People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ငလျင်လှုပ်ခဲ့သည့်မတ် ၂၈ ရက်နေ့နောက်ပိုင်းစစ်ကောင်စီသည် ရန်ကုန်နှင့် နေပြည်တော်မှလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်းများတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ကျော်ပြုလုပ်ခဲ့သည်။ ကလေးငယ်များအပါအဝင် အရပ်သား ပြည်သူ ၅၀၀ နီးပါးသေဆုံးပြီး ၈၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟု NUGကထုတ်ပြန်ထားသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ မေ
လ ၃၁ရက်အထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း၂,၈၄၁ခုရှိပြီး သေဆုံးသူ စုစုပေါင်း ၃,၁၅၂ ဦးရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

"အပြစ်မဲ့လူတွေရဲ့ အသက်တွေသတ်ထားတဲ့အကုသိုလ်ကို ကုသိုလ်နဲ့ ဗေဒင်လိုလို ယတြာလိုလိုလုပ်ပြီး ကာဗာလုပ်လို့မရဘူး။အခု သူတို့နေလို့ရနေတာ အကုသိုလ်ကံတွေ အကျိုးပေးချိန်မကျသေးလို့။ သူတို့သတ်ဖြတ်မှုတွေက အချိန်ကျလာမှာပါလေ" ဟု​ထေကြီးဝါကြီး ဆရာတော်တစ်ပါးက မိန့်ကြားသည်။

အဆိုပါတိုက်ခိုက်မှုများ၊ အရပ်သားပြည်သူသေဆုံးမှုများတွင် ဒေါက်တာနိုင်ထွဋ်အောင်နှင့် မိသား
စုသည်စစ်ကောင်စီအတူ အဓိကတရားခံတစ်ဦးဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

"မတရားတဲ့ဘက်မှာရပ်ပြီး လူတွေအများကြီးကိုသတ်ပြီးမှ ဘာပဲလှူလှူ၊ ဘယ်ကိုလှူလှူ၊ ဘာကြောင့်လှူလှူ ဝဋ်က မကျေပါဘူး "ဟု စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် သံဃာတော်တစ်ပါးကမိန့်ကြားသည်။ ။
🤬476👍4👎2😡2🙏1
လက်နက်ပွဲစား ခရိုနီ ​ဒေါက်တာ နိုင်ထွဋ်​အောင်က မဟာမုနိဘုရားစိန်ဖူးတော်အသစ်ပြုလုပ်ရန်နှင့် ငလျင်​ကြောင့်ပျက်စီးခဲ့​သည့်တို့အတွက် ရွှေ
၃ ပိဿာ နှင့်ကျပ်သိန်းပေါင်း ၂၆,၀၀၀ ​လှူဒါန်း
စဥ်/ နယ်စပ်ခြံစည်းရိုးကာရံဆိုကာ ၂၀၁၇ ခုနှစ်တွင် မင်း​အောင်လှိုင်ထံ ​ငွေ​ပေးအပ်စဥ်။
ဓါတ်ပုံ-မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ ၊ တပ်ချုပ်မင်း​အောင်းလှိုင်း​ဖေစ်ဘွခ်
🖕489🤮6🤬2💩2🙏2👎1
နမ့်စန်လေတပ်သို့ ပို့မည့်လေယာဉ်ဆီတင်ကားကို မြန်လမ်းပေါ်တွင်PDF ဖမ်းဆီး

■စစ်​ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကိုလည်းဖမ်းဆီး

ဇွန်-၈၊၂၀၂၅။ရဲ​ခေါင်၊ကဖေး၊/People's Spring

နမ့်စန်လေတပ်သို့ ပို့မည့် လေယာဉ်ဆီတင်ဘောက်ဆာကားကို နတ်မောက်မြို့အခြေစိုက် Aung San's Land Natmauk ပြည်သူ့ကာကွယ်ရေးအဖွဲ့က နေပြည်တော် - မန္တလေးအမြန်လမ်းပေါ်တွင် ဖမ်းဆီးလိုက်သည်။

ဇွန်လ ၈ ရက်နံနက်ပိုင်းတွင် ရန်ကုန် -မန္တ လေး
အမြန်လမ်းမပေါ် မိုင်တိုင် ၂၆၂ အနီးတွင် ဂါလံ ၃,၀၀၀ ပါ လေယာဉ်ဆီဘောက်ဆာ ကား (ယာဉ်အမှတ် 2B-8525)ကို ဖမ်းမိနိုင်ခဲ့ခြင်းဖြစ်သည် ဟု
Aung San's Land Natmauk ပြည်သူ့ကာ
ကွယ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြော
သည်။

