(ဗုံးကြဲခံရပြီးနောက်အပျက်အစီးများကိုတွေ့ရစဥ်။
ဓါတ်ပုံ-Arakan Princess Media
ဓါတ်ပုံ-Arakan Princess Media
🤬48❤6😭6😡3👍1👎1👏1
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်တွေ စစ်ကိုင်းတိုင်းမှာ ချီတက်ဆန္ဒပြ
ဇွန်-၈၊၂၀၂၅။ သုည/People's Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၈)မှာ စစ်အာ
ဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ LGBTOI+ Community ကို ဂုဏ်ပြုသောအားဖြင့် LGBT Alliance Myanmar မှ ဦးဆောင်ပြီး "မတူကွဲပြားမှုများစုစည်းကာ အာဏာရှင်ကို အမြစ်ဖြတ်ကြ" စာသားကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို ပိုမိုထိရောက်မယ့် ဒဏ်ခတ် အရေးယူမှုမျိုး ဆောင်ရွက်ပေးရေး "Vote ILO Article 33 to save LIVES" စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အ
ကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

❤46👍19🥰1🤮1
လွိုင်ကော် ဒကစ ကွန်မန်ဒိုစစ်ကြောင်းကို ချေမှုန်း
ခဲ့သောရုပ်သံမှတ်တမ်းKNDFဗျူဟာ(၂)ထုတ်ပြန်
ဇွန်-၈၊၂၀၂၅။ရဲခေါင်/People's Spring
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ ကွန်မန်ဒိုစစ်ကြောင်းတစ်ခုလုံးနီးပါးကိုတိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ အမှတ် ၂ က ယနေ့ထုတ်
ပြန်သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)
ဗျူဟာအမှတ်-၂ အောက်ရှိတပ်ရင်းများနှင့်မဟာ မိတ်တပ်ပေါင်းစုတို့သည်လွိုင်ကော်မြို့နယ်၊သပြေ
ကုန်းရွာဘုန်း ကြီးကျောင်း၀န်းအတွင်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၃ ရက်က၀င်ရောက်တိုက်ခိုက်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်စွဲထားသော စခန်းအားတိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့သည့် မှတ်တမ်း ဖြစ်သည်။
ထိုရုပ်သံမှတ်တမ်းတွင် ရဲဘော်တစ်ဦး၏ ဦးခေါင်ကိုကျည်ထိမှန်ခဲ့သော်လည်း ပြည်သူများ၏ ထောက်ပံ့သော ကျည်ကာကမ်းပိန်အစီအစဥ်မှ ကျည်ကာ ဦးထုပ်ကြောင့်အသက်ဘေးမှ လွတ်
ကင်းခဲ့ရကြောင်း ဖော်ပြသည်။
"တိုက်ပွဲမှာတပ်ရင်းအမှတ်(၂)မှချေမှုန်းရေး ရဲ
ဘော်တစ်ယောက် ကျည်ကာဦးထုပ် ဆောင်းထားတဲ့အတွက် ခေါင်းကျည်ထိတာကနေ အသက်ဘေးက လွတ် မြောက်ခဲ့ရတဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ် ။ ဒါဟာ ကျည်ကာဦးထုပ်ရဲ့ အရေးပါပုံကို ပြသတာပဲဖြစ်ပါတယ်"ဟု KNDF ဗျူဟာအမှတ် ၂ တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲဝင်သည့်အခါသို့မဟုတ်အန္တရာယ်ရှိသော နယ်မြေများ၌ လှုပ်ရှားသည့်အခါကျည်ကာဦးထုပ်ကို မဖြစ်မနေ ဆောင်းထားရန်လည်း ၎င်းက တော် လှန်ရေး ရဲဘော်များကို တိုက်တွန်းသည်။
လွိုင်ကော် ဒကစ မှ စစ်ကူ ကွန်မန်ဒိုစစ်ကြောင်းသည် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင်၎င်းတို့ထံမှ MA-1 ငါးလက်၊ AK-47 တစ်လက်၊ MA-4 တစ်လက်၊ RPG တစ်လက်နှင့် အခြားလက်နက်ခဲယမ်းများကို ကရင်နီတပ်ပေါင်းစုက ရရှိခဲ့သည်။
"ကွန်မန်ဒိုတွေ၊ ကျားတွေ၊ နဂါးတွေလာမလုပ်နဲ့၊ အကုန်ရှောသွားပြီ"ဟု KNDF တပ်ရင်း-၁၄ တပ်ဖွဲ့ဝင်တစ်ဦးက အဆိုပါတိုက်ပွဲအကြောင်းပြော
သည်။
KNDF ပြောရေးဆိုခွင့်ရှိသူကလည်း "စကစတပ် အသေအဆုံးတွေရှိခဲ့ပြီးတော့လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပါတယ်"ဟု လူထုနွေဦးသို့ ဖြေ
ကြားထားသည်။
