နောင်ချို၊ကံကြီးရွာရောက်စစ်ကောင်စီတပ်ကို TNLA နှင့်ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့်နောက်ပြန်ဆုတ်သွားဟုဒေသခံများပြော
ဇွန် ၈၊ ၂၀၂၅။ကိုဘီဂျီ/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားရတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။
ကံကြီးရွာကနေ (၃)မိုင်နီးပါးဝေးတဲ့ ရွှေမုဋ္ဌောကျေးရွာကို တပ်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။ ကံကြီးရွာနဲ့ ရွှေမုဋ္ဌောကျေးရွာတွေဟာ နောင်ချိုကနေ တောင်းခမ်းရွာသွားတဲ့ လမ်းပိုင်းပေါ်မှာ ရှိနေတာပါ။
"မနေ့ညပိုင်းကဆုတ်သွားတာလို့ TNLAဘက်ကကြားရတယ်။ ဒီဘက်က ပြန်တွယ်တာလို့ပဲ သိရတယ်"လို့ နောင်ချိုဒေသခံတစ်ဦးကပြောပါတယ်။
အခြားနောင်ချိုဒေသခံတစ်ဦးကလည်း"ကျောက်မဲဘက်ကို စစ်ရှောင်သွားတဲ့ အစ်မပို့လာတာက ကံကြီးကနေ ဆုတ်သွားပြီတဲ့"လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၇ရက်မှာဘဲ ကံကြီးရွာကို သိမ်းပိုက်ခဲ့ပြီး ညပိုင်းမှာ တပ်ပြန်ဆုတ်သွားရတဲ့ အခြေအနေဖြစ်ပါတယ်။
အဲဒီအခြေအနေနဲ့ပတ်သက်လို့ TNLAဆီ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာတာရယ်၊ စစ်တပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် နောင်ချိုမြို့ခံတွေဟာ ဇွန်လဆန်းစပြီး နီးစပ်ရာမြို့ရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဇွန်လ ၆ရက် ညမှာ စစ်ကောင်စီတပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ နောင်ချိုမြို့ ပေါ်ကို လှမ်းပစ်ရာ ၁၀လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၄ ရက်မှာလည်း စျေးရပ်ကွက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ အမျိုးသမီး ၂ ဦးအပါအဝင် ပြည်သူ ၄ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂လုံးနဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးခဲ့ပါသေးတယ်။
ဒါ့အပြင်ဇွန်လ ၇ရက်ညပိုင်းမှာလည်း နောင်ချို
မြို့ပေါ်ကို လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့သေးတယ်လို့ နောင်ချိုမြို့ခံက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်ခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာဘဲ တအာင်းတပ်မတော်
(TNLA)နဲ့ PDFပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ အခု ၁၀၂၇ အပိုင်း(၂) စတင်ခဲ့တဲ့ နှစ်ပတ်လည် လပိုင်းမှာဘဲ နောင်ချိုမြို့နားကကံကြီးရွာအထိ စစ်ကောင်စီတပ်တွေ ရောက်လာခဲ့တာပါ။
နောင်ချိုမြို့ကို TNLAနဲ့ ပူးပေါင်းတပ်တွေက စစ်
ဆင်ရေးစတင်တဲ့နေ့မှာဘဲ အလွယ်တကူ သိမ်း
ပိုက်နိုင်ခဲ့ပေမယ့် မြို့ရဲ့ တောင်ဘက်က အမြောက်
တပ်ရင်းတွေရှိနေတဲ့ တောင်းခမ်းရွာကို တစ်နှစ်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နဲ့ သူရဲ့လက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်တဲ့ အမတ(၃၅၄)၊ အမတ (၂၀၆)နဲ့ အမတ
