချို့ကဆိုပါတယ်။

စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်က လိုင်
စင်မဲ့ယာဥ်တွေကို အသုံးပြုပြီး ၎င်းတို့ကို လာရောက်တိုက်ခိုက်မှာစိုးရိမ်လို့ လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။
🤬5912👍4👎4🔥1😭1
ဇွန်လဆန်းက ဒေသတခုမှာ ဆိုင်ကယ်တွေဖမ်းနေတဲ့ စစ်အုပ်စုဝင်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ-File Video
😡66🤬85👍2🖕2👎1🤮1💩1
သံတွဲမြို့အနီးငလျင်လှုပ်

ဇွန်-၉၊၂၀၂၅။ အိမ်သွင်/People's Spring

ရခိုင်ပြည်နယ်သံတွဲမြို့အနီးကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ဒဿမ၉ အဆင့်ငလျင် ယနေ့(ဇွန်လ ၉ရက်) နံနက် ၉နာရီ၄၄မိနစ်၌ လှုပ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်
ပြန်သည်။

အဆိုပါငလျင်သည် မြေအောက်အနက် ၅၀ ကီလိုမီတာကိုဗဟိုပြု လှုပ်ခတ်သွားခြင်းဖြစ်ပြီး​ဇောက်နက်ငလျင်ဖြစ်သည်။ ​ဇောက်နက်လျှင် ​မြေငလျင်ဖျက်အား​လျော့နည်းပြီး ​ဇောက်တိမ်လျင်ဖျက်အားပိုကြီးသည်။သံတွဲမြို့နယ်ဆက်စပ်နေသော ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှာမြို့နယ်အချို့တွင်လည်း ခံစားလိုက်ရကြောင်းသတင်းရရှိသည်။

"တစ်ချက်တည်း လှုပ်သွားတာ။ တော်တော်လေးသိသာတယ်။ ထိခိုက်ပျက်စီးမှု‌တော့မရှိနိုင်ဘူး"ဟု ပြည်မြို့ကတစ်ဦးကပြောသည်။

အဆိုပါငလျင်သည် ဧရာဝတီတိုင်း၊ မြန်အောင်မြို့အနီးကိုဗဟိုပြုပြီး လှုပ်ခတ်သွားခြင်းဟုအမေရိကန်ဘူမိတိုင်းတာရေးဌာန (USGS)ကလည်းထုတ်ပြန်ထားသည်။

သံတွဲနှင့် မြန်အောင်မြို့သည် ရခိုင်ရိုးမခြားလျက် ဆက်စပ်သည်ရှိသည်။ ယခုရက်ပိုင်း၌ ရစ်ခ်တာစကေး ၄မှ၅ကြားငလျင်အချို့သည် ရှမ်းပြည်နယ်
တောင်ပိုင်း၊ ကချင်ပြည်နယ်နှင့်ပဲခူးတိုင်းအတွင်း ၅ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့သည်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းနှင့် မန္တလေးမြို့ကိုဗဟိုပြု၍ လှုပ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇ဒဿမ၇ အဆင့်ငလျင်လှုပ်ပြီးနောက်ပိုင်းမြန်မာနိုင်ငံဒေသအများအပြားတွင် နောက်ဆက်တွဲငလျင်များလှုပ်ရှားနေသည်။ငလျင်များ မကြာခဏလှုပ်ရှားနေခြင်းနှင့် သိသိသာသာအင်အားပြင်းထန်လာ၍ စိုးရိမ်မှုများရှိနေသည်။
👍509🔥3😱2🤬1😢1
👍38🔥76😢1
ဒေသအများစု တကျော့ပြန် မိုးကောင်းနိုင်

ဇွန်-၉၊၂၀၂၅။အိမ်သွင်/People's Spring

မုတ်သုန်လေအားကောင်းနေ၍ အလယ်ပိုင်းဒေသများအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့၌ မိုးပြန်ကောင်းလာနိုင်ပြီး ရေဘေးနှင့်မြေပြိုမှု ဘေးသတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။

