"China Communist Party ဝင်ရောက်စွက်ဖက်မှုတွေအခုရပ် ငါတို့အနာဂတ်ကို ငါတို့ကိုယ်တိုင်ဖန်တီးမယ်" -ခါရာ
ဇွန်-၉၊၂၀၂၅။ဆဏ်း/People's Spring
မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်များရပ်တန့်ရန် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့၌ တော်လှန်အနုပညာရှင် ခါရာ
က တောင်းဆိုလိုက်သည်။
ဇွန်လ ၈ ရက်တွင် ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် မြန်မာနိုင်ငံသားများက ဆန္ဒပြပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခါရာက မြန်မာပြည်ဖွား တရုတ်လူမျိုးတစ်ဦးအနေဖြင့် တရုတ်ဘာသာစကားကိုပြောကြားကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
"ဒီနေ့ ကျွန်တော့် နှလုံးသား ကျွန်တော့်တို့ရဲ့နှလုံးသားတွေဟာ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခံလိုက်ရတယ်။ကျွန်တော်တရုတ်ပြည်ကိုချစ်တယ်။ မြန်မာပြည်ကြီးကို အရမ်းချစ်တယ်။ ဒါပေမယ့် ကိုယ့်ပြည်သူတွေက ကိုယ့်စစ်တပ်ရဲ့ ဗုံးကြဲတိုက်
ခိုက်မှုတွေ မီးရှို့ဖျက်ဆီးမှုတွေ ဖိနှိပ်ခြိမ်းခြောက်
မှုတွေ လုပ်နေတာကို တရုတ်အစိုးရကတော့ မသိ
သလိုနေခဲ့ကြတယ်။" ဟုခါရာကပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ အကျိုးအမြတ်ကြောင့် စစ်ကောင်စီကို ထောက်ခံခဲ့ခြင်းဖြစ်ပြီး အကျိုးအမြတ်နှင့် အာဏာအတွက်လုပ်ဆောင်နေခြင်းကို မြန်မာပြည်ဖွား တရုတ်တစ်ဦးအနေဖြင့်လက်မခံနိုင်ဟု ၎င်းကဆိုသည်။
ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီ၏မတရား လုပ်ရပ်များကို ထောက်ခံခြင်း ထောက်ပံ့ခြင်းများ ရပ်တန်းကရပ်ရန် နှင့် မြန်မာပြည်သူများဘက်မှ ရပ်တည်ရန် ခါရာကတောင်းဆိုလိုက်သည်။
"အာဏာရှင်တွေနဲ့ မရပ်တည်ပါနဲ့ ၊ ရပ်တန်းကရပ် ၊ ငါတို့ပြည်သူတွေ အသက်တွေပေးနေရတာလုံလောက်ပြီ။ ငါတို့ပြည်သူတွေကို မျှော်လင့်ချက်တွေ ငြိမ်းချမ်းမှုတွေနဲ့ အနာဂတ်ကို တည်ဆောက်ခွင့်ပေးပါ။China Communist Party ဝင်ရောက်စွက်ဖက်မှုတွေ အခုရပ် ငါတို့အနာဂတ်ကို ငါတို့ကိုယ်တိုင်ဖန်တီးမယ်" ဟု ခါရာက ပြောသည်။
သရုပ်ဆောင်တစ်ဦးအနေဖြင့် အခြားနိုင်ငံ၏သံရုံးရှေ့၌ ဆန္ဒပြနေခြင်းသည် ကိုယ်ချင်းစာစိတ်ကြောင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းကအသိပေးထားသည်။
"သရုပ်ဆောင်ဆိုတာ ပြည်သူတွေထဲက ပြည်သူတွေပဲ။ ပြည်သူတွေခံစားနေရသလိုပဲ ခံစားနေရတယ်။ ဘယ်လိုမှ မျက်ကွယ်ပြုလို့မရဘူး။ ဒါကြောင့်ဒီလမ်းကိုရွေးချယ်ခဲ့တယ်။ လူပီသချင်လို့။" ဟု ခါရာကပြောသည်။