လက်ရှိတွင် စစ်ကောင်စီသည် မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေသည်မှာ လနှင့်ချီရှိနေပြီး တော်လှန်ရေးတပ်ပေါင်းစုက ခုခံနေဆဲ ဖြစ်သည်။ယခုရက်ပိုင်းတွင် တိုက်ပွဲ ပြင်းထန်နေသည့်အတွက် မိုးဗြဲ-လွိုင်ကော်လမ်းကိုရက်အကန့်အသတ်မရှိတော်လှန်ရေး
အင်အားစုများက ပိတ်လိုက်သည်။
ထို့အတူကရင်နီပြည်နယ်တွင်ဘောလခဲ နှင့်ဖားဆောင်းမြို့နယ်တို့တွင်လည်းတိုက်ပွဲဖြစ်ပွားနေကာ ကရင်နီတပ်ပေါင်းစုက ကာကင်းစခန်းအချို့ရရှိထားသည်။

❤59👍24👏3🔥2🥰2🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
■ကော့ကရိတ်မြို့နယ်ကို စစ်တပ်ကစစ်ကူအများအပြားပို့နေပြီး တိုက်ပွဲတွေပြင်းထန်နေ
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ကို စစ်တပ်က အင်အားအများအပြားစစ်ကူပို့နေပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ကော့ကရိတ်ဒေသမှ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။ကော့
ကရိတ်မြို့အဝင်က စစ်ကောင်စီရဲ့ အမှတ်(၁၂)စစ်
ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂)နဲ့ မြို့ထဲက အမှတ်(၉၇)ခြေလျင်တပ်ရင်းကို စစ်ကူအများအ
ပြားပို့နေတယ်လို့ ဆိုပါတယ်။ကစခ−၁၂ က အင်
အားကို ကော့ကရိတ်ကနေ ကျုံဒိုးမြို့သွားတဲ့ လမ်းပိုင်းကို စစ်ကြောင်းထိုး စစ်ကူပို့တာဖြစ်ပြီး ခလရ(၉၇)တပ်ရင်းက အင်အားကိုတော့ အာရှလမ်းပိုင်းမှာ တိုက်ခိုက်ခံနေရတဲ့ အောင်ဇေယျစစ်ကြောင်းဆီ စစ်ကူပို့နေတာလို့ ကော့ကရိတ်ဒေသက တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။ဇွန်လ ၇ရက်မှာ ကော့ကရိတ်မြို့အထွက်အာရှလမ်းမကြီးပေါ်က ကော့နွှဲ့၊တတန်ကူးကျေး
ရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ တော်
လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်ကအလောင်းနှစ်လောင်း ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လ ၈ရက်မနက်မှာလည်း ကော့ကရိတ်နဲ့ မြဝတီမြို့နယ်အစပ်က ကွင်းကလေးကျေးရွာမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
■နောင်ချို၊ ကံကြီးရွာရောက်စစ်ကောင်စီတပ်ကို TNLA နှင့်ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့်နောက်
ပြန်ဆုတ်သွား
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားရတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။ ကံကြီးရွာကနေ (၃)မိုင်နီးပါးဝေးတဲ့ ရွှေမုဋ္ဌောကျေးရွာကို တပ်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။ ကံကြီးရွာနဲ့ ရွှေမုဋ္ဌောကျေးရွာတွေဟာ နောင်ချိုကနေ တောင်းခမ်းရွာသွားတဲ့ လမ်းပိုင်းပေါ်မှာ ရှိနေတာပါ။ စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၇ရက်မှာဘဲ ကံကြီးရွာကို သိမ်းပိုက်ခဲ့ပြီး ညပိုင်းမှာ တပ်ပြန်ဆုတ်သွားရတဲ့ အခြေအနေဖြစ်ပါတယ်။ မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာတာရယ်၊ စစ်တပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် နောင်ချိုမြို့ခံတွေဟာ ဇွန်လဆန်းစပြီး နီးစပ်ရာမြို့ရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
■နမ့်စန်လေတပ်ကိုပို့မယ့် လေယာဉ်ဆီတင်ကားကို PDF ဖမ်းဆီး
ရှမ်းပြည်နယ်တောင်ပိုင်းက နမ့်စန်လေတပ်ကို ပို့မယ့် လေယာဉ်ဆီတင်ဘောက်ဆာကားကို နတ်မောက်မြို့အခြေစိုက်Aung San's Land Natmauk ပြည်သူ့ကာကွယ်ရေးအဖွဲ့က နေပြည်
တော် - မန္တလေးအမြန်လမ်းမိုင်တိုင် ၂၆၂ အနီးမှာ ဖမ်းဆီးလိုက်ပါတယ်။ ဒီနေ့(ဇွန်လ ၈ ရက်) မနက်ပိုင်းမှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် နှစ်ဦးကိုလည်းဖမ်းမိထားကြောင်း သတင်းရရှိပါတယ်။နမ့်စန်လေတပ်ဟာ နေ့စဉ် တိုက်လေယာဥ်အတက်အဆင်းပြု