ဇွန်လ ၉ရက်မှ ဇွန်လ ၁၅ရက်အတွင်း မိုးကောင်းနိုင်ခြင်းနှင့်အတူ ရေဘေးသတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း ဒေသအ
များအပြား၌မိုးကောင်းပြီး နေရာကွက်မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

ရွှေဘိုမြို့အပါအဝင်စစ်ကိုင်းတိုင်းအတွင်းမြို့နယ်အချို့တွင် ဇွန်လ ၈ရက်မှစ၍ မိုးကောင်းခဲ့သည်။ ရွှေဘိုမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်
နေ၍ လူသုံးကုန်ပစ္စည်းများနေရာရွှေ့ပြောင်းနေရသည်ဟု ဒေသခံအချို့ကပြောသည်။

လာမည့် ဇွန်လ ၁၃ရက်မှစ၍ မိုးပိုကောင်းလာနိုင်ပြီး ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊လျှပ်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်း၊ လျှပ်
တပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ အထူးသတိပြုနေထိုင်ကြရန် MOHADMက သတိပေးထားသည်။

ဇွန်လ ၁၆ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်သော်လည်း ဆက်
လက်အားကောင်းနိုင်ခြင်းမရှိကြောင်းလည်ခန့်
မှန်းထားသည်။

ငလျင်ဘေးသင့်ဒေသများ၌လည်း မြေကျွံခြင်း၊ မြေပြိုခြင်းနှင့် ယိုင်နဲ့နေသည့် အဆောက်အအုံပြိုကျခြင်းများသတိပြုကြရန်လည်း သတိပေးထားသည်။

ပြီးခဲ့သည့်မေလနောက်ဆုံးပတ်က ဘင်္ဂလားဒေ့ရှ်ကို ဝင်သည့် မုန်တိုင်းမြန်မာ-အိန္ဒိယနယ်စပ်အနီးအထိ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်ဖြတ်စဥ် ကချင်ပြည်နယ်တွင် မိုးကြီးခဲ့သည်။မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဆွမ်ပရာဘွမ်မြို့၊ ချီဖွေမြို့၊ ပူတာအိုမြို့၊ စစ်ကိုင်းတိုင်းမှ နာဂဒေသတို့တွင် ရေဘေးနှင့် မြေပြိုမှု ဘေးရင်ဆိုင်ခဲ့ရသည်။ ဧရာဝတီမြစ်ရေလည်း မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်ခဲ့သည်။

ထို့အပြင်ရခိုင်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့်‌ တောင်ကုတ်မြို့တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့သည်။
👍506🔥2😭2
​မေလကုန်ပိုင်းက  ကချင်ပြည်နယ်တွင် ​ရေကြီး
စဥ်။ဓါတ်ပုံ-CJ
😢39👍32🔥2
စစ်​ကောင်စီ၏တပ်မ ၁၀ ခုတွင် တပ်မမှူး ၅ ဦးမှာစစ်ပွဲတွင်​သေဆုံးပြီး ၂ ဦးကို​တော်လှန်​ရေးတပ်များကဖမ်းဆီးထားကာ၊ ၂ဦးကိုစစ်တပ်ကပြန်ဖမ်းတပ်မ ၆၆ တပ်မမှူးတစ်ဦးသာ​ဘေးကင်း​နေ​သေး​သေသည်။
"၃၃ မှူးချုပ် အဖမ်းခံလိုက်ရပြီ။ မိသားစုဝင်တွေပါ ဖမ်းတာ။ သူကကချင်မှာစစ်ရှုံးသလိုအုပ်ချုပ်စီမံညံ့ဖျင်းတာရယ်၊ လာဘ်စားပြီးလုံခြုံရေးပေါ့လျော့တယ်ဆိုတဲ့ မှတ်ချက်တွေနဲ့ အဖမ်းခံရတာ။သူ ထောင်ကျမှာပါ” ဟုစစ်ရေးသတင်ရင်းမြစ်ကပြောသည်။