❤97👍33🥰6🔥2👌1
■ဆောင်းပါး
မဟာမုနိဘုရားဒါယိကာ မျက်နှာဖုံးတပ်ရှေ့ထွက်လာတဲ့ လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်
ယောနသံ/People's Spring
စစ်ကောင်စီ၏အဓိကလက်နက်ပွဲစားတဦးဖြစ်သော ဒေါက်တာနိုင်ထွဋ်အောင်က စစ်ကိုင်းငလျင်ကြောင့်ပျက်စီးသွားသည့် မန္တလေးမဟာမုနိဘုရားကြီး စိန်ဖူးတော်အသစ်ပြုလုပ်ရန်ဟုဆိုကာ ရွှေ
သား ၃ ပိဿာ နှင့်ကျပ်သိန်းပေါင်း ၂၆,၀၀၀ ကို လှူဒါန်းလိုက်သည်။
ဒေါက်တာနိုင်ထွဋ်အောင်နှင့် ဒေါက်တာဝေဝေရင် "ကွန်းခိုရာ"မိသားစုက မန္တလေးမြို့ မဟာမုနိဘုရားကြီး စိန်ဖူးတော်အသစ်ပြုလုပ်ရန်အတွက်ရွှေ
သား(၃)ပိဿာ ၊ အရှေ့စောင်းတန်းခါးပြတ်ပြာ
သာဒ်နှင့် ကျောင်းတော်ကြီးတိုင်(၆)တိုင်တည်ဆောက်ပြုပြင်ရန်အတွက် ကျပ်သိန်း၂၆,၀၀၀ကိုက ဇွန်လ၇ရက်နေ့တွင် ရေစက်ချလှူဒါန်းသည်ဟု မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က သတင်းထုတ်
ပြန်သည်။
ဒေါက်တာ နိုင်ထွဋ်အောင်သည် စစ်ကောင်စီထံသို့ လက်နက်များတင်ပို့ရောင်းချနေသည့် International Gateways Group(IGG) ကုမ္ပဏီ အုပ်စု၏ပိုင်ရှင်ဖြစ်ပြီး စင်္ကာပူနိုင်ငံတွင်အနေများကာ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အလွန်ရင်းနီးသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
IGG ကုမ္ပဏီအုပ်စုတွင် Myanmar New Era Trading ကုမ္ပဏီအပါအဝင် ပြည်တွင်း နှင့် စင်ကာပူ ၊ဟောင်ကောင် ၊ထိုင်း အပါအဝင် နိုင်ငံ
တကာ၌ ကုမ္ပဏီပေါင်း ၄၀ ခန့်တည်ထောင်လုပ်ကိုင်နေသော လုပ်ငန်းစုဖြစ်သည်။ထိုကြောင့် ဒေါက်တာ နိုင်ထွဋ်အောင်သည် လူမြင်ကွင်းရှေ့သို့အထွက်နည်းသော်လည်း စစ်တပ်အတွက်လက်
နက်ပွဲစားလုပ်ရာမှ လွန်စွာ အကျိုးအမြတ်ရပြီး ချမ်းသာနေသော ခရိုနီတဦးဖြစ်သည်။
"စစ်ကောင်စီက လက်နက်တွေ ထပ်ဝယ်ဖို့ ရှိနေတယ်။ ဒေါက်တာနိုင်ထွဋ်အောင်က အချိန်ကိုက် လှုပ်ရှားတဲ့သဘောပါ။သူလုပ်ကွက်တွေထပ်ရသွားမှာပါ" ဟု အထက်ပါလုပ်ငန်းရှင်ကပြော
သည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတရုတ်နိုင်ငံက ကြားခံ၍ ပါကစ္စတန်နိုင်ငံမှတစ်ဆင့် စစ်လက်
နက်ပစ္စည်းများဝယ်ယူရာတွင် ဒေါက်တာနိုင်ထွဋ်အောင်ကအဓိကချိတ်ဆက်ပေးခဲ့ကြောင်း၊ တရုတ်အစိုးရသည်ပါကစ္စတန်နိုင်ငံမှတစ်ဆင့်စစ်ကောင်