(၄၀၆)တပ်ရင်းတို့ ရှိပါတယ်။
တောင်းခမ်းဒေသကအမြောက်တပ်တွေရှိတဲ့နေရာမှာ တစ်နှစ်နီးပါးကြာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်တပ်တွေ ထိခိုက်မှုတွေများခဲ့ပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစပြီး အင်အားအလုံးအရင်းတိုး၊ တပ်တွေချိန်းပြီး ထိုးဆင်မှုတွေ စတင်လုပ်လာပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းမှာ စစ်ကောင်စီတပ်ဟာ တောင်းခမ်းရွာနားက မဲပုတ်ရွာကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကနေ တဖြည်းဖြည်း နောင်လင်ရွာကို ထပ်မံသိမ်းပိုက်ပြီးနောက် နောင်ချိုမြို့နားက ကံကြီးရွာအထိ ရောက်လာပါတယ်။
စစ်ကောင်စီဟာ နောင်ချိုမြို့ကို လမ်းကြောင်းနှစ်ခုကနေ စစ်ကြောင်းထိုးနေပါတယ်။ တောင်းခမ်း - ရပ်စောက်လမ်းပိုင်းကနေစစ်ကြောင်းထိုး အင်
အားပို့နေသလို ၊ နောင်ချို - ပြင်ဦးလွင်လမ်းပိုင်းကနေ စစ်ကြောင်းထိုးနေတာပါ။
တောင်းခမ်းက စစ်ကြောင်းဟာ နောင်ချိုမြို့အနီးကို ရောက်လာခဲ့ပေမယ့် ပြင်ဦးလွင်လမ်းပိုင်းက စစ်ကြောင်းကတော့ အရင်အတိုင်းပဲ ရှိနေပြီး သိသိသာသာ ရှေ့တိုးမလာနိုင်သေးပါဘူး။
ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီးနှင့် ဂန့်ဂေါရွာနားမှာဘဲ ရှိနေပါသေးတယ်။ အဲဒီကျေးရွာတွေအနီးမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကတော့ တအာင်းတပ်မတော်(TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်းကို ၂၀၂၄ အောက်တိုဘာ ၂၂ရက်ကတည်းကစတင် စစ်ကြောင်းထိုးဝင်ရောက်ဖို့ကြိုးစားနေတာပါ။ အဲဒီနောက် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ရှိနေတဲ့ ဂန့်ဂေါရွာကို ရောက်ရှိလာပြီး တိုက်ပွဲတွေ စတင်ဖြစ်နေပါတယ်။

❤70👏13🔥5👍4🥰1
TNLA တပ်ဖွဲ့ဝင်များ / ကံကြီးရွာသို့ရောက်ရှိတပ်စွဲနိုင်ကြောင်းစစ်တပ်က ဓါတ်ပုံရိုက်ဝါဒဖြန့်ခဲ့စဥ်/ ကံကြီးရွာနှင့် နောင်ချို ၊တောင်းခမ်းတို့ကို Google Earth တွင်တွေ့ရပုံ။ဓါတ်ပုံ-TNLA၊ စစ်ကောင်စီ
❤48👍24🔥2
စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်နဲ့အနီးဆုံးမြို့ဖြစ်သလို စစ်ရေးအရအရေးပါတဲ့မြို့ဖြစ်တာကြောင့် နောင်ချိုမြို့ကို စစ်ကောင်စီကလည်း အပြင်းအထန် ထိုးစစ်ဆင်နေသလိုTNLAပူးပေါင်းတပ်တွေဟာလည်း နောင်ချိုမြို့ ပြန်မပေးရရေးအတွက် ခုခံကာကွယ်နေပါတယ်။
ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ လက်စွမ်းထက်ပြီး မြို့ပေါင်း ၁၂ မြို့ကိုဦးဆောင်သိမ်းပိုက်ခဲ့တဲ့ TNLA ဟာ နောင်ချိုမှာဘာကြောင့် နောက်ဆုတ်ပေးနေရတာလဲဆိုတာကိုပြည်သူတွေ အားမလိုအားမရဖြစ်နေသလို ၊နားမလည်နိုင်ကြပဲ ဖြစ်နေကြပါတယ် ။ အဲဒီထဲမှာ အ
စိုးရိမ်ဆုံးဖြစ်နေကြတာက အာဏာလုစစ်ကောင်စီကို ဖီဆန်တော်လှန်ခဲ့ကြတဲ့ပြည်သူတွေက စစ်တပ်သာ နောင်ချိုမြို့ကိုရောက်လာရင်ဆိုတဲ့အတွေးတွေနဲ့အလွန်စိုးရိမ်နေကြရတယ်လို့ တော်လှန်ရေးကိုပါဝင်ကူညီနေတဲ့ ပြည်သူအချို့ကပြောပါတယ်။