https://www.ludunwayoo.com/news-mm/2025/06/08/123312/
36👍30👏8🤣4
သိမ်းပိုက်ထားသည့် နယ်မြေများကို အခြေခံပြီး အစိုးရဖွဲ့ရန် တအာင်းပြည်ကောင်စီ-TLC ဖွဲ့စည်း
■တအာင်းပြည် တော်လှန်ရေးကာလတွင် အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဆုံးဖြတ်
ဇွန်-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
တအာင်းပြည်ကောင်စီ -TLCကို ဖွဲ့စည်းလိုက်ကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC က ကြေညာလိုက်ပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ယခုနှစ်အတွင်း အမြန်ဆုံး ဖွဲ့စည်းမည်ဟု အသိပေးသည်။
တအာင်းအမျိုးသားပါတီ-TNP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA နှင့် တအာင်းအရပ်ဘက်အစုအဖွဲ့များပါဝင်သည့် TPCC ၏ နိုင်ငံရေးထိပ်သီး အစည်းအဝေးကို ဇွန်လ ၁ရက်မှ ၃ရက်အထိ ကျင်းပခဲ့ပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
တအာင်းမြေကောင်စီ(TLC)ကို တအာင်းတပ်မတော်(PSLF/TNLA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး တအာင်းအရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြု ကိုယ်စားလှယ် လွေးမိုးခမ်းက ဒုတိယဥက္ကဋ္ဌ (၁)အဖြစ်လည်းကောင်း၊ တအာင်းအမျိုးသားပါတီ ကိုယ်စားပြုအဖြစ် တားအေးမောင်က ဒုဥက္ကဋ္ဌ(၂)အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။
TLC အတွင်းရေးမှူးအဖြစ် လွေးပိုးကမဲ:ရှိူဝ်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဗိုလ်ကြီး လွေးယေ၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ် တားခူလန်း၊ တားအောင်ပေ၊ တားကြာထွန်း၊ လွေးမိုးလှိုင်တို့ ဖြစ်သည်။
“စုဖွဲ့မှုကတော့ TPCC ကို TLC အဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားတာ ဖြစ်ပါတယ် အဲဒီထဲမှာတော့ အစုအဖွဲ့ သုံးခုဖြစ်တဲ့ တအာင်းအမျိုးသားပါတီ -TNP ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး -PSLF/TNLA နှင့် တအာင်းအရပ်ဘက်အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားပါတယ်။ ရည်ရွယ်ချက်ကတော့ မဏ္ဍိုင်ကြီး သုံးရပ်ကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်ဖို့အတွက်နဲ့ တော်လှန်ရေးကာလမှာ တအာင်းတွေရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ဦးဆောင်ဖို့ စုဖွဲ့ထားခြင်း ဖြစ်ပါတယ်” ဟု TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ်က ရှင်းပြသည်။
ယခုကျင်းပခဲ့သည့် တအာင်းနိုင်ငံရေးထိပ်သီးအစည်းအဝေးတွင် တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ-TSCDC က ရေးဆွဲထားသည့် "တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံ" ကို လက်ခံအတည်ပြုခဲ့ရာ ထိုအစီအမံအရ ၂၀၂၁ ခုနှစ်၊ မတ်လ(၂၄)ရက်တွင် ဖွဲ့စည်းတာဝန်ယူခဲ့သည့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC အား တအာင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူသော အဓိကမဏ္ဍိုင်ကြီး(၃)ခုကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ရေးအတွက် ယခုကဲ့သို့ ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
"တအာင်းပြည်ကောင်စီ" Ta'ang Land Council-TLC ကို တအာင်းပြည်၏ တော်လှန်ရေးကာလတွင် အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်းလည်း ထုတ်ပြန်သည်။
တော်လှန်းရေးကာလအတွင်း TPCC က မဟာမိတ်တော်လှန်ရေးအင်အားစုများဖြင့် ဆက်လက်လက်တွဲ လုပ်ဆောင်သွားမည်ဟုလည်း အသိပေးသည်။
တအာင်းပြည်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးကြီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ်များ ဦးဆောင်ပြီး ဘုံရန်သူအကြမ်းဖက်စစ်ကောင်စီ(စကစ)အား ဖယ်ရှား ရှင်းလင်းနိုင်ခဲ့သည့် နယ်မြေများကိုအခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို အစုအဖွဲ့(၃)ဖွဲ့၏ ခေါင်းဆောင်ကိုယ်စားလှယ်များအပြင် သင့်လျော်သည့် ပြည်သူလူထု ကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဆက်လက်ဖွဲ့စည်းနိုင်ရန်အတွက် အမြန်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
မြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း TPCCက ထုတ်ပြန်အသိပေးသည်။
TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးမိတ်၊ မိုးကုတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ နမ့်ခမ်း စသည့် မြို့နယ် ၁၂ ခုကို သိမ်းပိုက် ထိန်းချုပ်ထားသည်။
👍5520👏6🤣4🥰1
👏38👍158😁4🥰1
စဥ့်ကူးမှာဆေးရုံဝင်းကိုစစ်တပ်ကဗုံးကြဲ အမျိုး
သမီးတဦးသေဆုံး ၊ ၃ ဦးထက်မနည်းဒဏ်ရာရ