စီထံ လက်နက်ပစ္စည်းများ လျှို့ဝှက်ထောက်ပံ့ပေးနေကြောင်းအိန္ဒိယနိုင်ငံအခြေစိုက် ANI သတင်းဌာနက ၂၀၂၂ မတ်လ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ဒေါက်တာနိုင်ထွဋ်အောင်သည်မြန်မာ့စစ်လက်နက်ကုန်သွယ်ရေး၌ အဓိကပုဂ္ဂိုလ်ဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံမှ စစ်လက်နက်ပစ္စည်းပေးသွင်းသူ
များနှင့် စစ်ကောင်စီကို အဓိကဆက်သွယ်ပေးနေသူဖြစ်ကြောင်း Justice for Myanmar(JFM) ကလည်းဖော်ထုတ်ထားသည်။ JFM သည် စစ်ကောင်စီ၏ လူအခွင့်အရေးချိုးဖောက်မှုများ၊ တ
ရားမဝင်အကျိုးစီးပွားများ၊ လက်နက်အရောင်း
အဝယ်ကိစ္စများကိုဖော်ထုတ်ပေးနေသည်။
ဒေါက်တာနိုင်ထွဋ်အောင်သည်အာဏာလုစစ်အုပ်
စုအတွက် ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိ
သော စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဥ်အစိတ်အပိုင်းများနှင့်နည်းပညာများ အဆင့်မြှင့်တင်ဝယ်ယူပေးခြင်းဖြင့် ချမ်းသာကြွယ်ဝလာခဲ့သူဖြစ်ပြီး " လူ့ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး ချမ်း
သာ ကြွယ်ဝမှုနဲ့ ဇိမ်ခံဘဝမျိုးကို ရရှိထားတာ ဖြစ်ပါတယ်" ဟု Justice For Myanmarက ၂၀၂၃ စက်တင်ဘာလ ၉ရက်နေ့ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။
ဒေါက်တာနိုင်ထူးအောင် ပိုင်ဆိုင်သောIGG ကုမ္ပ
ဏီကွန်ရက်ထဲက ကုမ္ပဏီ(၅) ခုသည် စင်ကာပူနိုင်ငံ၌ မှတ်ပုံတင်ထားဆဲဖြစ်ပြီး " စင်ကာပူအစိုးရအနေနဲ့ သူတို့ပိုင်နက်အထဲကနေ နိုင်ထွဋ်အောင်က တရားမဝင်မြန်မာစစ်အုပ်စုအပေါ်ပံ့ပိုးကူညီနေတာကို ဘယ်အချိန် အထိ ခွင့်ပြုပေးနေမှာလဲ"ဟုJFMက မေးခွန်းထုတ်ခဲ့သည်။
၎င်းသည် ယခင်က စင်ကာပူတွင်နေထိုင်သော်
လည်းနောက်ပိုင်းတွင် ယူအေအီးနိုင်ငံ ဒူဘိုင်းတွင်လည်းနေထိုင်သည်ဟုသိရသည်။ ထိုအပြင် ၎င်းသည် ကာရစ်ဘီယံကျွန်း Grenada မှ နိုင်ငံကူးလက်မှတ်ကိုပါ ကိုင်ဆောင်ထားကြောင်းသိရသည်။
ဒေါက်တာနိုင်ထွဋ်အောင်နှင့် ၎င်း၏ ကုမ္ပဏီ
International Gateways Groupတို့ကို အမေ
ရိကန်၊ ကနေဒါ ၊ ဗြိတိန် အစိုးရနှင့် ဥရောပ သမဂ္ဂတို့က က၂၀၂၂ ခုနှစ်မှစ၍ ဒဏ်ခတ်အရေးယူပိတ်ဆို့ခဲ့သည်။သို့သော် ၎င်းသည် တရုတ်အစိုးရနှင့်ချိတ်ဆက်ပီး စစ်ကောင်စီအတွက် အဓိကလက်နက်ပွဲစားဖြစ်နေဆဲဟုစီးပွားရေးလုပ်ငန်းရှင်သတင်းရင်းမြစ်ကဆိုသည်။
မတ်လ ၂၈ရက်က စစ်ကိုင်းနှင့်မန္တလေးမြို့ကို ဗဟိုပြု လှုပ်ခဲ့သည့် ရစ်ခ်တာစကေး ၇ဒဿမ၇ အဆင့် အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့မှ မဟာမုနိဘုရားကြီးနှင့် ကျောင်းအဆောင်အဦ ၇၀ ရာ