နိုင်ငံတစ်ဝန်းတိုက်ပွဲအများစုမှာ ရှုံးပွဲဆက်နေတဲ့ စစ်တပ်ဟာတောင်းခမ်း၊နောင်ချိုမှာအောင်ပွဲရတယ်၊စခန်းသိမ်းနိုင်တယ်ဆိုပြီး အောင်ပွဲခံနေတဲ့ ဓါတ်ပုံတွေ ၊ဗီဒီယိုတွေကိုလည်းစစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်တွေမှာဖြန့်ချီနေကြပါတယ်။ဒါကြောင့် ပြည်သူတွေပို မခံချည်မခံသာဖြစ်ရသလို ၊ နိုင်ငံတစ်ဝန်းပတ်ရှုံးနေတဲ့စစ်တပ် နောင်ချိုမှာ အောင်ပွဲရတာ ၊အောင်စိတ်ရတာမျိုးက လုံးဝခွင့်ပြု လက်ခံပေးလို့မရဘူးလို့ PDF အချို့ကပြောပါတယ် ။
TNLA သတင်းနဲ့ပြန်ကြားရေတာဝန်ခံ လွေးယေဦးကတော့ “နောင်ချို၊တောင်းခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်ရွက်နေတာဖြစ်ပါတယ်။” လို့ဇွန် ၅ ရက်နေ့မှာပြောပါတယ် ။
https://www.ludunwayoo.com/feature-mm/2025/06/08/123325

LuduNwayOo
နောင်ချိုပုစ္ဆာကို အဖြေထုတ်ပေးရမယ့် TNLA
နောင်ချိုမြို့က စျေးသည်တွေ အားထားရောင်းရတဲ့စျေးတစ်ခုဟာ ကံကြီးရွာက စျေးဖြစ်ပါတယ်။ ကံကြီးစျေးဟာ ငါးရက်မှာတစ်ကြိမ်လုပ်တဲ့ ဒေသအခေါ်အဝေါ် စျေးပတ်စျေးဖြစ်ပါတယ်။ ရွှေထည်နဲ့ အိမ်ဆောက်ပစ္စည်းတွေအပါအဝင် အိမ်သုံးစားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ အသီးအရွက်နဲ့ အသားငါးတွေကို…
❤53👍26👎3😁2🥰1
လားရှိုးတွင် MNDAAဖမ်းထားသည့်
ရွာလူကြီး ပြန်လွတ်လာ
ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People's Spring
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်
မတော်(MNDAA) ဖမ်းဆီးထားသည့်လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာမှ ရွာလူကြီးဦးဆိုင်ကြာ ပြန်လည်လွတ်မြောက်လာပြီဟုသတင်းရရှိသည်။
ဦးဆိုင်ကြာကို ဇွန်လ ၅ရက် ညနေတွင် MNDAA
တပ်ဖွဲ့ဝင်များကဖမ်းဆီးသွားပြီးနောက် ကျေး
ရွာ၏ အိမ်ထောင်စုစာရင်းနှင့် အခြားအချက်
အလက်များကိုတောင်းယူပြီး ပြန်လွှတ် ပေးခြင်းဟု ဒေသခံတဦးကပြောသည်။
"ရွာရဲ့အိမ်ထောင်စုစာရင်းကို တောင်းယူပြီးဦးဆိုင်ကြာကိုပြန်လွှတ်ပေးလိုက်တယ်။ ၆ရက်နေ့ညက လွှတ်ပေးပြီး ၇ရက်နေ့ကျမှ သူလွတ်ကြောင်းသိရတယ်"ဟုဒေသခံတစ်ဦးကပြောသည်။
ဦးဆိုင်ကြာသည် ကျန်းမာရေးကောင်းမွန်ပြီး MNDAAက ရိုက်နှက်နှိပ်စက်ခဲ့ခြင်းလည်းမရှိဟု ဆိုသည်။
MNDAAနှင့်ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်ပြည်
တပ်မတော် (SSPP/SSA)သည် ဟန်နားကျေးရွာနှင့်နားလိုင်ကျေးရွာအနီးတွင် ဇွန်လ ၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဘက်စလုံးက စစ်ရေးလှုပ်ရှားမှုများရှိနေသည်။ စစ်ရေးနှင့်လုံခြုံရေးအခြေအနေအကြောင်းပြ၍ အရပ်သားများအားဖမ်းဆီးမည်ကို ဒေသခံများကစိုးရိမ်နေသလို MNDAA က ရရှိထားသည့်အိမ်ထောင်စုစာရင်းအလိုက်စစ်သားစုဆောင်းမှုကိုလည်းစိုးရိမ်နေကြသည်။
ဦးဆိုင်ကြာအား ဖမ်းဆီးခြင်းနှင့် ပြန်လွှတ် ပေး
သည်ကိစ္စနှင့်ပတ်သက်၍ MNDAAက သတင်းမထုတ်ပြန်ပေ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်း