■သပိတ်ကျင်းမှာတိုက်ပွဲ ပြင်းထန်​နေ

ဇွန်-၉၊ ၂၀၂၅။ မေရီ၊​မေ/People's Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းကို စစ်တပ်က ဒီက​နေ့နံနက်မှာ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ အမျိုး
သမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ​တွေက ပြောပါတယ်။

ဇွန် ၉ ရက်နံနက် ၅ နာရီခွဲခန့်က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်း အတွင်းကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ လေကြောင်း
ကနေ ဗုံးတလုံး ကြဲခဲ့လို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ​တွေက ပြောပါတယ်။

"ဈေးထဲက မိန်းခလေးနှစ်ယောက်မှာ တယောက်က လက်ပြတ်တယ်။ တယောက်က သေဆုံးသွားတယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။

အခြား​ဒေသခံတဦးက"ဆေးရုံအ ဆောက်အဦး တွေလည်းပျက်သွားတယ်။အခု တလောဆေးရုံ၊ရဲစခန်းအကုန် နေရာအတိအကျနဲ့ကြဲ နေတာ"လို့ပြောပါတယ်။

စဥ့်ကူးမြိူ့နယ်ကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် မန္တ​လေးက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ် ။ဇွန်လ(၈)ရက်နေ့ကလည်း စဥ့်ကူးမြို့နယ်၊လက်ပန်လှရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဇွန်လ (၁) ရက်နေ့ကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်က စာသင်ကျောင်း၊ ဟို
တယ် နဲ့ လူနေအိမ်တွေကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့လို့ အဆောက်အအုံပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင်စဉ့်ကူးမြိုနယ်ရဲ့မြောက်ဘက်ကသပိတ်ကျင်းမြို့နယ်ကိုလည်းစစ်တပ်ကနေ့စဉ်ပြင်းပြင်း
ထန်ထန် လေကြောင်းတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

"တမနက်ထဲကိုအကြိမ်၂၀ကျော်လေကြောင်းတိုက်တယ်။တောက်လျှောက်ခေါင်းပေါ်မှာ လေ
ယာဉ် တွေဝဲ နေတာ။တိုက်ပွဲလည်း ပြင်းထန်နေတယ်"လို့ ဒေသခံတဦး ကပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊မိုးကုတ်-မန္တလေး လမ်းမပေါ်က ၇မိုင်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေကြဲချကာအဲဒီနောက်မှပေါင်၅၀၀
၊ပေါင်၃၀၀ဗုံး တွေကြဲချ နေတာလို့သိရပါတယ်။

စစ်တပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာ တွေကို လေ‌‌ယာဉ်နဲ့ ဗုံးကြဲကာ ထိုးစစ်ဆင် တိုက်ခိုက်မှု တွေပြုလုပ် နေပြီး စဉ့်ကူး၊မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို စစ်တပ်က တရ
စပ် လေ ကြောင်းတိုက်ခိုက်တာတွေပြုလုပ် နေပါတယ်
😡5415👍6🤬6👎3😢1
ပျက်စီးခဲ့သော အဆောက်အအုံအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ
🤬53😢137👍4😡4👎1