"ကျနော်တို့က နယ်မြေလုံခြုံရေးဆောင်ရွက်နေချိန်ဖရဲသီးသတင်ပေးမှုကြောင့် ဖမ်းဆီးစစ်ဆေး
ခဲ့ ခြင်းဖြစ်ပါတယ်"ဟု အထက်ပါတာဝန်ရှိသူက လေယာဥ်ဆီသယ်ယာဥ်ကို ဖမ်းဆီးနိုင်ခြင်းကို ရှင်းပြသည်။

သို့သော် သတင်းပေးလုံခြုံရေးအတွက် အသေး
စိတ်အချက်အလက်ကိုမူ ​ပြောကြားခြင်းမရှိပေ။လေယာဥ်ဆီဘောက်ဆာကားနှင့်အတူ ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားနှစ်ဦးကိုလည်း ဖမ်းမိထားကြောင်း အသိပေးသည်။

"လုံခြုံတဲ့နေရာအကုန်ရောက်ပြီ"ဟု Aung San's Land Natmauk ၏ တာဝန်ရှိသူက ပြောသည်။

မော်တော်ယာဉ်အမှတ် (2B- 8525 )သည် နမ့်စန်လေတပ်စခန်းဌာနချုပ် အုပ်/တပ်များရှိလေ
ယာဉ်/ရဟတ်ယာဉ်များ စစ်ဆင်ရေးနှင့် လေ့ကျင့်ပျံသန်းရေး၊ အုပ်ချုပ်မှုသုံးမော်တော်ယာဉ် များနှင့် ရေစက်/မီးစက်များ အသုံးပြုရန်အတွက် လေ
ယာဉ်ဆီ(JET-A1)၊ Octane နှင့် High Speed Diesel ဆီများအား သယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုသည့် ဆီသယ်ယာဉ်ဖြစ်ကြောင်း နှင့် လို
အပ်သလိုကူညီဆောင်ရွက်ပေးနိုင်ပါရန်အ
ကြောင်းကြားအပ်ပါသည်ဟု နမ့်စန်လေတပ်ဌာ
နချုပ်သို့လိပ်မူထားသည့်စာတွင်ရေးသားထား
သည်။ အဆိုပါကားနှင့်အတူ အရာခံဗိုလ်မင်းထွဋ်ဆိုသူကိုပါ စေလွှတ်လိုက်ကြောင်းစာ၌ဖော်ပြထား
သည်။

နမ့်စန်လေတပ်သည်နေ့စဉ် တိုက်လေယာဥ်အ
တက်အဆင်းပြုလုပ်၍ အရပ်သားပြည်သူများအား လေကြောင်းမှတိုက်ခိုက်နေကြောင်း တော်
လှန်ရေးအင်အားစုများကပြောသည်။

ထိုအပြင်နမ့်စန်လေတပ်စခန်းဌာနချုပ်သည် စစ်ကောင်စီ၏ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင်ရှိကာ ထိုစစ်ဌာနချုပ်ကို ဗိုလ်ချုပ်မျိုးမင်းထွေးက တာဝန်ယူထားသည်။

ရှမ်းပြည်တောင်ပိုင်းတိုက်ပွဲများနှင့်ညီနောင်မဟာ
မိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးများတွင် နမ့်စန်လေတပ်စခန်းကို စစ်ကောင်စီအသုံးပြုခဲ့ကြောင်း စစ်ဘက်သတင်းအချို့က ဖော်ပြသည်။

စစ်ကောင်စီကအရပ်သားများအပေါ် မဆင်မခြင်တိုက်ခိုက်နေ၍ဟန့်တားရန်နှင့် လေယာဉ်လောင်
စာဆီထောက်ပံ့နေမှုများ ရပ်ဆိုင်းရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ပိတ်ဆို့အရေးယူရန် အမျိုးသားညီညွတ်‌ ရေးအစိုးရနှင့်လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များက တောင်းဆိုထားသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ မေလ ၃၁ရက်အထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း၂,၈၄၁ခုရှိပြီး သေဆုံးသူ စုစုပေါင်း ၃,၁၅၂ ဦးရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇွန်လ၄ရက်၌ ထုတ်ပြန်ထားသည်။
57👏28👍6🔥2🥰1🤣1
လေယာဥ်ဆီတင်ကားနှင့် လုံခြုံ​ရေးလိုက်လာ​သောစစ်သားကိုဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။
ဓါတ်ပုံ-Aung San's Land Natmauk
👏7111👍4💩2🤣2
စစ်တပ်ကသံတွဲမြို့ဗုံးကြဲစစ်ဘေးရှောင် ၄ဦး သေဆုံး၊ ၁၀ဦးဒဏ်ရာရ

ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People's Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်သံတွဲမြို့ကိုဇွန်လ ၇ရက်ညပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာစစ်ဘေးရှောင်ပြည်သူလေးဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့သည်ဟု သတင်းရရှိသည်။

စစ်ကောင်စီသည် ည ၁၀ နာရီ ၁၀ မိနစ်မှ၁၀ နာရီ ၄၀မိနစ်ကြားတွင် သံတွဲမြို့၊ ကျောက်ကြီးရွာစာသင်ကျောင်း၊ ပုဇွန်ဖြေရွာစာသင်ကျောင်းနှင့် စစ်သားစုဆောင်းရေးတပ်ကို ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံသတင်းရင်း
မြစ်ကပြောသည်။

"မနက်ကအထိ သိရတာက စစ်သားစုဆောင်းရေးတပ်ကိုပစ်တာပဲသိရတာ။ အဲ့ဒီမှာက အထိအခိုက်မရှိဘူး။ ကျောက်ကြီးရွာစာသင်ကျောင်းနဲ့ ပုဇွန်ဖြေရွာစာသင်ကျောင်းကို ပစ်သွားတာက ဒီညနေကျမှသတင်းရတယ်။ သေဆုံးတဲ့အထဲမှာကလေးတစ်ယောက်ပါတယ်" ဟု ၎င်းကပြောသည်။

သေဆုံးသူများမှာ သံတွဲမြို့နယ် ကျောက်ကြီးရွာ၌ လာရောက်စစ်ရှောင်နေသော ဒေါ်အပု (၄၈ နှစ်)၊ဦးထွန်းထွန်း၀င်း (၄၂ နှစ်)၊ ဒေါ်နှင်းဝေခိုင် (၄၃ နှစ်)၊ မဧပြီမိုး (၁၂ နှစ်) တို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် Lay Waddy FM သတင်းဌာနက ဖော်ပြထားသည်။

"ဒဏ်ရာရသူတွေလည်း တပ်တော်ဘက်က ဆေး
ကုပေးနေတယ်။ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်လည်းသတိပေးထားတယ်"ဟု ရခိုင်သ
တင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီသည်ပင်လယ်ကမ်းရိုးတန်းမြို့နယ်များဖြစ်သည့် သံတွဲမြို့နှင့် ဂွမြို့ကို ဇွန်လ၃ရက်နေ့ညမှစ၍ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်သည်။

ပင်လယ်ပြင်၌ ရှိနေသည့် စစ်ရေယာဉ် ၃စီးက ပစ်
ခတ်ခြင်းဖြစ်ပြီး ဒေသခံများသည် ယခုရက်ပိုင်း ပင်လယ်ပြင်၌ငါဖမ်းမထွက်ကြကြောင်း သတင်းရရှိသည်။

သံတွဲမြို့သည် စစ်ကောင်စီရေတပ်ရှိသည့် မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ရက်၌ AAက အပြီးသတ် သိမ်းပိုက်ခဲ့သည်။ ရခိုင်ပြည်နယ်မှမြို့သိမ်းတိုက်ပွဲများအနက်သံတွဲမြို့သိမ်းတိုက်ပွဲသည် အခက်အခဲဆုံးဖြစ်ကြောင်း AAက ထုတ်ပြန်ခဲ့သည်။
🤬588😭5👍2😡2👎1
(ဗုံးကြဲခံရပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။
ဓါတ်ပုံ-Arakan Princess Media
🤬486😭6😡3👍1👎1👏1
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်တွေ စစ်ကိုင်းတိုင်းမှာ ချီတက်ဆန္ဒပြ

ဇွန်-၈၊၂၀၂၅။ သုည/People's Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၈)မှာ စစ်အာ
ဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ LGBTOI+ Community ကို ဂုဏ်ပြုသောအားဖြင့် LGBT Alliance Myanmar မှ ဦးဆောင်ပြီး "မတူကွဲပြားမှုများစုစည်းကာ အာဏာရှင်ကို အမြစ်ဖြတ်ကြ" စာသားကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို ပိုမိုထိရောက်မယ့် ဒဏ်ခတ် အရေးယူမှုမျိုး ဆောင်ရွက်ပေးရေး "Vote ILO Article 33 to save LIVES" စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အ
ကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
46👍19🥰1🤮1
ဓာတ်ပုံ -စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်
51👍13🥰4🤮2
လွိုင်ကော် ဒကစ ကွန်မန်ဒိုစစ်​ကြောင်းကို​ ​ချေမှုန်း
ခဲ့​သောရုပ်သံမှတ်တမ်းKNDFဗျူဟာ(၂)ထုတ်ပြန်