ခိုင်နှုန်းပျက်စီးသွားကြောင်းဂေါပကအဖွဲ့က ထုတ်ပြောပြီး အလှူခံခဲ့သည်။
ဧရာဝတီဘဏ်ပိုင်ရှင်ဦးဇော်ဇော်ကလည်းကျောင်း
တော်ကြီးပျက်စီးမှုကုန်ကျစရိတ်အားလုံး လှူဒါန်းမည်ဟုမဟာမုနိဂေါပကအဖွဲ့အတွင်းရေးမှူး ဦးသန်းဦး က သတင်းမီဒီယာအချို့အား အသိပေးထားသည်။
ဒေါက်တာနိုင်ထွဋ်အောင် ယခုလှူသည့် ရွှေသား ၃ပိဿာနှင့်ကျပ်သိန်းပေါင်း ၂၆၀၀၀ ကိုစစ်ကောင်စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ်မှဦးဆောင်
၍ လက်ခံရယူသွားခဲ့သည်။
အဆိုပါအလှူနဲ့ပတ်သက်ပြီးပြည်သူတဦးကတော့
"မဟာမုဏိဘုရားကတော့ နိုင်ထွဋ်အောင်ရဲ့ အကုသိုလ်အားကယ်တင်နှိုင်လိမ့်မယ်မထင်ပါဘူး"ဟု မှတ်ချက်ပြုပါသည်။

👍38❤15🤮4🔥3👎1😁1
ငလျင်လှုပ်ခဲ့သည့်မတ် ၂၈ ရက်နေ့နောက်ပိုင်းစစ်ကောင်စီသည် ရန်ကုန်နှင့် နေပြည်တော်မှလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်းများတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ကျော်ပြုလုပ်ခဲ့သည်။ ကလေးငယ်များအပါအဝင် အရပ်သား ပြည်သူ ၅၀၀ နီးပါးသေဆုံးပြီး ၈၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟု NUGကထုတ်ပြန်ထားသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ မေ
လ ၃၁ရက်အထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း၂,၈၄၁ခုရှိပြီး သေဆုံးသူ စုစုပေါင်း ၃,၁၅၂ ဦးရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
"အပြစ်မဲ့လူတွေရဲ့ အသက်တွေသတ်ထားတဲ့အကုသိုလ်ကို ကုသိုလ်နဲ့ ဗေဒင်လိုလို ယတြာလိုလိုလုပ်ပြီး ကာဗာလုပ်လို့မရဘူး။အခု သူတို့နေလို့ရနေတာ အကုသိုလ်ကံတွေ အကျိုးပေးချိန်မကျသေးလို့။ သူတို့သတ်ဖြတ်မှုတွေက အချိန်ကျလာမှာပါလေ" ဟုထေကြီးဝါကြီး ဆရာတော်တစ်ပါးက မိန့်ကြားသည်။
အဆိုပါတိုက်ခိုက်မှုများ၊ အရပ်သားပြည်သူသေဆုံးမှုများတွင် ဒေါက်တာနိုင်ထွဋ်အောင်နှင့် မိသား
စုသည်စစ်ကောင်စီအတူ အဓိကတရားခံတစ်ဦးဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။
"မတရားတဲ့ဘက်မှာရပ်ပြီး လူတွေအများကြီးကိုသတ်ပြီးမှ ဘာပဲလှူလှူ၊ ဘယ်ကိုလှူလှူ၊ ဘာကြောင့်လှူလှူ ဝဋ်က မကျေပါဘူး "ဟု စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် သံဃာတော်တစ်ပါးကမိန့်ကြားသည်။ ။

👍43💩9❤6😁2🎉2🤮2👎1
လက်နက်ပွဲစား ခရိုနီ ဒေါက်တာ နိုင်ထွဋ်အောင်က မဟာမုနိဘုရားစိန်ဖူးတော်အသစ်ပြုလုပ်ရန်နှင့် ငလျင်ကြောင့်ပျက်စီးခဲ့သည့်တို့အတွက် ရွှေ