လုပ်ပြီး အရပ်သားပြည်သူတွေကို လေကြောင်းကနေတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးအင်အားစု တွေကပြောပါတယ်။
■လက်နက်ပွဲစားက မန္တလေးမဟာမုနိဘုရားကြီးအတွက် ရွှေ၃ပိဿာနဲ့ကျပ်သိန်းပေါင်း ၂၆၀၀၀လှူ
စစ်ကောင်စီ၏အဓိကလက်နက်ပွဲစားဒေါက်တာနိုင်ထွဋ်အောင်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ မန္တလေးမဟာမုနိဘုရားကြီး စိန်ဖူးတော်အသစ်ပြုလုပ်ဖို့ဆိုပြီး ရွှေသား ၃ပိဿာနဲ့ကျပ်သိန်းပေါင်း ၂၆၀၀၀ ကို စစ်ကောင်စီထံ ဇွန်လ ၇ရက်နေ့က လှူဒါန်းပါတယ်။ဒေါက်တာနိုင်ထွဋ်အောင်
နှင့် ဒေါက်တာဝေဝေရင် "ကွန်းခိုရာ"မိသားစုက မန္တလေးမြို့ မဟာမုနိဘုရားကြီး စိန်ဖူးတော်အ
သစ်ပြုလုပ်ဖို့အတွက်ရွှေသား(၃)ပိဿာ ၊ အရှေ့စောင်းတန်းခါးပြတ်ပြာသာဒ်နှင့် ကျောင်းတော်ကြီးတိုင်(၆)တိုင်တည်ဆောက်ပြုပြင်ဖို့အတွက် ကျပ်သိန်း(၂၆၀၀၀)ကို လှူဒါန်းတယ်လို့ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ဒေါက်တာ နိုင်ထွဋ်အောင်သည် စစ်ကောင်
စီထံသို့ လက်နက်များတင်ပို့ရောင်းချနေသည့် International Gateways Group ကုမ္ပဏီ ပိုင်
ရှင်ဖြစ်ပြီး မြန်မာ့စစ်လက်နက်ကုန်သွယ်ရေး၌ အဓိကပုဂ္ဂိုလ်ဖြစ်တယ်လို့ Justice for Myanmar ကလည်းထုတ်ပြန်ထားပါတယ်။
■MNDAAဖမ်းထားတဲ့ ရွာလူကြီးပြန်လွတ်လာ
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA) ဇွန်လ၅ရက်မှာ ဖမ်းဆီးသွားတဲ့ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာက ရွာလူကြီးဦးဆိုင်ကြာ ပြန်လည်လွတ်မြောက်လာပါတယ်။ကျေးရွာ၏ အိမ်ထောင်စုစာရင်းနဲ့ အခြားအချက်အလက်မ တွေတောင်းယူပြီး ပြန်လွှတ် လိုက်တာလို့ ဒေသခံတဦးကပြောပါတယ်။MNDAA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)ဟာ ဟန်နားကျေးရွာနဲ့နားလိုင်ကျေးရွာအနီးမှာ ဇွန်လ ၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဘက်စလုံးက စစ်ရေးလှုပ်ရှားမှုများရှိနေပါတယ်။
■သံတွဲမြို့လေကြောင်းတိုက်ခိုက်ခံရမှု စစ်ဘေးရှောင် ၄ဦး သေဆုံး၊ ၁၀ဦးဒဏ်ရာရ

❤33👍13🔥1
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို ယမန်နေ့(ဇွန်လ ၇ရက်) ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်လေးဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့ပါတယ်။သံတွဲမြို့၊ ကျောက်ကြီးရွာစာသင်
ကျောင်း၊ ပုဇွန်ဖြေရွာစာသင်ကျောင်းနဲ့စစ်သားစုဆောင်းရေးတပ်ကို ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခြင်းဖြစ်ပြီး သေဆုံးသူတွေထဲမှာ အသက်၁၂နှစ်အ
ရွယ်မိန်းကလေးတစ်ဦးလည်းပါဝင်ခဲ့ပါတယ်။စစ်ကောင်စီက သံတွဲမြို့ကို ဇွန်လ၃ရက်နေ့ညနေကပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးနောက် လေ
ကြောင်းကပါတိုက်ခိုက်လာတာဖြစ်ပါတယ်။
■စစ်အုပ်စုကို ILOရဲ့ Article 33အရ အရေးယူဖို့ဆုံးဖြတ်ချက်ချနိုင်ရေးပူးပေါင်းဆောင်ရွက်သူတွေကိုကျေးဇူးတင်ကြောင်း NUG ထုတ်ပြန်
စစ်အုပ်စုကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ (ILO)ရဲ့ Article 33အရ ထိရောက်စွာအ
ရေးယူဖို့ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးမှာ ပူးပေါင်းဆောင်ရွက်သူတွေကို အထူးကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီက
နေ့(ဇွန်လ ၈ရက်)မှာထုတ်ပြန်ပါတယ်။Article