ဇွန်-၈၊၂၀၂၅။ရဲခေါင်/People's Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ ကွန်မန်ဒိုစစ်ကြောင်းတစ်ခုလုံးနီးပါးကိုတိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ အမှတ် ၂ က ယနေ့ထုတ်
ပြန်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)
ဗျူဟာအမှတ်-၂ အောက်ရှိတပ်ရင်းများနှင့်မဟာ မိတ်တပ်ပေါင်းစုတို့သည်လွိုင်ကော်မြို့နယ်၊သပြေ
ကုန်းရွာဘုန်း ကြီးကျောင်း၀န်းအတွင်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၃ ရက်က၀င်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်စွဲထားသော စခန်းအားတိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့သည့် မှတ်တမ်း ဖြစ်သည်။

ထိုရုပ်သံမှတ်တမ်းတွင် ရဲဘော်တစ်ဦး၏ ဦးခေါင်ကိုကျည်ထိမှန်ခဲ့သော်လည်း ပြည်သူများ၏ ထောက်ပံ့သော ကျည်ကာကမ်းပိန်အစီအစဥ်မှ ကျည်ကာ ဦးထုပ်ကြောင့်အသက်ဘေးမှ လွတ်
ကင်းခဲ့ရကြောင်း ဖော်ပြသည်။

"တိုက်ပွဲမှာတပ်ရင်းအမှတ်(၂)မှချေမှုန်းရေး ရဲ
ဘော်တစ်ယောက် ကျည်ကာဦးထုပ် ဆောင်းထားတဲ့အတွက် ခေါင်းကျည်ထိတာကနေ အသက်ဘေးက လွတ် မြောက်ခဲ့ရတဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ် ။ ဒါဟာ ကျည်ကာဦးထုပ်ရဲ့ အရေးပါပုံကို ပြသတာပဲဖြစ်ပါတယ်"ဟု KNDF ဗျူဟာအမှတ် ၂ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲဝင်သည့်အခါသို့မဟုတ်အန္တရာယ်ရှိသော နယ်မြေများ၌ လှုပ်ရှားသည့်အခါကျည်ကာဦးထုပ်ကို မဖြစ်မနေ ဆောင်းထားရန်လည်း ၎င်းက တော် လှန်ရေး ရဲဘော်များကို တိုက်တွန်းသည်။

လွိုင်ကော် ဒကစ မှ စစ်ကူ ကွန်မန်ဒိုစစ်ကြောင်းသည် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင်၎င်းတို့ထံမှ MA-1 ငါးလက်၊ AK-47 တစ်လက်၊ MA-4 တစ်လက်၊ RPG တစ်လက်နှင့် အခြားလက်နက်ခဲယမ်းများကို ကရင်နီတပ်ပေါင်းစုက ရရှိခဲ့သည်။

"ကွန်မန်ဒိုတွေ၊ ကျားတွေ၊ နဂါးတွေလာမလုပ်နဲ့၊ အကုန်ရှောသွားပြီ"ဟု KNDF တပ်ရင်း-၁၄ တပ်ဖွဲ့ဝင်တစ်ဦးက အဆိုပါတိုက်ပွဲအ​ကြောင်းပြော
သည်။

KNDF ပြောရေးဆိုခွင့်ရှိသူကလည်း "စကစတပ် အသေအဆုံးတွေရှိခဲ့ပြီးတော့လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပါတယ်"ဟု လူထုနွေဦးသို့ ဖြေ
ကြားထားသည်။

လက်ရှိတွင် စစ်ကောင်စီသည် မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေသည်မှာ လနှင့်ချီရှိနေပြီး တော်လှန်ရေးတပ်ပေါင်းစုက ခုခံနေဆဲ ဖြစ်သည်။ယခုရက်ပိုင်းတွင် တိုက်ပွဲ ပြင်းထန်နေသည့်အတွက် မိုးဗြဲ-လွိုင်ကော်လမ်းကိုရက်အကန့်အသတ်မရှိတော်လှန်ရေး
အင်အားစုများက ပိတ်လိုက်သည်။

ထို့အတူကရင်နီပြည်နယ်တွင်ဘောလခဲ နှင့်ဖားဆောင်းမြို့နယ်တို့တွင်လည်းတိုက်ပွဲဖြစ်ပွားနေကာ ကရင်နီတပ်ပေါင်းစုက ကာကင်းစခန်းအချို့ရရှိထားသည်။
59👍24👏3🔥2🥰2🤣1
Media is too big
VIEW IN TELEGRAM
ရုပ်သံ-KNDF ဗျူဟာ (၂)
91👍20👏7🥰4👌1🤣1