၃ ပိဿာ နှင့်ကျပ်သိန်းပေါင်း ၂၆,၀၀၀ လှူဒါန်း
စဥ်/ နယ်စပ်ခြံစည်းရိုးကာရံဆိုကာ ၂၀၁၇ ခုနှစ်တွင် မင်းအောင်လှိုင်ထံ ငွေပေးအပ်စဥ်။
ဓါတ်ပုံ-မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ ၊ တပ်ချုပ်မင်းအောင်းလှိုင်းဖေစ်ဘွခ်

🤮37💩12🤬7❤4🖕4👍2👎2
တောင်ငူတွင်ပေါ်တာလာဆွဲသည့် စစ်တပ် လေးခွနှင့် အပစ်ခံရပြီးနောက် လူငယ်၁ဦးကိုပစ်သတ်
ဇွန်-၉၊၂၀၂၅။ယောနသံ/People's Spring
တောင်ငူမြို့၊မင်းကြီးညိုရပ်ကွက်အပိုင် ခပေါင်းရွာမှ အသက်၂၀ အရွယ်လူငယ်တစ်ဦးကို ညဘက် နေအိမ်ပေါ်တက်၍ စစ်သားသစ်အတွက်ပေါ်တာဆွဲစဉ် လေးဂွဖြင့်အပစ်ခံရသည့်စစ်စစ်ကောင်စီတပ်က အဆိုပါလူငယ်ကို သေနတ်ဖြင့်ပစ်သတ်သွားသည်။
စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်များသည် ခပေါင်းရွာအတွင်းသို့ ဇွန်လ ၇ ရက်ညကဝင်လာပြီး စစ်မှု
ထမ်းရန် လူငယ်များအားပေါ်တာဆွဲစဉ် လေးဂွနှင့်အပစ်ခံရပြီးနောက် လူငယ်တစ်ဦးကိုပစ်သတ်သွားခြင်းဖြစ်သည်။
"သနားပါတယ်။ အိပ်ပေါ်တက်ဆွဲတော့ လေးဂွနဲ့ ဝိုင်းပစ်တာ။သူတို့လက်ထဲဖမ်းခေါ်ထားတဲ့ကလေးကို ခေါင်းကို ပစ်ချသွားတာပါ"ဟု တောင်ငူမြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ခပေါင်း၊ ဆားကျင်း၊ ရွာလည်ရွာအပါအဝင် တောင်ငူမြို့အနီးရှိကျေးရွာများတွင် ယခုရက်ပိုင်း၌ ညဘက်ပေါ်တာဆွဲနေပြီး ဒေသခံလူငယ်များ ထွက်ပြေးတိမ်းရှောင်နေရသည်။
"လွတ်တဲ့သူလွတ်၊ပါတဲ့သူပါနဲ့ အရမ်းဒုက္ခရောက်နေပြီ"ဟု တောင်ငူမြို့ခံတစ်ဦးကပြောသည်။
အထက်ပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ခပေါင်းရွာဒေသခံအချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်း
ဆီးသွားသည်ဟု သတင်းရရှိသည်။သေနတ်ဖြင့် ပစ်သတ်ခံရသည့်လူငယ်မှာ နောင်နောင်ဖြစ်ပြီး ဇွန်လ ၉ရက်၌ ၎င်း၏ နာရေးပြုလုပ်မည်ဖြစ်
သည်။
တောင်ငူမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၏ ၁မိုင်ခန့်မှ ၇မိုင်ခန့်ဝေးသော ကျေးရွာများတွင်မေလ ၂၃ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ခဲ့သည်။စပါးကြွယ်ရွာ၊ ကြက်တက်ညောင်ပင်ရွာ၊ကြို့ပင်ဆိပ်ရွာ၊ ကြက်ရိုးပင်ရွာ၊ တောပုရွာ၊ ဇီးပင်သာ ၊ ဘိုကုန်းနှင့် ငုံးမင်းရွာတို့မှ ဒေသခံများ တိမ်းရှောင်နေကြရကြောင်း သိရသည်။