ဆောင်များ တွေ့ဆုံဖြေရှင်းမည်ဟု SSPPက မတ်လ ၃၀ ရက်ထုတ်ပြန်ခဲ့သည်။

👍65❤13🔥1
ကော့ကရိတ်မြို့နယ်ကို စစ်တပ်ကစစ်ကူအများအပြားပို့နေပြီး တိုက်ပွဲတွေပြင်းထန်နေ
ဇွန် ၈၊ ၂၀၂၅။ကိုဘီဂျီ/People's Spring
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ကို စစ်တပ်က အင်အားအများအပြားစစ်ကူပို့နေပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ကော့ကရိတ်ဒေသ
မှ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
ကော့ကရိတ်မြို့အဝင်က စစ်ကောင်စီရဲ့ အမှတ်
(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂)နဲ့ မြို့ထဲက အမှတ်(၉၇)ခြေလျင်တပ်ရင်းကို စစ်ကူအများအပြားပို့နေတယ်လို့ ဆိုပါတယ်။ကစခ−၁၂
က အင်အားကို ကော့ကရိတ်ကနေ ကျုံဒိုးမြို့သွားတဲ့ လမ်းပိုင်းကို စစ်ကြောင်းထိုး စစ်ကူပို့တာဖြစ်ပြီး ခလရ(၉၇)တပ်ရင်းက အင်အားကိုတော့ အာရှလမ်းပိုင်းမှာ တိုက်ခိုက်ခံနေရတဲ့ အောင်ဇေယျစစ်ကြောင်းဆီ စစ်ကူပို့နေတာလို့ ကော့ကရိတ်ဒေသက တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
ဇွန်လ ၇ရက်မှာ ကော့ကရိတ်မြို့အထွက်အာရှလမ်းမကြီးပေါ်က ကော့နွှဲ့၊တတန်ကူးကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်ကအလောင်းနှစ်လောင်း ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
"အောင်ဇေယျကို အင်အား ၂၀၀ လောက်ထပ်ပို့လာတယ်။အဲတော့တောင်ပေါ်မှာရောပေါင်းရင် စုစုပေါင်း ၄၀၀လောက်တော့ ရှိလာမယ်"လို့ကော့ကရိတ်ဒေသက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ဇွန်လ ၈ရက်မနက်မှာလည်း ကော့ကရိတ်နဲ့ မြဝတီမြို့နယ်အစပ်က ကွင်းကလေးကျေးရွာမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါ့အပြင် ကစခ−၁၂ကနေထွက်သွားတဲ့စစ်
ကြောင်း နဲ့ တော်လှန်ရေးတပ်တွေ ကိုးတိုင် နဲ့ ခုနှစ်တိုင် ရွာလမ်းပိုင်းတွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။ကောင်စီတပ်က ကျုံဒိုးမြို့လက်မလွှတ်ရဖို့ စစ်ကူတွေထပ်တိုးပြီးခံစစ်ပြင်နေတာဖြစ်ပါတယ်။ KNLA၊PDFပူးပေါင်းတပ်တွေတွေရဲ့ထိုးစစ်ကို စစ်တပ်က လေကြာင်းကနေ အကြိမ်ရေများစွာဗုံးကြဲသလို ၊အဆင်မြင့်ဒရုန်းတွေ သုံးခုခံနေတယ်လို့ မြေပြင်ကရဲဘော်အချို့က ပြောပါတယ်။
"အဲဒီဘက်မှာလည်း ကြမ်းနေတာပဲ"လို့ ကော့ကရိတ်ဒေသက အခြားတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်း−မြန်မာနယ်စပ်တလျှောက်က အရေးပါတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကိုဆက်တိုက် သိမ်းပိုက်နေသလို ကုန်သွယ်ရေးအတွက် အရေးပါလှတဲ့ အာရှလမ်းပေါ် ကော့ကရိတ်မြို့နယ်တစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့တပ်မဟာ
(၆) နယ်မြေက ကော့ကရိတ်မြို့ဝန်းကျင်နဲ့ ကော့ကရိတ်မြို့ကနေ ဒေါနတောင်ပေါ် တောနောရေတံ
ခွန်အထိ နေရာယူထားတဲ့ အောင်ဇေယျစစ်
ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊၊PDFပူးပေါင်းတပ်တွေက အပိုင်းလိုက်ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။ပြီးတော့ထိုးစစ်အရှိန်မြှင့်ပြီးတိုက်ခိုက်တာမို့ ပြီးခဲ့တဲ့လပိုင်းကတည်းက အဲဒီနေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ကော့ကရိတ်မြို့တောင်ပိုင်း နဲ့ မြောက်ပိုင်း နေရာတွေရယ် ၊ ကော့ကရိတ်နဲ့ ကျုံဒိုးမြို့လမ်းပိုင်း တလျှောက်မှာပါ တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင်တော်လှန်ရေးပူးပေါင်းတပ်တွေက ကော့ကရိတ်မြို့ကို ဝန်းရံပိတ်ဆို့ထားပြီလို့ အဲဒီဒေသက PDF တပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။
အခုဆိုရင် အောင်ဇေယျစစ်ကြောင်းဟာ တောင်ပေါ်မှာအင်အား နှစ်ရာလောက်ပဲကျန်တော့တယ်လို့သိရပါတယ်။အဲဒီ အဖွဲ့ကိုလည်း တော်လှန်ရေးအဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့ထားတာပါ။ ဒါ့အပြင် တော်နော် ရေတံခွန်ဘက်ခြမ်းမှာရှိတဲ့ စစ်
သားတွေလည်း ဖြတ်တောက်ပိတ်ဆို့ခံထားရပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီရက်တည်းမှာ စစ်တပ်ကအောင်ဇေယျ စစ်ကြောင်းဆီကို စစ်ကူ ၂၀၀ ကျော်ထပ်ပို့တာဖြစ်ပါတယ်။
နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့က မြို့စောင့်တပ်အဖြစ်ရှိနေတဲ့ ခလရ(၂၇၅)တပ်ရင်းကိုလည်း တော်လှန်ရေးတပ်တွေက အခုရက်ပိုင်းအတွင်းမှာ ပစ်ခတ်တိုက်ခိုက်နေပါတယ်။ မေလ ၃၁ရက် ညပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေက ခလရ(၂၇၅)
တပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
နောက်ပြီး ဇွန်လ ၄ ရက်မှာလည်း ဒရုန်းနှစ်စင်းနဲ့ ခလရ၂၇၅တပ်ရင်းထဲကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။
ခလရ ၂၇၅ထဲမှာ မြန်မာ - ထိုင်းနယ်စပ်က တပ်စခန်းသိမ်းပွဲတွေကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတဲ့စစ်သားတွေပြန်လည်ဝင်ရောက်ရှိနေကြပါတယ်။စစ်ကောင်စီတပ်သားတွေ စခန်းသိမ်းတိုက်
ပွဲတွေကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးပြီး ပြန်ပို့ရင်ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ အမှတ်(၄)
စစ်ဒေသမှူး ဗိုလ်မှူကြီးမုတ်သုန်ထိန်းချုပ်မှုအောက်က နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့ (၁၆)ဂိတ်ကနေပဲ ပြန်ပို့နေတာလို့ ဆိုပါတယ်။
"သေဘောဘိုးကဟာရောပေါင်းရင် ၂၇၅ထဲမှာ ၅၀၀ကျော်နေပြီ"လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါကြောင့် ခလရ (၂၇၅)တပ်ရင်းထဲမှာ စုမိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးဖို့ ဟန်ပြင်နေတယ်လို့ ကော့ကရိတ်ဒေသက PDFတပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။

❤47👍27🔥3🥰2
"သူတို့က သင်္ဃန်းညီနောင်ကို အဲဘက်က ထိုးမယ်ပေါ့။ ဒီဘက်က အောင်ဇေယျကလည်း လက်ကျန်နဲ့ တက်မယ်ပေါ့။ သူတို့က အဲလိုပုံစံ စဉ်နေတာ"လို့ ၎င်းက ပြောပါတယ်။
👏38❤3🔥3