33 အရ အရေးယူမှုဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ ဝန်ကြီးဌာနနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သုံးပွင့်ဆိုင်အဖွဲ့ဝင် မြန်မာနိုင်ငံအလုပ် သမားတပ်ပေါင်းစု (Myanmar Labour Alliance – MLA) ၊ မြန်မာနိုင်ငံ အလုပ်ရှင်များအဖွဲ့ (Myanmar Employers Organization – MEO) ၊ မြန်မာနိုင်ငံ လုပ်ငန်းရှင်များ အဖွဲ့ချုပ် (Myanmar Employers Federation – MEF) ၊ စစ်အုပ်စုရဲ့ အခွင့်အရေးချိုးဖောက်ကျူးလွန်မှုအထောက်
အထားအချက်အလက်များ ကောက်ယူစုစည်းပေးပို့ရာမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးတဲ့ အဝေးရောက် ဧရာဝတီအသင်း (Overseas Irrawaddy Association – OIA)၊ Mondiaal FNV ၊ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များ ညီလာခံ တက်ရောက်နိုင်ရေးအပါအဝင် အဘက်ဘက်က ပံ့ပိုးကူညီပေးတဲ့ International Trade Union Confederation - ITUC, International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association – IUF ၊ Building and Wood Workers’ International – BWI နဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များ၊ အလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ မဲခွဲဆုံးဖြတ်ရန် မလိုအပ်အောင် မတရားမှုကို တော်လှန်ရာမှာ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပေးခဲ့တဲ့ ILO အဖွဲ့ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနအနေအနဲ့ ထူးကျေးဇူးတင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
■အလုံခန်းထဲ ဟင်းအိုတူးနံ့ရှုအိရာက ၂ နှစ်ဦးသေ ၁ ဦးဆေးရုံတင်ထားရ
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က တိုက်ခန်းတစ်ခုမှာ အဲကွန်းဖွင့်အိပ်နေသူတွေ ဟင်းအိုးတူးနံ့ကိုရှုမိတာကြောင့် အသက်ရှုကြပ်ပြီး အမျိုးသမီးနှစ်ဦးသေဆုံးခဲ့တယ်လို့ လူမှူကူညီရေးအသင်းတွေကနေသိရပါတယ်။ ကျန်တဲ့အမျိုးသားတစ်ဦးကစိုးရိမ်ရတာကြောင့် ဂျပန်ဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူနေရပါတယ်။
■ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံးကို Yangon Army ၄၀ မမနဲ့ပစ်
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရား
ရုံး မှာလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုYangon Armyနှင့်အနောက်ပိုင်းခရိုင်ပကဖ တို့ပူးပေါင်းပြီး 79 အဝေးပစ်လောင်ချာနဲ့ ၄၀ မမ နှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇွန် ၇ ရက် ည ၁၀ နာရီခွဲအချိန်ခန့်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ဆိုပါတယ်။
■ပျူ တဦးသေနတ် ၁လက်နဲ့ကျည်တွေယူလာပြီးPDF ထံအလင်းဝင်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က စစ်ကောင်စီလက်အောက်ခံ မြင်းချင်းပျူကျေးရွာကနေ ပျူစောထီးတဦးဟာ မနေ့က ဇွန်လ (၆)ရက်နေ့က G3 (၁)လက်၊ ကျည်ဘောက်(၃)ခု၊ G3ကျည် (၉၂)တောင့်တို့ကိုယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
■နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ LGBTOI+ Community ကို ဂုဏ်ပြုသောအားဖြင့် LGBT Alliance Myanmar မှ ဦးဆောင်ပြီး "မတူကွဲပြားမှုများစုစည်းကာ အာဏာရှင်ကို အမြစ်ဖြတ်ကြ" စာသားကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို ပိုမိုထိရောက်မယ့် ဒဏ်ခတ် အရေးယူမှုမျိုး ဆောင်ရွက်ပေးရေး "Vote ILO Article 33 to save LIVES" စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်
ကြောင်းက မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

❤37👍18🔥2🥰1