မေလ ၂၃ရက်က တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီသည် အိမ် ခြေ၄၀၀ ကျော်ရှိသည့် စပါးကြွယ်ရွာကို လေကြောင်းမှဗုံးကြဲခဲ့ပြီး မီးရှို့ခဲ့ကြောင်း ဒေသခံစစ်ဘေးရှောင်များကပြောသည်။ မေလ ၂၈ရက်ကလည်းတောင်ငူမြို့နယ်၊ဒိုးနယ်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံ ပြည်သူ၂ဦးကိုသတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။
မြို့နယ်တွင်း၌တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီက စစ်မှူးထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးခြင်းများ၊ ပေါ်တာဆွဲခြင်းများပြုလုပ်နေခြင်းဖြစ်သည်။
စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေမှုသည် ပဲခူးတိုင်း၌အဆိုးရွားဆုံးဖြစ်နေသည်ဟု အမျိုး
သားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ စစ်မှုထမ်းဥပဒေကိုထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီက အတင်းအဓမ္မစစ်သားမှုဖြစ်စဉ်၁,၄၉၃ ခုရှိပြီး အတင်းအဓမ္မစစ်သားစုဆောင်းခံရသူ (၂၅,၉၄၄) ဦးရှိသည်ဟု ဇွန်လ ၄ရက်က ထုတ်ပြန်သည့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

🤬74😡7❤6😁2😢2👍1👎1😭1
ဖားကန့်ဆိုင်းတောင်သုဿာန်အနီး ယမ်းတင်ယာဉ် ထားရာနေရာပေါက်ကွဲမှုဖြစ် ၊စစ်တပ်ကဒရုန်းဖြင့်တိုက်ခိုက်ခြင်းဖြစ်ဟုဒေသခံပြော
■ဇွန်လအတွင်း ဖားကန့်ဒေသ၌ စစ်ကောင်စီက မီးရှို့မှု ၁၁ကြိမ်ကျူးလွန်ဟု KHRW ဖော်ပြ
ဇွန်-၉၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသနမ့်မှော်အုပ်စု မှောလကင်းရွာတွင်ယမ်းတင်ထားသည့်မော်တော်ယာဉ်ထားရှိရာနေရာ၌ ဇွန်လ ၉ရက်မနက်အစောတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
ဖားကန့်လုံးခင်းဒေသခွန်ဆာကုန်းအနီးတွင် ဇွန်လ ၆ရက်ကစစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး မိသားစုလိုက်အပါအဝင် လူ ၉ ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်အနီးဆိုင်းတောင်
၌ ထပ်မံ၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဇွန် ၉ ရက်နက်အစော၁နာရီခန့်တွင်နမ့်မှော် သုဿာန်အနီး ယမ်းတင်ယာဉ် ပါဝင်သည့်ကားပေါက်ကွဲမှု ဖြစ်သည်ဟုကြားသိရကြောင်း ဒေသခံကို ကိုးကားပြီး သတင်းရင်းမြစ်တဦးက ပြောသည်။
“ကားဆီ၊ ဆီဘောက်ဆာတွေဒရုန်းနဲ့အချခံရတာပါ။ ယမ်းကားနဲ့ ဆီဘောက်ဆာ။ ယမ်းကား အရင်ထိပြီး ဆီဘောက်ဆာကို ကူးတာလား ဆီဘောက်ဆာကို ထိပြီး ယမ်းကားကို ထိတာလား ဖြစ်စဉ် ကြုံရသူတွေပဲ သိလိမ့်မယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
မီးလောင်ပေါက်ကွဲမှု ကြောင့်နေအိမ်အချို့နှင့်ကားပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိဟု လည်း ဒေသခံ တဦးက အသိပေးထားသည်။
အဆိုပါ လုပ်ရပ်သည် စစ်ကောင်စီ၏ လက်ချက်ဖြစ်သည်ဟုလည်း သတင်းရင်းမြစ်ကပြောသည်။
“စစ်ကောင်စီဘက်က ဝှေခါနဲ့ ဆိုင်းတောင်ကို ပြန်လည်ထိန်းချုပ် ချင်လို့ ထိုးစစ်လုပ်တဲ့ အစဦးခြိမ်းခြောက်မှုလို့ ပြောရမယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
ဒေသတွင်း ကျောက်တူးဖော်ရေးလုပ်ငန်းများတွင် အသုံးပြုရန်သိုလှောင်ထားသည့် ယမ်းနှင့် ဓာတ်မြေသြဇာအိတ်များရှိရာနေရာကို စစ်ကောင်စီကပစ်မှတ်ထား၍တိုက်ခိုက်နေသောကြောင့် ဒေသခံများသည် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အဆိုပါဂို ထောင်များအား ရှင်းလင်းနေကြသည်။
" သိုလှောင်ထားတဲ့နေရာတွေကို ပစ်မယ်လို့သတင်းလွင့်ထားတယ်။ ဒါကြောင့် ရှင်းလင်းနေကြတယ်။ ညက ပေါက်ကွဲမှုကလည်း အရင်နေ့က ဖြစ်ရပ်တွေလိုပဲ အရပ်သားပစ်မှတ်ကိုပစ်တာ။ သတိထားနေတော့ မထိခိုက်ဘူးကြားပါတယ်" ဟု ဖားကန့်ဒေသခံတဦးကပြောသည်။
မေလ ၂၇ရက်တွင် ဖားကန့် လုံးခင်းဒေသသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် လုံးခင်းတွင်ကုမ္ပဏီ အချို့၏ အဆောက်အဦး၊ ယာဉ်ယန္တရားများအား မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်ခဲ့သည်။ ထို့အပြင်ထိုစစ်တပ် ရောက်ရှိပြီးနောက် ကျောက်စိမ်းလုပ်ကွက်များ၌ ဖောက်ခွဲရေးသုံးပစ္စည်းများ သိုလှောင်ရာနေရာများ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ခဲ့သည်။
ဇွန်လ ၆ရက် ဖားကန့် လုံးခင်းဒေသ ခွန်ဆာကုန်းအနီးပေါက်ကွဲမှုတွင် ကလေးငယ် အပါအဝင် ပြည်သူ ၉ဦး သေဆုံးခဲ့ပြီး ဇွန်လ ၃ရက် လုံးခင်း မှော်စီစာတင်အောင်ကြိုင်လုပ်ကွက် ယမ်းဂိုဒေါင် ပေါက်ကွဲမှုဖြစ်စဉ်တွင်လည်းလူ ၂ဦး သေဆုံးကာ ဒဏ်ရာရသူများပြားခဲ့သည်။ဖြစ်စဥ်နှစ်ခုလုံးတွင်ယမ်းသိုလှောင်ရာဂိုဒေါင်များကို စစ်တပ်က
လက်နက်ကြီး သို့မဟုတ် ဒရုန်းဖြင့် ပစ်ခတ်၍ဖောက်ခွဲခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW ၏ ဇွန် ၈ ထုတ်ပြန်ချက်အရ ဇွန်လ ၁ရက်မှ ၈ရက်နေ့အတွင်း စစ်ကောင်စီက ဖားကန့်ဒေသ၌ ပြည်သူများ နေထိုင်သည့်နေရာများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့မှု ၁၁ကြိမ် ရှိခဲ့ပြီး လက်
နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၁ဦး သေဆုံးခဲ့ရဟု ဖော်ပြထားသည်။
စစ်ကောင်စီ၏ လုပ်ရပ်များသည် ပြည်သူများ၏ အခြေခံ အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြပြီး အာဆီယံ အဖွဲ့ဝင်များ အပါအဝင် နိုင်ငံတကာ အနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များရပ်တန့်စေရန် ကန့်ကွက်သင့်ဟု KHRWက တိုက်တွန်းထားသည်။

🤬30👍27❤9👎1😁1
This media is not supported in your browser
VIEW IN TELEGRAM
ပေါက်ကွဲမှုဖြစ်ပွားပြီးမီးလောင်စဥ်။
ဓါတ်ပုံ-Padang Shingni
ဓါတ်ပုံ-Padang Shingni
👍35😡9🔥5👎3❤2
မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးလို့ ဆိုပြီးအမျိုးသမီးတွေပါ အဖမ်းခံနေရ
ဇွန်-၁၀၊၂၀၂၅။ဇေအောင်/People's Spring
မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေပါ ပါဝင်နေကြောင်း မြို့ခံတွေက ပြောပါတယ်။
ဇွန်လဆန်းကတည်းက စစ်ကောင်စီတပ်က တပြည်လုံးအတိုင်းအတာနဲ့ လိုင်စင်မဲ့ မော်တော်ယာဥ်တွေကို ဖမ်းဆီးခဲ့ရာမှာ စီးနင်းလာတဲ့သူတွေကိုပါ ဖမ်းဆီးခဲ့ကြောင်း၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာလည်း လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့ဆိုပြီး ဆိုင်ကယ်သိမ်းရုံတင်မက လူကိုပါ ဖမ်းဆီးခဲ့ရာမှာ အမျိုးသမီးတွေပါ ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။
"စစ်ကိုင်းတံတားမှာ စျေးသည်အမျိုးသမီးက ဆိုင်ကယ်အဖမ်းခံရတယ်။ ဆိုင်ကယ်သိမ်းတော့ တောကလာတဲ့လူတွေဘာနားလည်မလဲ။ ကျမဆိုင်ကယ်မပါဘဲ မပြန်ဘူးလို့ပြောတော့ လူကိုပါဖမ်းသွားတာ။"လို့ စစ်ကိုင်းဒေသခံ အမျိုးသမီးတဦးက ပြောပြပါတယ်။
အလားတူ မန္တလေးမြို့ပေါ်မှာလည်း လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလာသူတွေကို စစ်တပ်က လှည့်လည်ကာ ဖမ်းဆီးနေပြီး အမျိုးသမီးတွေပါ ဖမ်းဆီးခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးအရေအတွက်ကိုတော့ လူထုနွေဦးက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်အမျိုးသားတွေကို စစ်တပ်က စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတယ်လို့လည်း မြို့ခံအချို့ကဆိုပါတယ်။
စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်က လိုင်
စင်မဲ့ယာဥ်တွေကို အသုံးပြုပြီး ၎င်းတို့ကို လာရောက်တိုက်ခိုက်မှာစိုးရိမ်လို့ လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

🤬59❤12👍4👎4🔥1😭1